ဗုဒ္ဓ၀ါဒတွင်မိန်းမကယုတ်ညံသည် ယောက်ျးကမြတ်သည်ဟူ၍မရှိပါ။ ဒါတွေကလူမျိုးရဲ့ ယျဉ်ကျေးမှုသာဖြစ်ပါတယ်။ ဗုဒ္ဓယဉ်ကျေးမှုတွင်မရှိပါ။ ထင်ရှားတဲ့သက်သေပြရရင်
၁။ မြတ်စွာဘုရားသည်သံဃာတော်များနဲ့ဘိက္ခုနီမများအားဝိနည်းသိက္ခာပုဒ် ပြစ်ညတ်ရာတွင် သံဃာတော်များ၏ သင်္ကန်းနဲ့ဘိက္ခုနီမများ၏သင်္ကန်းလဲလှည်ဝတ်ခြင်းကိုမတားမြစ်ပါ။ ဘိက္ခုနီမများအနေနဲ့သံဃာတော်များ၏ သင်္ကန်းကိုအလှုခံပြီးဝတ်နိုင်ပေမဲ့ သံဃာတော်များအနေနဲ့ဘိက္ခုနီမများဆီကသင်္ကန်းကိုအလှုမခံရပါဘူး ဒါက ဘိက္ခုနီမများအနေနဲ့လဒ်လာဘရှားပါးလို့ ဘိက္ခုနီမများသင်္ကန်းရှားပါးမှာစိုးလို့ပါ။ သို့သော် ဘိက္ခုနီမများရဲ့သင်္ကန်းကို သပိတ်စသည် ပစ္စည်းတစ်ခုခုနဲ့လဲလှည်ပြီးတော့ဝတ်ဆင်ကောင်းပါတယ်။
၂။ မြတ်စွာဘုရား ပထမ၀ါမှာ သုဿံမှာ ကျွန်မအလောင်းမှာပတ်ထားတဲ့ အ၀တ်ကို ပံသကူကောက်ယူပြီး ၊လျောဖွတ်၊ဆေးဆိုး၊ချုပ်ပြီး နှစ်ထပ်သင်္ကန်းအနေနဲ့ ပုခုံပေါ်တင်သုံးဆောင်ခဲ့ပါတယ်။
၃။ မြတ်စွာဘုရားဟာ မိန်းမကယုတ်တယ်၊ယောကျားကမြတ်တယ်လို့ ဟောထားတာလဲမရှိပါဘူး။
အ၀တ်နဲ့ပတ်သက်ပြီး ယုတ်တယ်မြတ်တယ်လို့ခွဲခြားခဲ့တာမရှိတဲ့အတွက်၊ ခန္ဓာကိုယ်နဲ့ပတ်သက်တဲ့
ပုဂ္ဂိုလ်ကိုလဲယုတ်တယ်လို့မသတ်မှတ်ဘူးလို့ ပြောရပါမယ်။
(ဒုချုပ် ဆရာတော်၏စင်္ကပူနိုင်ငံတွင်ဟောတော်မူသောတရားတော်မှ)
No comments:
Post a Comment