:include data='blog' name='google-analytics'/>

Sunday, May 31, 2015

"အီ ကြာ ကွေး နှင့် ပဲ မျိုး စုံ နှစ် ပြန် ကြော် ကြော် ရာ တွင် ရေ သန့်  ဘူး ခွန် ၏ အံ့ မ ခန်း အ စွမ်း သ တ္တိ များ "

"အီ ကြာ ကွေး နှင့် ပဲ မျိုး စုံ နှစ် ပြန် ကြော် ကြော် ရာ တွင်
ရေ သန့်  ဘူး ခွန် ၏ အံ့ မ ခန်း အ စွမ်း သ တ္တိ များ "
= = = =
ရေး ရ မှာ နည်း နည်း တော့  အား နာ တယ် ။
ဆိုင် တွေ အား လုံး က ကိုယ် နဲ့  ရင်း နှီး တဲ့ 
မိတ် ဆွေ တွေ ဖြစ် နေ တော့ 
သူ တို့  မ ထိ ခိုက် အောင် ရှောင် ရေး ပါ့ မယ် ။
= = = =
" " အီ ကြာ ကွေး ကြော် " "
မ နေ့  က ကြော် ထား ပြီး သား ညစ် ထပ် ထပ် ဆီ ကျန်
တစ် ပိ သာလောက် ကို အ ကြော် ဆ ရာ လေး
ကို သောင်း ( အ မည် လွှဲ ) က
ထင်း မီး ထိုး ပြီး အ ပူ ပေး နေ သည် ။
အ ချိန် က နံ နက် ၄ နာ ရီ ၃၀ ။
နေ ရာ က ရန် ကုန် မြို့  ။
ဆီ ကျန် တွေ ဘွမ်း ဘွမ်း ဆူ ပူ လာ တော့  မှ
ဆီ ပူ ဒယ် အိုး ကြီး ထဲ ကို
( တစ် လီ တာ ဆန့်  ရေ သန့်  ဘူး ခွန် ထဲ တွင် )
ဆီ အ ပြည့်  ထည့်  ထား သော
ဝါ တာ တာ ဖြူ တူ တူ စား အုံး ဆီ
ဆီ ဘူး နှစ် လုံး ကို ဘူး ခွန် ကော ဆီ ပါ
ဆီ ပူ အိုး ကြီး ထဲ အ ကြော် ဆ ရာ က
ခြေ မြန် လက် မြန် ပစ် ထည့်  လိုက် သည် ။
နောက် ပြီး ဂျွစ် ဂျွစ် ဂျွစ် အ သံ ၆ ချက် လောက်
အ ဆက် မ ပျက် မည် သံ ကြား သည် ။
လက် ဖက် ရည် ဆိုင် ပေါ် က သူ များ သောက် ပြီး
ထား ပစ် ခဲ့  သော ရေ သန့်  ဘူး ခွန် အ လွတ် ၆ ဘူး ကို
ဖိ နပ် စီး ထား တဲ့  ခြေ ထောက် နဲ့  ပြား သွား အောင်
ဖိ နင်း ပြီး ဆီ ပူ အိုး ကြီး ထဲ အ ကုန် ပစ် ချ လိုက် သည် ။
ဆီ အ ကျန် က တစ် ပိ သာ ။
တစ် လီ တာ ဘူး နှစ် လုံး ထဲ က ဆီ အ သစ် က တစ် ပိ သာ ။
ပေါင်း ဆီ နှစ် ပိ သာ ။
ရေ သန့်  ဘူး ခွန် နဲ့  ထည့်  ထား တဲ့ 
ဆီ ဘူး က နှစ် လုံး ။
ရေသန့်  ဘူး ခွန် တွေ ပြား ပြီး ထည့်  လိုက် တာ က
ခြောက် ဘူး ။ ပေါင်း ရေသန့်  ဘူး ရှစ် ဘူး ဖြစ် ၏ ။
ဆီ နှစ် ပိ သာ ကို ရေ သန့်  ဘူး ခွန် ရှစ် ဘူး က
ပျော် ကျ လာ သော ကော် ရည် ပူ တွေ နဲ့ 
တ သား ထဲ ပေါင်း သွား တယ် လို့ 
မှတ် ယူ လိုက် ပါ ။
ဒါ မှ နံ နက် ၄ နာ ရီ ကြော် ထာ တဲ့ 
အီ ကြာ ကွေး က ည နေ မိုး ချုပ် သည့်  အ ချိန် အ ထိ
လေ သ လပ် ခံ ထား သော် လည်း
မ ပျော့  သွား ပဲ ဆင် နှာ မောင်း လို
မာ တောင် နေ မှ
စား တဲ့  လူ က ကြိုက် မှာ ကိုး ဗျ ။
ဆီ ပူ အိုး ထဲ ဆီ တစ် ပိ သာ လျှင်
ရေ သန့်  ဘူး ခွန် ၅ ဘူး နှုန်း လောက်
ပစ် ထည့်  နိုင် မှ အီ ကြာ ကွေး က
ကြွပ် ရွှ သွား ပြီး လေ သ လပ် လျှင်
ပျော့  စိ မ သွား ပဲ နေ မှ
လူ ကြိုက် များ သ ကိုး ။
= =
နောက် ပြီး ဆက် ပြီး ပြော ရ အုံး မယ် ။
လက် ညှိုး အ ရွှယ် လောက် ဂျုံ အ ချောင်း လေး
နှစ် ချောင်း ပူး ကပ် ပြီး
ဆီ ပူ ဒယ် အိုး ပစ် ထည့်  လိုက် ပြီး
ပြန် ဆယ် လိုက် တော့ 
အ ရှည် ဆယ် လက် မ လုံး ပတ် နှစ် လက် မ
အ ရွှယ် မှာ အ လယ် မှာ အ ခေါင်း ပေါက် ကြီး နဲ့ 
ထွက် လာ တာ အံ့  မ ခ န်း လိ လိ ပါ ပဲ ဗျာ ။
ကြီး ထွား နှုန်း သိပ် များ အောင်
ဓာ တု ဗေ ဒ မှုန့်  ပွ ဆေး ဆော် ဒါ မှုန့်  တွေ
အ လွန် အ မင်း ဂျုံ နဲ့  ရော နယ် ထား တာ ကိုး ဗျ ။
= =
ဒါ နဲ့  ကိုယ့်  အိမ် မှာ ကိုယ် ဂျုံ နယ် ပြီး
အီ ကြာ ကွေး စမ်း ကြော် ကြ ည့်  တယ် ။
လက် ညှိုး အ ရွှယ် ဂျုံ အ တောင့် က လေး နှစ် တောင့် ပူး ပြီး
ဆီ ပူ အိုး ထဲ ထည့်  လိုက် တာ မူ လ အ ရွှ ယ် ပဲ ပြန် ထွက် တယ် ။
ကြီး ထွား မ လာ ဘူး ။ ထည့်  တုံး က အ ဖြူ ရောင်
ပြန် ထွက် လာ တော့  အ ဝါ ရောင် ။
စား လို့  တော့  အ ရ သာ ရှိ သား ။
ပြန် ရောင်း ရင် တော့  ဘယ် သူ မှ ကြိုက် မှာ မ ဟုတ် ဘူး ။ ။
= = = =
= = = =
နောက် တစ် ခု က
" " ပဲ မျိုး စုံ နှစ် ပြန် ကြော် " "
အ ချိန် က နေ့ လည် ၂ နာ ရီ ။
နေ ရာ က မ န္တ လေး မြို့  ။
ခ ရီး သွား ဟန် လွှဲ ခင် မင် တဲ့ 
သူ ငယ် ချင်း ရှိ ရာ အ လည် ဝင် ခဲ့  ၏ ။
သူ တို့  မိ သား စု က
မ န္တ လေး မြို့  ကြီး မှာ
လက် ဖက် ဂျင်း နဲ့ 
ပဲ မျိုး စုံ နှစ် ပြန် ကြော်
ကြော် ရောင်း ပြီး
အ လွန် စီး ပွါး တက် ၏ ။
သေး ပေါက် ချင် ( အ ပေါ့  သွား ) ချင် တာ နဲ့ 
အိမ် သာ ဘက် ရှိ ရာ အိမ် အ နောက် ဘက် ကို
ထွက် သွား ကြည့်  လို့  ပြန် အ ထွက်
ကျွန် တော် လည်း စပ် စပ် စု စု
သူ့  ခြံ ဝန်း အ ကျယ် ကြီး ထဲ က
အ ကြော် ဖို ဘက် ထွက် ကြ ည့်  မိ တဲ့  အ ခါ
အား ပါး ပါး … … … ထင်း ထား တဲ့  ဂုံ ဒေါင် ဘေး မှာ
တစ် တင်း ခွဲ အိပ် နဲ့  ထည့်  ထား တဲ့ 
ရေ သန့်  ဘူး ခွန် အ ဟောင်း တွေ
အိတ် နှစ် ဆယ် လောက် တွေ့  တယ် ။
ပဲ မျိုး စုံ နှစ် ပြန် ကြော် တွေ
ကြွပ် ရွှ ပြီး လေ သ လပ် ခံ နိုင် ပြီး
မ ပျော့  သွား အောင်
ဆီ ပူ မိုး ဗြဲ ဒယ် အိုး ကြီး ထဲ ကို
ရေ သန့်  ဘူး ခွန် တွေ ထည့်  ရ တာ လေ ။
ဒါ မှ နှစ် ပြန် ကြော် ကြွပ် ရွှ ပြီး
စား ကောင်း တာ ။ ။
= =
တော် ပြီ … … …
ဒီ အ ကြောင်း တွေ ဆက် မ ရေး ချင် တော့  ဘူး ။ ။
= = = =
= = = =
. .

Friday, May 29, 2015

" သရက်သီးအစိမ်းသနပ် စပ်စပ်လေး "

" သရက်သီးအစိမ်းသနပ် စပ်စပ်လေး "
ကျွန်မရဲ့ ဒုတိယစာအုပ် (အစိမ်းရောင်) မှာ ပါပြီးသားလေးပါ။
***... သရက်သီးအစိမ်းသနပ် စပ်စပ်လေး အတွက် လိုအပ်တာလေးတွေ…
1. သရက်သီး အကြီး – ၁ လုံး (600 g ခန်.)
2. ကြက်သွန်ဖြု – ၅ တက်ခန်. (၄ ပိုင်းခန့်ဖြတ်ပြီး လှီးထားပါ။)
3. 1 clove (လေးညှင်း)
4. 3 black peppercorns (ငရုတ်ကောင်း)
5. 1/4″ cinnamon stick (သစ်ဂျပိုး)
6. 14 methi seeds (fenugreek seeds) (ပဲနံ့သာစေ့)
7. ဆား – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
8. ဆီ (Vegi oil) – 1/2 cup (125 ml)
9. နနွင်းမှုန်. – လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
10. hing – လက်ဖက်ရည်ဇွန်း ၆ ပုံ ၁ ပုံ
11. chilli powder – ထမင်းစားဇွန်း ၁ ဇွန်းခွဲ (ငရုတ်သီးအကြမ်းမှုန်. မဟုတ်ပါ။)
12. အရောင်တင်မှုန်. – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
13. yellow crushed mustard seeds (အဝါရောင် မှုန်ညင်းစေ့) – ထမင်းစားဇွန်း ၁ ဇွန်း (ကျွန်မကတော့ crushedလုပ်ထားတာ ဝယ်မရလို. ငရုတ်ကျဉ်ပွေ့ဖြင့် ဖိကြိတ်ပြီး လုပ်လိုက်ပါတယ်။)
#. ရေဆေးထားသော သရက်သီးကို မခွံမခွာပဲ လက်မတစ်ဆစ်ခန်. အတုံးလေးများ လှီးထားပါ။ (၁၅ နာရီခန်.ကြိုလှီးထားပြီး ပန်းကန်ပြားလေးထဲ ထည့်ကာ အနည်းငယ်နွမ်းအောင် ထားပါ။ နေပူမလှမ်းရန် မလိုပါ။)
#. clove, cinnamon stick, black peppercorns နှင့် fenugreek seeds ကို ဒယ်အိုးထဲထည့်ပြီး အရောင်ပြောင်းလာသည်အထိ လှော်ပေးပါ။
#. အရောင်ပြောင်းလာလျှင် အမှုန်.ဖြစ်အောင်ထောင်းထားပါ။ (မာဆလာ လုပ်တာပါ။)
#. ဆီများကို အိုးတစ်အိုးထဲထည့်ပြီး အပူပေးထားပါ။ အငွေ.ထွက်လာလျှင် မီးဖိုမှဖယ်ထားပါ။
#. ဆားကို လှော်ပေးပါ။ ရွှေဝါညိုရောင်ဖြစ်လာလျှင် ပန်းကန်တစ်ခြပ်ထဲပြောင်းထည့်ကာ အအေးခံထားပါ။
#. မီးဖိုမှ ဖယ်ထားသောဆီ အတော်နွေးနွေးဖြစ်လျှင် နနွင်းမှုန်. နှင့် hingကို ထည့်မွှေကာ ဆက်ပြီး အအေးခံထားပါ။(ဆီအရမ်းအေးမှ မထဲ့ပါနှင့်။)
#. chilli powder, အရောင်တင်မှုန်.၊ ထောင်းထားသော မာဆလာ၊ လှော်ထားသောဆား (အေးနေဖို.လိုပါတယ်)၊ yellow crushed mustard seeds တို.ကို ဇလုံတစ်လုံးထဲ ထည့်ပြီး ရောထားပါ။
#. ပြီးလျှင် အေးသွားသောဆီကို ထည့်ပြီး ထပ်ရောမွှေပေးပါ။
#. ကြက်သွန်ဖြူ နှင့် သရက်သီးများထည့်ကာ အားလုံးနှံ့သွားအောင် မွှေရောပေးပါ။
#. glad wrap နှင့် လေလုံအောင် ၂ ထပ်ဖုံးပေးပါ။
#. အိုးအဖုံးတစ်ခုနှင့် ထပ်ဖုံးကာ မှောင်နေသောနေရာတစ်ခုမှာ ၂ ရက်ထားပါ။
#. ၂ ရက်ကြာလျှင် အားလုံးနှံ.သွားအောင် ဇွန်းလေးနှင့် ပြန်မွှေပြီး သန်.သော လေလုံပုလင်းထဲ ထည့်ပါ။
#. ကြာကြာသိမ်းမည့်ဗူးကို glad wrapနှစ်ထပ်ခံပြီး ဖုံးပါ။
#. ဗူးများကို မှောင်သောနေရာမှာ ၃ ရက်ခန်. ထပ်ထားပြီးလျှင် စပြီး စားလို့ရပြီဖြစ်သလို၊ ရေခဲသေတ္တာထဲထည့်ပြီး သိမ်းနိုင်ပါပြီ။
(ခပ်နွမ်းနွမ်းကြိုက်လျှင် အပြင်မှောင်သောနေရာမှာ ၄ ရက်ထားပါ။)
#. ကျွန်မကတော့ ကြွပ်တာကို ပိုကြိုက်တာမို. ၄ ရက်ပြည့်တာနဲ. စပြီး စားပါတယ်။
#. ရာသီဥတုအပူရှိန် မတူနိုင်ကြတာကြောင့် ထားရမယ့်ရက် အနည်းငယ် ကွာခြားနိုင်ပါတယ်။

ငါးကင်အရောင်းသမားလေးတီထွင်တဲ့ စာငှားစနစ်

ဂုဏ် သို့မဟုတ် လူသားပီသတဲ့စိတ်
ငါးကင်အရောင်းသမားလေးတီထွင်တဲ့ စာငှားစနစ်
'လှိုင်မှာ၊လှည်းတန်းမှာအရက်သမားတွေကိုစာအုပ်လိုက်ငှားပေးပါတယ်။ သူတို့စာတအုပ်ငှားဖတ်ပြီးစာအုပ်အကြောင်း ပြန်ပြောနိုင်တယ်ဆိုရင် ဇော်ဇော်က ငွေ ၁၀၀၀ ပေးပါတယ်။ အရက်သမားတယောက် ဇော်ဇော်ဆီက စာအုပ် ၅ အုပ်ဖတ်ပြီးပြီ ဆိုရင် ဇော်ဇော်ပေးတဲ့ငွေကို သူတို့မယူတော့ဘူး...'
----- ----- ----- -----
၂၀၁၀ ပြည့်နှစ်နောက်ပိုင်း၊ အာဏာပိုင်တွေ ဖြေလျှော့ပေးလာတဲ့အထဲမှာ၊ စာကြည့်တိုက်တွေ တည်ထောင်ခွင့်လည်းပါဝင်ပါတယ်။ ၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေဝင်း တိုင်းပြည်အာဏာသိမ်းပြီးနောက်ပိုင်း၊ သတင်းစာတွေကို ပြည်သူပိုင်လုပ်ပြီး၊ အစိုးရပိုင်သတင်းစာတွေပဲ ထုတ်ဝေခဲ့တာ၊ အများသိကြပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်ကြီးနေဝင်း ပြည်တွင်းမှာလည်း သတင်းစာရှင်းပွဲ လုပ်လေ့လုပ်ထ မရှိသလို၊ ပြည်ပခရီးသွားတဲ့ အခါများမှာလည်း၊ တတ်နိုင်သမျှ သတင်းသမားတွေကို ရှောင်တယ်လို့ နာမည်ကြီးခဲ့သူပါ။
စစ်ဗိုလ်ချုပ်ကြီးတွေ၊ သတင်းမီဒီယာတွေကို ကြောက်တာ၊ မနှစ်သက်တာလူအများသိကြပေမယ့်၊သူတို့နောက်ထပ် ကြောက်တဲ့အရာတစ်ခုကိုတော့၊ လူအများသတိမထားမိကြပါဘူး။ အဲဒါကတော့ တိုင်းပြည်အတွင်းမှာ စာကြည့်တိုက်တွေ ဖွံ့ဖြိုးတိုးတက်မှာကို၊ မကြိုက်တာပါဘဲ။
ဒီလိုပြောတာ၊ သူတို့ကို မလိုမုန်းတီးစိတ်နဲ့မဟုတ်ပါ။ ၁၉၆၄ ခုနှစ်မှာ ထုတ်ပြန်ကြေညာခဲ့တဲ့၊ “ စာကြည့်တိုက်၊ ပြတိုက်နှင့် ပြပွဲ ‘’ ဥပဒေကြောင့်ပြောတာပါ။ဒီဥပဒေကို လေ့လာကြည့်ရင်၊စာကြည့်တိုက်၊ ပြတိုက် နဲ့ ပြပွဲတွေ လွယ်လွယ်ကူကူ မလုပ်နိုင်အောင်တားဆီးထားတာပါ။
အဲဒီကာလကို ပြန်ကြည့်လိုက်ရင်၊ စာအုပ်အငှားဆိုင်လေးတွေ ရပ်ကွက်တိုင်းမှာ မှိုလိုပေါက်လာပေမယ့်၊ စာကြည့်တိုက်တွေ မဖွင့်ရဲကြပါဘူး။ စာအုပ်အငှားဆိုင်လို့ပဲ နာမည်တပ်ပြီး စာအုပ်တွေငှားပေးခဲ့ကြပါတယ်။ စာအုပ်ကောင်းတွေငှားလို့ရပြီး၊ တစ်ရက် [ဆယ်ပြား ၁၀ ပြား] ပဲပေးရတာပါ။
တဘက်မှာတော့၊ ကျောင်းတွေမှာ စာကြည့်တိုက်အသုံးပြုချိန်၊ ကာယလေ့ကျင့်ချိန်၊ စိုက်ပျိုးရေးအချိန်၊ အိမ်တွင်းမှု အချိန်၊ ပန်းချီအချိန်တွေ တဖြည်းဖြည်း ပြုတ်ကုန်ကြတာ၊ နောက်ဆုံးတော့ အခုလက်ရှိ ပညာရေးပုံစံ ဖြစ်သွားခဲ့ပါတယ်။
နိုင်ငံတော်က ထောက်ပံ့မှုပေးရတဲ့စာကြည့်တိုက်တွေဘက်ကြည့်လိုက်ရင်လည်း၊ နိုင်ငံရဲ့ အမြင့်မားဆုံးနေရာကိုယူထားရမယ့်၊ အမျိုးသားစာကြည့်တိုက်တောင် နေရာတွေ တခုပြီး၊ တခုပြောင်းခဲ့ရတာ၊ ၁၉၆၂ နောက်ပိုင်းမှာပါ။
နောက်ဆုံး တာမွေသချိ င်္ုင်းမြေနေရာဟောင်းပေါ်မှာ ဆောက်ထားတဲ့ အမျိုးသားစာကြည့်တိုက်ကို၊ နေပြည်တော်ပြောင်းသွားလို့ ကျန်ခဲ့တဲ့၊ လူသူ အလွယ်တကူ မသိနိုင်၊မလာနိုင်တဲ့သီရိမင်္ဂလာလမ်းသွယ်ထဲရွှေ့စေခဲ့ပါတယ်။
အရင် မြင်သာထင်သာရှိတဲ့ မြင်းပြိုင်ကွင်းနဲ့ မျက်နှာချင်းဆိုင် အမျိုးသားစာကြည့်တိုက်နေရာကတော့၊ ထုံးစံအတိုင်း ပွင့်လင်းမြင်သာမှု မရှိဘဲ၊ မြေအငှားချလိုက်သလား။ အပြီးရောင်းစားကြသလား ဥာဏ်မမှီတော့ပါ။
ဒါကိုကြည့်ရင်၊ ဦးနေဝင်းက အစ၊ လက်ရှိ အုပ်ချုပ်နေသူတွေ အဆုံး၊ အမျိုးသားရေးလက္ခဏာတွေ၊ ဂုဏ်သိက္ခာတွေ၊ တိုင်းပြည်နဲ့ လူမျိုးရဲ့ စိတ်ယဉ်ကျေးမှုပြယုဂ် စာပေနဲ့ ယဉ်ကျေးမှု ကိုနားလည်းမလည်။ တန်ဖိုးလည်းမထား။ တန်ဖိုးထားရကောင်းမှန်းလည်းမသိကြောင်း ထင်ရှားလှပါတယ်။
တက္ကသိုလ်ကောလိပ်စာကြည့်တိုက်တွေလည်း၊ ၁၉၆၇ လောက်ကစပြီး၊ တက္ကသိုလ်ပညာရပ်ဆိုင်ရာ စာအုပ်တွေ၊ ဂျာနယ်တွေကို ဟိုတုန်းကလို နိုင်ငံခြားကို လှမ်းမှာခွင့် မရှိတော့ပါဘူး။ လွတ်လပ်ရေးရပြီး ၁၀ နှစ်လောက်ပဲ အုပ်ချုပ်ခဲ့ရတဲ့၊ ပါလီမန်အစိုးရ လက်ထက်မှာ၊ ဥာဏ်အမြော်အမြင်ကြီးလှတဲ့ ဦးသိန်းဟန် ( ဆရာဇော်ဂျီ ) က၊ ဗြိတိသျှစာကြည့်တိုက်ထဲရောက်နေတဲ့ ရှေးမြန်မာ ပြဇာတ်စာအုပ်တွေ၊ ဝတ္ထုစာအုပ်တွေကို ဓာတ်ပုံကော်ပီတွေ အဖြစ်ပြန်အရယူပါတယ်။
အင်္ဂလန်မှာရှိတဲ့ စာအုပ်အဟောင်းဆိုင်တွေရဲ့ ကက်တလောက်တွေက တဆင့် မြန်မာနိုင်ငံအတွက် ပြန်စုသင့်တဲ့ စာအုပ်တွေကို ပြန်ဝယ်ပါတယ်။
ဆရာဇော်ဂျီ ဒီလိုလုပ်တာတွေအတွက်၊ ပါလီမန်အစိုးရထံက ခွင့်ပြုချက်တွေ၊ အစိုးရက ပါဝင်စွက်ဖက်တာတွေ၊ ဘာမှ မရှိဘဲ လွတ်လွတ်လပ်လပ် လုပ်ခဲ့နိုင်တာပါ။ ဒါကြောင့် ပထမဆုံး ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှုး ဦးခင်ဇော် ( ကလောင်အမည် - ကေ ) စုဆောင်းခဲ့တဲ့၊ စာအုပ်စာတမ်းတွေ၊ ဂျပန်အဆုတ်မှာ ဒိုက်နမိုက်နဲ့ ခွဲခံရလို့ ပြာဖြစ်ခဲ့ပေမယ့်၊ ဒုတိယစာကြည့်တိုက်မှုး ဆရာဇော်ဂျီက ကျားကုတ်ကျားခဲ ပြန်စုခဲ့တာပါ။
အခု အုပ်ချုပ်ရေးပိုင်းက၊ ပညာရေးပိုင်းက တာဝန်ရှိသူတွေ၊ အာဆီယံစာကြည့်တိုက်တွေနဲ့ မယှဉ်နိုင်ရင်တောင်၊ မျက်နှာမငယ်ရဘဲ အပြလှတဲ့ စာစုတွေ တက္ကသိုလ်များဗဟိုစာကြည့်တိုက် ( ယခင် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်) မှာ ရှိနေတာ၊ စာတန်ဖိုး၊ ပညာတန်ဖိုး၊ အမျိုးသားယဉ်ကျေးမှု တန်ဖိုးတွေကို နားလည် တန်ဖိုးထားခဲ့တဲ့၊ ဆရာဇော်ဂျီ ၊ ဆရာဦးသော်ကောင်း တို့ရဲ့ ကျေးဇူးကြောင့်ပါ။
သူတို့လိုသာ၊ နေရာကောင်းက မြေမှန်သမျှ လက်သိပ်ထိုးရောင်းဖို့၊ ငှားဖို့လောက်သာ နားလည်ခဲ့မယ်ဆိုရင်၊ ပြစရာကွက်ကွက်လေးတောင်၊ စာပေ နဲ့ယဉ်ကျေးမှု ဆိုင်ရာမှာ ကျန်တော့မယ် မဟုတ်ပါ။
ဘယ်စာကြည့်တိုက်ပဲ ဖြစ်ဖြစ်၊ ပြည်သူတွေအလွယ်တကူသွားလာလို့ရတဲ့နေရာ၊ လူအများထင်သာ၊ မြင်သာရှိတဲ့နေရာမျိုးမှာ ထားရတာပါ။
တမျိုးသားလုံးဂုဏ်ကို ဆောင်ရမယ့် အမျိုးသားစာကြည့်တိုက် ( ရန်ကုန်) က ၊ စာကြည့်တိုက်အ၈င်္ါရပ်နဲ့ ဘာတခုမှ မကိုက်ညီတဲ့ အတွင်းကျကျ နေရာမှာရှိနေပြီး၊ အမျိုးသားစာကြည့်တိုက် ( နေပြည်တော်) ကလည်း၊ သာမန်ပြည်သူတွေ အလွယ်တကူ မသွားနိုင်တဲ့နေရာပါ။
၂၀၀၅ ခုနှစ်မှာ၊အဲဒီတုန်းက ပြန်ကြားရေးဝန်ကြီးတာဝန်ယူထားသူတဦးရဲ့ ကြိုးပမ်းမှုကြောင့်၊ ကျေးလက်စာကြည့်တိုက်ငါးသောင်းကျော် မြန်မာနိုင်ငံတဝှန်းမှာ ဖွင့်ထားပြီလို့ အတိအကျ သတင်းတွေဖော်ပြလာပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာ ကွင်းဆင်းလေ့လာရေးအဖွဲ့ တဖွဲ့က ၂၀၁၃ မှာ ကွင်းဆင်းလေ့လာလိုက်တော့၊တကယ်ရှိနေတာကျေးရွာစာကြည့်တိုက် လေးထောင်ကျော်လောက်သာ တွေ့ရပါတယ်။
ဦးသိန်းစိန်အစိုးရလက်ထက်မှာ၊ ၁၉၆၄ စာကြည့်တိုက်၊ ပြတိုက် နှင့် ပြပွဲ ဥပဒေ ကို မဖျက်သိမ်းသေးပေမယ့်၊ ကိုယ်ထူကိုယ်ထ စာကြည့်တိုက်လေးတွေ ဖွင့်လာတာကို ရန်မလုပ်တော့ပါဘူး။ ဒါကြောင့် ၂၀၁၀ နောက်ပိုင်း၊ အထိမ်းအမှတ်စာကြည့်တိုက်တွေ၊ အသင်းအဖွဲ့တွေက တည်ထောင်တဲ့ စာကြည့်တိုက်တွေ၊ပုဂ္ဂလိကစာကြည့်တိုက်လေးတွေ မြန်မာပြည်မှာ၊ နေရာအနှံ့ ပြန်ပေါ်လာကြပါတယ်။
မေလ၉ရက်နေ့က၊သပြေ(ကလေးလူငယ်ပညာရေးနှင့်ကျန်းမာရေး ထောက်ပံ့မှု အဖွဲ့) ၊ ညောင်ပင်သာစာကြည့်တိုက် အဖွဲ့နဲ့ ပညာရေးချိတ်ဆက်အသင်း ( Edu Net) တို့ပူးပေါင်းပြီး “ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေး နှင့်ကွန်ရက်ဖွဲ့စည်းခြင်း ဆွေးနွေးပွဲ ‘’ ကို၊ ကိုကျော်သူတို့ရဲ့နာရေးကူညီမှု အသင်းခန်းမ မှာကျင်းပခဲ့ပါတယ်။
ဒီပွဲမှာ ထူးခြားတာက၊ ကိုယ်ထူကိုယ်ထ စာကြည့်တိုက်များ၊ အသင်းအဖွဲ့စာကြည့်တိုက်များ၊ ကျေးရွာစာကြည့်တိုက်များကိုသာ ဖိတ်ကြားပြီး၊ ဌာနဆိုင်ရာ ဘယ်စာကြည့်တိုက်ကိုမှ မဖိတ်ကြားခြင်းပါ။ မနက် ၁၀ နာရီမှာ အခမ်းအနားဖွင့်လှစ်ပြီး၊ အဖွင့်အမှာစကားကို၊ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)ညွှန်ကြားရေးမှုး ဒေါ်မြဦးက ပြောကြားပါတယ်။ နောက်ပြီး ဒေါက်တာသန့်သော်ကောင်းက၊ “ မြန်မာနိုင်ငံစာကြည့်တိုက်များ၏ ရှေ့အနာဂတ်’’ ၊ ဗီယင်နာမှာရှိတဲ့ အနုမြူစွမ်းအင် အေဂျင်စီ အဖွဲ့လက်အောက်ရှိ စာကြည့်တိုက်မှာ ၁၈ နှစ်ကြာတာဝန်ထမ်းပြီး၊ ပြန်လာတဲ့ ဒေါ်အဝင်းက “ ကွန်ရက်ဖွဲ့ခြင်း’’ နဲ့ ဦးမောင်မောင်စိုး ( ပန်းချီအောင်စိုး၏ သား)က “ စာကြည့်တိုက်ရှင်သန်စေမည့် နည်းလမ်းများ’’ အကြောင်း ပြောဆို ဆွေးနွေးကြပါတယ်။
ဒီပွဲမှာ စိတ်ဝင်စားစရာ ကြုံရတာတော့၊ လှည်းတန်းမှာ ငါးကင်ရောင်းပြီး၊ စာကြည့်တိုက် ၂ ခုဖွင့်ထားတဲ့ ဇော်ဇော်ဆိုတဲ့ လူငယ်လေးပါ။ ဇော်ဇော်က ကျောက်ပန်းတောင်းမြို့နယ်၊ ကတောအုပ်စု၊ စီသာရွာသားလေးပါ။ လေးတန်းထိပဲ ကျောင်းနေရပြီး၊ အိမ်စီးပွားရေးကြောင့် ကျောင်းထွက်ရပါတယ်။ အဘိုးဖြစ်သူနဲ့ သူတပါးပိုင် နှမ်းထောင် ( နှမ်း၊ ပဲ နှုတ်ပြီးပုံထားသည့်နေရာ) တွေကို စောင့်တဲ့ အလုပ်လုပ်ရပါတယ်။ သူတပါးပိုင် ပဲ၊ နှမ်းတွေကို စောင့်ရင်း၊ အဘိုးက သူဖတ်ခဲ့တဲ့ ရာဇဝင်၊ ပုံပြင် နဲ့ စာတွေ၊ ဝတ္ထုတွေကို ပြောပြပါတယ်။
အဘိုး အကြိုက်ဆုံး စာရေးဆရာတွေက၊ နန်းတော်ရှေ့ဆရာ
တင် နဲ့ လူထုဒေါ်အမာပါ။ ဒီလိုနဲ့ မြေးအဘိုး နှစ်ယောက် နှမ်းစောင့်ချိန်ကို အကျိုးရှိရှိ ကုန်အောင်နေခဲ့ကြရပါတယ်။ အညာမှာ စားဝတ်နေရေး မလွယ်တော့၊ ရွာက မြို့တက် အလုပ်လုပ်နေသူတွေနဲ့ချိတ်ပြီး၊ မန္တလေး၊ ရန်ကုန်စတဲ့ မြို့ကြီးတွေကို လာပြီး ရရာအလုပ် လုပ်ကြလေ့ရှိပါတယ်။
ဇော်ဇော်ရန်ကုန်ကို ရောက်တဲ့နေ့က တသက်မမေ့နိုင်စရာ၊ ရန်ကုန်ကို နာဂစ်ဝင်တဲ့နေ့ပါ။ လက်ထဲမှာ အဘိုးပေးလိုက်တဲ့ ငွေ ၇၀၀၀၊ ဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ ငွေစက္ကူတချို့ နဲ့ စာအုပ်သုံးအုပ်ပါ။ ခင်ခင်ထူးရေးတဲ့ မအိမ်ကံဝတ္ထု၊ ချစ်ဦးညိုရဲ့ လင်္ကာဒီပချစ်သူ နဲ့ ဗျတ်ဝိ ဗျတ္တ စာအုပ်ပါးလေးပါ။
တာမွေက ဘီယာဆိုင် တဆိုင်မှာ ဇော်ဇော် စားပွဲထိုးရပါတယ်။ ဇော်ဇော်က ဆိုင်မှာ ဖင်ပေါ့တယ်။ ဘယ်အလုပ်မဆို မခိုမကပ်လုပ်ပေးတယ်။ ဆိုင်က တခြားအလုပ်သမားတွေနဲ့ တည့်အောင်နေတယ်။ ဒီနေ့ ထမင်းပေါင်းနည်းရအောင်သင်ပြီးရင်၊ နောက်နေ့ ခေါက်ဆွဲကြော် ကြော်နည်းသင်ယူတယ်။
ဘီယာဆိုင်ကပဲ ထမင်းကျွေးပြီး၊ ဆိုင်ကပေးတဲ့ နေရာမှာ ဘဝတူ အလုပ်သမားတွေနဲ့ အတူနေရတယ်။ လခ ၄၅၀၀ ရတယ်။ ဇော်ဇော်ပါလာတဲ့ စာအုပ်သုံးအုပ်ဖတ်ပြီးတဲ့နောက်၊ စာငတ်တဲ့ပြဿနာ၊ စာဖတ်ချင်တဲ့ ပြဿနာက ဇော်ဇော်အတွက် အတော်ကြီးမားပါတယ်။ တာမွေက စာကြည့်တိုက်တွေထဲ ဝင်ခွင့်မရ၊ ငှားခွင့်မရတာကို ဝမ်းနည်းမိတယ်။ စာမဖတ်ရရင် မနေနိုင်တော့၊ ကျောက်မြောင်းမှာ လာဖွင့်ထားတဲ့ စာပေလောက-၄ မှာ၊ စာအုပ်ဝယ်ဖတ်တယ်။ တနှစ်သာကုန်သွားရော။ ရွာကိုလည်း မယ်မယ်ရရ ငွေမပို့နိုင်။ ပိုင်ဆိုင်ထားတဲ့ စာအုပ်တွေကို ထားစရာနေရာက မရှိဖြစ်လာပါရော။
၂၀၀၈ ခုနှစ်ရောက်တော့၊ ဘီယာဆိုင်ကထွက်ပြီး၊ လက်တွန်းလှည်းလေးနဲ့ လှည်းတန်းမှာ ငါးကင်စရောင်းတယ်။ စည်ပင်ကြောင့် ငါးကင်ဆိုင်က ည ၈ နာရီမှ စဖွင့်ရတယ်။ လှည်းတန်းနဲ့ နီးတဲ့ ဆင်မလိုက်သင်္ဘောကျင်းက အိမ်တအိမ်မှာ၊ အခန်းငှားနေရတယ်။ ၆ လ အတွက် အိမ်လခ မပေးနိုင်ရင်၊ ရှိသလောက်ပေးပြီး အိမ်ရှင်ကျေနပ်အောင် ရေဆွဲပေးရတယ်။ ငါးကင်ရောင်းရင်း ဆင်မလိုက် လိုင်းခန်းမှာ စာအုပ်တွေကို သူများတွေ ပေးဖတ်တယ်။
ကိုယ့်တုန်းက စာဖတ်ချင်တာ၊ ဖတ်ခွင့်မရခဲ့တာမျိုး ကို တိုက်ဖျက်ချင်စိတ်က ရှိနေတယ်။ လှည်းတန်းကို စက်ဘီးစီးလာရင်၊ စက်ဘီးပေါ်မှာ စာအုပ်တွေတင်လာတယ်။ လှည်းတန်းက စာဖတ်ချင်သူတွေက ဇော်ဇော်အလာစောင့်ပြီး။ စာအုပ်လာငှားကြတယ်။ စာအုပ်တွေကို ဘယ်သူ့ကို မဆို စစ်ဆေးမေးမြန်းခြင်း၊ အထောက်အထားတောင်းခြင်း စတာတွေ မလုပ်ဘဲ၊ယုံကြည်မှုနဲ့ငှားပေးတယ်။
တချို့စာအုပ်တွေ ပြန်မရပေမယ့်၊ တချို့က သူတို့မှာရှိတဲ့ စာအုပ်တွေကို လာပေးကြတယ်။ လှည်းတန်းမှာ ဇော်ဇော်ရဲ့ မန္တလေးငါးကင်ဆိုင်ကို လူသိသလို၊ စာအုပ်ငှားတာကိုလည်း သိလာကြတယ်။ ငွေစုမိလာတော့၊ လှိုင်မြို့နယ်မှာ အခန်းငှားနေတယ်။
ည၈နာရီငါးကင်ဆိုင်ဖွင့်ဖို့၊ နေ့လယ်ကတည်းက အလုပ်စလုပ်ရတယ်။ ငှားနေတဲ့ တိုက်ခန်းက မြေညီထပ်ဆိုတော့၊ စာအုပ်တွေကို အခန်းရှေ့မှာ ခင်းကျင်းပြီး၊ ဗလာစာအုပ်တအုပ်နဲ့ ဘောပင်တချောင်းချထားပေးတယ်။
စာအုပ်ငှားချင်သူက သူငှားချင်တဲ့ စာအုပ်ကို ဗလာစာအုပ်ထဲမှတ်ပြီး ယူခွင့်ပြုထားတယ်။ ပြန်အပ်ရမယ့်နေ့ မသတ်မှတ်ထားဘူး။ လှိုင်မြို့နယ်ထဲနေသူတွေကို တခါငှား ၃ အုပ်ပေးပေမယ့်၊ ရွှေပြည်သာ၊ ပဲခူး စတဲ့နေရာမျိုးက လာသူတွေကိုတော့ တခါငှား ၁၀ အုပ်ခွင့်ပြုတယ်။ ညဘက် ငါးကင်ထွက်ရောင်းရင်လည်း၊ မြေညီထပ်မှာ ဖွင့်ထားတဲ့စာကြည့်တိုက်ကို ဖွင့်လျက်ထားခဲ့တယ်။
ငါးကင်ရောင်းတာ သိမ်းပြီး၊ အခန်းပြန်ရောက်ချိန်က ည ၁၂ နာရီပဲ။ ဒါကြောင့် စာကြည့်တိုက်ကို မနက် ၉ နာရီက ည ၁၂ နာရီထိဖွင့် ပေးထားတယ်။ စာကြည့်တိုက်ကို မန္တလေးစာကြည့်တိုက်လို့ နာမည်ပေးထားတယ်။
ဇာတိရွာကိုလည်း ကျေးဇူးပြုချင်တယ်။ ဒါကြောင့် ၈.၅. ၂၀၁၅ ရက်နေ့မှာ၊ ရွာမှာ မန္တလေးစာကြည့်တိုက်-၂ ကိုဖွင့်ပေးပါတယ်။ “ စာအုပ်စာပေ အခမဲ့ငှားပါသည် ခင်ဗျား ‘’ ဆိုတဲ့ စာတန်းကိုလည်း ချိတ်ဆွဲပေးထားပါတယ်။
လှိုင်မှာ၊လှည်းတန်းမှာအရက်သမားတွေကိုစာအုပ်လိုက်ငှားပေးပါတယ်။ သူတို့စာတအုပ်ငှားဖတ်ပြီးစာအုပ်အကြောင်း ပြန်ပြောနိုင်တယ်ဆိုရင် ဇော်ဇော်က ငွေ ၁၀၀၀ ပေးပါတယ်။ အရက်သမားတယောက် ဇော်ဇော်ဆီက စာအုပ် ၅ အုပ်ဖတ်ပြီးပြီ ဆိုရင် ဇော်ဇော်ပေးတဲ့ငွေကို သူတို့မယူတော့ဘူး။ ဒါ ဇော်ဇော်ရဲ့စေတနာကို အကောင်းဆုံး တုန့်ပြန်တာလို့ ခံစားရတာ၊ ဘာနဲ့မှ နှိုင်းယှဉ်လို့ မရပါဘူး။
ကလေးတွေကို တော့၊ ဇော်ဇော်က နည်းတမျိုးသုံးပါတယ်။ ဇယ်တောက်ခုံ ဆောင်ထားပြီး၊ စာအုပ်တအုပ်ဖတ်ပြီး၊ ပြန်ပြောနိုင်တဲ့ ကလေးကို ဇယ်တောက်ခွင့်ပြုပါတယ်။ လူငယ်တွေကိုတော့ တမျိုးပေါ့။ စာအုပ် ၂ အုပ်ငှားပြီးတိုင်း၊ တကယ်ဖတ်တာဆိုရင် ဂီတာ တလက်ကို ၂ ရက်ပေးငှားပါတယ်။
ဇော်ဇော်လုပ်ဆောင်ချက်တွေက၊ အကောင်အထည်ပေါ်လာပါတယ်။ မန္တလေးကသူဌေးတဦးက၊မန္တလေး၃ဆိုပြီးစာကြည့်တိုက်ဖွင့်ချင်ရင်၊ ဇော်ဇော်က နာမည်ခံရုံခံပါ။ သူကုန်ကျစရိတ်အားလုံးတာဝန်ယူမယ်လို့ ကမ်းလှမ်းလာပါတယ်။
သပြေအဖွဲ့က လုပ်တဲ့ ဒီစာကြည့်တိုက်ဆွေးနွေးပွဲမှာလည်း၊ ဇော်ဇော်ကို ဖိတ်စာနဲ့တကွလာဖိတ်တာပါ။ ဒီပွဲမှာတွေ့ရတဲ့ ဒေါက်တာသန့်သော်ကောင်းလို လူမျိုးက “ ကိုဇော်ဇော် ဘာစာအုပ် ဖြည့်ဆည်းပေးရမလဲ ‘’ မေးတာခံရတော့ ပင်ပင်ပန်းပန်း နေ့စဉ်ရှာဖွေပြီး ဖွင့်ခဲ့ရတဲ့ စာကြည့်တိုက်တွေက ပြန်ပေးတဲ့ ရလဒ်တွေပါလို့ ခံစားရပြီး၊ ကျေနပ်မိပါတယ်။
စာငတ်ခဲ့တဲ့ တောသားလေးတယောက်၊ ကိုယ်ချင်းစာစိတ်နဲ့ လူတွေကို စာမငတ်စေချင်တာ၊ စာအုပ်စာပေက ပေးတဲ့အသိတွေ၊ ဗဟုသုတတွေကို ကိုယ်ရသလို ရစေချင်တာ၊ ကလေးတွေစာဖတ်တဲ့ အကျင့်ရစေချင်တာ၊ လူငယ်တွေ စာဖတ်စေချင်တာ၊ အရက်သမားတွေ အရက်ပုလင်းကိုင်မယ့်အစား၊ စာအုပ်ကို လက်ကကိုင်စေချင်တာ၊ ဇော်ဇော့် စိတ်ရင်းစေတနာပါ။
ဇော်ဇော်ရဲ့စာငှားစနစ်ကို သဘောကျမိပါတယ်။ ဒါကြောင့် “ စာအုပ်ဘယ်လောက်ပျောက်သလဲ’’ မေးတော့၊ ဇော်ဇော်က ၂၀ ရာနှုန်းလို့ ပြန်ဖြေပါတယ်။
ကျွန်မစိတ်ထဲမှာ တော့ ဒီပွဲမှာတွေ့ရတဲ့၊ တနိုင်တပိုင် ကိုယ့်တိုင်းသူပြည်သားတွေ စာဖတ်ရဖို့အတွက်၊ တတ်နိုင်သမျှ လုပ်ဆောင်နေကြသူတွေအတွက်၊ အလွန်ဂုဏ်ယူမိပါတယ်။ လယ်စိုက်ယာစိုက်ပြီး၊ ရွာမှာ စာကြည့်တိုက်ဖွင့်နေသူတွေလည်း ပါကြပါတယ်။ သူတို့ရဲ့ အဆင်းတွေ ပြောင်ရောင်မနေပါဘူး။ ရွှေ တွေ စိန်တွေနဲ့ တလက်လက် မတောက်ပနေကြပါဘူး။ ဒါပေမယ့် မတော်လောဘနဲ့ နိုင်ငံပိုင်မြေ ကို မရောင်းစားသူတွေ၊ မပွင့်မလင်းနဲ့ နိုင်ငံပိုင် အဆောက်အအုံတွေကို ရောင်းသူ၊ ငှားသူတွေ မဟုတ်ဘဲ၊ လူပီသတဲ့ ဘဝကို ဂုဏ်ယူဖွယ်ပိုင်ဆိုင်ထားသူတွေပါလားဆိုတဲ့၊ အသိကြောင့် ပီတိဖြာမိပါတယ်။
ခင်နှင်းဦး

ဖတ်သင့်တယ် သိသင့်တယ်ထင်လို့

ဖတ်သင့်တယ် သိသင့်တယ်ထင်လို့
==================
ဒေါ်အောင်ဆန်းစုကြည် နှင့်ပတ်သတ်ပြီး
တကယ်မသိသေးသောလူငယ်များနှင့် တပ်မတော်ထဲရှိ 
သူမအား ဝေဖန်သောသူများ၏ မေးမြန်းချက်များကို
မိမိလေ့လာမိသလောက် ဖြေကြားထားချက်များ ဖြစ်ပါသည်..။
ယခုအချိန်အတွင်း ပေါ်ပေါက်နေသော
ဒေါ်အောင်ဆန်းစုကြည်အပေါ်တိုက်ခိုက်နေမှုများကို..
ဒေါ်အောင်ဆန်းစုကြည်အပေါ်အမြင်စောင်းမည်စိုးသဖြင့်
ယခုအချက်အလက်များဖြင့် ပြန်ချေပဖော်ပြခြင်းဖြစ်ပါသည်။
----------------
(Kaung Myat)
ကျွန်တော်က နိုင်ငံရေးအပြောင်းအလဲတွေ ကြောင့်
နိုင်ငံရေးကို ခုမှစိတ်ဝင်စားတဲ့ သူပါ..
ဗိုလ်ချုပ်အကြောင်းကိုတော့ကောင်းကောင်းကြီး
သိရှိနားလည်ထားပါတယ်
ဒါပေမဲ့ ဒေါ်စုရဲ့အကြောင်းကိုတော့ သေချာမသိသေးပါဘူး
သူ့အကြောင်းကို သိတဲ့ သူများရှိရင် ကျွန်တော်သိချင်တဲ့အ
ကြောင်းလေးတွေကို ကျေးဇူးပြုပြီးဖြေပေးကြပါလား..?
(၁) ဒေါ်စု ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဘာကြောင့် ရခဲ့တာပါလဲ?
(၂) သူက ပြည်သူတွေအတွက် ဘာတွေလုပ်ပေးခဲ့ပါသလဲ?
(၃) အစိုးရကို မကြိုက်တာနဲ့ ပြည်သူတွေကို ထိခိုက်အောင်
စီးပွားရေးပိတ်ဆို့မှုတွေ ဘာ့ကြောင့်လုပ်ခဲ့တာပါလဲ?
(၄)နိုင်ငံ့ခေါင်းဆောင်ကြီးတစ်ဦးရဲ့ သမီးအနေနဲ့ဘာ့ကြောင့်
နိုင်ငံခြားသားကို လက်ထပ်ခဲ့တာလဲ?
(၅)သူမက ဘာ့ကြောင့် နိုင်ငံ့ခေါင်း
ဆောင်ဖြစ်သင့်တာလဲ? (ဗိုလ်ချုပ်သမီးဖြစ်လို့လား?)
ကျေးဇူးပြုပြီး ကျွန်တော်သိချင်တာလေးတွေကို
ဖြေပေးကြပါလားခင်ဗျာ........
(၁)
( Yan Aung)
ပထမမေးခွန်းအရ..
ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၁ ခုနှစ်တွင်
နိုဘယ် ငြိမ်းချမ်းရေးဆု ချီးမြင့်ခဲ့ခြင်းမှာ-
နိုဘယ်ဆုကော်မတီရဲ့ကြေညာချက်ကို ဖော်ပြရရင်..။
" နော်ဝေနိုင်ငံ နိုဘယ် ကော်မတီမှ ၁၉၉၁ ခုနှစ်အတွက်
နိုဘယ် ငြိမ်းချမ်းရေး ဆုအား မြန်မာနိုင်ငံ (ဗမာ) မှ
ဒေါ်အောင်ဆန်းစုကြည် အား၊ သူ၏ အကြမ်းမဖက်နည်းဖြင့်
ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးများ ရရှိရန် ကြိုးပမ်းခဲ့မှုများကြောင့်
ဤဆုအား ချီးမြှင့်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည် ရဲ့ သတ္တိများဟာ
အာရှ နိုင်ငံများမှ အထူးအံ့သြဖွယ်၊ ချီးကျူး သင့်သည့်
ဥပမာများမှ တစ်ခုဖြစ်ပါတယ်။
သူဟာ ဖိနှိပ်ချုပ်ချယ်ခြင်းမှ လွတ်မြောက်ရန်
တိုက်ပွဲဝင်နေတဲ့ အဓိက အရေးပါတဲ့ ပုံရိပ်ဖြစ်ပါတယ် ..
ယခု ၁၉၉၁ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆု အား
ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြင့်ရင်း၊ ကမ္ဘာတဝှမ်းတွင်
ဒီမိုကရေစီ နှင့် လူအခွင့်အရေးအများ ရကြရန် ငြိမ်းချမ်းစွာ
တိုက်ပွဲဝင်နေကြသည့် သူများအား ထောက်ခံ အားပေးရန် နှင့်
သူမ၏ အလံမချ ငြိမ်းချမ်းရေး တိုက်ပွဲဝင်မှုများကြောင့်၊
နော်ဝေနိုင်ငံ နိုဘယ် ကော်မီတီမှ ဤဆုအား ချီးမြှင့်လိုက်သည်။
( အော်စလို, အောက်တိုဘာ ၁၄၊ ၁၉၉၁)
အဓိကက မိန်းမတစ်ယောက်ဖြစ်ပြီး ..
အကျယ်ချုပ်ကျနေတာကိုတောင် လုံးဝ စိတ်ဓာတ်မကျပဲ
အာဏာရှင်ကို အကြမ်းမဖက် ဆန့်ကျင်ခဲ့လို့ပါ။
လူတိုင်းမှာ အရှိန်အ၀ါဆိုတာ ရှိတယ် ညီလေးရဲ့။
အဲဒါက ဘာနဲ့မှ လဲလို့မရဘူး။
ရှေ့ကလမ်းကြောင်းနဲ့သွားပြီး လင်ခရူဇာစီးသွားလည်း
အရှိန်အ၀ါမရှိရင် ဆိုင်ကယ်ကတောင် ရပ်မပေးချင်ဘူး..။
ဒါတွေကိုမင်းတို့သိပါတယ်..။
--------------------
(၂)
ဒုတိယမေခွန်းကိုကြည့်ရင်..
သူမလုပ်ခွင့်ရှိတဲ့ အချိန်မှာ သူမလုပ်ခဲ့တဲ့ အလုပ်တွေကို
အခု မျက်မြင်ကိုယ်တွေ့မြင်နေရပြီလေ..။
ပြည်သူကို ဘာလုပ်ပေးခဲ့သလဲ ဆိုတာထက်
အဲဒီတုန်းက သူမဟာ "ပြည်သူကိုဘာလုပ်ခွင့်ရခဲ့ပါသလဲဆိုတာက
ပိုသင့်တော်ပါတယ်။
သူ့အသက်ရဲ့ သုံးပုံတစ်ပုံလောက်က မြန်မာပြည်မှာ..။
မြန်မာပြည်မှာရှိတဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်အတွင်းမှာ
ဆယ့်ငါးနှစ်လောက်က အိမ်ထဲက အိမ်ပြင်ထွက်ခွင့်မရှိဘူး။
ထွက်လို့ရတဲ့ အချိန်တိုအတွင်းမှာ ပြည်သူနဲ့ ထိတွေ့ပြီး
လက်ရှိခံစားနေရတဲ့ ဒုက္ခတွေကို အကန့်အသတ်ထဲကနေ
အားပေးစည်းရုံးပြီး လုံးဝ(အခုအချိန်လို အနှောင်အဖွဲ့ကင်းမဲ့တဲ့)
တွေ့ဆုံဆွေးနွေးဖို့ကို အမြဲတမ်း ကြိုးစားနေခဲ့တယ်။
ဒါတွေကို အခက်အခဲကြားထဲက လုပ်နေခဲ့တာတွေပါပဲ။
အခုအချိန် သူလုပ်ပိုင်ခွင့်ရလို့ တစ်နှစ်အတွင်းပြောင်းလဲသွားတွေကို
ပြန်ကြည့်ရင်...
- သူလွတ်ပြီး တစ်လအတွင်း မြန်မာနိုင်ငံ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း
ထိုးတက်သွားတယ်၊
- သူ့ရဲ့ဖိအားပေးမှုနဲ့ EU နဲ့ US က စီးပွားရေးပိတ်ဆို့မှုတွေ လျော့လာတယ်၊
- မြန်မာအာဆီယံဥက္ကဌဖြစ်ဖို့ အင်ဒိုနီးရှားက သူ့ရဲ့တိုက်တွန်းချက်ကို
တောင်းရတယ်၊
- သံဃာ့အရေးအခင်းတုန်းက ဂျပန်သတင်းထောက်ပစ်သတ်ခံရလို့
နှစ်နှစ်လောက် ဒေါ်လာသန်းပေါင်းများစွာ မကူညီတဲ့ ဂျပန်က
ယခုအခါ လောပိတရေအားလျှပ်စစ်ကိုတောင် နှစ်ငါးဆယ် ထပ်ပြီး
ပြုပြင်တည်ဆောက်ဖို့ သဘောတူလိုက်တယ်။ ငွေတွေချေးတယ်၊
- အဲဒါတွေက နိုင်ငံတကာ စီးပွားရေးဆွေးနွေးပွဲတွေမှာ Skype နဲ့
မိန့်ခွန်းပြောကြားခဲ့တဲ့ အကျိုးဆက်တွေပဲ.။
- မြစ်ဆုံကိစ္စကိုလည်း ကန့်ကွက်ခဲ့တယ်။
- နိုင်ငံေ၇းအကျဉ်းသားအချို့ ပြန်လွတ်လာတယ်။
- နိုင်ငံတကာကလာတဲ့ အစိုးရအဆင့်မြင့်အရာရှိတွေ၊ အားလုံးနီးပါးက
သူနဲ့ မဆွေးနွေးပဲ ပြန်တဲ့သူသိပ်မရှိပါဘူး။
- အဲဒီတော့ အဲဒီလို ပြုပြင်ပြောင်းလဲတာတွေတာတွေက
သူလွတ်လာလို့ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေပဲ။
- အဲဒီလို အားလုံးပြောင်းလဲကုန်ရင် ပြည်သူ့ဘ၀တွေလည်း
ပိုမိုတိုးတက်လာမှာပဲ..။
(၂၀၁၁ နိုဝင်ဘာအထိအခြေအနေများဖြစ်ပါသည်)
----------------------------
(၃)
နံပါတ် (၃) မေးခွန်းကို ဖြေရရင် ..
စီးပွားရေးပိတ်ဆို့မှုရဲ့ အကြောင်းအရင်းက..
အာဏာရှင်တွေက ပြည်သူကိုနှိပ်စက်ရင်
များသောအားဖြင့် နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှုဆိုတာ
သူ့အလိုလို ဆွေးနွေးတိုင်ပင်ဆုံးဖြတ်ပြီး
ဖြစ်သွားတတ်ကြပါတယ်။
အဲဒီလိုပိတ်ဆို့ထားမှ အစိုးရအနေနဲ့ ရပ်တည်ရခက်ခဲပြီး
ပြည်သူတွေရဲ့ ဆန္ဒကို လိုက်လျောပေးလေ့ရှိကြလို့ပါ။
ဒေါ်စုကြောင့် စီးပွားရေးပိတ်ဆို့တယ်၊
ဒေါ်စုကစီးပွားရေး ပိတ်ဆို့ခိုင်းထားလို့
ပြန်မဖွင့်ပေးတာ ဆိုတာတွေက
အရင်က သတင်းစာထဲက စကားတွေပါ..။
နိုင်ငံတကာက စီးပွားရေးပိတ်ဆို့တာက
ပြည်တွင်းမှာရှိတဲ့ အခြေအနေတွေကို သုံးသပ်ပြီး
ဆုံးဖြတ်တဲ့အလုပ်တွေပါ။
ဒေါ်စုကပိတ်ခိုင်းတိုင်းပိတ်လို့မရသလို
ဖွင့်ခိုင်းတိုင်းလည်း ဖွင့်လို့မရပါဘူး။
အခုလို အခြေအနေမှာတောင်..
တစ်ချို့နေရာတွေမှာ..ဖြေလျာ့ပေးတာပဲရှိသေးတယ်။
လုံးဝ ဖွင့်မပေးသေးပါဘူး ..
လုံးဝပွင့်သွားအောင် ဖိအားပေးလို့မရပါဘူး။
အကြောင်း (၁) က စစ်အစိုးရပါ....
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အခုလို
ပြုပြင်ပြောင်းလဲရေးတွေ လုပ်ခဲ့မယ်ဆိုရင်..။
ယခုအထိ နိုင်ငံတကာက ပိတ်ထားစရာမရှိသလို
ပြည်သူတွေလည်း တိုးတက်နေမှာပါပဲ..။
အကြောင်း(၂) က တရုတ်ပါ။
ကမ္ဘာက စီးပွားရေးပိတ်ဆို့ချိန်မှာ
တရုတ်က မြန်မာကို အန္တရာယ်ကြီးပြီး
အရည်အသွေးမမီတဲ့ ပစ္စည်းတွေတင်သွင်း၊
မြန်မာပြည်က တန်ဖိုးရှိတဲ့သယံဇာတတွေ ထုတ်ယူကာ၊
မှောင်ခိုကုန်သည်လုပ်ပြီး စစ်အာဏာရှင်တွေအတွက်
အသက်ရှူပေါက်ဖွင့်ပေးခဲ့တဲ့အတွက်ယနေ့ အချိန်အထိ
သက်ဆိုးရှည်သွားခြင်းပါ။
နေပြည်တော်တောင် တရုတ်ကပေးတဲ့ US ငါးဘီလီယံနဲ့
ဆောက်ခဲ့သေးတာပဲ..။
ကမ္ဘာပေါ်မှာ တရုတ်ပြည်တွင်း စက်မှုလက်မှုတွေကထုတ်တဲ့
သွားကြားထိုးတံကနေ အိမ်စီးကားအထိ အစအဆုံး
အသုံးအပြုဆုံးနိုင်ငံက မြန်မာနိုင်ငံလေ။
တို့ပတ်ဝန်းကျင်မှာ တရုတ်ပစ္စည်းတွေချည်းပဲ..။
ထိုင်းပစ္စည်းတောင် မျိုးစုံရှိလို့လား။
အဲဒီတော့ တရုတ်သာ မှောင်ခိုကုန်သည်မလုပ်ခဲ့ရင်
အစိုးရ လိုငွေပြ အင်အားချည့်နှဲ့ပြီး ပြည်သူ့ဆန္ဒ သို့မဟုတ်..
ဒီမိုကရေစီဖော်ဆောင်ဖို့ကို အရင်ကတည်းက ပြောင်းလဲလိုက်မှာပါ..။
အခုတော့ နှစ်တွေအများကြီး ကြာသွားခဲ့တာပေါ့။
အဲဒီတော့ အစိုးရကိုမကြိုက်လို့ စီးပွားရေးကို
အကြာကြီးပိတ်ခိုင်းတာမဟုတ်ပါ။
အပေါ်က အချက်တွေက အဓိကပါ..။
--------------------
(၄)
စတုတ္တမေးခွန်းကိုကြည့်မယ်ဆိုရင်
နိုင်ငံခေါင်းဆောင်ကြီး တစ်ဦးရဲ့ သမီးအနေနဲ့
ဘာဖြစ်လို့ မိုက်ကယ်အဲရစ်နဲ့ လက်ထပ်တာလဲဆိုရင်
အဓိကအကြောင်းအရင်းက....
ပြည်ပမှာ ဘာ့ကြောင့် ရှိနေတဲ့အကြောင်းအရင်းကို
အရင်ထုတ်ရှင်းရပါမယ်.။
ဒေါ်စု မိခင် ဒေါ်ခင်ကြည်ဟာ ၁၉၆၀ မှာ
အိန္ဒိယသံအမတ်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။
အဲဒီတော့ အိန္ဒိယကို ပြောင်းရပါတယ်။
ဦးနေ၀င်းရဲ့ မှေးမှိန်စေမှုတစ်ခုပေါ့...
အဲဒီအချိန်မှာ ဒေါ်စု အသက်ဆယ့်ငါးနှစ်ရှိပါပြီ။
ဆယ်ခုနှစ်နှစ်အရွယ် ၁၉၆၂ ခုနှစ် ဒေလီတက္ကသိုလ်မှာ
နိုင်ငံရေးသိပ္ပံဘာသာနာ သင်ယူနေတုန်း မြန်မာပြည်မှာ
ကျောင်းသားသမဂ္ဂ ဗုံးခွဲခံရပြီး အထဲကကျောင်းသားအားလုံး
သေဆုံးကုန်ပါတယ်။။
အဲဒီရဲ့ အကျိုးဆက်က..ကျောင်းသားတွေနဲ့ပြည်သူကိုချစ်တဲ့..
အမေစုအတွက် မြန်မာပြည်တွင်းမှာ
ပြန်လည်နေထိုင်ဖို့ မဖြစ်နိုင်တဲ့
တွန်းအားတစ်ခုဖြစ်သွားပါတယ်.။
ဗိုလ်ချုပ်ရဲ့သမီးဖြစ်ပြီး နိုင်ငံရေးသိပ္ပံနဲ့
မြန်မာပြည်ပြန်သွားရင် ဘာဖြစ်သွားမလဲ
တွေးကြည့်ကြပေါ့ဗျာ.။
ဘွဲ့ရပြီးတော့ ဒေါ်ခင်ကြည်မိတ်ဆွေ
မြန်မာပြည်မှာနေခဲ့တဲ့ အင်္ဂလန်သံအမတ် အကူအညီနဲ့
အင်္ဂလန်အောက်စဖို့တက္ကသိုလ်မှာ
ကျောင်းသွားတက်တယ်။
အောက်စဖို့ဒ် မှာ ဘွဲ့ရတယ်။
ရတဲ့ဘွဲ့က (Philosophy, Political Science, Eco)
ဂုဏ်ထူးနဲ့ ၀ိဇ္ဖာဘွဲ့။
နောက် နယူးယောက်က ကုလသမဂ္ဂ ရုံးမှာ
အလုပ်ဝင်တယ်၊ အဲဒီမှာ ဦးနေ၀င်းရဲ့ သိုးတွေနဲ့
နိုင်ငံကူးလက်မှတ်ပြဿနာဖြစ်တယ်။
ဒေါ်စုကို နိုင်ငံကူးလက်မှတ် ထုတ်ပေးဖို့
နှစ်ပေါင်းများစွာ ဆိုင်းငံ့ခဲ့တယ်။
ကုလအတွင်းရေးမှူးချုပ် ဦးသန့်ရဲ့ သမီးတစ်ယောက်လို
ဖြစ်နေလို့သာ မြန်မာနိုင်ငံသားအဖြစ် မပျက်ပြယ်တာပါ။
၁၉၇၀ မှာ မိုက်ကယ်အဲရစ်နဲ့တွေ့တယ်။
ဒီနေရာမှာ မိုက်ကယ်အဲရစ်အကြောင်း တစ်ခုပြောချင်တယ်။
မိုက်ကယ်အဲရစ်က ဗုဒ္ဒဘာသာ၊ တက္ကသိုလ်မှာ အရှေ့တိုင်း
ပါဠိဘာသာ သုတေသနပညာရှင်ပါမောက္ခ၊
ဒေါ်စုက ပါဠိဘာသာ နဲ့ အရှေ့တိုင်းယဉ်ကျေးမှု အတွက်
လေ့လာရင်းနဲ့ အိမ်ထောင်ကျတာ၊
အိမ်ထောင်ကျပြီး နီပေါနားက ဘူတန်မှာသွားနေကြတယ်။
သူတို့အိမ်ထောင်ရေးက သဘောတူညီမှုတစ်ခု
လုပ်ထားခဲ့ပြီးသားပါ..
အဲဒါက..
"ကျွန်မ ပြည်သူတွေအတွက်
ကျွန်မတာဝန်ထမ်းဆာင်မယ်ဆိုရင် ခွင့်ပြုဖို့ " ဆိုတဲ့
သဘောတူညီချက်ပါပဲ။
မိုက်ကယ်အဲရစ် မြန်မာပြည်ကို တစ်ခါလာတုန်းက
မင်းကွန်းဆရာတော်ကြီးကို သွားဖူးတော့ နှစ်ဦးစလုံး
ပါဠိလိုတွေ ပြောနေကြလို့ ထောက်လှမ်းရေးတွေတောင်
ငုတ်တုတ်မေ့ခဲ့တဲ့ သာဓက ရှိခဲ့ပါတယ်။
သူပြုစုခဲ့တဲ့ နီပေါ ဘူတန် ယဉ်ကျေးမှုဆိုင်ရာ
နဲ့ ကိုးကွယ်မှုဆိုင်ရာစာအုပ် စာတမ်းတွေ အများကြီးပဲ
အဲဒီတော့ ဒေါ်စု ဟိုမှာ မိုက်ကယ်အဲရစ်နဲ့
လက်ထပ်တဲ့ အကြောင်းအရင်းနဲ့ မိုက်ကယ်အဲရစ်ဆိုတာ
ဘယ်လိုလူစားလဲဆိုတာ သိသင့်ပြီထင်ပါတယ်။
မိခင်ဒေါ်ခင်ကြည်ရဲ့ထိန်းကွပ်ဦးဆောင်မှုနဲ့...
နဗန်းဆံကိုတောင် အိမ်ထောင်ကျတဲ့အထိ ထားတုန်း၊
အိမ်မှာနေရင် မြန်မာစကားကလွဲပြီး အင်္ဂလိပ်လို
မသုံးနှုန်းတာတွေ၊
နှစ်ပေါင်းများစွာ ကိုယ့်လုံခြည်ကို ယက်ကန်း ယက်လုပ်ပြီး
ဝတ်ခဲ့တာတွေ .
အိန္ဒိယမှာရှိတဲ့အချိန် အသက် ဆယ့်ခုနှစ်နှစ် ကတည်းက
ဒေလီမြို့စွန်က ဟိန္ဒူတွေစွန့်ပစ်ထားတဲ့ ဗုဒ္ဓဘာသာကျောင်းကို
ကျောင်းအားရက်မှာ မိခင်နဲ့အတူ ပြုပြင်ခဲ့တာတွေကိုကြည့်ရင်..
ဒေါ်စု ဘယ်လိုလူစားလဲ ဆိုတာကို သိနိုင်ပါတယ်။
အဲဒီလိုလူမျိုးကရွေးချယ်တဲ့ ခင်ပွန်းဟာလည်း
နိုင်ငံခြားသားပင်ဖြစ်စေကာမူ ဘယ်လိုမျိုးလဲဆိုတာကို
သဘောပေါက်သင့်ပါတယ်။
အခု ဘူတန်ဘုရင်ဟာ ဒေါက်တာ မိုက်ကယ်အဲရစ်ရဲ့
တပည့်ပါ။
သူ့ကို စာသင်ပေးတုန်းက ဆယ့်ခုနှစ်နှစ်ပဲ ရှိပါသေးတယ်။
အရင်စစ်အစိုးရဟာ မိုက်ကယ်အဲရစ်နဲ့ ဒေါ်စုကို
နေရာပေးပြီး ပူးပေါင်းဆောင်ရွက်ခဲ့မယ်ဆိုရင်
မဇ္ဇိမဒေသကနေ မြန်မာနိုင်ငံအထိ ထေရ၀ါဒ ဗုဒ္ဓဘာသာနဲ့
ယဉ်ကျေးမှု ပြောင်းလဲခြင်းဖြစ်စဉ်သမိုင်းအတွက်
တကယ် အထောက်အကူဖြစ်နိုင်ပါတယ်ဗျာ။
ဘာဖြစ်လို့လဲဆိုတော့ မိုက်ကယ်အဲရစ်က..
အဲဒါတွေနဲ့ပတ်သက်ရင် ကိုယ့်စားရိတ်ကိုယ်စားပြီး
သုတေသနလုပ်နေတဲ့သူပါ။
-----------------------------------
(၅)
နံပါတ်ငါးမေးခွန်း..
ဒေါ်အောင်ဆန်းစုကြည်ဟာ
နိုင်ငံ့ခေါင်းဆောင်ဖြစ်ထိုက်သလား .?
ဆိုတဲ့မေးခွန်းကို.. ပြန်ဖြေရရင်..
သူမရဲ့ အရည်အချင်းကို ဖော်ပြချင်ပါတယ်.။
ဖြစ်ထိုက်မဖြစ်ထိုက်ဆိုတာကတော့
အောက်ကအချက်တွေကိုသုံးသပ်ပေးကြပါ..။
ဖြစ်နိုင်မဖြစ်နိုင်ဆိုတာကလည်း
အခြေအနေအများကြီးအပေါ်မှာ မူတည်ပါသေးတယ်.။
တိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတွေက..
ခေါင်းဆောင်အများစုရဲ့ အရည်အချင်းကို ကြည့်ပါ..
ပညာတတ်အများစုနဲ့ နိုင်ငံရေး၊ စီးပွားရေးအတွေးအခေါ်..
ပညာရှင်များက အများစုဖြစ်ပါတယ်..။
ပညာတတ်ဆိုတဲ့နေရာမှာ..
ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးသိပ္ပံ၊
ဒဿနိက၊ စီးပွားရေး အထူးပြုသုံးခုနဲ့
ဘွဲ့ရထားခဲ့ပါတယ်..။
နောက်ပြီးတော့ အရင်တုန်းက နိုင်ငံတကာအဆင့်
စာတမ်းပြုစုရေးသားသူ တစ်ယောက်လည်း ဖြစ်ခဲ့တယ်..။
ယခုချိန်အထိ မြန်မာပြည်မှာ ဘယ်သူ့မှမလုပ်ခဲ့ဖူးသေးတဲ့
ဖခင် ဗိုလ်ချပ်အောင်ဆန်းရဲ့ အတ္ထုပတ္တိအပါအ၀င်
Asian Studies ကို ပြုစုခဲ့တယ်..။
နောက်ပြီး တိုကျိုတက္ကသိုလ်မှလည်း ဖခင်ဗိုလ်ချုပ်ရဲ့
ဂျပန်ပြည်တွင်းလုပ်ဆောင်ချက်တွေကို
စာတမ်းတစောင် တင်ခဲ့တယ်..။
(ဂျပန်က အဲဒီကတည်းက လေးစားခဲ့ပါတယ်) ..
နောက်ပိုင်းမှာ ဟီမာလေးယား (နိပေါ..တိဗက်/ဘူတန်)
လူမျိုးတွေရဲ့ သမိုင်းလေ့လာမှုတွေကို..
စာအုပ်တွေထုတ်ဝေခဲ့တယ်..။
ဒေါ်စုနဲ့ မိုက်ကယ်အဲရစ်တို့ ထုတ်ဝေခဲ့တဲ့
စာအုပ်စာတမ်းတွေ အများကြီးပါပဲ..။
ဒါဟာ သူ့ရဲ့ သမိုင်းတစ်ခုကိုပဲ ပြနေတာပါ။
နောက်ဆုံးတစ်ခုက သူမဟာ.ကုလသမဂ္ဂရုံးမှာ
ဘဏ္ဍာရေးဆိုင်ရာ အရာရှိအဖြစ် အလုပ်ဝင်နေစဉ်မှာ..
အတွင်းရေးမှူးချုပ် ဦးသန့်ရဲ့ အနားမှာနေပြီး
နိုင်ငံတကာအစိုးရတွေရဲ့ နိုင်ငံရေး၊ Diplomacy နဲ့
ပေါ်လစီပိုင်းတွေကို အနီးကပ် လေ့လာခွင့်ရခဲ့တဲ့
တစ်ဦးတည်းသော မြန်မာလူငယ်အမျိုးသမီးဖြစ်ခဲ့ပါတယ်။
အခုပြောတဲ့အချက်တွေလောက်နဲ့ဆိုရင်
ဗိုလ်ချုပ်သမီးကြောင့် ပုဂ္ဂိုလ်စွဲ လေးစားနေကြတာဆိုတဲ့
အယူအဆတွ ပျောက်လောက်ပြီလို့ ထင်ပါတယ်..
-------------------------------
(၆)နောက်ပြီးနိုင်ငံခေါင်းဆောင်ကောင်းတစ်ယောက်
ဖြစ်ထိုက်တဲ့သူတွေမှာရှိသင့်တဲ့ အရည်အချင်းတွေကို
ဒေါ်စု ရဲ့လက်ရှိအခြေအနေနဲ့နဲ့ နှိုင်းယှဉ်ပြပါ့မယ်..။
(1) ရိုးသားဖြောင့်မတ်မှု၊
ရိုးသားလား မရိုးသားသလားဆိုတာ...
အကျယ်ချုပ် ပြန်လွတ်လွတ်ခြင်း လူထုနဲ့တွေတော့
ဖုန်းတွေနဲ့ တဖြတ်ဖြတ်ရိုက်နေတဲ့ ကင်မရာတွေကို
တအံ့တသြ ကြည့်ပြီး ဒါမျိုးလေးတွေနဲ့
ဒီလိုတဖြတ်ဖြတ်ရိုက်နေတာကို သူ့အနေနဲ့ အံ့သြမိကြောင်း
မမြင်ဖူးကြောင်း ပြည်သူတွေကို အံ့သြတကြီးပြောကြားခဲ့ဖူပါတယ်.။
ဒီစကားကိုအံ့ကြိတ်ပြီး နားထောင်ခဲ့ရဖူးပါတယ်..။
သူရဲ့ရိုးသားပွင့်လင်းတဲ့စကားကြောင့်
တစ်စုံတရာကို ဒေါသထွက်ခဲ့တာတော့အမှန်ပါပဲ..။
ဒီလောက်တောင်မှ......သူမကို
နားပိတ်မျက်စိပိတ် ထားရသလားလို့ပါ..။
(2) ရဲရင့်တည်ကြည်မှု၊
မည်သည့်စည်းရုံးရေးကိစ္စပင်ဖြစ်စေ၊
ပြည်သူကြားထဲမှာ တည်တည်ကြည်ကြည်
ရဲရဲဝံ့ဝံ့ ရပ်တည်ပြီး ဗုံးမကြောက်၊
သေနတ်မကြောက်ပဲ မှန်ရာကို ပြတ်ပြတ်သားသား
ဝေဖန်စကားပြောလေ့ရှိသူပါ။
(3) ဗဟုသုတကြွယ်ဝမှု၊
ဗဟုသုတကြွယ်ဝမှုကတော့ အထူးပြောစရာမလိုပါဘူး..
အကျယ်ချုပ်က လွတ်မြောက်လာပြီးတဲ့နောက်မှာ
ဗာဂျီးနီးယားတက္ကသိုလ်နဲ့ ကမ္ဘာ့ စီးပွားရေးဖိုရမ်ကို
online ကတစ်ဆင့် မိန့်ခွန်းပြောကြား၊
ဆွေးနွေးမှုတွေ၊ နိုင်ငံတကာ အသံလွှင့်ဌာနတွေမှာ
ပြည်တွင်း ပြည်ပက လူငယ်တွေမေးသမျှကို
အချိန်ပေးပြီး စိတ်ရှည်လက်ရှည် ...
လက်တမ်းဖြေပေးနေတာတွေကို
လေ့လာကြည့်ပါ..။
(4) စွန့် လွတ်အနစ်နာခံမှု
အကျယ်ချုပ်ဆယ့်ငါးနှစ်ကျော်က သက်သေပါပဲ..။
နောက်ပြီး ရသမျှဆုငွေတွေ လှူဒါန်းငွေတွေ
အားလုံးနီးပါးကိုလည်း NLD အတွက်တောင်
ရည်ရွယ်သုံးစွဲခြင်းမရှိဘဲ တစ်ခါတည်း လှူဒါန်းလေ့ရှိပါတယ်..။
အဲဒါတွေကိုစုထားရင် သားနှစ်ယောက်လုံး
မီလျံနာဖြစ်နေတာ ကြာပြီပေါ့..။
အခု သူ့သားနှစ်ယောက်က အင်္ဂလန်မှာ
သာမန်လူတန်းစား အဆင့်ပါပဲ..။
ဒီမေးခွန်းက စစ်သားများ ခဏခဏ မေးလေ့ရှိတဲ့မေးခွန်းပါ..။
၂၀၀၈ ခုနှစ်က သူ့အိမ်ကို ပြင်တဲ့ စစ်သားလေးတွေကို
ဒန်ပေါက်ဝယ်ကျွေးတုန်းက ရဲဘော်လေးတွေ
မလောက်မှာစိုးလို့ သူကိုယ်တိုင်က ဒန်ပေါက်အလွတ်နဲ့
ငါးပိကြော်စားခဲ့တာက သာဓကပါ..။
ယူနက်စကိုက ချီးမြှင့်ခဲ့ဖူးတဲ့ ဒေါ်လာတစ်သိန်းကို
ချက်ချင်းလှူလိုက်တာကလည်း အတုယူစရာပါပဲ..။
(5) ခေါင်းဆောင်ကောင်းပီသမှု
ခေါင်းဆောင်ကောင်းပီသတယ်ဆိုတာကိုတော့
မညွှန်းချင်တော့ပါဘူး။
NLD ထဲကလူတွေ အသိဆုံးဖြစ်မှာပါ။
အရာရာတိုင်းကို ငါသိတယ်.. ငါတတ်တယ်ဆိုပြီး
ဘယ်တော့မှ အာဏာရှင်ဆန်စွာ မဆုံးဖြတ်ပဲ
ဒီမိုကရေစီဆန်စွာ အများသဘောဆန္ဒနဲ့ပဲ
ညှိနှိုင်းဆုံးဖြတ်ခဲ့တယ်ဆိုတာကလည်း
ခေါင်းဆောင်ကောင်းပီသမှုထဲက တစ်ခုပါပဲ..။
ဗိုလ်ချုပ်ပြောထားတဲ့ ..
စကားတစ်ခွန်းကတော့ရှိပါတယ်..။
"လူတွေကတင်မြှောက်ပြီး
လူတွေရဲ့အကျိုးကို လုပ်တဲ့
လူတွေရဲ့ အစိုးရသာလျှင်
ဒီမိုကရေစီ ဖြစ်နိုင်မယ်"
( ဗိုလ်ချုပ်အောင်ဆန်း ၁၉ . ၅ . ၁၉၄၇ ဂျူဗလီဟော )
=========================
ကိုးကား .. အောင်ဆန်းစုကြည် (သို့) သဇင်နီ ၊
EMG, The Voice,
(Shwe Aim Si အံ့ဖွယ် မြန်မာ့ ဂုဏ်ဆောင် စံပြအမျိုးသမီး)
သတင်းစာမှတ်တမ်းများ..။
ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းများ..။
Pa Yit

Wednesday, May 27, 2015

မိတ်ဆွေအားလုံးကို ဖတ်ကြည့်စေချင်သော စာတစ်ပုဒ်။

Han Lim with Tun Wai and 48 others
မိတ်ဆွေအားလုံးကို ဖတ်ကြည့်စေချင်သော စာတစ်ပုဒ်။
တကယ်တော့..
ဒီအကြောင်းအရာဟာ
ကျွန်တော်ငယ်ငယ်က ကျွန်တော့်အဖိုး ပြောပြခဲ့တဲ့ တစ်ကယ့် အဖြစ်မှန် ဇာတ်လမ်းပါ။
အားလုံးအတွက် ရည်ရွယ်ပြီး ရေးပေးလိုက်ပါတယ် ။
ကျွန်တော့်အဘိုးငယ်ငယ်က ..
သူ အရမ်းကြိုက်တဲ့ သူ.တစ်ယောက် ရှိပါတယ်တဲ့။
အဲဒီတစ်ယောက်ကို အဘိုး တစ်ယောက်ထဲက
ကြိုက်တာလားဆိုတော့လည်း မဟုတ်ပါဘူး။
အဘိုးပြောပြတာကတော့...
သူတို့ တနယ်လုံးမှာ ရှိတဲ့ လူပျိုတွေ အကုန်လုံး နီးပါး
အဲဒီတစ်ယောက်ကို ကြိုက်ကြတာတဲ့။
အဲဒီတစ်ယောက်ကလည်း ....
အသားအရေလေးက အစ.
မဖြူလွန်း မဝါလွန်း
ကြားထဲက ဆင်စွယ်နှစ်ရောင်။
မျက်တောင်လေးတွေက အစ ကော့နေပြီး
စိတ်သဘောကလည်း အလွန်ကောင်း ။
ဒီကြားထဲ..
မြို့ကျောင်းမှာက ၉ တန်းအထိ နေခဲ့ဖူးတော့
တနယ်လုံးမှာလည်း စာအတတ်ဆုံးလို့ ဆိုရမှာပါ။
မိဘတွေကလည်း
တနယ်လုံးမှာ အချမ်းသာဆုံးလို့ ပြောရမယ့် သူတွေဆိုတော့..
တွေးသာ ကြည့်ကြပေါ့ဗျာ။
ဒီလိုနဲ့ ..
တနယ်လုံးမှာ ရှိတဲ့ လူပျိုတွေ အကုန်လုံး နီးပါး ဝိုင်းကြိုက်ကြရင်း..
ကျွန်တော့်အဘိုးလည်း အဘွားနဲ့ အိမ်ထောင်ကျပြီး အဖေ့ကိုမွေး။
အဘိုးသူငယ်ချင်းတွေ တော်တော်များများလည်း
အိမ်ထောင်တွေကျကုန်ကြပြီ။
ပြီးတော့..
သူတို့ အရမ်းကြိုက်ခဲ့တဲ့သူဟာ
ဒီနယ်က ဘယ်သူနဲ့များ အိမ်ထောင်ကျ မလဲဆိုပြီး စောင့်ကြည့်နေကြတာပေါ့ ။
တနေ့တော့.. .
သတင်းတစ်ခု ကြားရတယ်။
သူတို့ကြိုက်ခဲ့တဲ့သူ
ယောက်ကျားယူသွားပြီတဲ့ ။
အဲ့ဒါနဲ့..
ဘယ်သူနဲ့များ အိမ်ထောင်ပြုတာလဲ။
ကံထူးရှင်ဟာ ဘယ်သူလဲ။
အဲဒီတစ်ယောက်ကရော ဘယ်လို အရည်အချင်းတွေ ရှိလို့လဲလို့ စုံစမ်းကြည့်တဲ့အခါ
အားလုံးပဲ အံ့သြသွားရတယ်။
အဲဒီတစ်ယောက်ယူလိုက်တဲ့သူက
သူတို့နယ်သားမဟုတ်ပဲ
သူတို့နယ်မှာ စာရင်းငှါးအနေနဲ့ လာပြီးတော့ လုပ်ကိုင်နေရတဲ့သူ။
အရပ်ကပုပု
လက်ပြင်ကုန်းကုန်းနဲ့ ဆိုတော့..
အားလုံးက အံ့သြမယ် ဆိုလည်း အံ့သြလောက်တယ်လို့
အဘိုးက ခဏခဏ ပြောပြတယ် ။
အားလုံးရဲ့စိတ်ထဲမှာကလည်း
ဘယ်လိုလုပ်ပြီး ဒီလူနဲ့ ရပါလိမ့် ဆိုပြီး အရမ်းပဲ သိချင်ကြတယ်။
အဘိုးပြောပြတာက
သူတို့ရပြီး သိပ်မကြာဘူး။
စစ်တွေလည်း ဖြစ်ကြတော့ ..
ဟိုပြေး ဒီပုန်းနဲ့
အဲဒီမိသားစုတွေလည်း ထွက်ပြေးကြရင်း
စစ်ကြီးပြီးပေမယ့် သူတို့နယ်ကို ပြန်မလာကြတော့ဘူးတဲ့။
ဒီလိုနဲ့..
အဘိုးလည်း အသက်တွေ ကြီးလာလို့ ခြောက်ဆယ်ကျော် ခုနှစ်ဆယ်နားနီး။
တနေ့တော့..
ရွာမှာရှိတဲ့ ခလေးတွေအားလုံးကို ရန်ကုန်မှာနေတဲ့အလှူရှင်တစ်ယောက်က
အစစအရာရာ တာဝန်ယူပြီး လှူချင်ပါတယ်လို့
ရွာက ဆရာတော်ဆီမှာ လာလျှောက်တယ်။
ဘကြီးဘုန်းကြီးကလည်း ရွာက ရပ်မိရပ်ဖတွေနဲ့ တွေ့ပေးမယ်ဆိုပြီး
အဘိုးတို့ကိုခေါ်တော့..
အဘိုးလည်း သွားတာပေါ့။
ဘုန်းကြီးကျောင်းပေါ်အရောက် မြင်လိုက်ရတာက
သူတို့ ထင်မှတ်မထားတဲ့သူ။
သူတို့ ငယ်ငယ်က ကြိုက်ခဲ့ဖူးတဲ့သူ။
ဒီလိုနဲ့ ...
ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြဆိုကြရင်း
သူ့ အမျိုးသား ဆုံးသွားတာ ၅ နှစ်လောက်ရှိပြီဆိုတဲ့အကြောင်း။
သား ၁ ယောက် ပဲ ရှိတယ် ဆိုတာကအစ ပြောဖြစ်ကြမှာပါ။
စကားပြောရင်း ဆိုရင်း..
ရင်းနှီး လာကြတော့..
အဘိုးက သူသိချင်တာတွေကို မေးပါတော့တယ်။
အဘိုးမေးတာက
အဲဒီယောက်ကျားနဲ့ ဘယ်လိုလုပ်ပြီး ရတာလဲ။
သူ့ကို ဘာလို့ လက်ခံလိုက်တာလဲတဲ့။
အဘိုးမေးခွန်းအဆုံး..
စကားဝိုင်းထဲက သူတွေအားလုံးကလည်း ဖြေမယ့်သူရဲ့ မျက်နှာကို ကြည့်ရင်း
စိတ်ပါဝင်စားစွာနဲ့ နားထောင်နေကြတယ်။
အဲ...
သူဖြေလိုက်တဲ့ အဖြေကတော့..
ကျွန်မတစ်သက်တာမှာ
ကျွန်မကို ရည်းစားစကားပြောပြီး
အဖြေတောင်းခဲ့သူဟာ သူတစ်ယောက်ပဲ ရှိခဲ့ပါတယ်။
ကျွန်မ အလွယ်တကူ အဖြေပေးခဲ့တာ မဟုတ်ပဲ
နှစိချီအောင် အချိန်ယူပြီးမှ ဖြေခဲ့တာပါရှင်တဲ့။
ဒါ..
ဟုတ်မှာပါ။
ချစ်နေကြပေမယ့်လည်း
ငါ့အနေအထားဆိုရင် မဖြစ်နိုင်ပါဘူးလို့ တွေးမိကြရင်း
ဖွင့်ပြောဖို့ တွန့်ဆုတ်နေခဲ့ကြမှာပါ။
ကျွန်တော့်အဘိုး ကိုယ်တိုင်လည်း ပါခဲ့မှာပါပဲ။
ယောက်ကျားလေးတွေကမှ စပြီး မပြောရင်
မိန်းခလေးတွေကရော ဘာလုပ်လို့ ရမှာလဲ။
ဖွင့်ပြောလာတဲ့သူကို
အနေအထားကိုကြည့်ပြီး လက်ခံယုံပဲ ရှိတော့တာ မဟုတ်လား။
သူတို့မှာ..
သူတို့ကြိုက်တာကို ပြောပိုင်ခွင့် ရှိကြတာမှ မဟုတ်တာပဲ။
ဒါဆိုရင်..
ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို တွေးကြည့်ကြရအောင် ။
သူရထားတဲ့ ဘွဲ့။
သူ့ရဲ့မိဘမျိုးရိုးဂုဏ် ။
သူရဲ့ နေမှု့ထိုင်မှု့နဲ့ အိနြေ္ဒရှိမှု့။
ပြိးတော့..
ဘဝရဲ့ ငယ်ရွယ်နုပျိုစဉ် အချိန်တွေ တော်တော်များများမှာ
နေရတာကအစ သူတပါးတိုင်းပြည်။
ဒီလိုလူမျိုးတစ်ယောက်ကို
နိုင်ငံခြားမှာပဲ ဖြစ်ဖြစ်
မြန်မာပြည်မှာပဲ ဖြစ်ဖြစ်
ဘယ်သူက ရည်းစားစကား ပြောရဲပါ့ မလဲ ။
ဘယ်သူတွေများ ပြောခဲ့မယ် ထင်လို့လဲ။
သင်..
ဆိုရင်ရော ပြောရဲပါ့ မလား။
ပညာအရည်အချင်းတွေနဲ့ အခြားအကြောင်းအရာတွေကို ဖယ်ထားလို့
ဗိုလ်ချုပ်သမီးဆိုတဲ့ ဂုဏ်နဲ့တင် တွေးကြည့်ကြပေါ့ဗျာ ။
သူ့အစ်ကိုဆိုတာက ယောက်ကျားလေး။
ယောက်ကျားလေးဆိုတာ ..
နိုင်ငံခြားမှာ မြန်မာမိန်းခလေးကို မြင်တာနဲ့
ကြိုက်မိသွားရင် ရင်းနှီးအောင်လုပ်။
ပြီးရင် သူ့ဆီကို ခဏခဏ သွားလည်။
နောက်ပိုင်း အခြေအနေကောင်းရင် ရည်းစားစကားပြော။
အရမ်းလွယ်ပါတယ်။
တခါ တခါ
အချို့လူတွေ ရေးကြတဲ့
သူ့အစ်ကိုတောင် မြန်မာ အမျိုးသမီးကို ယူခဲ့တာပဲ ဆိုတဲ့ အသုံးအနှုန်းတွေက
သူတို့ရဲ့ အတွေးအခေါ်တွေကို ဖော်ပြနေသလိုပါပဲ။
အိနြေ္ဒ သိက္ခာရှိတဲ့ မြန်မာ အမျိုးသမီးတစ်ယောက်က
သူ့ကိုမှ ..
မြန်မာအမျိုးသားတွေက ရည်းစား.စကား လာမပြော
ချစ်ကြောင်း ကြိုက်ကြောင်း လာမပြောခဲ့ရင်
သူအနေနဲ့ ဘယ်လိုလုပ်ပြီး မြန်မာ အမျိုးသားကို ယူမလဲ။
အချိန်တန် အရွယ်ရောက်လို့ မိသားစုလေးနဲ့ နေမှ သင့်တော်မယ့်အချိန်မှာ
သူရွေးချယ်ခွင့် ရတာကိုပဲ ရွေးချယ်လိုက်ရတာကို မှားတယ်လို့
ယူဆလို့ ရပါ့မလား။
ဒီနေရာမှာ တစ်ခုပြောချင်တာက..
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း
မြန်မာ အမျိုးသားကို ယူချင်ခဲ့မယ်လို့ ထင်ပါတယ်။
ဒါကြောင့်သာ..
မြန်မာမှု့ကို မြတ်နိုးတဲ့ စိတ်နဲ့
မြန်မာလို မဂ်လာဆောင်ခဲ့တာ ဖြစ်မှာပါ။
လက်ထပ်ပါရစေလို့..တောင်းဆိုလာသူတွေထဲက
သူလက်ခံရွေးချယ်လိုက်သူဟာလည်း
ဗုဒ္ဓဘာသာ စစ်စစ် ဖြစ်ရုံမက
ပါဠိ ပါမောက္ခ ။
သားတွေကို ကိုယ်တိုင် ရှင်ပြုပေးရင်းနဲ့
သာသနာ့အမွေကို ခံယူစေခဲ့သူ။
အလှူရေစက် လက်နဲ့မကွာ အမြဲလှူဒါန်းနေတဲ့သူ။
ဒါတွေကို မမြင်နိုင် မတွေးနိုင်ပဲ
သူမ သမ္မတ ဖြစ်ခဲ့ရင်ပဲ
ဘာသာ သာသနာ ကွယ်ပျောက် မလို ရေးနေကြတာတွေဟာ
အရမ်းရွံ့ဖို့ကောင်းပါတယ်။
နောက်တစ်ခုက သူမ အနေနဲ့
နိုင်ငံခြားသားကို ယူခဲ့ခြင်းက နိုင်ငံအတွက် ဘာများထိခိုက်သွားလို့လဲ။
ဘာသာအတွက် ဘာများ ထိခိုက်နေလို့လဲ။
စစ်အစိုးရရဲ့ ဖိနှိပ်မှု့အောက်မှာ
မပြောရဲ မဆိုရဲ
တနိုင်ငံလုံး ဒုက္ခရောက်နေတဲ့ အချိန်။
သူမကပဲ ရှေ့ကနေပြီး
ရဲရဲဝံ့ဝံ့ ပြောခဲ့ ဆိုခဲ့တာ မဟုတ်ဘူးလား။
မြန်မာပြည်သူတွေကို
ဒုက္ခတွင်းထဲမှာ မထားရက်ခဲ့နိုင်လို့
လင်ယောက်ကျား.သေဆုံးခါနီး အချိန်မှာတောင် မပြန်တော့ပဲ
လင်ယောက်ကျားထက်
ပြည်သူတွေကို ချစ်ပြခဲ့တဲ့သူ ဆိုတာရော မသိကြဘူးလား။
အမျိုးသမီး ဖြစ်တဲ့အတွက်
ကိုယ်တိုင် ဖွင့်ပြောခွင့် မရခြင်းရဲ့နောက်
နိုင်ငံခြားသားကို လက်ထပ်ခဲ့ရပေမယ့်
အဲဒီသူထက် ပိုပြီး
နိုင်ငံနဲ့ လူမျိုးကို ချစ်ကြောင်း ပြခဲ့တာကိုရော မမြင်ကြဘူးလား။
ပြီးတော့.. .
နိုင်ငံနဲ့ လူမျိုးအတွက် ပညာရေးနဲ့ ကျန်းမာရေးက အစ
ဖောင်ဒေးရှင်းတွေ ထူထောင်ပေးပြီး တတ်နိုင်သမျှ လုပ်ပေးနေတဲ့သူ။
ဒီလိုလူမျိုးကို ဝေဖန်တိုက်ခိုက်နေကြတာဟာ
ပညာမဲ့နေကြလို့လား
အတွေးအခေါ် ချွတ်ယွင်းနေကြလို့လား ဆိုတာ
တွေးနေရင်းနဲ့ ...
(Credit-ဘုန်းထက်ကြယ်)

Tuesday, May 26, 2015

ကင်ဆာရောဂါအတွက် အာလူးစိမ်း

ကင်ဆာရောဂါအတွက် အာလူးစိမ်း
------------------------------------------
ယနေ့ဂျပန်နိုင်ငံမှာ ဓါတ်စာဖျော်ရည်တစ်မျိုး ခေတ်စားနေပါသည်။လူအများစိတ်ဝင်စားလာအောင် စတင်ဖော်ထုတ် ဆော်သြ ခဲ့သူကတော့ ဂျပန်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးအရှင် တိုမီဇာဝ ဖြစ်ပါတယ်။ ထင်ပေါ်ကျော်ကြားလာတဲ့ ဓါတ်စာဖျော်ရည်ကတော့ ``အာလူးစိမ်း`` ဖျော်ရည်ပဲဖြစ်ပါတယ်။ဂျပန်နိုင်ငံမှာ အာလူးစိမ်းဖျော်ရည်ကြောင့် ရောဂါ သက်သာပျောက်ကင်းသွားရတဲ့ လူနာတွေ ၊ လူနာရှင်တွေ ဆီက ကျေးဇူးတင်ကြောင်း ပလူပျံသလိုရောက်လာတဲ့စာတွေ အရှင်တိုမီဇာဝ လက်ခံရရှိခဲ့ပါတယ် ။ဆရာတော်က "ဒီနှစ်ထဲမှာ ကင်ဆာအများအပြားဟာ အာလူးစိမ်း ဓါတ်စာကိုမှီဝဲခဲ့ကြပြီး ပမာဏ တော်တော်များများဟာ သိသိသာသာ သက်သာသွားပြီး သေမင်းနှုတ်ခမ်းဝက ပြန်လာနိုင်ခဲ့ကြပါတယ်"။
အသုံးပြုပုံကတော့
အာလူးအစိမ်း လတ်လတ်ဆတ်ဆတ်ကိုရေစင်အောင်ဆေးပြီး ထုထောင်းပါမယ် ။ပြီးမှ ပိတ်စိမ်းပါးနဲ့ထုပ်ပြီး အရည်ရအောင်ညှစ်ယူပါမယ် ။ အဲဒီအရည် ဖန်ခွက် တစ်ခွက်မှ နှစ်ခွက် နေ့စဉ်မှီဝဲသွားမယ်ဆိုရင် အသည်းရောဂါ ၊ ဆီးချိုရောဂါ ၊ အစာအိမ်ရောဂါ ၊ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ ခါးနာ ၊ ပုခုံးနာ ၊ ကျီးပေါင်းနာရောဂါတွေ ပျောက်ကင်းစေတယ်လို့ဆိုပါတယ်။ ပျောက်ကင်းကြောင်း အနယ်နယ် အရပ်ရပ်က ထောက်ခံစာများရရှိထားတယ်လို့ဆိုပါတယ်
သာဓကတစ်ခုအနေနဲ့ကတော့ .
.....မစ္စတာတီ ဆိုသူသည် နားရွက်အောက်နားမှာ အဖုတစ်ဖု ပေါ်လာတာနဲ့ ဆေးရုံကိုသွားပြီး ကင်ဆာကျိတ် ဖြစ်နေပြီး ခွဲစိတ်ကုသပြီး ဓါတ်ကင်ခဲ့ပါတယ်။ သို့သော်လဲ ကင်ဆာကလပ်စည်းတွေက အဆုတ်ထိအောင် ပျံနှံသွားပါတယ် ။ သက်ဆိုင်ရာ ဆရာဝန်ကြီးများက ကင်ဆာကလပ်စည်းတွေ ပျံနှံ့ကုန်လို့ ကုသလို့မရနိုင်တော့ ဘူးလို့ ဆိုပါတယ် ။အဲဒီနောက် သူဟာ အာလူးစိမ်းဓါတ်စာ အကြောင်းကြား သိရတဲ့အတွက် အရှုံးမရှိဘူးဆိုပြီး သောက်ကြည့်တယ် ။အညွှန်းအတိုင်း နေ့စဉ်ရက်ဆက် ဇွဲကောင်းကောင်းနဲ့ သောက်ခဲ့ပါတယ် ။ အခုဆိုရင် ကင်ဆာကလပ်စည်းတွေ လျှော့ကျသွားပြီး ထိန်းချုပ်ထားနိုင်တဲ့အတွက် ကျန်းမာရေးနဲ့ ခွန်အား ပြန်ကောင်းလာပါတယ် ။ မူလ အလုပ်အကိုင်လည်းပြန်ပြီးလုပ်ကိုင်နိုင်ပါပြီ ။သုတေသီ တိုမီဇသ-က သူ့ရဲ့ ``ကင်ဆာရောဂါ ကြောက်စရာမလို၊ ကျန်းမာစေကြောင်း နည်းလမ်းကောင်း ``(The way to healthy life ; Cancer not to be feared) ဆိုတဲ့ စာအုပ်ထဲမှာ ကင်ဆာရောဂါ ခွဲစိတ်ကုသခဲ့သည့်တိုင်အောင် လူနာရဲ့အကြောက်တရားကြောင့် ကင်ဆာကလပ်စည်းတွေ ပျံနှံ့ ကုန်ရပါတယ်။သူဟာ ကင်ဆာဆေး အဆက်မပြတ်မှီဝဲရပြီး ဓါတ်ကင် ပြီးသွားပြီဆိုတဲ့သတင်း မကြားရသလောက်ပါပဲ ။ ဒါ့အပြင် ပြင်းထန်တဲ့ ကုထုံးတွေရဲ့ဘေးထွက်ဆိုးကျိုးတွေရဲ့ အကျိုးဆက်ကို လူနာက ခံစားရပါသေးတယ် ။အကျိုးဆက်အနေနဲ့ လူနာဟာ ခံတွင်းပျက်ခြင်း ၊ အားအင်ချည့်နဲ့လာခြင်းတို့ဖြစ်လာရပါတယ် ။
အာလူးစိမ်း ဓါတ်စာကို သောက်ခြင်းအားဖြင့် ဘေးထွက်ဆိုးကျိုးတွေ မခံစားရပဲ လူနာဟာ တစ်နေ့တစ်ခြားအားအင်ပြည့်ဖြိုးလာတာတွေ့ရပါတယ် ။ အာလူးပင်ဟာ ပင်ကိုယ်က အာဟာရပြည့်ဝနေတဲ့အစာတစ်ခုဖြစ်တဲ့အတွက် အကျိုးမယုတ်ပါဘူး ။ သူ့ကို မှန်မှန်မှီဝဲခြင်းအားဖြင့် ကင်ဆာ ကလပ်စည်းတွေကို ဟန့်ထားစေပါတယ် ။``လို့ဖော်ပြထာားပါတယ် ။အာလူးစိမ်း ဓါတ်စာဟာ ကိုယ်တိုင် လွယ်လွယ်ကူကူ ဖော်စပ်နိုင်ပြီး ချက်ချင်းလက်ငင်း သောက်သုံးနိုင်ပါတယ် ။ပြီးတော့ အဲဒီအချိန်တိုအတွင်းမှာ သူ့ရဲ့ အာနိသင်ကို တွေ့ထိခံစားနိုင်ပါတယ် ။
`` ဓါတ်စာ တစ်ပါတ် နှစ်ပါတ်လောက် သောက်ပြီးတာနဲ့ နာကျင် ကိုက်ခဲမှုဝေဒနာတွေ တစ်စတစ်စ လျှော့ပါးသွားပါတယ် ။ခံတွင်းပြန်ပြီးကောင်းလာမယ် ။ အသားအရေပြန်ပြီးကောင်းလာမယ် ။အာလူးစိမ်း ဓါတ်စာကို အထူးသဖြင့် ထောက်ခံတဲ့နောက်တစ်ဦးကတော့ ဒေါက်တာ ကိုင်နိုရှိတ ဖြစ်ပါတယ် သူ့အဆိုတွေက `` အာလူးကို ဥရောပတိုက်သားတွေက တစ်ချိန်တုန်းကမဟာပထ၀ီမြေကြီးရဲ့ ပန်းသီး (Apple of the great earth) လို့ခေါ်ခဲ့ကြောင်း သိရပါတယ် ။အာလူးမှာ အာဟာရဓါတ်တွေ စုံစုံလင်လင်ပါရှိပြီး အထူးသဖြင့် ဗိုက်တာမင်စီဓါတ်နဲ့ ထုံးဓါတ်တို့ အများဆုံးပါဝင် ပါတယ် ။ ရှေးဟောင်း ဂျာမန်ဆေးကျမ်းတွေမှာ အာလူးစိမ်းဓါတ်စာရည်ကို အစာအိမ် အနာပေါက်ခြင်း ၊ ၀မ်းချုပ်ခြင်းတွေ အတွက်ပေးရကြောင်း ဖော်ပြထားပါတယ် ။ကင်ဆာကလပ်စည်းတွေကို ထိန်းချုပ်နိုင်ခြင်းနှင့် ပါတ်သက်ပြီး အာကိတ တက္ကသိုလ်ဆေးသုတေသန ဌာနက ပါမောက္ခ ကာဂါမိ-က ပြောကြားရာမှာ `` ကင်ဆာကလပ်စည်းကိုထိန်းချုပ်စေတဲ့ ဓါတ်ကို ရှာဖွေဖော်ထုတ် နိုင်ခဲ့ပါတယ် ။အဲဒီဆေးနဲ့ ကြွက်ကလေးတွေ အပေါ်မှာ စမ်းသပ်ကြည့်တဲ့အခါ အလားအလာကောင်းမွန်ကြောင်း တွေ့ရပါတယ် ။
သူဟာ သူ့ရဲ့တွေ့ရှိချက်ကို စာတမ်းပြုစုပြီး မနှစ်က ဂျာမနီနိုင်ငံမှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ကင်ဆာညီလာခံ (International Cancer Society Conference ) မှာ ဖတ်ကြားတင်သွင်းခဲ့ပါတယ်။နောက်ဆက်တွဲအနေနဲ့ အာလူးစိမ်းဓါတ်စာ ဖျော်ရည်လုပ်နည်းဟာ အလွန်ပဲလွယ်ကူပါတယ် ။အရွယ်တူ အာလူး (၃)လုံးကိုယူပြီး ရေစင်အောင်ဆေးပါ ၊ အခွံမနွှာရပါ ။အစို့ပေါက်လေးများရှိရင် ဖယ်ရှားပေးပါ ။ ပြီးလျှင် အာလူးကို သခွားခြစ်ဖြင့် အစလေးများဖြစ်အောင် ခြစ်ပေးပါ ။ ပြီးက အဲဒီအစလေးများကို သန့်ရှင်းသော ပိတ်စိမ်းပါးစဖြင့် ထုပ်ပြီး (အုန်းနို့ညှစ်သကဲ့သို့) အရည်ညှစ်ယူပါ ၊ အဲဒီအရည်ကိုခွက်ထဲမှာ ထည့်ပြီး အရသာကောင်းအောင် ပျားရည်နဲနဲရောစပ်ပြီး သောက်ပါ ။
အဲဒီအာလူးအရည်ကို နံနက်တိုင်း တစ်ခွက်နှုန်းဖြင့်သောက်ပေးနိုင်ပါတယ် ။ဖြန့်ဝေသူ၏ အမှာစကားယနေ့ကာလခေတ်တွင် ကင်ဆာရောဂါသည် အလွန်အဖြစ်များ၍ငွေကုန်ကြေးကျ များသောရောဂါဖြစ်ပါသည်။ကင်ဆာရောဂါပျောက်ကင်းစေနိုင်သော တိုင်းရင်းဆေး ၊ နိုင်ငံခြားဖြစ်ဆေး အမြောက်အများ ပေါ်ထွက် လျှက်ရှိပါသည်။ဗုဒ္ဓဘာသာအလိုရ ခန္ဓာရှိ၍ ဝေဒနာရှိဖြင်းဖြစ်ပါသည် ။ မိမိပြုသော ကုသိုလ် ၊ အကုသိုလ် အစုစုတို့သည် သံသရာ ပြန်၍ တစ်ဖန် လည်ခြင်းဖြစ်ပါသည် ။ ထို့ကြောင့် စိတ်ဓါတ်မကျဘဲ ၊ အားမငယ်ဘဲ မိမိတို့၏ ရောဂါဝေဒနာများကို စိတ်ဓါတ်ကြံ့ခိုင်စွာ ၊ နည်းလမ်းပေါင်းစုံဖြင့် ကုသရမည်ဖြစ်ပါသည် ။မိမိ၏ ကုသိုလ်ကံတရားအကျိုးပေးသော် မိမိနှင့်ကိုက်ညီသော ဆေးဝါးများ ၊ဆရာသမားများ (အနာနှင့်ဆေးတည့်သော်) တွေ့ ကာ ရောဂါအမြစ်ပြတ်ကာ(လုံးဝ)အရှင်း ပျောက်ကင်းချမ်းသာနိုင်ပါသည် ။
သို့ဖြစ်ရာ အထက်တွက်ဖော်ပြခဲ့သော အာလူးစိမ်းဖျော်ရည်သည်ကုန်ကျစရိတ်နည်းပါးသည့် အပြင် ပြုလုပ်ရန် နည်းလမ်းသည် အလွန်ရိုးရှင်းပါသည်။ လူသားတို့ စားသုံးသော သဘာဝ ဓါတ်စာဖြစ်သည့်အတွက်ကြောင့် ဘေးထွက်ဆိုးကျိုးမရှိပါ။ ထို့ကြောင့် ရောဂါဝေဒနာရှင်များလက်တွေ့အသုံးချနိုင်ရန် အကျိုးငှာ ဤ ဆေးနည်းအား တဆင့်ပြန်လည်ဝေငှပေးခြင်း ဖြစ်ပါသည်။
Credit. Original. Uploader

Monday, May 25, 2015

ဘ၀ဆိုတဲ့ လက်ဆောင်ကောင်း ( Life is a gift)

ဘ၀ဆိုတဲ့ လက်ဆောင်ကောင်း ( Life is a gift)
-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.
ရှုထောင့်တွေ ပြောင်းသွားတဲ့အခါ မြင်ကွင်းတွေလည်း ပြောင်းသွားတာကို လက်ခံတယ်မဟုတ်လာ့း့ ? အခြေအနေတွေပြောင်းလဲသွားတဲ့အခါ လူတွေရဲ့ အတွေးအခေါ် ခံယူချက်တွေ ဟာလည်းပြောင်းလဲ သွားတတ်ပါတယ်။
ဒီတော့ သင်ဟာ ဘယ်လိုဆိုးရွားတဲ့ ထိခိုက်ကြေကွဲဖွယ် အဖြစ်ဆိုးတွေနဲ့ကြုံတွေ့နေပါစေ အောက်ပါ သတိရဖွယ်အချက်လေးတွေကိုသာ သတိရလိုက်စမ်းပါ ။
၁။ဒီနေ့ကစပြီး သင့်ပါးစပ်က အကြင်နာကင်းတဲ့ စကားမျိုး ပြောတော့မယ်ကြံရင့့် လူတစ်ချို့ဟာ သင့်လိုစကားမပြောနိုင်ဘဲ ဆွံ့အနေကြတယ်ဆိုတာသတိရလိုက်စမ်းပါ့ 
၂။ ဒီနေ့ကစပြီး သင်စားမယ့် အစားအစာရဲ့ အရသာကိုခံတွင်းမတွေ့လို့ အပြစ်တင်တော့မယ်ဆိုရင့့်  စားစရာမရှိတဲ့လူတစ်ချို့ကို သတိရလိုက်စမ်းပါ့ 
၃။ ဒီနေ့ကစပြီး သင့်ရဲ့ ချစ်ရည်းစားလေးကို စိတ်အလိုမကျ အပြစ်တော်တင်တော့မယ်ကြံရင့့် 
ရည်းစားမရှိလို့ အထီးရောအမရောကျန်နေတဲ့သူတွေကို သတိရလိုက်စမ်းပါဦ့း့ 
၎။ သင့်ရဲ့ကလေးတွေကို ဆူပူမောင်းမဲတော့မယ်ဆိုရင်လည့်း့ အကြောင်းအမျိုးမျိုးကြောင့် ကလေးမရနိုင်တဲ့ မိဘတွေကိုသတိရလိုက်စမ်းပါ့ 
၅။ အိမ်မှာ တစ်ယောက်ယောက်ကဖွထားလို့  သန့်ရှင်းရေးမလုပ်လို သင့်အိမ်ကိုကြည့်ပြီးစိတ်တွေရှုပ်လာတဲ့အခါ့ 
နေစရာမရှိလို့ လမ်းဘေးအိပ်နေရသူတွေကို သတိရလိုက်ပါဦ့း့ ။
၆။ စိတ်တိုင်းမကျလှတဲ့ ကိုယ့်ဘဝကြီးကို အပြစ်တင်တော့မယ် ဆိုရင်လည့်း့ 
ကိုယ့်ထက်စောပြီး ရေဝေးရောက်ကုန်တဲ့သူတွေကို သတိရလိုက်ပါ့ 
့၇။သင်ကားဖြင်မောင်းသွားရမယ့်ခရီးဟာ ဝေးလွန်းလို့ စိတ်ပျက်ငြီးညူတော့မယ်ဆိုရင့့် 
ဒီခရီးကိုပဲ ခြေလျှင်သွားနေကြသူတွေကိုသတိရလိုက်ပါ့ ။
၈။ လက်ရှိသင့်ရဲ့အလုပ်ဟာ ပင်ပန်းပြီးအဆင်မပြေမှုတွေများလို့ စိတ်ပျက်မယ်ဆိုရင့့် အလုပ်အကိုင်မရှိလို့ သင့်အလုပ်မျိုးကို ငမ်းငမ်းတက်လုပ်ချင်နေသူတွေကို သတိရလိုက်စမ်းပါ့ ။
၉။ သင်ဟာသူတစ်ပါးကို လက်ညှိုးထိုး အပြစ်ရှာတော့မယ်ကြံရင်လည့်း့ 
တို့တွေအားလုံး အမှားနဲ့မကင်းနိုင်ဘူးဆိုတာ သတိရလိုက်ပါ့ ။
၁၀။ ကဲနောက်ဆုံး စိတ်ဓာတ်ကျစရာ အတွေးတွေက သင့်ကိုကျရှုံးအောင်လုပ်တော့မယ်ဆိုရင့့် 
သင့်မျက်နှာပေါ်မှ အပြုံးလေးတစ်ပွင့် အမြန်ဖန်ဆင်းလိုက်စမ်းပါ့ 
ခုချိန်အထိ အသက်ရှင်နေထိုင်ခွင့်ပေးထားတဲ့ သင့်ကံကြမ္မာကို ကျေးဇူးတင်လိုက်စမ်းပါ့ 
(ဒီလိုဆိုတော့လည်း ကိုယ့်ဘဝက ထင်သလောက်မဆိုးဘူးပဲ နော့ )
•Life is a gift.•
ဘဝဆိုတာလက်ဆောင်ကောင်းတစ်ခုပါပဲ့ 
ဘဝမှာနေလိုက်စမ်းပါ့ ပျော်လိုက်စမ်းပါ့ အောင်မြင်မှုတွေ ကျော်ကြားမှုတွေ ပျော်ရွှင်မှုတွေ နဲ့ ဘဝကိုအကောင်းဆုံး ဖြည့်ဆည်းလိုက်စမ်းပါ့ 
ကဲ သင်စိတ်ချမ်းမြေ့ရပြီဆိုရင့့် သင့်ရဲ့ သယ်ရင်းတွေ အတွက်လည်း မမေ့နဲ့ဦ့း့  စိတ်ချမ်းသာစေချင်လွန်းလို့ပါ။
Credit to Nyein Chan Win

Saturday, May 23, 2015

ကျောက်ကပ်ပျက်စီးစေနိုင်သောအကြောင်း

ာတ်များက ကျောက်ကပ် ထဲမှာရှိတဲ့ သွေးကြောတွေကို ကျုံ့ ဝင်စေကာ ကျောက်ကပ်ကိုပျ က်စီးစေနိုင် ပါတယ်။ ဆီးရွှင်ဆေးများကလည်း ကျောက်ကပ်ကို ပင်ပင်ပန်းပန်းအားစိုက်၍ အလုပ်ခိုင်းစေကာ ရေဓာတ်ဆုံးရှုံးစေတာကြောင့် ကျောက်ကပ်ပျက်စီးလွယ်ပါတယ်။ ကိုလက်စ ထရော ကျဆေးအချို့ နှင့် ရိုးတွင်းခြင်ဆီကင်ဆာပျောက်ဆေးများရဲ့ ဘေးထွက်ဆိုးကျိုး များက လည်း ကျောက်ကပ်ကျန်းမာရေးကို အဟန့် အတားဖြစ်စေပါတယ်။ ဥပမာ ပနစလင်တို့ လို မိမိနှင့်ဓာတ်မတည့်တဲ့ ထိုးဆေးမျိုးကို မှားယွင်းစွာသုံးစွဲမိတဲ့အခါ၊ ကျောက်ကပ်ကို ဆိုးဆိုးရွားရွား ပျက်စီးစေနိုင်ပါတယ်။
(၂) ဆေးလိပ်သောက်ခြင်းက ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကမောက်ကမဖြစ်စေပါ တယ်။ အကယ်၍ ဆီးချို နှင့် သွေးတိုးရောဂါရှိသူများ ဆေးလိပ်သောက်ခြင်း က၊ ကျောက်ကပ် ကျန်းမာရေးကို ပိုမိုဆိုးရွားလာစေနိုင်ပါတယ်။
(၃) သကြား နှင့် အချိုလွန်ကဲသောအစားအစာများက ကျောက်ကပ်ပျက်စီးခြင်းနှင့် တိုက်ရိုက်ပ တ်သ တ်မှုမရှိသော်လည်း၊ အချို ဓာတ် များများစားခြင်းက ဆီးချို၊ သွေးချို နှင့် အ၀လွန်ခြင်းရောဂါ ကို ဖြစ်စေပါတယ်။ ထိုရောဂါများက ကျောက်ကပ်ပျက်စီးစေ တာကြောင့် အချိုဓာတ်လွန်ကဲသော အစာများကိုရှောင်ပါ။
(၄) ရောဂါရှာဖွေရေးကိရိယာများဖြစ်ကြတဲ့ CT scans နှင့် ဓာတ်မှန်ရိုက်ခြင်းဖြင့် ၄င်းတို့ မှထွက် လာ တဲ့ ရောင်ခြည်များက ကျောက်ကပ်အလုပ်လုပ်ခြင်းကို ကမောက်ကမဖြစ်စေနိုင်ပါတယ်။
(၅) ခန္ဓာကိုယ်ကျန်းမာ ကြံ့ ခိုင်ဖို့ အတွက် ဆား(အငန်ဓာတ်)က မရှိမဖြစ်လိုအပ်နေပါတယ်။ သို့ေ သာ် လိုအပ်တာထက်ပို၍ အ ငန်တွေစားသုံးမိပါက၊ nephron(ခေါ်)ကျောက်ကပ်အတွင်း မှ သွေး စစ်ေ ပးတဲ့ ဇကာပျက်စီးလာပါတယ်။ ကျောက်ကပ် ပျက် စီးသွားတဲ့အခါ နှလုံးသွေး စီြးေ ကာင်းအတွက် လိုအပ်သော အရည်ဓာတ်ကို ကျောက်ကပ်ကထိန်းမထားနိုင်တော့ တာကြော င့် နောက် ဆက်တွဲအဖြစ် နှလုံးရောဂါဖြစ်စေပါတယ်။
(၆) သွေးတိုးခြင်းက ကျောက်ကပ်ထဲမှာ ပရိုတင်းဓာတ်လျော့နည်းစေပြီး ကျောက်ကပ်ကို ဖိစီး မှုဖြစ်စေပါတယ်။ ဒါကြောင့် သွေး တိုးရောဂါမဖြစ်အောင် ကိုယ်အလေးချိန်ထိန်းခြင်း၊ ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်းလုပ်ခြင်း၊ အငန်လျော့စားခြင်းတို့ ဖြင့် ကျောက်ကပ်ကို ကာကွယ်ပေး သင့်ပါတယ်။
(၇) purine ဓာတ်ကြွယ်ဝတဲ့ အသားများ၊ ပင်လယ်စာများ နှင့် ပင်လယ်ငါးတို့ ကို လွန်ကဲစွာ စားသုံးခြင်းက ဆီးထဲမှ ကယ်လ်စီ ယမ်ယိုစိမ့်မှုကို တိုးပွားစေပြီး ကျောက်ကပ် ပျက်စီးစေနိုင် ပါတယ်။ ထို့ နည်းတူစွာပင် တိရိစ္ဆာန်မှရရှိသော အဆီမထုတ်ထားတဲ့ နို့  နှင့် နို့ ထွက် ပစ္စည်း များကို လွန်ကဲစွာ စားသောက်တဲ့အခါမှာလည်း ကျောက်ကပ်ထဲကို ကယ်လ်စီယမ်ဓာတ်များ အနည်ကျကာ ဆီးကျောက်တည်ခြင်းကို ဖြစ်စေပါတယ်။
(၈) ဥပမာ အစားအစာတွေကို တာရှည်ခံအောင် ပြုပြင်ထားတဲ့ သား-ငါး-ဟင်းသီးဟင်းရွက်-သစ်သီးဝလံ စည်သွတ်ဗူးများ၊ ကြက်-၀က်အူချောင်းများ၊ ထုံချိုင်းအသားလုံးများ၊ အသင့် စား ခေါက် ဆွဲ-ကြာဇံခြောက်အထုပ်များ စသည်တို့ က အသည်း နှင့် ကျောက်ကပ်တို့ ကို အဆိပ်အတောက်ဖြစ်စေနိုင်တာကြောင့် ရံဖန်ရံခါသာ စားသုံးသင့်ပါတယ်။
(၉) သဘာဝ သစ်သီးဖျော်ရည်မဟုတ်တဲ့ အချိုရည်အမျိုးမျိုး နှင့် ဆိုဒါတို့ မှာ တာရှည်ခံအောင်၊ အနံ့ ကောင်းအောင် နှင့် အရ သာရှိအောင် ဓာတုပစ္စည်းများသုံး၍ ပြုပြင်ထားပါတယ်။ ထိုအချို ရည် ကို နေ့ စဉ် သောက်သုံးခြင်းက အာဟာရ(လုံးဝ) မဖြစ်စေ တဲ့အပြင် ကျောက်ကပ်ကိုပါ ထိခိုက်စေပါတယ်။ ထို့ နည်းတူ ကာဗွန်ဒိုင်အောက်ဆိုဒ်ဂက်စ်ထဲ့ထားတဲ့ အဖျော်ယမကာများ ကလည်း ကျောက်ကပ်ထဲရှိ သွေးကြောများကို ပျက်စီးခြင်း၊ ကျောက်တည်ခြင်း စတဲ့ ဆိုးကျိုးေ တွ ဖြစ်စေနိုင်ပါတယ်။ ဒါ့ပြင် ကဖိန်းဓာတ်များတဲ့ ကော်ဖီ နှင့် လ္ဘက်ရည်များကို အလွန်အကျွံေ သာက်ခြင်းက ခန္ဓာကိုယ်အနှံ့  သွေးလည်ပတ်စီးဆင်းမှုကို လှုံ့ ဆော်ပေးတြာေ ကာင့်၊ သွေး တိုးလာပြီး ကျောက်ကပ်ကို တွန်းအားဖြစ်စေပါတယ်။
(၁၀) Oxalates ဓာတ်ကြွယ်ဝတဲ့ ဗိုစားပဲသီး၊ ပိန်းဥ၊ ပိန်းရိုး၊ ဟင်းနုနယ်ရွက် တို့ က ဆီးကျောက် တည်စေနိုင်တာကြောင့် သင့် တင့်ရုံသာစားပေးပါ။
(၁၁) ဗီတာမင်ဒီ ဆိုတာကလည်း steroid ဟော်မုန်းအမျိုးအစာတစ်ခုဖြစ်၍ ကျောက် ကပ်အပါ အ၀င် ခန္ဓာကိုယ်ကြီးတစ်ခုလုံးကို ကောင်းကျိုးဖြစ်စေပါတယ်။ လိုအပ်တဲ့ ဗီတာမင်ဒီကို နံက်ေ စာစော နေနုအေးမှ နေပူစာလှုံခြင်းဖြင့် ရရှိနိုင်ပါတယ်။
(၁၂) ရေသောက်နည်းခြင်း၊ အပူကြီးဖျားနာ၊ ပျို့ အန်၊ ၀မ်းသွား၊ ချွေးထွက်လွန် စသည်တို့ြေ ကာင့် ရေဓာတ်ခမ်းခြောက်၍ ကျောက်ကပ်အလုပ်လုပ်မှု အားနည်းသွားစေပါတယ်။
(၁၃) ဆီးအိမ်ကျွံခြင်း၊ သားအိမ်လျောခြင်း၊ ဆီးကျိတ်ကင်ဆာ၊ သားအိမ်တွင်းအဖုအကျိတ်စ တဲ့ ဝေဒနာများကလည်း ကျောက်ကပ် နှင့် ဆီးလမ်းကြောင်းများကို အဟန့် အ တားဖြစ် ကာ ကျောက် ကပ်ပျက်စီးသွားနိုင်ပါတယ်။
<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>
(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)
--
promise.pauk

Friday, May 22, 2015

ကမ္ဘာပေါ်မှာ ကင်ဆာရောဂါ ဒုတိယအဖြစ်ဆုံး မြန်မာနိုင်ငံ

ကမ္ဘာပေါ်မှာ ကင်ဆာရောဂါ ဒုတိယအဖြစ်ဆုံး မြန်မာနိုင်ငံ
------------------------------------------------------------------
ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးရဲ့ ၂၀၁၁ ခုနှစ်ထုတ်ပြန်တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်က ကင်ဆာအဖြစ်ဆုံး ၁၀ နိုင်ငံထဲမှာ နံပါတ် ၂ နေရာကိုရောက်နေပြီး ကင်ဆာဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတွေကို ပြောရရင်တော့ -
*ကင်ဆာကြောက်ရင် ပလတ်စတစ်နဲ့ ဖော့ဘူးရှောင်..
အလွယ်ကြိုက်တတ်တဲ့ မြန်မာတွေဟာ မုန့်ဟင်းခါးပဲ ၀ယ်ဝယ် ၊ လက်ဖက်ရည်၊ ကော်ဖီ ၊ အသုပ်စုံတွေ ၊ ထုံချိုင်းတွေ ၊ အကြော်စုံတွေ ၊ အကင်တွေပဲ ထုပ်ထုပ် ပလတ်စတစ်တွေ ၊ ကြွပ်ကြွပ်အိတ်တွေနဲ့ချည်းပဲ သုံးနေကြပါတယ်။ ပလတ်စတစ်ထဲမှာပါတဲ့ ပလတ်စတစ်ဆိုက်ဇာဆိုတဲ့ ဓာတ်နဲ့တွေ့ရင် စတိုင်ရင်း ( Styrene) ဆိုတဲ့ ဓာတု ပစ္စည်းတွေဟာ အပူဓာတ်နဲ့ပဲ တွေ့တွေ့ ဆီပါတဲ့ အစားအသောက်နဲ့ပဲ တွေ့တွေ့ အစားအသောက်တွေထဲကို ဓာတ်ပြုပျော်ဝင်တော့တာပါပဲ။ နောက်ပြီး ကလေးနို့ဘူးတွေ ပြုလုပ်တဲ့ PVC ပလတ်စတစ်နဲ့ ပလတ်စတစ်ရေပိုက်တွေမှာ မိုနိုမာ ( Monomer) ဆိုတဲ့ အင်မတန် အဆိပ်ပြင်းပြီး ကြောက်စရာကောင်းတဲ့ ဓာတ်တစ်မျိုးပါဝင်တာ တွေ့ရပါတယ် ။ ဒီဓာတုပစ္စည်းတွေ အကုန်လုံး ဆိုးရွားတဲ့ ကင်ဆာရောဂါတွေ ဖြစ်စေနိုင်တာမို့ အရင်တုန်းကလို စက္ကူတွေ၊ အင်ဖက်တွေ၊ ဗန်ဒါရွက်တွေ၊ စတီးချိုင့်တွေ၊ ဖန်ဘူးတွေနဲ့ပဲ အစားအသောက်တွေကို ပြောင်းလဲ ထုပ်ပိုးကြပါစို့။
ဒန်ပေါက်ဆိုင်တွေ စားသောက်ဆိုင်တွေမှာ အသုံးပြုနေတဲ့ ဖော့ဘူးတွေဟာလည်း စတိုင်းရင်း ( Styrene) ဓာတ်ပါတဲ့ ပလတ်စတစ် အုပ်စုဝင်တွေ ဖြစ်လို့ ဖော့ဘူးတွေ တစ်ခါသုံး ပလတ်စတစ်တွေ လုံးဝအသုံးမပြုဘဲ တော်လှန်ဆန့်ကျင် ပြောင်းလဲကြပါစို့ ။
*အချဉ်ရည်နဲ့ ကင်ဆာရောဂါ
အသုတ်ဆိုင်တွေ အကြော်ဆိုင်တွေ ထုံချိုင်းဆိုင်တွေ၊ အကင်ဆိုင်တွေ၊ တုတ်ထိုးဆိုင်တွေမှာ နေ့စဉ် လူတွေ မြိန်ရည် ယှက်ရည် စားနေကြတာကတော့ အန္တရာယ်ရှိ တားမြစ်ဆိုးဆေး နီနီရဲရဲတွေရယ် ၊ အစာအိမ် အူလမ်းကြောင်း ၊ ကင်ဆာ ဖြစ်စေတတ်တဲ့ ဆာ(လ်)ဖျူရစ် အက်ဆစ်ပြင်း ( H2SO4) ရောစပ်ထားတဲ့ အချဉ်ရည်လို့ ခေါ်တဲ့ အဆိပ်ရည်တွေပါပဲ ဆာ(လ်)ဖျူရစ် အက်ဆစ်က နည်းနည်းလေးထည့်ရုံနဲ့ အချဉ်ရည် အရသာကို ဖြစ်ပေါ်စေပြီး ဘက်ထရီအိုးမှာသုံးတဲ့ အက်ဆစ်ပါ ။ ရေရှည်စားသုံးရင်တော့ အစာအိမ်အူလမ်းကြောင်း ကင်ဆာ၊ အူမကြီး ကင်ဆာ အသည်းကင်ဆာတွေကို ကျိန်းသေဖြစ်နိုင်တာမို့ လုံးဝရှောင်ရှားကြဖို့ တိုက်တွန်းလိုက်ပါရစေ။
*နှာခေါင်းကင်ဆာ၊ အဆုတ်ကင်ဆာနဲ့ အသက်ရှူလမ်းကြောင်းကင်ဆာတွေ ဖြစ်ပွားစေတဲ့ ခြင်ဆေးခွေ
ခြင်ဆေးခွေတွင် ဓာတုပိုးသတ်ဆေးများထဲတွင် အပြင်းထန်ဆုံးလို့ သတ်မှတ်ထားတဲ့ S.2 ပိုးသတ်ဆေး၊ လွှစာမှုန့်၊ ဗိုင်ဒါကော်၊ ဆိုးဆေးနဲ့ ဓာတု အမွှေးအကြိုင်တို့ ပါဝင်သည်။ ထို့အပြင် အပြင်းထန်ဆုံး အဆိပ်တစ်မျိုးဖြစ်သည့် Benzene (ဘန်ဇိုင်း) ကာစီနိုဂျင် တစ်မျိုးပါဝင်ပြီး အာရုံကြောမှ စကာ ရိုးတွင်းချဉ်ဆီအထိ အဆိပ်ဖြစ်စေသည်။ ခြင်ဆေးခွေတစ်ခွေဧ။်အဆိပ်ဓာတ်သည် စီးကရက် အလိပ်ပေါင်း ၁၃၇ လိပ်မှထွက်ရှိသော အဆိပ်မှုန် အရေအတွက်နှင့် ညီမျှသဖြင့် ဝေးဝေးကရှောင်ကြဖို့ သတိပေးလိုက်ရပါသည်။ အမွှေးတိုင်များသည်လည်း ခြင်ဆေးခွေကဲ့သို့ပင် အန္တရာယ်ရှိသဖြင့် လုံးဝမသုံးအပ်ပေ။
*အချိုရည်နှင့် ဂျယ်ရီများ
အချိုရည်ဘူးများတွင် တားမြစ်ဆိုးဆေး၊ ကင်ဆာဖြစ်စေသော တာရှည်ခံဆေး၊ သကြားထက် အဆ ၂၀၀ ပိုမို ချိုစေသော ပါဝါသကြားနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဖိန်း ဓာတ်များ ပါဝင်သဖြင့် ခံတွင်းကင်ဆာ၊ ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါနှင့် အ၀လွန်ရောဂါ၊ အသည်းကင်ဆာရောဂါတို့ကို ဖြစ်ပွားစေသည်။ ထို့အတူ ဂျယ်ရီဘူးများတွင်လည်း တရုတ်မှ လာသော ဂျယ်ရီပေါင်ဒါ၊ ဆီထရစ်အက်ဆစ်၊ Sodium Benzorate ခေါ် တာရှည်ခံဆေးပါဝင်သဖြင့် ကလေးများကို လုံးဝ မကျွေးသင့်၊ မရောင်းသင့်ပါ။
*မယ်လမင်း (ဖိုက်ဘာ) ပစ္စည်းများ
ထိုပစ္စည်းများသည် အပူနှင့် ထိတွေ့လျှင် ဓာတ်ပြုသဖြင့် ကျောက်ကပ်ပျက်စီးခြင်းနှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေသဖြင့် လုံးဝ အသုံးမပြုသင့်ပါ။
*တရုတ်နို့မှုန့်နှင့် ၄င်းနှင့် ပြုလုပ်သော မုန့်များ
တရုတ်နို့မှုန့်ကို ဖျော်ကာ ခွေးပေါက်စ၊ ကြောင်ပေါက်စလေးများကို တိုက်ကျွေးရာ ထိုခွေးကလေး ကြောင်ကလေးများသည် အကြောဆွဲကာ ၁၈ ကောင်ထက်မနည်း သေဆုံးကုန်ကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် တရုတ်ပြည်မှ တံဆိပ်မျိုးစုံနှင့် တင်သွင်းသော နို့မှုန့်များနှင့် ၄င်းတို့ဖြင့် ပြုလုပ်သော မုန့်ပဲ သရေစာများကို ကလေးများကို လုံးဝ မတိုက်ကျွေးသင့်ပါ။
*ကော်ဖီမစ်များ ( Coffeemix)
ကဖိန်း၊ တာရှည်ခံ ဓာတုဆေး၊ ကော်ဖီအနံ့ ၊ အုန်းသီးခွံအမှုန့်များနှင့် သကြား၊ အခြားကုန်ကြမ်းပစ္စည်းများ ပါဝင်သည်ကို တွေ့ရသဖြင့် မသောက်သုံးသင့်ပါ။ ၄င်းရယ်ဒီမိတ် ကော်ဖီများကို သောက်သုံးပါက ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကျောက်ကပ်ပျက်စီးခြင်း၊ နှလုံးသွေးတိုးရောဂါ၊ စိတ်ကျရောဂါနှင့် ရင်သားကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ပန်ကရိယ ကင်ဆာနှင့် အမျိုးသမီးများ မြုံခြင်းနှင့် ကိုယ်ဝန်ပျက်ကျခြင်းတို့ကို ဖြစ်စေသဖြင့် လုံးဝ မသောက်သုံးသင့်ပါ။
ထို့ပြင် ကော်ဖီမစ်တွင် နို့ဆီနှင့် နို့မှုန့်အစား အသုံးပြုသော creamer မှာ မလေးရှားတွင် စားအုန်းဆီကို အဆီထုတ်ပြီး ကျန်သော ကြိတ်ဖတ်များကို တရုတ်နိုင်ငံမှ ၀ယ်ယူကာ မှုန့်နေအောင် ကြိတ်ချေပြီး Creamer အဖြစ် ပြန်လည်ရောင်းချကြောင်း သိရှိရသည်။ ထို ကြိတ်ဖတ်မှုန့်များသည် သွေးတိုးရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါ၊ လေဖြတ်ရောဂါနှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေသည်။
*အရောင်ချွတ်ထားသော အစားအသောက်များ
နိုင်ငံခြားတိုင်းပြည်များတွင် သကြားကို မူလသဘာဝအရောင်အတိုင်း ၀ါညစ်ညစ် သကြားများကို စားသုံးကြသော်လည်း မြန်မာနိုင်ငံတွင်မူ ဟိုက်ဒရိုဟု ခေါ်သော Chemical ချွတ်ဆေးသုံးကာ ဖြူဖွေးသော သကြားမျာကို ရွေးချယ်စားသုံးကြ၏။ ထန်းညက်သည်လည်း မူလ အညိုရောင် ပျောက်ကာ ချွတ်ဆေးကြောင့် ဖြူဖွေးသွားကာ နေ့စဉ်သုံးသည့် အိမ်သုံးဆားသည်ပင်လျှင် ဓာတု ချွတ်ဆေးသုံးပြီး ဖြူဖွေးအောင် လုပ်ကြ၏။ ထိုဓာတုချွတ်ဆေးများသည် ကင်ဆာရောဂါကို ဖြစ်ပွားစေသဖြင့် သဘာဝ အရောင်ကို ရွေးချယ် စားသောက်ကြပါစို့။
*ရောင်စုံဆိုးဆေးများနှင့် အစားအသောက်များ
တားမြစ် အန္တရာယ်ရှိ ဆိုးဆေးများ အသုံးပြုထားသော မျှစ်နီ၊ မျှစ်ဝါ၊ ပုစွန်ချဉ်နီနီ၊ အ၀ါရောင်ဆိုးထားသော ငါးပုဏား၊ ငါးမြွေထိုး၊ ရွှေငါး၊ ကြက်သားများနှင့် အနီရောင်ဆိုးထားသော ငရုတ်သီးမှုန့်၊ ပုစွန်ခြောက်၊ ပတ္တမြားပြောင်းဖူး၊ ငါးပိ၊ ပဲနီလေး၊ ပဲဝါလေး၊ မက်မန်းသီး၊ ဆီးထုတ်စသည်တို့သည် အသည်းနှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေသဖြင့် လုံးဝရှောင်ကြဉ်သင့်ပါ၏။
*သတိထားသင့်သော အသီးအနှံများ
ဓာတုဟော်မုန်းဆေးများ အသုံးပြုထားကာ အဆမတန် ကြီးထွားနေသော မုန်လာဥအဖြူများ၊ အမြစ်တိုတို အလုံးတုတ်တုတ်နှင့် ပဲပင်ပေါက်များ ၊ ပိုးသတ်ဆေး အပြင်းစား သုံးထားသည့် ဂေါ်ဖီထုပ်၊ ပန်းမုန်လာထုပ်၊ မုန်ညင်းထုပ်များနှင့် ဆေးစိမ် ဆေးဖျန်းကာ မှည့်နေသော သရက်သီး၊ သင်္ဘောသီး၊ လိမ္မော်သီး၊ ပန်းသီး၊ ငှက်ပျောသီး စသည်တို့သည် ကင်ဆာ ဖြစ်စေနိုင်သဖြင့် ရှောင်ရှားသင့်သည်။
ထို့အပြင် လူသေကောင် မပုပ်အောင် ပြုလုပ်သည့် ဖော်မလင်နှင့် အသုံးပြုထားသော ပဲပြား၊ မဲနယ်ဆိုးထားသော ပုစွန်၊ ယူရီးယား ဓာတ်မြေသြဇာပါသော ငါးပိရေကျိုတို့ကိုလည်း ကင်ဆာရောဂါဖြစ်မှာ ကြောက်လျှင် ရှောင်ရှားသင့်ပါသည်။
အစေ့မပါတဲ့ စပျစ်၊ ကီလိုမာလကာနှင့် ဆီးသီး၊ မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ အသီးမှန်သမျှ ကင်ဆာကို ဖြစ်စေသတဲ့။
ပလတ်စတစ် ပါကင်လှလှ၊ တံဆိပ်မျိုးစုံဖြင့် ထုတ်လုပ်သော ငါးမုန့်ကြော်၊ အာလူးကြော်၊ တိုဟူးကြော်၊ ကြက်သွန်ကြော်များသည် အာဟာရတန်ဖိုး လုံးဝမရှိသည့်အပြင် ပလတ်စတစ်ဆိုက်ဇာဓာတ်များ ပါဝင်သဖြင့် ကင်ဆာရောဂါကို ဖြစ်ပွားစေပါသည်။
*ပဲဆီ၊နှမ်းဆီအတုများ ကင်ဆာရောဂါ သတိထား
အခု စားအုန်းဆီတွေထဲကို အနည်ကျအောင် အီလန် ဆပ်ပြာမှုန့်၊ ဒါမှမဟုတ် ဆပ်ပြာတစ်မျိုးမျိုးကို ထည့်ပြီး ဆပ်ပြာထဲက ဟိုက်ဒြောဆိုဒ် ဓာတုပစ္စည်းက စားအုန်းဆီထဲက ခဲစေတတ်တဲ့ အနည်တွေကို အောက်မှာသွားထိုင်ပြီး တခြားစားအုန်းဆီတွေကို မခဲတော့ဘူး။ ဒီတော့မှ ၂၇ လမ်း ၂၈ လမ်းက ၀ယ်ထားတဲ့ ၂၅၀ကျပ်တန် ပဲဆီအနံ့၊ နှမ်းဆီအနံ့ ဓာတုဆေးရည်ကိုထည့်လိုက်တော့ ပဲဆီ၊ နှမ်းဆီ အစစ်ထက်တောင် ပိုမွှေးသွားရော။
ဒါပေမယ့် ဆပ်ပြာထဲက ဟိုက်ဒြောဆိုဒ်ဓာတ်နဲ့ အက်ဆစ်ဓာတ်တွေက ကင်ဆာရောဂါမျိုးစုံကို ဖြစ်စေပါတယ်။ မြန်မာ့ဆီဈေးကွက်မှာ ထွက်သမျှမြေပဲဆံတွေကို တရုတ်နိုင်ငံက ဈေးကောင်းပေးဝယ်သွားလို့ မြန်မာပြည်မှာ ကြိတ်စရာ မြေပဲဆံ မကျန်တော့ဘူး။ ဈေးကွက်ထဲမှာ ၈၀% သော ပဲဆီတွေက အနံ့ထည့်ထားတဲ့ ပဲဆီ အတုတွေလို့ ဆီလုပ်ငန်းရှင်တစ်ဦးက ကျွန်ုပ်တို့ CPAM သို့ အကြောင်းကြားပါတယ်း
*အချိုမှုန့်နှင့် ကြက်သားမှုန့်များ
အချိုမှုန့်တွင် ပါဝင်သော ဓာတုပစ္စည်းများသည် ဦးနှောက်နှင့် အာရုံကြောထိခိုက်စေကာ လေဖြတ်လေငန်းရောဂါ၊ လေးဖက်နာရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်ချို့ယွင်းပျက်စီးစေသော ရောဂါ၊ ဆီးချို သွေးချိုနှင့် သွေးတိုးရောဂါများကို ဖြစ်ပွားစေသဖြင့် ရှောင်ကြဉ်သင့်ပါသည်။
ကြက်သားမှုန့်တွင်လည်း အချိုမှုန့်နှင့် တာရှည်ခံ မှိုသတ်ဆေးများ ၊ ဓာတုပစ္စည်းများ ပါဝင်သဖြင့် အချိုမှုန့်ထက်ပင် ပိုမို ဆိုးရွားစေပါသည်။
Consumer Protection Association ( Myanmar )
မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်း
*မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းမှ လက်ကမ်းစာစောင်ကို ကုသိုလ်ဖြစ် ပြန်လည် ရိုက်ကူး တင်ပြပါသည်။
Photo by ကျန်းမာရေးသတင်းများ
Unlike · Comment ·