:include data='blog' name='google-analytics'/>

Sunday, April 13, 2014

ဒုလ္လဘဦးပဉ္ဇင်း (၃) ပါး။





ဒုလ္လဘဦးပဉ္ဇင်း (၃) ပါး။

၁။ ဦးပြင်ဆင်။
သိမ်ဆင်းပြီးနေ၊့မပျော်မွေ့၍၊
ရက်မစေ့ခင်၊လူထွက်ချင်ကာ၊
ကြင်ယာဇနီး၊ခေါ်တွေ့ပြီးလျှင်၊
ဇွတ်ကြီးပြင်ဆင်ခိုင်းတော့သည်၊
ဦးပြင်ဆင်ပါဘုရား။

၂။ဦးပျင်းဆင်း။
သိမ်ဆင်းပြီးနေ၊့စိတ်ငြီးငွေ့ဟု၊
ပုတီးမကိုင်၊မထိုင်တရား၊
တ၀ါးဝါးသန်း၊ကြမ်းနှင့်ကျောခင်း၊
ပျင်းဆင်းဓုတင်ကျင့်တော့သည်၊
ဦးပျင်းဆင်းပါဘုရား။

၃။ ဦးပင်စင်။
သိမ်ဆင်းပြီးနေ၊့စိတ်ငြီးငွေ့ဟု၊
လူ့ဘ၀တွင်အမျှင်မပြတ်၊တရစပ်ရှုပ်၊
သူ့အလုပ်များ၊ခုမှနားဟု၊
အိပ်စားနှစ်လီကျင့်တော့သည်၊
ဦးပင်စင်ပါဘုရား။

ရခဲပေစွ၊ဒုလ္လဘဟု၊
ဗုဒ္ဓအမွေ၊ခံယူပေလည်း၊
ဓမ္မနည်းယူ၊ကျင့်မှုမရှိ၊
အသိမလိုက်၊စရိုက်မပြင်၊
အရှင်သုံးပါး၊ပဉ္ဇင်းများတို့၊
ဘုရားအမွေ၊မရစေကောင်း၊
ပါရမီဟောင်းလောင်းဖြစ်တော့သည်၊
ဦးတင်ပါသည်ဘုရား။
(ဘိုးရာဇူ)

ကျမ်းကိုး
မေတ္တာရှင်(ရွှေပြည်သာ)၏မဂ်တားဖိုလ်တားအန္တရာယ်များ။နှာ၂၇၀။

No comments:

Post a Comment