:include data='blog' name='google-analytics'/>

Monday, August 12, 2013

Paris မြို့ရှိ international University အဆောင်များ (Cite Universataire)

Paris မြို့ ၁၄ ရပ်ကွက်မှာတည်ရှိတဲ့ international University ကျောင်းသားအများ အတွက် ဥရောပ နိုင်ငံများမှ ကျောင်းသားများနှင့်ပြင်သစ်နယ်မှလာရောက်ကြသောတက္ကသိုလ်ကျောင်းသားများအတွက်
အဆောင်များသီသန့်ရှိပါတယ်။ ဥရောပနိုင်ငံအပြင်အာရပ်နိုင်ငံအချို့၊ တရုပ်နိုင်ငံ၊အိနြ္ဒိယနိုင်ငံ၊ကနေဒါနိုင်ငံ အမေရိကန်နိုင်ငံ၊နှင့်ကမ္ဘောဒီယာနိုင်ငံတို့ရဲ့အဆောင်များလည်းရှိပါတယ်။ ကျမ ပါရီမှာ Ph.D ကျောင်းသူ အဖြစ် နေထိုင်စဉ်က မြန်မာနိုင်ငံမှအဆောင်မရှိသဖြင့် Moroco နိုင်ငံအဆောင်မှာနေခဲ့ရပါတယ်။ အဆောင်လခက ကျောင်းသူ/သားဆိုရင် တစ်လ ၁၅၀ ယူရိုပါ။ ကျမက အသက် ၃၅ နှစ်ကျော် နေတဲ့ အတွက် ကျောင်းသားလို့မသတ်မှတ်တဲ့အတွက် တစ်လ ၄၀၀ ယူရိုပေးရပါတယ်။ တော်သေးတယ်
WHO ရုံးက ပြင်သစ်နိုင်ငံရဲ့လူနေမှုစရိက်အလိုက် စတိုင်ပင်တိုးပေးလို့။ ကျောင်းဝင်းအတွင်းက စားသောက်ဆိုင်မှာ ကျောင်းသားတွေအတွက် လျော့ဈေးနဲ့ရောင်းချပေးပါတယ်။ အပြင်ဈေးထက်
ထက်ဝက်ကျော်သက်သာပါတယ်။ တော်သေးတယ်ကျမပုံက ကျောင်းသားပုံပေါက်နေသေးလို့ ကျောင်းသားဆိုင်မှာစားလို့ရခဲ့တာ။ အဆောင်စနေခါစမှာ စပေါ်အနေနဲ့ ၄၅၀ ယူရိုပေးခဲ့ရတာ။ စကားပြန်က အသေအချာရှင်းမပြခဲ့တာကြောင့် အဆောင်ကအပြန်မှာ တောင်းရမှန်းမသိလို့ စပေါ် ၄၅၀ ယူရို ကျန်ခဲ့ပါတယ်။ အဲ့ဒီအဆောင်မှာ ၃ နှစ်ပဲနေခွင့်ရှိပါတယ်။ ၃ နှစ်ပြည့်သွားရင်တော့ အပြင်မှာ ကိုယ့်ဘာသာအခန်းငှါးနေရပါတယ်။ ပါရီမြို့ရဲ့အခန်းခတွေကအလွန်ဈေးကြီးပါတယ်။ studio ခေါ်တဲ့ တစ်ယောက်စာ အခန်းတစ်ခုနဲ့ ရေချိုးခန်း၊အိမ်သာ မီးဖိုချောင်လေးပါတဲ့အခန်းဆို နေရာပေါ် မူတည်ပြီး အနည်းဆုံး ၅၀၀ ယူရိုရှိပါတယ်။ chambre ခေါ်တဲ့ ရေချိုးခန်း၊အိမ်သာ အပြင် common သုံးရတဲ့ အခန်းတွေက ပိုဈေးသက်သာပါတယ်။ မြန်မာပြည်နဲပြောင်းပြန် အောက်ထပ်ထက် အပေါ် ဆုံး ထပ်က ပိုဈေးကြီးပါတယ်။ များသောအားဖြင့်ဓါတ်လှေကားရှိပါတယ်။ ဓါတ်လှေကားမရှိတဲ့တိုက်ဟောင်း အပေါ်ထပ်တွေကတော့ဈေးသက်သာပါတယ်။ အိမ်ခန်းငှါးမယ်ဆိုရင် ကိုယ့်ဝင်ငွေလစာပြရပါတယ်။ လစာရဲ့ ၁/၃ လခပေးရတဲ့ အခန်းပဲငှါးခွင့်ရှိပါတယ်။ ဥပမာ တလ ၃၀၀ ပေးရတဲ့အခန်းငှါးမယ်ဆိုရင် ၀င်ငွေ ၉၀၀ အနည်းဆုံးရှိရပါမယ်။ စပေါ်အနေနဲ့ တလစာပေးရပါတယ်။ အိမ်ခန်းစငှါးခါစမှာ စပေါ်+တစ်လစ ပေါင်း ၂ လစာပေးရပါတယ်။ ဒါ့အပြင် ကိုယ့်ကိုအာမခံမဲ့သူလဲလိုအပ်ပါတယ်။ အာမခံသူရဲ့ လစာ လည်း ပြရပါတယ်။ ကျမတို့လိုအာမခံပေးမဲ့သူမရှိသူတွေက ပွဲစားကတဆင့်အိမ်ငှါးရပါတယ်။ ပွဲစားကိုအာမခံခ တစ်လစာပေးရပါတယ်။ အဲ့ဒီတစ်လစာကတော့ ပြန်မရပါဘူး။ စပေါ်ကတော့ အိမ်ပြန်အပ်ပြီး တစ်လ နေရင်ပြန်ရပါတယ်။ အိမ်ငှါးတဲ့အချိန်မှာ အခန်းအခြေအနေကိုအတိအကျမှတ်သားထားပြီး အိမ်ပြန် အပ် တဲ့အခါ ငှါးတဲ့အခြေအနေအတိုင်းပြန်အပ်ရပါတယ်။ စပေါ်တစ်လ ယူထားတာက ပျက်နေတာရှိလို့အိမ်ရှင်ကပျက်တာပြင်ရရင် စပေါ်ထဲကနှုတ်ယူဖို့။ အိမ်ကညစ်ပတ်နေရင်လည်းသန့်ရှင်းရေးလုပ်ခ နှုတ်ယူ ပါတယ်။ ဒါ့ကြောင်အိမ်ပြန်မအပ်ခင်အိမ်ခန်းကိုသန့်ရှင်းရေးလုပ်ရပါတယ်။ ဒီစနစ်ကလေးကအလွန်ကောင်းပါတယ်။ မြန်မာပြည်မှာတော့ တစ်ဦးလောက်အိမ်ငှါးလိုက်ရင် အိမ်ငှါးက
ကိုယ့်ပစ္စည်းမဟုတ်ဘူးဆိုပြီးထင်သလိုနေထိုင်ကြတာကြောင့်အိမ်ခန်းပျက်ပြီးကျန်ရစ်ပါတယ်။ ပါရီက
တိုက်ခန်းတွေက ဆောက်ကတည်းကကောင်းကောင်းဆောက်ပြီး၊အိမ်ငှါးစနစ်လေးကလည်း ကောင်း တာကြောင့် တိုက်ခန်းတွေက အနှစ် ၁၀၀၊ ၂၀၀ ကျော်ပေးမဲ့အသစ်လိုကောင်းနေတာတွေ့ရပါတယ်။
ကျမ ဆိုအိမ်ငှါးဖို့အိမ်တွေလိုက်ကြည့်ရင်အိမ်ခန်းတိုင်းကနေချင်စရာလေးတွေကြီးပဲဖြစ်နေပါတယ်။


 
ကျောင်းအ၀င်ပေါက်


 
ကျောင်းဝင်းပန်းခြံ
 
 
 
ကျမနေခဲ့တဲ့ Monoco အဆောင် 
 
 


                                                        တရုပ်နိုင်ငံမှအဆောင်



                                       ပြင်သစ်နယ်မှကျောင်းသားများအဆောင်




ကျောင်းဝင်း
 
 
 
 
 
Tunisia အဆောင်
 
 
 
                                                 ကျောင်းဝင်းအတွင်းသစ်ပင်များ


 
 
 
 
 
 
Canada နိုင်ငံအဆောင်
 
 

 

No comments:

Post a Comment