:include data='blog' name='google-analytics'/>

Monday, July 30, 2012

ဦးမောင်မောင်ရဲ့သွေးစီးကြောင်း (bloodstream)။


ကျနော့်အကြောင်းပြောမယ်ဆိုရင်တော့ ကြီးကြီးကျယ်ကျယ်ပြောရပါမယ်။ ကျနော်က ဆက်သွယ်ရေး စစ်စတမ် (communication system) ပါ။ ကျနော်က ကီလိုမီတာ တစ်သိန်းကျော် (၁၁၂၀၀၀) ရှည်ပါ တယ်။ ကမ္ဘာ့လေကြောင်းလမ်းထက်ပိုပါတယ်။

        ကျနော်က ပစ္စည်းပို့တဲ့ ချာတိတ်ဖြစ်တဲ့အပြင် အမှိုက်သိမ်းတဲ့ အလုပ်လည်း လုပ်ပါ တယ်။ ကျနော့် မှာ ဖောက်သည် ကုဋေ ၆သိန်း ရှိပါတယ်။ ကမ္ဘာ့လူဦးရေထက် အဆပေါင်း သောင်းခုနှစ်ထောင် (၁၇၀၀၀) ပိုများပါတယ်။ ကျနော့် ဖောက်သည်တွေက ဦးမောင်မောင်ရဲ့ ဆဲလ်တွေပါ။ ကျနော်က သူတို့ရဲ့ အညစ်အကြေးတွေကိုသိမ်းပေးပြီး သူတို့ အသက်ရှင်သန်ဖို့ လိုအပ်တဲ့ အစားအစာတွေ ဝေငှ ပေးပါတယ်။ ကျနော်က ဦးမောင်မောင်ရဲ့ သွေးကြောတွေ ထဲ မှာစီးဆင်းနေတဲ့ သွေးစီးကြောင်း (bloodstream) ပါ။

ဦးမောင်မောင်က ကျနော့်ကို ခြောက်ကပ်ကပ် နှေးကွေးလေးကန်စွာ စီးနေတယ် လို့ ထင်တယ်။ ကျနော့်ထဲမှာ တစ်ချိန်လုံး ထိန်းမနိုင်သိမ်းမရအောင် သဲသဲမဲမဲ လှုပ်ရှားမှုတွေဖြစ် နေတယ်ဆိုတာ သူ ဘယ်လိုမှ ထင်မိမှာမဟုတ်ဘူး။ သူ မျက်တောင်တစ်ချက် ခတ်လိုက်တဲ့ တစ်စက္ကန့်အချိန်လောက် အတွင်းမှာကျနော့်ရဲ့ တစ်မီလီယံခွဲ ရှိတဲ့ သွေးဥနီတွေ ဟာသူတို့ရဲ့ ရက်ပေါင်း ၁၂၀ သက်တမ်း ရောက်ပြီးမို့ သေဆုံးနေကြတယ်။ အဲ့ဒီအချိန်အတွင်းမှာပဲ သူ့ရဲ့ ရိုးတွင်းချဉ်ဆီတွေ အထူးသဖြင့် နံရိုး၊ ကြောရိုး၊ ခေါင်းရိုးမှာရှိတဲ့ ရိုးတွင်းချဉ်ဆီတွေက သေ သွားတဲ့သွေးဥနီတွေကို အစားထိုးဖို့ တူညီတဲ့ တစ်မီလီယံခွဲရှိတဲ့ သွေးဥနီတွေကို ထုတ်လုပ် နေတယ်။ ဦးမောင်မောင်ရဲ့ ဘ၀တစ်သက်တာမှာ တစ်တန် အလေးချိန်ရှိတဲ့ သွေးနီဥတွေ ထုတ်တယ်။ သွေးဥနီတွေဟာ သူတို့ရဲ့ တိုတောင်းတဲ့ သက်တမ်းအတွင်းမှာ နှလုံးကို အခေါက် ပေါင်း ခုနှစ်သောင်းငါးထောင် (၇၅၀၀၀) ဖြတ်ပြီးသွားကြတယ်။

ကျနော်ဘယ်လို ဦးမောင်မောင်ရဲ့ကိုယ်ခန္ဓာထဲမှာလျှောက်သွားနေသလဲ။ သူ့ရဲ့နှလုံးက ကျနော့်ရဲ့ အဓိက (pump) မှုတ်စက်ဖြစ်ပါတယ်။ ဒါပေမဲ့နှလုံးဟာသိပ်အားကောင်းတဲ့မှုတ်စက် မဟုတ်ပါဘူး။ ဒါကြောင့် နှလုံးက သွေးတွေကို သွေးကြောကြီးတွေအထိပဲ ရောက်စေပါတယ်။ သွေးကြောကြီးတွေရဲ့လှုပ်ရှားမှုကြောင့်သာ ကျနော် ကိုယ်ခန္ဓာရဲ့အစွန်အဖျားပိုင်းဖြစ်တဲ့ခြေတွေ  လက်တွေ အထိရောက် နိုင်တာပါ။ သွေးကြောကြီးတွေက နှလုံးခုန်တဲ့အချိန်မှာ ရောက်လာတဲ့ သွေးတွေကြောင့်ဖေါင်းလာပြီး၊ နှလုံးမခုန်တဲ့အချိန်မှာတော့ သွေးကြောကြီးတွေ ကြုံ့ခြင်းဖြင့် သွေးတွေ ဆက်လက်စီးဆင်းစေပါတယ်။ ကျနော်ရဲ့ သွေးပြန်ကြောတွေဆီရောက်တဲ့အခါမှာ တော့ နှလုံးကမှုတ်ထုတ်လိုက်တဲ့အား (force) လုံးဝ မရှိတော့ပါဘူး။ ဒီအတိုင်းဆို သွေးတွေ နှလုံးကို မပြန်နိုင်ပါဘူး။ ခြေဖျား လက်ဖျားက သွေးတွေအားလုံးနှလုံးကိုပြန်ရောက်အောင် ကျနော့် အပြင်မှာရှိ တဲ့ကြွက်သားတွေကလုပ်ပေးပါတယ်။

ဦးမောင်မောင်ခြေထောက်လှုပ်တာနဲ့ ခြေထောက်မှာရှိတဲ့ သွေးပြန်ကြောထဲက သွေး တွေကို နှလုံးဘက်ကိုပို့ပေးတယ်။ သွေးတွေနောက်ပြန်မကျအောင် သွေးပြန်ကြော ထဲမှာရှိတဲ့ ဆင်နားရွက်လို အဖတ်ကလေးတွေ (valve) ကကာကွယ်ပေးတယ်။ ဒါကြောင့် လမ်းလျှောက် ခြင်းဟာ သွေးအသွားအလာ ကောင်းအောင်လုပ်တဲ့ အကောင်းဆုံးသောလေ့ကျင့်ခန်း ဖြစ်ပါ တယ်။ valve တွေ မလုံ ရင်တော့ သွေးပြန်ကြောတွေ သွေးတွေနဲ့ဖေါင်းလာပြီး သွေးတွေ သွေးပြန်ကြောထဲမှာ ခဲသွားနိုင်ပါတယ်။ အဲ့ဒါ ကို (varicose vein) လို့ခေါ်တယ်။ အမြဲဒုက္ခ ပေးတဲ့ ရောဂါတစ်မျိုးပါပဲ။

ကျနော့်ထဲမှာစီးဆင်းနေတဲ့အရည်ထဲမှာ သွေးဥနီတွေအများဆုံးပါတယ်။ သွေးဥဖြူ၊ သွေးဥမွှားတွေနဲ့ အရည်ထဲမှာပျော်ဝင်နေတဲ့ အဆီ၊သကြား၊ဆား၊အင်ဇိုင်းတွေလည်းပါတယ်။ သွေးပေါင်ချိန်မှန်နေဖို့အတွက်ကျနော်ရဲ့သွေးရည်ဟာ အပြစ်အကြဲ အနေတော် ရှိနေဖို့ လို တယ်။ အန္တရာယ်ကင်းအောင်လို့ ကျနော် ဦးမောင်မောင် သောက်သမျှရေတွေကို စုပ်ယူတယ်။ ပိုတဲ့ရေကိုသာ ဆီးအနေနဲ့၊ ချွေးအနေနဲ့ရော၊ ရှုထုတ်တဲ့လေထဲကနေပါ ထုတ်ပြစ်တယ်။ ရေငတ်တဲ့ အခါမျိုးမှာ ကျနော် ရေတွေကို တစ်စက်မကျန် အကုန်သိမ်းထားတဲ့အပြင် အကူ အညီ ပေးဖို့လဲ အော်တယ်။ ဒါကြောင့် အပြင်းအထန် ဒါဏ်ရာရတဲ့သူတွေ ရေပေးဖို့ အမြဲ တောင်းဆိုကြတာပေါ့။

လူတိုင်းနီးပါး ကျနော့်ရဲ့ အခြေခံ သွေးအမျိုးအစားတွေဖြစ်တဲ့ A,B, AB, O တွေကို သိကြပါတယ်။ ဒါပေမဲ့ကျနော့်မှာ အခြားသွေးအမျိုးအစားတွေဖြစ်တဲ့ M, N, P, Rh စတာတွေ လည်းရှိပါတယ်။ နောက်ထပ်သွေးအမျိုးအစားတွေလည်း အချိန်နဲ့အမျှ ထပ်တွေ့နေတာမို့ တစ်နေ့မှာ ဦးမောင်မောင်ရဲ့  သွေးအမျိုးအစားအပြည့်အစုံဟာ သူ့ရဲ့လက်ဗွေရာလိုပဲ သူ့ရဲ့ ထူးခြားတဲ့ အခြားသူများနဲ့လုံးဝ မဆိုင်တဲ့ အချက်ဖြစ်လာပါလိမ့်မယ်။

အောက်ဆီဂျင်နဲ့အစာတွေကိုဆဲလ်တွေဆီ ဝေပေးဖို့အတွက်ကျနော် မြို့ရေပေးတဲ့ စနစ် မျိုးကို အသုံးပြုပါတယ်။ နှလုံးကသွေးတွေကို တစ်ဖြေးဖြေးသေးသွားတဲ့ သွေးလွှတ်ကြောတွေ ထဲကိုတွန်းထုတ်လိုက်တယ်။ နောက်ဆုံး ပင့်ကူအိမ်လိုသေးမျှင်တဲ့ သွေးကြောမျှင်တွေဆီ ရောက်သွားတယ်။ အဲ့ဒီသွေးကြောမျှင်တွေဟာအလွန်သေးငယ်တာကြောင့် အဲ့ဒီနေရာရောက် ရင် သွေးဥနီတွေ တစ်လုံးချင်းတန်းဆီသွားပြီး၊ ပစ္စည်းတွေ တင်၊ ချတဲ့ အလုပ် လုပ်ကြတယ်။ ဆဲလ်တွေလိုတဲ့ အစာတွေချပေးပြီး သူတို့မလိုတဲ့ အမှိုက်တွေကို တင်ကြတယ်။ ဆဲလ်တွေရဲ့ လိုအပ်တဲ့ပစ္စည်းစာရင်း (shopping list) ကတစ်ခုနဲ့တစ် မတူကြဘူး။ ဆဲလ်တိုင်း အောက် ဆီဂျင်လိုပေမဲ့ တစ်ချို့ဆဲလ်တွေက ကိုဘော့ (Cobalt ) နည်းနည်းသာလိုပြီး တစ်ချို့ကျတော့ သတ္ထုဓါတ်တွေ၊ ဗီတာမင်၊ သကြား၊ဟော်မုန်း၊အဆီ၊အမိုင်နိုအက်စစ်တွေအများကြီးလိုတယ်။ တစ်ချို့ကျတော့လည်း ရေ လောက်ပဲလိုတယ်။

ဦးမောင်မောင် ကျန်းမာရေးလေ့ကျင့်ခန်းလုပ်တဲ့အခါ သူ့ဆဲလ်တွေ အကုန်လုံး အစာ အများကြီး လိုတယ်။ အဲ့ဒီအချိန် သူ့အရေပြားနီလာတာဟာ သူ့ရဲ့သွေးကြောမျှင်တွေ အစွမ်း ကုန် အလုပ်လုပ်နေလို့ ဖြစ်တယ်။ သူအိပ်တဲ့အခါ သူ့ဆဲလ်တွေရဲ့ လိုအပ်ချက်တွေ အနိမ့်ဆုံး ကိုရောက်သွားတယ်။ သွေးကြောမျှင်တွေရဲ့ ၉၀% လည်းပိတ်သွားတယ်။

ဦးမောင်မောင်က သူ့အဆုတ်နဲ့အသက်ရှုတယ်၊ သူ့ပါးစပ်နဲ့အစာစားတယ်၊ သူ့အူလမ်း ကြောင်းကအစာတွေစုပ်တယ်လို့ထင်တယ်။ တကယ်ကအဲ့ဒီအလုပ်တွေအားလုံး သူ့သွေးကြော မျှင်တွေကလုပ်တာ။ ဒါကြောင့်သူ့မိသားစုဆရာဝန်က မျက်စိအတွင်းကြည့်ကရိယာ ( ophthalmoscope) နဲ့သူ့မျက်စိအတွင်းပိုင်းမှာရှိတဲ့သွေးကြောမျှင်တွေကိုကြည့်တာ။ အဲ့ဒီ တစ် နေရာပဲကိုယ်ခန္ဓာရဲ့ သွေးကြောမျှင်တွေကိုမြင်နိုင်တယ်။ သွေးကြောမျှင်တွေပိတ်နေ၊ ဖေါင်း နေရင် သူဒုက္ခရောက်နေပြီ။ သူ ဒုက္ခမရောက်အောင်ကျနော်အမြဲ သတိပေးနေတယ်။

ကျနော့်သွေးတွေ သေနတ်ဒါဏ်ရာကြောင့်ပဲဖြစ်ဖြစ်၊ ဓါးဒါဏ်ရာကြောင့်ပဲဖြစ်ဖြစ် ထွက် ကုန်ရင် ချက်ချင်း သွေးဥမွှားတွေကို ဒါဏ်ရာဆီပို့လိုက်တယ်။ သွေးဥမွှားတွေက သွေးပေါက်ကို ခေတ္တပိတ် လိုက် တယ်။ နောက် ကျနော့်ရဲ့ ခုခံကာကွယ်ရေးတပ်တွေကိုအသုံးချတယ်။ ဖင်ဘရင် (Fibrin) ခေါ်တဲ့ပစ္စည်းနဲ့ ဒါဏ်ရာကို အပြီးပိတ်ပြစ်တယ်။ ကျနော့်ဆီမှာ Fibrin ရှိတယ်။ ဒါပေမဲ့သူ ကောင်းကောင်းအလုပ်မလုပ်ပဲ သွေးကြောမှန်သမျှမှာလိုက်ပိတ်ရင်တော့ တကဲ့ အန္တရာယ်ပဲ။ ဦးမောင်မောင် ချက်ချင်းသေနိုင်တယ်။
         
          ကျနော့် ပိုက်လိုင်းထဲမှာ အပေါက်ဖြစ်သွားရင် ပိုးမွှားတွေဝင်လာပြီး နောက်ထပ် အန္တရာယ် တစ်မျိုး ထပ်ဖြစ်နိုင် တယ်။ ဒါပေမဲ့ ကျနော့်မှာ အဲ့ဒီပိုးတွေကို သတ်နိုင်တဲ့လက်နက်တွေ ဖြစ်တဲ့ အန်တီဘော်ဒီ (antibodies) တွေရှိပါတယ်။ ကျနော့်မှာ အန်တီဘော်ဒီတွေ တစ်သန်းရှိတဲ့ စစ်တပ်နီးပါးရှိတယ်။ သူတို့ထဲမှာ ရာဇ၀တ်မှုကိုလိုက်ပြီး အထူးကျွမ်းကျင်တဲ့ စစ်ဗိုလ်တွေလို လုပ်ဆောင်နိုင်တဲ့ အန်တီဘော်ဒီ တွေလည်း ရှိတယ်။ အန်တီဘော်ဒီတွေရဲ့ ထူးခြားချက်က သူတို့ရဲ့မှတ်ဉာဏ်ပဲ။ ဦးမောင်မောင် ငယ်ငယ်က (၄၁ နှစ်လောက်) က ပါးချိတ် ရောင် ဖူးတာ သူမမှတ်မိပေမဲ့ အန်တီဘော်ဒီတွေကတော့ ကောင်းကောင်း မှတ်မိတယ်။ တကယ်လို့ ပါးချိတ်ရောင်ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်ပိုးတွေ (virus) ၀င်လာရင် အန်တီဘော်ဒီ တွေက (terrier) ခွေးမျိုးတွေ ကြွက်နောက်လိုက်သလိုပဲ ပါးချိတ်ရောင်ဗိုင်းရပ်ပိုးနောက်လိုက်တိုက်တာပဲ။ ဦးမောင်မောင်အနေနဲ့ ဒီတိုက်ပွဲကိုသိမှာမဟုတ်ဘူး။ တိုက်ပွဲပြီးသွားတဲ့အခါ ဗိုင်းရပ်ပိုးရော၊ အန်တီဘော်ဒီ ကိုရော သွေးဥဖြူတွေကစားပြစ်လိုက်တယ်။ ကျနော်က သန့်သန့်ပြန့်ပြန့်နေ တတ်တဲ့သူပါ။ ကျနော့်ဆီမှာ ညစ်ပတ်တာတွေ၊ရှုပ်ပွေတာတွေကို မကြိုက်ဘူးလေ။

          ကျနော့်သွေးကြောတွေကလည်း ထုံဓါတ်တွေကြောင့် မြေပိုက်တွေလိုမာလာနိုင်တယ်။ အဆီတွေ လည်း သွေးကြောတွေထဲမှာစုပုံပြီ သွေးပိုက်လိုင်းကို ကျဉ်းစေ၊ပိတ်စေနိုင်တယ်။ သွေးလွှတ်ကြောတွေ ပိတ်ရင်တော့ ခြေချောင်းတွေပုပ်တာကစပြီး၊ ဥဏှောက်သွေးကြောပြတ် လို့ ကိုယ်လက်သေသွားတာ၊ နှလုံးသွေးကြောပြတ်ပြီး သေဆုံးသည်အထိဖြစ်နိုင်တယ်။

          ကျနော့်ရဲ့သကြားဓါတ်တွေ များလာရင်လည်း ဦးမောင်မောင်ဆီးချိုရောဂါဖြစ်နိုင်တယ်။ သကြား ဓါတ်နည်းသွားပြန်တော့လည်း ဦးမောင်မောင်ရင်တုန်တာ၊ ချွေးပြန်တာ၊ခေါင်းမူးတာ၊ အသားအရေ ဖြူဖတ်ဖြူရော ဖြစ်လာနိုင်ပါတယ်။

ကျနော့်ရဲ့သွေးဥနီတွေနည်းသွားရင် သွေးအားနည်းရောဂါဖြစ်တယ်။ ကျနော်ရဲ့ သွေးဥဖြူတွေဟာ agranulocytosis ခေါ်တဲ့ရောဂါမှာ ရုတ်တရက်ကြီးနည်းသွားနိုင်တယ်။  သွေးဥဖြူတွေဟာ သွေးကင်ဆာ မှာ အလွန်များလာနိုင်သေးတယ်။ သွေးခဲတဲ့ စနစ်တွေ ဖေါက်ပြန်ရင်လည်း hemophilia ခေါ်တဲ့ သွေးထွက်တဲ့ရောဂါဖြစ်တယ်။

ဦးမောင်မောင်အနေနဲ့ ကျနော်သက်သာအောင်ဘာလုပ်ပေးနိုင်ပါသလဲ။ အများကြီး လုပ်နိုင်ပါ တယ်။ သူ့အနေနဲ့ သွေးပေါင်ချိန်မှန်မှန်တိုင်းရမယ်။ သွေးပေါင်ချိန်တက်နေရင် ကျနော်ပြဿနာတက်ပြီ။ ဆေးသောက်ပြီး ဒီပြဿနာကိုရှင်းနိုင်ပါတယ်။ သွေးပေါင်ချိန်ကို အန္တရာယ်ကင်းမဲ့ လဲဗဲ (level) အထိ ရောက်အောင် သူလုပ်ထားနိုင်ပါတယ်။

လေ့ကျင့်ခန်းကတော့ သွေးတွေ မှန်မှန်လှည့်ပတ်ဖို့လိုအပ်တယ်။ အစားအသောက် ဆင်ခြင်ဖို့ လည်း အရေးကြီးတယ်။ အဆီတွေအစားများရင် အသက်တိုနိုင်တယ်။ အတိုချုပ် ပြောရရင် ကျနော့် ကို အခြားအင်္ဂါတွေ ထက်ပိုပြီးဂရုစိုက်သင့်တယ်။ ဒါပေမဲ့သူ ဂရုစိုက်ရကျိုး နပ်မှာပါ။

I am Joe`s body ကိုဆီလျော်အောင်ဘာသာပြန်ပါသည်။

Friday, July 27, 2012

အစာအိမ်ရောဂါသည်များအတွက် သတင်းကောင်း။


Helicobacter pylori ဘက်တီးရီးယားပိုးကို ၁၉၈၂ ခုနှစ်တွင် သြစတေးလျာသိပ္ပံပညာရှင် နှစ်ဦးဖြစ်သည့် Dr Barry Marshall နဲ့ Dr Robin Warren တို့ အစာအိမ်ရောင်ရောဂါ (gastritis) နဲ့ အစာအိမ်ရောဂါ (stomach ulcer) တို့မှာပထမဦးဆုံးရှာဖွေတွေ့ရှိပြီး ဒီဘက်တီးရီး ယားပိုးကြောင့် အစာအိမ်ရောဂါများဖြစ်ပွါးလာကြောင်းတွေ့ရှိသဖြင့် ၂၀၀၅ တွင် နိဘယ်ဆုများ ထိုက်တန်စွာရရှိခဲ့ပါတယ်။

          ကျမတို့ဆေးကျောင်းသူဘ၀ (လွန်ခဲ့တဲ့အနှစ် ၅၀ ကျော်) က အစာအိမ်အနာ ဘာကြောင့်ဖြစ်ရ တယ်ဆိုတာ သေသေချာချာမသိခဲ့ကြပါဘူး။ အစာအိမ်အနာဖြစ်သူများရဲ့ နေပုံထိုင်ပုံ စားပုံသောက်ပုံ စတာတွေနဲ့ အစာအိမ်အနာပိုဆိုးစေတဲ့အကြောင်းတွေကိုသာသိ ခဲ့ကြတာမို့ ဆေးကုသရာမှာလည်း ရောဂါမသိတော့ ဆေးမရှိ ဆိုတာလို ပျောက်ကင်းအောင် မကုသနိုင်ခဲ့ပါဘူး။ ယခုဘာကြောင့်ဖြစ်တယ်ဆို တာသိပြီမို့ ပျောက်ကင်းအောင်ကုသနိုင်မှာဖြစ်ပါတယ်။

          H. pylori ပိုးဘယ်လိုကူးဆက်ပြန့်ပွါးတယ်ဆိုတာကိုတော့ တိတိကျကျမသိသေး ပါဘူး။ ဖြစ်နိုင် တာက ပိုးပါသောရေနဲ့ အစာတွေကတစ်ဆင့်ကူးဆက်တယ်လို့ယူဆပါတယ်။ ရောဂါပိုးရှိသူရဲ့ တံတွေးမှာ ပိုးများကိုတွေ့ရတဲ့အတွက် တိုက်ရိုက်နည်း ဥပမာ ပါးစပ်ခြင်း စုပ်နမ်းခြင်းမှလည်းကူးဆက်နိုင်တယ်လို့ ယူဆ ကြပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၅၀% မှာပိုးတွေရှိနေ တာတွေ့ပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲတိုင်းပြည်  တွေမှာပိုမိုတွေ့ရှိရပါတယ်။ ဒါပေမဲ့ ပိုးရှိတဲ့ သူတိုင်းမှာ အစာအိမ်ရောဂါလက္ခဏာမပြပါဘူး။ ၁၀-၂၀% မှာသာအစာအိမ်ရောဂါလက္ခဏာများတွေ့ရပြီး၊ ၁-၂% သာ ကင်ဆာအထိတိုးတက်ဖြစ်ပွါးတာ   တွေ့ရပါ  တယ်။ ဒါကြောင့် ပိုးက ရောဂါဖြစ်ကာစမှာသာ အရေးပါပြီး အစာအိမ်ရောဂါမှ ကင်ဆာဖြစ်အောင် မလုပ်နိုင်ဘူး လို့ ယူဆကြပါတယ်။
         
Helicobacter pylori ဟာအစာအိမ်မှထုတ်သော ကားရဲ့ ဘက်ထရီ နီးပါးပြင်းတဲ့ အက်စစ်ထဲမှာ နေတိုင်တာဟာ အက်စစ်ကိုခြေဖျက်နိုင်တဲ့အင်ဇိုင်းထုတ်လုပ်နိုင်တာကြောင့် ဖြစ်ပါတယ်။ အဲ့ဒီ အင်ဇိုင်း ကြောင့် အက်စစ်ကိုခြေဖျက်နိုင်တဲ့အပြင် အစာအိမ်မှာရှိတဲ့ဆဲလ် တွေကိုလည်း သေစေနိုင်ပါတယ်။ ဒါကြောင့် အစာအိမ်ရောင်ခြင်းနဲ့ ကြာလာတဲ့အခါမှာ အစာအိမ်မှာအနာ ဖြစ်စေပါတယ်။

          အစာအိမ်ထဲမှာဖြစ်တဲ့အနာကို အစာအိမ်နာ (stomach ulcer) လို့ခေါ်ပြီး၊ အစာအိမ်နဲ့ဆက်တဲ့ ပထမဦးဆုံး အူသိမ်ပိုင်း (Duodenum) ဒူအိုဒီနန် မှာအနာဖြစ်ရင် အူသိမ်အနာ (Duodenal ucler) လို့ခေါ် ပါတယ်။ မြန်မာအများစုကတော့ အစာအိမ်ရောဂါ လို့သာပြောကြပါတယ်။

          အစာအိမ်အနာ ဆိုတာ လက်မှာဖြစ်တဲ့အနာလိုပါပဲ ဒါကြောင့် ”အနာပေါ်ဒုတ်ကျ ” ဆိုတာလို ဆေးလိပ်သောက်ခြင်း၊အရက်သောက်ခြင်း၊လက်လုပ်ချဉ်၊ငရုပ်သီး၊ ငရုပ်ကောင်း၊ အစာကြမ်းများ၊ အစာ မကြေလွယ်သောကောက်ညှင်းစာများ၊ ကျော်လှော်စာများ စားတဲ့အခါ အစာအိမ်အနာပေါ် ဒုတ်ကျ သလို ဖြစ်တာမို့ ဗိုလ်နာခြင်း၊ ဗိုလ်အောင့်ခြင်း စတဲ့ အစာအိမ် ရောဂါရဲ့လက္ခဏာ တွေပိုမို ခံစားရပြီး၊ ပိုမိုဆိုးဝါး တဲ့အခါမျိုးမှာ အစာအိမ်အနာမှသွေးထွက်ခြင်း၊ အစာအိမ်အနာ ပိုမိုနက်ရှိုင်း သွားပြီးအစာအိမ်နံရံပေါက် သည်အထိဖြစ်နိုင်ပါတယ်။ (နာမည် ကျော်အဆိုတော် စိုင်းထီးစိုင်း အစာအိမ်အနာမှ သွေးထွက်ပြီးသေဆုံး ခဲ့တယ်လို့သိရပါတယ်။)

အစာအိမ်အနာ (stomach ulcer)


H.pylori ဘက်တီးရီးယားများနှင့်အစာအိမ်နာ


H.pylori


Helicobacter pylori များအစာအိမ်ထဲမှာ မပေါက်ဖွါးစေတဲ့အစာတွေရှိပါတယ်။ အဲ့ဒါတွေက ကိုရီးယားအနီရောင်ဂျင်ဆန် (ginseng)၊ ရေနွေးကြမ်း၊ ၀ိုင်အနီ၊ ကြက်သွန်ဖြူ နှင့် ပန်းဂေါ် ဖီစိမ်း (broccoli) တို့ဖြစ်ပါတယ်။

Helicobacter pylori က အစာအိမ်အနာ ၈၀% ကိုဖြစ်စေပြီး ကျန်တဲ့ ၂၀ % က အကိုက်အခဲ သောက်ဆေးများဖြစ်တဲ့ asprin, butazolidine စသည် တို့သောက်ခြင်းနဲ့ အစာအိမ်ကင်ဆာတို့ ကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် ဘာကြောင့်ဖြစ်တယ်ဆိုတာ စမ်းစစ်ဖို့ လို အပ်ပါတယ်။ Helicobacter pylori ပိုးကိုသွေး၊ ရှုထုတ်သောလေနဲ့ဝမ်းမှာစမ်းသပ်နိုင်ပါတယ်။

Helicobacter pylori ကြောင့်ဆိုရင်တော့ သူ့ကိုသတ်နိုင်တဲ့ပိုးသတ်ဆေးတွေဖြစ်တဲ့ amoxillin, metronidazol, tetracycline များနဲ့ပိုးသတ်ရပါမယ်။ ပိုးများရှင်းရှင်းပျောက်အောင် ပိုးသတ်ဆေးကို ၁၄ ရက်ခန့်ဆက်သောက်ဖို့လိုအပ်ပါ တယ်။ ပိုးသတ်နေစဉ်နဲ့ အနာကောင်း ကောင်းမကျက်ခင်မှာတော့ အထက်မှာဖေါ်ပြတဲ့ အနာပိုဆိုးစေတဲ့ အစားအစာများ ရှောင်ရပါ မယ်။ ပိုးပြန်မကူးအောင်လည်း အစာစား သောက်တဲ့အခါမှာသန့်ရှင်းလတ်ဆတ်စွာစားသုံးဖို့ လိုအပ်ပါမယ်။ တစ်ချို့ H.pylori များဆေးယဉ်နေ ကြောင်းတွေ့ရတယ်လို့ဆိုပါတယ်။ ဒါကြောင့်ပိုးသေစေတဲ့ဆေးသောက်ဖို့လိုအပ်ပါတယ်။
အနာပျောက်ဆေးများကြောင့်ဖြစ်တာဆိုရင် အနာဖြစ်စေတဲ့ဆေးတွေကိုရပ်ပြစ်ခြင်း၊ လျော့သောက်ခြင်း၊အခြားဆေးဖြင့်ပြောင်းလဲခြင်းများပြုလုပ်ရပါမယ်။

တိုင်းရင်းဆေးများ။
အစာအိမ်ရောဂါနှင့်ကိုယ်တွေ့ ဆိုတဲ့ပိုစ်မှာ ဗံဒါပင်မှအရွက်(မှည့်ရင့်နေသော အနီရွက်)ကို သုံးခွက်တစ်ခွက်တင်ကြိုသောက်ခြင်းကြောင့်ပျောက်ကင်းကြောင်းဖေါ်ပြထားပါတယ်။
         
အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်) ရဲ့ ဆေးမြီးတိုအစွမ်းဆိုတဲ့ပိုစ်မှာ တော့ နေ့တိုင်း ရဲယိုရွက်ကို ရေနွေးဖျောပြီး တစ်နေ့နှစ်ရွက် နေ့စဉ် တို့စားတာ အစာအိမ်ရောဂါ ပျောက်ကြောင။ အစာအိမ်ရောဂါရှိသူများ ရဲယိုရွက်ကို တို့စားခြင်း၊ အခြောက်လှမ်း အမှုန့် ပြုလုပ်ပြီး မှီဝဲခြင်းဖြင့် အစာအိမ်ရောဂါ လက်တွေ့ ပျောက်ကင်းနိုင် ကြောင်း ရေးသား ထား ပါတယ်။

ဖြစ်နိုင်တာက ဗံဒါရွက်နဲ့ ရဲယိုရွက်တို့ ဟာကြက်သွန်ဖြူစသည်တို့လို ပိုး မပွါးစေနိုင်လို့ လိုထင်ပါတယ်။

ကျမကိုယ်တွေ့ပြောရရင် လွန်ခဲ့တဲ့ အနှစ် ၆၀ က ကျမရဲ့အမ အစာအိမ်နာ Gastric ulcer ဖြစ်တဲ့အတွက် အမေရိကန်ဆေးရုံ (နား၊နခေါင်း၊ဆေးရုံဟောင်း) မှာတစ်လတိတိတင်ထားပြီး ၂နာရီတစ်ခါ နူးအောင်ပြုတ်ထားတဲ့ဆန်ပြုတ်ပဲစားရပါတယ်။ ဆေးရုံကဆင်းလာတော့ အနာသက်သာတယ် ဆိုပေမဲ့ ရှင်းရှင်းတော့ မပျောက်ပါဘူး။ သူကြိုက်တဲ့ကောက်ညှင်းပေါင်းစား ရင်ဖြစ်ဖြစ်၊ လက်လုပ်အချဉ် စားရင် ဖြစ်ဖြစ် ရင်ခေါင်းကအောင့်လာပြီး အနှိပ်သည်ဘုကိုရင်ခေါင်း မှာထားပြီးမှောက်အိပ်ထဲ့အထိခံရပါတယ်။ နောက်ပိုင်းဘာဆေးမှ မသောက်ပဲပျောက်သွား တယ်လို့ပြောပါတယ်။ အခု ကောက်ညှင်းပေါင်းစားလဲမနာ တော့ဘူးတဲ့။ ဒါပေမဲ့သူက ရေလုံးဝ မသောက်ဘူး။ ရေအစား ရေနွေးကြမ်းကျကျသာသောက်လေ့ ရှိ ပါ တယ်။ ဆေးသောက်ရမှာ လည်းအလွန်ကြောက်တဲ့အတွက် သူ့ရဲ့လက်သုံးတော်ဆေးက ကြက်သွန်ဖြူပါ၊ ချောင်းဆိုးရင် ဖြစ်ဖြစ်၊ နှာစီးရင်ဖြစ်ဖြစ် ကြက်သွန်ဖြူတို့စားလေ့ရှိပါတယ်။ အခုမှ သူ့ရဲ့အစာအိမ်နာပျောက် ရ ခြင်းအကြောင်းကိုသိရပါတယ်။ တစ်ဆက်ထဲမှာ မြတ်ဘုရားဟောတဲ့ တရားတော်တစ်ပုဒ်ကို အမှတ်ရ မိလိုက်ပါတယ်။ တရားနာမည်အတိအကျတော့ မမှတ်မိပါဘူး။ ဆိုလိုရင်းကတော့ နိဗ္ဗာန်ရောက်လိုကြောင်း ဘယ်လိုပဲဆုတောင်းပေမဲ့ နိဗ္ဗာန်ရောက်ကြောင်းအကျင့်တွေကိုမကျင့်ရင်မရောက်ဘူး။ နိဗ္ဗာန် ရောက် ကြောင်းအကျင့်တွေကိုကျင့်ရင်တော့ ဆုမတောင်းပေမဲလည်းရောက်မှာပဲတဲ့။

ကျန်းမာစွာဖြင့် နိဗ္ဗာန်သောင်ကမ်းတိုင်လျှောက်လှမ်းနိုင်ကြပါစေ။

ကျမ်းကိုး။
၁။ အစာအိမ်ရောဂါနှင့်ကိုယ်တွေ့။ http://lannthit.burmapress.com/2011/06/05/294
ဗာဒံပင်မှအရွက်(မှည့်ရင့်နေသောအနီရွက်)ကိုသုံးခွက်တစ်ခွက်တင်ကြိုသောက်ခြင်း။
၂။ ဆေးမြီးတိုအစွမ်း အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်)။ မေတ္တာရနံ့။
၎။ အစာအိမ်ရောဂါ http://komoethee.blogspot.fr/2012/07/blog-post_6.html


ဖတ်သင့်သောအခြားပိုစ့်များမှကောက်နုတ်ချက်။
ခတ်နဲ့အတူ အစားအသောက်ပြုလုပ်ပုံ၊ စားသောက်ပုံများ ပြောင်းလဲလာခြင်းကြောင့် အစာအိမ်နဲ့ပတ်သက်တဲ့ ရောဂါများလည်း ပြောင်းလဲလာပါတယ်။

စားသုံးသီးနှံများစိုက်ပျိုးရာ၌ဓါတ်မြေသြဇာများနှင့် ပိုးသတ်ဆေးများ သုံးစွဲခြင်း၊ အစားအစာများ တွင် ဆိုးဆေးများ အသုံးပြုလာခြင်း၊ အလွယ်တကူ အသင့်စားသုံးနိုင် သောအစာ (Fast Food) များ စားသုံးလာခြင်း များကြောင့် အစာအိမ်ရောဂါအပြင် အခြား သောခေတ်ပေါ်ရောဂါများဖြစ်ပွါးလာပါတယ်။

အစာအိမ်အတွင်း အဖြစ်များသော ရောဂါများမှာ အစာအိမ်ရောင်ခြင်း အစာအိမ်အနာ နှင့် အစာအိမ်ကင်ဆာတို့ ဖြစ်ပါတယ်ရင်ညွှန့်တွင် ပူလောင်သော နာကျင်မှုကို ခံစားရပြီး အစာစားချိန် လွန်လျှင် သိသာစွာ နာကျင်ကာ အစာကို စားလိုက်ပါက သက်သာသွားလျှင် ၄င်းလက္ခဏာသည် အစာအိမ်အနာနှင့် သက်ဆိုင်သော လက္ခဏာများ ဖြစ်သည်။

အစာအိမ်ရောင်ခြင်းနှင့် အစာအိမ်အနာဖြစ်သောအကြောင်းအရင်းများ
၁။         H. Pylori ရောဂါပိုးရှိခြင်း။
၂။         အကိုက်အခဲပျောက်ဆေးများကို အစာမပါပဲ သောက်ခြင်း။
၃။         ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း။
၎။         အပူအစပ် အသုပ်နှင့် လက်လုပ်ချဉ်များ စားခြင်း။
၅။         အစာစားချိန် မမှန်ခြင်း။
၆။         ကော်ဖီ၊လက်ဖက်ရည် ပြင်းပြင်းသောက်ခြင်း။
၇။         စိတ်ဖိစီးမှုများခြင်း။
H. Pylori  ရောဂါပိုး
အစာအိမ်ကို H. Pylori ပိုးကူးစက်ခံရခြင်းသည် အစာအိမ်အနာဖြစ်ရသော အဓိကအကြောင်းအရင်း ဖြစ် သည်။ အစာအိမ်အနာဖြစ်သောသူများ၏ ၃၀% မှ ၆၀% တို့တွင် H. Pylori ပိုးတွေ့ရှိရပြီး အူသိမ်တွင် အနာဖြစ်သော သူများ၏ ၇၀% ခန့်တွင် H. Pylori ပိုးတွေ့ရှိရသည်။ အစာအိမ်ကင်ဆာ ဖြစ်ပွားစေမှု တွင် လည်း H. Pylori ပိုးသည် ပါဝင်ပတ်သက်မှုရှိနေကြောင်း တွေ့ရှိရသည်။ ၎င်းပိုးများသည် အစာအိမ်ကဲ့သို့ သော အက်ဆစ် ထုတ်လုပ်သည့် ပတ်ဝန်းကျင်တွင် အသက်ရှင်နေထိုင်နိုင်ရန် အတွက် Urease Enzyme ကို ထုတ်လုပ်ပြီး အစာအိမ်၏ pH ပမာဏကို Alkaline ဖြစ်အောင်လုပ်၍ အစာအိမ်အတွင်း ရှင်သန် နေထိုင်ကြသည်။ H. Pylori ပိုးအမျိုးအစား အမျိုးမျိုးရှိ၍ ရောဂါပေးစွမ်းနိုင်သော ဗီဇပါရှိမှု ကွာခြားသဖြင့် ရောဂါဖြစ်မှုလည်း ကွာခြား နိုင်ပေသည်။ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အသက် ၂၀ ကျော်သော လူဦးရေ၏ ၈၀% မှာ H. Pylori ပိုး ကူးစက်ခံနေရပြီး၊ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ၂၀ % မှ ၅၀ % ရှိကြောင်းတွေ့ရသည်။ လေ့လာမှုများအရလူကြီးဘဝထက် ကလေး ဘဝတွင် ကူးစက်ခံရမှု ပိုများကြောင်းတွေ့ရှိရသည်။ H. Pylori ပိုးကူးစက်မှုများစေသော အဓိက အချက်နှစ်ချက်မှာ လူမှုစီးပွားရေးနိမ့်ကျမှုနှင့် ပညာရေးနည်းပါးမှု တို့ ပင်ဖြစ်သည်။  အခြားဖြစ်နိုင်သော အချက် များမှာ အိမ်တွင်လူဦးရေများခြင်း၊ မသန့်ရှင်းသောပတ်ဝန်း ကျင်တွင် နေထိုင်ရခြင်း၊ မသန့်ရှင်းသောရေနှင့် အစား အသောက်၊ ရောဂါပိုးရှိသောလူများ၏ အန်ဖက်များနှင့် ထိတွေ့မိခြင်းတို့ဖြစ်သည်။
အကိုက်အခဲပျောက်ဆေးများ
လူအများ ယေဘုယျအသုံးများဆုံးဆေးများမှာ အကိုက်အခဲပျောက်ဆေးများပင်ဖြစ်သည်။ ဆေးဆိုင် များ တွင်လည်း အကိုက်အခဲပျောက်ဆေးများမှာ အရောင်းသွက်လှပေသည်။ အရပ်အခေါ် ကိုယ်ပူကျဆေး၊ ဖျားနာပျောက်ဆေးများသည်လည်း အကိုက်အခဲပျောက်ဆေး အုပ်စုဝင်များသာဖြစ်သည်။ အကိုက်အခဲပျောက် ဆေးများ၏ ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများကြောင့် နှစ်စဉ်လူပေါင်း နှစ်သောင်းခန့်  သေဆုံးလျှက်ရှိ သည်။
အကိုက်ခဲပျောက်ဆေး (NSAID) များသည် Prostaglandins ထွက်ရှိမှုကို ပိတ်ထားခြင်းဖြင့် နာကျင်မှု ကို သက်သာစေသည်။ ၎င်း Prostanglandins များသည် အစာအိမ်နံရံပေါ်ရှိ ချွဲမြှေးလွှာများ ကောင်းမွန်ခိုင် မာနေစေရန် ထိန်းသိမ်းပေးထားသည်။ အကိုက်ခဲပျောက်ဆေး (NSAID) များကြောင့် Prostanglandins များ နည်းလာသောအခါ အစာအိမ်နံရံပေါ်ရှိ ချွဲမြှေးလွှာများ ပျက်စီးလွယ်၍ အစာအိမ်အနာ ဖြစ်ပေါ် စေ သည်။ ထို့အ ပြင် အကိုက်ခဲပျောက်ဆေး (NSAID) များသည် အက်ဆစ်အပျော့ စားလေးများ ဖြစ် သောကြောင့် အစာအိမ်နံရံ ပေါ်ရှိ ချွှဲမြှေးလွှာများကို တိုက်ရိုက်နည်းအားဖြင့်လည်း ပျက်စီးစေသည်။ Asprin ကဲ့သို့သော ဆေးများကို နေ့စဉ် ၇၅ မီလီဂရမ်ခန့် သောက်သုံးခြင်းသည်ပင် ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်သည်ကို တွေ့ရှိရသည်။အသက်အရွယ်ကြီးခြင်း၊ အစာအိမ်အနာဖြစ်ဖူးခြင်း၊ စတီးရွိုက်ဆေး၊ သွေးကျဲဆေးများနှင့် တွဲသောက် ခြင်း၊ အကိုက်ခဲပျောက်ဆေး ပမာဏများခြင်း၊ အကိုက်ခဲ ပျောက်ဆေး နှစ်မျိုးသုံးမျိုးတို့ကိုတွဲလျက်သောက်ခြင်းတို့သည် အစာအိမ်အနာ ဖြစ်စေနိုင်သော အကြောင်း များဖြစ်သည်။
အရက်သောက်ခြင်း၊ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းသည်လည်း အစာအိမ်ရောဂါကို ဖြစ်စေသော အကြောင်းတစ်ခုဖြစ်သည်။ ဆေးလိပ်သောက်သူများသည် ဆေးလိပ်မသောက်သူများထက် အစာအိမ်အနာ ပိုမိုဖြစ်ပွားရုံသာမက အနာအကျက်နှေးခြင်း၊ နောက်ဆက်တွဲ ဆိုးကျိုးများ ပိုမိုဖြစ်ပွားလွယ်ခြင်းတို့ကိုပါ တွေ့ရှိရသည်။ ဆေးလိပ်မှ ထွက်သော အန္တရာယ်ရှိသော ဒြပ်ပေါင်းများသည် အစာအိမ် နံရံပေါ်ရှိ ချွှဲမြှေးလွှာများ ပျက်စီး လွယ်စေသည်။
အရက်သောက်ခြင်းသည် အစာချေရည် (Gastric Acid) ကို ပိုမိုထွက်စေသည်။ အစာချေရည်သည် အစာအိမ် နံရံပေါ်ရှိ ချွှဲမြှေးလွှာများ ပျက်စီးစေရာတွင် အဓိကအခန်းမှ ပါဝင်သည်။ အစာအိမ် နံရံပေါ်ရှိ ချွှဲမြှေးလွှာများသည် အစာအိမ်နံရံများကို အဓိက ကာကွယ်ပေးထားသူများ ဖြစ်သည်။ ၎င်း အစာအိမ် နံရံပေါ်ရှိ ချွှဲမြှေးလွာများ ခိုင်ခံမှု အားနည်းစေသော အကြောင်းများ အားလုံးသည် အစာအိမ်အနာကို ဖြစ်ပေါ်စေနိုင်သည်။
အစားအသောက်များနှင့် အစာစားချိန်
အစာအိမ်အနာဖြစ်စေသော အကြောင်းများတွင် အစားအသောက်များသည်လည်း အရေးကြီးသော အခန်းကဏ္ဍမှပါဝင်သည်။ အစာမကြေလွယ်သောအစာများ၊ အပူအစပ်များ၊ လက်လုပ်ချဉ်များသည် အစာအိမ်ကို ဒုက္ခပေးနိုင်သော အစားအစာများဖြစ်သည်။ ကော်ဖီသည် အစာမျိုပြွန်အောက်ပိုင်းရှိ ကြွက်သားများကို ပျော့ပျောင်းစေသဖြင့် လေချဉ်တက်ခြင်း ကိုပိုမိုဖြစ်စေနိုင်သည်။ အစာလွန်ခြင်း၊ အစာစားချိန်မမှန်ခြင်းတို့သည် အစာချေရည်များမှ အစာအိမ်နံရံ ချွဲမြှေးလွှာများကို ပျက်စီးစေခြင်းဖြင့် အစာအိမ်အနာ ဖြစ်ပွားစေနိုင်သည်။ စိတ်ဖိစီးမှုများလွန်းခြင်းသည်လည်း အစာစားချင်စိတ် မရှိခြင်း၊ အစာစားချိန်မမှန်ခြင်း၊ ဆေးလိပ်နှင့် အရက် သောက်ဖြစ်လွယ်ခြင်းတို့ကို ဖြစ်စေနိုင်သဖြင့် အစာအိမ်အနာ ဖြစ်ပွားစေနိုင်သည်။
အစာအိမ်ရောင်ခြင်းနှင့် အစာအိမ်နာရောဂါ လက္ခဏာများ
ဗိုက်နာဗိုက်အောင့်ခြင်း၊ ရင်ခေါင်းပူခြင်း၊ ပျို့ခြင်း၊ အော့အန်ခြင်းနှင့် အစာစားချင်စိတ်မရှိခြင်းတို့သည် အစာအိမ်ရောင်ခြင်းနှင့် အစာအိမ်အနာရောဂါလက္ခဏာများဖြစ်သည်။ ဗိုက်နာဗိုက်အောင့်ခြင်းသည် ရင်ညွှန့် အနားတစ်ဝိုက်တွင်ဖြစ်ပြီး ပူလောင်သော သို့မဟုတ် ကိုက်ဖြတ်ခံနေရသော နာကျင်မှုမျိုးဖြစ် သည်။ ကျောနှင့် ရင်နှင့် ညှပ်အောင့်သည်ဟုလည်း လူနာများကပြောပြတတ်သည်။ ၎င်းနာကျင်မှုသည် အစာစားလျှင် သက်သာ ခြင်း၊ ပိုဆိုးခြင်းရှိပါက အစာအိမ်ရောဂါလက္ခဏာဖြစ်သည်။
နောက်ဆက်တွဲဆိုးကျိုးများ
အစာအိမ် သွေးကြောပေါက်ခြင်းသည် အဖြစ်အများဆုံးသော နောက်ဆက်တွဲဆိုးကျိုးဖြစ်သည်။ အသက်ကြီးသောသူများ အထူးသဖြင့် အသက် ၆၅ နှစ်ထက်ကြီးသော သူများတွင် အစာအိမ်သွေးကြော ပေါက် ခြင်း ပိုဖြစ်တတ်သည်။ ကော်ဖီရောင်အန်ခြင်း၊ ကတ္တရာစေးကဲ့သို့ ၀မ်းမဲမဲသွားခြင်း တို့သည် အစာအိမ် သွေးကြောပေါက်ခြင်း၏ လက္ခဏာများဖြစ်သည်။ အစာအိမ်ရောဂါ လူနာများ၏ ၂၀ % သော လူနာများတွင် အစာအိမ်ရောဂါ လက္ခဏာမပြဘဲ အစာအိမ်သွေးကြောပေါက်ခြင်း ဖြစ်သွားသည်ကို တွေ့ရှိ ရသည်။
အစာအိမ်ပေါက်ခြင်းသည် ဒုတိယအဖြစ်အများဆုံး နောက်ဆက်တွဲ ဆိုးကျိုးဖြစ်သည်။ အစာအိမ် ရောဂါ လူနာများ၏ ၆ % မှ ၇% တွင် အစာအိမ်ပေါက်ခြင်း နောက်ဆက်တွဲဆိုးကျိုး တွေ့ရှိရသည်။ ၀မ်းဗိုက် ဖောင်းလာခြင်း၊ ၀မ်းဗိုက်အထိမခံနိုင်အောင်နာခြင်းတို့သည် အစာအိမ်ပေါက်ခြင်း၏ လက္ခဏာများ ဖြစ်သည်။ အစာအိမ် ထွက်ပေါက်ပိတ်ခြင်းသည် အတွေ့ရနည်းသော နောက်ဆက်တွဲ ဆိုးကျိုးဖြစ်ပြီး ၁% မှ ၂% ခန့်သော လူနာများတွင်သာ တွေ့ရသည်။ အစာစားပြီးတိုင်းအန်ခြင်း၊ ဗိုက်ဖောင်းလာခြင်း၊ ၀မ်း ချုပ်ခြင်းတို့သည် အစာအိမ် ထွက်ပေါက်ပိတ်သောလက္ခဏာများဖြစ်သည်။ အစာအိမ်ကင်ဆာသို့ ပြောင်း လဲခြင်းသည် အစာအိမ်အတွင်း အနာဖြစ်သောနေရာ၊ H.Pylori ပိုးကူးစက်မှု၊ အသက်အရွယ်ကြီး ရင့်မှုတို့ ပေါ်တွင် မှုတည်သည်။
ရှောင်ရန်
အစာအိမ်အနာ ဖြစ်ပေါ်လျှင် ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ အပူအစပ်စားခြင်း၊ လက်သုပ်ချဉ် နှင့်အသုပ်များစားခြင်း၊ မာသောအရာများ (ထမင်းကြော်၊အကြော်)၊ အကိုက်အခဲပျောက် ဆေးများ၊ ကော်ဖီ၊ လက်ဖက်ရည် ပြင်းပြင်းသောက်ခြင်းတို့ကို ရှောင်ကြည်ရမည်။
ဆောင်ရန်
အစာကို အချိန်မှန်မှန်စားခြင်း၊ အစာကိုကြေညက်စွာဝါးစားခြင်းတို့သည် သင်၏ အစာအိမ်ကျန်းမာရေး ကို များစွာအထောက်အကူဖြစ်သည်။ အနာဖြစ်ချိန်တွင် အစာပျော့ပျော့ အဖြူထည်စားခြင်းနှင့် နွားနို့သောက် ခြင်းတို့သည် အနာကျက်မြန်စေနိုင်သည်။
ဘ၀နေထိုင်မှုပုံစံ
လူတစ်ဦးမှတစ်ဦးသို့ ရောဂါပိုးကြောင့် ကူးစက်ခြင်းမဟုတ်ဘဲ ကျန်းမာရေးနှင့် မညီညွတ်သော လူမှု ဘဝ နေထိုင်မှုဟန်ပန်များတွင် နေထိုင်ရခြင်းများကြောင့် ဖြစ်ပေါ်လာသော ရောဂါအစုအဝေးကို ကူးစက်မှု မရှိ သောရောဂါများ (Non Communicable Diseases) ဟုခေါ်သည်။ ယနေ့ကမ္ဘာတွင် စုစုပေါင်း သေဆုံးမှု၏ ၆ဝ ရာခိုင်နှုန်းသည် NCDs ရောဂါများကြောင့်ဖြစ်ပြီး ၎င်းသေဆုံးမှု၏ ၈ဝ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးဆဲ နိုင်ငံများ တွင်ဖြစ်သည်။ နေ့စဉ်ဘ၀ နေထိုင်မှုပုံစံတွင် အန္တရာယ်အမူအကျင့် (Behavior Risk Factors) များဖြစ် သည့် ဆေးလိပ်သောက်ခြင်း၊ ဆေးရွက်ကြီးငြုံခင်း၊ ကွမ်းစားခြင်း၊ ကျန်းမာရေးနှင့် မညီညွတ်သော အစား အသောက်များစားခြင်း၊ ကိုယ်ကာယလေ့ကျင့်ခန်းလှုပ်ရှားမှုနည်းခြင်း၊ အရက်ကိုအလွန်အကျွှံ သောက်ခြင်း တို့သည် ကျန်းမာရေး၊ လူမှုရေးပြဿနာများ ဖြစ်ပေါ်စေသည့် အဓိကအကြောင်းအရင်းများ ဖြစ်သည်။
အစာအိမ်ရောဂါသာမက အခြားသောရောဂါများ မခံစားရစေရန် ဆေးလိပ်လုံးဝမသောက်၊ အရက် ကို လုံးဝမဖြတ်နိုင်သည့်တိုင် အရက်ကိုချင့်ချိန်သောက်၊ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းကို နေ့စဉ်နာရီ ဝက်ခန့် မှန်မှန်လုပ်ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များစားခြင်းဆိုသော ဘဝနေထိုင်မှုပုံစံ’ (Life Style) ပြောင်းလဲပစ်ဖို့လိုသည်။ အထူးသဖြင့် နေ့စဉ်စားသုံးသည့် အစား အသောက် များတွင် သရက်သီးမှည့်၊ သင်္ဘောသီးမှည့်စသော အဝါရောင်သစ်သီးများ၊ ဒန့်သလွန်ရွက်၊ ကန်စွန်းရွက်စသည့် အစိမ်းရင့်ရောင် ဟင်းရွက်များ၊ ရွှေဝါကန်စွန်းဥ၊ မုန်လာဥနီ စသော အဝါရောင်နှင့် အနီရောင် သစ်ဥသစ်ဖုများကို ရွေးချယ်ပြီး ဖောဖောသီသီ စားသုံးသင့်သည်။ အဆီမျိုးစုံကို တတ်နိုင်သမျှ ဆင်ခြင်၍စားရမည်။ ကြက်ဥ၊ ထောပတ်၊ အသည်း၊ ကျောက်ကပ်စသည့် ပြည့်ဝဆီများသည့် အစာများကို တတ်နိုင်သမျှရှောင်သင့်သည်။ အငန်ကို ဆင်ခြင်ပြီး အိုင်အိုဒင်းဆားများကိုသာစားရမည်။ အချိုရည်ကို လည်း တတ်နိုင်သမျှ ရှောင်ရမည်။ သို့မှသာ ကူး စက် မဟုတ်သော ရောဂါများကြောင့်ဖြစ်ပေါ်လာသော ရောဂါဖြစ်ပွားမှု၊ မသန်မစွမ်းဖြစ်မှုနှင့်  အရွယ်မရောက်မီ သေဆုံးမှုများ လျော့နည်းလာမည် ဖြစ်ပါ တော့ သည်။
နေ၀င်းအောင်

အစာအိမ်ရောဂါ http://komoethee.blogspot.fr/2012/07/blog-post_6.html

ဗက်တီးရီးယား ကြောင့်ဆိုတာကိုတွေ့ တဲ့အတွက် ဗက်တီးယီးယားကိုသတ်တဲ့ ပိုးသတ်ဆေးတမျိုးကို တလလောက်တိုက်တော့မှ လုံးဝ ပျောက်ကင်းသွားတယ်။ ဂျပန် ဆရာဝန်တယောက်က လည်း ကျနော် ရဲဘော်တယောက်ကိုဒီလိုနည်းမျိုး နဲ့ ကုသပေးလို့ လုံးဝပျောက်သွားတယ်လို့ ဆိုတယ်။ သူက ဗိုက်အောင့် လို့  ဂျပန်ဆရာဝန်ကိုပြတဲ့အခါမှာ ဆရာဝန်က သွားဆိုက်ဆရာဝန်ဆီကို သွားပြီး သွားတွေကို ခြစ် ထုတ် ပြစ်ဖို့   ညွန်ကြားလိုက်ပါတယ်။ သွားတွေကြားမှာ ဗက်တီးယီးယားရှိနေတယ်။ ကျနော်တို့ မြန်မာ အများ စုက သွားကို ခြစ်ထုတ်လေ့မရှိပါ။ တချို့က ပိုက်ဆံရှိသော်လည်း နစ် ၃၀ မှ တခါခြစ်ကြတယ်လို့ သိရပါ တယ်။  ထိုင်းနိင်ငံမှာ တနစ်တခါလောက် ခြစ်ကြတယ်။ အမေရိကန်တို့ ဂျပန် မှာတော့ ၆ လ တခါခြစ် ပါတယ်။  သွားထဲမှာ ခိုအောင်းနေတဲ့ဗက်တီးယီယားက ညဖက်အိပ်ချိန်မှာ သရေနဲ့အတူ ဗိုက်ထဲကိုဝင် ပါတယ်။ 

 

Monday, July 23, 2012

ကျနော်က ဦးမောင်မောင်ရဲ့ အစာအိမ်ပါ။


ဦးမောင်မောင်က ကျနော့်ကိုသိပ်အရေးကြီးတယ်လို့ထင်တယ်။ တကယ်က ကျနော်က သူ့အစာ တွေကို ခေတ္တသိမ်းဆည်းပေးထားရုံလောက်ပါ။ ကျနော့်ကြောင့် သူတစ်နေ့ကို ၃ ခါပဲစားဖို့လိုပါတယ်။ ကျနော်မရှိရင်တော့ တစ်နေ့ ၆ ခါထက်မနည်း စားရပါလိမ့်မယ်။ အစာခြေတဲ့ကိစ္စကို အူသိမ်က အများ ဆုံးလုပ်ပေးပါတယ်။

ကျနော်က အသားတုံးတွေကို သေးသေးလေးတွေဖြစ်အောင်လုပ်ပေးပါတယ်။ နောက်ဆုံး ကိုယ် ထဲစုပ်လို့ရတဲ့အထိကိုတော့ အူသိမ်ကပဲလုပ်ပါတယ်။ တခြားအစာတွေဖြစ်တဲ့ ကဆီဓါတ်နဲ့ အဆီဓါတ် တွေကိုလည်းအူသိမ်ကပဲခြေဖျက်ပါတယ်။

          ကျနော့်မှာစိတ်ဝင်စားစရာအသွင်အပြင်မရှိပါဘူး။ အပြင်ပန်းက ချောမွေ့တဲ့ပန်းရောင်ဖြစ်ပြီး အတွင်းပိုင်းမှာတော့ တောက်ပတဲ့ ကတီပါးလှိုင်းလိုမျိုးတွေဖြစ်ပါတယ်။ ကျနော်က နံရိုးတွေရဲ့ အောက် နားက ဗိုလ်ထဲမှာရှိပါတယ်။ ကျနော့်မှာအစာမရှိတဲ့အခါ ပြားခြပ်နေတဲ့ဘောလုံးနဲ့တူပြီး၊ အစာနဲ့ပြည့်နေ ရင်တော့ ဗိုလ်ထဲမှာအစောင်းလိုက်လေး ရှိနေပါတယ်။ ကျနော်ရဲ့အပေါ်ပိုင်းကကြီးပြီး၊ အောက်ပိုင်းက သေးပါတယ်။ ဗိုလ်ဖေါင်းနေတဲ့ အင်္ဂလိပ်အက္ခရာ J နဲ့တူပါတယ်။












ကျနော်က ၂ လီတာလောက်လက်ခံနိုင်ပါတယ်။ ကျနော်က ဦးမောင်မောင်ထင်သလို သိပ် အရေးပါတဲ့အင်္ဂါမဟုတ်ပေမဲ့ သူသက်တောင့်သက်သာရှိအောင်စွမ်းဆောင်ပေးပါတယ်။ ကျနော့် မှာ တစ်နေ့ကို အစာခြေရည် ၃ လီတာထုတ်ပေးတဲ့ ၃၅ မီလီယံ အကျိတ်အိပ်တွေရှိပါတယ်။ အစာခြေရည်
မှာ ဟိုက်ဒရိုကလိုရစ်ခေါ်တဲ့ အက်စစ်အများဆုံးပါ ၀င်ပါတယ်။ ဟိုက်ဒရိုကလိုရစ်အက်စစ်က ပက်ဆင် ဆိုတဲ့ အစာခြေအင်ဇိုင်း ကိုထုတ်စေပါတယ်။ ပက်ဆင် (pepsin enzyme) သာမရှိရင် ဦးမောင်မောင် ကြိုက်တဲ့ အမဲသား (steak) တွေစားဖို့ခက်အုံးမယ်။ ကျနော့်အကျိတ်အိပ်တွေက တခြားအင်ဇိုင်းတွေကို လည်းထုတ်သေးတယ်။ ဥပမာ ခဲနေတဲ့နို့ကနေ အစာခြေလွယ်တဲ့ နို့ဓမ်းကြည်(ဒိန်ရည်) နဲ့ ဒိန်(cheese) ကိုပြောင်းပေးတဲ့ အင်ဇိုင်းတွေဖြစ်ပါတယ်။

          လူတွေကထင်တယ်ကျနော်က ထောပတ်ချက်လုပ်တဲ့စည်လို အလွန်ကြမ်းတမ်းတယ်၊ ဦးမောင်မောင်စားသမျှကိုခြေဖျက်နိုင်တယ်လို့။ မဟုတ်ပါဘူး။ သူညစာ စားတဲ့အခါ အစာတွေက
တစ်လွှာပြီးတစ်လွှာရောက်လာတယ်။ ဥပမာ ပုဇွန်ဟင်းချို ပထမရောက်လာတယ်။ နောက် အသား
တွေ၊အားလူးတွေ၊အသီးအရွက်တွေ၊ နောက်ဆုံးမုန့်တွေ။ ပထမဦးဆုံး ကျနော့်ကိုယ်နဲ့ ထိနေတဲ့ ပုဇွန် ဟင်းချိုပေါ်မှာ အရင်လုပ်ငန်းစလုပ်ပါတယ်။ ကျနော့်မှာရှိတဲ့ကြွက်သားတွေညှစ်လိုက်ရင် လှိုင်းတွေ အပေါ် ကအောက်အထိပြန့်သွားပြီး၊ အစာတွေကို အစာခြေရည်နဲ့သမသွားအောင်လုပ်တယ်။ ခဏကြာတော့ အစာတွေ ပျစ်ခဲတဲ့ ကော်လိုဖြစ်သွားတယ်။ အဲ့ဒီ့ကော်လိုအစာတွေကို အူသိမ်ထဲကို တဖြည်းဖြည်းချင်း      ပို့ပေးတယ်။ ဒီနေရာကအရေးကြီးတယ်။ ဘာလို့လဲဆိုတော့ ကျနော့်ဆီက အက်စစ်တွေ အူသိမ်ထဲ အများကြီးရောက်သွားရင် အူသိမ်နံရံကိုစားပြစ်မှာ။ ဒါကြောင့်လည်း ဒီနေရာမှာ အနာပေါက် (ulcer) တွေ အဖြစ်များတာ။ ကံကောင်းထောက်မစွာ ကျနော့်မှာ (pyloric valve) ခေါ်တဲ့ အပေါက်ကျဉ်းလေး ရှိလို့ အစာတွေက နည်းနည်းချင်းပဲအူသိမ်ကိုရောက်တယ်။ ရောက်ရောက်ချင်းအူသိမ်မှာရှိတဲ့ (alkali) ခေါ်တဲ့ ဓါတ်က အက်စစ်ဓါတ်တွေကိုခြေဖျက်လိုက်တယ်။

ခြေထားတဲ့ အားလူးအတွက်တော့ ကျနော်လုပ်ဖို့ မိနစ်အနည်းငယ်ပဲလိုပါ တယ်။ အသားတွေ အတွက်တော့အချိန်ပိုလိုတယ်။ အသီးအရွက်အတွက်ဆို အသားထက်အချိန်ပိုလိုတယ်။ ဘယ်လောက် အချိန်ကြာလဲဆိုရင်ပြောရခက်တယ်။ ဦးမောင်မောင်ရဲ့ စိတ်အခြေအနေ (mood) ပေါ်အများကြီးမူတည် တယ်။ များသောအားဖြင့် ၄ နာရီလောက်ကြာပါတယ်။ ဒါပေမဲ့ ၂၄ နာရီအထိလည်းကြာနိုင်တယ်။

အဆီများတဲ့အစာတွေက ပိုဒုက္ခပေးတယ်။ ဥပမာ သူ မနက် ၇ နာရီမှာ နံနက်စာကို ကြက်ဥ၊ ထောပတ်၊မလိုင်၊အသားတွေစားတယ်ဆိုရင်။ အူသိမ်က ဟောမုန်း တစ်မျိုးထုတ်တယ် အဲ့ဒီဟောမုန်း ကကျနော့်ရဲ့ကြွက်သားတွေကိုနှေးစေတယ်။ ဒါကလဲ အူသိမ်က များပြားတဲ့ အဆီတွေကို ချက်ချင်း မခြေ ဖျက်နိုင်လို့ ဘရိုက်လိုမျိုး ပြုလုပ်ခြင်းဖြစ်ပါတယ်။ ဒါကြောင့်ဦးမောင်မောင် နေ့လည်စာ စားဖို့ထိုင်တဲ့ အချိန်မှာ ကျနော်က သူ့နံနက်စာရဲ့ လေးပုံတစ်ပုံကိုခြေနေရတုံးရှိသေးတယ်။

ကျနော့်အလုပ်ကိုနှောင့်နှေးစေတဲ့နောက်အကြောင်းတစ်ခုက အအေးဓါတ်ပဲ။ သူ အိုင်စကင် တစ်ပန်ကန်ပြားကြီး စားမယ်ဆိုရင် ကျနော့်ရဲ့ အပူချိန် ၂၀ ဒီဂရီဖါရင်ဟိုက်အထိကျနိုင်တယ်။ အဲ့ဒီ အပူ      ချိန်မှာ ကျနော့် လုပ်ငန်းတွေအားလုံးရပ်သွားတယ်။ နဂိုအပူချိန်ပြန်ရောက်ဖို့ နာရီဝက်လောက်လိုတယ်။ ဒါပေမဲ့ ဘာဒုက္ခမှတော့ မဖြစ်ပါဘူး။ ကျနော့်အတွက် ဘာမှ အရေးတကြီးလုပ်စရာမလိုပါဘူး။ ကျနော်က အေးအေးလူလူ နေတတ်ပါတယ်။ အသဲ၊နှလုံး၊အဆုတ်၊ကျောက်ကပ်တွေက ၂၄ နာရီအလုပ်လုပ်ရတာ။ ကျနော်က သူအိပ်ရာဝင်ရင်အလုပ်ပြီးပြီ၊ သူလဲအိပ် ကျနော်လည်းအိပ်ပဲ။

          တစ်ခုမေးစရာရှိတယ်။ ကျနော်က အသားဓါတ်တွေခြေဖျက်တယ်ဆိုတော့ ဘာဖြစ်လို့ ကျနော့် ကိုယ်ကျနော်ပြန်မခြေပြစ်တာလဲ။ ကျနော်က ကျနော့်အလုပ်ကို လိမ်မာပါးနပ်စွာလုပ်တယ်။ ကျနော့် ကိုယ်ထဲမှာ ကျနော့်ကို ကာကွယ်ပေးတဲ့ အချွဲလွှာရှိတယ်။ အဲ့ဒီအချွဲတွေကိုခြစ်ထုတ်လိုက်ရင်တော့
ကျနော်ကိုယ် ကျနော်ပြန်စားတဲ့သူ ဖြစ်သွားမှာ။

          နောက်ထူးဆန်းတဲ့အချက်က ကျနော်က ဦးမောင်မောင်ရဲ့စိတ်အခြေအနေကိုရောင်ပြန်ဟပ် တယ်။ သူ့မျက်နှာ ဒေါသကြောင့်နီရဲလာရင် ကျနော်လည်းနီလာတယ်။ သူကြောက်ပြီး ဖြူဖတ်ဖြူရော ဖြစ်လာရင် ကျနော်လည်းဖြူသွားတယ်။ သူ ဘောလုံးပွဲကြည့်ပြီး စိတ်လှုပ်ရှားနေရင်ကျနော့်ကြွက်သား တွေလည်း အလွန်လှုပ်ရှားလာတယ်။ အစာခြေရည်တွေလည်း သုံးဆလောက် ပိုထွက်လာတယ်။
သူကြိုက်တဲ့ ဟင်းနံ့ ရရင် (၀ါ) အရသာရှိတဲ့အစားအစာတွေ တွေ့ရင်လည်းကျနော်အလုပ်စလုပ်ပြီ။ သူက အဲ့ဒါကို ဗိုလ်ဆာတာလို့ ပြောတယ်။ သူပြောတာမှန်ပါတယ်။

သူစိတ်မချမ်းသာရင် ကျနော်လည်း သူ့လိုပဲ ခံစားရတယ်။ ကျနော်ကြွက်သားတွေ နှေးသွားတယ်။ အစာခြေရည်တွေလည်း သိပ်မထွက်တော့ဘူး။ ဒါပေမဲ့ ထုံစံအတိုင်း သူအစာစားရင် အစာတွေကျနော့် ထဲမှာ ဒီအတိုင်းရှိနေတယ်။ အဲ့ဒီအခါဗိုလ်ဖေါင်းပြီး မအီမသာဖြစ်စေတယ်။ ဒီလိုအချိန်မျိုးမှာ မစားတာ ကောင်းတယ်။

          စိတ်ပူတဲအအခါ ဒုက္ခတစ်မျိုးဖြစ်တယ်။ အက်စစ်တွေအများကြီးထွက်လာပြီး အနာပေါက် တွေ ဖြစ်စေတယ်။ သူ့အနေနဲ့စိတ်ပူစရာရှိရင် သူ့ရဲ့စားနေကျအကျင့်ကိုပြင်ရမယ်။ အစာကြေလွယ်တဲ့ အစာ တွေကိုနည်းနည်းချင်း ခဏခဏစားပေးရမယါ။ ဒါမှ များနေတဲ့အက်စစ်ဓါတ်တွေကို ပြေပျောက်စေမှာ။ တကယ်က သူ့မှာအနာပေါက် အသေးလေးဖြစ်ဖူးတယ်။ သူတောင်မသိဘူး။ လူတော်တော်များများ မှာ အဲလိုမျိုးဖြစ်တတ်ပါတယ်။ သူကော်လိပ်ကျောင်းသားဘ၀ စာမေးပွဲဖြေခါနီးတုန်းကပေါ့။ သူ သိပ်စိတ်ပူ တယ် အဲ့ဒီတော့အက်စစ်တွေပိုထွက်လာတယ်။ အက်စစ်တွေက ကာကွယ်ထားတဲ့ အချွဲလွှာကနေ ထွက် သွားတယ်။ သူဗိုလ်နည်းနည်း နာတယ်။ ဒါပေမဲ့သူက အစာစားတာနည်းလို့ လိုထင်တယ်။ စာမေးပွဲပြီး သွားတာနဲ့ သူလည်း စိတ်မပူတော့၊ အက်စစ်လဲအထွက်နည်းသွားတာမို့ ကျနော် အချွဲတွေ ပိုထုတ်ပြီး အနာကိုကုစားလိုက်နိုင်တယ်။

အနာပေါက်နဲ့ ကင်ဆာရောကကလွဲရင်ကျနော့်မှာသိပ်ကြီးကြီးကျယ်ကျယ်ဘာမှမဖြစ်ပါဘူး။ ငါးအရိုးဆူးရင်ကျနော် ၂၄ နာရီအတွင်းပျောက်အောင်လုပ်နိုင်ပါတယ်။ အရေပြားပေါ်မှာသာဆိုရင် အဲ့ဒီလိုအနာမျိုးဆို တစ်ပတ်လောက်ကြာမှာ။ ရေသန့်ထဲမှာ သိုးနေတဲ့ အသားတစ်တုံးနဲ့ ပိုးမွှားတွေ (Microbes) ထဲ့လိုက်ရင် ပိုးမွှားတွေပျော်နေကြလိမ့်မယ်။ အဲ့ဒီလိုပဲ သိုးနေတဲ့ အသားတစ်တုံးနဲ့ ပိုးမွှား တွေကျနော့်ဆီရောက်လာရင် အစာခြေရည်ထဲမှာပျောက်ကွယ်သွားလိမ့်မယ်။ သူ့အနေနဲ့စိတ်ပူရမှာက အစာခြေရည်ကို ခံနိုင်ရည်ရှိတဲ့ပိုးမွှားတွေပဲ။ အထူးသဖြင့်တော့ H.pylori ခေါ်တဲ့ ဘက်တီးရီးယားပိုးပဲ။ ဒါကြောင့် သူကျန်းမာရေးအခြေခံမကောင်းတဲ့ (poor sanitation) နေရာတွေသွားတဲ့အခါ စားတဲ့ အစာကို ဂရုစိုက်ရမယ်။

          တစ်ချို့အစာတွေကကျနော့်ကို ကလိတယ်။ အထူးသဖြင့် ငရုပ်သီး၊ အကျော်အလှော်၊ ကောက်ညှင်း၊  လက်လုပ်ချဉ်၊ ငရုပ်ကောင်းတွေ။ mustard နဲ့ horseradish ကလည်းနည်းနည်း ကလိ နိုင်တယ်။ အဲ့ဒါတွေကျနော့်ကိုထိရင် ကျနော် နီရဲလာပြီးရောင်ရမ်းလာတယ်။

          ကော်ဖီ၊ဆေးလိပ်နဲ့အရက်ကကျနော်ရဲ့အက်စစ်ထုတ်လုပ်မှုကိုတိုးမြင့်စေတယ်။ martinis တစ် ခွက်လောက်ဆို အက်စစ်နှစ်ဆထွက်တယ်။ ဒါကြောင့် အနာပေါက်ရှိတဲ့သူတွေ အဲ့ဒီ အစာအသောက် တွေကို ရှောင်ရတာ။ ကျနော်ကသူ့ကိုဆေးလိပ်နဲ့အရက်လုံးဝဖြတ်ဖို့ပြောတာမဟုတ်ပါဘူး။ သူ နည်းနည်း လျော့မယ်ဆိုရင် ကျနော်နေရထိုင်ရတာသက်သာမှာ။ သူ့အတွက်လည်း အလုပ်တွေပိုပြီး ကောင်းကောင်း လုပ်ပေးနိုင်မယ်။ တကယ်လို့သူကော်ဖီမဖြတ်နိုင်ဘူးဆိုရင် ကော်ဖီကို နို့ နဲ့ရော သောက်သင့်တယ်။

သူကဆေးသောက်တာ ၀ါသနာပါတယ်။ ကျနော်လိုလို မလိုလို သူက သောက်ချင်သောက်တာ။ များသောအားဖြင့်ကျနော့်အတွက်ဆေးမလိုပါဘူး။ တကယ်က ဘယ်ဆေးဖြစ်ဖြစ် ကျနော့်ကို ကလိကြ တာပဲ။ ဥပမာ ကျနော့်လို ကျန်းမာတဲ့ အစာအိမ်တောင် ခေါင်းကိုက်ပျောက်ဆေး အက်ပရင် (aspirin) သောက်တာများရင် အပ်ပေါက်ရာလောက်သွေးတွေ ထွက်နိုင်တယ်။ ခဏခဏမဖြစ်ရင်တော့ ကိစ္စ မရှိ ပါဘူး။ နောက်တစ်ချက်က သူက အက်စစ်အစာအိမ် အတွက်ဆိုပြီး ဆိုဒါ သောက်တတ်တယ်။ ဒါပေမဲ့ ဆိုဒါက သွေးထဲကိုချက်ချင်း ရောက်သွားတယ်။ ခဏခဏသောက်ရင် alkalosis ခေါ်တဲ့ အယ်ကာလီ များတဲ့ သွေးဖြစ်စေတယ်။ alkalosis က acidosis ခေါ်တဲ့အက်စစ်များတာထက်ပိုဆိုးတယ်။ alkalosis ဖြစ်ရင်ကျောက်ကပ်ကိုဒုက္ခပေးတယ်။ ကောင်းတာက သွေးထဲကိုမရောက်နိုင်တဲ့ အက်စစ်ခြေဖျက်ပစ္စည်း ဥပမာ magnesia တို့ aluminium တို့ သောက်သင့်တယ်။

သူက တော်တော်များများကိစ္စတွေမှာကျနော့်အပြစ်မဟုတ်ဘဲကျနော့်ကိုအပြစ်တင်လေ့ရှိတယ်။
ဥပမာ အရှက်ရစေတဲ့ဗိုလ်ထဲကအသံတွေ။ ဒီအသံတွေကအူသိမ်ထဲကလာတာ။ ကျနော်က ဓါတ်ငွေ့ မထုတ်ပါဘူး။ သူလေဂျင်တက်တာကလည်း ဆူတဲ့အရည်တွေသောက်လို့(၀ါ) အစာစားရင်း လေတွေ   ရူသွင်းလိုက်လို့ပါ။ သူအေးအေးဆေးဆေးစားမယ်ဆိုရင်မဖြစ်ဘူး။ အံတာက အစားမတော်ရင် (၀ါ) အရက်သောက်လို့ပါ။ ထူးဆန်းတာက အံတာ ကျနော့်ကြောင့်မဟုတ်ဘူး။ ဥဏှောက်ကလုပ်တာ။ ဗိုလ်နဲ့ ရင်ပတ်ကကြွက်သားတွေကကျနော့်ကိုဝိုင်ညှစ်ကြတာ။ ကျနော့်ရဲ့အပေါ်မှာရှိတဲ့ cardiac valve ခေါ်တဲ့ အစာပြွန်နဲ့ဆက်တဲ့ အပေါက်ပွင့်သွားတယ်။ ကျန်တာတော့ခင်ဗျားတို့သိပါတယ်။

          heartburn လို့ပြောတဲ့ ရင်ပတ်ရိုးနားမှာ ပူလောင်တာက တခြားအကြောင်းကြောင့်ပါ။ ဘီယာ သောက်တာများသွားရင် အူသိမ်ထဲပွင့်တဲ့အဆို့ (pyloric valve) ကောင်းကောင်းမပွင့်ဘူး။ ဒီတော့ အစာ တွေအူသိမ်ထဲ မရောက်ဘူး။ (gas) ဂစ်တွေဖြစ်ပြီး အပေါ်တက်တယ်။ ဂစ်နဲ့ အတူ အက်စစ်တွေပါ အပေါ် တက်လို့ ပူတဲ့ ခံစားမှု ဖြစ်တာ။ သိပ်စိုးရိမ်ရတဲ့ကိစ္စမဟုတ်ပါဘူး။

သူကြားဖူးပါတယ်အစာစားပြီးအားကစားလုပ်တာအန္တရာယ်ရှိတယ်လို့။ သူအဲ့ဒီအကြောင်းကို  မေ့ ထားသင့်တယ်။ ပြင်းပြင်းထန်ထန်လုပ်တဲ့ လေ့ကျင့်ခန်းတွေက ကျနော့်လုပ်ငန်းတွေကို ရပ်နိုင်ပေမဲ့ သက်တောင့်သက်သာလုပ်ရတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေက ကျနော်လုပ်ငန်းကို အထောက်အကူပြု ပါတယ်။ ဥပမာ ထမင်းစားပြီးအညောင်းပြေအညာပြေလမ်းလျောက်တာမျိုးက ကျနော့်လုပ်ငန်းတွေကို ထက်မြက်စေတယ်။

လူတိုင်းလိုက်နာသင့်တဲ့ ဥပဒေတစ်ခုရှိတယ်။ တစ်နာရီထက်ပိုကြာတဲ့ ဆူးရှတဲ့ နာကျင်မှု ကျနော့်ဆီကလာရင်တော့ ဆရာဝန်ခေါ်ပါ။ လူတော်တော်များများက အဲ့ဒီအနာကို အစာအိမ် အနာ လို့ထင်ကြတဲ့အတွက် နှလုံးရောဂါနဲ့သေဆုံးကြရတယ်။

ကျနော့်ဆီကလာတယ်ဆိုတဲ့ အနာကလည်း များသောအားဖြင့် သဲခြေအိပ်မှာ ကျောက်တည်လို့ ဖြစ်တာပါ။ အစာအိမ်အနာက ခဏလေးနဲ့ပျောက်ပါတယ်။

ကျနော့်ကို အများဆုံး အစော်ကားခံရတဲ့အင်္ဂါလို့ပြောကြတယ်။ အဲ့ဒါမှန်တယ်။ ကျနော့်ကို အစော် ကားခံရဖို့ တည်ဆောက် ထားတာပဲလေ။ တကယ်လို့ သူသာ ကျနော့်ကို နည်းနည်းပါးပါး ဂရုစိုက် မယ် ဆိုရင် သူ့ကို ဒုက္ခမပေးပဲ တစ်သက်လုံးအလုပ် လုပ်ပေးနိုင်ပါတယ်။ ကျန်တဲ့အင်္ဂါတွေ ကျနော့်လိုမျိုး လုပ်ပေးနိုင်ပါ့ မလား။

Friday, July 20, 2012

ပဲဇင်းငုံနဲ့ ကိုယ်ဖောရောင်ရောဂါ။

ပန်းကမ္ဘာ ၀က်ဆိုက်မှာ တောင်တန်းသာသနာပြုဆရာတော်ကြီးဦးဥတ္တမသာရရဲ့ကိုယ်တွေ့ ကိုယ်ဖောရောင်ရောဂါကို ပဲဇင်းငုံပြုတ်စားခြင်းဖြင့် ရောဂါသက်သာပျောက်ကင်း သွားတဲ့ အကြောင်းကိုဖတ်လိုက်ရပါတယ်။

ကိုယ်လက်အင်္ဂါတွေဖောရောင်စေတဲ့ရောဂါတွေ အများကြီးရှိပါတယ်။ အဓိကအချက်ကတော့
အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ခန္ဓာအတွက်လိုအပ်တဲ့ အသားဓါတ်တွေ နည်းသွားတဲ့ အခါ ရေဓါတ်တွေ သွေးထဲကနေ သွေးကြောအပြင်ရှိ အသားတွေ၊ အရေပြားတွေအောက် ရောက် သွားတဲ့အခါ အဲ့ဒီနေရာတွေ နဂိုထက် ပထမ ပြည့်ဖြိုးလာတယ်။ နောက်ပိုကြီးလာတယ်။ ပိန်ရာကနေ ၀ လာတဲ့သူတွေမှာလည်း လက်ခြေတွေပြည့်ဖြိုးလာပါတယ်။ ဖောရောင်တာနဲ့        ၀ လာတာဘယ်လိုခွဲမလဲ။ ၀ လာတာက အဆီတွေ အသားတွေများလာလို့ဖြစ်တာပါ။ ဖောတာက ရေတွေရောက်လာလို့ပါ။ ဒီတော့ ရောင်တဲ့နေရာကို လက်နဲ့ ခဏလောက် ဖိထား ပြီး လက်ကိုလွှတ်လိုက်မယ်ဆိုရင် ဖောတဲ့နေရာက လက်ရာအတိုင်းချိုင့်ပြီးကျန်နေပါတယ်။ လက်ရဲ့ ဖိအားကြောင့် ရေတွေရွှေ့သွားလို့ပါ။ ၀ တာဆိုရင်တော့ လက်ဖယ်လိုက်ရင် ဘာမှ မဖြစ်ပါဘူး။

          ဖောရောင်တဲ့အခါ အသားပျော့တဲ့နေရာတွေဖြစ်တဲ့ မျက်ခွံ၊ ခြေထောက်တွေ မှာ အဖြစ်များပါတယ်။ ခြေထောက်ရောင်တာက မနက်ထက် ညနေဘက်မှာ ပိုရောင်ပါတယ်။ နေ့ဘက် ရပ်နေ၊ထိုင်နေတဲ့အခါ ခြေထောက်ပေါ် သွေးချိန်ပိုများလို့ပါ (gravity) ထိုင်ပြီး ခြေထောက်ကို အမြင့်ပေါ်တင်ထားမယ်ဆိုရင် အရောင်သက်သာတာတွေ့ရပါမယ်။ မျက်လုံး တစ်ဝိုက် ရောင်တာကတော့ မနက်အိပ်ရာထမှာ ပိုရောင်ပြီး၊ ညနေဘက်မှာအရောင် လျော့ ပါမယ်။

          အသားဓါတ်နည်းဆေးတဲ့ရောဂါတွေက အသဲခြောက်ရောဂါ၊ ကျောက်ကပ်ရောဂါ၊
စတာတွေဖြစ်နိုင်သလို အစားအစာမှာ လိုအပ်သလောက်အသားဓါတ်မပါရင် (nutritional
edema) အာဟာရကြောင့်ဖောရောင်ခြင်းဖြစ်ပါတယ်။ ဆရာတော်ရဲ့ ဆောင်းပါးအရ တစ်လ ကျော်အပြင်းဖျားတယ်၊ပြီးတော့ခံတွင်းပျက်တယ် ဆိုတော့ nutritional edema ဖြစ်တာပါ။
အဲ့ဒီတော့ အသားဓါတ်များတဲ့ အစာတွေစားပေးရင် အသားဓါတ်ပြန်ပြည့်ပြီး ဖောရောင်တာ လည်းပျောက်သွားမှာဖြစ်ပါတယ်။ ဒီရောဂါက သွေးထဲမှာ အသားဓါတ်နည်းလို့ဖြစ်တာမို့ ဆေးလိမ်းလို့ မပျောက်နိုင်ပါဘူး။

          အသားဓါတ်ရနိုင်တဲ့အစာတွေကိုနှစ်မျိုးခွဲနိုင်ပါတယ်။ တစ်မျိုးက တိရိစ္ဆာန်တွေဆီက ရတဲ့ အသားဓါတ်။ နောက်တစ်မျိုးက ဟင်းသီးဟင်းရွက် အထူးသဖြင့် ပဲအမျိုးမျိုးက ရပါတယ်။ ဒီနှစ်မျိုးမှာဘယ်ဟာက ပိုကောင်းသလဲ။ အသားဓါတ်တွေဆိုတာ (amino acids) တွေစုပေါင်း ထားတာပါ။ (amino acids)  ၂၂ မျိုး ရှိပါတယ်။ အဲ့ဒီထဲမှာ ၉ မျိုးကို (essential amino acids) မရှိမဖြစ်လိုအပ်တဲ့ (amino acids) လို့ခေါ်ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ သူတို့ကို ကျမတို့ အသဲက မထုတ်လုပ်နိုင်ပါဘူး။ ဒါကြောင့် အစာထဲမှာ ပါရ ပါမယ်။ ကျန်တာတွေကို ကျမတို့ အသဲက လိုအပ်ရင် ထုတ်လုပ်နိုင်ပါတယ်။ (essential amino acids) တွေအားလုံး ပါတဲ့ အသားဓါတ်ကို (complete protein) ပြည့်စုံသော အသားဓါတ်လို့ခေါ်ပြီး၊(essential amino acids) အားလုံးမပါတဲ့ အသားဓါတ်ကို (incomplete protein) မပြည့်စုံသော အသားဓါတ်လို့ခေါ်ပါတယ်။

တိရစ္ဆာန်တွေရဲ့ အသားဓါတ်တွေက ပြည့်စုံသော အသားဓါတ်တွေဖြစ်ပါတယ်။ ပဲအမျိုးမျိုး ကရတဲ့ အသားဓါတ်တွေက မပြည့်စုံသော အသားဓါတ်တွေဖြစ်ပါတယ်။ ဒါပေမဲ့ ပဲတစ်မျိုး ချင်းမှာပါတဲ့အသားဓါတ်တွေမှာ (essential amino acids) တွေအပြည့်အစုံမပါပေမဲ့ ပဲမျိုး စုံအောင်စားမယ်။ ဒါမှမဟုတ် ကေါက်ပဲသီးနှံတွေနဲ့ရော စားမယ်ဆိုရင် လိုအပ်တဲ့ (essential amino acids) တွေအားလုံးအစာထဲကရနိုင်ပါတယ်။

ပဲတွေအနေနဲ့ (essential amino acids) တွေမပြည့်စုံတာကလွဲရင် တိရစ္ဆာန်အသားထက် သာတဲ့အချက်တွေအများကြီးရှိပါတယ်။
၁။ ဈေးသက်သာတယ်။
၂။ သွေးထဲမှာ အဆီတက်စေတဲ့ ကျန်းမာရေးကိုဒုက္ခပေးတဲ့ အဆိပ်အဆီတွေနည်းတယ်။
၃။ ဗီတာမင်ဓါတ်တွေပေါကြွယ်ဝတယ်။
၎။ သတ္ထုဓါတ်တွေများစွာပါဝင်တယ်။
၅။ အမျှင်ဓါတ်တွေများစွာပါတဲ့အတွက်ဝမ်းမှန်စေတယ်။
၆။ ချက်ပြုတ်ရာမှာ အပူချိန်ပြင်းတဲ့ချက်နည်းတွေဖြစ်တဲ့ ကင်တာ၊ဘုတ်တာ တွေနဲ့ မချက် တဲ့အတွက် အပူပြင်းလို့ထွက်လာတဲ့ အဆိပ်ဓါတ်တွေ၊ ကင်ဆာဖြစ်စေတဲ့ဓါတ်တွေ ဖြစ်ပွါး ခြင်းမရှိဘူး။

ဆရာတော်ဘုရားကြီးရဲ့ဆောင်းပါးမှာပါတဲ့ ပဲစိမ်းငို (အဘိဓါန်ထဲမှာ ပဲဇင်းငို Botanical name Cajanus cajan) ကို pigeon bean လို့ခေါ်ပါတယ်။ ရှေးက ခိုတွေကိုကြွေးတဲ့ ပဲမို့လို့ပါ။ သူ့မှာ
အမျိုးများစွာရှိပါတယ်။ အရောင်က အဖြူ၊ အ၀ါ၊အညို၊အမည်းရောင်ထိရှိပါတယ်။ ပဲပုံသဏ္ဍန် ကလည်း အလုံး၊ဘဲဥပုံ၊ လေးထောင့်ပုံနည်းပါးအထိရှိပါတယ်။














ကမ္ဘာအရပ်ရပ်မှတိုင်းရင်းဆေးဆရာများရဲ့ ပဲဇင်းငိုကိုဆေးအဖြစ်အသုံးပြုပုံများ။
၁။ အစာအိမ်ရောဂါများ။ အစာအိမ်အချဉ်ပေါက်ခြင်း။
၂။ ဖောရောင်ခြင်း။
၃။ လေနာရောဂါ။
၎။ အဆိပ်သင့်ခြင်း။
၅။ ချောင်းဆိုးခြင်း။
၆။ လိပ်ခေါင်းရောဂါ။


အာဟာရစွမ်းအားများ။
၁။ ပဲဇင်းငိုတစ်ခွက် (100 g) တွင် စွမ်းအင် Calorie 343 ပါဝင်ပါတယ်။
၂။ သတ္ထုဓါတ်များဖြစ်တဲ့ ပိုတက်စီရမ်၊ ဖေါ့ဖိုရပ်၊ မက်ကနီဆီရမ်၊ ထုံးဓါတ်၊ သံဓါတ်၊ ဆလဲနီယမ်များ များစွာပါဝင်ပြီး၊ ဇင့်၊ ကော့ပါး၊ မက်ဂနီးတို့ အသင့်အတင့် ပါဝင်ပါတယ်။
၃။ ဗီတာမင် အေ နဲ့ နီယာဆင် များစွာ ပါဝင်ပြီး၊ ဗီတာမင် ဘီ၁၊ ဗီတာမင်ဘီ၂၊ ဗီတာမင် ဘီ၅၊ ဗီတာမင် ဘီ၆၊ ပန်တိတဲနစ်ဆက်စစ် တို့လည်း ပါဝင်ပါတယ်။
၎။ ကျန်းမာရေးအတွက်လိုအပ်တဲ့ အိုမီဂါ ၃ နဲ့ ၆ များစွာပါဝင်ပါတယ်။
၅။ မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်စစ် methionine, lysine, နဲ့ typtophan တို့ပါဝင်ပါတယ်။
၆။ အသားဓါတ် 11.4 g (23%)။
၇။ ကဆီဓါတ် 159 calorie။
၈။ မကောင်းသောအဆီဓါတ် (saturated ) 0.1 g
၉။ ကောင်းသောအဆီဓါတ် (unsaturated ) 0.3 g
၁၀။ အမျှင်ဓါတ်  11.3g (45%)

9 essential amino acids.
1. Isolucine.
2. Lucine.
3. methionine
4. phenylalanine
5. Threonne
6. typtophan
7. Valine.
8. Histidine.
9. lysine


ကျမ်းကိုး
၂။ http://en.wikipedia.org/wiki/Essential_amino_acid
၃။ http://www.onlyfoods.net/pigeon-peas.html







Monday, July 16, 2012

ပါရြီ့မို့ရှိ တံတား ၃၇ စင်း။

ဆိမ်မြစ်သည် ပါရီမြို့ပေါ်မှ ၁၇ ကီလိုမီတာဖြတ်သွားသည်။ ထို ၁၇ ကီလိုမီတာပေါ်တွင် တံတား ၃၇ ခုဆောက်လုပ်ထားသည်။


  1. Pont amont ဆိမ်မြစ် ပါရီမြို့အ၀င်တွင်ရှိသည်။၂၇၀ မီတာရှည်ပြီး၊ ဒုတိယအရှည်ဆုံး တံတားဖြစ်သည်။


2. Pont National ၁၈၈.၅ မီတာရှည်ပြီး၊ အင်္ဂတေမုခ်ဦး ၅ ခုရှိသည်။


3. Pont de Tolbiac ၁၈၇၉-၁၈၈၂ တွင်တည်ဆောက်သည်။ ၁၆၈ မီတာရှည်ပြီး၊ ဘဲဥပုံ မုခ်ဦး ၅ ခုရှိသည်။ ၁၉၄၃ တွင်အင်္ဂလိပ်လေယဉ်ဗုံးကျဲခြင်းခံရသည်။


4.Passerelle Simone-de-Beauvoir (လူနဲ့စက်ဘီးများအတွက်သာ),
၂၀၀၆ ဂျူလိုင် ၁၃ ရက်တွင်ဖွင့်သော ၃၇ ခုမြောက်တံတားဖြစ်သည်။




 


5.Pont de Bercy (မြေအောက်ရထားလိုင်း ၆ ဖြတ်သည်)


6.Pont Charles-de-Gaulle (1996) စတီးအင်အားဖြည့်ထားသော  ကွန်ဂရစ် တံတားဖြစ်သည်။ တစ်လမ်းမောင်းသာသွားရသည်။




7.Viaduc d'Austerlitz (မြေအောက်ရထားလိုင်း ၆ ဖြတ်သည်)





9.Pont de Sully (crosses the eastern corner of Île Saint-Louis)


10.Pont de la Tournelle (between the Rive Gauche and the Île Saint-Louis


    11.Pont Marie (between Île Saint-Louis and the rive droite) တံတားတည်ဆောက် ရန်အကြံပေးသောအင်ဂျင်နီယာ Christophe Marie အမည်ဖြစ်သည်။



12.Pont Louis-Philippe (between Île Saint-Louis and the rive droite)



13.Pont Saint-Louis (pedestrian zone, between Île de la Cité and the Île Saint-Louis)


14.Pont de l'Archevêché (between the rive gauche and Île de la Cité)


15.Pont au Double (between the rive gauche and Île de la Cité)



16.Pont d'Arcole (between Île de la Cité and the rive droite)




17.Petit Pont (between the rive gauche and Île de la Cité) မကြာခဏရေလွှမ်းခံရတယ်။ ပထမဦးဆုံး တံတာဆောက်ပြီးရေလွှမ်းဖျက်ဆီးခံရတာ 885 AD ကပါ။ အနည်းဆုံး ၁၃ ခါတိတိ 885 and 1658 အတွင်းရေလွှမ်းခံရတယ်။ ယခုတံတားက ကျောက်တုံးနှင့်ဆောက်ထားတဲ့မုခ်ဦး တစ်ခု ထဲရှိတဲ့တံတားဖြစ်ပါတယ်။ ကျောက်နဲ့ မဆောက် ခင်အထိ ၁၁ ကြိမ်တိတိရေလွှမ်းမိုးခံခဲ့ရတယ်။


18. Pont Notre-Dame (between the Île de la Cité and the rive droite) တံတားပေါ်တွင် တစ်ဘက်တစ်ချက်၌ အိမ် ၃၀ ဆီ စုစုပေါင်းအိမ် ၆၀ ရှိပြီး ၁၄၉၉ တွင်ပြိုကြခဲ့သည်။  ၁၆၆၀ တွင် စပိန်ဘုရင် Philip VI ၏သမီးတော် Maria Theresa နှင့်ပြင်သစ်ဘုရင် Louis XIV တို့လက်ထပ်ရန် ပါရီသို့ရောက်ရှိသည့်အထိန်းအမှတ်အဖြစ်သည်။



 

19. Pont Saint-Michel (between the Rive Gauche and the Île de la Cité) Sainte Chapelle နားတွင်ရှိသည်။ ၆၂ မီတာရှည်သည်။ ၁၉၆၁ ခုနှစ်တွင် Paris massacre of 1961 ခေါ် allgerian ၂၀၀ ခန့်အသတ်ခံခဲ့ရသည်။



20. Pont au Change (between the Île de la Cité and the Rive Droite)


21.Pont Neuf (crossing the west corner of the Île de la Cité,  built between 1578 and 1607) တံတားသစ်လို့အမည်ပေးထား ပေမဲ့ ရှေးအကျဆုံးတံတားဖြစ်သည်။


22.Passerelle des Arts (လူနဲ့စက်ဘီးများအတွက်)


ပထမဦးဆုံးသောစတီးတံတားဖြစ်သည်။ နပိုလီယံ လက်ထက်တွင် အင်္ဂလိပ် ဒီဆိုင်းနာဖြင့် တွဲလောင်းကျနေသောဥယာဉ်အဖြစ်သစ်ပင်းများပန်းများထိုင်ခုံများဖြင့် ၁၈၀၂-၁၈၀၄ တွင် တည်ဆောက်သည်။ ပထမနဲ့ဒုတိယကမ္ဘာစစ်အတွင်းဗုံးကျဲခံခဲ့ရသည်။ ၁၉၈၁-၁၉၈၄ တွင် ပြန်လည်တည်ဆောက်သည်။ တံတားပေါ်တွင် ပန်းချီ၊ဓါတ်ပုံစသော exhibitions များပြု လုပ်သည်။ picnic လုပ်ရာနေရာနဲ့ ချစ်သူများတွေ့စုံရာနေရာဖြစ်သည်။ ချစ်သူများလာ ရောက်ပြီး ၎င်းတို့၏သော့ဂလောက်များချိတ်ဆွဲပြီး သော့ကိုရေထဲသို့ပြစ်ချကြသဖြင့် တံတားပေါ်တွင် သော့ဂလောက်များချိတ်ဆွဲထားသည်ကိုတွေ့ရသည်။
25.Passerelle Léopold-Sédar-Senghor (1999) (လူနဲ့စက်ဘီးများအတွက်သာ),  2006 တွင် ယခင်အမည် Passerelle de Solférino မှယခုအမည်သို့ပြောင်းသည်)





27.Pont Alexandre III မုခ်ခုံများရှိပြီး၊ အလှဆင်ထားသောတံတားဖြစ်ပါတယ်။ သမိုင်းဝင် အဆောက်အဦးတစ်ခုအဖြစ်သတ်မှတ်ခြင်းခံရပါတယ်။



29.Pont de l'Alma  ၁၈၅၄ စက်တင်ဘာ ၂၀ ရက်တွင် ရန်သူရုရှားများအား ပြင်သစ်အင်္ဂလိပ်တပ်များ Alma စစ်ပွဲ အောင်မြင်သည့် အထိမ်းအမှတ်အဖြစ်တည်ဆောက်ထားခြင်းဖြစ်ပါတယ်။ ၎င်းတံတား အောက်  မြစ်နှခမ်း ရှိကားလမ်းတွင် ၁၉၉၇ သြဂုတ်လ ၃၁ ရက်တွင် Wales မင်းသမီး Diana နှင့် ၎င်း၏ ချစ်သူ Dodi Fayed၊ ကား ဒရိုင်ဘာတို့ ကားတိုက်မှုကြောင့်သေဆုံးကြသည်။ တံတား၏ မြောက် ဆုံးတွင် ရှိသောလွတ်လပ်ရေးမီးတိုင် Flame of Liberty သည်လည်း Diana အတွက် unofficial အမှတ်တရနေရာဖြစ်ခဲ့သည်။





30.Passerelle Debilly (လူနဲ့စက်ဘီးများအတွက်သာ)




31.Pont d'Iéna ၁၈၀၇ တွင် နပိုလီရံ Battle of Jena ကိုအောင်မြင်သည့် အထိန်းအမှတ် အဖြစ်ဆောက်သည်။ Eiffel Tower နဲ့ Trocadero ကိုဆက်သွယ်ထားသည်။




32.Pont de Bir-Hakeim (မြေအောက်ရထားလိုင်း ၆ ဖြတ်သည်)



33.Pont Rouelle (ရထားလိုင်း RER C ဖြတ်သည်)



34.Pont de Grenelle (crossing the Île aux Cygnes) စတီးဖြင့်ဆောက်ထားသည်။ အမေရိကားမှပြန်လက်ဆောင်ပေးသော Statue of Liberty အသေးလေးရှိသည်။






37.Pont aval (ဆိမ်မြစ် ပါရီမြို့မှအထွက်တွင်ရှိသည်)