:include data='blog' name='google-analytics'/>

Saturday, January 30, 2016

2nd MB တန်း

(လွန်ခဲ့တဲ့ 5 decade က ငယ်ရွယ်နုပျို၊အပြစ်ကင်းပြီးချစ်စရာကောင်းတဲ့ အချိန်တွေကို ခဏဖြစ်ဖြစ်
ပြန်လည်ခံစားနိုင်ရအောင် သူငယ်ချင်းတွေရဲ့အမည်တွေကိုထဲ့ရေးထားတာကိုနားလည်ခွင့်လွှတ်ကြမယ်လို့
ထင်ပါတယ်။)
1st Year Jr and Sr တန်း ၂ နှစ်တက်ပြီးချိန်မှာတော့ 2nd year MB တန်းတက်ရပါတယ်။ Jr and Sr လို့မခွဲပါဘူး၊ စာတွေများလို့ပေါင်းပြီး တစ်နှစ်ခွဲတက်ရတာပါ။ preclinical  တန်းလို့လဲဆိုနိုင်ပါတယ်။ clinical ခေါ်တဲ့ လူနာတွေနဲ့မတွေ့ခင်ပြင်ဆင်ရတဲ့အချိန်ပေါ့။ ဒီအတန်းမှာ Physiology and Anatomy ဘာသာရပ် ၂ ခုသင်ရပါတယ်။ Physiology ဘာသာမှာ မနက်ဘက် lecture တက်ပြီး၊ညနေပိုင်း Physiolgist တွေရဲ့နံမည်တွေပေးထားတဲ့ အခန်းလေးတွေမှာ တစ်ခန်းကိုကျောင်းသား 20 နဲ့ tutorial ဆရာတစ်ယောက်ဆီ မနက်ကသင်လိုက်တဲ့ lecture တွေကိုပြန်ရှင်းပြတာရယ်။ Physiology နဲ့ဆိုင်တဲ့ practical တွေရယ်လုပ်ရပါတယ်။ ကျမတို့ အတန်းက roll no 61-80 ပါ။ ပထမ ပိုင်းမှာဆရာဦးသန်းတိုး နောက်ပိုင်း ဆရာမ ဒေါ်နွယ်နွယ်သိန်းပါ။ S4 (Sherrington) ပါ။ S1 -4 အထိရှိပါတယ်။ S3 နဲ့ S4 ကကပ်ရက်ပါ။ အတန်းချင်းကပ်သလို ကျောင်းသားချင်းလဲ ခင်မင်ရင်းနှီးကြပါတယ်။ S3 ကဆရာမက နောက်ပိုင်း ဒေါ် Kitty Pyo Nyein ပါ။ ကျမတို့ S4 ကကျောင်းသားတွေနဲ့ S3 ကျောင်းသား တွေပြိုင် စရာမရှိ ဆရာမခြင်းပြိုင်ကြပါတယ်။ ဒေါ် Kitty Pyo Nyein ကငယ်ရွယ်ပြီးတော်တော်လေးလှပါတယ်။ အထူးသဖြင့် ၀ိုင်းစက်ပြီးရွှမ်းလဲ့နေတဲ့မျက်လုံးတွေပါပဲ။ နားလေးနှစ်ဘက်က ရောင်ရောင်လေး ကားပြီး နေတာကြောင့် နဂါးမလေးမောင့်ချစ်သူလို့ မထိတထိပြောသူများလဲရှိပါတယ်။ ဒီလောက်ချော်လှတဲ့သူကို S4 ကျောင်းသား တွေအပြစ်ရှာပုံကတော့ နင်တို့ဆရာမက မနက်မနက်သူ့မေးစိရှာနေရတယ်တဲ့။ S3 ကကျောင်းသားတွေကလည်းအားကျမခံ နင်တို့ဆရာမကမနက် ဘက်မိတ်ကပ်လိမ်းနေရတာ နဲ့ အချိန်ကုန်တယ်တဲ့။ ဆရာမ နစ်ယောက်သာသိလို့ကတော့ဒီကျောင်းသားတွေမလွယ်ဘူး။ စာတွေများ လွန်းလို့ကြံဖန်ပျော်ကြရှာတာထင်ပါတယ်။ ဒီအတန်းက တော်တော်နတ်ကြီးတာ။ ဒီအတန်းမှာစာတွေပိပြီး စိတ္တဇဆေးရုံရောက်တဲ့သူနဲ့၊ 2 F ထိပြီး ကျောင်းကနေအပြီးအပိုင် ထွက်ရတဲ့သူတွေလဲ အတန်းတိုင်း မှာ ရှိပါတယ်။


Physiology practical မှာလူကောင်းတွေရဲ့ စံ normal data တွေကို ရှာဖွေရပါတယ်။ အဲ့ဒီအတွက် သွေးဖေါက်ခံဖို့၊ဆီး collect လုပ်ဖို့ suject လုပ်မဲ့ volunteer လိုပါတယ်။ volunteer မရှိရင်တော့ မဲနှိက်ကြရပါတယ်။ ကျမတို့ထဲမှာ Peter Thura ကသွေးဖေါက်ခံဖို့တော့ သူ volunteer မလုပ်နိုင်ဘူး၊
ဆီး collect လုပ်ဖို့ အတွက်တော့ volunteer လုပ်မယ်လို့ပြောပါတယ်။ သူ့ကြောင့် ဆီး collect လုပ်ရမဲ့ practical တွေအတွက်စိတ်အေးကြရပါပြီ။ ကျေးဇူးပါ သူရ။


စောစောပိုင်း ဆရာဦးသန်းတိုးနဲ့တုံးက ဆရာက Physiology text ထဲကကျက်မှတ်ထား တဲ့စာတွေမေး လေ့ရှိပါတယ်။ ဆရာစာမမေးခင် ကျမတို့အချင်းချင်းဆွေနွေးကြပါတယ်။ သူရက ဘာကောက်ချက် ချ သလဲဆိုတော့ ငါညက စာဖတ်တာ ကြွက်တွေ၊ယုန်တွေ၊ခွေးတွေမှာစမ်းသပ်တာတွေနဲ့တင်ပြီးသွားတယ်။ လူဆီလဲရောက်ရော်ငါအိပ်ပျော်သွားတယ်တဲ့။ သူ့အလှဲ့ရောက်လို့ဆရာစာမေးတဲ့အခါ သူဖတ်ထား တဲ့ အတိုင်း တိရစ္ဆာန်တွေတစ်မျိုးပြီးတစ်မျိုးဆီမှာစမ်းတဲ့အကြောင်းတွေ ခရားရေလွှတ်ပြောတာ (သူရက စကားပြောလဲမြန်တယ်) နဲ့ဆရာကဖြတ်မေးတယ်။ သူရက သူ့ကိုအဲ့လိုဖြတ်မေးလို့မရဘူး အစကနေ ပြောမှရတယ်ဆိုပြီးဆက်ရွတ်တာ ဆရာလဲ ဘာမှ မတတ်နိုင်တော့ဘူး။ နောက်လဲ သူရကို စာမမေး ရဲတော့ဘူး။ (very intellgent Thura ) သူရက ကျမတို့အားလုံးထဲမှာ အငယ်ဆုံး။ သဘောလဲကောင်း
စိတ်လဲရှည်၊အနစ်နာလဲခံပါတယ်။ ရိုးလဲရိုးတယ်။ တစ်ခါတော့ ခုံပေါ်ထိုင်ပြီးအလှည့်ခံရမဲ့  volunteer လုပ်မဲ့သူမရှိတာနဲ့ မဲနှိက်ကြရပါတယ်။ အားလုံးနှိက်ပြီး ဘလာမဲတွေဖြစ်နေတာနဲ့ နောက်ဆုံးနှိက်ရမဲ့ သူရကို ကဲနှိက်စရာမလိုတော့ဘူး။ မင်း volunteer လုပ်ရမယ်လို့ ပြောတာကြားလိုက်ပါတယ်။ နောက်မှသိရတာ ဘဟန်တို့လူလည်ကျပြီးအားလုံး ဘလာမဲတွေလုပ်ထားပြီး သူရကိုနောက်မှ နှိက်ခိုင်း
တာတဲ့။ (သူရရေး ဘဟန် ယူ့ဆီလာလည်ရင် ခုံပေါ်ထိုင်နေတုံးလည့်လိုက်ပေတော့)။
သူရတို့က မောင်နှမ သုံးယောက်လုံး တစ်တန်းထဲ။ သူ့ညီမ ဆိုဖီက ကျမနဲ့ anatomy dissection မှာတစ်ဖွဲ့ထဲ။ 2003 America ကို ဘဟန်အလည်ခေါ်သွားတော့ မောင်နှစ်မ သုံး ယောက်လုံး တစ်ဝင်း ထဲမှာ ပျော်ပျော်ရွှင်ရွှင် နေ နေကြတာ ၀မ်းသာစရာတွေ့ခဲ့ရပါတယ်။




Physiology lecturer တွေထဲမှာ ဆရာမကြီး ဒေါ်သင်းသင်းလှိုင် ကိုမသိသူ မရှိပါဘူး။ ဆရာမကြီးကို
ကျောင်းသားအားလုံးချစ်ကြောက်ရိုသေကြပါတယ်။ ဆရာမကြီးက lectuer မှာ microphone မပါပဲ
သင်နိုင်လောက်အောင် အသံအောင်ပါတယ်။ ကျောင်းသားတွေတတ်စေချင်လွန်းလို့ အော်နေဆူနေပေမဲ့
သူ့ကျောင်းသားတွေ စာမေးပွဲကျမှာအလွန်ကြောက်ရှာတယ်တဲ့။ ဒါကြောင့်စာမေးပွဲမှာသူနဲ့ viva ဖြေရရင် အောင်ဖို့သေချာသလောက်ပဲတဲ့။ ကျမစာမေးပွဲဖြေဖို့ တစ်လလောက်အလိုမှာ အကြောက်လွန်ပြီး
ဘာစာမှ ဖတ်လို့မရ မှတ်လို့မရတဲ့အပြင် ဖတ်ပြီးသားတွေပါအားလုံးမေ့ကုန်တယ်။ ဘယ်လောက် တောင်ဆိုးလဲဆိုရင် သူငယ်ချင်းတွေက ဆရာမကြီး ဒေါ်သင်းသင်းလှိုင် လို့ပြောတာ ဒီနံမည်ကြားဘူး
ပါတယ်။ ဘယ်သူလဲလို့မေးမိထဲ့အထိပါပဲ။ သူငယ်ချင်းတွေကလဲစိုးရိမ်သွားတယ်။ စိတ္တဇဆေးရုံပဲ ပို့ရတော့မလားပေါ့။ ကျမလဲ စိတ်ညစ်နေလို့ဘာမှမထူးဘူး။ ဆေးကျောင်းရောက်ကထဲက ကျမကြိုက်တဲ့
ရုပ်ရှင်ရုံတွေဘက် မရောက်တာ (ကျောင်းပိတ်ရက်တောင်ရုပ်ရှင်မကြည့်ပဲ စာပဲလုပ်နေခဲ့ရတာ) အတိုးချကြည့်မယ်ဆိုပြီးရုပ်ရှင်ပဲ ကြည့်နေခဲ့တယ်။ ကံကောင်းထောက်မစွာ စာမေးပွဲခန်းမှာ အရင်ဖတ်ထားတဲ့ စာတွေပြန်ပေါ်လာလို့ စာမေးပွဲကို ချောမောစွာ viva မထိပဲအောင်ခဲ့ပါတယ်။


သြ စာမေးပွဲကြောက်တဲ့ သူငယ်ချင်းတစ်ယောက်ရှိသေးတယ်သူက ခင်မောင်ဝင်း။ final exam နားနီးတော့ သူက ခေါင်းပေါ်လက်အုပ်အုပ်ပြီးလမ်းလျောက်တယ်။ ဘာလို့လဲဆိုတော့ မတော်တဆ
ခလုပ်တိုက်လဲရင် ဖတ်ထားတဲ့စာတွေထွက်ကုန်မှာစိုးလို့တဲ့။





No comments:

Post a Comment