:include data='blog' name='google-analytics'/>

Saturday, March 23, 2013

မျက်ကပ်မှန်သုံးမယ်ဆိုရင်


ယခုအခါ မျက်မှန်အစား မျက်ကပ်မှန် (contact lens) တွေကိုအသုံးပြုကြသလို၊ မျက်လုံးအရောင်ခြယ်တဲ့ မျက်ကပ်မှန် (contact lens) တွေကိုလည်း အသုံးပြုကြပါတယ်။ ဈေးပေါတဲ့ contact lens တွေက အသုံးပြုသင့်တဲ့ ကျန်းမာရေးမထိခိုက်တဲ့ ပစ္စည်းတွေအစား ဈေးပေါတဲ့ ပစ္စည်းတွေအသုံးပြု ထားတာ ကြောင့် contact lens တတ်သူ များမှာ မျက်လုံးရဲ့မျက်ကြည်လွှာထဲ ပိုးဝင်ပြီး ရောင်ရမ်းခြင်း (Infection and inflammation) ၊ မှ အနာဖြစ်ခြင်း (corneal ulcer) အပြင် အနာရွတ် (corneal scar) များဖြစ်စေ ပါတယ်။ မျက်ကြည်လွှာမှာအနာရွတ်ဖြစ်ရင် အမြင်အာရုံဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အထူးသတိထားဖို့လိုအပ်ပါတယ်။ အောက်ပါလက္ခဏာများရှိပါက တတ်ထားသော (contact lens) ကို ထုတ်ပြီး၊ မျက်စိဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့လိုအပ်ပါတယ်။
၁။ မျက်စိနာခြင်း။ မျက်ကြည်လွှာဟာအလွန်ခံစားတတ်တဲ့အင်္ဂါဖြစ်လို့ သွားကိုက်တာထက်အဆ ၂၀ ပို နာစေပါတယ်။
၂။ မျက်စိနီခြင်း။
၃။ မျက်စိထဲတွင် သဲဝင်နေသလို ခံစားမှုဖြစ်ခြင်း။
၎။ အလင်းရောင်မခံနိုင်ခြင်း တို့ဖြစ်ပါတယ်။

သတိပြုရမည့်အချက်များ။
၁။ စိတ်ချရသောနေရာမှသာ (contact lens) များဝယ်ယူရန်။
၂။ ညအိပ်ချိန် (contact lens) များ မတတ်ထားရန်။
၃။ (contact lens) များကို ရေဖြင့်မဆေးပဲ (contact lens) ဆေးသောဆေးဖြင့်သာဆေးရန်။
၎။ သူတစ်ပါး၏ (contact lens) များကိုငှါးယူအသုံးပြုခြင်းမပြုရန် (ရောဂါများကူးဆက်စေနိုင်ပါတယ်။)
၅။ ရက်လွန်နေသော မျက်ကပ်မှန်များ၊ မျက်ကပ်မှန်ဆေးများ အသုံးမပြုရန်။
၆။ တစ်ရက်တတ်နိုင်သော၊တစ်ပတ်တတ်နိုင်သောမျက်ကပ်မှန်များကို သတ်မှတ်ထားသည့် ရက်သာတတ်ရန်။

ကျမ်းကိုး။
Telematin France 2 (14/03/2013)

No comments:

Post a Comment