:include data='blog' name='google-analytics'/>

Friday, February 1, 2013

တတိယအဆင့် ပဋိသန္ဓေကာကွယ်ဆေးရဲ့ အန္တရာယ်။ (Danger of third generation oral contraceptives)


 

ပထမဦးဆုံးပဋိသန္ဓေကာကွယ်ဆေးကို ၁၉၆၀ မှာစတင်တီထွင်ခဲ့ပြီး အမျိုးသမီးဟော်မုံး (estrogen-like) များစွာပါဝင်ခဲ့ပါတယ်။ အဲ့ဒီအချိန်က ခြေထောက်များတွင်ဖြစ်သောသွေးခဲခြင်း (“deep venous thrombosis” or DVT) ကိုဖြစ်စေသည်ဟု ယူဆကြသဖြင့် ဒုတိယအဆင့် ပဋိသန္ဓေကာကွယ် ဆေးများကို အခြားအမျိုးသမီးဟော်မုံးတစ်ခုဖြစ်သည့် (progestins) များထဲ့ကြပါတယ်။ ၁၉၉၀ တွင် ပိုမိုကောင်းမွန် မည်ဟုယူဆသော တတိယအဆင့် ပဋိသန္ဓေ ကာကွယ်ဆေးများတည်ထွင်ကြပါတယ်။ ၎င်း တတိယ အဆင့် ဆေးများတွင် (progestins) ဟောမုန်းများ လျော့ချခြင်းဖြင့် ပဋိသန္ဓေ ကာကွယ်ဆေးများရဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ ကိုယ်အလေးချိန်တိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ အမွေးအမျှင်များ ထွက်ခြင်း စသည်များကိုနည်းစေပါတယ်။

၁၉၉၅ တွင် တတိယအဆင့် ပဋိသန္ဓေ ကာကွယ်ဆေးများဟာ (“deep venous thrombosis” or DVT) လူ 10,000 တွင် ၄ ယောက်ဖြစ်ပြီး၊ ဒုတိယအဆင့် ပဋိသန္ဓေ ကာကွယ်ဆေးကတော့ ၂ ယောက် သာဖြစ်တာတွေ့ကြပါတယ်။ သွေးခဲခြင်းဟာ ယခင်က  သွေးခဲဖူးခြင်း၊ မိသားစုထဲတွင် သွေးခဲသော သူများ ရှိခြင်း၊ ကိုယ်အလေးချိန်များသောအမျိုးသမီးများမှာပိုဖြစ်တာတွေ့ရပါတယ်။  (“deep venous thrombosis” or DVT) ကို တတိယအဆင့် ပဋိသန္ဓေ ကာကွယ်ဆေးများဖြစ်သော Desogestrel™ and Gestodene™ တွင်တွေ့ရှိရပြီး၊ Norgestimate™ မျိုးတွင်မတွေ့ရပေ။

တတိယအဆင့် ပဋိသန္ဓေ ကာကွယ်ဆေးများဟာ နှလုံးရောဂါဖြစ်ပွါးမှုနဲ့သွေးတွင်း သကြားဓါတ် တိုးမှုကိုတော့ ဒုတိယအဆင့် ပဋိသန္ဓေ ကာကွယ်ဆေးများထက်နည်းပါးစေပါတယ်။

 
“deep venous thrombosis” or DVT ကာကွယ်ရန်အတွက် အောက်ပါအချက်များကို လိုက်နာ သင့်ပါတယ်။

၁။ ပထမဦးဆုံးပဋိသန္ဓေ ကာကွယ်ဆေးအသုံးပြုသူများကို တတိယအဆင့်ပဋိသန္ဓေကာကွယ်ဆေးအစား ဒုတိယအဆင့်ပဋိသန္ဓေ ကာကွယ်ဆေးများစတင်အသုံးပြုရန်။

၂။ များသောအားဖြင့်သွေးခဲမှုများ ဆေးစားပြီး ပထမ ၆ လတွင်ဖြစ်တတ်သောကြောင့် ပထမ ၁နှစ်တွင် သွေးခဲမှုကိုစောင်ကြည့်ရန်။

၃။ သွေးခဲဖူးသော အမျိုးသမီးများတွင်အသုံးမပြုရန်။

၎။ သွေးခဲတတ်သောမိသားစုများတွင်အသုံးမပြုရန်။

၅။ သွေးခဲခြင်းရဲ့ပထမဦးဆုံးလက္ခဏာမှာ သွေးတိုးခြင်းဖြစ်တဲ့အတွက် သွေးမှန်မှန်ချိန်ရန်။

၆။ ကိုယ်အလေးချိန်များသောအမျိုးသမီးများအသုံးမပြုရန်။

၇။ ဆေးလိပ်မသောက်ရန်။

http://www.familyhealthonline.ca/fho/womenshealth/WH_thenewpill_FHb97.asp


 

 
 

 

 

No comments:

Post a Comment