:include data='blog' name='google-analytics'/>

Friday, August 10, 2012

ဆက် မစားနိုင်တော့ဘူး တဲ့။

တစ်နေ့မှာထိုင်းနိုင်ငံက ဓါတုဗေဒကျောင်းသားတွေကို ပြင်သစ်နိုင်ငံက ဓါတုဗေဒ ပရော်ဖက်ဆာက ဓါတုဗေဒသင်ခန်းစာတစ်ခုကို လက်တွေ့သင်ဖို့ရောက် လာပါတယ်။ လက်တွေ့မလုပ်ခင်မှာ ဘယ်လိုလုပ်ရမယ်ဆိုတာကို အရင်ပြောပြပါတယ်။ သူသင်ပြတဲ့ လက်တွေ့လုပ်ရမဲ့ အဆင့်တွေက -

ပထမ။ ဓါတ်ပစ္စည်း က၊ ခ၊ ဂ တွေကို ဆတူရော်ပြီး မီးအေးအေးနဲ့ ၁၀ မိနစ် eat ပါ။

ဒုတိယ။ eat ပြီးရင် ဓါတ်ပစ္စည်း င ကိုထပ်ထဲ့ရပါမယ်။ အနီရောင်ပြောင်းတဲ့အထိ ထပ်ပြီး
eat ပါ။

တတိယ။ အနီရောင်ရရင် ဓါတ်ပစ္စည်း ဂ နဲ့ ဆ ကိုထဲ့ပြီးသမရောင်မွှေပါ။ အနယ်တွေ ကျ လာရင်၊ အနယ်တွေကို စက္ကူပေါ်မှာအခြောက်ခံပြီး၊ခြောက်တာနဲ့ ဖြေးဖြေးချင်း  eat ပါ။

စတုတ္ထ။ ကျန်နေခဲ့တဲ့အရည်ကိုလည်း အနယ်ထပ်ကျအောင် eat ပါ။

ဒီအဆင့်ကိုရောက်တဲ့အခါမှာ ထိုင်းကျောင်းသားတွေကပြောတယ်။ ကျနော်တို့ eat တာ ၄ ခါတောင်ရှိသွားပြီ မ eat နိုင်တော့ဘူးတဲ့။

ပြင်သစ်အက္ခရာမှာ H စာလုံးကို ဟတ်(ချ) လို့အသံထွက်ပေမဲ့ စကားလုံးမှာပါတဲ့ H ကိုတော့
အသံထွက်မဖတ်ပါဘူး။ ပြင်သစ်မှာ အမည်တိုင်းရဲ့ရှေ့မှာ Article ထဲ့ရပါတယ်။ Article ကို လည်း အဖို အမ ခွဲပါတယ်။ အဖိုဆို Le၊ အမဆို La၊ အများဆို Les၊ စာလုံးရှေ့မှာ vowel ပါရင် L` ထည့်ရပါတယ်။ H က vowel ဖြစ်ပါတယ်။ ဒါကြောင့် ဆေးရုံကို Hospital လို့ မရေးရပဲ L`Hopital,  ယောက်ျားကို L`homme, လို့ရေးပါတယ်။ ဖတ်တော့လည်း လောပစ်တဲ၊လောင် လို့ဖတ်ပါတယ်။ အင်္ဂလိပ်စကား Hit ကိုလည်း it လို့ဖတ်ပါတယ်။ ဒါကြောင့် Heat ကို ပြင်သစ် လို eat ဖတ်တဲ့အတွက်  (အပူ) အဓိပ္ပါယ်ကနေ (စားတဲ့) အဓိပ္ပါယ် ပြောင်းသွားတာပါ။




No comments:

Post a Comment