:include data='blog' name='google-analytics'/>

Tuesday, February 2, 2016

2nd MB Anatomy dissection

2nd MB Anatomy ဘာသာရပ်ဟာ ကျမတို့ခန္ဓာကိုယ်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ၊ ကြွက်သားတွေ
အရိုး၊သွေးလွှတ်ကြော်၊သွေးပြန်ကြော ၊နပ်ကြော်စတာတွေ ဘယ်လိုနေရာမှာ ဘယ်လိုတည်ဆောက်
ထားတယ်ဆိုတာအသေးစိပ်လေ့လာ မှတ်သားရတဲ့ပညာရပ်ဖြစ်တာမို့ Physiology ဘာသာရပ်လို အကျိုးအကြောင်းနဲ့ဆက်စပ်ပြီးမှတ်ရတာထက်၊အသေမှတ် (by heart) ရတာများပါတယ်။  ကျမရဲ့ မှတ်ဥာဏ်ကလဲ သူများနဲ့မတူ တမူထူးခြားပါတယ်။ ဇတ်လမ်းဇတ်ကွက်စတာတွေကို မှတ်မိ တတ်ပေမဲ့ ၊နံမည် နဲ့နံပါတ်တွေ ကိုမမှတ်မိတတ်ပါဘူး။ အဲ့ဒီတော့ Anatomy နဲ့ကျမနဲ့ကတော့ ပြဒါးတစ်လမ်း၊သံတစ်လမ်းလို့ဆိုရပါမယ်။(ဒါကြောင့် Postgrad တက်ဖို့ဘာသာရပ်ရွေးဖို့ဖြစ်လာတော့ Anatomy ဘာသာရပ် မပါတဲ့ ဘာသာကိုသာရွေးချယ်ခဲ့ပါတယ်။)




Anatomy ဘာသာရပ် အတွက် အထောက်အကူပစ္စည်းအဖြစ် လူရိုးလိုအပ်ပါတယ်။ Anatomy ဌာနက
ဝန်ထမ်းတွေက dissection လုပ်ထားပြီးသား အရိုးတွေကိုဆေးကြော်သန့်စင်ပြီးပြန်ရောင်းတတ်ပါတယ်။
ကျမ အနေနဲ့ စာကျက်ရာမှာအထောက်အကူဖြစ်စေဖို့ဝယ်လဲဝယ်ချင်တယ်။ ရွံ့တတ်ကြောက်တတ်လို့ကိုင်ရမှာလဲ မရဲဘူး။ အယူသီးတဲ့မေမေက အိမ်ကိုသယ်ခွင့်မပြုရင်ဝယ်ပြီးမှ ဘယ်လိုလုပ်ရမလဲ စသည်ဖြင့် အတွေးတွေရှုပ်နေစဉ်မှာ ဖေဖေ့မိတ်ဆွေ ဆရာဝန်မက သူကျောင်းသူ ဘ၀က ၀ယ်ထားတဲ့ အရိုး ရှိ ကြောင်း၊သူအတွက်အသုံးမ၀င်တော့လို့ ကျမကိုလက်ဆောင် ပေးမယ်ဆိုပြီးယူလာပေးပါတယ်။ သူပေးတဲ့ အရိုးက ပေါင်ဒါတွေ၊ရေမွှေးတွေနဲ့သိမ်းထားတာမို့ရွံစရာ၊ကြောက်စရာမကောင်းပဲ၊လူရိုးဆိုတာ တောင် မေ့သွားပြီး၊ မေမေကလဲ ဘာမှ မပြောပါဘူး။။ ကျမလဲအရိုးတွေ ဖတ်ပြီးအိပ်ပျော်သွားပေါင်း များခဲ့ ပါတယ်။ တစ်ညတော့ Gray`s anatomy စာအုပ်ဖတ်ရင်း အိပ်ပျော်သွားတာနဲ့ လက်ထဲက ၂လက်မ လောက် အထူရှိတဲ့ စာအုပ်ကြီးကျတဲ့ အသံကျယ်ကြီးကြောင့် တစ်အိမ်လုံးလန့်နိုးသွားခဲ့ပါတယ်။ မနက်ရောက် တော့ ဖေဖေက စာအုပ်ကို ၁၀ အုပ်ခန့် ပိုင်းဖျတ် လိုက် ပါတော့တယ်။




အရိုးနဲ့ပတ်သက်တဲ့ အကြောင်းတွေပြန်တွေးမိတာက no 8 bus (အဲ့ဒီအချိန်က ဟီနိုးကား အကြီးတွေပါ) က Anatomy သင်တန်းတက်ရတဲ့ လိပ်ခုံးခေါ် ပြည်လမ်းပေါ်မှာပြေးဆွဲပါတယ်။ တစ်ချို့ကျောင်းသား တွေက ကျောင်းလွယ်အိပ်မှာ အရိုးကိုမြင်အောင်ထဲ့ပြီး bus ကားစီးလေ့ရှိပါတယ်။ ဆေးကျောင်းသား ဆိုပြီးကြွားခြင်းတစ်မျိုးပေါ့။ အဲ့ဒီထဲမှာ မောင် X က bus ကားပေါ်မှာအတန်းသားတွေ တွေ့ရင်လှမ်းပြီး အင်္ဂလိပ်လိုပြောတတ်ပါတယ်။ ပြန်မပြောရင်လဲ အင်္ဂလိပ်လို မတတ်ရာကျမယ်။ ပြန်ပြောပြန်ရင်လဲ သူ့လို ငပေါ် ဖြစ်မှာမို့ သူ့ကိုတွေ့ရင် ကားပေါ်မှ အမြန်ဆင်းပြေးလေ့ရှိပါတယ်တဲ့။ သြ ဆေးကျောင်းသား တွေလဲ ပုထုဇဉ်တွေပဲလေ။






Anatomy ဘာသာရပ်မှာအသေမှတ်ရတာတွေများတာကြောင့် Anatomy က ဆရာကြီး Dutt ကတောင်
အေ၇းမကြီးတဲ့အကြောင်းအရာတွေ ဥပမာအားဖြင့် ကိုယ့်မိတ်ဆွေတွေရဲ့ အိမ်လိပ်စာ၊ဖုန်းနံပါတ် စတာ တွေကိုခေါင်းထဲမှာမှတ်မထားနဲ့ မှတ်စုစာအုပ်မှာရေးထား။ လိုရင်ဖွင့်ကြည့်လို့ရတာပဲ။ ခေါင်းထဲမှာတော့
မှတ်စရာများထဲ့ Anatomy ဘာသာရပ်တွေမှတ်ထားလို့သြ၀ါဒပေးဖူးပါတယ်။








Anatomy ဘာသာရပ်မှာ mnemonics ခေါ်တဲ့မှတ်ရလွယ်စေတဲ့ ကဗျာ လို မျိုးတွေ တီထွင်ပြီး မှတ်လေ့ ရှိပါတယ်။ ဥပမာ ကျမတို့ရဲ့ Renowned Rector U Ba Than က လက်ကေါက်ဝတ်မှာရှိတဲ့ အရိုးငယ် လေး ၈ ခုရဲ့နံမည်အစီအစဉ်ကိုမှတ်မိစေရန် She Looks Too Proud Try To Catch Her. လို့စာစီ ကုန်းခဲ့ပါတယ်။ ကျမအခုအချိန်မှာ စာသားသာမှတ်မိပြီး အရိုးတွေရဲ့ နံမည် တော့လုံးဝအစဖေါ်လို့မရတော့ပါဘူး။










Anatomy dissection အတွက် မိမိနှစ်သက်ရာသူငယ်ချင်း ၅ ဦးဆီစုရပါတယ်။ Body တစ်ခုကို အဖွဲ့
နှစ်ဖွဲ့ခွဲစိပ်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ရဲ့ခန္ဓာကိုယ်ကို အလယ်ကနေဖြတ်လိုက်မယ်ဆိုရင်
ကိုယ်တွင်းအင်္ဂါတွေကလွဲရင် ၂ ဖက်စလုံးတူညီနေပါတယ်။ (Symmetry) ။ မှတ်မှတ်ရရ ကျမတို့ နှစ်ဖွဲ့လုံး မှာမိန်းခလေးကြီး ၁၀ ယောက်ပါ။ ပထမဦးဆုံး upper limb ခေါ်တဲ့ လက် ကိုစခွဲရပါတယ်။ ကျမတို့အဖွဲ့ရဲ့ demonstrator က ဆရာဦးမင်းသန်းထွန်းပါ။ ထူးဆန်းစွာ နံမည်မမှတ်မိတဲ့ ကျမ ဆရာ့နံမည် ကို တော့ အမှတ်ရနေပါတယ်။ ဆရာ့နံမည်က အများနဲ့မတူလို့လား ? ဒါမှ မဟုတ် ဆရာက ကျမတွေ့ဘူး တဲ့ဆရာတွေထဲမှာထူးခြားနေလို့လား ? ဆရာက အလွန်သဘောကောင်းပါတယ်။ Anatomy dissection
စလုပ်ခါစ ဘာမှမသိတဲ့ေ၇ာင်လည်လည် ကျမတို့ကိုဆရာကစိတ်ရှည်ရှည်နဲ့ရှင်းပြပါတယ်။ ဒါပေမဲ့
Bursa ဆိုတဲ့ စကားလုံးကိုဘယ်လိုမှရှင်းလို့မရတာနဲ့ ဆရာ့ခမျာ ပိတ်စလေးနဲ့ Bursa ပုံသဏ္ဍန် ချုပ်
ပြီးရှင်းပြရှာပါတယ်။ ကျမတို့အဖွဲ့ထဲက Sophie ဘယ်ကဘယ်လိုဆရာ့အိမ်လိပ်စာရလားလဲ မသိဘူး
ဆရားအိမ်သွားလည်ဖို့ ပြောတာနဲ့ ကျမတို့သူငယ်ချင်းတွေ (ဘယ်သူတွေ ပါလဲ မမှတ်မိ တော့ပါ) ဆရာ့အိမ်ေ၇ာက်သွားကြပါတယ်။ ဆရာလဲအံသြသင့်ပြီး ပေါ်တော်တော်ကျမတို့ကိုကြိုဆိုရှာ ပါတယ်။










ကျမတို့တွေလုပ်တဲ့ dissection က ကိုယ်ခန္ဓာမှာလို မမြင်မတွေ့ရတာ များ ပါတယ်။ တခါတရံ ရှာဖွေရမယ့် အရေးကြီးတဲ့ သွေးကြောတွေ၊နပ်ကြောတွေတောင် ဖြတ်မိသွား ပြီး ဘယ်ေ၇ာက် နေမှန်း တောင်မသိဖြစ်ကြပါတယ်။ ဒါကြောင့် ၊စာအုပ်မှာပါသလိုမျိုး (ကိုယ်ခန္ဓာမှာလို) မြင်တွေ့ရအောင် dissection လုပ်ထားတဲ့ ဆရာဦးသိန်းအောင်ဆီ အဖွဲ့လိုက်သွားကြည့်ရပါတယ်။ ဆရာ့အခန်းရောက်တာ
နဲ့ ဆရာက လက်ပတ်နာရီကို သူ့နာရီနဲ့ အချိန်တိုက်ခိုင်းပါတယ်။ ပြီး အခုအချိန်ကစပြီး နာရီဝက် တိတိပြောမှာဖြစ်တဲ့အကြောင်း၊ Cunningham`s manual practical anatomy edition 3 ဆိုရင် စာမျက်နှာ ဘယ်လောက်၊ အပေါ်ဆုံး စာကြောင်းကရေရင် စာကြောင်း ဘယ်လောက်၊ အောက်ဆုံး စာကြောင်းကရေရင်စာကြောင်း ဘယ်လောက် မှာ၊ edition 2 ဆိုရင် စာမျက်နှာ ဘယ်လောက်၊ အပေါ်ဆုံးစာကြောင်းကရေရင် စာကြောင်းဘယ်လောက်၊ အောက်ဆုံးစာကြောင်းကရေရင် စာကြောင်း ဘယ်လောက်မှာ၊ရေးထားကြောင်းပြောပါတယ်။ စာအုပ်ထဲမှာတော့ သွေးလွှတ်ကြောတွေကိုဆေးထိုး ထားလို့နီနေကြောင်း သူ့ dissection မှာတော့ဆေးမရှိလို့မထိုးရလို့ မနီကြောင်းပြောပြီး၊သူ့ dissection ထဲက သွေးကြောတွေ၊နပ်ကြောတွေ၊ကြွက်သားတွေကိုတစ်ခုချင်းကိုင်တွယ်ပြပါတယ်။ အားလုံးပြီးတဲ့အခါ နာရီပြန်ကြည့်ခိုင်း ပါတယ်။ ဆရာပြောတဲ့အတိုင်း မိစ် ၃၀ တိတိပါ။ ဒီထက်အံသြဖို့ကောင်းတာက နောက်အဖွဲ့တွေနဲ့နောက်ထပ်သွားနားထောင်လဲ (၏ သည် ) မလွဲပဲ အဖွဲ့တိုင်းကို တထပ်တည်း ပြောပြတာပါပဲ။ အခုခေတ်ပေါ်တဲ့ stereocasette ကိုထပ်ခါတလဲလဲဖွင့်နားထောင်ရသလိုပါပဲ။ 










Head and neck dissection မှာ ဦးခေါင်းခွန်ကိုအလယ်ကနေ လွှနဲ့ဖြတ်ရပါတယ်။ လွှနဲ့ဖြတ်နေရင်း
လွှသံက ဦးခေါင်းခွံကိုဖြတ်တဲ့အသံကနေ ကျီကျီနဲ့အသံပြောင်းသွားပါတယ်။ ဘာကိုဖြတ်မိ နေသလဲ မသိဘူး။ ဒီနေရာမှာလဲ soft tissues တွေပဲရှိပါတယ်လို့။ လားလား လက်စသတ်တော့ အလောင်း မှာ ထဲ့ပေးလိုက်တဲ့ မတ်စေ့ကိုဖြတ်မိနေတာကိုး။ ကျမတို့ dissection ခန်းမှာ အဖွဲ့ ၅ ဖွဲ့ရှိပါတယ်။ကျမတို့
အဖွဲ့တစ်ခုထဲမှာ  ကတိုးခ ပါလာတာပါ။ သူများတွေနဲ့ထူးဆန်းနေတာကြောင့် ကျန်တဲ့အဖွဲ့တွေက ကျမတို့ မတ်စေ့ကိုလာလာကြည့်ကြပါတယ်။ အဆောင်မှာနေတဲ့ သူငယ်ချင်း ၂ ယောက် က မတ်စေ့လေး ကိုပဲကြီးလှော်သွားဝယ်စားမယ်ဆိုပြီးယူသွားပါတယ်။ (အဲ့ဒီတုံးက ပဲကြီးလှော် တစ်မတ်ဖိုး ဆို အများကြီး ရပါတယ် ပုံပြင်မဟုတ်ပါ)။ သူတို့က precaution ယူတဲ့အနေနဲ့ မတ်စေ့လေးကို ကျောင်းက စာအုပ် ဆိုင်မှာအရင် ပိုက်ဆံချင်းလဲပြီးမှ ပဲလှော်သွားဝယ်ကြတာ။ ပဲလှော်ဝယ်ပြီး dissection ခန်းကို ယူလာ စားကြတယ်။ ကျမသိသလောက်တော့ သူတို့၂ယောက်  ပဲစားကြပြီးကျန်တဲ့သူတွေ မစားဖြစ်ကြဘူး။ နောက်နေ့ရောက်တော့ ညကအဆောင်မှာ သူတို့နှစ်ယောက်လုံးကို ခြေထောက် လာ ဆွဲပြီးသူ့မတ်စေ့ပြန်ပေးဖို့အိပ်မက်မက်တယ်တဲ့။ စိတ်ဆွဲလို့လား။ တကယ်ဘဲလားဆိုတာတော့ မပြော တတ်ပါ။






Anatomy dissection မှာမှတ်မိနေသေးတဲ့ ဆရာတစ်ယောက်ကတော့ ဆရာဦးကျော်ဝင်းပါ။ Anatomy ဘာသာရပ်မှာ ဖတ်ရတာတွေ၊ မှတ်ရတာတွေများလှတာကြောင့်ရော်၊ကိုယ်တိုင်ဖတ်ရတာထက်၊ တတ်တဲ့ သူကပြန်ရှင်းပြတာက ပိုမှတ်မိတာမို့ ကျောင်းသားတွေဟာ စာသင်ပြတတ်တဲ့ demonstrators တွေရဲ့ lecture တွေကိုလိုက်တက်လေ့ရှိပါတယ်။ တစ်ချို့demonstrators တွေက postgrad တက်ဖို့စာကျက် နေကြ တာကြောင့် သူတို့ကျက်ထားတာကိုပြန်နွှေးတဲ့အနေနဲ့စာပြန် သင်ကြပါတယ်။ တစ်ချို့ကျောင်းသားတွေဆို Anatomy dissection တောင်မလုပ်တော့ပဲ demonstrators တွေရဲ့ lecture တွေကို
သာတတ်ကြတာကြောင့် demonstrators တွေ lecture မပေးရဘူးဆိုတဲ့ အမိန့်ထွက်လာပါတယ်။ ဒါပေမဲ့
ဆရာဦးကျော်ဝင်းကတော့ သူ့ကျောင်းသားတွေကို ဆက်လက် သင်တုံးပါပဲ။ အဲ့ဒါကို မကျေနပ်တဲ့ ကျန်
အဖွဲ့က ကျောင်းသားတွေက ဆရာကြီး Dutt ကိုသွားတိုင်ကြတော့ ဆရာကြီးက ငါလဲသူ့ကိုပြောလို့
မရဘူး။ သူ့မှာက teaching centre ပါလာတာတဲ့။






နောက်မှတ်မိတာကတော့ Reference text book Gray`s anatomy မှာ လူအများစုမှာတွေ့ရတဲ့
အနေအထားတွေကိုစာလုံးကြီးတွေနဲ့အပေါ် text မှာရေးသားထားပြီး၊ လူနည်းစုမှာ ထူးထူးဆန်းဆန်းတွေ့ရတတ်တာတွေကိုအောက်ခြေမှာ စာလုံးအသေးလေးနဲ့ေ၇းပါတယ်။ ဥပမာ လူအများစုမှာ နှလုံးတွေ၊အူအတက်တွေက ညာဘက်မှာရှိပေမဲ့။ အလွန်ရှားပါးသောသူတွေမှာ ဘယ်ဘက်ခြမ်းမှာရှိတတ်ပါတယ်။ ဒီလို ရှိတတ်တာကိုသိနေတဲ့ ဆရာဝန်းတစ်ဦးဟာ ဘယ်ဘက်မှာရှိတဲ့အူအတက်ပေါက်ရောဂါသည်ကို ဘယ်ဘက်မှာရှိနေတဲ့သူရဲ့နှလုံးခုန်သံကိုနားထောင်ခြင်းဖြင့်သိပြီး အသက်ကယ်နိုင်ခဲ့ တယ်ဆိုတာ မှတ်သားဖူးပါတယ်။   ကျမနဲ့ ဘဟန်ကတော့ အဲ့ဒါတွေကို လိုက်ဖတ်ပြီးအေးအေးမနေပဲ ၊သူငယ်ချင်းတွေကို လိုက်မေးပြီး ၊ငြင်းကြ ပါတယ်။ မဖတ်မိတဲ့ သူငယ်ချင်းတွေကို စာအုပ်ပြပြီး အနိုင်ယူကြတာပါ။ စာမေးပွဲမှာ တွေ့လေ့ရှိတဲ့ Anatomy ကို မမှတ်မိပဲ ရှားပါးတဲ့ Anatomy တွေကိုသာ မှတ်မိရင်တော့ စာမေးပွဲကျမှာအသေအချာပါပဲ။ ဆရာဝန်ဘ၀မှာလည်း အများဆုံးတွေ့ရမှာက လူများစု မှာတွေ့ရတဲ့  anatomy တွေပဲလေ။





No comments:

Post a Comment