ဒီမြို့ကလေးမှာ လူဦးရေ ၂၆၀၀ သာရှိပြီး၊ မှူးခင်းအလွန်နည်းပါတယ်။ တစ်ဦးနှင့် တစ်ဦး သိကျွမ်းကြပြီး။ မိသားစုကြီးတစ်ခုလိုဖြစ်နေပါတယ်။ Ward တို့လင်မယားကိုလည်းအားလုံးက လေးစားခင်မင်ကြပါတယ်။
၁၉၉၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် မနက်အရုဏ်မတက်မှီမှာ လူနှစ်ယောက် မျက်နှာ ဖုံးများစွပ်ပြီး အိမ်အပေါ်ထပ်ရှိ အိပ်ခန်းသို့ရောက်လာကြပါတယ်။ တစ်ဦးကသေနတ်ကိုင် ထားပြီး နောက်တစ်ဦးက သစ်သားဒုတ်ကိုင်ထားပါတယ်။
ပိုက်ဆံတောင်းစဉ် Ward က ပြန်လည်းခုခံတဲ့အတွက် သေနတ်နဲ့လေးချက် ပစ်ပါ တယ်။ Ward ကိုမှန်သွားပြီးလဲကျသွားပါတယ်။ ကျန်တဲ့တစ်ယောက်က Ward ရဲ့အမျိုးသမီး Dine ကိုအိမ်အောက်ထပ် ခေါ်သွားပြီး ပိုက်ဆံထုတ်ပေးဖို့ပြောပါတယ်။ Dine လည်း သေနတ် အပစ်ခံရမှာကြောက်တဲ့အတွက် ပိုက်ဆံထုတ်ပေးလိုက်ပါတယ်။ ဓါးပြ နှစ်ဦးလည်း ဒေါလာ တစ်သောင်းပိုက်ပြီးထွက်သွားကြပါတယ်။
ပုလိပ်ကိုဆီဖုန်းဆက်အကြောင်းကြားပြီးနောက် Ward ကိုဆေးရုံခေါ်သွားပြီး အရေး ပေါ်ခွဲစိပ် ကုသပါတယ်။ Ward မှာသေနတ် ဒါဏ်ရာ ၃ ချက်ထိပြီး တစ်ချက်ကခေါင်းကို ထိ မှန်သွားပါ တယ်။ ကံကောင်းထောက်မစွာ Ward အသက်ရှင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒုက္ခိတ တော့ ဖြစ်သွားရှာပါတယ်။
ဓါးပြ နှစ်ဦးလုံး မျက်နှဖုံးတွေစွပ်ထားတဲ့အတွက် Dine အနေနဲ့ သူတို့နှစ်ယောက် ကားအနီရောင်နဲ့ထွက်သွားတယ်ဆိုတာ ကလွဲပြီး ဘာမှ မပြောပြနိုင်ပါဘူး။
သစ်သားဒုတ်ကိုမီးဖိုချောင်မှာပစ်ထားတာတွေ့ပါတယ်။ လှေကားမှာ ဖိနပ်ရာတွေ တွေ့ ပါတယ်။ အိမ်အပြင်ကို စစ်ဆေးတဲ့အခါမှာ နှင်းတွေထဲမှာ ဖိနပ်ရာတွေနဲ့ မြင်းချီတိုင်ကြိုး ပဲ့ နေ တာတွေ့ပါတယ်။ နှင်းထဲက ဖိနပ်ရာများ နှင်းပျော်လို့ဖြစ်ဖြစ် တစ်ယောက်ယောက်က နင်းမိ လို့ဖြစ်ဖြစ် မပျက်ဆီးရအောင် ဖိနပ်ရာ ပုံတူယူဖို့လိုပါတယ်။ ဖိနပ်ရာ ပုံတူမယူခင် ဓါတ်ပုံ အရင် ရိုက်ထားလိုက်ပါတယ်။ နှင်းထဲက ဖိနပ်ရာ ယူတာ ကျွမ်းကျင်ဖို့လိုပါတယ်။ ပုံတူယူမဲ့ ပစ္စည်းက လေးရင် ပုံတူ ယူလို့မရပဲ ဖိနပ်ရာပျက်သွား နိုင်ပါတယ်။ ပုံတူယူတဲ့ ရော်ဘာ ကဲ့သို့ သော ဓါတုပစ္စည်းကို အပူပေးပြီး ဖိနပ်ရာပေါ်လောင်းထဲ့ရပါတယ်။ ပူလွန်းရင်လဲ နှင်းတွေ အရည် ပျော်သွားနိုင်ပါတယ်။ ဒါကြောင့် ကျွမ်းကျင်တဲ့သူလိုအပ်ပါတယ်။
အိမ်ရဲ့ ကီလိုမီတာအနည်းငယ် ဝေးတဲ့လမ်းပေါ်မှာပစ်ထားတဲ့ ဓါးပြများသုံးခဲ့တဲ့ မျက်နှာဖုံး၂ ခုကိုလည်း တွေ့ရှိပါတယ်။
ဖိနပ်ရာတွေကနေ basket ball ဖိနပ် နံပတ် ၄၁ ဆိုတာသိရတဲ့အပြင် ဖိနိပ်ဆီးတဲ့သူရဲ့ ကိုယ်အလေးချိန်၊လမ်းလျှောက်ပုံပေါ်မူတည်ပြီး ထူးခြားတဲ့ အမှတ် (characteristic marks) ၁၀ ချက် ကိုမှတ်သားနိုင်တဲ့အပြင်၊ ဖိနပ်နဲ့ တစ်ခုခုနင်းမိထားတဲ့အတွက် ဖိနိပ်မှာ နောက်ထပ် ထင်းရှားတဲ့အရာ ၃ ခုလည်းရှိနေပါတယ်။ characteristic marks တွေဟာ လက်ဗွေရာတွေ လိုပဲ လူတစ်ဦးချင်းရဲ့ ကိုယ်ပိုင် အမှတ်အသားတွေဖြစ်ပါတယ်။ လှေးကားမှာထင်နေတဲ့ ဖိနပ်ရာ နဲ့ နှင်းထဲကဖိနပ်ရာနှစ်ခုဟာ တစ်ထပ်ထဲဖြစ်ပါတယ်။
ဓါးပြတစ်ဦးကိုင်ခဲ့တဲ့ ဒုတ်နဲ့ အိမ်ပြင်ကမြင်းချီတိုင်တို့ဟာ တစ်မျိုးထဲဖြစ်နေတဲ့အတွက်
ဓါးပြများ မြင်ချီတိုင်ကို ချိုးယူခဲ့တာဖြစ်ကြောင်းသိရပါတယ်။
ဓါးပြတိုက်မှုကို မြို့အတွင်းရှိသတင်းစာများမှာဖေါ်ပြပြီး လူထုထံမှ သတင်းပေးရန် အကူ အညီတောင်းခဲ့ပါတယ်။ အမှုဖြစ်ပြီး ၂ရက်မှာ အမည်မဖေါ်လိုသူတစ်ဦးမှ Peter နဲ့ Frank တို့ နှစ်ယောက်ဖြစ်နိုင်ကြောင်း ဖုန်းဆက်ပါတယ်။ Peter နဲ့ Frank နှစ်ယောက်လုံး ယခင်က မှုခင်းဖြစ်ဖူးသူများဖြစ်ပါတယ်။ Peter ရဲ့လိပ်စာ ပုလိပ်အဖွဲ့မှာရှိတဲ့အတွက် သူ့အိမ် ကိုလိုက် သွားပါတယ်။ သူ့အိမ်ရှေ့မှာ အနီရောင်ကားရပ်ထားပါတယ်။ အိမ်ထဲမှာ 22 pistol တစ်လက်နဲ့ basket ball ဖိနပ် နံပတ် ၄၁ အတော်များများတွေ့ပါတယ်။ ဒါပေမဲ့ မှုခင်းမှာ ကျန် ခဲ့တဲ့ ဖိနပ်မျိုး မပါ ပါဘူး။ ဒေါလာ ၂၅၀၊ ရွှေလက်စွပ်တစ်ကွင်းတွေ့ပါတယ်။ ရွှေလက်စွပ်ရဲ့ ဘောက်ချာအရ အမှုဖြစ်ပြီးနာရီအနည်းငယ်က ဒေါလာ တစ်ထောင်နဲ့ လက်ငင်း(cash) ငွေ ခြေ ထားတာဖြစ်ပါတယ်။
Peter အိမ်မှာတွေ့တဲ့ pistol ကထွက်ခဲ့တဲ့ ကျည်ဆံတွေဟုတ်မဟုတ်ကို အမှုဖြစ်ရာ
အပေါ်ထပ်အိပ်ခန်းကရတဲ့ကျည်ဆံ သုံးခုနဲ့တိုက်ကြည့်ရာတူနေပါတယ်။ ဒါကြောင့် ဒီသေနတ် နဲ့ ပစ်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။ Ward ရဲ့ခေါင်းထဲကခွဲထုတ်ခဲ့တဲ့ ကျည်ဆံက ပုံပျက်နေ တဲ့အတွက် စစ်ဆေးလို့မရပါဘူး။ ကျည်ဆံများ သေနတ်ကတွန်းကန်ထွက်တဲ့အခါ သေနတ် မြောင်းက အရာများကျည်ဆံမှာ ထင်ကျန်ပါတယ်။ ဒီအရာတွေ ကလည်း သေနတ်မျိုးချင်း တူရင်တောင်မှ မတူပဲ သေနတ်တစ်ခုချင်းရဲ့ထူးခြားချက်ဖြစ်တာမို့ ၊လက်ဗွေရာ၊ ဖိနပ်ရာတို့လို ပဲ characteristic marks များအဖြေစ်အသုံးပြု နိုင်ပါတယ်။
Peter ကိုစစ်ဆေးနေစဉ် မှာပဲ Frank လာရောက် အဖမ်းခံပါတယ်။ Peter နဲ့ Frank
တို့ရဲ့ဓါတ်ပုံတွေပြပြီးစုံထောက်တွေ မြို့မှာရှိတဲ့ ဖိနပ်ဆိုင်တစ်ဆိုင်ပြီးတစ်ဆိုင် လိုက်ပြီးမေး ပါ တယ်။ ကံကောင်းချင်တော့ ဖိနပ်ရောင်းသူတစ်ဦးက Peter ကိုမှတ်မိပါတယ်။ Peter ဆိုင်ကို အမှုဖြစ်ပြီးနောက်နေ့ရောက်လာပြီး ဖိနပ်တစ်ရံဝယ်ကြောင်း၊ ၀ယ်တဲ့ဖိနိပ်ပဲစီးသွားပြီး သူစီးလာ တဲ့ဖိနပ်ဟောင်းကို ဆိုင်မှာ ထားခဲ့ကြောင်းပြောပါတယ်။ ဖိနိပ်ဟောင်းကို ဆိုင်ကအမှိုက်တွေ မရှင်းရသေးတာမို့ တွေ့ရှိပါတယ်။ Peter ရဲ့ ဖိနပ်ဟောင်းကို မှုခင်းမှာထင်ကျန်ခဲ့တဲ့ ဖိနပ်ရာတွေနဲ့ တိုက်ဆိုင်ကြည့်ဖို့ ကျွမ်းကျင်သူများထံ ပို့လိုက် ပါတယ်။ အဖြေကတော့ မှုခင်းကဖိနပ်ရာတွေဟာ Peter ရဲ့ဖိနိပ်ရာတွေဖြစ်ပါတယ်။
ကားအနီပေါ်ကဆိုဖါမှာထင်ကျန်တဲ့ အရေပြားစတွေက DNA ကိုစစ်ဆေးတဲ့အခါမှာ ဒါရိုက်ဗာ နေရာမှာ Frank ကထိုင်ခဲ့ပြီး သူ့ဘေးမှာတော့ Peter ထိုင်ခဲ့တယ်ဆိုတာ DNA အမှတ်အသားများ အရ သိရပါတယ်။
Peter အိမ်ကသိမ်းဆည်းရရှိတဲ့ ဒေါလာတွေပေါ်က လက်ရေးတွေကို Dine ရဲ့ လက်ရေးနဲ့ တိုက်ကြည့်တဲ့အခါ တူနေတာတွေ့ရပါတယ်။ လူတစ်ယောက်ချင်းရဲ့ လက်ရေး ဟာလည်း တစ်ဦးချင်းရဲ့ ကိုယ်ပိုင်အမှတ်အသားဖြစ်ပါတယ်။ လက်ရေးကျွမ်းကျင်သူတွေ အနေ နဲ့ တစ်ဦးတည်းရဲ့ လက်ရေး ဟုတ်မဟုတ် ခွဲခြားနိုင်ပါတယ်။
အထက်ပါ အထောက်အထားများအရ Peter နဲ့ Frank တို့ဟာ ဓါးပြတိုက်တဲ့သူ နှစ်ဦး လို့ ပြော နိုင်ပြီဖြစ်ပါတယ်။ ဒါပေမဲ့ သေနတ်နဲ့ပြစ်တာက ဘယ်သူလဲ။ ယခုလိုသိပ္ပံပညာ တိုး တက်တဲ့ အချိန် မှာ တော့ သိဖို့လွယ်ပါတယ်။ ကောက်ယူရရှိထားတဲ့ မျက်နှာဖုံး နှစ်ခုမှာကပ် နေ တဲ့ အရေပြားစတွေနဲ့ တံတွေးတွေက DNA ကိုစစ်ဆေးတဲ့အခါ သိုးမွှေးခေါင်းစွပ်မှာ Peter ရဲ့ DNA ကိုတွေ့ရပြီး ရောဘာ ခေါင်းစုပ်မှာ Frank ရဲ့ DNA ကိုတွေ့ရှိပါတယ်။ အခင်းဖြစ်စဉ်က သိုးမွှေးခေါင်းစွပ်နဲ့လူက သေနတ်ပစ်ခဲ့ တာမို့ သေနတ်နဲ့ပြစ်သူဟာ Peter ဖြစ်ကြောင်း သိရ ပါတယ်။ သူတို့နှစ်ဦးကိုပြစ်မှုထင်ရှားလို့ ထောင် ၆ နှစ်ဆီ အမိန့်ချလိုက်ပါတယ်။ ဒီအမှုမှာ ခေတ်သစ် သိပ္ပံပညာများဖြစ်တဲ့ DNA နည်းပညာ၊ ကျည်ဆံကျွမ်းကျင်မှုပညာ၊ လက်ရေ ဖတ် ကျွမ်းကျင်မှုပညာ၊ ဖိနပ်ရာကျွမ်းကျင်မှုပညာ များကြောင့် တရားခံနှစ်ဦး ဘယ်သူက ဘာလုပ်ခဲ့ တယ်ဆိုတာကို ဘေးကထိုင်ကြည့်နေတယ်ထင်ရလောက်အောင် တိတိကျကျ ပြောနိုင်ပါ တယ်။ ဒါကြောင့် ပြစ်မှုကျူးလွန်မယ်ကြံရင် ငါလုပ်သမျှကိုမှတ်တမ်းတင်ပြီး တရားရုံးမှာ သက်သေခံမဲ့သူတွေရှိနေတယ်ဆိုတာ သတိရသင့်ပါတယ်။
ဂျွန်လိုင် ၁၆ ရက်ထုတ်လွှင့်သော impossible investigation ကိုသင့်လျော်အောင် ဘာသာ ပြန်ပါသည်။
No comments:
Post a Comment