:include data='blog' name='google-analytics'/>

Friday, January 29, 2016

အမှတ်ရမိသော 1st MB Sr တန်းမှ practical များ

1st MB Sr တန်းတွင် နံနက်ပိုင်း lecture များတတ်ရပြီး ညနေပိုင်းတွင် physics နဲ့ inorganic chemistry
Practical များလုပ်ရပါတယ်။ physics Practical အနေနဲ့ မှန်ဘီးလူးများ၊ သံလိုက်များနဲ့ physic law တွေကိုလက်တွေ့လုပ်ကြရတာပါ။ တစ်ခါမှာ magnetic law နဲ့ပတ်သက်တဲ့ လက်တွေ့အနေနဲ့သံလိုက်
အိမ်မြှောင်နဲ့လက်တွေ့လုပ်ကြရပါတယ်။ ဒါပေမဲ့ သံလိုက်အိမ်မြှောင်ကိုဘယ်လိုမှ ချိန်လို့မရပါဘူး။
ဘယ်ရမှာလဲ သူငယ်ချင်းတစ်ယောက် (ထွန်းကျော်ငြိမ်း) က သူ့ခြေထောက်ရဲ့ခြေမနဲ့ခြေညှိုးကြားမှာ
သံလိုက်ခြောင်းကိုညှပ်ပြီး ကျမတို့အိမ်မြှောင်အောက်တဲ့တဲ့စာပွဲခုံအောက်ကနေလှုပ်နေလို့ပါပဲ။






အမှတ်ရမိတဲ့ chemistry Practical တစ်ခုကတော့ ပေးထားတဲ့ alkaline solution အတွက်လိုအပ်တဲ့
acid volume ကို titration လုပ်ပြီးရှာရပါမယ်။ ဘီကာထဲမှာ  ပေးထားတဲ့ solution ကိုထဲ့ပြီး burette ထဲက acid ကိုတစ်စက်ချင်းချ၊မွေပြီး ph indicator နဲ့ neutral point ကိုရှာခြင်းဖြင့် လိုအပ်တဲ့ acid volume ကိုရှာရပါတယ်။ acid ကို တစ်စက် ချင်းချနေပေမဲ့ acidic ဖြစ်သွားလို့ solution ထပ်ထဲ့ ရ ပါတယ်။ ဒါပေမဲ့ alkaline ဖြစ်သွားပြန်လို့ acid ထပ်ထဲ့ရပြန်ပါတယ်။ ဟော့  acidic ဖြစ်သွားပြန်ပြီ ။ဒါနဲ့ပဲ neutral point ကိုမရောက်နိုင်ပဲ အချိန်တွေ သာတစ်ဖြေးဖြေးကုန်လာပါတယ်။ titration လုပ်ရင်း မနက် ကျောင်းမလာ ခင်တွေ့ခဲ့တဲ့ မုန့်ဟင်းခါး ဆိုင်က အဒေါ်ကြီးကို ပြေးမြင်ေ၇ာင်မိပါသေးတယ်။ အဒေါ်ကြီးက မုန့်တွေများနေလို့ဟင်းရည် ထပ်တောင်းပါတယ်။ ဈေးသည်က ကြည်ကြည်ဖြူဖြူ ဟင်းရည်တွေ ထဲ့ ပေးလိုက်ပါတယ်။ အဒေါ်ကြီးက ဟင်းရည်တွေများသွားလို့ဆိုပြီး မုန့်ဖတ်ထပ်တောင်းပါတယ်။ ဒီတစ်ခါတော့ ဈေးသည်က စောင့်အောင့်ပြီး မုန့်ဖတ်နဲနဲထဲ့ပေးလိုက်ပါတယ်။ သြ ငါလဲဟို အဒေါ်ကြီး လိုဖြစ်နေပြီး။ acid များလိုက် alkaline များလိုက်နဲ့ ကျောင်းဆင်းချိန်လဲတော်တော် ကျော်နေပြီ  tutorial ဆရာမ မောင်းမထုတ်ခင် titration မလုပ်ပဲ ရပ်လိုက် ပါတယ်။ အဖြေကတော့ အနီးစပ်ဆုံးပေါ့။ အဖြေ မမှန်လို့ အမှတ်လျော့လည်း မတတ်နိုင် ကံမသကာလို့ပဲသဘောထား လိုက် ပါတယ်။ ကိုယ့်မှာသာ titration လုပ်လို့ချွေးတွေ တောင်ဆို့နေတယ်။ တစ်ချို့ကျတော့ ဘာမှ တောင်မလုပ်လိုက်ရပဲ။ အစောကြီးပြီးလို့ပြန်တောင်ပြန် ကုန်ပြီ တော်လိုက်ကြတာ။ လက်ဆ တော်တော် ကောင်းတာပဲလို့အောက်မေ့မိတယ်။ နောက်မှ သိရတာက သူတို့က titration  ကို သဘော လောက်ပဲလုပ်ပြီး။ ပေးထားတဲ့ ph ကနေ လိုအပ်တဲ့ acid ကိုထွက်ယူလိုက်တာတဲ့။ သြ  ဥာဏ်ကို လွှာသုံးတယ်ဆိုတာ ဒါပေါ့နော်။ အ တဲ့သူခံပေါ့။ ကျမ တစ်ယောက် တစ်နှစ်လုံး အ ခဲ့ တုံးခဲ့ပုံများ Practical နောက်ကျမှပြီးလို့ အဖေက စိတ်မရှည်ပဲ လာမကြိုတော့ဘူး။ ဒါနဲ့ main က ferry  ကား စီးပြန်တော့လည်း ပြန်တာနောက်ကျလို့ မစောင့်နိုင်လို့ဆိုပြီး မကြိုတော့ဘူး။ နောက်ဆုံး ပိတောက်လမ်းက မောပန်းနွမ်းနယ်စွာနဲ့ နံပါတ် 16 bus စီးပြီးပြန်ရပါတော့တယ်။ ကံကောင်းချင်တော့ ကိုယ့်လိုဥာဏ်ကြီးရှင် တာမွေမှာနေတဲ့ မ အ၀င်းနဲ့သူငယ်ချင်းဖြစ်ပြီး နှစ်ယောက်သာ ပြန်ဖြစ်ပါတော့တယ်။ ( bus ပေါ်ကဒုက္ခတွေနောက်မှသပ်သပ်
ေ၇းပါမယ်)





အဲ့ဒီ နေ့က Practical ကမောမောနဲ့ပြန်လာတာမို့ duty coat လဲလျော်ချင်စိတ်မရှိတာနဲ့ အိမ်နားက ဒိုဘီကုလား ဆီပို့လိုက်ပါတယ်။ ကုလားလေးက မနက်ဖန်လာယူဖို့ချိန်းပါတယ်။ duty coat သွား ရွေးတော့ duty coat  ဖြူဖြူလေး၊ဒိုဘီထိုးထားတာကော့်နေတာပဲ။ ဒါပေမဲ့ duty coat တစ်ခု လုံး ရစရာမရှိအောင် ပေါက်ပြဲနေ ပါတယ်။  ဟင် ဘယ်လိုဖြစ်တာလဲ။ ကိုယ့် duty coat မှဟုတ်ရဲ့လား သူများဟာများဖြစ်နေမလားလို့ကြည့် လိုက်တော့။ ကိုယ့်ဟာမှ ကိုယ့်ဟာ အစစ်ပါလို့ duty coat မှာထိုးတားတဲ့ နံမည်က သက်သေခံနေ တယ်လေ။ မနေ့ကငါပေးတုံးက အကောင်းပါဆိုတော့။ ကုလားလေးလဲ မျက်နှာငယ်နဲ့ အမ ကျနော် လဲမသိဘူး။ ကျနော် ကောင်းကောင်းလျော်ပါတယ်။ ဒါပေမဲ့လျော်လဲပြီးေ၇ာ် ဒီလိုဖြစ်သွား တာပဲလို့ပြောရှာတယ်။ ကျမလဲမကျေ မနပ်နဲ့ပေါက်ပြဲနေတဲ့ duty coat ယူပြန်လာခဲ့ပါတယ်။ ဒီ duty coat ကလွယ်လွယ်ရခဲ့တာမဟုတ်ဘူး။ ဆေးကျောင်းဝင်ခွင့် ရတဲ့ အတွက် ရပ်ကွက်ထဲမှာ ပေါ်ပလင်အနားပြာ ၂ ကိုက်ကို လျောက်လွှာတင်ပြီးဝယ်ခဲ့ရတာ။ လျောက်လွှာ တင်ရမယ်ဆိုတော့ ဟန်ကျတာပဲ။ ကိုယ့်လမ်း အပိုင်စား အမျိုးသမီးရဲ့ညီမ ကို ကိုယ် ဆယ်တန်းအောင်ပြီး ဆေးကျောင်းမ၀င်ခင် ကျောက်မြောင်းကျောင်းမှာလုပ်အားပေးစဉ်က သူ့ညီမ အတန်းကို သင်ပေးရတာ။ သူ့ညီမ ကနဲနဲ စာညံ့တာရယ် တစ်လမ်းထဲလဲနေကြတာမို့ ကိုယ်ကစေတနာပိုပြီး ကျောင်းသွား ကျောင်းပြန် တောင် အတူတူလုပ်ပေးပြီးအနီးကပ်သင်ပေးခဲ့တာလား။ အဆင်ပြေမယ်လို့ထင်တာ။ မှန်းချက်နဲ့နှမ်းထွက်က မကိုက်၊ အမှန်တကယ်လဲ ဖြစ်ပါရဲ့နဲ့။ လျောက်လွာကိုပယ်လိုက်တယ်။ ဒေါသဖြစ်လိုက်တာ။ အိမ်က အေးအေးနေတဲ့ အဖေတောင်ကြားသွားတယ်။ အဖေက ပြောတယ်။
သမီးသူ့ကိုစာသင်ပေးတုံးက ဒီ duty coat ရချင်လို့သင်တာလားတဲ့။ အဲ့ဒီတုံးက duty coat ဆိုတာဘာမှန်းတောင်မသိတာ။ ဘယ်ရချင်စိတ်လဲရှိမှာလဲလို့ပြန်ဖြေရင်း ဖေဖေပြောတဲ့ အဓိပ္ပါယ်ကို သဘောပေါက်ပြီး စိတ်ဆိုးတာ တွေ ပျောက်သွားပါတယ်။ ကျေးဇူးပါဖေဖေ။ ကိုယ့်ဖေဖေက သူများ တကာလိုဘုရားရှစ်ခိုးတာမတွေ့ရပေမဲ့ရင်ထဲမှာ ဘုရားတ၇ားတွေရှိနေတာပါလား။
(နောက်မှ စဉ်းစာမိတယ်။ မနေ့က titration လုပ်တုံးက duty coat မှာစင်ထားတဲ့ acid တွေကြောင့်
ပေါက်ပြဲ ကုန်တာကိုး။ )
မှားတဲ့အခါလဲ မှားပေမပေါ့။ (ဦးစံရှားကိုသတိရစွာဖြင့်)



No comments:

Post a Comment