:include data='blog' name='google-analytics'/>

Wednesday, February 6, 2013

နောက်ဆုံးပေါ်မျက်မှန်များ

 
 
 



 
 

Progressive lens ( Multifocal) များနဲအစဉ်မပြေသူများအတွက် Degressive lens ခေါ်တဲ့ အကွာအဝေး
၃ မျိုးအတွက် မျက်မှန်ကို ပြင်သစ်မှတည်ထွင်လိုက်ပါတယ်။ မျက်မှန်ရဲ့ အောက်ဆုံးက computer  key board ကြည့်ရန်အတွက်၊ အလယ်နေရာက computer screen  ကိုကြည့်ရန်၊အပေါ်ဆုံးက ကိုယ့်ပတ်     ၀န်ကျင် အကွာအဝေး ၂ မီတာအထိကြည့်ရန်စီစဉ်ထားပါတယ်။ တစ်နည်းအားဖြင့် tri-focal လို့ခေါ်ရမယ်ထင်ပါတယ်။ ဒီမျက်မှန်များဟာ အနီးအလုပ်လုပ်ရန် ဥပမာ piano တည်းသူများ၊ ထမင်းဟင်း ချက်တဲ့နေရာ စသည့်နေရာတိုင်းမှာ အသုံးပြုနိုင်ပါတယ်။

အပေါ်ဆုံးက မျက်မှန်ကိုင်းက အရှေ့မှာဖွင့်ထားပြီး လည်ပင်မှာ ချိတ်လို့ရပါတယ်။

ဒုတိယတစ်မျိုးက အနီမှုန်သော ဒေါ်ဒေါ်တို့ မျက်လုံးအလှချယ်ဖို့အတွက် အနီးကြည့်မျက်မှန်မှာ မှန်တစ်ခုပဲ
ပါပြီး၊ ဘယ်၊ညာ ပြောင်းခြင်းအားဖြင့် မျက်လုံး တစ်လုံးပြီးတစ်လုံး ပြင်ဆင်နိင်ပါတယ်။

တတိယ မျက်မှန်ကတော့ စက္ကူနီးပါး ပါးလွှာသော အနီးကြည့်မှန်ပြားလေးဖြစ်ပါတယ်။ ပိုက်ဆံအိပ်၊ အင်္ကျီ
အိပ်တွင်ထဲ့သယ်သွားနိုင်ပါတယ်။ အသေးစိတ်ကို အောက်ပါဆိုဒ်တွင်ကြည့်နိုင်ပါတယ်။

 
http://www.lunettes-presbyte.fr/lunettes-de-maquillage,fr,2,21.cfm

 
 
 

No comments:

Post a Comment