:include data='blog' name='google-analytics'/>

Thursday, February 11, 2016

ပျော့စိစိ phobia

phobia ဆိုတာ သာမန်ပစ္စည်းနဲ့အခြေအနေတွေကို သာမန်ထက်လွန်ကဲပြီးကြောက်တဲ့ စိတ်ဝေဒနာတစ်မျိုးဆိုတာ သူငယ်ချင်းတို့အားလုံးရော် knowledgeable non-medical တွေပါ သိတဲ့ အကြောင်းပါ။
ဒါပေမဲ့ ရာကျော်တဲ့ phobia list ထဲမှာ ကျမလို ပျော့စိစိ သတ္တ၀ါတွေနဲ့အစားအစား တွေကိုကြောက်တာ မဖေါ်ပြထားပါဘူး။ ကျမလိုလူမျိုးမရှိတာလား ? ဘာဘဲဖြစ်ဖြစ် ကျမရဲ့ phobia ကိုသူငယ်ချင်း တွေ သိအောင်ပြောပြရမယ်ဆိုရင်- ပျော့စိစိ သတ္တ၀ါဖြစ်တဲ့ တီကောင်တို့၊သံကောင်တို့၊မွေးကာစကြွက် ပေါက်စတို့ကိုအလွန်ကြောက်ပါတယ်။ ဘယ်လောက်လဲဆိုရင်သူတို့နဲ့တူတယ်လို့ကျမထင်တဲ့ 
ဝက်အူချောင်း၊နန်းကြီးသုပ် (ကြိုက်တဲ့သူများ sorry ပါနော်။ ) တွေကိုပါမစားရဲပါဘူး။
နောက်ပြီး ခရမ်းသီးကိုမီးဖုတ်သုပ်တာ၊ခရမ်းသီး၊ဘူးသီးကိုဆီမပြန်ဘဲချက်ထားတာ၊တွေကိုလဲမစားရဲ
ပါဘူး။ ကျမငယ်ငယ်က ဘူးသီးကျော်စားရင်အထဲကဘူးသီးကိုထုတ်ပြစ်လေ့ရှိပါတယ်။
house surgeon အဖြစ် တောင်ကြီးစပ်စံထွန်းဆေးရုံမှာတာဝန်ကျစဉ် nurses home မှာ တစ်လ 60 ကျပ်နဲ့ထမင်းလခပေးစား (house surgeon လခ 200 ကျပ်ရတဲ့အချိန်ပါ) ခဲ့ရတာ၊ဖောင်ကြီးသင်တန်း 2 ကြိမ်တက်ခဲ့ရတာ၊ နောက်ပိုင်း နိုင်ငံခြားမှာ တစ်ယောက်တည်းနေပါများလာတော့ အစား အသောက် ကျီးများ တာတော်တော်လေး သက်သာ လာပါတယ်။ အခုဆို ဘူးသီးကျော်စားလို့ရပြီ၊၀က်အူချောင်း ကိုပါးပါးလှီပြီးကျော်စားလို့ရပါပြီ။ (သူငယ်ချင်းတွေမကြွေးမှာစိုးလို့။) မေမေကပြောတယ် ကျမငယ်ငယ် မူကြိုကျောင်းသူဘ၀က ကြက်ဥပြုပ်၊အားလူးကျော်နဲ့ကော်ဖီထုပ်ကျော်ဘဲစားတယ်တဲ့။


ကျမရဲ့ phobia ကြောင့်ကျမ ဆေးကျောင်းမတတ်ချင်ခဲ့တာပါ။ ကျမရဲ့ phobia ထဲမှာ သံကောင်ကို ကြောက်တာအဆိုးဆုံးပါဘဲ။ ကျမတို့ငယ်ငယ်က 6လတစ်ခါ မေမေက ခလေးအားလုံးကို သံချဆေး တိုက်ပါတယ်။
တစ်နေ့တော့ ကျမ အိမ်သာထဲကနေအသံကုန်အော်တာ ကြားလို့ မေမေအပြေးအလွှာ အိမ်သာရှေ့
ရောက်လာပါတယ်။ ကျမ သံကောင်ကျတာတွေ့လို့ ကြောက်လံတကြားအော်ခဲ့တာပါ။ အဲ့ဒီကထဲက မေမေလဲကျမကိုသံချဆေးမတိုက်တော့ပါဘူး။


ဆေးကျောင်းပထမနှစ် zoology practical မှာ ကျောင်းသား 2 ယောက်ကို microscope တစ်လုံးဆီနဲ့
အကောင်ပလောင်တွေကိုလက်တွေ့ခွဲစိပ်ရပါတယ်။ တစ်နေ့မှာ လင်ပန်းမဲမဲလေးပေါ်မှာ သံကောင်အသေ
တစ်ကောင်ကိုချထားပေးပြီး ပင်အပ်နဲ့ခွဲရမယ်တဲ့။ သံကောင်းတွေကပေါများလို့ထင်တယ်။ ကျောင်းသား တစ်ယောက်ကိုတစ်ကောင်နုန်းဆီပေးတယ်။ ကျမကတော့ ခွဲဖို့နေနေသာသာ ကြာကြာတောင် မကြည့် ရဲပါဘူး။ ဆရာဆူချင်လဲဆူ ၊အမှတ်လျော့ချင်လဲလျော့ မထိရေးချ မထိ။
ဆေးကျောင်းမှာ practical လုပ်ဖို့ 2 ယောက်ဆီ Roll No အလိုက် partner လုပ်ရတော့ ကျမ Partner က Roll No 64 ကိုအောင်နိုင်ပါ။ ကျမ ကြောက်နေတာကို သနားလို့လား၊ ကြာနေလို့စိတ်မရှည်တာလား
(သူ့ကိုမေးမကြည့်ခဲ့မိဘူး) သူဘဲ 2 ကောင်လုံးခွဲပေးခဲ့ပါတယ်။ ကျေးဇူး ပါ ကိုအောင်နိုင်။


(သူငယ်ချင်းတွေမြှောက်ပေးတာနဲ့ဆက်ရေးဖြစ်သွားတယ်။ ကျမက အမြှောက်ဆို ဘယ်လိုပုံစံဖြစ်ဖြစ် ၊ဘယ်လောက်သေးသေး ကြီးကြီး ကြိုက်တယ်လေ။)

No comments:

Post a Comment