:include data='blog' name='google-analytics'/>

Wednesday, February 6, 2013

ရေပေါ ပေါ်သောရွှေ။







ကန်ဝီလီယံ (Ken Wilman) နဲ့သူ့ခွေးတို့ အင်္ဂလန်ကန်ခြေမှာလမ်းလျှောက်ထွက်ပြီးအပြန်မှာ ခွေးအန်ချတာကြောင့် အန်ဖတ်တွေသိမ်းစဉ်မှာ အန်ဖတ်ထဲက ဘောလုံးအရွယ် ၀ါတာတာ ရာဘာလို အလုံးတစ်ခုတွေ့ပါတယ်။ အံဖတ်တွေကိုကြုံးပစ်မယ် လုပ်ပြီးမှ။ ဘာများလဲလို့ internet မှာရှာကြည့်လိုက်တော့ ဦးခေါင်းမှ ဖယောင်းပါသော ဆီတစ်မျိုးထုတ်ယူရသောဝေလငါးမျိုး (SPERM WHALE ) ၏ အံဖတ် နှင့်တူနေပါတယ်။ သေချာအောင်လို့ စစ်ဆေး ဖို့ပို့လိုက်ပါတယ်။ စစ်ဆေးတွေ့ရှိချက်ကတော့ အလွန်ရှားပါးသော (SPERM WHALE ) ၏ အံဖတ် ဟုတ်နေပါတယ်။


ဒီဝေလမျိုးဟာရှားပါးသောငါးမျိုးဖြစ်နေပြီး၊ ၎င်းတို့စားလိုက်သော အချွန်အဆူးစသည်တို့ကိုခြေနိုင်သော ဓါတ်တစ်မျိုးကို ထုတ်ပါတယ်။ များသောအားဖြင့် ၎င်းဓါတ်များ မစင်တွင်ပါသွားကြပါတယ်။ တစ်ခါတစ်ရံမှာတော့ အံထုတ်တက်ပါတယ်။ ထိုအံဖတ်များဟာ အံခါစတွင် မစင်နံ့ နံပါတယ်။ (ဒါကြောင့် ခွေးက စားခဲ့တယ်ထင်ပါတယ်။ စာရေးသူ)။ ဒါပေမဲ့ လေသလပ်ထားရင် အချိုနံ့မွှေးလာပါတယ်။ ရှေးအခါက မွှေးအကြိုင်များမှာအနံ့ဆွဲအောင်အသုံးပြုကြပါတယ်။ ယခုအခါ လူလုပ် ပစ္စည်း (sythetics) များနဲ့ ပြောင်းလဲအသုံးပြုကြပါတယ်။ ကန်ဝီလီယံရဲ့ SPERM WHALE အံဖတ်ကို ပြင်သစ် ရေမွှေး ထုတ်လုပ်သူက ယူရို ငါးသောင်းပေးဝယ်ဖို့စကားကမ်းလှမ်းထားပါတယ်။


BBC News

No comments:

Post a Comment