:include data='blog' name='google-analytics'/>

Tuesday, April 23, 2013

ကမ္ဘာကြီးစိမ်းလန်းဆိုပြေ၍သန့်ရှင်းလတ်ဆတ်သော လေထုတ်လုပ်မည့် ရေညှိပင်များ။


 
 
 
 
 
 
 

အဆောက်အဦးများမှထွက်လာသော မီးဖိုချောင်၊အိမ်သာ၊ရေချိုခန်း စသည့်  အသုံးပြုပြီး ရေများတွင် ရေညှိပင်များ စိုက်ပျိုးခြင်းဖြင့် အညစ်အကြေးများကိုသန့်ရှင်းစေခြင်း၊သဘာဝမှ အဆိပ်ဓါတ်ငွေ့ဖြစ်သော ကာဘွန်ဒိုင်အောက်ဆိုဒ် (co2) များအား စုပ်ယူပစ်ခြင်း၊ အပြင် ရေညှိပင်များမှ လျှပ်စစ်ဓါတ် များထုတ်ယူနိုင်သည်ဟုဆိုပါသည်။

ရေညှိပင်များမှထွက်လာသော စွမ်းအင်ပမာဏမှာ ကျောက်မီးသွေးမှ    ထွက်သောပမာဏနှင့် တူညီသည့် အပြင် ကျောက်မီးသွေးလို အဆိပ်ဓါတ်ငွေ့များ ထုတ်လွှတ်ခြင်းမရှိသဖြင့် အလွန် ကောင်းမွန် သောနည်းပညာဖြစ် သည်ဟု ဆိုပါသည်။


ကျမ်းကိုး
http://en.wikipedia.org/wiki/Freeze-drying

Wednesday, April 17, 2013

ဗုဒ္ဓရဲ့ သဘာဝနိယာမ။


လူတစ်ဦးက ဗုဒ္ဓကိုမေးလျှောက်တယ်

ကျနော် ပျော် ချင်တယ် တဲ့။

ပထမ ကျနော်  ဆိုတာကိုဖယ်လိုက်ပါ။ အဲ့ဒါ ငါဆိုတဲ့ အတ္တပဲ။
ဒုတိယ ချင်တယ် ဆိုတာကိုဖယ်လိုက်ပါ။ အဲ့ဒါ  လောဘ ပဲ။
ဒါဆိုရင် ပျော် တာပဲကျန်လိမ့်မယ်။

Saturday, April 6, 2013

တရုတ်ပြည်က ကြက်တုတ်ကွေး။




 ရှန်ကိုင်းမှာ ကြက်တုတ်ကွေးနဲ့သေဆုံးသူ ၆ ယောက်ရှိပြီးဖြစ်ပြီး ဈေးများမှာကြက်များကိုစတင်

သတ်ပြစ်ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။ နောက်ဆုံးသေဆုံးသူမှာ ၆၄ နှစ်ရှိပြီး Zhejiang
 
province မှဖြစ်ပါတယ်။ ၄င်းနှင့်ထိတွေ့ခဲ့သော ၅၅ ယောက်မှာရောဂါလက္ခဏာ များမတွေ့ရကြောင်း။
 
Zhejiang province မှ ၆၇ နှစ်ရှိ လူနာတစ်ဦးမှာစိုးရိမ်ရသော အခြေ အနေမှာရှိနေကြောင်းနှင့် H7N9
 
မျိုးစိတ် ကြက်တုတ်ကွေးဗိုင်ရပ်ဖြင့်ကူးဆက်ခံရသောသူ ၁၆ ဦးအနက် ၆ဦးမှာ ရှန်ကိုင်း မှဖြစ်
 
ကြောင်းသိရပါတယ်။ လူတစ်ဦးမှတစ်ဦးသို့ကူးဆက်သည်ကိုမတွေ့ရသေးကြောင်းနှင့် ကမ္ဘာနှင့် အ၀န်း
 
ကူးဆက် ပျံ့ပွါးမည့် ရောဂါဟုတ်မဟုတ်ပြောရန်မှာစောသေးကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ
 
ပြောဆိုပါသည်။

 
မနက်ဖန်မှစ၍ ရှန်ကိုင်းမှကြက်ဈေးကိုပိတ်မည်ဖြစ်ပြီး Songjiang and Minhang districts မှာတော့ မနေ့
 
ကပင်ပိတ်ခဲ့ပါတယ်။ ကြက်ပေါင်း၂၀၅၃၆ ကိုသတ်ခဲ့ပြီဖြစ်ပါတယ်။ လူနာများနှင့်ထိတွေ့ခဲ့သောသူများတွင်
 
ိုင်ရပ်ပိုးကိုမတွေ့ကြောင်းသိရပါတယ်။

 

ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ ရောဂါမည်သို့စတင်ဖြစ်ပွါးကြောင်း၊ မည်ကဲ့သို့ ကူးဆက်ပြန့်ပွါး
 
ကြောင်းနှင့်မည်မျှပြန့်နှံ့နေကြောင်းကိုစုံစမ်းလျှက်ရှိကြောင်းသိရပါတယ်။