:include data='blog' name='google-analytics'/>

Friday, March 31, 2017

( ကင်ဆာသည် ရောဂါမဟုတ်ပါ စီးပွားရေးသက်သက်သာဖြစ်သည်။)


Image may contain: text
ဆေးဝိဇ္ဇာ
လှို့ဝှက်ချက်တစ်ခုအား ဖွင့်ချလိုက်ပြီ
========================
( ကင်ဆာသည် ရောဂါမဟုတ်ပါ စီးပွားရေးသက်သက်သာဖြစ်သည်။)
============================================...==
ကမ္ဘာကြီးက ကင်ဆာလို့သမုတ်ခဲ့တာဟာ လိမ်ဆင်ကြီးတစ်ခုပါပဲ…..
သင့်အနေနဲ့ ယုံချင်မှယုံပါလိမ့်မယ် ဒါပေမဲ့ ကင်ဆာဆိုတာ ရောဂါတစ်ခုမဟုတ်ပါဘူး။ စီးပွားရေးတစ်ခုပဲဖြစ်ပါတယ်။
ကင်ဆာဟာ တော်တော်များများကိုပျံ့နှံ့နေပါပြီ။ ကလေးလူကြီးမကျန် လူတိုင်းကို ကူးစက်နေပါတယ်။
ဒီအံ့သြစရာကောင်းတဲ့ အကြောင်းအရာကို မျှဝေခြင်းက ကမ္ဘာကြီးကို ကြိုးကိုင်နေကြတဲ့သူတွေရဲ့ ဝှက်ထားတဲ့ လက်တွေကို မြင်လာအောင်ဖော်ပြပေးလိမ့်မှာဖြစ်ပြီး သူတို့ အနေနဲ့ကတော့ အတော်လေး စိတ်ကသိကအောက်ဖြစ်နေတော့မှာပါပဲ။
“ကင်ဆာကင်းစင်ကမ္ဘာ” ဆိုတဲ့ စာအုပ်ကို ယခုချိန်ထိတိုင် ကမ္ဘာပေါ်ရှိသက်ဆိုင်ရာ ဘာသာစကားတွေအဖြစ် ပြန်လည် ဘာသာပြန်ဆိုခြင်းကို တားဆီးကာကွယ်ထားတယ်ဆိုတာ သင်သိပါသလား။
ကင်ဆာလို့ခေါ်တဲ့ရောဂါဆိုတာ မရှိဘူးဆိုတာကို သင်သိထားပါ။ ကင်ဆာဆိုသည် မှာ Vitamin B17 ချို့တဲ့ခြင်းတစ်ခုသာ ဖြစ်ပါတယ်။ ဒါကလည်း ပြဿနာမဟုတ်ပါဘူး။
ဓါတ်ကုထုံးတွေ၊ ခွဲစိတ်ခြင်းတွေနဲ့ ဒါမှမဟုတ် ဘေးထွက်ဆိုးကျိုးများတဲ့ ဆေးဝါးများ သုံးစွဲခြင်းတို့ကိုသာ ရှောင်ကျဉ်ပါ။
ဟိုအရင်ကအကြောင်းအရာ တခုကို ပြန်တွေးကြည့်ကြပါစို့ ။ တချိန်တုန်းက သဘောင်္သား တ်ာတော်များများဟာ Scurvy လို့ ခေါ်တဲ့ သွေးရောဂါရဲ့အောက်မှာ သူတို့ရဲ့ အသက်တွေကို ပေးဆပ်ခဲ့ရပါတယ်။ လူပေါင်းမြောက်မြားစွာ ရဲ့အသက်တွေကိုလည်းနှုတ်ယူခဲ့တဲ့ရောဂါတစ်မျိုးပေါ့။ အဲ့ဒီရောဂါနဲ့ပတ်သက်ပြီး လူတချို့ ဝင်ငွေအမြောက်အများရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ၎င်း Scurvy ဆိုတာဟာ ဗီတာမင် C ချို့တဲ့မှုကြောင့်ဖြစ်တယ်ဆိုတာ ရှာဖွေတွေ့ရှိခဲ့ပါတော့တယ်။ ဆိုလိုချင်တာကတော့ ၎င်းဟာ ရောဂါ တစ်ခုမဟုတ်ခဲ့ဘူးဆိုတာပါပဲ။
ကင်ဆာဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ ကမ္ဘာကို လက်ဝါးကြီးအုပ်ချယ်လှယ်ချင်ရ ခြင်းနှင့် လူသားခြင်းစာနာမှုရဲ့ ရန်သူတွေဟာ ကင်ဆာစက်ရုံကို တည်ဆောက်ပြီး စီးပွားရေးတစ်ခုအသွင် ပြောင်းလဲခဲ့ပါတယ်။ ဒါဟာ ဘီလီယံသန်းနဲ့ချီတဲ့ ဝင်ငွေတွေကို ဖန်တီးဖို့ပဲဖြစ်ပါတယ်။
ထိုကင်ဆာ စက်ရုံကြီးဟာ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်းမှာ အတော်လေး ကြီးထွားလာခဲ့ပါတယ်။ ကင်ဆာကို တိုက်ဖျက်ဖို့ရန် ဟောဒီလိုနှောင့်နှေးခြင်းများ၊ အသေးစိတ်အချက်အလက်များ နှင့် ကြီးမားတဲ့ အသုံးစရိတ်တွေ မလိုပါဘူး။ သူတို့က နယ်ချဲ့အရင်းရှင်တွေကိုလာဘ်ထိုးဖို့ပဲ လုပ်ကြတယ်။ အထူးသဖြင့် ထိုရောဂါအခြေအနေအတွက် ကုထုံးကို ဟိုးရှေးကတည်း က ရှာဖွေ တွေ့ရှိခဲ့ပြီးနောက်ပိုင်းမှာပေါ့။
• Related: NewsRescue – Finally The Scam By Big Sugar Admitted in JAMA Article: It’s Sugar Not Fat That Causes Heart Attacks
ကင်ဆာရောဂါကာကွယ်ခြင်းနှင့် ကုထုံးများကို အောက်ပါရိုးရှင်းသော နည်းဗျူဟာများမှတဆင့် ရရှိနိုင်ပါတယ်။
ကင်ဆာဖြစ်နေသူများအနေနှင့် ဘာကင်ဆာလဲဆိုတာကို ဦးစွာသိရှိဖို့ကြိုးစားရမှာပဲဖြစ်ပါတယ်။ မကြောက်ပါနဲ့။ သင့်အနေနဲ့ ရောဂါအခြေအနေကို ကောင်းကောင်းကြီးစုံစမ်းသင့်ပါတယ်။
ယနေ့ခေတ်မှာ Scurvy ရောဂါနဲ့သေတဲ့သူများရှိသေးရဲ့လား။ မရှိတောာ့ပါဘူး။ အကြောင်းရင်းကတော့ ထိုရောဂါကို ပျောက်ကင်းအောင်ကုသနိုင်လို့ပါပဲ။
ကင်ဆာဟာ ဗီတာမင် B17 ချို့တဲ့နေရခြင်းကြောင့်ဆိုတာသိရပြီဆိုတော့က တနေ့ကို တရုတ်ဆီးသီး ၁၅ လုံးမှ အလုံး ၂၀ထိ စားပေးယုံနဲ့တင် ကောင်းကောင်းလုံလောက်ပါတယ်။
ဂျုံစေ့ (ဂျုံအမျှင်များ) စားပေးပါ။ ဂျုံစေ့ဟာ အံအားသင့်စရာကောင်းတဲ့ ကင်ဆာတိုက်ဖျက်ရေး ဆေးပဲ ဖြစ်ပါတယ်။ ၎င်းဟာ အောက်စီဂျင်ရည်များ ကြွယ်ဝစွာပါဝင်ပြီး အပြင်းထန်ဆုံး ကင်ဆာတိုက်ဖျက်တဲ့ Laetrile လို့ခေါ်တဲ့ အရာပဲဖြစ်ပါတယ်။ ယင်းမှာ ပန်းသီးအူတိုင်အစေ့ထဲတွင်ပါရှိပြီး ဗီတာမင် B17 (Amygdalin) ကို စုပ်ယူနိုင်သောပုံစံဖြစ်သည်။
အမေရိကန်ဆေးဝါးဆိုင်ရာ အသိုင်းအဝိုင်းသည် Laetrile ထုတ်လုပ်မှုကိုတားမြစ်သည့် ဥပဒေကို အကောင်အထည်ဖော်ဖို့စတင်နေပြီဖြစ်ပါသည်။ ယင်းဆေးကို Mexico တွင် ထုတ်လုပ်နေပြီး USA တွင်းသို့ မှောင်ခိုတင်သွင်းနေပါသည်။
“Death of Cancer” စာအုပ်ထဲတွင် Dr. Harold W. Manner ဖော်ပြထားသည်မှာ Laetrile နှင့် ကုသသော ကင်ဆာကုထုံး ၏အောင်မြင်မှုသည် ၉၀% အထက် ရှိသည်ဟူ၏။
Amygdalin အရင်းအမြစ် (ဗီတာမင် B17)
ဗီတာမင် B17 ပါဝင်သော အစားအစာများမှာ အောက်ပါအတိုင်းဖြစ်သည်။
- အခွံမာသီး (သို့) သစ်သီးအစေံများ။ ၎င်းတွင် သဘာဝ ဗီတာမင် B17 အမြင့်ဆုံးပါဝင်သည်။ ယင်းတို့မှာ ပန်းသီးအူတိုင်၊ တရုတ်ဆီးသီး၊ မက်မွန်သီး၊ ပန်းသစ်တော်နှင့် ဆီးသီးခြောက် တို့ဖြစ်သည်။
- ပဲအမျိုးမျိုး၊ ပြောင်းဖူး၊ ပဲပါဝင်သော ပဲပင်ပေါက်ပဲပြား၊ ပဲထောပတ်နှင့် ပဲစိမ်း
- သစ်သီးအစံများ : ဗံဒါသီးစေ့ကဲ့သို့သော သစ်သီးအစံများ (သဘာဝအတိုင်းမှာပင် ဗီတာမင် B17 အကြွယ်ဝဆုံးဖြစ်သည်။)
- ဘယ်ရီသီးအမျိုးအမျိုး : ဘလူးဘယ်ရီ နှင့် စတော်ဘယ်ရီသီးများကဲ့သို့သော ဘယ်ရီးသီးအမျိုးအမျိုး
- အစေ့များ : နှမ်းစေ့နှင့် လျော်စေ့
- ကွေကာအုတ်၊ ဘာလီ၊ ဆန်ကြမ်း၊ ဂျုံစေ့၊ နှံစားပြောင်းနှင့် ရိုင်းစပါး
ဤ ဗီတာမင်ကို စပါးစေ့ပြောင်းစေ့များနှင့် တရုတ်ဆီးသီးစေ့၊ ဘီယာချက်တစေး၊ ဆန်ကြမ်းနှင့် ရွှေဖရုံသီးစေ့ အစရှိသည်တို့တွင် တွေ့ရပါသည်။
ကင်ဆာတိုက်ဖျက်သော အစားအစာများစာရင်း
=========================
•တရုတ်ဆီးသီး (အခွံနှင့် အစေ့)
• ပန်းသီး၊ ချယ်ရီသီး၊ မက်မွန်သီး၊ ဆီးသီး၊ သစ်တော်သီး အစရှိသောအသီးများမှ အစေ့များ
•ပဲစိမ်းစေ့များ
•ရွှေပဲသီး
•ဂျုံမြတ်ပင်
•သစ်ကြားသီး
•ရပ်စ်ဘယ်ရီ
•အဲလ်ဒါဘယ်ရီ
•စတော်ဘယ်ရီ
•ဘလက်ဘယ်ရီ
•ဘလူးဘယ်ရီ
•ဂျုံခဲ
•ပြောင်းမျိုးနှံစားပင်
•ဘာလီ
•နှံစားပြောင်း
•သီဟိုဉ်စေ့
•ပဲပင်ပေါက်
အထက်ပါအစားအစာများအားလုံးသည် ဗီတာမင် B17 စုပ်ယူနိုင်စွမ်း အမြင့်ဆုံးပါဝင်သည်။
ပန်းကန်ဆေးဆပ်ပြာဆီ နှင့် လက်ဆေးဆပ်ပြာဆီ တို့သည်လည်း ကင်ဆာဖြစ်စေနိုင်သော အဓိက အကြောင်းအရာများဖြစ်သဖြင့် ၎င်းတို့အား စားသုံးခြင်းမှရှောင်ကျဉ်ပါ။
သင်တို့ အနေနဲ့ကတော့ ဆပ်ပြာဆီက စားစရာလားလို့ပြောမှာပါပဲ။ ဒါပေမဲ့ သင်တို့နေ့စဉ်ဆပ်ပြာဆီနဲ့ လက်တွေ၊ ပန်းကန်တွေဆေးနေကြတာပါပဲ။
အဲ့ဒီဆပ်ပြာဆီတွေက ပန်းကန်မှာပျော်ဝင်ပြီး ဘယ်လောက်ဆေးဆေး ပြောင်စင်သွားမှာမဟုတ်ပါဘူး။ အစားအစာတွေကို ချက်ပြုတ်သည်ဖြစ် စားသုံးသည်ဖြစ်စေ၊ အဲ့ဒီပန်းကန်ခွက်ယောက်တွေမှာရှိတဲ့ ဆပ်ပြာဆီတွေဟာ ပူနွေးတဲ့ အစားအစာတွေထဲကပ်ပါသွားပြီး ကျွန်တော်တို့အနေနဲ့ ၎င်းတို့ကို အစားအသောက်တွေနဲ့ တွဲပြီး စားသုံးမိနေကြပါတယ်။ သင့် အနေနဲ့ ပန်းကန်ခွက်ယောက်တွေကို ဘယ်လောက်ပဲ ရေစင်အောင်စစ်စစ် အသုံးမဝင်ပါဘူး။
• Related: NewsRescue-HIV Patients Cured By Miracle Seed Islamic Prophet Said Cures All Diseases- Published in Scientific Journals
အဲ့ဒီအတွက်ဖြေရှင်းနည်းကတော့ ၎င်းဆပ်ပြာဆီကို ရှာလကာရည်နှင့် အချိုးကျရောစပ်အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ ရိုးရိုးလေးပါပဲ။
သွေးကင်ဆာဖြစ်စေနိုင်တဲ့ထိုအရာတွေကို စားသုံးခြင်းမှရှောင်ကျဉ်ပြီး မိမိ၏မိသားစုကို ဤ အန္တရာယ်ကြားမှ ကယ်တင်ပါ။
ယင်းကဲ့သို့ပင် ဟင်းသီးဟင်းရွက်များအားလည်း ဆပ်ပြာဆီ တစ်စက်နှင့်ပင်ဖြစ်ပါစေ ယောင်လို့မျှ မဆေးမိပါစေ နှင့်။ ထို့သို့ဆေးကြောမိပါက ဘယ်လောက်ပင်ရေစင်အောင်စစ်စစ် ဆပ်ပြာဆီထဲရှိ ဓါတုဆေးဝါးများသည် ဟင်းသီးဟင်းရွက် တစ်ရှူးအတွင်းသို့ ဝင်ရောက်သွားပြီး မည်သို့မျှ ရေမစင်နိုင်တော့ပါ။
၎င်းအစား သစ်သီးနှင့် ဟင်းသီးဟင်းရွက်များကို ဆားရည်နှင့် စိမ်၍ရေဆေးခြင်းပါ။ လတ်လတ်ဆက်ဆက် သိမ်းထားချင်ပါက ရှာလကာရည်ပေါင်းထည့်ပါ။
Translated by: Jerry Chan
References: Source
Dr. Axe
Ways to beat cancer- Laetrile
----------
Say Wate Zar

Thursday, March 30, 2017

မျက်နှာ ပေါ်မှာ အရုပ်ဆိုးတဲ့ အမည်းစက်တွေ

dark-spots
အကြောင်းကြောင့်ကြောင့် မျက်နှာ ပေါ်မှာ အရုပ်ဆိုးတဲ့ အမည်းစက်တွေ ၊ အစက်အပြောက်တွေကို အာလူးနည်းပညာ သုံးပြီး ဖယ်ရှားနိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးသွားပါမယ် ။ အချိန် ၃ ရက်အတွင်း မှာ သိသိသာသာ လျော့နည်းသက်သာသွားတာကို မြင်တွေ့ရမှာပါ ။
(၁)အာလူး နှင့် မုန်လာဥနီ
ပထမဦးဆုံး အာလူး တစ်လုံးနှင့် မုန်လာဥနီ တစ်ဝက်ခန့်ကို အရင်ဆေးကြောပါ ။ အခွံနွှာပြီး အနေတော်ခန့်လှီးကာ blender ဖြင့် ကြေညက်သွားအောင် ကြိတ်ပါ ။ ထို့နောက် မျက်နှာပေါ်သို့ အနှံ့ သေချာလိမ်းပါ။ မိနစ် ၂၀ခန့်ထားပြီးနောက် ရေဖြင့် ဆေးကြောလို့ရပါပြီ ။
(၂) အာလူး နှင့် ကြက်သွန်နီ
အာလူးတစ်လုံးနှင့် ကြက်သွန်နီ တစ်ဝက်ခန့်ကို ဆေးကြောအခွံနွှာပြီး blender ဖြင့် ပထမနည်းအတိုင်း ညက်နေအောင် ကြိတ်ပါ။ ထို့နောက် ရလာသော အရောအနှောကို အမည်းစက်ရှိရာနေရာသို့ နှံ့နှံ့စပ်စပ်လိမ်းပါ။ ၁၅မိနစ်ခန့်ကြာလျှင် ရေဖြင့်ဆေးကြောလိုက်ပါ ။
(၃) အာလူး နှင့် သခွါးသီး
အာလူးတစ်လုံး နှင့် သခွာသီး အနည်းငယ်ခန့်ကို blender ဖြင့်ကြိတ်ပြီး မျက်နှာပေါ်သုတ်လိမ်းပါ ။ မလိမ်းခင်မှာ မျက်နှာကို ဆေးကြောသန့်စင်ထားဖို့မမေ့ပါနှင့် ။ လိမ်းပြီး ၂၅ မိနစ်ခန့်ကြာလျှင် ရေဖြင့်ဆေးကြောနိုင်ပါပြီ ။ အမည်းစက်များ လျော့နည်းသက်သာစေသည့်ပြင် အေးမြနူးညံ့သော မျက်နှာအသားအရေကိုလည်း ပိုင်ဆိုင်စေမှာပါ။
(၄) အာလူး နှင့် သံပုယိုသီး
ပထမဦးစွာ အာလူး တစ်လုံးကို သန့်စင်ဆေးကြောပြီး blender ဖြင့် ကြေညက်နေအောင် ကြိတ်ပါ ။ ထို့နောက် သံပုယိုသီး ကို တစ်ဝက်ခန့် အရည်ညှစ်ပြီး ကြိတ်ချေထားသော အာလူးဖြင့် ရောနှောလိုက်ပါ ။ ပြီးလျှင် မျက်နှာပေါ်သို့ သုတ်လိမ်းပြီး မိနစ် ၂၀ ခန့်ကြာလျှင် ရေအေးဖြင့် ဆေးကြောလို့ ရပါပြီ ။

READ  မျက်နှာပြင်ပေါ်က အမည်း စက်လေးတွေကြောင့် စိတ်ညစ်နေရလား


အထက်ပါ နည်းလမ်း (၄)ခုမှ မိမိ နှစ်သက်အဆင်ပြေသော နည်းလမ်းကို အသုံးပြုနိုင်ပါသည် ။ နည်းလမ်း တွေက လွယ်ကူရိုးရှင်းတာကြောင့် အိမ်မှာပဲ အလွယ်တကူ ပြုလုပ်နိုင်မှာပါ။ ပုံမှန်ပြုလုပ်ခြင်းဖြင့် ၃ရက်ခန့်ကြာလျှင် အမည်းစက်များ သက်သာလျော့နည်းသွားတာကို မြင်တွေ့ရမှာပါ ။
Credit:Sunthit

Monday, March 27, 2017

အခန်းအတွင်း လျို့ဝှက်ကင်မရာ တပ်မတပ် ဘယ်လိုရှာမလဲ

Zaw Win Naing's photo.
Zaw Win Naing post on FB



အခန်းအတွင်း လျို့ဝှက်ကင်မရာ တပ်မတပ် ဘယ်လိုရှာမလဲ
------------------------------------------------------------
ဟိုတယ်တစ်ခုခု သွားတည်းတဲ့အခါ ပင်အပ်ပေါက်လောက်အရွယ...
ကင်မရာ တပ်မတပ် ဘယ်လို သိရမလဲ။ အပျော်ခရီးပဲဖြစ်ဖြစ်၊ စီးပွားရေးကိစ္စကြောင့်ပဲဖြစ်ဖြစ် ခရီးထွက်လို့ ဟိုတယ် သို့မဟုတ်
တည်းခိုခန်း တစ်ခုခုသွားတည်းတဲ့အခါ သတိလက်လွတ် ဓာတ်ပုံ အရိုက်ခံရတတ်ပါတယ်။ ဒီအချက်ကြောင့် အခန်းထဲလျို့ဝှက်ကင်မရာ ဘယ်လိုရှာရမလဲဆိုတာ နည်းပေးပါမယ်။

မိမိအခန်း စစ်ဆေးဖို့ ဒီလွယ်ကူတဲ့ နည်းစနစ်အတိုင်း လိုက်နာ
ဆောင်ရွက်ပါ။
အခန်းထဲ ဝင်လိုက်ပြီဆိုတာနဲ့ မီးတွေ ပိတ်ချလိုက်ပါ။ ကန့်လန့်ကာ (ခန်းဆီး)တွေ အကုန် ပိတ်၊ မိမိဖုန်းကင်မရာကို ဖွင့်ပြီး flash မီးကို on လုပ်မထားပါနဲ့။
မိမိဖုန်းနဲ့အတူ အခန်းကို တစ်ပတ်လှည့်လိုက်ပါ။ အနီစက်လေး တစ်ခုခုတွေ့ရင် အဲဒါ လျို့ဝှက်မရာ တစ်ခုခု တပ်ထားတဲ့ သဘောဖြစ်ပါတယ်။
အနီအစက်အပျောက်လေးတွေ မတွေ့ရှိပါက အခန်းက အိုကေနေပါတယ်။
Credit:Trend Myanmar

တင်းတိတ်


Myanmar Online Fashion Consultant added 12 new photos.
တင်းတိပ်ကိုပျောက်ကင်းအောင်ကုသ
နည်းများ....
အများအားဖြင့် အမျိုးသမီးတွေက အမျိုးသားများထက်ပို၍ တင်းတိပ်ပေါက် တတ်ကြပြီး၊ မျက်နှာ အလှအပကို ဖျက်ဆီးသည့် တင်းတိပ်ပေါက်...မှာကို စိုး ထိတ်နေကြရပါတယ်။
တင်းတိပ်ဖြစ်ရတဲ့အကြောင်းရင်းတွေကတော့၊ မျက်နှာသန့် ရှင်းမှုမရှိခြင်း၊ မသန်ု့  ရှင်းသောမျက်နှာသုပ်ပုဝါ(သို့ မဟုတ်)တို့ ဖတ် ပုဝါ(သို့ မဟုတ်)ကရင်မ်ပပ်ဖ်ရေမြှုံ့ တို့  ကိုသုံးစွဲခြင်း၊ မသန့် ရှင်းသောလက်ဖြင့် ပွတ်သပ်ကိုင်တွယ်ခြင်း၊ မိမိနဲ့ ဓာတ်မတည့် သည့် ဓာတုပစ္စည်းများပါဝင်သော မိတ်ကပ်များလိမ်းကျံခြင်း၊ နေလောင်ခြင်း၊ ဓမ္မတာမ မှန်ဘဲ သွေးပုပ်သွေးညစ်များကြွင်းကျန်ခြင်း၊ နံ့  သာဖြူလိမ်းခြင်း စသည်တို့ ကြောင့် တင်း တိပ် စွဲနိုင်ပါတယ်။
ပင်ကိုယ်မျက်နှာအသားအရေခြောက်သွေ့ သူများမှာ တင်း တိပ်ပေါက် ဖို့  ရာနှုန်းပြည့်နီးပါးသေချာနေပါပြီ်။ ခန္ဓာကိုယ်အပူဓာတ်များသည့် အမျိုး သမီး များ သွေးမဆုံးခင် နှင့် သွေးဆုံးပြီးစအချိန်တွေမှာ တင်းတိပ်ပေါက်လေ့ ရှိပြီး၊ သွေးဆုံးပြီးနှစ် အတန်ငယ်ကြာတဲ့အခါမှာတော့ သူ့ အလိုလိုပျောက်သွားတတ် ပါတယ်။
တင်းတိပ်ဖျောက်အောင်ကုသနည်းများ
လက်တကမ်းမှာ အလွယ်တကူရရှိနိုင်တဲ့ အောက်ဖော်ပြပါ သဘာဝကုထုံးလေးတွေက ဓာတုပစ္စည်းမပါရှိတာကြောင့် ဘေးထွက် ဆိုးကျိုးမရှိဘဲ တင်းတိပ်ပျောက်စေနိုင်ပါ တယ်။ သို့ သော် ဘယ်နည်းကိုဘဲသုံးသုံး ဇွဲရှိဖို့ တော့လိုအပ်ပါတယ်။
(၁) ဒန္တသုခအရွက်စိမ်းရည်(သတ္တုရည်)နှင့် သနပ်ခါးရောစပ်၍ အိပ်ရာဝင်တိုင်းလူးအိပ် ပါ။ ညစဉ်လိမ်းကျံခြင်းဖြင့် ရက်ပိုင်းအ တွင်း တင်းတိပ်ပျောက်ကင်းသွားပါလိမ့်မယ်။
(၂) သန့် ရှင်းစင်ကြယ်စွာ ဆေးကြောထားသော ကင်ပွန်းချဉ်ရွက် မနုမရင့် လက်တစ်ဆုပ် စာခန့်ကို ထန်းလျက် (၇)လုံးခန့်နှင့် သုံးခွက်တစ်ခွက်တင်ကျို၍၊ ဆူလာတဲ့အခါ အိုးထဲကိုဆားအနည်းငယ်ခပ်ထည့်ပါ။ ချိုချဉ်ချဉ်အရသာအရည်ကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ်သောက်ပေးခြင်းဖြင့် တင်းတိပ်များပါးလွှာပြီး မကြာခင်ပျောက်သွားပါလိမ့်မယ်။
(၃) မျက်နှာကို သန့် ရှင်းစွာဆေးကြော၍ ရေသုပ်ပြီးနောက်၊ သန့် ရှင်းသော အုန်းမှုတ် ခွက်အခွံကို ကျောက်ပျဉ်သန့်
သန့ေ်ပါ် မှာ ရေအစား သံပုရာရည်ဖြင့်သွေး၍ သနပ်ခါးလိမ်း သကဲ့သို့လိမ်းပါ။ တင်းတိပ် နှင့် ၄င်းဆေးရည်တို့ထိတွေ့ တဲ့အခါ၊ အနည်း ငယ် စပ်ဖျဉ်းဖျဉ်းခံစားရပါလိမ့်မယ်။ အရောင်က၀ါလွန်းတာကြောင့် ညအိပ်ယာဝင်ခါနီးမှာ လိမ်း ၍အိပ်ပါ။
(စပ်ဖျဉ်းဖျဉ်း ခံစားမှုကို သီးခံ၍
တစ်လခန့်လိမ်းပေးခြင်းဖြင့်လက်တွေ့ ပျောက်ကင်းနိုင်ပါတယ်)
(၄) ကြက်သွန်နီကိုထောင်း၍ ရလာတဲ့အရည်ကိုရှာလကာရည် ရောစပ်ပြီး ညင်သာစွာလိမ်းပါ။
(၅) ထောပတ်သီး အမှည့်ထဲက၊ အစေ့ဝိုင်းဝိုင်းကြီးကို အရိပ်ထဲမှာအခြောက်လှန်း ပါ(နေပူထဲမလှန်းရ)။
ခြောက်သွေ့ သွားတဲ့အခါ ညအိပ်ယာ ၀င်ခါနီးတိုင်းသွေး၍၊ မျက်နှာကိုစင်ကြယ်စွာ ဆေးကြောသုတ်သင်ပြီးနောက် သနပ်ခါးလိမ်းသကဲ့သို့လိမ်း အိပ်ပါ။ တင်းတိပ်တွေ ပျောက်ရုံသာမက၊ မျက်နှာအသားအရည် နုချောလာပါလိမ့်မယ်။
(၆) မျက်နှာကိုသန့် စင်အောင် ဆေးကြောပြီးနောက် ဖရဲသီးအောက်ခံအဖြူသားကို ဓား(သို့ မဟုတ်)ဇွန်းဖြင့် ပါးပါးလှီး၍ မျက်နှာ ပေမှာ နာရီဝက်ခန့်ကြာအောင်တင်ထားပေးပါ။
(၇) သနပ်ခါးသွေးပြီးနောက် သိန္ဓောဆားကို စပါးစေ့တစ်စေ့ခန့်ရောစပ်ပြီး တင်းတိပ် ရှိသောနေရာကို တစ်နေ့တစ်ကြိမ် နေ့စဉ် လိမ်းပေးပါ။
(၈) သနပ်ခါးသွေးတဲ့အခါ၊ ပင်လယ်ရေမြှပ်ကို အနည်းငယ်ထည့်သွေး၍ ရရှိတဲ့သနပ်ခါး ရည်ဖြင့် တင်းတိပ်ရှိသော နေရာတဝိုက် ကို တစ်နေ့သုံးကြိမ် လိမ်းပေးပါ။ (ပင်လယ်ရေမြှပ် ကို ပရဆေးဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါတယ်)
(၉) မျက်နှာကို စင်ကြယ်အောင်ဆေးကြောပြီးနောက်၊ သနပ်ခါးသွေးတဲ့အ ခါ ကျောက် ချဉ် ကို မုန့်ညှင်းစေ့ တစ်စေ့ခန့်ထည့်သွေး ပြီး လိမ်းပေးပါ။ နံနက်တစ်ကြိမ်၊ ည တစ်ကြိမ် တစ်နေ့ ၂ ကြိမ်လိမ်းပေးနိုင်ပါတယ်။
(မျက်နှာပေါ်ရှိ တင်းတိပ်များသာမက၊
အစက်အပြောက်များ နှင့်မျက်နှာအရေပြား ကြမ်းတမ်းမှုကိုပါ သက်သာပျောက် ကင်းစေနိုင်ပါတယ်)
(၁၀) သန့်စင်လတ်ဆတ်သော နနွင်းတစ်တက်ကို ရေအစား နွားနို့အနည်းငယ်နှင့်သွေး ၍၊ ရရှိသောဆေးရည်ကို တင်းတိပ်ရှိ သော နေရာတစ်ဝိုက်မှာ လိမ်းပေးပါ။တစ်နေ့ သုံးကြိမ်လိမ်းပေးသင့်ပါတယ်။
(၁၁) ကွမ်းရွက်ကို ပါးပါးလှီးဖြတ်တောက်၍ ရေအနည်းငယ်နှင့်ပြုတ်ပါ။ အအေး ခံပြီးနောက် ကွမ်းရွက်ပြုတ်ရည် ၂-ဆ၊ ပျားရည် ၁-ဆ ရောစပ်၍ ပုလင်းနှင့်ထည့်ပါ။ ထိုကွမ်းရွက်ပေါင်းဆေးရည်ကို နံက်တစ်ကြိမ်၊ ညနေတစ်ကြိမ် လိမ်းပေးပါ။ လိမ်းခါနီးတိုင်း၊ မျက်နှာကိုသန့်စင်စွာ ဆေးကြော၍ ပုလင်းကိုလှုပ်ပြီးမှ လိမ်းပါ။
(၁၂) နံနံစေ့ကိုပြုတ်၍ ရလာတဲ့ဆေးရည်ကိုအအေးခံကာ ညအိပ်ယာဝင်တိုင်း မျက်နှာကိုလိမ်းပေးပါ။ (တင်းတိပ်သာမက၊ မှဲ့ ခြောက်နှင့် ဆားဝက်ခြံများကို သိသိသာသာ လျော့ပါးသွားစေပါတယ်)
(၁၃) နန်းလုံးကြိုင် အသီး ၁-ဆ၊ ဂုံမင်းသီး ၁-ဆတို့ကို ကျွမ်းအောင်မီးဖုတ်၍ အမှုန့်ပြုလုပ်ပါ။ ပြီးရင် ထိုအမှုန့် တွေ မြုပ်သွားတဲ့ အထိ၊ နှမ်းဆီစစ်စစ်နှင့် ရောစပ်၍ ပုလင်းထဲထည့်ထားပါ။ အသုံးပြုခါနီးတိုင်း ပုလင်းကိုလှုပ်ပြီး တင်းတိပ်ရှိသော နေရာတွေ ပေါ်လူးပေးပါ။
Credit...ပေါက်ပေါက်...
တင်းတိပ်အတွက်ကြောင့်စိတ်ညစ်နေရ
သောသူငယ်ချင်းများအတွက် ငွေကုန်ကြေး
ကျမများပဲ..သက်သာပျောက်ကင်းစေသော
နည်းလမ်းများဖြစ်ပါတယ်..မိမိနှင့်အဆင်
ပြေမည့် နည်းလမ်းတစ်ခုကိုသာ သုံးစွဲ
ပါရန်တိုက်တွန်းပါရစေ....။

ဝက်ခေါက်ကင်

ဝက်ခေါက်ကင်
ပါဝင်ပစ္စည်း
ဝက်သုံးထပ်သား ၅၀သား
ရှာလကာရည် ၁ဇွန်း (ထမင်းစားဇွန်း)
ပဲငံပြာရည် ၁ဇွန်း
သကြား ၁ဇွန်း
ခရုဆီ ၁ဇွန်း
ယိုးဒယား ပဲငါးပိရည် ၁ဇွန်း (မထည့်လဲရပါတယ်)
ဆား အနည်းငယ်
ပြုလုပ်နည်း
ဝက်သုံးထပ်သား ၅၀သားခန့် တစ်တုံးကို အခေါက်ဘက်ခြမ်းကို သေချာခြစ်ပြီး ဆေးကြောကာ ဆူးချွန် (သို့) ခရင်းဖြင့် အပေါက်လေးတွေ ဖြစ်အောင် ထိုးပေးပါ ။ ဓားနဲ့ မွှန်းလဲ ရပါတယ် ။
အသားဘက်ခြမ်း ကိုတော့ ဓားဖြင့်အရှည်လိုက် ၃ချက်ခန့် မွန်းပြီး ရှာလကာရည် ၊ ပဲငံပြာရည် ၊ သကြား ၊ ခရုဆီ ၊ ယိုးဒယား ပဲငါးပိရည် နှင့် အားလုံး ရောမွှေပြီး ဝက်သားအသားဘက်ခြမ်းကို ဆုပ်နယ်ကာ ရေခဲသေတ္တာထဲတွင် ၃နာရီခန့် ထည့်ထားပါ ။
ပြီးလျှင် ရေခဲသေတ္တာထဲမှ ထုတ်ယူကာ အခေါက်ဘက်ခြမ်းကို စက္ကူဖြင့် ခြောက်အောင် သုတ်ပေးပြီး ရှာလကာသုပ်လိမ်းပြီး ဆားများများအုပ်ကာ Ovenထဲမီးအပူချိန် ၁၇၀°ဖြင့် ၃၅မီနစ်ကင်ပေးပါ ။
ကင်တဲ့အခါ အောက်ကခံထားတဲ့ ဘန်းထဲ ရေအနည်းငယ် ထည့်ပါ ၊ ဝက်သားထဲက ဆီများ ကျမှာမို့လို့ပါ ။ (သန့်ရှင်းရေးလဲ လုပ်ရ လွယ်အောင် ခံထားခြင်းဖြစ်ပါတယ်။
အချိန်ပြည့်ပါက Ovenထဲမှ ထုတ်ပြီး အခေါက်ဘက်ခြမ်း ကဆားများ ခြစ်ထုတ်ကာ နောက်ထပ်မီနစ်၂၀ ထပ်ကင်ပြီးလျှင် ပုံထဲကအတိုင်း ကြွတ်ကြွတ်လေးရပါပြီ။
အအေးခံပြီး အတုံးရှည်လေးများ လှီးဖြတ်ရ်ျ သုံးဆောင် နိုင်ပါပြီ ။

ငှက်ပျောဆနွင်းမကင်း


 ဒီဌက်ပျောဆနွင်းမကင်းလေးကို မွှေထိုးပီးမှ အပေါ်မီး နဲ့ အပေါ်ယံညိုလာရုံလေးဖုတ်ထားပါတယ်..။ မွှေပီး ထိုးရတာကြောင့် အလုပ် အနည်းငယ်ပိုပါတယ်..။ လှီးရလွယ်ကူပီး အလွန်အရသာကောင်းတဲ့ ဆနွင်းမကင်းလေးပါ။ ယ္ခုပေးထားတဲ့ အချိုးကို သုံးပီး oven ထဲမှာ တန်းပီး မဖုတ်ကြပါနဲ့ ရှင်..။
ပါဝင်သောပစ္စည်းများ
1. ငှက်ပျောသီး........... ၆၅၀ ဂရမ် (သီးမွှေး/ရခိုင် အခွံချွတ်ပီးသားကို ချိန်ထားတာပါ)
2. သကြား .................၇၀ ဂရမ်
3. အုန်...းနို့ဗူး ................တ၀က်/ ၂၀၀
4. ကြက်ဥ ..................၁ လုံး
5. ထောပတ်................. ၅၀ ဂရမ်
6. ရွှေကြည် .................၇၅ ဂရမ်
7. ဂျုံမှုန့် ......................၂၀ ဂရမ် (all purpose flour)
8. အနီရောင်အစာဆိုးဆေး ၃-၄ စက်
9. ဘိန်းစေ့ .................၁ စားပွဲတင်ဇွန်း
10. အုန်းသီး ဖတ် .........၂ စားပွဲတင်ဇွန်း
11. ဆား ....................၁/၄ လက်ဘက်ရည်ဇွန်း
12. မုန့်ဖုတ်ဗန်း အရွယ် ၆ x ၆ x ၂ လက္မ
ပြုလုပ်ပုံ
1. မုန့် ဖုတ်မည့် ဗန်းအောက်ခြေကို မကပ်အောင် ပါ့ခ်ျမန့် ပေပါ (parchment paper) ကြိုတင်ခင်းထားပါ၊ Parchment paper မရှိပါက မုန့် မကပ်အောင် ဗန်းအောက်ခြေကို ထောပတ်သုပ်ထားပီး ဂျုံမှုန့် ကိုညီညာအောင် ဖြူးထားပေးပါ။
2. မီးဖိုပေါ်တွင် မုန့်မွှေမည့် အိုးတင်..ရွှေကြည်ထည့်မွှေ နီညိုေ၇ာင်သန်းလာသည့် အထိလှော်ပါ၊ ထောပတ် တ၀က်ထည့်မွှေပီး အအေးခံထားပါ၊
3. ငှက်ပျောသီး ကို အခွံနွှာပီး အကွင်းလေးတွေ လှီးထားပါ၊ ( အချိန် အကြာကြီး ကြိုတင် လှီးထားလျှင် မဲသွားမည်)
4. ဇလုံ အကြီး တခုတွင် ကြက်ဥ တလုံးကို သကြား ထည့်ပီး အ၀ါေ၇ာင်နုနုလေး ဖြစ်လာသည့်အထိ ခေါက်ပါ။
5. အုန်းနို့ ဦးရည် ၄ စာပွဲဇွန်း ခန့်ဖယ်ထားပီး ကျန်အုန်းနို့အားလုံး ကြက်ဥခေါက်ထားသည့် ဇလုံထဲထည့်မွှေပါ၊
6. အနီရောင် အစာဆိုးဆေး ၃-၄ စက် ထည့်မွှေပါ၊
7. ဂျုံကို ဇကာနှင့် စစ်ချပီး အနှံ့အပြား မျှထည့်ပါ၊ နှံ့စပ်အောင်မွှေပေးပါ၊နံ့စပ်သွားလျှင် အအေးခံထားသော ရွှေကြည် အိုးထဲ ထည့်မွှေပါ၊ငှက်ပျောသီး ထည့်မွှေပါ၊
8. မုန့်မွှေမည့်အိုးကို မီးဖိုပေါ်တွင် တင်ပီး ရောထားသည်များကို ထည့်ပီး မွှေပါ၊ မုန့်သား လုံးထွေးလာပီး ရေကုန်သည့် အထိ မွှေပါ၊ ချခါနီးတွင်ကျန်နေသော ထောပတ်ထည့်မွှေကာ မီးဖိုပေါ်မှချပါ၊
10. အသင့်ပြင်ထားသော ဗန်းထဲကို မုန့်လောင်းချပါ၊ မြက်နှာပြင်ညှိပါ၊ ဖယ်ထားသော အုန်းနို့အနှစ်ကို အပေါ်မှ ညီညာအောင် ဖြန့်ခင်းပါ၊ အုန်းသီး ခြစ် ဖြူးပါ၊ ဘိန်းစေ့ ဖြူးပါ၊
11. မီးသွေးမီးဖို ဖြင့် ဖုတ်ပါက အောက်မီးနဲနဲ အပေါ်မီး ကျဲကျဲဖြင့်ပေးပါ။ မမီးက ပုံမှာ မြင်ရတဲ့ ဖန်အိုး ( convection oven/ Halogen oven) နဲ့ ဖုတ်ပါတယ်..၄၅၀ံ F 10-15 မိနစ် မုန့်မျက်နှာပြင်ရွှေအိုရောင် ဖြစ်လာတဲ့ အထိ ဖုတ်ပါ..။
15. အပေါ်မျက်နှာပြင်ရွှေအိုရောင်ဖြစ်လျှင် အပြင်ထုတ်ပီး အအေးခံပါ၊ လုံးဝအေးသွားမှ နှစ်သက်သလို လှီးပါ၊
See more
— at Oahu.

ငါးအသား အိုးကပ်ကြော်

ငါးအသား အိုးကပ်ကြော်

ငါးကိုအသားချည်းနွှာပြီး ပေါင်မုန့် ကိုချေထည့်ပြီး ဆီနည်းနည်းနဲ့ အိုးကပ်ကြော်ထားလို့ အရမ်းကိုစားလို့ ကောင်းပါတယ်။

ပါဝင်သောပစ္စည်းများ...
၁။ ငါး - ၂၅ ကျပ်သား
၂။ ပေါင်မုန့် - ၁ ချပ် (ခြေထားပါ။)
၃။ ငရုတ်ကောင်း - အနည်းငယ်
၎။ ဆား - လက်ဖက်ရည်ဇွန်း တ ၀က်
၅။ သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၆။ အကြော်မှုန့် - ထမင်းစားဇွန်း ၁ ဇွန်း
၇။ ကြက်ဥ - ၁ လုံး (ခလောက်ထားပါ။)
၈။ ဆီ - ထမင်းစားဇွန်း ၂ ဇွန်း

ပြုလုပ်နည်း
၁။ ငါးကို ရေ အနည်းငယ်ဖြင့် အသားနွှာလို့ ရအောင် ခဏပြုတ်ပါ။ ( ၁၀ မိနစ်ခန့် )ပြီးလျှင် အအေးခံရ်ျ ငါးအသားကို နွှာပါ။
၂။ ငါးအသားကို ခြေထားသောပေါင်မုန့် ၊ ငရုတ်ကောင်း၊ ဆား၊ သကြား၊ အကြော်မှုန့် ၊ ခလောက်ထားသောကြက်ဥ တို့ ဖြင့် နယ်ပါ။
၃။ မကပ်သောအိုးထဲတွင် ဆီ ထမင်းစားဇွန်း ၂ ဇွန်းကို ထည့်ရ်ျ အပူပေးပါ။ ပြီးလျှင် နယ်ထားသော ငါးများကို အ၀ိုင်းပြားများပြုလုပ်ရ်ျ အိုးထဲတွင် ထည့်ကြော်ပါ။ ငါးအသားရဲ့ အောက်ဖက် အညိုေ၇ာင်သန်းလာလျှင် နောက်တဖက်လှန်ရ်ျ အညို ရောင်သန်းသည်အထိကြော်ပါ။ သုံးဆောင်နိုင်ပါပြီ။

( ထမင်းစားဇွန်း = 1 tablespoon = 15 ml) ( လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)
See more
 — with A K Phyo Lay.