:include data='blog' name='google-analytics'/>

Thursday, January 29, 2015

မနက်အိပ်ယာနိုးသည်နှင့်

Naw Naw's photo.
Naw Naw's photo.







 လမ်းထိပ်လဖက်ရည်ဆိုင်ကို ထွက်လာပြီး
ဆိုးဆေးဆိုးထားသော လဖက်ခြောက်ဖြင့်ဖျော်ထားသည့် လဖက်ရည်တစ်ခွက်၊
ရေသန့်ဘူး ပလပ်စတစ်စထည့်ထားသော စားအုန်းဆီတွင်ကြော်သည့် ဓာတ်မြေဩဇာပါသော အီကြာကွေးတစ်ချောင်း၊ အချိုမှုန့်နိုင်းချင်းခတ်ထားသော မုန့်ဟင်းခါးတစ်ပွဲကို မှိုပါသော ငြုတ်သီးမှုန့်ထည့်ခါ အားရပါးရစားသောက်ပြီးနောက် ...
ဗာဂျီးနီးယားဆေးအစား မြက်ခြောက်များနှင့်ထုတ်လုပ်သော ပြည်တွင်းဖြစ် တရုတ်ကုမ္ပဏီထုတ် စီးကရက်ကိုသောက်ပြီးနောက် ခံတွင်းအချဉ်ပြေ အဖြစ် အစိမ်းရောင်ဆိုးဆေးဆိုးထားသော ကွမ်းယာကို ဝါးလိုက်လေသည်။
 

ရုံးသို့ရောက်သောအခါ
အိမ်မှထည့်ပေးလိုက်သော ထမင်းချိုင့်ကိုဖွင့်၍ ...
မဲနယ်ဆိုးထားသော ပုဇွန်ကြော် ကို ဓာတ်မြေဩဇာနှင့်သိပ်ထားသော ငပိရည်ဖြင့် ဓာတုဆေးဖြင့်ကြီးထွားစေသော ပဲပင်ပေါက်ကိုတို့မြုတ်ကာစားလိုက်လေ၏။
ထို့နောက်
အစာပိတ်အဖြစ် ဓာတုဆေးဖြင့် အမြန်မှည့်အောင်ပြုလုပ်ထားသော ငှက်ပျောသီးတစ်လုံးကို စားလိုက်လေတော့သည်။
 

ရုံးမှအိမ်သို့ပြန်ရောက်သောအခါ ...
ဓာတုဆေးဝါးဖြင့်မွေးမြူထားသော အသားတိုးကြက် ကိုချက်ထားသော ကြက်သားဟင်း၊အဝါရောင်ဆိုးဆေးဆိုးထားသော မြှစ်ကြော်တို့ဖြင့်စားသောက်ခါ
တရုတ်ပြည်မှလာသော အားဆေးအတု တစ်လုံးကိုသောက်၍ အိပ်ယာဝင်လေ၏
ဤသို့ဤနှယ်
နေ့စဉ်စားသောက်နေကြသော
မြန်မာနိုင်ငံသားများမှ ကင်ဆာရောဂါမဖြစ်လျင် ဘယ်သူဖြစ်မည်နည်း
ထိုသူများမှ ရောဂါမဖြစ်လျင် ဘယ်သူဖြစ်ပါမည်နည်း။
(ပန်ဒိုရာ)

No comments:

Post a Comment