:include data='blog' name='google-analytics'/>

Sunday, April 27, 2014

ယောက်ျား မီးရပ် ဘယ်တော့ဆုံးသလဲ ?




ဒီခေါင်းစဉ်ကိုဖတ်မိတဲ့သူတွေကတော့ ဒီစာရေးသူတော်တော် နမော်နမဲ့ နိုင်တာဘဲ။ ယောကျာ်းနဲ့မိန်းမ
တောင် မှားရေးတယ်လို့ထင်မိပါလိမ့်မယ်။ မှားရေးတာ မဟုတ်ပါဘူး။ အမှန် ရေးတာပါ။ အမျိုးသမီးတွေ မီးရပ် ဆုံးသလို  ယောကျာ်းတွေမှာလည်း အမျိုးသမီးတွေ မီးရပ် ဆုံးသလို တူညီတဲ့ ခံစားမှုများ ခံစား ရပါတယ်။ ဆေးပညာအရ Andropause လို့ခေါ်ပါတယ်။ အမျိုးသမီးတွေ မီးရပ် ဆုံးတာကို Menopause
လို့ခေါ်ပါတယ်။ Menopause ဖြစ်ရတာက လူလတ်ပိုင်း (middle age) လောက်မှာ အမျိုးသမီး တစ်ယောက်ရဲ့ လက္ခဏာတွေကိုဖြစ်စေတဲ့ အမျိုးသမီးဟော်မုန်း oestrogen  တွေနည်းလာတဲ့ အတွက် ကြောင့်ပါ။ ထို့အတူအမျိုးသားတွေလည်း လူလတ်ပိုင်း (middle age) လောက်မှာ  အမျိုးသား ဟော်မုန်းဖြစ်တဲ့ testosterone တွေ နည်းလာပါတယ်။ ဒါကြောင့် အမျိုးသမီးတွေခံစားရတဲ့ Menopause လက္ခဏာတွေဖြစ်တဲ့
၁။ ကိုယ်ခန္ဓာ ပူခြင်း။ (Hot flashes)
၂။ စိတ်တိုခြင်း။ (Irritability)
၃။ ရာဂစိတ်များလျော့နည်းခြင်း။ (lack of libido)
၎။ အိပ်မပျော်ခြင်း။(Insomia)
၅။ စိတ်ဓါတ်ကျခြင်း။ (depression)
၆။ စိတ်ပူပန်ခြင်း။ (Anxiety)
၇။ ကြောနာ၊ခေါင်းနာခြင်း။ (Back and Headache)
၈။ စိတ်သဘောထားပြောင်းလဲခြင်း။ (Mood swing)
စတာတွေကိုခံစားရပါတယ်။ ဒါပေမဲ့ အမျိုးသားတွေမှာ အမျိုးသမီးတွေလို လစဉ် ဓမ္မတာပေါ်ခြင်းမျိုး မရှိတဲ့အတွက် အမျိုးသမီးတွေလို ဓမ္မတာဆုံးသွားခြင်း (မီးရပ်ဆုံးခြင်း) လိုထင်ရှားတဲ့ ပြောင်းလဲမှုကို
မတွေ့ရပါဘူး။ နောက်တစ်ချက်က အမျိုးသမီးတွေမှာ (menopause) မီးရပ်ဆုံးတာနဲ့ရှားပါးသော ချွင်းချက်များမှလွဲရင် ခလေး မရနိုင်တော့ပါဘူး။ အမျိုးသားတွေမှာတော့ (Andropause) ဖြစ်ပေမဲ့ သားသမီးရနိုင်ပါသေးတယ်။

ရောဂါကုသတဲ့နေရာမှာလည်း (Replacement therapy) ခေါ်တဲ့လိုနေတဲ့ ဟော်မုန်းကို အစားထိုး ပေးရပါတယ်။ ဒါကြောင့် အမျိုးသမီးတွေရဲ menopause လက္ခဏာတွေသက်သာအောင် အမျိုးသမီး
ဟော်မုန်းဖြစ်တဲ့ (oestrogen ) ပေးရပြီး၊ အမျိုးသားတွေရဲ Andropause လက္ခဏာတွေသက်သာအောင် အမျိုးသားဟော်မုန်းဖြစ်တဲ့ (testosterone ) တွေပေးရပါတယ်။

ဒီရောဂါကို ၁၉၄၄ ခုမှ Heller and Myers တို့ကစတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ WHO က အသိအမှတ် မပြုသေးပါဘူး။ ဒီရောဂါ အကြောင်းဖတ်ရတော့ သဘာဝတရားရဲ့ ယောကျာ်း၊မိန်းမ မခွဲခြားတဲ့ တရားမျှတ တဲ့သဘောကို သိရပါတယ်။ ဒါကြောင့်သဘာဝတရားတွေကို အမှန်အတိုင်းသိ မြင်တော်မူတဲ့မြတ်ဗုဒ္ဓ ရဲ့ တရားတော်တွေဟာလည်း ကျား၊မ ခွဲခြားမှုမရှိဘဲ တရားမျှတ တာပါလားလို့သဘောကျမိပါတယ်။

(ပြင်သစ်နိုင်ငံမှာ အမျိုးသား၊အမျိုးသမီးတွေ အသက် ၄၀ လောက်မှာ စိတ်နေစိတ်ထားတွေပြောင်းပြီး ငယ်စဉ်ကပေါင်းသင်းလာတဲ့ မိမိရဲ့ကြင်ဖေါ်ကြင်ဘက်တွေ အပေါ်မှာစိတ်မ၀င်စားတော့ဘဲ အခြားသော
အမျိုးသား၊အမျိုးသမီးတွေ ကိုစိတ်ဝင်စားပြီး၊ကြင်ဖေါ် ကြင်ဘက်တွေ ပြောင်းလဲဖို့ပြုလုပ်ကြတာကို အသက် ၄၀ ရောက်ရောဂါလို့ခေါ်ပါတယ်။)

ကျန်းမာရေးဗဟုသုတပြည့်ဝပြီးကျန်းမာကြပါစေ။


ကျမ်းကိုး။
Wikipedia

No comments:

Post a Comment