
Recepi suggested by Boursin
copy from Medisite a la un

10cl de Boursin® Cuisine Shallot & Chives

4 large scallops


4 Zucchini


10 sprigs of Chervil

1 teaspoon of pink peppercorns


၎ ယောက်စာ
ချက်ချိန် ၁၅ မိနစ်
ပြင်ဆင်ပုံ
၁။ မုံလာဥနီများကို အခွံခွါ၊ရေဆေးပြီးပါးပါးလှီးပါ။ courgettes (အပြင်ပိုင်းကသခွါးသီးနှင့်တူသောခ၀ဲသီး)ကိုအခွံမခွါပဲထိပ်နှစ်ဖက်လှီး၊ရေဆေးပြီးအခွံခွါသောပစ္စည်းဖြင့်အပြားလေးများဖြစ်အောင်ခြစ်ထားပါ။
၂။ ဆားအနည်းငယ်ခတ်ထားသောရေဆူထဲသို့မုံလာဥနီနဲ့courgettes များကို ၃-၄ မိနစ်ခန့်ထဲ့ပြုပ်ပြီး၊ရေအေးအေးတွင်ခေတ္တထားပြီးနောက်ဆယ်ထားပါ။ ဤသို့ပြုခြင်းဖြင့် အသီးအရောင်များမပြောင်းပဲ ပေါင်းသည့်အခါ နူးလွယ် စေ ပါသည်။
၃။ courgettes အပြား ၆-၇ ခုကို cross လုပ်ပြီးချပါ။ ပြုပ်ထားသော မုံလာဥနီ၊ပုဇွန်ငယ်၊ခုံးကောင်
လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ Boursin® Cuisine Shallot & Chives၊ ဆား၊ Chervil၊ pink peppercorns၊pepperတို့ကိုထဲ့ပြီးအထုပ်ကလေးဖြစ်အောင်လုပ်ပါ။
၃။ courgettes အပြား ၆-၇ ခုကို cross လုပ်ပြီးချပါ။ ပြုပ်ထားသော မုံလာဥနီ၊ပုဇွန်ငယ်၊ခုံးကောင်
လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ Boursin® Cuisine Shallot & Chives၊ ဆား၊ Chervil၊ pink peppercorns၊pepperတို့ကိုထဲ့ပြီးအထုပ်ကလေးဖြစ်အောင်လုပ်ပါ။
၅။ ၎င်းအထုပ်များကို အိုးတစ်ခုတွင်ထဲ့၍ ၁၀ မိနစ်ပေါင်းပါ။
၆။ ပေါင်းထားသော အထုပ်များပေါ်တွင် Chervil၊ baies roses များတင်ပြီးအလှဆင်နိုင်ပါသည်။
၆။ ပေါင်းထားသော အထုပ်များပေါ်တွင် Chervil၊ baies roses များတင်ပြီးအလှဆင်နိုင်ပါသည်။
မှတ်ချက်။
အထုပ်များကို ချက်ပြုပ်ရာတွင်သုံးသော ပလပ်စတစ် Film တွင်ထုပ်၍ပြုပ်ပါက ပုံစံ မပျက်အောင် လုပ်ရ လွယ်ပါသည်။
အထုပ်များကို ချက်ပြုပ်ရာတွင်သုံးသော ပလပ်စတစ် Film တွင်ထုပ်၍ပြုပ်ပါက ပုံစံ မပျက်အောင် လုပ်ရ လွယ်ပါသည်။
အဖေက ကျမဟင်းချက်မယ်ဆိုရင် မချက်ဖို့တောင်းဆိုပါတယ်။ ပြောမရရင်တော့ အပြင်ထွက်စားမယ်လို့ပြောပါတယ်။ ဟင်းချက် ၀ါသနာမပါသည့်အပြင် စိတ်မရှည်ဘဲ အဆင့်ဆင့် ချက်ရမည်များကိုမစောင့်ဘဲ
ထဲ့တတ်ခြင်းနဲ့ ဟင်းမမည်းတတ်ခြင်း(စားသည့်အခါတွင်တော့ အလွန်ဂျီးများတတ်ပါတယ်) တို့ကြောင့် ကျမချက်သည့်ဟင်း ကျမပင် မစားချင်ပါ။ ဒီမကောင်းတဲ့အကျင့်က နိုင်ငံခြားရောက်တော့ အလွန် ဒုက္ခ ရောက်ပါတယ်။ ၁၉၈၆-၈၈ ခုနှစ်ဂျပန်သွားရတော့ ပရောဖက်ဆာက တိုကျိုမြို့မှာ နိုင်ငံ တကာက စားသောက်ဆိုင်တွေရှိတယ်ဆိုပြီးရှာတာ မြန်မာစားသောက်ဆိုင်ရှာမတွေတာနဲ့ယိုးဒယားဆိုင်ပဲ သွား အားပေးလိုက်ရပါတယ်။ ပြင်သစ်နိုင်ငံ ပါရီမှာတော့ ယခုထက်ထိ မြန်မာစားသောက်ဆိုင်မရှိသေးပါ။ ကျမက ချက်တာပြုပ်တာသာမတတ်တယ်။ မြန်မာအစာမှခုံမင်ပါတယ်။ မနက်စာဆိုလည်း မုံ့ဟင်းခါးတို့
အကျော်တို့၊ကောက်ညှင်းပေါင်းတို့စားချင်တာ၊ ပေါင်မှုန့်ဆိုမကြိုက်ဘူး။ ငယ်စဉ်က မေမေကချက်ဖို့ အချိန်မရလို့ပေါင်မုန့်/ကိတ်မုန့် ကော်ဖီပဲစားလိုက်ပါဆိုရင် ကျမ စိတ်ကောက်တော့တာဘဲ။ ကျမက ချော်ကလက်ထက်၊ထန်းညက်ကပိုအရသာရှိတယ်လို့ထင်တယ်။ တခါခါစဉ်းစားမိတယ်။ အရင်ဘ၀တွေက ကိုယ်မကြိုက်တာတွေလှူခဲ့မိလို့များ အခုလို ကိုယ်မကြိုက်တဲ့အစားအစာတွေကြားထဲရောက်နေသလားလို internet ခေတ်မှာ အချက် အပြုပ်ကျွမ်းကျင်သူတွေရဲ့ ပိုစ့်တွေကြောင့်မြန်မာအစာတွေကို အာသာပြေ ကိုယ့်ဘာသာချက်စား နိုင်လို့အားလုံးကိုကျေးဇူးတင်ပါတယ်။ ဒီပိုစ့်လေးက အချက် အပြုပ်ကျွမ်းကျင် သူတွေမိမိတို့ဥာဏ်ရွှင်သလောက် မြန်မာ့နည်းမြန်မာ့ဟန်နဲ့လက်စွမ်းပြနိုင်အောင်တင်ပြလိုက်တာပါ။
ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ။
ကျမ်းကိုး
Medisite a la une. Recipe of Catherine Madani
No comments:
Post a Comment