:include data='blog' name='google-analytics'/>

Thursday, December 13, 2012

အကိုက်အခဲပျောက်ဆေးသောက်မယ်ဆိုရင် ။


 
 
 
 
 
 

                                                 ရေမှာပျော်လွယ်သော Asprin
 
အကိုက်အခဲပျောက်ဆေးသောက်မယ်ဆိုရင် ဘယ်ဆေးသောက်သင့်သလဲ ။ အက်စပရင် (asprin) လား ပါရာစက်တမော (paracetamol) လား။

Paracetamol ကအဖျားကျစေနိုင်ပြီး အနာသက်သာစေပါတယ်။ ဒါကြောင့် ခေါင်းကိုက် ပျောက်ဆေး၊ အအေးမိနှာစီး ပျောက်ဆေးနဲ့ တုတ်ကွေးပျောက်ဆေးတွေမှာ ထဲ့သွင်းကြပါတယ်။ များသောအားဖြင့် ဆေးသောက်ပြီး ၁၁ မိနစ်ခန့်မှာ အနာ သက်သာ စေပြီး ဆေးအရှိန် ၁-၄ နာရီ ခန့်တာရှည်ပါတယ်။ လူကြီးတစ်ယောက်အနေနဲ့ ၎င်းကို တစ်ခါသောက် 1,000 mg  တစ်နေ့ 4,000 mg အထိသောက်ပါက အန္တရာယ်မရှိပါဘူး။ ဒါပေမဲ့ သောက်တာများရင် အသဲ ချက်ချင်း ထိခိုက်ပြီး (acute liver failure) သေဆုံးတဲ့ အထိဖြစ်နိုင်ပါတယ်။ အချို့သူများမှာ အထူးသဖြင့် အရက်ဆွဲနေသူများမှာ အထက်ပါ ပမာဏဖြင့်ပင် သေဆုံးနိုင်ပါတယ်။ အမေရိကန်နိုင်ငံ၊ အင်္ဂလန်နိုင်ငံ၊ သြစတေးလီးယား၊ နယူးဇီးလန်စတဲ့ အနောက်နိုင်ငံတွေမှာ Paracetamol ကြောင့် ချက်ချင်းအသဲပျက်စီးခြင်း ရောဂါနဲ့ သေဆုံးသူဦးရေးအများဆုံးဖြစ်ပါတယ်။ ၂၀၁၁ မှာ U.S. Food and Drug Administration (FDA)  ကဆေးလုံးတစ်လုံးမှာ 1,000 mg   အစား 325 mg  သာ ထဲ့ရန်။ Paracetamol နဲ့ ဘိန်းဆေး (narcotic analgesics) များရောသောဆေးများမပြုလုပ်ရန်နဲ့ အသဲ အန္တရာယ်ရှိကြောင်း မှတ်ချက်ရေးသားရန်ထုတ်ပြန်ခဲ့ပါတယ်။

        အင်္ဂလန်နိုင်ငံက Paracetamol ဆေးလွန်တဲ့အန္တရာယ် (Paracetamol overdose) ကို ကာကွယ်တဲ့အနေနဲ့ Paracetamol ဆေးကိုပယ်ဖျက်သည့် ဆေး (antidote) ဖြစ်တဲ့ (methionine) ဆေးနဲ့ Paracetamol ပေါင်းထားတဲ့ UK Paradote ဆိုပြီးထုတ်လုပ် ပါတယ်။

Paracetamol အနေနဲ့ အသဲ အပြင် ကျောက်ကပ်ပျက်ဆီးခြင်း (Renal failure) အန္တရာယ် လည်းဖြစ်စေနိုင်ပါတယ်။

Paracetamol အနေနဲ့ ရောင်ရမ်းခြင်း (inflammation) ကိုမသက်သာစေနိုင်ပါဘူး။ aspirin က ရောင်ရမ်းခြင်း (inflammation) ကိုသက်သာစေပါတယ်။ ဒါကြောင့် inflammation ကြောင့်ဖြစ်တဲ့ ရောဂါများ ဖြစ်တဲ့ အရိုးရောင်ရောဂါ (arthritis), အရိုးပါးပြီး အရိုးရောင်သောရောဂါ (osteoarthritis), ဂေါက် (gout) ရောဂါများတွင် အရိုးရောင်ခြင်း၊ နီခြင်း စသည်များကို Paracetamol က မသက်သာစေပါဘူး။

Paracetamol ဟာ သာမန်သောက်သော ပမာဏတွင် ကင်ဆာရောဂါမဖြစ် စေ နိုင်ပါဘူး။ ဒါပေမဲ့ အမြဲဆွဲသောက်သူများမှာ သွေးကင်ဆာဖြစ်နိုင်ပါတယ်။

သတ်မှတ်ထားသော ပမာဏတွင် (recommended doses), Paracetamol မှာ ဘေးထွက်ဆိုးကျိုး (side effects) မရှိသလောက်နည်းပါးပါတယ်။ aspirin ကဲ့သို့ သွေးကြဲခြင်း မဖြစ်စေတဲ့အတွက် အဲ့ဒီဒါဏ်တွေမခံနိုင်တဲ့လူနာတွေသောက်သုံးနိုင်ပါတယ်။ aspirin လို အစာအိမ်ကို မထိခိုက်နိုင်တဲ့အတွက် အစာအိမ်ရောဂါရှင်များလည်း သောက်သုံးနိုင်ပါတယ်။ ဒါပေမဲ့အမြဲဆွဲသောက်သူများမှာတော့ အစာအိမ်သွေးထွက်ခြင်း အပြင် အသဲနဲ့ ကျောက်ကပ် ရောဂါများဖြစ်နိုင်ပါတယ်။ Paracetamol ကို အသဲမှာ ခြေဖျက်ပြီး ၎င်းကိုယ်တိုင်က အသဲကို အဆိပ်ဖြစ်စေတာကြောင့် အရက်ဆွဲသူများနဲ့ အသဲအားနည်းသူများမှာ အသဲနဲ့ ကျောက်ကပ် ရောဂါများ အဖြစ်များစေပါတယ်။

ခလေးငယ်များ ဗိုင်ရပ်ပိုးဝင်ရောဂါများဖြစ်တဲ့အခါ ဥပမာ သွေးလွန်တုတ်ကွေး ရောဂါများမှာ aspirin လို (Reye's syndrome)  ခေါ်အသဲနဲ့ ဥဏှောက်ထိခိုက် သေဆုံး ခြင်း မဖြစ်စေနိုင်ပါဘူး။ ဒီအချက်ကြောင့် သွေးလွန်တုတ်ကွေးအဖြစ်များတဲ့  မြန်မာပြည်မှာ ခလေးလူနာများကို ဖျားနာတဲ့ အခါ Paracetamol သာ ပေးလေ့ရှိပါတယ်။ ဒီအချက်ကြောင့် aspirin ထက် Paracetamol ကို ခလေးများသာမက လူကြီးများပါ အသောက်များလာတယ်ထင်ပါတယ်။

၂၀၁၁ အထိ Paracetamol ကိုကိုယ်ဝန်ဆောင်မိခင်များ   စားသုံးနိုင်တယ်လို့ ယူဆ ပါတယ်။ ဒါပေမဲ့ ၂၀၁၁ မှာ လေ့လာချက်တစ်ခုက မွေးလာတဲ့ခလေးဟာ နောက်ပိုင်းမှာ မြုံနိုင်တယ် လို့ ဆိုပါတယ်။ Paracetamol ကို တစ်နှစ်အရွယ်ခလေးများ သောက် သုံးခဲ့ရင် အသက် ၆-၇ နှစ်မှာ ရင်ကျပ်နာရောဂါနဲ့ နှင်းခူရောဂါအဖြစ်များတတ်တယ်လို့ လည်း ဆိုပါ တယ်။ တစ်ခုတည်းသော စမ်းသပ်မှုဖြစ်လို့ ထပ်မံစမ်းသပ်ဖို့လိုအပ်မယ်လို့ယူဆကြပါတယ်။

Aspirin ဟာ သွေးဥမွှားတွေသွေးကြောတွေမှာကပ်ခြင်းကို ဆန့်ကျင်တာကြောင့် သွေးဥမွှားတွေ သွေးကြောတွေမှာကပ်ရာကဖြစ်လာတဲ့ နှလုံးရောဂါ၊ လေဖြတ် ရောဂါ များကို ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် အဲ့ဒီရောဂါဖြစ်ခဲ့တဲ့လူနာတွေနဲ့ ဖြစ်နိုင်ခြေရှိတဲ့ သူများကို ရောဂါ ကာကွယ်သည့်အနေဖြင့် Aspirin ကိုနေ့စဉ် အနည်းငယ် ကြာရှည် သောက်သုံးဖို့ ပေးလေ့ ရှိပါ တယ်။

Aspirin ဟာအချို့ ကင်ဆာရောဂါ အထူးသဖြင့် အူမကြီးကင်ဆာကို ကာကွယ် နိုင်ပါတယ်။

Aspirin ရဲ့ အရေးအကြီးဆုံး ဘေးထွက်ဆိုးကျိုးတွေက အစာအိမ်နဲ့ အူလမ်းကြောင်း အနာ ဖြစ်ခြင်းနဲ့ နားထဲတွင်အသံမြည်ခြင်း (tinnitus) တို့ဖြစ်ပါတယ်။ ဒီဆိုးကျိုးတွေက စားသုံးမှုများတဲ့ သူတွေမှာ အဖြစ်ပိုများပါတယ်။ Aspirin အမှုန့်များ၊ရေတွင်ပျော်လွယ်သော
Aspirin များကအစာအိမ်နဲ့ အူလမ်းကြောင်း အနာ ဖြစ်ခြင်းကို လျော့နည်းစေပါတယ်။

        Aspirin ဟာအနာ သက်သာစေ၊အကိုက်အခဲပျောက်စေတဲ့ဆေး ကောင်းတစ်လက် ဖြစ်ပေမဲ့ ကြွက်သားတက်လို့နာတာမျိုး၊ အရေပြားယားနာများကိုမသက်သာစေနိုင်ပါဘူး။ တစ်ချို့လူတွေမှာ Aspirin အသောက်များတဲ့အခါ ဆေးမတိုးခြင်း (aspirin resistance or insensitivity) ဖြစ်တတ် ပါတယ်။ အထူးသဖြင့် အမျိုးသမီးများမှာပိုဖြစ်တတ်ပါတယ်။
 
အားလုံးခြုံကြည့်မယ်ဆိုရင် ခလေးငယ်များနဲ့ မီးကောင်ပေါက်အရွယ်များအတွက် အထူး သဖြင့် ဖျားနာတဲ့အခါ Paracetamol သောက်သင့်ပြီး၊ လူကြီးများအတွက် Aspirin နှင့်မတဲ့ခြင်း (allergy to asprin)၊ Aspirin မတိုးတော့ခြင်း(aspirin resistance or insensitivity)နဲ့ အစာအိမ်ရောဂါ များ (gastritis, gastric ulcer) မရှိရင်တော့ Aspirin ကို အစာတစ်ခုခု (၀ါ) နို့ဖြင့်ရောသောက် ခြင်းနှင့် Aspergic ကဲ့သို့ ရေတွင်ပျော်ဝင်လွယ် သော Asprin မျိုးကို သောက် ခြင်းတို့က ပိုပြီး အန္တရာယ်ကင်းပါလိမ့်မယ်။

 ကျမ်းကိုး။
Wikipedia

 စာဖတ်ပရိတ်သတ်များ ဆေးပညာဗဟုသုတတိုးပွါးကြပါစေ။


No comments:

Post a Comment