:include data='blog' name='google-analytics'/>

Tuesday, January 13, 2015

အမြန်လမ်းပေါ်ကားဘာကြောင့်မှောက်သလဲ

သူ. အဆို
...
အမြန်လမ်းပေါ်ကားတွေဘာကြောင့်မှောက်သလဲဆိုတဲ့
မေးခွန်းရဲ့အဖြေတစွန်းတစ ယနေ့သိလိုက်ရပါတယ်
ကနေ့ကျနော်kluger 2004လေးကို100km/hနဲ့မောင်းနေတုန်းမိုင်တိုင်၃၂၀ကျော်လောက်မှာ
mark X2004ကကျော်တက်သွားပါတယ်။ကျနော့speedထက်ပိုပြီးကျော်အတက်ရှေ့ရောက်သွားရော markXက ဘယ်ညာလူးပီးလမ်းဘေးဆွဲသွား နောက်ကွန်ကရစ်ပေါ်ပြန်တက်လာ ထိုးရပ်သွားတော့ကျနော်လဲနောက်ကနေရပ်လိုက်ပါတယ်
ကားထဲကြည့်လိုက်တော့ ခလေး၃ယောက် လူကြီးလေးယောက်
အတော်လန့်သွားပုံရပါတယ်။
ကျနော့လဲမြင်ရောကားမောင်းသူက ဘာဖြစ်သွားမှန်းမသိပါဘူးဗျာ မောင်းနေရင်လူးသွာတာဆိုလို့
အနေအထားဆင်း စစ်ကြည့်တော မညီမညာဖြစ်နေတဲ့
နောက်တိုးလောင်းထားတဲ့ကွန်ကရစ် နှစ်ပေကိုတက်နင်းလိုက်
ပုံရပါတယ်။နှစ်လမ်းသွားကွန်ကရစ်ကိုအရင်လောင်းပြီးမှ ထပ်တိုးလောင်းတာဖြစ်လို့စနစ်မတူတော့ကျွံကုန်ကြတာပါ
ကျနော်လဲ စမ်းချင်တာနဲ့70ကီလိုလောက်နဲ့စမ်းနင်းကြည့်
တာ ကျနော့ကားလူးသွားပါတယ် အဲဒီမှာ ကားတွေဒါကိုနင်းမိလို့မှောက်နေကြတာဆိုတာသိလိုက်ရပါတယ်။အောက်ပိုင်းကောင်းမွန်လှတဲ့saloonကားငယ်တောင်
လူးသွားရင် ရှော့ဘားကမကောင်း 4/4တို့ pickup တို့ဆိုရင်
အန္တရယ်များသွားပါပြီ။ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့်လည်းလမ်းပခုံးသားနှစ်ပေတွေအားလုံးကို အမြန်ပြင်စေချင်ပါတယ်
မိတ်ဆွေတို့လဲမောင်းရင်ပခုံးသားကိုမနင်းမိအောင်သတိပြုကြစေလိုပါတယ်။အန္တရယ်ကိုကြိုရှောင်ရင်း လိုရာခရီးချောမွှေ့စွာရောက်အောင်မောင်းနိုင်ကြပါစေ။
Credit to Kyawsoe Soe
12 hrs · Edited

No comments:

Post a Comment