:include data='blog' name='google-analytics'/>

Saturday, May 10, 2014

အလိမ် မခံရအောင်



လွန်ခဲ့သော အနှစ် ၃၀ ခန့်ကရန်ကုန်ဆေးသုတေသနဌာနမှာတာဝန်ထမ်းဆောင်နေစဉ် အထက်တန်း သုတေသနအရာရှိ ဆရာဝန်ဒေါ်မမနဲ့တွေ့ဆုံခဲ့ပါတယ်။ သူမဟာလူချမ်းသာသော အသိုင်းအ၀ိုင်းမှ ကြီးပြင်းခဲ့ (သူမ၏အဖွါးဖြစ်သူက ရပ်ကွက်တွေမှာနေထိုင်တဲ့သူတွေကိုအပေါင်း အသင်းမလုပ်ချင်ဘူးတဲ့) ပြီး၊ ဥာဏ်လဲထက်မြက်တဲ့အတွက် နိုင်ငံခြားပညာတော်သင်ဝင်ရောက်ပြိုင်ရာတွင်လည်းအရွေးခံခဲ့ရပါတယ်။

နိုင်ငံခြားသွားခါနီးလာရောက်နှုတ်ဆက်တဲ့အခါ သူမရဲ့နားမှာ စိန်နားကပ်အစား မဲမဲအလုံး တစ်ခုကို ရွေကွပ်ပြီး၊ပြောင်းဝတ်ထားပါတယ်။ နဲနဲထူးဆန်းနေတာနဲ့မေးကြည့်တော့ သူမ ကိုးကွယ်တဲ့ ဘုန်းကြီးက ပေးထားသော ဓါတ်လုံး ဖြစ်ကြောင်း။ နိုင်ငံခြားသွားမှာမို့နားကပ်လုပ်ပန်ထားခြင်းဖြစ်ကြောင်း။ သူ့ဆရာတော်လုပ်ပေးလို့သူ့မိတ်ဆွေ ဘယ်သူဖြင့် Director General ကနေ၀န်ကြီးဖြစ်သွားကြောင်း၊ သူမ၏သူငယ်ချင်းဆရာဝန်လင်မယားရဲ့သားဖြစ်သူ မွေးစဉ်က နေမကောင်းဖြစ်၍ ကလေးဆေးရုံ တင်ထားရကြောင်း၊အနောက်တိုင်းဆေးစစ်မှုအမျိုးမျိုး ပြုသော်လည်း ဘာရောဂါမှရှာမတွေကြောင်း၊ရောဂါရှာမရ၍ဘာဆေးကုရမှန်းလဲမသိကြောင်း၊ဆေးရုံပေါ်တင်ထားပြီး (symptomatic treatment) ခံစားနေရတာသက်သာအောင်သာပြုလုပ်ထားရသဖြင့် ၎င်း၏ ဆရာတော်ထံသွားလျောက်ရာ ဆရာတော်က စက္ကူအဖြူတစ်ရွက်ပေးလိုက်ပြီး၊၎င်းစက္ကူကိုမီးရှို့ပြီး ပြာကိုရေဖျော်ပြီး ခလေးကို တိုက်ခိုင်းကြောင်း၊အချိန်မီလျှင်ကလေးအသက်ရှင်မယ်လို့လဲပြောလိုက်ကြောင်း။ ထိုစက္ကူကိုမီးရှို့လိုက်ရာမြန်မာ အက္ခရာများထူးဆန်းစွာပေါ်လာတယ်လို့ပြောပါတယ်။

သူမကထပ်မံပြောပြသည်မှာ သူမ၏ဆရာတော်က ဗျည်း (consonant) အောင်ထားလို့ဒီလိုဖြစ်ရတာလို့ရှင်းပြပါတယ်။ ဗျည်းအောင်ဖို့အတွက်အလွန်သမာဓိကောင်းရကြောင်းလဲပြောပါတယ်။ ဒီအကြောင်း ကြားရတော့ ကျမငယ်ငယ်က (ball pen မပေါ်သေးလို့၊မှင်ထဲ့ရေးတဲ့ ဖေါင်တိန်တွေ သုံးပါတယ်။) ဖေါင်တိန်ထဲကို သစ်သီးရည်တွေထဲ့ရေးတာ၊ရှာလကာရေထဲ့ရေးတာတွေသတိရမိ ပါတယ်။ ရှာလကာရေ (acetic acid) ထဲ့ရေးရင် ရေထဲ့ရေးသလို ရေဆိုနေတုန်းစာတွေတွေ့ရပေမဲ့ ရေခြောက် သွားတဲ့အခါ ရေးထားတဲ့စာတွေပျောက်သွားပြီး ဘာမှဖတ်လို့မရတော့ပါဘူး။ ဒါပေမဲ့ အဲ့ဒီစာကို အပူပေးလိုက်ရင် ရေးထားတဲ့စာတွေပြန်ပေါ်လာပြီးပြန်ဖတ်လို့ရပါတယ်။ ဒီနည်းကို မီးကောင်ပေါက်တွေ ရီးစားစာကို အဖေအမေ မသိအောင်အပေးအယူလုပ်တဲ့အခါမှာသုံးကြပါတယ်။ စာဖတ်ချင်တဲ့အခါ စာကို မီးပူတိုက် လိုက်ရုံပါပဲ။ ဒီနည်းကို ဒေါ်မမတစ်ယောက်မသိရှာပါလား၊ သူမရဲ့အသိုင်းအ၀ိုင်းမှာ နိုင်ငံခြား ကလာတဲ့ အနောက်တိုင်းစက်ရုပ်တွေနဲ့ကစားခဲ့ရတာမို့ ကျမတို့လိုပေါက်ပေါက်ရှာရှာသဘာဝပစ္စည်း တွေနဲ့မကစားခဲ့ရလို့ထင်ပါတယ်။ ဒီအကြောင်းတွေမေ့နေတာ မနေ့က  စုံထောက် ဇတ်လမ်းတစ်ခုမှာ အပြင်လူနဲ့လုံးဝတွေ့ခွင့်မရှိတဲ့ ထောက်ကျနေတဲ့လူဆိုးက ထောင်တဲမှာငှါးလို့ရတဲ့ စာအုပ်က စာရွက်မှာ ကျင်ငယ်ရေနဲ့စာရေးပြီးအပြင်နဲ့ဆက်သွယ်တာကိုတွေ့လိုက်ရလို့ဒီအကြောင်း တွေပြန်သတိရမိပြီး၊ဒေါ်မမလို အလိမ်မခံရအောင်ရေးသားခြင်းဖြစ်ပါတယ်။

လူကောင်းတစ်ယောက်ရဲ့ကျင်ငယ်ရေဟာ pH 4.6 က 8 အထိရှိနိုင်ပါတယ်။ pH 7 ဆိုရင် neutral ဖြစ်ပြီး၊ သူ့ထက်နည်းရင် အက်စစ် (acidic) ဖြစ်ပါတယ်။ အသားစားတာများရင် အက်စစ် ဖြစ်ပါတယ်။ အသီးအနှံ့စားတာများရင် တော့ pH မြင့်စေတာမို့အက်စစ် မဖြစ်ပါဘူး။ အစားအသောက်အပြင်ဆေးများ၊ရောဂါများကြောင့်လည်း ကျင်ငယ်ရေရဲ့  pH ပြောင်းလဲနိုင်ပါတယ်။

ဒယ်အိုးဆရာတော်က ဓါတ်လုံးဆောင်ရင်လေး၊ ပွတ်ရင်ပြောင်၊ ရေစိမ်သောက်ရင်သေးပေါက်လို့အမှန်တရားတွေကို ပွင့်ပွင့်လင်းလင်းဟောတော်မူပါတယ်။

အလိမ်အညာခံရခြင်းမှကင်းကြပါစေ။


No comments:

Post a Comment