:include data='blog' name='google-analytics'/>

Tuesday, February 10, 2015

ဗမာ ဆရာဝန် with Bamar Sayawon

ဗမာ ဆရာဝန် with Bamar Sayawon
သူ. အမြင်
...
အထင်ရှားဆုံးအမှတ်စက်
"ဆရာဝန်တွေလည်း ဆရာဝန်အလုပ်ကို မလုပ်ကြတော့ဘူး”
ဆိုင်တစ်ဆိုင်မှာ ထိုင်နေရင်း ရုပ်သံမှာလွှင့်နေတဲ့ ဆရာဝန်ဘွဲ့ရ အဆိုတော်မလေးတစ်ယောက်ရဲ့ ဖျော်ဖြေမှုကို ကြည့်နေတုန်း ကျွန်တော်ကြားလိုက်ရတဲ့အသံ ဖြစ်ပါတယ်။ ဒီစကား၊ ဒီအမြင်တွေက ခုမှကြားရတာတော့ မဟုတ်ပါဘူး၊ ဆရာဝန်တွေကို ဝေဖန်ချင်လို့ဖြစ်စေ၊ ဆိုနေတဲ့အဆိုတော်ကို မကြိုက်လိုဲ့ဖစ်စေ၊ အစိုးရနဲ့ပညာရေးစနစ်ကို အပြစ်ပြောချင်လို့ဖြစ်စေ၊ အကြောင်းတခုခုကြောင့် လူတွေ မကြာခဏပြောလေ့ရှိကြတဲ့ ကိစ္စတစ်ခုလည်း ဖြစ်ပါတယ်။ ဆရာဝန်ဘွဲ့ရပြီး ဒါရိုက်တာ၊ အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင်၊ စီးပွါးရေးသမား၊ နိုင်ငံရေးသမားစသဖြင့် ဘ၀ရပ်တည်နေကြတဲ့သူတွေ ရှိပါတယ်။ သူတို့သာ ကိုယ်ဝါသနာမပါဘဲနဲ့ ဘွဲ့ရရုံသက်သက် ဆေးကျောင်းမတက်ခဲ့ဘူးဆိုရင်၊ သူတို့နေရာမှာ တကယ်ဝါသနာပါတဲ့သူတွေသာ တက်ခွင့်ရခဲ့ရင် တိုင်းပြည်အတွက် ဘယ်လောက်အကျိုးရှိမလဲ တဲ့၊ သူတို့ပြောလေ့ရှိကြတယ်။ ခုတော့ တကယ်ဆရာဝန်ဖြစ်ချင်သူတွေ နစ်နာ၊ ဆရာဝန်လိုအပ်နေသူတွေလည်း နစ်နာ၊ ဆရာဝန်ပညာတွေလည်း ဆုံးရှုံးရတော့တာပေါ့ တဲ့။


ဒီအကြောင်းကို တွေးနေရင်းနဲ့ ကျွန်တော့်အပေါ် အလွှမ်းမိုးဆုံးစာအုပ်တွေထဲက တစ်အုပ်ဖြစ်တဲ့ “ကြိုးကြာတောင်ပံခတ်သံ” စကားလုံးလေးက ပါးစပ်ဖျား ရောက်လာတယ်၊ ဆရာပုံဖော်ထားသလို ပညာစုံလို့ ဆရာဝန်ဘွဲ့ ရပြီး ပရော်ဖက်ရှင်နယ်အဖြစ် လုပ်ငန်းနယ်ပယ်အသီးသီးကို ရောက်ရှိကုန်ကြတဲ့ ဆရာဝန်တွေကိုလည်း အတောင်စုံလို့ အမိဆေးတက္ကသိုလ်ကနေ နေရာအနှံ့အပြားကို ပျံဝဲထွက်ခွါ သွားကြတဲ့ ကြိုးကြာလေးတွေအဖြစ် မျက်စိထဲမြင်လာတယ်။ တခုပိုထူးခြားလာတာက ကျွန်တော်တို့ခေတ်ရဲ့ ကြိုးကြာလေးတွေက ပြန့်ကျဲမှု ပိုများလာတာပါပဲ၊ တချို့ကတော့ အစိုးရ၀န်ထမ်းအဖြစ် မြန်မာနိုင်ငံအနှံ့အပြားက ဒေသတွေဆီ ရောက်ကုန်တယ်၊ တချို့က တိုးတက်ပါပေ့ ဆိုတဲ့ နိုင်ငံရပ်ခြားမှာ၊ တချို့က ပြည်သူ့ကျန်းမာရေးအတွက် လုပ်ငန်းတွေဆောင်ရွက်နေကြတယ်၊ တချို့က NGO လောကထဲ၊ တချို့က ဆေးကုမ္ပဏီတွေမှာ၊ တချို့က စီးပွါးရေးလုပ်ငန်းအသီးသီးမှာ၊ တချို့ကျတော့လည်း အနုပညာအလုပ်တွေ လုပ်ရင်း ပရိသတ်တွေနဲ့ ပျော်မွေ့လို့ပေါ့။ တချို့လည်း ဆရာဝန်ပညာကို တိုက်ရိုက်အသုံးချပြီး ဆရာဝန်စစ်စစ်အဖြစ် ရပ်တည်နေကြတယ်။ တချို့လည်း ရောဂါကုသတဲ့
ဆရာဝန်စစ်စစ်တော့ ဟုတ်မနေပေမဲ့ ရောဂါကာကွယ်ပေးတဲ့ ကျန်းမာရေးစောင့်ရှောက်သူများအဖြစ် ရပ်တည်နေကြတယ်။ တချို့ကျပြန်တော့ ကျန်းမာရေးကဏ္ဍကို စီးပွါးရေးနဲ့ တွဲဖက်ပြီး အထောက်အကူပြုလို့၊ အနုပညာရှင်များကျပြန်တော့လည်း ဆရာဝန်ပညာနဲ့ ဘာမှကိုမဆိုင်တော့သယောင်။ အဓိကအပြောခံရဆုံးကတော့ အဲဒီလိုဆရာဝန်ပညာကို တိုက်ရိုက်အသုံးမချတော့တဲ့ ဆရာဝန်ဘွဲ့ရ များပါပဲ။ အများပြောကြသလို သူတို့တွေဟာ အလဟဿ အချိန်ဖြုန်းခဲ့ကြတာလား၊ အဆိုတော်လုပ်မှဖြင့် ဘာလို့ ဆေးကျောင်းမှာ နှစ်တွေအများကြီး အချိန်ကုန်ခံနေမလဲ၊ စောစောစီးစီးကတည်းက အဆိုသင်တန်းတွေတက်၊ ပြိုင်ပွဲတွေဝင်ပြိုင်၊ အခွေတွေထုတ်၊ ရှိုးတွေဆိုနေရင် ခုလောက်ဆို နာမည်တောင် ကြီးနေလောက်ပြီ မဟုတ်ဘူးလား။ ဒီကျောင်းကရလိုက်တဲ့ ဒီပညာ ဒီအသိတွေဟာ သူတို့အတွက်၊ နောက်ပြီး လူ့အဖွဲ့အစည်းအတွက် ဘယ်နေရာမှာမှ သုံးမရတော့ဘူးလား၊ စဉ်းစားစရာတော့ ကောင်းပါတယ်။
ဆရာဝန်တစ်ယောက်အတွက် အရေးအကြီးဆုံး အရည်အချင်းဟာ ဘာလဲဆိုရင် ကြောင်းကျိုး ဆက်စပ်တွေးခေါ်ခြင်း (Reasoning)ပါပဲ။ ဆေးတက္ကသိုလ်တက်စဉ်ကာလတစ်လျှောက်လုံး ဒါကိုပဲ အထပ်ထပ်လေ့ကျင့်ခဲ့ရတယ်၊ သင်ယူခဲ့ရတယ်။ ဒီအရည်အသွေးအပေါ် အခြေခံပြီး ရောဂါတွေရှာဖွေကြရတယ်၊ ရောဂါအမည်တပ်ကြတယ်၊ နောက်ပြီး ကုသမှုတွေ ပေးကြတယ်။ ဒီအလေ့အကျင့်တွေ ရလာခဲ့တဲ့သူတစ်ယောက်ဟာ လက်တွေ့ဘ၀မှာ ဘာကိုမှ အလွယ်တကူ မယုံကြည်တော့ဘူး၊ ချင့်ချိန်စဉ်းစားတတ်လာတယ်၊ အထောက်အထားကိုရှာတယ်၊ အချက်အလက်ခိုင်မာအောင် အရင်လုပ်တယ်။ လက်လွတ်စပယ်လည်း ဘာကိုမှ မလုပ်တတ်၊ မပြောတတ်ဘူး။ ဆေးရုံကို လူနာတစ်ယောက် ရောက်လာတဲ့အခါ “ရောဂါဖြစ်မှာပေါ့၊ ဟိုလူက ဘယ်လို၊ ဒီလူကြောင့် ဘယ်လို”ဆိုပြီး အပြစ်ထိုင်တင်နေတာ ဆရာဝန်တစ်ယောက်ရဲ့ အလုပ်မဟုတ်ဘူး၊ ကျွန်တော်တို့ရဲ့ အလုပ်က ဘာကြောင့် ဒီရောဂါဖြစ်ရတာလဲ ဆိုတဲ့ အကြောင်းရင်းကို ရှာပြီး အဲဒါ ကိုပျောက်ကင်းအောင် ရှင်းလင်းပေးရတဲ့အလုပ်ပဲ။ လက်တွေ့ဘ၀မှာလည်း ပြဿနာတစ်ခုဖြစ်လာတိုင်း အပြစ်တင်ခြင်းထက် အဖြေရှာခြင်းယဉ်ကျေးမှုနဲ့ ပိုနီးစပ်လာတယ်။
တစ်ခါတစ်လေ စမ်းသပ်စစ်ဆေးကြည့်တဲ့အခါ အဖြေအားလုံးက ကောင်းနေတာပဲဆိုပြီး လူနာ တကယ်ခံစားနေရတာတွေကို မေးဖို့ လွတ်လွတ်သွားတတ်တယ်။ အဲဒီအခါတိုင်း လူနာကို အလေးထားကြည့်ပေးတတ်တဲ့ အလေ့အကျင့်ရလာစေဖို့ “Chart ကိုမကုနဲ့၊ Patient ကို ကု” ဆိုတဲ့ လေးစားရတဲ့ ဆရာကြီးဦးညွှန့်သိန်းရဲ့ ဆုံးမစကားကလည်း ကျွန်တော်တို့ကို အရေးကြီးတာ ဦးစားပေး တတ်အောင်၊ စာရွက်ပေါ်က အခြေအနေတွေထက် လက်တွေ့မှာ အလုပ်ဖြစ်နေဖို့ကို ပိုဦးစားပေး တတ်အောင် သင်ပြသွားခဲ့တယ်။ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေမှာ အစည်းအဝေးလုပ်တဲ့အခါ စာရွက်ပေါ်မှာ Meeting Minutes မှတ်ပြီး ပြီးရော မလုပ်ချင်တော့ဘူး၊ အဲဒီမှတ်ထား၊ ဆွေးနွေးထားကြတဲ့ ကိစ္စတွေကို တကယ်အလုပ်ဖြစ်အောင် လုပ်တတ်လာတယ်။ ပြည်သူ့ကျန်းမာရေးလုပ်ငန်းတွေ လုပ်တယ်ဆိုတာ စာရွက်ပေါ်မှာ ရေးထားတဲ့ မိခင်သေနှုန်း ၄ ကနေ ၂ ဖြစ်သွားအောင် လုပ်တာ မဟုတ်ဘူး၊ မြေကြီးပေါ်မှာ တကယ်ရှိနေတဲ့ မိခင်တွေ တကယ်ကိုအသေအပျောက်နည်းလာအောင် ဆောင်ရွက်ကြတာကို ခေါ်ပါတယ်။ လက်တွေ့အလုပ်ဖြစ်ဖို့ထက် လူကြီးလာကြည့်တဲ့အခါ အပြလှဖို့သာ ဦးစားပေးရင်း အဖြစ်လုပ်နေကြတဲ့လူတွေကို တွေ့ရတဲ့အခါတိုင်း ဆရာကြီးရဲ့ ဆုံးမစကားကို ကြားယောင်မိတယ်။
ကျွန်တော်တို့ဆရာဝန်တွေအတွက် Treatment နဲ့ Management က တော်တော်ကွာခြားတယ်၊ အဆုတ်ရောင်ပြီး ဆေးရုံရောက်လာတဲ့ ကလေးကို ပိုးသတ်ဆေးပေးတာဟာ ကုသမှုဖြစ်ပါတယ်၊
ဆရာဝန်တစ်ယောက်အနေနဲ့ ဒါတစ်ခုတည်း တတ်ရုံနဲ့မလုံလောက်ပါဘူး၊ ဆေးရုံကို စရောက်လာချိန်ကစလို့ ရောဂါသက်သာပြီး ပြန်ဆင်းသွားတဲ့အချိန်ထိ၊ နောက်ဆုံး ဒီလိုရောဂါမျိုးတွေ နောက်ထပ်မဖြစ်အောင်ပါ စဉ်းစားစီစဉ်ပေးလိုက်ဖို့ဟာ ကျွန်တော်တို့ရဲ့တာဝန်ပဲ ဖြစ်ပါတယ်။ အဲဒီလိုလေ့ကျင့်ခဲ့ရတဲ့ ဆရာဝန်တွေဟာ လက်တွေ့ဘ၀မှာလည်း ဘယ်အရာကိုမှ တခုတည်းကွက် မမြင်တော့ဘူး၊ ခြုံငုံသုံးသပ်တတ်လာတယ်။ လူတစ်ယောက်အတွက်ပဲ စဉ်းစား၊ အဖွဲ့အစည်း တစ်ရပ်အတွက်ပဲ စဉ်းစား၊ ကျန်းမာရေး၊ စီးပွါးရေးနဲ့ ပညာရေးဆိုတဲ့ ဒေါက်တိုင်(၃)ခုဟာ ဆက်စပ်နေတယ်။ တစ်တိုင်လဲရင် နောက်နှစ်တိုင်လည်း လိုက်လဲတယ်၊ ပြန်ထောင်မယ်ဆိုလည်း တစ်တိုင်တည်း ကွက်ထောင်လို့မရဘူး၊ သုံးတိုင်လုံးကို တစ်ပြိုင်တည်း ထည့်စဉ်းစားပေးတတ်ဖို့ လိုတယ်၊ ဒီအလေ့အကျင့်ကိုလည်း အမိဆေးတက္ကသိုလ်နဲ့ ဆရာဆရာမတွေရဲ့ သင်ကြားပေးမှုကတစ်ဆင့် ကျွန်တော်တို့ရခဲ့တယ်။
ဆရာဝန် ဆိုတာ လူ့အသက်နဲ့ရင်းပြီး အလုပ်လုပ်နေကြရသူတွေဖြစ်တယ်၊ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်တစ်ခုဟာ လူတစ်ယောက်၊ နောက်ပြီး ဘ၀တစ်ခု၊ မိသားစုတစ်စုနဲ့ဆိုင်တယ်၊ အဲဒီလောက်ထိ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ပေါင်းမြောက်များစွာကို အချိန်တိုင်းမှာ ပြုလုပ်နေရတယ်၊ အချိန်တိုအတွင်းမှာ ချမှတ်နေရတယ်။ ဆရာဝန်တစ်ယောက်ရဲ့ တွေဝေမှု၊ မသေချာမှုဟာ လူနာတစ်ယောက်အတွက် အဆိုးတွေဖြစ်လာဖို့ပဲ ဦးတည်နေတယ်။ အဲဒီလို Emergency အရေးပေါ်အခြေအနေတွေကြားထဲမှာ နေဖူးခဲ့ကြတဲ့ ကျွန်တော်တို့တွေဟာ ဘ၀ရဲ့အရေးကြီးဆုံးအချိန်တွေ၊ အခက်အခဲဆုံးအချိန်တွေ၊ ဘ၀တစ်ခုလုံးကို ပြောင်းသွားစေနိုင်လောက်တဲ့ ဆုံးဖြတ်ချက်မျိုးတွေ ချရတော့မဲ့အချိန်တွေမျိုးမှာလည်း တွန့်ဆုတ်မနေတော့ဘူး၊ သွေးပျက်မနေတော့ဘူး၊ တွေဝေမနေတော့ဘူး၊ တည်ငြိမ်နေတတ်တယ်၊ ခိုင်မာနေတတ်တယ်၊ အကောင်းဆုံးလို့ ကိုယ်ယုံကြည်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို အချိန်တိုအတွင်းမှာ ရွေးချယ်နေမိတတ်တယ်၊ အဲဒီဆုံးဖြတ်ချက်ရဲ့နောက်မှာ ဖြစ်လာမဲ့အရာရာတိုင်းအတွက်လည်း အသင့်ဖြစ်နေတတ်တယ်။
ခုနောက်ပိုင်း မီဒီယာတွေမှာ ဝေဖန်မှုတွေ၊ အထင်လွဲမှုတွေ၊ အပုပ်ချမှုတွေ များသထက်များလာတာတောင် ဆရာဝန် ဆိုတဲ့ဘ၀ဟာ မြန်မာအသိုင်းအ၀ိုင်းမှာတော့ လေးစားစရာကောင်းတဲ့ လူတန်းစားတစ်ရပ်အဖြစ် ရှိနေဆဲပါပဲ။ အဲဒါဟာ ကျွန်တော်တို့တတ်ထားတဲ့ ပညာထက် ကျွန်တော်တို့ရင်ထဲမှာ ရှိနေတဲ့
ဆရာဝန်နှလုံးသား ကြောင့်ပါပဲ။ ဝေဒနာခံစားနေရတဲ့သူကို သက်သာသွားစေချင်တဲ့ စိတ်၊ ကျန်းမာ ပျော်ရွှင်တဲ့ မိသားစုဘ၀တွေကို ရစေချင်တဲ့စိတ်၊ လူနာဆီက ကြားရတဲ့ ကျေးဇူးတင်စကားလေးကို လူအများမက်မောကြတဲ့ ငွေကြေး၊ ဂုဏ်ပကာသနတွေထက် ပိုမက်မောတဲ့စိတ်၊ ဆင်းရဲပြီး ကျန်းမာရေး အသိပညာ နိမ့်ပါးတဲ့ ပြည်သူတွေကို သနားညှာတာတတ်တဲ့စိတ်၊ လိုအပ်ချက်တွေရှိနေတဲ့ ကိုယ့်ဘ၀ကိုယ် ခဏမေ့၊ ထွက်နေတဲ့ ဒေါသကို အထဲပြန်သွင်း၊ ဆာနေတဲ့ ဗိုက်ကို နှစ်သိမ့်၊ ကောင်းကောင်းမအိပ်ရလို့ ရဲနေတဲ့ မျက်လုံးတွေကို အတင်းပွတ်ရင်း လူနာတွေရဲ့ အသက်ကို ကယ်နေကြတဲ့ ပရော်ဖက်ရှင် နယ်ပီသတဲ့စိတ်တွေဟာ ဆရာဝန်ပီသတဲ့ ဆရာဝန်တိုင်းရဲ့နှလုံးသားထဲမှာ ရှိနေတတ်ပါတယ်။ အဲဒီစိတ်တွေဟာ ဆရာဝန်အလုပ် ဆက်မလုပ်တော့ဘဲ တခြားဘာပဲလုပ်နေပါစေ၊ သူ့နှလုံးသားထဲမှာ စွဲပါနေတော့မှာ ဖြစ်ပါတယ်။
တကယ်တော့ ကျွန်တော်တို့ဆရာဝန်တွေဟာလည်း စနစ်ရဲ့သားကောင်တွေပဲ ဖြစ်ပါတယ်။ နေရာတကာ အပိတ်ခံထားခဲ့ရတဲ့ အခြေအနေတစ်ရပ်မှာ ကျွန်တော်တို့လည်း ကိုယ့်ကိုကိုယ်ရှာမတွေ့ ဖြစ်ခဲ့ကြရတယ်၊ ကိုယ် ဘာဝါသနာပါမှန်း မသိ ဖြစ်ခဲ့ကြတယ်၊ အိပ်မက်ကြီးကြီး မမက်ရဲဘူး၊ လမ်းသစ်မဖောက်ရဲဘူး၊ အများနည်းတူ ဆယ်တန်းအောင်ပြီးရင် တက်စရာရှိတဲ့ တစ်ခုတည်းသော မြို့ထဲက တက္ကသိုလ်ကိုပဲ မိဘအလိုကျ တက်ခဲ့ရသူတွေရှိတယ်။ ကျွန်တော်တို့လည်း ကိုယ်ဝါသနာပါတဲ့ တက္ကသိုလ် တက်ချင် တာပေါ့၊ ကိုယ်ဝါသနာပါတာ လုပ်ချင်တာပေါ့၊ အိပ်မက်အကြီးကြီးတွေ မက်ချင်တာပေါ့။ ဒီတက္ကသိုလ်က အောင်ပြီးရင် ကိုယ်သင်ခဲ့တဲ့ပညာတွေကို အသုံးချလို့ရတဲ့ နေရာမျိုးတွေမှာ အလုပ်လုပ်ချင်တာပေါ့။ ဆေးတက္ကသိုလ်အောင်ပြီးရင် ဆရာဝန်ဘွဲ့ရပြီးရင်လည်း ဆရာဝန်စစ်စစ် ဖြစ်ချင်တာပေါ့။ လူတစ်ယောက်အတွက် အကောင်းဆုံးစွမ်းဆောင်ရည်တွေ ပြနိုင်လောက်တဲ့ အလုပ်ချိန်မျိုး၊ လူတစ်ယောက်ရဲ့ စွမ်းနိုင်လောက်တဲ့ အတိုင်းအတာအတွင်းမှာ ရှိနေတဲ့ အလုပ်ပမာဏ၊ လူတစ်ယောက်၊ မိသားစုတစ်စု စားနိုင်နေနိုင်လောက်တဲ့ လုပ်ခလစာမျိုးနဲ့ ကျွန်တော်တို့တွေလည်း အလုပ်လုပ်ချင်တာပေါ့၊ လူနာတွေကို စိတ်ရှည်ချင်တာပေါ့၊ ဂရုစိုက်ချင်တာပေါ့။ ဒါပေမဲ့ ကိုယ့်ကိုပေးလာတဲ့ အခြေအနေတစ်ရပ်မှာ အကောင်းဆုံးဖြစ်မယ်ထင်တဲ့ အဖြေတစ်ခုကို ကျွန်တော်တို့တွေ ရွေးချယ်ခဲ့ကြရတယ်။ ကိုယ်ဝါသနာ မပါဘဲ ဆေးကျောင်းတက်ခဲ့လို့၊ ဘွဲ့ရပြီးမှ တခြားအသက်မွေးဝမ်းကျောင်းအလုပ်တစ်ခုကို ပြောင်းလိုက်လို့ တကယ်ဝါသနာပါသူတွေ၊ ဆရာဝန်လိုအပ်နေသူတွေ နစ်နာသွားမလားဆိုတာကိုတော့ အဖြေမပေး နိုင်ပေမဲ့ ကျွန်တော်တို့သိခဲ့ရတဲ့ ပညာတွေ ဆုံးရှုံးမသွားဘူးဆိုတာကိုတော့ ရဲရဲကြီး ပြောနိုင်ပါတယ်။
ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီး စတိဗ်ဂျော့ဘ်က တစ်ခါပြောဖူးတယ်၊ ဘ၀အောင်မြင်မှုဆိုတာ အမှတ်စက်များကို ဆက်ခြင်းပါတဲ့။ ကိုယ် တက်ခဲ့ဖူးတဲ့ကျောင်း၊ သင်တန်းတွေ၊ ကိုယ်ရခဲ့ဖူးတဲ့ သင်ခန်းစာတွေ၊ အတွေ့အကြုံတွေက အမှတ်စက်လေးတွေဆိုရင် အဲဒီအမှတ်စက်လေးတွေကို ဆက်ကြည့်လိုက်တဲ့အခါ အောင်မြင်တဲ့ဘ၀တစ်ခုရယ်လို့ ပုံပေါ်လာတယ်။ သူ တက္ကသိုလ်ကနေ ပညာတစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်လာတဲ့အချိန်မှာ ဘာရယ်မဟုတ်ဘဲ ၀ါသနာပါလို့ သူသွားတက်ခဲ့တဲ့ လက်ရေးလှ ရေးနည်းသင်တန်းလေးကပညာတွေဟာ သူနောင်တစ်ချိန် မက္ကင်းတော့ရှ် ကွန်ပျူတာကို ဖန်တီးတဲ့အချိန်မှာ အများကြီးအကျိုးရှိစေခဲ့ပါတယ်။ စတိဂျော့ဆိုတဲ့ ရုပ်ပုံကြီး အောင်မြင်စွာ ပေါ်ထွက်လာဖို့ ဒီသင်တန်းလေးက အရေးပါတဲ့ အမှတ်စက်တစ်စက်အဖြစ် ပါဝင်နေတယ်။
ဒီလိုပါပဲ၊ ကျွန်တော်တို့ဆေးကျောင်းသားတွေ၊ ဆရာဝန်ငယ်တွေဟာလည်း ကိုယ့်ကိုကိုယ်ရှာမတွေ့သေးခင်မှာ မိဘတွေရဲ့တွန်းအားကြောင့်ဖြစ်ဖြစ်၊ တခြားရွေးချယ်စရာမရှိလို့ပဲဖြစ်ဖြစ် ဆေးကျောင်းမှာ နှစ်တွေအများကြီး ပညာသင်ခဲ့ကြရတယ်၊ ဆရာဝန်အဖြစ် အသက်မွေးဝမ်းကျောင်းပြုမှာ မဟုတ်ဘူးဆိုတာ သေချာလျက်နဲ့ပေါ့။ တချိျု့ကျတော့လည်း ဆရာဝန်ဘွဲ့ရပြီးနောက်မှာတောင် အကြောင်းအမျိုးမျိုးကြောင့် ဆရာဝန်စစ်စစ်ဘ၀ကို လိုချင်ပါရက်နဲ့ စွန့်လွှတ်ခဲ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ ကျွန်တော်တို့တွေ ဒီတက္ကသိုလ်ကြီးမှာ ကုန်ဆုံးခဲ့ရတဲ့ လူငယ်ဘ၀၊ ပေးခဲ့ရတဲ့ အချိန်တွေ လုပ်အားတွေဟာ အလဟဿ ဖြစ်မသွားပါဘူး။ ဆရာဝန်အလုပ်မလုပ်ပေမဲ့ ဒီတက္ကသိုလ်ကြီးက သင်ပေးလိုက်တဲ့ ပညာတွေဟာ ကျွန်တော်တို့ဘ၀တစ်လျှောက်လုံးမှာ အသုံးဝင်နေပါတယ်။ မြန်မာနိုင်ငံနဲ့ ကမ္ဘာအနှံ့အပြားက နိုင်ငံတွေမှာ၊ စီးပွါးရေး၊ ပညာရေး၊ အနုပညာစတဲ့ နယ်ပယ်အသီးသီးမှာ အောင်မြင်မှုတွေ ရနေကြတဲ့ ဆရာဝန်ဘွဲ့ရ တွေရဲ့ လှေကားထစ်များရာဇ၀င်ကို နောက်ကြောင်းပြန်ပုံဖော်ကြည့်လိုက်တဲ့အခါမှာလည်း ဆေးတက္ကသိုလ်ကြီးက သင်ပေးလိုက်တဲ့ ဒီပညာတွေ၊ ဆေးကျောင်းသားအဖြစ်နဲ့ ရရှိလိုက်တဲ့ ဒီအတွေးအခေါ်တွေဟာ အထင်ရှားဆုံး အမှတ်စက်တစ်စက်အဖြစ် ပါဝင်နေမယ်ဆိုတာ မလွဲမသွေပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ဆရာဝန်တွေ ဆရာဝန်အလုပ်မလုပ်ပေမဲ့ ဆရာဝန်ပညာ၊ ဆရာဝန်နှလုံးသားကိုတော့ အသုံးချနေဆဲပဲ ဖြစ်ပါတယ်။
Phio Thiha
Yesterday at 10:00am · Edited ·

Monday, February 9, 2015

သူ. အတွေး House Surgeon

သူ. အတွေး
...
House Surgeon တစ်ယောက်ရေးထားတာဟု ထင်ပါသည်။ အားလုံးတွေးဆ စာနာပေးနိုင်ရန် ရည်ရွယ်၍ Share ပါသည်
ဆရာဝန်သည်လူဖြစ်သည်.. အသွေးအသားနှင့်ဖွဲ့စည်းထားပါသည်..
အလုပ်သမားများအနက် အလုပ်ချိန် အများဆုံး အလုပ်သမားသည် ဆရာဝန်ဖြစ်သည်.. duty(တာဝန်) ချိန်သည် တသမတ်တည်းမရှိပါ.. လူနာအရေးကို လိုက်၍ ဆေးရုံတွင် အချိန်ပြည့်နေသင့်လျှင်နေရသည်။
ထို့ပြင် ဆေးရုံတစ်ရုံတွင် အနိမ့်ဆုံးလစာသာရပြီး တာဝန်အကြီးဆုံးအလုပ်များ(လူ့အသက်နှင့်ဆိုင်သောအလုပ်) ကို အိပ်ချိန်တန် မအိပ် စားချိန်တန်မစားရဘဲ နေ့ရောညပါ ထမ်းဆောင်နေရသည်မှာ အလုပ်သင်ဆရာဝန်များဖြစ်သည်.. အနိမ့်ဆုံးလစာ မည်မျှဆိုသည်ကို သင်သိပါသလား?????.
သန့်ရှင်းရေးအလုပ်သမားထက်နိမ့်သည်။ တစ်လမှ ၁၁၇၅ ကျပ်သာရပါသည်။ (ဒါတောင် အကြွေမရှိလျှင် အပြည့်မရပါ) သို့သော်… ပညာသင်ယူစဉ်ကာလဖြစ်သည့်အတွက် မည်သူတစ်ဦးတစ်ယောက်ကမျှ စောဒက မတက်ပါ..အခုတော့ ၅၅,၀၀၀ ကျပ် ဖြစ်သွားပါပြီ ၊ လမ်းစရိတ်လောက် ရသွားတာပေါ့။
လူနာများဧ။် လာသမျှ complaint ကိုသာ ဒိုင်ခံရှင်းရသော သူလည်းဖြစ်ပါသည်.. ဆရာဝန်မှလူနာများကို ဆေးဝယ်ခိုင်းသည်မှာ မှန်ပါသည်.. အဘယ်ကြောင့်ဆိုသော်ဆေးရုံတွင် ဆေးမရှိပါ။ မရှိသောဆေးကို ဝယ်ရန်အတွက် ဆရာဝန်မှာ တာဝန်ရှိပါသလား.. မဝယ်လျှင် ဆေးမကုနိုင်ပါ။ ထို့အတွက် ဝမ်းနည်းရပါသည်။
လူနာများထင်သည်မှာ ဆေးရုံသို့တက်လာသည်နှင့် ဆရာဝန်ကလည်ပင်းညှစ်ကာ ပိုက်ဆံ မကုန်ကုန်အောင် ဆေးဝယ်ခိုင်း သွေးစစ်ခိုင်းသည်ဟု ထင်ကြသည်.. ဆေးရုံကိုတက်ရန် ပွဲစားမလိုပါ.. တက်ချင်သည့်အချိန် တက်နိုင်သည်.. မတက်လိုတော့ပါကလည်း DC(ဆေးရုံဆင်းခွင့်) မရမီ abscond(ဆေးရုံမှခွင့်ပြုချက်မရဘဲ ကိုယ့်သဘောနှင့်ကိုယ်ဆင်းခြင်း) လုပ်နိုင်ပါသည်.. ပွဲစားသည် လူလိမ်သာဖြစ်သည်..
ဆေးရုံတွင် အပေါက်စောင့်က ပိုက်ဆံတောင်းခြင်းသည် ဆရာဝန်နှင့်မဆိုင် ဆရာဝန်သည် လစာမှလွဲလို့ အပိုဝင်ငွေမရှိ။
ဝမ်းစာကို ပြင်ပတွင်ဆေးခန်းဖွင့်ခြင်းဖြင့်သာ ရှာရပါသည်။ သို့သော် ဆရာဝန်များ ဖုန်းပြောကားစီး နိုင်ခြင်းမှာ ထိုဆေးခန်းမှရသောဝင်ငွေဆိုသည်ထက် မိဘဝယ်ပေးထားလို့သာစီးနေကြခြင်းဖြစ်သည်။ ၂၄နာရီ အလုပ်လုပ်ရသောဆရာဝန်သည် လူနာတစ်ယောက်တည်းကို ကြည့်ရတာမဟုတ်သည့်အတွက် စိတ်မရှည်ခြင်းဖြစ်ကောင်းဖြစ်နိုင်သည်.. လူသားတစ်ယောက်ဖြစ်သည့်အတွက်ဖြစ်သည်..(သင်ဆိုလျှင်ကော စိတ်ရှည်ပါမည်လား သိချင်စမ်းပါဘိ)
ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာကို ဘေးဖယ်ပြီး ဆေးရုံတွင် ၂၄ နာရီ တာဝန်ကျနေရသည့် ဆရာဝန်ကဲ့သို့ သင်ရော လုပ်နိုင်ပါမည်လော..
လူအများက ဆရာဝန်ကို ပိုက်ဆံယူပြီး လူသတ်နေသည်ဟု ထင်ကြသေးသည်…. ဆရာဝန် သည် လူသတ်သမားမဟုတ်ပါ…ရှိသေးသည်..house surgeon(အလုပ်သင်ဆရာဝန်) ၉၀ရာခိုင်နှုန်း သည် လူသတ်ဖူးသည်ဆိုသော စကား… ဆင်ခြင်ပြီးမှ ပြော သင့်သည်။ သွေးလွန်တုပ်ကွေးဖြစ်သောကလေးကို မည်သည့် အပြင်ဆေးခန်းတွင်မှ မကယ်နိုင်ပါ.. ကလေးဆေးရုံကြီးတွင်သာ ကုသရနိုင်သည်.. house surgeon များရှိမှသာ hourly monitoring လုပ်ပြီး ကလေးအခြေအနေကို စောင့်ကြည့်ကာ ကြပ်မတ်ကုသနိုင်ခြင်းဖြစ်သည်..မည်သည့်ကလေးအထူးကုကမှ DHF patient(သွေးလွန်တုပ်ကွေးလူနာ) ကို hourly BP(တစ်နာရီတစ်ကြိမ် သွေးပေါင်တိုင်းခြင်း) နှင့် vital sign monitor(သွေးခုန်နှုန်းနှင့် အခြားသွေးလွန်တုပ်ကွေးလက္ခဏာများ စမ်းသပ်စစ်ဆေးခြင်း) လုပ်မပေးပါ။ Bird eye view(ခြုံငုံသုံးသပ်ခြင်း) ဖြင့်ကြီးကြပ်ကုသပါသည်။ အလုပ်သင်ဆရာဝန် များကြောင့်သာ ကလေးငယ်များ အသက်ရှင်ခြင်းဖြစ်သည်.. ထို့ပြင် house surgeon မှ ဆေးမှားထိုးပြီးလူသေသည်ဟုဆိုသည်။ ဖြစ်နိုင်ပါသည်.. သို့သော် ၉၀% မဟုတ်ပါ.. ဆေးကျောင်းတက်စဉ်ကာလတစ်လျှောက်လုံး ပညာကို သေချာမလေ့လာပါက လူသတ်သမားဖြစ်ရန် လုံလောက်သော အရည်အချင်းများနှင့် ပြည့်စုံလာပါမည်။ ATD(ဆေးမထိုးမီဆေးစမ်းခြင်း) လုပ်ရန်လိုသော ဆေးကို မလုပ်ဘဲထိုးမိပါက သေနိုင်သည်.. တော်ရုံမှားတာနှင့်လူမသေပါ.. အလွန်တရာ ဆင်ခြင်တုံတရားကင်းမဲ့ပြီး အသုံးမကျ၍သာဖြစ်သည်.. မသိလျှင် AS(လက်ထောက်ဆရာဝန်) ကိုမေးနိုင်သည်.. အလုပ်သင်ဆရာဝန်မှ အရာရာကို ဆုံးဖြတ်ခွင့်မရှိသည်ကို မသိခြင်းသည် ထိုသူဧ။် ညံ့ဖျင်းမှုသာဖြစ်သည်.. ထို့အတွက် အခြားသော ဆရာဝန်များကို မပုတ်ခတ်သင့်ပါ..
Retro(HIVရောဂါသည်)မှန်းသိသိကြီးနဲ့ ရိုးရိုးလက်အိတ်လေးနဲ့ တင် ကလေးမကောင်းမှာစိုးလို့ ဝင်ဆွဲဘူးလား။ အချင်းတနင့်တပိုးကို လက်တွေ သွေးဗရပွပေနေအောင်ထိ ဆုပ်ထားဖူးလား။ Retroကိုချုပ်တဲ့အပ်နဲ့ လက်ကိုထိုးမိတာ ရယ်စရာလုပ်ရယ်နေတဲ့သူမျိုးတွေ့ဖူးလား။ လူနာဆီက ကူးတဲ့ရောဂါနဲ့ သေသွားတဲ့ ဆရာဝန်တွေအကြောင်း ကြားဖူးလား။ တချို့ ကိစ္စတွေက လက်တွေ့မှသိနိုင်မယ်။ ပေးမယ် .. retro patient မိန်းမရယ်။ သွေးတွေရဲနေတဲ့ မွေးလမ်းကြောင်းချဲ့အနာရယ် အပ်တချောင်းရယ်။ လာလုပ်လှည့်ပါဦး။ ချောင်းတဟွတ်ဟွတ်ဆိုးနေတဲ့ MDRTB patient (ဆေးမတိုးတော့သော ကုသရခက်၍ ကူးစက်ရန်လွယ်သည့်တီဘီရောဂါသည်)လို လူနာခုတင်မျိုးဘေးမှာ နေ့ စဉ်နဲ့ အမျှ လူနာအကြောင်း အေးအေးလူလူ ဆွေးနွေးရဲလား။ တဘဝလုံးစာလေ။
ဆရာဝန်တစ်ယောက်ဧ။် ဘဝကို နားမလည်ဘဲ ဘေးမှ လက်ခုပ်တီးနေသော သူများကိုလည်း မုန်းမိပါသည်။
ဆေးရုံဧ။် လစ်ဟာချက်များ သူနာပြုများနည်းပါးမှုများကို ဆရာဝန်များလုပ်အားဖြင့် ဖြည့်နေရသည်..တခါတရံအလုပ်သမားပင်မရှိသောကြောင့် ဆရာဝန်သာအထူးသဖြင့် အလုပ်သင်ဆရာဝန်သာ အားဖြည့်နေရသည်။ လူနာနှင့် ဆရာဝန် အင်အားမမျှ…
လူနာများကလည်း ဆိုရှယ်လစ်ခေတ်မှ အကျင့်ဆိုးကို မဖျောက်နိုင် ဆေးရုံရောက်လျှင် အစစအရာရာ အလကားရ ရ မည်ဆိုသော ဆောင်ပုဒ်ကိုသာ လက်ကိုင်ထားနေကြသည်.. ဆေးရုံမှ အလကား ကျွေး သည့် ထမင်းကို ပေါ်ဆန်းမွှေးမဟုတ်၍ မစားနိုင်ကြောင်းပြောပြီး သွန်ပစ်သည့် အခမဲ့ဆေးကုလူနာမျိုး သင်ကြုံဖူးပြီလား။ ဆေးရုံတွင် အခမဲ့ဆေးကုသမှု ခံယူနေစဉ် တစ်ဆောင်တည်းနေလူနာများကို ငွေထုတ်ချေးနေသည့် ဆင်းရဲသား(အယောင်ဆောင်)လူနာအကြောင်းသာ သင့်ကိုပြောပြချင်တော့သည်။
ယနေ့ခေတ်တွင် ရောဂါ ဆန်းပေါင်းစုံက လူနာများနှင့် ဆရာဝန်များကို စိန်ခေါ်နေကြသည်.. ကုသရန်ခက်ခဲသော ရောဂါတို့သည် သာမန်ဆေးဝါးနှင့် မပျောက်ကင်းနိုင်.. အချို့ဆေးများသည် အလွန် ဈေးကြီးသည်.. မတတ်နိုင်သောလူနာများအတွက် ရရာဆေးနှင့်ကုပေးသည်..ရောဂါမပျောက်ကင်း သည့်တိုင် အနည်းဆုံးသက်သာအောင်တော့လုပ်ပေးနိုင်သည်..ဒါကို ပိုက်ဆံမရှိသည့်လူနာမို့ ဆေး ကောင်းကောင်းဖြင့် မကုပေးပါဟုဆိုလာလျှင်…(သင်ကော ဆေးရုံတွေမှာ ဆေးဝါးလှူဒါန်းဖူးပါသလား)
ဆရာဝန်သည် နတ်ဆေးဆရာမဟုတ်သည့်အတွက် စမ်းသပ်စရာရှိသည်ကို စမ်းသပ် စစ်ဆေးပြီးမှ ကုသပေးနိုင်မည်ဖြစ်သည်.. ကုသပေးတိုင်းလည်း ပျောက်ကင်းရမည်ဟု အာမ မခံနိုင်ပါ.. ထို့အတွက် ဆရာဝန်များကို အထင်အမြင်လွဲမှားနေကြသည်ကို ပြင်သင့်ပါသည်.. လူနာများဘက်မှ လိုအပ်ချက်များကိုလည်း သေချာ သုံးသပ်သင့်သည်.. မစားနှင့်ဆိုသည့်အရာကိုစားချင်သည်.. complaint(စောဒက) အမျိုးမျိုးတက်သည်.. ဆေးရုံရောက်နေသော်လည်း မိမိဧ။် ကျန်းမာရေးကို ဂရုစိုက်ရမည့်သူမှာ မိမိကိုယ်တိုင်သာဖြစ်သည်.. ဆီးချိုရောဂါသည်ကို အချိုရှောင်ရန် မှာထားပါလျက်နှင့် စားချင်ရာစားသည့်လူနာအပေါ် မည်သည့်ဆရာဝန်က စိတ်ရှည်နိုင်ပါမည်နည်း.. တစ်စုံတစ်ခုဖြစ်လာလျှင် ဆရာဝန် အလွန်ဟုပြောဦးမည်.. လူနာများကလည်း ဆရာဝန်ကို ကူညီသင့်ပါသည်.
လူနာစောင့်များစည်းကမ်းမရှိပါ.. ဆရာဝန်ကြီး round(အခန်းလှည့်၍ လူနာကြည့်) နေချိန်တွင် အခန်းအပြင်သို့ခဏထွက်ပေးရန် မနည်းတောင်းပန်ရသည်.. တစ်ယောက်တစ်ပေါက် ပြောချင်ရာ ပြောနေသည်.. အမှိုက်များဖွသည်… စရိတ်မျှပေးဆိုင်းဘုတ်ကို သာကြည့်ပြီး မဆူညံရ.. အမှိုက်မပစ်ရ ..ကွမ်းမထွေးရ ဆေးလိပ်မသောက်ရ ဆိုင်းဘုတ်များကိုတော့ လိုက်နာကြပါရဲ့လား
မည်သူမှားသည် မှန်သည် မဆိုချင်.. ပြောချင်ရာပြောနေသည့်လူများအနေဖြင့် ကိုသာ ဆင်ခြင်တွေးတောပြီးမှ ပြောဆိုဝေဖန် စေချင်ပါသည်.
ပြည်သူတွေ ဆရာဝန်တွေအပေါ် အထင်မြင်လွဲမှား မှုတွေ လျော့နည်းသွားအောင် ကျွန်တော်တို့က တတ်နိုင်တဲ့ ဘက်ကနေ ကူညီလိုက်ကြရအောင်ဗျာ။ သူငယ်ချင်းတို့ ဖတ်ပြီးသွားရင် အချင်းချင်း shareလုပ်(မျှဝေ)ပြီး အင်တာနက်ပေါ်မှာ ပြန့်သွားအောင် လုပ်လိုက်ကြရအောင်လားဗျာ။ ကျွန်တော်ရဲ့လောက ကို အဓိက တိုက်ခိုက်နေတာတွေက ဂျာနယ်တွေ အများစုပါ။ သူတို့က ဟုတ်တာကော မဟုတ်တာကော မစူးစမ်းပဲနဲ့ သတင်းတစ်ပုဒ်က ထမင်းတစ်လုပ် ဆိုပြီး ဂျာနယ်ထဲ ထည့်ကြပါတယ်။ အခုနောက်ပိုင်း အင်တာနက်ပေါ် အထိပါ ပျံ့နှံ့လာပါတယ်။ ဒါကြောင့် ကျွန်တော်တို့ကလဲ တတ်နိုင်တဲ့ ဘက်ကနေ ကျွန်တော်တို့ရဲ့ ဆရာဝန်ဆိုတဲ့ profession ဆိုတာ သူတို့ပြောသလို မဟုတ်ကြောင်း ဒီစာကနေ သက်သေပြလိုက်ရအောင်လားဗျာ။ ဒီလိုစာလေးတွေကို အင်တာနက်ပေါ်မှာ ပြန့်သွားအောင် ကူညီဆောင်ရွက်ပေးပါလို့ ဒီနေရာကနေပြီး တောင်းဆိုလိုက်ပါတယ်။
မှတ်ချက်။ ။ ဘယ်သူမှားတယ် ဘယ်သူမှန်တယ် မပြောလိုပါ။ ဆရာဝန်တွေရဲ့ ခံစားချက်ကို တဆင့်မျှဝေပေးတဲ့ သဘောပါ။ အားလုံးတွေးဆဆင်ခြင် ကြည့်နိုင်ကြပါစေ။
Poe Ka Lay
January 12 at 2:57pm ·

နားမလည်လို့ပြောပေးကြပါ



ယခုတစ်လော ကိုရင်တွေ ရဟန်းတော်တွေအတွက် အသဲေ၇ာင်အသားဝါ ဘီ ကာကွယ်ဆေး လှူ တာတွေကို FB မှာတွေ့ရပါတယ်။ အလှူလုပ်တာကောင်းပါတယ်။ သာဓုခေါ်ပါတယ်။ ဒါပေမဲ့ လိုအပ်လို့လှူတာလား မလိုဘဲ မယောင်ရာဆီလူးနေကြတာလား ?


အသဲေ၇ာင်အသားဝါ ဘီ ရောဂါက တစ်ယောက်က တစ်ယောက်ဘယ်လိုကူးတာလဲ?


အသဲေ၇ာင်အသားဝါ ဘီ ရောဂါပိုးတွေရှိနေတဲ့ လူနာရဲ့ သွေး၊အရည် (secretions like from male and female sex organs) ဥပမာ သုတ်ရည်၊ မိန်းမကိုယ်မှထွက်သောအရည် စသည်) တို့မှာပါလာပြီး
၎င်းအရည်များနဲ့ အရည်ပါးသော လိင်အင်္ဂါ (mucus membrane like sex organs) နဲ့တိုက်ရိုက်တွေ့ရင် ဒါမှမဟုတ် ပိုးကို အသားထဲသို့ထိုးတဲ့လျှင် (အေ၇းပြားမှာထူသဖြင့် ဘီ ရောဂါပိုးများဖေါက်မ၀င်နိုင်ပါ)။
သာ အသဲေ၇ာင်အသားဝါ ဘီ ရောဂါဖြစ်နိုင်ပါသည်။ ထိုအခြေအနေများကို အသဲေ၇ာင်အသားဝါ ဘီ ရောဂါရှိသောသူနှင့်ကာမဆက်ဆံလျှင်၊သို့မဟုတ် ပိုးပါသောဆေးထိုးအပ်ဖြင့်ဆေးထိုးခံရလျှင်၊ ပိုးပါသောသွေးသွင်းခံရလျှင်၊ ပိုးပါသောအပ်ဖြင့်မင်ကြောင်ထိုးခြင်း၊နားဖေါက်ခြင်း၊သွားနုတ်ခြင်းစသည်များ ဖြင့်သာကူးနိုင်ပါသည်။ ဒါကြောင့် ဒီလိုအခြေအနေမျိုးနဲ့ကြုံတွေ့ရတာများတဲ့ ဆရာဝန် ဆရာမ၊ သွား
ဆရာဝန်၊ လိင်လုပ်သား တွေကိုကာကွယ်ဆေးထိုးကြရတာပါ။


သွေးသွင်းရာကမကူးအောင်သွင်းမဲ့သွေးမှာဘီပိုးပါ မပါစစ်ရပါတယ်။ ဆေးထိုးအပ်က မကူးအောင် တစ်ခါထိုးအပ်သုံးခြင်း။ ခေါင်းရိတ်ဓါးကမကူးအောင်တစ်ခါသုံးဓါးသုံးခြင်း၊ လိင်လုပ်သားတွေကို အဖေါ်သုံးစေခြင်း စတာတွေကိုအခြေအနေအလိုက်ကာကွယ်ခြင်းများပြုလုပ်ရပါတယ်။ သွားစိုက်ပစ္စည်းတွေကို ဘီပိုးသေစေတဲ့ sterilization လုပ်ရခြင်းတို့ဖြစ်ပါတယ်။


ကိုရင်တွေ ရဟန်းတော်တွေ အနေနဲ့ကာမဆက်ဆံခြင်းမရှိကြခြင်းကြောင့်ဒီနည်းနဲ့ကူးရန်မရှိပါ။ ကျန်တဲ့ ခြေအနေတွေကတော့ ကျန်တဲ့သူတွေလိုမျိုးမို့ပိုပြီး အန္တရယ် (risk ) မများပါဘူး။


တစ်ခုပိုထူးတာက ကိုရင်တွေ ရဟန်းတော်တွေ သူတကာထက်ပိုပြီး ခေါင်းရိတ်ကြရတာပါ။ ဒီမှာ တစ်ဦးကတစ်ဦး ကူးဆက်နိုင်ပါတယ်။ ဒါပေမဲ့ ဘီကာကွယ်ဆေးတိုမဲ့အစား ခေါင်းရိတ်ဖို့ တစ်ခါသုံး ဓါးတွေ
လှူကြရင်ပိုမကောင်းဘူးလား။ ဒီနည်းက
၁။ ဘီပိုးအပြင် အခြားအရေပြားကကူးနိုင်တဲ့ ရောဂါတွေ bacteria ပိုးကြောင့်ကူးတဲ့ အနားစက်ရောဂါ၊ မှိုကြောင့်ဖြစ်တဲ့ဒါက်ရောဂါတွေကိုပါကူးဆက်ခြင်းကကာကွယ်နိုင်ပါတယ်။
၂။ ဘီကာကွယ်ဆေးထက်လည်းပိုပြီး အကုန်အကျသက်သာပါတယ်။
၃။ ကိုရင်တွေ ရဟန်းတော်တွေ ကိုလည်း ကျန်းမာရေးဗဟုသုတအမှန်နဲ့ကာကွယ်ခြင်းအမှန်ကိုရ စေ ပါမယ်။


မှတ်ချက်
၁။ ဘီကာကွယ်ဆေး ထိုးတဲ့သူတိုင်းကို ကာကွယ်နိုင်ခြင်းမရှိပါ။ ၈၅-၉၀% ကိုသာကာကွယ်နိုင်ပါတယ်။ ဆေးထိုးထားတယ်ဆိုပြီး စိတ်ချလို့မရပါ။ ကာကွယ်တဲ့သတ္တိရှိမရှိသိဖို့လိုပါတယ်။
၂။ တစ်ကြိမ်ထိုးရုံနဲ့မရပါ ၂-၃ ခါထိုးရပါတယ်။ ၃ ကြီမ်အပြည့်ထိုးပြီး ၁-၄ လကြာမှကာကွယ်တဲသတ္တိတွေ
ထွက်လာပါတယ်။
၃။ ကာကွယ်ဆေးပေါ်မူတည်ပြီး မလိုအပ်သောဆိုးကျိုး (side effects) တွေရနိုင်ပါတယ်။
၎။ ကာကွယ်သတ္တိက ထာဝရရှိနေမှာမဟုတ်ပါဘူး။ များသောအားဖြင့် ၅ နှစ်သာခံပါတယ်။

Sunday, February 8, 2015

ဆရာဝန် နဲ့ ဆရာမတွေ တကယ်တော့လဲ အလကား

ဆရာဝန် နဲ့ဆရာမတွေ တကယ်တော့လဲ အလကား
ဆေးရုံ ဆိုတာ လာချင်လို့လာရတာ မဟုတ်ဘူး။
မတတ်နိုင် မဖြစ်သာလွန်းလို့လာရတာပါ။
ခင်ဗျား တို့ဆရာဝန် ဆရာမတွေ သိပ်မကြီးကျယ်ကြပါနဲ့
ကြိုက်တဲ့ရုံးကိုသွား ဈေးကိုသွား မီတာဆောင်မလား
လိုင်းကားစီးမလား ။ စောင့် ရမှာပေါ့။ သိနေပြီးသားလေ။
ဒါပေမယ့် ခုဟာ က ဆေးရုံလေ။ သိတယ် မဟုတ်လား။ ချက်ချင်း ဆို ခု ချက်ချင်းပဲ။



နေရာ မရှိဘူး။ ခုတင်မရှိဘူး။ ခုတင် ၅၀ ဆန့်တာ ခု ၁၀၀ ထားရတယ် မပြောပါနဲ့။
အလကား ဆရာဝန် ဆရာမတွေ။
ညဘက် ဆရာဝန် ၁ ယောက်ထဲ လူနာ ၁၀၀ ကြည့် ရတယ် မပြောပါနဲ့။ ဆရာမ ၁ ယောက်ထဲ အယောက် ၁၀၀ ကြည့် ရတယ်တို့။ ဆေး တွေ လိုက်ထိုး နေရတယ်တို့အလကား ပေး ရတဲ့ဆေး တွေ စာရင်း မှတ်နေရတယ်တို့ report ရေး နေရတယ်လို့ ထမင်းတောင် မစားရသေးဘူးတို့မပြောပါနဲ့။
ခု ဆေး ကုန် သွားလို့လာခေါ်တာ။
ချက်ချင်း ဆို ခု ချက်ချင်း။


ဆေးရုံတက်ချင်တော့ ချက်ချင်း ဇွတ်တင်း တက်ချင်တယ် မပြောပါနဲ့။ မဖြစ်သာလို့ပါ။
ဆင်းတဲ့အချိန် ဆေးရုံ ဆင်း စာအုပ် ပေးပါ ချက်ချင်း ဆို ခု ချက်ချင်း။ ပြန်ရမှာ ဝေးလို့နယ်ပြန်ရမှာမို့။
မပေးပါနဲ့ဆင်ခြေတွေ ဆရာဝန် တွေ ကု သ မှု အပြောင်း အလဲ တွေ changes တွေ လုပ်နေ လို့ဆင်းမယ့်သူ ၂၀ l ၃၀ ကို ရေး နေရလို့မပြီးဘူး မပြောပါနဲ့။
ချက်ချင်း ဆို ခု ချက်ချင်း။


ဗိုက်ကြီး လို့လက်သယ်နဲ့ဖျက်ချပစ်တဲ့ကလေး အတွက် အပြစ် မကြောက် ကုန်ချင် သလောက် ကုန်ပါစေ။ ဆေးရုံ ရောက်ရင်တော့ ရေဆွဲ ချော်လဲ။
မသိဘူး မရှိဘူး။ ပိုးဆိပ်ပြန့်septic shock နဲ့အသဲ အသန် ကုသ ခွဲစိပ်ပေးလဲ ကျေးဇူးတင်တယ် ဆိုတဲ့စကားတခွန်း ခင်ဗျားတို့ဆရာဝန် ဆရာ မတွေ ကြားရဖို့မမျှော်လင့် ပါနဲ့။
ဒါက ခင်ဗျား တို့တာဝန်လေ။
ဆိုင်ကယ် မှောက်လို့သတိပျောက်ပြီး ရောက်တာ။
သွေးခဲပိလို့ရှင်ဖို့ခဲယဉ်း။ ညသန်းခေါင် ကျော် အသဲ အသန် ခွဲ လို့အသက်ရှင်သွားလဲ ကျေးဇူးတင်ခံရဖို့မစဉ်းစားနဲ့။ဦးထုပ်မဆောင်းလို့လူလိုင်စင် မရှိလို့ဆိုင်ကယ် လိုင်စင် မရှိလို့၃ ယောက် စီးလို့အမှုတွေ ကြေအေးဖို့လုပ်ရဦးမယ်။
ဓါးထိုးခံရလို့အရိုက် ခံရလို့ ကားတိုက်ခံရလို့ ဆိုင်ကယ်တိုက်လို့ စိတ်ချရတယ် ဆိုပြီး မဆင်းခိုင်းပါနဲ့။ ဆင်း ချင်မှ ဆင်းမှာပေါ့။ ခင်ဗျား တို့အပူ ပါလို့လား။ ခင်ဗျား တို့ဘာသိလို့တုန်း။
အရော် မရသေးဘူး။ အမှု မပြီးသေးဘူး။
အမှု မကြီးသေးဘူး။ နားလဲ မလည်ပဲနဲ့။


သဘောပေါက်ဖို့က အများသုံး အိမ်သာတွေ အခကြေးငွေ ပေးရင် ၀င်လို့ရတယ်။
ဆေးရုံ ဆိုတာက လမ်းဘေး က ချုံ အကွယ် လိုပဲ ။
ဗိုက်နာရင် ခရီးသွားဟန်လွှဲ ချုံ ၀င်တိုး သလိုပဲ။
အလကား ရတယ်။ ကျေးဇူး တင် မခံရဘူး။
ပြီးရင် လှည့် မကြည့် ချင်ဘူး။
အဲဒီ က ဆရာဝန် ဆရာ မတွေ လဲ အလကား ပါပဲ။
အလကား ဆရာဝန်တွေ အလကား ဆရာမတွေ။
အလကား ရဲ့ တန်ဖိုး ထား တတ် ကြ ပါစေ

Saturday, February 7, 2015

နှလုံးခုန် ရုတ်တရက် ရပ်တန့် စေတဲ့ ရောဂါ

နှလုံးခုန် ရုတ်တရက် ရပ်တန့် စေတဲ့ ရောဂါ

( ဒီဆောင်းပါးလေး ဟာ အလွန်ကောင်းမွန်တဲ့ ကျန်းမာရေး နဲ့ပက်သက်တဲ့
ဆောင်းပါးလေးပါ။)

ထမင်းစားပြီးတိုင်း ရေနွေးသောက်ဖို့ သတိပေးတာ တခုတည်း မဟုတ်ပဲ
နှလုံးခုန် ရုတ်တရက် ရပ်တန့် စေတဲ့ ရောဂါကိုလဲ သတိပေးရာ ရောက်ပါတယ်။
တရုတ်လူမျိုး နဲ့ ဂျပန်လူမျိုးတွေဟာ ထမင်းစားနေစဉ်မှာ ရေနွေးသောက်သုံးတဲ့  အလေ့ ရှိကြပါတယ်။ ရေအေး ( ရေခဲ ရေ သောက်သုံးလေ့ ) မရှိကြပါဘူး။ခုချိန်မှာ တော့ သူတို့ဆီက ထမင်းစားစဉ် ရေနွေးသောက်သုံးတဲ့ အလေ့ အထကိုရတီတို့တွေပြောင်းလဲ ကျင့်သုံးသင့်ပါတယ်။

ခုဆောင်းပါးလေး က တော့ ထမင်းစားပြီး တော့ ရေခဲရေ သောက်သုံးသူတွေ အတွက်တော့ သက်ရောက်မှု ရှိပါတယ်။ တကယ်တော့ထမင်းစားပြီးတော့ ရေခဲ ရေ ဒါမှမဟုတ် အအေး တခုခု သောက်သုံးလိုက်ခြင်း ဟာ အတော်လေး အရသာရှိပါတယ်။ ဒါပေမယ့်လည်း ရေခဲရေ က နေပြီးတော့ မကြာခင်က မှ စားသုံးထားတဲ့ အစာတွေ ကို ဆီခဲ တွေ လို အစိုင်အခဲ အဖြစ် ကို ရောက်စေပါတယ်။ ပြီးတော့အဖတ်တွေကလဲ အက်စစ် အဖြစ် တုံ့ပြန်ပြီးတော့ အဲဒါတွေ ကို ဖြိုခွဲပြီးတော့ အူနံရံတွေကနေပြီး အခဲအစာတွေထက် ပိုမို လျှင်မြန်စွာ စုပ်ယူပါလိမ့်မယ်။ အဲဒါ တွေ ဟာအူထဲ မှာ သွားပြီးတော့ စီတန်းနေပါပြီ ။ မကြာခင်ပဲ အဲဒါ တွေဟာ 
အဆီခဲ အဖြစ်ပြောင်းလဲ သွားပြီးတော့ ကင်ဆာ ရောဂါကို ဖြစ်စေ ဖို့ ဦးတည်နိုင်ပါတယ်။

အကောင်းဆုံး ကတော့ အစာ စားပြီးတိုင်းမှာ စွပ်ပြုပ် ပူပူလေး ဖြစ်ဖြစ်
ရေနွေးဖြစ်ဖြစ် သောက်သုံးတာ ဖြစ်ပါတယ်။ ( အရေးကြီးတဲ့ နှလုံးခုန် ရုတ်တရက်
ရပ်တာမျိုး) သင်သိသင့်တာ ကတော့ နှလုံးခုန်ရုတ်တရက် ရပ်တန့်တဲ့ လက္ခဏာတွေ
အားလုံးမှာဘယ်ဖက်လက်မောင်းကိုက် ခြင်းမျိုးမဟုတ်ပါ။ မေးရိုးတလျှောက်
နာကျင်လာခြင်းဟာလဲ သတိထားသင့်ပါတယ်။) 
(နှလုံးခုန်ရုတ်တရက် ရပ်တန့် စဉ်အတွင်းမှာတော့ သင်ဟာ ဘယ်တော့မှ ပထမရင်ဘတ်နာခြင်း ကိုခံစားရမယ်မဟုတ်ပါ။ ဖျားနာခြင်းနဲ့
ချွေးထွက်လွန်ခြင်း တွေဟာလည်း အများဆုံး လက္ခဏာတွေ ပါပဲ။ ၆၀ ရာနှုန်းသော
နှလုံးခုန်ရုတ်တရက် ရပ်တန့် ကြတဲ့  သူတွေ ဟာ အိပ်ပျော်နေယင်းကနေ ပြီး ပြန်လည်
နိုးထလာခြင်း မရှိတော့ ပါဘူး။ မေးရိုးနာကျင်မှု က သင့် ကိုနိုးထအောင်လုပ်နိုင်ပါတယ်။ ကျွန်တော် တို့တစ်တွေ ဂရုပြုပြီး တော့ သတိထားရမှာပါ။အဲတာက ရတီတို့ ဆက်လက် အသက်ရှင်ရပ်တည်ဖို့အခွင့်အရေးကောင်းဖြစ်ပါတယ်။

( နှလုံးရောဂါအထူးကု တစ်ယောက် က ပြောတာ က ဒီစာ ကိုဖတ်မိသူတစ်ယောက် က နေ ပြီးတော့နောက်ထပ် ၁၀ ယောက် ကို ဆက်ပေးပို့မယ်ဆိုယင် သင် နဲ့ ကျွန်ုပ်တို့ ဟာ အနဲဆုံးအသက်တစ်ချောင်း ကို ကယ်ဆယ်နိုင်မယ်ဖြစ်ပါတယ်။ ဒီဆောင်းပါးလေး ကို
ဖတ်ပါ။ပြီးတော့ မိတ်ဆွေတစ်ယောက်ဆီကို ပို့ပေးလိုက်ပါ။ ဒီလိုလုပ်ခြင်းဟာ

အသက်တစ်ချောင်း ကို ကယ်ဆယ်ခြင်းမျိုးဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေကောင်း အဖြစ်
နဲ့ သင့်သူငယ်ချင်းများ၊ မိတ်ဆွေများကို ဒီဆောင်းပါးလေး နဲ့အတူ ဂရုတစိုက်ရှိဖို့
ပေးပို့ ဖြစ်အောင်ပို့ပေး လိုက်ပါနော်..

ကြိုးစားပါဦးမည်

၇တီ

 တရုတ်လူမျိုး နဲ့ ဂျပန်လူမျိုးတွေဟာ ထမင်းစားနေစဉ်မှာ ရေနွေးသောက်သုံးတဲ့  အလေ့ ရှိကြပါတယ်။ ရေအေး ( ရေခဲ ရေ သောက်သုံးလေ့ ) မရှိကြပါဘူး။ခုချိန်မှာ တော့ သူတို့ဆီက ထမင်းစားစဉ် ရေနွေးသောက်သုံးတဲ့ အလေ့ အထကိုရတီတို့တွေပြောင်းလဲ ကျင့်သုံးသင့်ပါတယ်။
ခုဆောင်းပါးလေး က တော့ ထမင်းစားပြီး တော့ ရေခဲရေ သောက်သုံးသူတွေ အတွက်တော့ သက်ရောက်မှု ရှိပါတယ်။ တကယ်တော့ထမင်းစားပြီးတော့ ရေခဲ ရေ ဒါမှမဟုတ် အအေး တခုခု သောက်သုံးလိုက်ခြင်း ဟာ အတော်လေး အရသာရှိပါတယ်။ ဒါပေမယ့်လည်း ရေခဲရေ က နေပြီးတော့ မကြာခင်က မှ စားသုံးထားတဲ့ အစာတွေ ကို ဆီခဲ တွေ လို အစိုင်အခဲ အဖြစ် ကို ရောက်စေပါတယ်။ ပြီးတော့အဖတ်တွေကလဲ အက်စစ် အဖြစ် တုံ့ပြန်ပြီးတော့ အဲဒါတွေ ကို ဖြိုခွဲပြီးတော့ အူနံရံတွေကနေပြီး အခဲအစာတွေထက် ပိုမို လျှင်မြန်စွာ စုပ်ယူပါလိမ့်မယ်။ အဲဒါ တွေ ဟာအူထဲ မှာ သွားပြီးတော့ စီတန်းနေပါပြီ ။ မကြာခင်ပဲ အဲဒါ တွေဟာ
အဆီခဲ အဖြစ်ပြောင်းလဲ သွားပြီးတော့ ကင်ဆာ ရောဂါကို ဖြစ်စေ ဖို့ ဦးတည်နိုင်ပါတယ်။
အကောင်းဆုံး ကတော့ အစာ စားပြီးတိုင်းမှာ စွပ်ပြုပ် ပူပူလေး ဖြစ်ဖြစ်
ရေနွေးဖြစ်ဖြစ် သောက်သုံးတာ ဖြစ်ပါတယ်။ ( အရေးကြီးတဲ့ နှလုံးခုန် ရုတ်တရက်
ရပ်တာမျိုး) သင်သိသင့်တာ ကတော့ နှလုံးခုန်ရုတ်တရက် ရပ်တန့်တဲ့ လက္ခဏာတွေ
အားလုံးမှာဘယ်ဖက်လက်မောင်းကိုက် ခြင်းမျိုးမဟုတ်ပါ။ မေးရိုးတလျှောက်
နာကျင်လာခြင်းဟာလဲ သတိထားသင့်ပါတယ်။)
(နှလုံးခုန်ရုတ်တရက် ရပ်တန့် စဉ်အတွင်းမှာတော့ သင်ဟာ ဘယ်တော့မှ ပထမရင်ဘတ်နာခြင်း ကိုခံစားရမယ်မဟုတ်ပါ။ ဖျားနာခြင်းနဲ့
ချွေးထွက်လွန်ခြင်း တွေဟာလည်း အများဆုံး လက္ခဏာတွေ ပါပဲ။ ၆၀ ရာနှုန်းသော
နှလုံးခုန်ရုတ်တရက် ရပ်တန့် ကြတဲ့  သူတွေ ဟာ အိပ်ပျော်နေယင်းကနေ ပြီး ပြန်လည်
နိုးထလာခြင်း မရှိတော့ ပါဘူး။ မေးရိုးနာကျင်မှု က သင့် ကိုနိုးထအောင်လုပ်နိုင်ပါတယ်။ ကျွန်တော် တို့တစ်တွေ ဂရုပြုပြီး တော့ သတိထားရမှာပါ။အဲတာက ရတီတို့ ဆက်လက် အသက်ရှင်ရပ်တည်ဖို့အခွင့်အရေးကောင်းဖြစ်ပါတယ်။
( နှလုံးရောဂါအထူးကု တစ်ယောက် က ပြောတာ က ဒီစာ ကိုဖတ်မိသူတစ်ယောက် က နေ ပြီးတော့နောက်ထပ် ၁၀ ယောက် ကို ဆက်ပေးပို့မယ်ဆိုယင် သင် နဲ့ ကျွန်ုပ်တို့ ဟာ အနဲဆုံးအသက်တစ်ချောင်း ကို ကယ်ဆယ်နိုင်မယ်ဖြစ်ပါတယ်။ ဒီဆောင်းပါးလေး ကို
ဖတ်ပါ။ပြီးတော့ မိတ်ဆွေတစ်ယောက်ဆီကို ပို့ပေးလိုက်ပါ။ ဒီလိုလုပ်ခြင်းဟာ
အသက်တစ်ချောင်း ကို ကယ်ဆယ်ခြင်းမျိုးဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေကောင်း အဖြစ်
နဲ့ သင့်သူငယ်ချင်းများ၊ မိတ်ဆွေများကို ဒီဆောင်းပါးလေး နဲ့အတူ ဂရုတစိုက်ရှိဖို့
ပေးပို့ ဖြစ်အောင်ပို့ပေး လိုက်ပါနော်..
ကြိုးစားပါဦးမည်
၇တီ

Wednesday, February 4, 2015

တန်ဖိုးဟူသည်

တန်ဖိုးဟူသည်
===========
ညီငယ် ညီမငယ်တိုင်းအတွက် တကယ်တန်ဖိုးရှိလို့ ဖတ်ဖြစ်အောင်ဖတ်နော်.

အလုပ်‌ရုံတစ်‌ခုထဲမှာ အ‌ဖေနှင့်‌သမီး‌ပြောကြ‌သောစကားများဖြစ်‌သည်‌။
အ‌ဖေဖြစ်‌သူက လက်‌ထဲမှာအရာဝတ္ထုတစ်‌ခုကို ဆုတ်‌ကိုင်‌ပြီး သမီးဖြစ်‌သူကို‌ပြောတယ်‌။

အ‌ဖေ။ ။သမီး အ‌ဖေလက်‌နဲ့ဆုတ်‌ကိုင်‌ထားတဲ့အရာက ဘာလဲသိလား...?

သမီး။ ။မသိဘူးအ‌ဖေ..။

အ‌ဖေ။ ။သိချင်‌လားသမီး....။

သမီး။ ။သိချင်‌တာ‌ပေါ့အ‌ဖေ...။

အ‌ဖေ။ ။အဲလိုဆိုရင်‌ ထိုင်‌ ထ ၅ ‌ခေါက်‌လုပ်‌...။

သမီး။ ။ထိုင်‌ထလုပ်‌သည်‌။ ပြီးဆက်‌‌ပြောတယ်‌။ ပြ‌တော့အ‌ဖေ သမီး ထိုင်‌ထလုပ်‌ပြီးပြီ။

အ‌ဖေ။ ။တကယ်‌သိချင်‌တာလား...?

သမီး။ ။သိချင်‌တာ‌ပေါ့အ‌ဖေ‌ရေ....။

အ‌ဖေ။ ။နောက်‌ထပ်‌ ၁၀ ခါလုပ်‌အုံး...။

သမီး။ ။သမီး...ထိုင်‌ထလုပ်‌သည်‌။ ပြီးဆက်‌‌ပြောတယ်‌။ ပြ‌တော့အ‌ဖေ သမီး ထိုင်‌ထလုပ်‌ပြီးပြီ။

အ‌ဖေ။ ။တကယ်‌သိချင်‌တာလား....?

သမီး။ ။သိချင်‌ပါတယ်‌ဆို‌နေ အ‌ဖေကလည်း....။။

အ‌ဖေ။ ။နောက်‌ထပ်‌ ၁၅ ခါလုပ်‌အုံး...။။

သမီး။ ။ဟွန့်‌.. .အ‌ဖေကလည်း ပြလည်းမပြဘဲနဲ့....။။

အ‌ဖေ။ ။ပြမှာပါ...လုပ်‌သာလုပ်‌ပါ...။။

သမီး။ ။သမီး...ထိုင်‌ထလုပ်‌သည်‌။ ပြီးဆက်‌‌ပြောတယ်‌။ ပြ‌တော့အ‌ဖေ သမီး ထိုင်‌ထလုပ်‌ပြီးပြီ။
အ‌ဖေဖြစ်‌သူက လက်‌ထဲက ဆုတ်‌ကိုင်‌ထားတဲ့အရာကို ဖွင့်‌ပြလိုက်‌တယ်‌....။
လက်‌ထဲမှာအ‌ကြွေ‌စေ့တစ်‌ခု....။။

ပြန်‌ဆုတ်‌ကိုင်‌လိုက်‌ပြီး.. .သမီးအ‌ဖေ့လက်‌ထဲကအရာကို သိချင်‌လား ထိုင်‌ထ ၅ ခါ လုပ်‌။

သမီးဖြစ်‌သူက သမီးသိပြီးသားပဲ...မသိချင်‌‌တော့ပါဘူး...။

အ‌ဖေဖြစ်‌သူက သမီးကိုပြမယ်‌‌လေ...၂ ခါ‌လောက်‌‌သော်‌လည်း လုပ်‌။

သမီးဖြစ်‌သူက မလုပ်‌ဘူး အ‌ဖေ သမီးသိပြီးသားဥစ္စာ ဘာလို့ ပင်‌ပန်းခံပြီး ကြည့်‌‌တော့မလဲ...တဲ့။

အဲဒီ‌တော့ အ‌ဖေဖြစ်‌သူက.. .

အဲလိုပဲသမီး...‌လောကမှာ ကိုယ်‌မသိမမြင်‌‌သေး‌သောအရာကို လူ‌တွေဟာ တန်‌ဖိုးထားပြီး အရင်းအနှီးများများ ‌ပေး၍ သိချင်‌မြင်‌ချင်‌ကြတယ်‌။
မသိ‌သေး မမြင်‌‌သေး‌သော‌ကြောင့်‌ တန်‌ဖိုးထားကြတယ်‌...။
သမီး‌တောင်‌မှ ဘာမှမဟုတ်‌တဲ့အ‌ကြွေ‌စေ့‌လေးကို ကြည့်‌ဖို့အတွက်‌ အရင်းအနှီးအဖြစ်‌ ထိုင်‌ထ‌တွေလုပ်‌‌သေးတာပဲ...။။
အဲဒါက တန်‌ဖိုးထားမြတ်‌နိုးမိလို့ပဲ....။။

ကိုယ်‌သိပြီးမြင်‌ပြီးတဲ့အရာကို ‌နောက်‌တစ်‌ခါ သိဖို့မြင်‌ဖို့အတွက်‌ မရင်းနှီးချင်‌ကြ‌တော့ဘူး...လွယ်‌သွားတဲ့အတွက်‌ လူ‌တွေကလည်း တန်‌ဖိုးမထားကြ‌တော့ဘူး...။။

သမီးအ‌ကြွေ‌စေ့ကို‌နောက်‌တစ်‌ခါ မြင်‌ရဖို့အတွက်‌ အရင်းအနှီးစိုက်‌မထုတ်‌ချင်‌သလိုပဲ‌ပေါ့...တန်‌ဖိုးမထား‌တော့သလိုပဲ‌ပေါ့...။။

အဲလိုပါပဲ...ကိုယ့်‌ရဲ့ မမြင်‌အပ်‌‌သော အင်္ဂါ အစိတ်‌အပိုင်း‌တွေကိုလည်း မမြင်‌ရ‌အောင်‌ လုံခြုံစွာဖုံးဖိထားတတ်‌ရတယ်‌။
မြင်‌သိပြီးသွားရင်‌ အဲဒါကို‌နောက်‌တစ်‌ခါမြင်‌သိရ‌အောင်‌ အရင်းအနှီးမစိုက်‌ချင်‌‌တော့ဘူး...တန်‌ဖိုးမဖိုးချင်‌ကြ‌တော့ဘူး...။။

မြတ်‌မြတ်‌နိုးနိုး နဲ့သိမ်းဆည်းထားသင့်‌‌သောအရာ‌တွေကို တန်‌ဖိုးထားသင့်‌‌သော အရာ‌တွေကိုလူတကာမြင်‌‌အောင်‌ မ‌ဖော်‌ပြသင့်‌ဘူး...။။
ကိုယ်‌လည်း တန်‌ဖိုးမဲ့ရာ‌ရောက်‌သွားတတ်‌တယ်

ဒါကြောင့် မိမိကိုယ်ကို တန်ဖိုးထားပါသမီး ဟုဆုံးမလေသည်။

Credit: ပြည်ငြိမ်း။

Like & Share လုပ်ပေးခြင်းဖြင့် ညီငယ်ညီမငယ်လေးများကို အသိပညာများ ဖြန့်ဝေပေးစေလိုပါသည်။ှု

===========
ညီငယ် ညီမငယ်တိုင်းအတွက် တကယ်တန်ဖိုးရှိလို့ ဖတ်ဖြစ်အောင်ဖတ်နော်.
အလုပ်‌ရုံတစ်‌ခုထဲမှာ အ‌ဖေနှင့်‌သမီး‌ပြောကြ‌သောစကားများဖြစ်‌သည်‌။...
အ‌ဖေဖြစ်‌သူက လက်‌ထဲမှာအရာဝတ္ထုတစ်‌ခုကို ဆုတ်‌ကိုင်‌ပြီး သမီးဖြစ်‌သူကို‌ပြောတယ်‌။

အ‌ဖေ။ ။သမီး အ‌ဖေလက်‌နဲ့ဆုတ်‌ကိုင်‌ထားတဲ့အရာက ဘာလဲသိလား...?
သမီး။ ။မသိဘူးအ‌ဖေ..။
အ‌ဖေ။ ။သိချင်‌လားသမီး....။
သမီး။ ။သိချင်‌တာ‌ပေါ့အ‌ဖေ...။
အ‌ဖေ။ ။အဲလိုဆိုရင်‌ ထိုင်‌ ထ ၅ ‌ခေါက်‌လုပ်‌...။
သမီး။ ။ထိုင်‌ထလုပ်‌သည်‌။ ပြီးဆက်‌‌ပြောတယ်‌။ ပြ‌တော့အ‌ဖေ သမီး ထိုင်‌ထလုပ်‌ပြီးပြီ။
အ‌ဖေ။ ။တကယ်‌သိချင်‌တာလား...?
သမီး။ ။သိချင်‌တာ‌ပေါ့အ‌ဖေ‌ရေ....။
အ‌ဖေ။ ။နောက်‌ထပ်‌ ၁၀ ခါလုပ်‌အုံး...။
သမီး။ ။သမီး...ထိုင်‌ထလုပ်‌သည်‌။ ပြီးဆက်‌‌ပြောတယ်‌။ ပြ‌တော့အ‌ဖေ သမီး ထိုင်‌ထလုပ်‌ပြီးပြီ။
အ‌ဖေ။ ။တကယ်‌သိချင်‌တာလား....?
သမီး။ ။သိချင်‌ပါတယ်‌ဆို‌နေ အ‌ဖေကလည်း....။။
အ‌ဖေ။ ။နောက်‌ထပ်‌ ၁၅ ခါလုပ်‌အုံး...။။
သမီး။ ။ဟွန့်‌.. .အ‌ဖေကလည်း ပြလည်းမပြဘဲနဲ့....။။
အ‌ဖေ။ ။ပြမှာပါ...လုပ်‌သာလုပ်‌ပါ...။။
သမီး။ ။သမီး...ထိုင်‌ထလုပ်‌သည်‌။ ပြီးဆက်‌‌ပြောတယ်‌။ ပြ‌တော့အ‌ဖေ သမီး ထိုင်‌ထလုပ်‌ပြီးပြီ။
အ‌ဖေဖြစ်‌သူက လက်‌ထဲက ဆုတ်‌ကိုင်‌ထားတဲ့အရာကို ဖွင့်‌ပြလိုက်‌တယ်‌....။
လက်‌ထဲမှာအ‌ကြွေ‌စေ့တစ်‌ခု....။။
ပြန်‌ဆုတ်‌ကိုင်‌လိုက်‌ပြီး.. .သမီးအ‌ဖေ့လက်‌ထဲကအရာကို သိချင်‌လား ထိုင်‌ထ ၅ ခါ လုပ်‌။
သမီးဖြစ်‌သူက သမီးသိပြီးသားပဲ...မသိချင်‌‌တော့ပါဘူး...။
အ‌ဖေဖြစ်‌သူက သမီးကိုပြမယ်‌‌လေ...၂ ခါ‌လောက်‌‌သော်‌လည်း လုပ်‌။
သမီးဖြစ်‌သူက မလုပ်‌ဘူး အ‌ဖေ သမီးသိပြီးသားဥစ္စာ ဘာလို့ ပင်‌ပန်းခံပြီး ကြည့်‌‌တော့မလဲ...တဲ့။
အဲဒီ‌တော့ အ‌ဖေဖြစ်‌သူက.. .
အဲလိုပဲသမီး...‌လောကမှာ ကိုယ်‌မသိမမြင်‌‌သေး‌သောအရာကို လူ‌တွေဟာ တန်‌ဖိုးထားပြီး အရင်းအနှီးများများ ‌ပေး၍ သိချင်‌မြင်‌ချင်‌ကြတယ်‌။
မသိ‌သေး မမြင်‌‌သေး‌သော‌ကြောင့်‌ တန်‌ဖိုးထားကြတယ်‌...။
သမီး‌တောင်‌မှ ဘာမှမဟုတ်‌တဲ့အ‌ကြွေ‌စေ့‌လေးကို ကြည့်‌ဖို့အတွက်‌ အရင်းအနှီးအဖြစ်‌ ထိုင်‌ထ‌တွေလုပ်‌‌သေးတာပဲ...။။
အဲဒါက တန်‌ဖိုးထားမြတ်‌နိုးမိလို့ပဲ....။။
ကိုယ်‌သိပြီးမြင်‌ပြီးတဲ့အရာကို ‌နောက်‌တစ်‌ခါ သိဖို့မြင်‌ဖို့အတွက်‌ မရင်းနှီးချင်‌ကြ‌တော့ဘူး...လွယ်‌သွားတဲ့အတွက်‌ လူ‌တွေကလည်း တန်‌ဖိုးမထားကြ‌တော့ဘူး...။။
သမီးအ‌ကြွေ‌စေ့ကို‌နောက်‌တစ်‌ခါ မြင်‌ရဖို့အတွက်‌ အရင်းအနှီးစိုက်‌မထုတ်‌ချင်‌သလိုပဲ‌ပေါ့...တန်‌ဖိုးမထား‌တော့သလိုပဲ‌ပေါ့...။။
အဲလိုပါပဲ...ကိုယ့်‌ရဲ့ မမြင်‌အပ်‌‌သော အင်္ဂါ အစိတ်‌အပိုင်း‌တွေကိုလည်း မမြင်‌ရ‌အောင်‌ လုံခြုံစွာဖုံးဖိထားတတ်‌ရတယ်‌။
မြင်‌သိပြီးသွားရင်‌ အဲဒါကို‌နောက်‌တစ်‌ခါမြင်‌သိရ‌အောင်‌ အရင်းအနှီးမစိုက်‌ချင်‌‌တော့ဘူး...တန်‌ဖိုးမဖိုးချင်‌ကြ‌တော့ဘူး...။။
မြတ်‌မြတ်‌နိုးနိုး နဲ့သိမ်းဆည်းထားသင့်‌‌သောအရာ‌တွေကို တန်‌ဖိုးထားသင့်‌‌သော အရာ‌တွေကိုလူတကာမြင်‌‌အောင်‌ မ‌ဖော်‌ပြသင့်‌ဘူး...။။
ကိုယ်‌လည်း တန်‌ဖိုးမဲ့ရာ‌ရောက်‌သွားတတ်‌တယ်
ဒါကြောင့် မိမိကိုယ်ကို တန်ဖိုးထားပါသမီး ဟုဆုံးမလေသည်။
Credit: ပြည်ငြိမ်း။
Like & Share လုပ်ပေးခြင်းဖြင့် ညီငယ်ညီမငယ်လေးများကို အသိပညာများ ဖြန့်ဝေပေးစေလိုပါသည်။ှု

Sunday, February 1, 2015

ဘုန်းဘုန်း တာ့တာ.......

ဘုန်းဘုန်း တာ့တာ.......
*******************
ဒီခေါင်းစဉ်ကို ဖတ်လိုက်တော့ ဆရာတော်၊ သံဃာတော်များက ဒေါ်အမာလည်း ခင်ပွန်းအနိစ္စရောက်တာနဲ့ စိတ်များ ကတောက်ကတက် ဖြစ်နေရှာထ...င်ပါရဲ့လို့ ကျွန်မကို သနားနေကြမလား မသိပါ။
"ဘုန်းဘုန်း တာ့-တာ" ဆိုတဲ့အသံမျိုး မကြာမကြာ ကြားရလွန်းလို့ နားကလောတာနဲ့ ဒီခေါင်းကို တပ်လိုက်မိတာပါ။
ကျွန်မတို့ဆီမှာ ကလေးငယ်တွေကို လူကြီးမိဘတွေက ဘယ်သူပြန်ခါနီးမှာပဲ ဖြစ်ဖြစ် "တာ့-တာ" လို့ နှုတ်ဆက်လိုက်ဆိုပြီး လက်ပြခိုင်းနေကြပါတယ်။
မြို့ပေါ်တင်လားဆိုတော့လည်း မဟုတ်သေးဘူး။
ဒီ တာ့-တာက တောကြိုအုံကြားအထိ ပျံ့နှံ့ဆင်းသက်လို့ နေပါတယ်။
ဒါကို ထောက်ခြင်းအားဖြင့် ကျွန်မတို့မှာ ပြန်ခါနီးနှုတ်ဆက်စကား တခု မရှိမဖြစ်၊ အပူတပြင်း လိုအပ်နေတဲ့ပုံပါပဲ။ လိုသမှ မဟားဒယားမို့ ကိုယ့်မှာလည်း မရှိလေတော့ သူများဟာကို အတင်းဆွဲယူသုံးထားရတဲ့ သဘောမျိုး ဖြစ်နေပါပြီ။
"တာ့-တာ" ဆိုတာ ဘယ်လူမျိုးက သုံးစွဲတဲ့ စကား၊ ဘာအဓိပ္ပါယ်ရှိတယ်ဆိုတာကို ဇစ်ဇစ်မြစ်မြစ် သိကြတာလဲ မဟုတ်ပါဘူး။ နို့ပေမယ့် လက်ကလေးလှုပ်ပြပြီး တွေ့ကရာလူကို "တာ့-တာ" နေကြပါတယ်။ တချို့ကများ ကဲသထက်ကဲပြီး "ဘိုင့်ဘိုင်- တာ့တာ-ချဲရီးယို" အထိ လုပ်နေကြလေရဲ့။
ကျွန်မတို့ ငယ်ငယ်တုန်းကတော့ အိမ်တအိမ်က ပြန်တော့မယ်ဆိုရင် အမေကသင်တာ လူကြီးတွေကို "ဦးတင်ပါသေးရဲ့" လို့ ပြောပြီး နှုတ်ဆက်ခဲ့ရမယ်တဲ့။ နည်းနည်းကြီးလာတော့ "ကျွန်မကို ခွင့်ပြုပါဦး" လို့ နှုတ်ဆက်ခဲ့ရတယ်။
နောက်တော်တော်ကြီးလာပြန်တော့ "ပြန်ပါဦးမယ်နော်" လို့ ပြောရတယ်။ ဒါ မြန်မာ့ နှုတ်ဆက်နည်း ဖြစ်မှာပါပဲ။ ခုခေတ်လို လက်ကလေးပြပြီး "တာ့-တာ" လို့ ဆိုမိရင် အမေက လက်များ ပုတ်ချမလား မသိဘူး။
ပြီးတော့ "ဘာလဲ ညည်းတို့စကားက တာတယ်ဆိုတာ ကောင်းမှတ်လို့ လူထဲသုံးနေရတာလား" လို့ ငေါက်မှာ အမှန်ပါပဲ။
မြန်မာစကားက လူပေါ်စ အဆင့်မျိုး မဟုတ်ပါဘူး။ ကြွယ်ဝပါတယ်။ ဝေါဟာရ မဆင်းရဲပါဘူး။ လူကြည့်ပြီး အသက်နဲ့အလိုက် ဂုဏ်သိက္ခာနဲ့အလိုက် သုံးနှုန်းပြောဆိုရတဲ့ စကားမျိုးပါ။ ဒီလိုယဉ်ကျေးမှုဟာ လူမျိုးတိုင်းမှာတောင် မရှိပါဘူး။ လူ့ယဉ်ကျေးမှု သမနိ ရှည်လှတယ်ဆိုတဲ့ တရုတ်တို့လို လူမျိုး အချို့ မှာသာ ရှိတာပါ။
အဖေလုပ်တဲ့ လူအပေါ်ကို ကိုယ်ဘယ်လောက်ကြီး မကျေလည်ပေမယ့် "မင်းကလဲကွာ" လို့ မြန်မာစကားက ပြောလို့ မရပါဘူး။ "ခင်ဗျားကြီးကလဲဗျာ" လို့ ပြောမိရင်တောင် "အဖေကို ခင်ဗျားလုံးကြီး ရိုက်ပြောတာ ရိုင်းလိုက်တာ" လို့ ဆိုပါသေးတယ်။
"ယူကလဲ ဂွကျလိုက်တာ" လို့ ပြောချင်လို့လဲ
မဖြစ်ပါဘူး။ "အဖေကလဲ အဖေရာ" ဆိုတာမျိုးကို
အလွန်ဆုံးပြောရတာပါ။
မြန်မာမှာ ကိုယ်က ပြောချင်တဲ့လူနဲ့ တန်ရာဝေါဟာရကို ရွေးပြီး သုံးစွဲရပါတယ်။
ဒါဟာ မြန်မာ့ယဉ်ကျေးမှုပဲ။
ခုတော့ ရည်းစားလည်း "တာ့-တာ"၊
သူငယ်ချင်းလည်း "တာ့-တာ"၊
ဘုန်းကြီးရဟန်း လည်း "တာ့-တာ" တဲ့။
ဘယ်လိုများ ဖြစ်နေကြတယ် မသိပါဘူး။
ကျွန်မတို့ မိုးကုတ်သွားလည်ကြတော့ မိတ်ဆွေတွေကို ပြန်ပါ့မယ်လို့ နှုတ်ဆက်တဲ့အခါ အိမ်တိုင်းက ပြန်နှုတ်ဆက်တဲ့စကားက "ဖြည်းဖြည်း ပြန်ပါရှင်" တဲ့။ ဒါဟာ ပြန်ခါနီး လူကို မိုးကုတ်က နှုတ်ဆက်တဲ့ စကားပါ။ မိုးကုတ်မှာ လမ်းတွေက မြေပြင်လမ်း မဟုတ်ဘူး။ အတက်အဆင်း၊ အကွေ့အကောက်တွေ၊ ကားနဲ့ ခရီးသွားရတာ။ ကားအမြန်မောင်းရင် အသက်အန္တရာယ်နဲ့ တွေ့ရတာ၊ တွေ့ပေါင်းလည်း မရေမတွက်နိုင်ဘူး။ ဒါကြောင့် သူတို့ဆီမှာ ခွဲခါနီး နှုတ်ဆက်တဲ့ လူတိုင်းကို "ဖြည်းဖြည်းပဲပြန်ပါ" လို့ နှုတ်ဆက်မှာ မှာတာထင်ပါရဲ့။
မေတ္တာ စေတနာ ကရုဏာအပြည့်နဲ့ နှုတ်ဆက်လိုက်တဲ့ စကားမို့ ကြားရသူရဲ့ နားထဲမှာ ချမ်းမြေ့ကြည်နူး လိုက်တာ။ "တာ့-တာ" နဲ့ မကွာလား။
မြန်မာမှာ နှုတ်ဆက်စကားတွေ ကြွယ်ကြွယ်၀၀ ရှိပြီးသားပါ။
လူထုဒေါ်အမာ။
ငြိမ်းလဲ့ Page မှ။