:include data='blog' name='google-analytics'/>

Monday, November 5, 2012

ရွေးစေ့ (Rosary Pea) တွေမှာလည်းအဆိပ်ပါတယ်။


 
 
 
 
 

ရွေးစေ့ (Rosary Pea) ကို စိပ်ပုတီးပဲ လို့ခေါ်တဲ့အတွက် ဘာသာတရားကိုင်းရှိုင်းတဲ့ အဓိပ္ပါယ် ဆောင်နေပေမဲ့ ရွေးစေ့ထဲမှာပါတဲ့ အဘရင် (abrin) ခေါ်တဲ့အဆိပ်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ အပြင်းဆုံး အဆိပ် ဖြစ်ပါတယ်။ ရွေးစေ့ရဲ့ တောက်ပတဲ့ အရောင်ကြောင့်  စိပ်ပုတီး၊လက်ကောက်၊ ခြေကျင်း ၀တ် (foot chain) စသည်ပြုလုပ်ကြပါတယ်။ အဲ့ဒီလိုပြုလုပ်စဉ် လက်မှာ ဒါဏ်ရာရပြီး လူ အများ အပြားသေဆုံးခဲ့ဖူးပါတယ်။

Trinidad  ခေါ် West Indies လူမျိုးများ ရွေးစေ့နဲ့ပြုလုပ်သော လက်ကောက်၊ ခြေကျင်း   ၀တ် များဝတ်ဆင်ထားခြင်းအားဖြင့် မကောင်းဆိုးဝါးများရဲ့ အန္တရာယ်မှကင်းဝေးစေတယ် လို့ ယုံကြည်ကြ ပါတယ်။ ရွေးစေ့မှာ အနက်၊အဖြူ၊အစိမ်း၊အနီ ဆိုပြီး အရောင် အမျိုးမျိုးရှိပါတယ်။ အနီရောင်နဲ့ အနက် ရောင် မျက်ဆံကတော့ အများဆုံးဖြစ်ပါတယ်။ ရွေးစေ့အပင်တွေဟာနွယ်ပင်မျိုးမှာပါဝင်ပြီး ၁၂ ရာသီ ဖူးပွင့် ပါတယ်။ ရွေးစေ့တွေရဲ့ အလေးချိန်က တစ်သမတ်တည်းရှိတာမို့ အိန္ဒိယပြည်နဲ့ မြန်မာနိုင်ငံ ရွှေချိန်တွယ် ရာမှာ အသုံးပြုကြပါတယ်။

(Siddha medicine)  ခေါ်တဲ့ရှေးကျသော အိန္ဒိယလူမျိုးများအသုံးပြုတဲ့ဆေးမှာတော့ အဖြူမျိုးရဲ့ အဆီကို ပန်းသေပျောက်ဆေး အနေနဲ့ အသုံးပြု ကြပါတယ်။

 

No comments:

Post a Comment