မေ့ဆေးတွေပေါ်လာတဲ့နောက်ပိုင်းမှာဗိုလ်ထဲမှာရှိတဲ့အင်္ဂါတွေမှာရောဂါဖြစ်လာရင်၊ရောဂါဖြစ်တဲ့ အင်္ဂါကို ဗိုလ်ခွဲပြီးကုသကြပါတယ်။ ခွဲစိပ်ပြီးတဲ့အခါ ရောဂါပျောက်သွားပေမဲ့ခွဲစိပ်ထားတဲ့ဒါဏ်ရာက အရုပ်ဆိုးစွာ ကျန်ခဲ့ပါတယ်။ ဒီဒါဏ်ရာကိုလူနာရော၊ခွဲစိပ်ဆရာဝန်ပါ မမြင်ချင်ကြပါဘူး။ ဒါကြောင့်တတ်နိုင်သမျှ ဒါဏ်ရာကိုသေးနိုင် သမျှသေးအောင်၊ တတ်နိုင်သမျှအရုပ်မဆိုးအောင်ကြံဆကြပါတယ်။
ခွဲထားတဲ့ဗိုလ်ကို ပြန်စေ့အောင်အကျီ င်္ချုပ်သလို အပ်၊အပ်ချည်နဲ့ပြန်ချုပ်ရပါတယ်။ အပ်ချည်ရှိနေရင်အနာ မကျက်ပါဘူး။
ပြီး အပ်ပေါက်ရာတွေကလည်းဒါဏ်ရာမှာအရုပ်ဆိုးစွာကျန်နေပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ
အသားဖြစ် သွားမဲ့အပ်ချည်တွေတီထွင်လာပါတယ်။ အဲ့ဒီအပ်ချည်တွေက အသားဖြစ် သွားတာမို့ ချည်ပြန်ထုတ်စရာ မလိုတော့ပါဘူး။
နောက်တပ်တီထွင်မှုတစ်ခုကတော့ ခွဲရာကို သဘာဝဒါဏ်ရာလိုဖြစ်နေတဲ့ ချက် နေရာမှာဖြစ် အောင် လုပ်ပါတယ်။
အခု ၂၁ ရာစုမှာ တိုးတက်လာတဲ့ ပစ္စည်းကရိယာများကိုအသုံးပြုပြီးတော့ ဓါးဒါဏ်ရာလုံးဝ မပေါ်အောင်
ကြိုးစားလာကြပါတယ်။ အဲ့ဒီနည်းကတော့ ကိုယ်မှာရှိတဲ့သဘာဝအပေါက်များကနေ ကိုယ်တွင်း အင်္ဂါများ ကိုခွဲစိပ်တာဖြစ်ပါတယ်။ အဲ့ဒီနည်းကို 'natural-orifice surgery' လို့အမည်ပေးထားပါတယ်။ ခွဲစိပ်ဆရာ ၀န်တွေအသုံးပြုတဲ့ သဘာဝအပေါက်တွေကတော့ ပါးစပ်ပေါက်၊ စအိုပေါက်၊ ဆီးပေါက်၊ မိန်းမကိုယ် တို့ဖြစ်ပါတယ်။ ခွဲစိပ်ရမဲ့အင်္ဂါရဲ့ အရွယ်နဲ့ တည်နေရာပေါ်မူတည်ပြီးသင့်တော်တဲ့အပေါက်ကိုအသုံးပြုပါတယ်။
ယခုထက်ထိတော့ အူအတက်ရောင်ရောဂါ၊ သားအိမ်ရောဂါ၊ကျောက်ကပ်ရောဂါ၊ အူသိမ်ရောဂါ၊အူမကြီး ရောဂါ၊ သဲခြေအိပ်ရောဂါများကိုအောင်မြင်စွာ ခွဲစိပ်ကုသ နိုင်ခဲ့ကြပါတယ်။ ဆေးရုံတိုင်းကခွဲစိပ်ဆရာဝန် တိုင်း ဒီခွဲစိပ်မှုများမလုပ်နိုင်သေးပါဘူး၊ အထူးရှည်လျားသေးငယ်သောခွဲစိပ်ကရိယာများလိုအပ်သလိုအဲ့ဒီ ခွဲစိပ် ကရိယာများနဲ့ခွဲစိပ်နိုင်တဲ့ခွဲစိပ်ဆရာဝန်များလိုအပ်တာမို့ ပြင်သစ်နိုင်ငံမှာ ပါရီမြို့နဲ့ စထပ်ဘိုမြို့နှစ်မြို့ကအထူးဆေးရုံ ၂ရုံမှာပဲ ခွဲစိပ်နိုင်ပါသေးတယ်။ အမေရိကားမှာ ခွဲစိပ်မှု ၅၀ သာခွဲစိပ်ခဲ့ရပါသေးတယ်။ ခွဲစိပ်ကုသမှုစရိက်က သာမန်ခွဲစိပ်မှုထက်ပိုဈေးကြီးပါတယ်။ ဒါပေမဲ့ လူနာအနေနဲ့မေ့ဆေးပြေတာနဲ့အိမ်ပြန်လို့ရပြီး၊ နောက် တစ်ရက် နှစ်ရက်မှာ အလုပ်ပြန်ဝင်နိုင်တာမို့ ဆေးရုံတင်ထားရတဲ့ အချိန်နည်း သွားခြင်း၊ အနာသက်သာဆေးများရဲ့ ကုန်ကျစရိုက်၊ အလုပ်ပျက်လို့ဆုံးရှုံး မဲ့ဝင်ငွေ လည်းမဆုံးရှုံး တော့ တဲ့အတွက်လူနာရော၊ဆရာဝန်ပါ ငွေကြေးအရ နှစ်ဦးနှစ်ဘက် မြတ်တယ်လို့ဆိုပါတယ်။ ဒီထက်မြတ်တာ ကတော့ လူနာရော၊ဆရာဝန်ပါမမြင်ချင်တဲ့ အရုပ်ဆိုးတဲ့ခွဲစိပ်ဒါဏ်ရာကိုမမြင်ရတော့ပါဘူး။ လူနာအနေနဲ့ ဗိုလ်ခွဲထားတဲ့အနာက နာတဲ့ခံစားမှုကို မခံစားရတော့ပါဘူး။ ကျမတို့ရဲ့ အထိအတွေ့ခံစားမှုကိုသိတာက ကျမတို့ရဲ့ကိုယ်မှာဖုံးထားတဲ့အရေပြားတွေနဲ့အသား (Muscle) ဖြစ်ပါတယ်။ အတွင်းအင်္ဂါတွေက ခွဲစိပ် တာကိုနာတဲ့ခံစား မှုမပေး ပါဘူး။
ဒီနည်းကို ပထမဦးဆုံး ၂၀၀၄ က India ကဆရာဝန်တွေက စတင်လုပ်ခဲ့ ပါတယ်။ အူအတက်ရောင်ရောဂါနဲ့ခွဲစိပ်ကုသရမဲ့လူနာတစ်ယောက်ဆေးရုံကိုရောက်လာပါတယ်။ ဒါပေမဲ့ လူနာရဲ့
ဗိုလ်မှာအရင် ခွဲစိပ်ထားတဲ့ အနာရွတ်တွေကြောင့်ထပ်ခွဲလို့မရဖြစ်နေပါတယ်။ သေရေးရှင်ရေး ကိစ္စဖြစ်နေ တာနဲ့ ဆရာဝန်တွေလည်း အူအတက်ကို ပါးစပ်ကအောင်မြင်စွာခွဲထုတ်ခဲ့ပါတယ်။ သူတို့ခွဲစိပ်တာကိုလည်း video ရိုက်ထားပါတယ်။ ဒီအောင်မြင်မှုက အခြားသောခွဲစိတ်ဆရာဝန်များကိုပါ စိတ်ဝင်စားစေ ခဲ့တာ ဖြစ်ပါတယ်။
ဒီနည်းအောင်မြင်ပါစေကြောင်းနဲ့ ကမ္ဘာတစ်လွှားကလူနာတိုင်းအတွက်အသုံးပြုနိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ်။
No comments:
Post a Comment