ကြက်ဥပူတင်းကျောက်ကျောလေး လုပ်စားကြရအောင်နော်
smile emoticon smile emoticon smile emoticon
ပါဝင်ပစ္စည်းများ
၁ အာဂါး ကျောက်ကျော အပြာ တစ်ထုပ်
...
၂ ကြက်ဥ ၅ လုံး
၃ သကြား ၃ ဇွန်း
၎ နို့ဆီ တစ်လုံး
၅ နို့စိမ်း တစ်လုံး
၆ ရေ ၁ လီတာ တစ်ဗူး တို့လိုအပ်ပါတယ်
နံပါတ် ၁ မှ ၅ ထိ ပါဝင်ပစ္စည်းအားလုံးကို သမအောင်ရောမွှေထားပါ
နံပါတ် ၆ ရေတစ်လီတာကို ကျောက်ကျောကြိုမည့်အိုးထဲမှာထဲ့ပြီးဆူအောင်တယ်ပါ
ရေဆူလာပါက ရောမွှေထားတဲ့ပါဝင်ပစ္စည်းအားလုံးကို ထဲ့မွှေပေးပါ
အဆက်မပြတ်မွှေပေးပါ
မီးပြင်းပြင်းဖြင့်ကြိုပါ
အိုးကပ်တတ်သည့်အတွက် အိုးကြမ်းပြင်ထိရောက်အောင်မွှေပေးပါ
ကြက်ဥအနှစ်လေးတွေ ပုံပါအတိုင်း ခဲလာတဲ့အထိကြိုရပါမည်
ကြက်ဥအနှစ်နဲ့ ကျောက်ကျောသား ကွဲလာပြီဆိုလျှင်ရပါပြီ
ဗန်းထဲလောင်းထဲ့ အအေးခံပြီး အေးလျှင် ရေခဲသေတ္တာထဲတွင် ခဏထဲ့ပြီးမှစားပါကပိုကောင်းပါသည်
No comments:
Post a Comment