:include data='blog' name='google-analytics'/>

Saturday, March 28, 2015

အိမ်ရှင်မ မမတို့

အိမ်ရှင်မ မမတို့ဒါလေးဖတ်ဖြစ်အောင်ဖတ်လိုက်နော်
-------
အိမ်ဦးခန်းဘုရားစင်ဝေယျာဝစ္စမှစ၍၊ အိမ့်နောက်ဖေးမီးဖိုချောင်မ ကျန်၊ ရေချိုး ခန်း(သန့် စင်ခန်း)အဆုံး အိမ် ရှင်မတစ်ဦး၏ တာဝန်များမှာ မရေမတွက်နိုင်အောင် များပြားလှပါတယ်။ ဒါကြောင့်လည်း ရှေးလူကြီး များက “အိမ်မှုကိစ္စဝေယျာဝစ္စ” ရယ် လို့  အမည်တပ်ခဲ့ကြပါတယ်။ နေ့ တဓူဝ ကြုံတွေ့ နေရတဲ့ သမရိုးကျအိမ်
ထောင့် တာဝန်များ ကို ပုံမှန် နည်း ဖြင့်ဖြေ ရှင်းနိုင်သော်လဲ၊ တခါတရံ မထင်မှတ်တဲ့ အခက် အခဲ လေးတွေ အတွက် ဖြတ်ထိုးဥာဏ်သုံးတတ်ဖို့ လိုပါတယ်။
၁။ အိမ်ကသမီးလေးက ကိုရီးယားမင်းသလေးလို ဆံပင်တောက်ပြောင် ချောမွေ့ ချင် လိုက်တာ မေမေ ရယ်လို့ ပူဆာလာခဲ့ရင်၊ ရှာလကာ ရည် လ္ဘက်ရည်ဇွန်း ၁-ဇွန်း ထဲ့ပြီး ခေါင်းလျှော်ခိုင်းလိုက်ပါ။
၂။ ခင်ပွန်းမှာ ဂျိုင်းမွေးရိတ်ကရင်မ် ကုန်နေခဲ့လျှင်၊ အရေးပေါ်အဖြစ် ဆံပင် ပေါင်းဆေး (conditioner) ပေးသုံးလိုက်ပါ။ ဂျိုင်းမွှေးရိတ်ရ လွယ်ကူ သလို အသားအရေ လည်း ချောမွေ့ သွားစေပါတယ်။
၃။ မိတ်ကပ်ဖျက်ဆေးဗူး အထားမှားလို့ အလွယ်တကူရှာမတွေ့ ခဲ့ ရင်၊ ခေါင်း လိမ်းတဲ့သံလွင်ဆီ နှင့်ဖျက်ပါ။ (မျက်လုံးထဲမ၀င်ပါစေနဲ့ )
၎။ မီးပူတိုက်ရင်း (သို့ မဟုတ်) ချက်ပြုတ်ရင်း မတော်တဆ အပူလောင်ပြီး အရည်ကြည် ဖုပေါက်ခဲ့ရင်၊ ငံပြာရည် (သို့ ) pepsodent သွား တိုက်ဆေး (သို့ ) အာလူးထက်ခြမ်းခြမ်းကပ် (သို့ ) ဆရာစိုင်းလိမ်းဆေး (သို့ ) ဆေးဖယောင်းချပ်ကပ်ပါ။
၅။ ဖိနပ်သဲကြိုးရာ ခြေထောက်မှာစွဲကျန်နေလို့ စိတ်မညစ်ပါနဲ့  ရှာလကာ ရည် ပွတ်လိမ်းပေးပါ။
၆။ တစ်စုံတစ်ယောက်အတွက် လက်ဆောင်ပစ္စည်းဝယ်ထားပြီး၊ ဈေးနှုန်းတန် ဘိုးမ သိစေ ချင်ပါသော်လဲ၊ အချို့ ပစ္စည်းများတွင် ဈေးနှုန်းတံ ဆိပ်ကို လုံးဝ ခွာမ ရဖြစ်နေ တတ် ပါတယ်။ ဆံပင်အခြောက်ခံစက်ကို မီးအားမြှင့်၍ အပူပြင်းပြင်း မှုတ်ထုတ် လိုက်ပါ။
၇။ ရေခဲတုံးသန့် သန့့်လိုချင်ရင်၊ ရေနွေးပူပူကို အအေးခံပြီးမှ ရေခဲ ခဲပါ။
၈။ သံပုရာသီးအလုံးထဲက သံပုရာရည်များ ကုန်စင်အောင်ညှစ်ချင်ပါရင်၊ ဦးစွာ သံပုရာသီးကို တနာရီခန့် ကြိုတင်၍ ရေနွေးစိမ်ထားပါ။
၉။ ဟင်းလျာများနှင့် အသုပ်များအတွက် ဂေါ်ဖီထုပ်က စိမ်းစော်နံပျောက် စေအောင်၊ မချက်ပြုတ်ခင် ဂေါ်ဖီထုပ်ပေါ် ပေါင်မုန့် တချပ် လောက် တင် ထားလိုက်ပါ။
၁၀။ ပီကေ၀ါးရင်း ကြက်သွန်နီလှီးရင် မျက်ရည်လုံးဝမကျစေတော့ပါဘူး။
၁၁။ အာလူးပြုတ်မြန်မြန်နူးစေချင်ရင်၊ ရှေးဦးစွာ အာလူးစိမ်းရဲ့ တစ် ဘက်စွန်းစီကို အခွံအ နည်းငယ်နွှာပြီးမှ ပြုတ်ပါ။
၁၂။ ကန်စွန်းဥပြုတ်များ အခွံနွှာရ လွယ်ကူအောင်၊ ပြုတ်ပြီးသား ကန်စွန်း ဥပူပူ ကို ရေအေးထဲစိမ်ထား လိုက်ပါ။
၁၃။ ကြက်ဥ/ဘဲဥပြုတ်များ အခွံခွာရလွယ်ကူအောင် ဆားထဲ့ပြုတ်ပြီး၊ ကျက်ရင် ကြက်ဥ/ဘဲဥအချင်းအချင်း ခပ်သာသာ အခွံမာများအက် သွားတဲ့ထိရိုက်ပေးပြီး ရေအေးထဲစိမ်ပါ။
၁၄။ အချိန်အတော်ကြာ အသုံးပြုလာခဲ့တဲ့ Coffee Maker (ခေါ်) ကော်ဖီဖျော်အိုး များ ကော်ဖီဂျိုးတူးနံ့ စွဲ လာတတ်ပါတယ်။ အဲဒီအခါ ကော်ဖီ ဖျော်အိုးထဲ ရှာလကာရည်တ ခွက်ထဲ့ကာ ရေအပြည့်ဖြည့်ပြီး၊ နာရီဝက် လောက်အပူပေးနှပ်ထား ပါ။ ပြီးရင် ရေ သန့် ထဲ့တည်၍ နောက်ထပ် နာရီ ၀က်လောက်တည်ပါ။
ဤနည်းတိုင်း ဒုတိယ အကြိမ် ရေသန့် ထပ်တည်ပါ။ ကော်ဖီဂျိုးတူးနဲ့ ပျောက်ပြီး၊ အနံ့ အရသာ ရှိသော ကော်ဖီဖျော်လို့ ရပါပြီ။
၁၅။ ပန်းကန်ဆေးဘေစင်ပိတ်ဆို့ နေလို့ စိတ်မညစ်ပါနှင့်။ မုန့် ဖုတ်ဆော်ဒါ ၁-ဆ ကို ရှာလကာရည် ၂-ဆ ရောဖျောပြီး ရေပိုက်တ လျှောက်လောင်း ထဲ့ပါ။ မိနစ် ၂၀ အကြာမှာ ရေနွေးဆူဆူများလောင်းချပေးခြင်းဖြင့် ပိတ်ဆို့ နေမှုများ လျောဆင်းသွားပါလိမ့်မယ်။
၁၆။ သစ်သားစားပွဲခုံပေါ်မှာ အအေးခွက် (သို့ မဟုတ်) ရေနွေးခွက် တင်တာကြာသွား ရင် အဖြူရောင် အကွက်များစွန်းကျန်လာပါတယ်။ ဟင်းချက်ဆီနဲနဲကို ဆားရော၍ ပွတ်တိုက်ပြီး၊ နောက်တနာရီခန့် အကြာ ချည်တည်အ၀တ်ပါးဖြင့် ပွတ်ပေးလိုက်ပါ (သို့ မဟုတ်) ရေနံချေး ဖြင့်ပွတ်တိုက်ပြီးနောက် ၂၄ နာရီခန့် အကြာ ချည် ထည်အ ၀တ်ပါးဖြင့် ပွတ်ပေးလိုက်ပါ။
၁၇။ ချက်ပြုတ်ခဲ့တဲ့ ဟင်းလျာတွေ ဖိတ်စဉ်ကျလို့  မိုက်ကရိုဝေ့ဖ်မီးဖိုမှာ အစွန်းအ ထင်းများညစ်ပတ်နေ ခဲ့ပါလျှင်၊ မိုက်ကရိုဝေ့ဖ်မီးဖိုထဲမှာ ရွှဲရွှဲစိုနေသော ရေမြှုပ်ထဲ့၍ ၂-မိနစ်လောက်ပြုတ်ပါ။ ထို့ နောက်မီးခလုတ် ပိတ်ပြီး ၅ မိနစ်လောက်နေ မှ ရေမြှုပ် ကိုထုတ်ယူပါ။ ပြီးရင်အဲဒီ ရေမြှုပ်ဖြင့် ဟင်းလျာအစွန်းအထင်းများကို လွယ်ကူ စွာသုတ် သင်နိုင်ပါပြီ။ (သို့ မဟုတ်) သံပုရာတစ်လုံးကို ပါးပါးလှီးပြီး၊ မိုက်ကရိုဝေဖ့်ပြား ပေါ်တင် ကာ၊ ရေ လ္ဘက်ရည်ဇွန်း ၁-ဇွန်းလောင်းပြီး မီးဖိုကိုဖွင့်ပါ။ သံပုရာသီစိပ်များပူလားပြီး၊ အထဲမှာအငွေ့ ပျံလာတဲ့ အခါ တစ်ရှုးဖြင့် အစွန်းအထင်းများကို ပွတ်လိုက်ပါ။ လုံးဝ သန့် စင်သွားပါမည်။
၁၈။ ရေခဲသေတ္တာဖွင့်လိုက်တဲ့အခါ အနံ့ ဆိုးများထွက်နေပါသလား။ မုန့် ဖုတ်ဆော် ဒါဗူးကို အဖုံးဖွင့်ထဲ့ ထားပေးပါ။ ဆော်ဒါကအနံ့  ဆိုးများကို စုပ်ယူပေးပါလိမ့်မယ်။ အဲဒီမုန့် ဖုတ်ဆော်ဒါဗူးကို ၃-လတစ်ကြိမ် အသစ်လဲပေးပါ။ အကယ်၍အနံ့ ဆိုးများ မပျောက်သေးဘူး ဆိုရင်တော့ မုန့်ဖုတ်ဆော်အနည်းငယ် ကိုရေဖျော်ပြီး ရေ ခဲသေတ္တာ အနှံ့ ဆေးကြောပေးပါ။
၁၉။ ကန်စွန်းရွက် နှင့် ချဉ်ပေါင်ရွက်တို့ ကို လက်မ၊ လက်ညှိုးတို့ ဖြင့်ဆိတ် ထွှင်ခြင်းကြောင့် ၄င်းအရွက် များရှိ သဘာဝ အစေးများက လက်သည်းကို မည်းစေပြီး အရုပ်ဆိုးအကျည်းတန်စေပါတယ်။ ရှာလကာရည် (သို့ မဟုတ်) သံပုရာသီး/ရှောက် သီးစိပ်တို့ ဖြင့် ပွတ် တိုက်ပြီး ရေစင်စင်ဆေးပေးခြင်းဖြင့် လက်သည်းများ ပကတိအ တိုင်းဖြူစင်လာသလို၊ လက်သည်းလဲ မာလာစေပါတယ်။ ပြည်ကြီငါး (ကင်းပွန်)ကိုင်၍ အမည်း စွန်းထင်ခြင်း၊ ပုစွန်စိပ်ကိုင်၍ အညှီနံ့ စွဲခြင်း၊ ကြက်ဥ-ဘဲဥ ပုပ်ကြောင့် အနံ့ စွဲ ကျန်ခြင်း၊ ကြက်သွန်ဖြူနွှာ၍ အနံ့  စွဲခြင်းများအတွက် ဤနည်းအတိုင်း သန့် စင်နိုင်ပါ တယ်။
၂၀။ အလှူအိမ်မှာ ကြက်သွန်နီများအခွံနွှာပေးပြီးနောက်၊ ကြက်သွန်နီနံ့ စွဲမကျန် ရလေအောင် လက်ကို ဆားပျစ်ပျစ်ဖျော်၍ပွတ်ခြင်း၊ သွား တိုက်ဆေးဖြင့်ပွတ်ခြင်း၊ ခရမ်း ချဉ်သီး ထက်ခြမ်းခြမ်း၍ပွတ်ခြင်း၊ လိမ္မော် သီးစိပ်ဖြင့်ပွတ်ခြင်း၊ အာလူးအခွံနွှာ၍ ပွတ်ခြင်း၊ တရုပ်နံနံပင် လက်ထဲ ထဲ့ချေပွတ်ခြင်း စသည်ဖြင့် ကြက် သွန်နီနံ့ များကို ချက်ချင်းဆိုသလို ပြေပျောက်စေပါတယ်။
၂၁။ ဆန်အိုးထဲမှာ ပိုးတည်ပြီဆိုရင်၊ အမည်းရောင် ပိုးများအပွားမြန်လာကာ ဆန်ကို လည်းပျက်စီးစေတတ် ပါတယ်။ ပိုးဝင်နေတဲ့ ဆန်များ ကို ဖယ်ထုတ်ပြီး ဆန်အိုးရဲ့  အတွင်း အပြင်ကို ဆပ်ပြာရည်ဖြင့်စင်အောင်
ဆေးပါ။ ရေစင်အောင် နေပြင်းပြင်းပြပြီး ကရဝေးရွက်ထဲ့၍ အဖုံးလုံအောင်ဖုံးကာ အဲဒီကရဝေးရွက်များ တညထဲ့သိပ်ပါ။ အိုးလုံးဝသန့် စင်ပြီး နောက်ထပ်ဆန်ပိုးမတည်နိုင်တော့ပေ။

Gas မီးဖိုနဲ့ ချက်သူများ သတိထားပါ

Gas မီးဖိုနဲ့ ချက်သူများ သတိထားပါ
---------------------------------------------
သင်ဟာ ဓာတ်ငွေ့ကိုသုံးပြီး ချက်ပြုတ်နေသူတစ်ယောက်ဆိုရင်တော့ ဒီစာလေးကိုဂရုတစိုက်ဖတ်ပြီး မှတ်သားစေချင်ပါတယ်… ဒီလိုအဖြစ်အပျက်ဟာ အိမ်ထောင်စုအများစုမှာ ဖြစ်တတ်တဲ့အမှားဖြစ်လို့ သင့်အနေနဲ့ ဒီလိုမျိုးမကြုံရအောင် လုပ်ဆောင်ထားရပါမယ်…
အိမ်တစ်အိမ်ရဲ့ မီးဖိုချောင်ထဲမှာ အိမ်ရှင်မတစ်ယောက်ဟာ မီးလောင်ဒဏ်ရာနဲ့ သေဆုံးခဲ့ရတဲ့ ထိတ်လန့်တုန်လှုပ်ဖွယ် အဖြစ်ဆိုးတစ်ခုဟာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်…
ဘယ်လိုဖြစ်သလဲဆိုတော့ ဓာတ်ငွေ့အိုးနဲ့ ဟင်းချက်နေတုန်းမှာဖြစ်ပါတယ်… အမျိုးသမီးဟာ ပန်းကန်ဆေးစင်နားမှာ ပိုးဟပ်တွေကိုတွေ့ပါတယ်… ဒါကြောင့် insect killer တစ်ဗူးကို ဆွဲယူပြီး ချက်ပြုတ်နေတဲ့ ဓာတ်ငွေ့မီးဖိုနားမှာ ဖြန်းမိခဲ့ပါတယ်…
ချက်ချင်းဆိုသလို ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး အမျိုးသမီးကို မီးတောက်တွေက တမဟုတ်ချင်းဝါးမြိုသွားပါတယ်… သူမခန္ဓာကိုယ်ရဲ့ ၆၅ ရာခိုင်နှုန်းအထိ လောင်ကျွမ်းခံလိုက်ရပါတယ်…
သူမရဲ့အမျိုးသားဟာ အလောတကြီးပြေးလာခဲ့ပြီး မီးငြိမ်းသတ်ဖို့ကြိုးစားခဲ့ပါတယ်… သူ့အဝတ်အစားတွေလည်း မီးလောင်ခံလိုက်ရပါတယ်…. အမျိုးသားဖြစ်သူကတော့ ဆေးရုံကိုအချိန်မီပို့ဆောင်နိုင်ပြီး ကုသမှုခံခဲ့ရပေမဲ့ သူ့ဇနီးဖြစ်သူ ဆေးရုံရောက်တာနဲ့ သေဆုံးကြောင်းကြားရတဲ့အတွက် ပူဆွေးဝမ်းနည်းနေခဲ့ရပါတယ်….
နားလည်ထားရမှာက insect killer spray တွေမှာ အငွေ့ပျံလွယ်ပြီး မီးလောင်လည်းလွယ်တဲ့ ငွေ့ရည်တွေပါဝင်ပါတယ်… (insect killer တွေတင်မကပါဘူး… Air Freshener တွေ… အရက်ပြန်နဲ့ မီးလောင်လွယ်တဲ့ တခြား spray တွေအကုန်လုံးကိုလည်း သတိထားရပါမယ်…)
ဒါတွေနဲ့ ဖြန်းလိုက်တဲ့အခါမှာ သေးငယ်တဲ့ အမှုန်အစက်လေးတွေအဖြစ် ခွဲဖြာပြီး အလျင်အမြန်ပျံ့နှံ့သွားပါတယ်… ဒီအထဲက အစက်တစ်စက်ကို မီးညှိလိုက်ရုံနဲ့တင် လေထဲမှာရှိတဲ့ အောက်ဆီဂျင်၊ မီးဖိုးကထွက်တဲ့ ဓာတ်ငွေ့တို့နဲ့ ရောစပ်ပြီး ပေါက်ကွဲသွားစေနိုင်ပါတယ်…
ဒါကြောင့် သင့်မိသားစုတွေနဲ့ မိတ်ဆွေတွေကို ဒီအကြောင်းနဲ့ပတ်သက်ပြီး ပညာပေးဆွေးနွေးတာမျိုး ဖြန့်ဝေတာမျိုး တတ်နိုင်သလောက်လုပ်ပေးပါ… လူ့အသက်ပေါင်းများစွာကယ်တင်နိုင်ဖို့အတွက် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပါတယ်….
Ref: Daily Health Tips
အမျိုးသမီးနှင့်ကျန်းမာရေး

Thursday, March 26, 2015

မြန်မာလူမျိုးတွေ စေတနာကောင်းတယ်..ဒါပေမယ့် ဘာလို့ အများစုဆင်းရဲနေကြလဲ..

မြန်မာလူမျိုးတွေ စေတနာကောင်းတယ်..ဒါပေမယ့် ဘာလို့ အများစုဆင်းရဲနေကြလဲ..
ကောင်းလိုက်တဲ့ မေးခွန်း..ဒါကို လူတစ်ယောက်က ဒီလိုဖြေသွားပါတယ်..
"အစိုးရကို အပြစ်မပုံချဘဲ လူတွေရဲ့ စိတ်ဓာတ်ကိုပဲ ဝေဖန်ရမယ်ဆိုရင်ပေါ့....
မြန်မာအများစုက TEAM WORK အားနည်းတယ်..
မညီညွတ်ဘူး..ဘေးကနေ သွေးခွဲရလွယ်တယ်..
မနာလိုစိတ်များတယ်.. အချင်းချင်းထဲ ကိုယ့်ကိုသာသွားမှာ မလိုလားဘူး..
မုဒိတာ မပွားနိုင်ဘူး..
ကြိုးစားရမယ့်နေရာ အချောင်ခိုချင်တယ်..
ပိုက်ဆံရရင် အဖြုန်းများတယ်..
စီးပွားရေးလုပ်ရမှာ ကြောက်တယ်..သေချာပုံမှန်ရတဲ့ ငွေကို ပိုမက်တယ်..ဝန်ထမ်းပိုလုပ်ချင်တယ်..
အတွေးအခေါ်ပိုင်းမှာ တီထွင်ကြံဆမှုနည်းတယ်..
မိရိုးဖလာအတွေးအခေါ်ကို မပယ်နိုင်ဘူး..
ပြောင်းလဲနေတဲ့ ခေတ်ကို လိုက်နိုင်ဖို့ လိုအပ်တဲ့ ပညာရေးအားနည်းတယ်..
ဝေဖန်တာကောင်းပြီး ဆောင်ရွက်မှုအားနည်းတယ်..
အကြုံပြုတာကောင်းပြီး စီမံမှုညံ့တယ်..
ပုတ်ခတ်တာကို မတရားကြိုက်တယ်..
ကိုယ်ကျရှုံးတိုင်း သူများလည်းကျရှုံးမယ်ဆိုတဲ့ အမြင်ရှိတယ်..ရှုံးပြီး ပြန်ထဖို့ ပျင်းတယ်..မအောင်မြင်ရင် ကံကို ပုံချတယ်..
ကိုယ့်ကြုံဖူးတဲ့ အတွေ့အကြုံတစ်ခုထဲနဲ့ အရာတော်တော်များကို တစ်ဖက်သတ်သုံးသပ်တယ်..
ကိုယ်နဲ့ အမြင်မတူရင် အားမပေးဘဲ မတရားရှုံ့ချတယ်..
ဘုရားရှိခိုးတိုင်း ချမ်းသာရပါလို၏ ဆုတောင်းပြီး အခွင့်အလမ်းလာရင် အခွင့်အလမ်းမှန်းသိအောင် မလေ့လာဘဲ ကျော်သွားတယ်..
ပြီးတော့ ပုံမှန်ဘဝထဲမှာ ခပ်ပျော်ပျော်နေတယ်..ကိုယ့်အကြောင်းထက် သူများအကြောင်းကို ပိုစိတ်ဝင်စားတယ်..လေကန်ပြီး
အချိန်ဖြုန်းတာများတယ်..
ပိုဆိုးတာက ပိုက်ဆံတော့ရှိပါရဲ့ တိုးပွားအောင်လုပ်ဖို့ စိတ်ကူးနည်းတယ်..
ပိုက်ဆံကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်..အကျိုးရှိအောင် မရင်းနှီးတတ်ဘူး.
ဘဝမှာ ပိုက်ဆံတစ်ခုပဲရှိအောင်လုပ်တယ်...ကိုယ်သိတာကို သိသလို အသုံးမချတတ်ဘူး....ဒါတွေက ဆင်းရဲစေတာပါပဲ..."
ကဲ....မှန်နေသလားလို..www.alodawpyei.org

Tuesday, March 24, 2015

(ပထမ မြန်မာနိုင်ငံသားစိတ်ဓါတ်)

စာတွေစွတ်တင်နေတာ အားနာပါတယ်ဗျာ။ ဆောရီးပါ...
(ပထမ မြန်မာနိုင်ငံသားစိတ်ဓါတ်)
အဲဒီနှစ်က ဆင်ဆာ အဖွဲ့ဝင်ဒေါက်တာ သာလှ ကို အိမ်ပေါ်အထိတက်ပြီးနင်ပဲငဆ ဒေါပွပွနဲ့
ဆဲဆိုပြောခဲ့တဲ့ ဒါရိုက်တာ သာဓုဟာ အကယ်ဒမီဆုပေးပွဲတက်ဘို့ဖိတ်စာရချိန်မှာ ရေရွတ်တယ်။
အေး မင်းတို့အကယ်ဒမီပွဲ ငါစိတ်လဲမ၀င်စားဘူးလာလဲမလာဘူး
မင်းတို့ ဆင်ဆာ အဖွဲ့မှာ အဲဒီ သာလှဆိုတဲ့အကောင်ရှိနေသမျှငါလဲအကယ်ဒမီရမှာလဲမဟုတ်ဘူး လို့
ဖဆပလ အသင်းဝင်ပြီးစ သခင် တစ်ဖြစ်လဲ သာဓုက ပြောခဲ့ပါတယ်။
ဒါရိုက်တာ သာဓု ရိုက်ကူး တဲ့ (ကကြီးရေက) ရုပ်ရှင်ကို ဆင်ဆာတင်ရစဉ်အခါက
အနုပညာတော်သလောက် လူ့ဂွစာကြီး သာဓုဟာ သခင်စိတ်ကလဲအခံရှိ
တွန်းလှန်လိုတဲ့သူ့ဝသီတွေကြောင့် ဆင်ဆာဘုတ်အဖွဲ့ကလူကြီးတွေကို ပညာပြတဲ့အနေနဲ့ သူ့ဇတ်ကားကို
အပိုင်း တွေခွဲခွဲပြီး ကမောက်ကမ ဖြစ်အောင် ဇတ်သိမ်းပိုင်းကိုအရင် ပေးကြည့်လိုက်
ဇတ်လမ်းအစကို သွားပေးလိုက် အပိုင်း ၅ ကိုပေးလိုက် အပိုင်း ၇ ကို ပေးလိုက်နဲ့ ဂွတိုက်နေပေမဲ့ ဘုတ်အဖွဲ့ထဲပါနေတဲ့ ...
ဘူမိဗေဒ ဆရာကြီး ဒေါက်တာသာလှကတော့သာဓုလာပေးသမျှကို သေသေချာချာ ကိုထိုင်ကြည့်ပါသတဲ့။
ဒီလိုနဲ့ (ကကြီးရေက)ရုပ်ရှင်ဇတ်ကား ရုံတင်ပြတဲ့နေ့မှာဘဲ
ဒေါက်တာသာလှဟာ သူ့မိသားစုကိုခေါ်ပြီး ရုပ်ရှင်ရုံကြီးမှာ သွားကြည့်ခဲ့တယ်။
ရုပ်ရှင် အပြီး အိမ်အပြန်မှာ အလွန်စေ့စပ်သေချာတဲ့ ဆရာကြီး သေချာမှတ်မိနေတာကတော့
ဇတ်ကားထဲမှာသီချင်းတစ်ပုဒ်ပိုနေတာကိုပါဘဲ။
ဒါကြောင့် သူကစာလှမ်းရေးတယ် ကိုသာဓု ဇတ်ကားထဲမှာ ဆင်ဆာမတင်တဲ့ သီချင်းတစ်ပုဒ်အပိုပါနေတဲ့ကိစ္စကို
လာရှင်းပါဆိုတော့ ဒေါပွသွားတဲ့ သာဓုက အငေါ်တူးတော့တယ်။
ကိုသာလှ ဒီသီချင်းတစ်ပုဒ်ပိုသွားလို့ ဘယ်သူ့ကိုထိခိုက်သွားသလဲ ဘာများဖြစ်သွားမလဲ
ခင်ဗျားတို့လို ပါဝါနည်းနည်းရှိပြချင်တဲ့ဟိုဟာဖြတ်ချင်ဒီဟာဖြုတ်ချင် လူတွေပြောတိုင်း
ကျုပ်မလုပ်ပေးနိုင်ဘူးလို့ ဆိုလာတော့
ဒေါက်တာသာလှ ကလဲဆင်ဆာမတင်ရင် နက်ဖြန် ခင်ဗျားရုပ်ရှင် ရုံတင်ခွင့်ပိတ်ကိုပိတ်ရလိမ့်မယ်ဆိုပါတယ်။
အဲဒီမှာ ဒေါက်တာသာလှ အိမ်အပေါ်အထိကို တက်လာပြီး ဆဲဆိုပြောခဲ့တဲ့ သာဓုကလဲလုပ်ချင်တာလုပ်ဆိုပြီးပြန်လာခဲ့တယ်။
နောက်နေ့မှာတော့ ဆင်ဆာအဖွဲ့ဝင်လူကြီးထဲကတစ်ယောက်က သာဓုအိမ်အထိလိုက်လာပြီး
ကိုသာဓု ခင်ဗျားမနေ့ကပြောဆိုတာတော်တော်လွန်တယ်ဗျာ ဒါပေမဲ့ ခင်ဗျားကားလဲမပိတ်ခံရလေအောင်
ဒီနေ့ ကုလားကားကို ဆင်ဆာ ကြည့်ဘို့ရှိနေတုန်း ဆရာကြီး ကို ခင်ဗျားလာတောင်းပန်ပြီး
သီချင်းကိုလာတင်လိုက်လို့ပြောတော့
ခေါင်းမာတဲ့ သာဓုက လာတင်ဆိုတင်မယ် တောင်းတော့မတောင်းပန်နိုင်ဘူးဆိုပြီး
နောက်နေ့သီချင်းကျန်ကို ဆင်ဆာသွားတင်တော့ ဒေါက်တာသာလှက ဆိုင်းထိုးခွင့်ပြုလိုက်ပါသတဲ့။
ဒီလိုနဲ့ အကယ်ဒမီပွဲမစမီမှာ ဘုတ်အဖွဲ့က ဒါရိုက်တာသာဓုကို အကယ်ဒမီပွဲတက်ဖို့ထပ်လာ
ဖြောင်းဖြကြတော့မှ သာဓုက အရွဲ့တိုက်ပြီး စွပ်ကျယ်ကြီးနဲ့တက်ရောက်ခဲ့ပါတယ်။
အဲဒီနှစ်အတွက် အကောင်းဆုံး ရုပ်ရှင် ဇတ်ကားဆုကိုမကြေငြာမီမှာ
ပါမောက္ခဒေါက်တာသာလှက စင်ပေါ်မှာ ဒီနှစ်အကယ်ဒမီဆုရတဲ့ ရုပ်ရှင်ဇတ်ကား
(ကကြီးရေ က)ဟာဘယ်လောက်အနုပညာမြောက်တယ်၊
မြန်မာပြည်သူလူထုအတွက် ဘယ်လိုသင်ခန်းစာတွေရပြီးရိုက်ကူးတင်ဆက်သူဟာ ဘယ်လိုထူးချွန်သလဲဆိုတာကို
ခန်းခန်းနားနား ကျကျနန ၄၅မိနစ်ကြာအောင်ချီးမွမ်းပြောကြားသွားချိန်မှာ
သာဓုတစ်ယောက် အလွန်အံသြပြီး ဟာဒီလူဘယ့်နှာဖြစ်ပါလိမ့်လိုရေရွတ်မိပါသတဲ့။
ဒါရိုက်တာ သာဓု (ကကြီးရေက) ဇတ်ကားနဲ့ ရုပ်ရှင် ထူးချွန် အကယ်ဒမီ လေးဆု ကိုရရှိသွားခဲ့တယ်။
နောက်တစ်နေ့ ၀င်ဒါမီယာထဲက သာဓု ရုပ်ရှင်ခြံမှာ ပြုလုပ်တဲ့ အကယ်ဒမီညစာစားပွဲကို ဒေါက်တာသာလှကိုလဲဖိတ်ကြားခဲ့တယ်။
အဲဒီပွဲမှာ ဒေါက်တာသာလှ ကလဲ သွားရောက်ချီးမြှင့်ပေးပါတယ်။
ဆရာကြီးကိုတွေ့တာနဲ့ ဒါရိုက်တာသာဓုက ရှစ်ခိုးတောင်းပန်ရင်းပြောတယ်
ဆရာပြောသွားတဲ့အကယ်ဒမီမိန့်ခွန်းကို ကျနော်နားထောင်ပြီး မျက်ရည်ကျမိပါတယ်ဆရာဆိုပြီး
တောင်းပန်တဲ့ ဒါရိုက်တာသာဓုကိုဒေါက်တာသာလှပြောတဲ့ စကားစုက သိတ်ကိုမှတ်သားစရာကောင်းပါတယ်။
(ဒီမယ်ကိုသာဓု ခင်ဗျားနဲ့ ကျနော် မကြည်ဘူးဗျ။
ကျနော် ကို အိမ်ပေါ်အထိ တက်လာပြီး စော်ကားမော်ကားပြောဆိုင်္ပြီး
ပြသနာ တစ်ခု ကို ငြိမ်းချမ်းစွာဖြေရှင်းလိုတဲ့စိတ်မျိုးမရှိဘဲ ကိုယ်ပြောချင်တာ ကိုသာပြောလိုတဲ့
ခင်ဗျားကို ကျူပ် မကျေနပ်ဘူး။
ဒါပေမဲ့ ဒါဟာ ခင်ဗျားနဲ့ ကျုပ်ရဲ့ Personal ကိစ္စ။
ကိုသာဓု ...သာလှဆိုတဲ့ကောင်ဟာ သာဓုရဲ့အနုပညာနဲ့ ရန်မဖြစ်ဘူး
သာဓု အနုပညာကောင်းရင် သာလှ အကယ်ဒမီထူးချွန်ဆုပေးရဲရမယ်
ခင်ဗျား ရုပ်ရှင် အကယ်ဒမီ ၅ဆုထိရဘို့ကျုပ်တစ်ယောက်ထဲ တစ်ဖွဲ့လုံးနဲ့အတိုက်အခံပြောခဲ့တာဗျ ဆိုပြီး
ပထမ မြန်မာနိုင်ငံသားစိတ်ဓါတ် ဆိုတာ ဘယ်လို ရှိရမလဲကိုပြသသွားခဲ့ပါတယ်။
(ခန်းမ ထဲမှာ လက်ခုံသံတွေဟာ သောသောညံသွားပါတယ်)
ကျနော်တို့တွေ ဘယ်နှစ်ယောက်မှာ အဲဒီလို ပထမမြန်မာနိုင်ငံသားစိတ်ဓါတ်ရှိနေသေးလဲ
သိချင်နေသေးတော့တယ်။
(Ref ဆရာအောင်စိုးသူ စတုတ္ထအကြိမ် မော်လမြိုင်စာပေဟောပြောပွဲမှ)။
ရာစု။

Sunday, March 22, 2015

ထိပ်ကပ်နာ (သို့) ထိတ်ခပ်နာ(Sinusitis) ဆေးမီးတိုလေး

ထိပ်ကပ်နာ (သို့) ထိတ်ခပ်နာ(Sinusitis)
ဆေးမီးတိုလေး
နှာခေါင်း ကောင်းဖို့ အလွန် အရေးကြီးပါသည်။ ညှောင်နှာနှာ နှာခေါင်းသံဖြင့် စကား ပြောလျှင်၊ လူတောထဲ နှပ် ခဏခဏ ညှစ်နေရ လျှင် ဘယ်သူမှ သဘောကျမည် မဟုတ်ပါ။ ထို့ကြောင့် နှာခေါင်း ကျန်းမာအောင် အထူး ဂရုစိုက် သင့်ပါသည်။ သီတဂူ ဆရာတော် ဘုရားက တိုသော တရား ကောင်းသည် ဟု ဟောထားတာ ကြားဘူး ပါသည်။ ကျွန်တော်လည်း အကောင်းဆုံး ရေးထား ပါသည်။
အများအားဖြင့်ကျွန်တော်တို့တတွေ ရာသီဥတု အကူး အပြောင်းတွင် နှာခေါင်း ပိတ်လို့ ပိတ်၊ နှာရည် ကျလို့ကျနဲ့ အတော်အိနြေ္ဒ ပျက်ရ ပါတယ်။ မြန်မာလို ထိပ်ကပ်နာ ဟု ခေါ်ပါသည်။ ဆေးပညာ မှာတော့ SINUSITIS ဟု ဆိုပါသည်။ sinus မှာလှိုဏ် ဟု အဓိပ္ပါယ် ရပြီး itis မှာတော့ ရောင်ရမ်းခြင်း ဟု အဓိပ္ပါယ် ရပါသည်။ ထိပ်ကပ်နာ ဖြစ်စေသော sinus များမှာ နှာခေါင်း ပတ်ဝန်း ကျင်ရှိ မျက်နှာ အရိုး တွင် ရှိသော လှိုဏ် ကလေးများ ရောင်ရမ်းခြင်း ကြောင့် ဖြစ်ပါသည်။ ၎င်း လှိုဏ်လေး များမှာ ပါးရိုး၏ အောက်၊ မျက်ခုံး နောက်နှင့် မျက်လုံး နှစ်လုံးကြား အနောက်ဘက် တို့တွင် ရှိပါသည်။
ကျွန်တော်တို့ ကျန်းမာ နေစဉ်တွင် ၎င်း လှိုဏ်လေး များမှာ လေများဖြင့် ပြည့်နေ ပါသည်။ ထိုသို့ ဖြစ်နေခြင်း ၏ အကျိုးကြောင့် ကျွန်တော် တို့ ဦးခေါင်းရိုး အား နဂို ရှိရင်း အလေးချိန် ထက် ပေါ့စေပါသည်။ ထို့ပြင် အသံအိုး မှ လာသော အသံကို သည် လှိုဏ်လေး များ နဲ့ အကြောင်း ပြုပြီး ကွဲပြားသော အသံများ ထွက်လာ ပါသည်။
SINUS လှိုဏ်လေးများတွင် ရောဂါ ဖွဲ့တည် နေပုံ ကို ပုံတွင် ရှုပါ။
ဒီလှိုဏ် လေးတွေဟာ နှာခေါင်း လမ်းကြောင်းမှာ သွားပြီး ပွင့်နေ ရပါတယ်။ ဒါမှသာ ဒီ လှိုဏ်လေး တွေထဲမှာ ရှိတဲ့ လေတွေက ပြင်ပ လေနဲ့ လဲလှယ် နိုင်မှာ ဖြစ်သလို သူတို့ ထဲမှာ ရှိတဲ့ အချွဲ အကျိ အရည် တွေ ကလည်း နှာခေါင်း အတွင်းကို ကောင်းမွန်စွာ စီးကျ နိုင်မှာ ဖြစ်ပါတယ်။
အဲဒီတော့ လှိုဏ် အ၀လေးတွေ ပိတ်ပြီ ဆိုရင် လှိုဏ်နံရံ အမြှေးပါး ( sinus membrane) တွေ ယောင်ပြီးတော့ ထိပ်ကပ်နာ ရတော့ တာပါပဲ။ ဒီ အမြှေးပါး တွေ ယောင်ဖို့ ပိုပြီး အခွင့်အလမ်း ရှိတဲ့ အကြောင်းအရာ တွေ ကတော့ -
အသက်ရှူ လမ်းကြောင်း အထက်ပိုင်း ရောဂါပိုး ၀င်နေတဲ့ သူတွေ (ဥပမာ – တုပ်ကွေး ၊ စသဖြင့်ပေါ့)
ဓာတ်မတည့် တတ်တဲ့သူတွေ (Allergic ရှိသူများ ၊ခြင်ဆေး အမွှေးတိုင် အမှုံအမွှား စသည် တို့်ဖြင့် ဓာတ်မတည့် သူများ … )
ရင်ကြပ်ရောဂါ ရှိသူများ
ဆေးလိပ်သောက်သူများ
ဟိုမုန်း hormone အပြောင်းအလဲ ဖြစ်တဲ့ကာလ (ဥပမာ – ကိုယ်ဝန် ဆောင်စဉ်)
သွေးချို ဆီးချို ရောဂါ ရှိတဲ့သူများ
နှာခေါင်း အတွင်း ပြင်ပရှိ ပစ္စည်း ၀င်နေသူများ (ဥပမာ – ချိုချဉ် သကြားလုံး ပဲစေ့)
ကိုကင်းရှူ သူများ
အကြောင်းကြောင်းကြောင့် နှာခေါင်းပိုက် ထည့်ထား ရသူများ
သွား ပြဿနာ ရှိသူများ (သွားကိုက်ခြင်း)
နှာခေါင်း နဲ့ ပါး တို့တွင် ထိခိုက် ဒဏ်ရာ ရှိနေသူများ
နှာခေါင်း ထဲမှာအဖုအကျိတ် တွေ ဖြစ်နေသူများ
မှာ လှိုဏ်ဝတွေ ပိတ်ပြီးတော့ ယောင်နိုင်ပါတယ်။
အကြောင်း အမျိုးမျိုးကြောင့် ဒီ လှိုဏ်ဝလေးတွေ ပိတ်ရင် လှိုဏ်(sinus) တွေ အ တွင်းမှာ bacteria တွေ ပေါက်ဖွား နိုင်ပြီးတော့ ထိပ်ကပ်နာ ဖြစ်နိုင် ပါတယ်။
၎င်းထိပ်ကပ်နာကို (၂) မျိုးခွဲပါတယ်။
ခဏတဖြုတ် (အာဂန္တု) ထိပ်ကပ်နာ နှင့်
နာတာရှည် ထိပ်ကပ်နာ
ရယ်လို့ နှစ်မျိုး ခွဲထားပါတယ်။
ရက်သတ္တ လေးပါတ် အောက် ဆိုရင် ခဏတဖြုတ် လို့ သတ်မှတ်ပြီး လေး ပါတ် ထက် ကျော်ရင်တော့ အကြမ်း အားဖြင့် နာတာရှည် လို့ပဲ သတ်မှတ် ပါတယ်။ သူတို့ နှစ်မျိုး လုံးမှာ ဖြစ်တဲ့ လက္ခဏာ တွေကတော့ အတုတူပဲ ဖြစ်ပါတယ်။
နှာပိတ်နေခြင်း (သို့) နေ့ပိုင်းမှာ နှာရည် တတောက်တောက် နဲ့ ဖြစ်နေပါမယ်၊ နှာခေါင်းထဲမှာ ပြည့်နေ သလို မျိုး ခံစားရပြီး ခေါင်းငုံ့ရင် ပိုပြီး ခံစားရပါတယ်။
နှာခေါင်း ကနေ နှာရည် ပြစ်ပြစ် တွေ ထွက်နေ ပါမယ်။ (bacteria ကြောင့် ဆိုရင် နှာရည် က ပိုပြစ်ပြီး အရောင်က အစိမ်းရောင်(သို့) ၀ါကျင့်ကျင့် အရောင် ဖြစ်နေ နိုင်ပါတယ်။
မျက်နှာကြီး တင်းနေ သလို မျိုး ခံစားရပါမယ် ၊ မနက် အိပ်ရာ ထ ဆိုရင် ပိုဆိုး ပါမယ်။
မျက်လုံး ပတ်ဝန်းကျင်မှာ ရောင်နေ နိုင်ပါတယ်
မနက် အိပ်ယာ ထမှာ ဖြစ်စေ ခေါင်းငုံ့ လိုက်ရင်ဖြစ်စေ ခေါင်းကိုက် တတ်ပါတယ်
ပါးရိုးတွေ မျက်ရိုးတွေ ကိုက်တတ် ပါတယ်
ပါးရိုးက sinus တွေ ယောင်တာ ဆိုရင် သွားပါ ကိုက်နိုင်ပါတယ်
ကိုယ်ပူ တက်နိုင်ပါတယ်
တချို့ မှာတော့ ည အိပ်ရေး ပျက်လောက်အောင် ချောင်းခြောက် တွေဆိုးကြပါတယ်
တခါတလေ တော့လဲ အစာအိမ်မှာ ပြဿနာ တက်ပြီး ပျို့တာ အန်တာတွေပါ ဖြစ်နိုင်ပါတယ်
**မှတ်ချက်**
ဆေးပညာဆိုင်ရာဆောင်းပါးများ မှဗဟုသုတ အဖြစ် ကူးယူဖေါ်ပြပြီး ထိုရောဂါဖြစ်နေသူများအတွက် အောက်တွင် comment ပေးပြီ ကုသပျောက်ကင်းနိုင်ပုံ အကြံပေးချက်များ ကိုလည်း ဖေါ်ပြပေးလိုက်ပါတယ်
Myothant Zin
တောင်ကြီးမှ ယာဉ်ထိန်းတစ်ဦးပေးတဲ့ ဆေးမီးတိုလေးနဲ့ လက်တွေ့ပျောက်ဖူးပါတယ်။
သူကိုယ်တိုင်ခံစားခဲ့ရပြီး နှာခေါင်းပါခွဲစိတ်ခဲ့ပေမယ့် မပျောက်ပါဘူးတဲ့။
ဒီဆေးညွှန်းလေးရမှပျောက်ပါတယ်တဲ့။ကိုယ်တိုင်လုပ်ကြည့်တော့နှစ်ရက်မြောက်တဲ့နေ့
မှာနှာခေါင်းထဲက ဂျယ်လီလို အတုံးတွေထွက်ကျလာပြီးနောက်ပိုင်း
ပျောက်ကင်းသွားပါတယ်။ နောက်ပိုင်း နှာပြန်ပိတ်ချင်သလိုဖြစ်လာရင် ပြန်လုပ်လိုက်ရင်ပေါ့သွားပါတယ်။
မြန်မာ့ဆေးမှာတော့ ဒီနည်းက အကြောတက်တာပျောက်စေတဲ့နည်းလိုဖေါ်ပြပါတယ်။
**ဆေးနည်းက**_–လျက်ဆား(ဇဝက်သာအတော်အသင့်ပါတဲ့)နဲ့ကွမ်းစားထုံးဖြစ်ပါတယ်။
လျက်ဆားကို လက်ဖဝါးထဲ မန်ကျည်းစေ့ (၃)စေ့စာလောက်ထည့်၊ထုံး မန်ကျည်းစေ့ တစ်စေ့စာလောက်
ပေါင်းထည့်၊လက်ဖဝါးထဲ ကျန်လက်တစ်ဖက်က လက်ညှိုးထည့်၊လက်ညှိုးကိုလက်နဲ့ဆုပ်ပြီးလှည့်ပွတ်ပေးပါ။
အဲ့ဒီက ထွက်လာတဲ့အငွေ့ကို ခပ်ပြင်းပြင်းရှုပေးပါ။အခံရခက်ပါမယ်။သည်းခံပြီးဆက်ရှုပေးပါ။
မျက်ရည်တွေနှပ်တွေထွက်လာပါမယ်။တစ်နေ့ နှစ်ကြိမ်/သုံးကြိမ်လောက်လုပ်ပေးပါ။ဇွဲနဲ့လုပ်ရင် ၃/၄/၅ရက်နဲ့ပျောက်ပါတယ်။အထဲကို စစ်စစ် စစ်စစ်နဲ့ ထိုးဝင်သွားတာကိုခံစားရပါမယ်။
လက်ဆေးဘို့နဲ့မျက်ရည်နှပ်တွေသုတ်ဖို့ ရေဇလုံနဲ့မျက်နှာသုပ်ပုဝါဆောင်ထားပါ။
Htwe Htwe Aye
မြန်မာဆရာဦးကျော်လင်းဖုံး(095045821)458/ဗညားဒလလမ်း (ပလွှာ)ဗျိုင်းကွက်သစ်ရပ်ကွက်
(တာမွေ
ပြရင်သက်သာပျောက်ကင်းနိုင်ပါတယ်
Yone Moe အတိအကျပြောပါမယ်။ ပျောက်ချင်တဲ့သူများ ဇွဲရှိဖို့တော့လိုမယ်။ ငါးထပ်ကြီးဘုရားလမ်းမှာရှိတဲ့ တိုင်းရင်းဆေးရုံ ပြင်ပလူနာဌာနမှာ ထိပ်ခတ်နာကုချင်လို့ပါဆိုပြီး စာအုပ်လုပ် ပြီး အထွေထွေဌာနကိုညွှန်ပေးပါလိမ့်မယ်။ အဲဒီမှာ ညွှန်ကြားတဲ့အတိုင်း ကုသမှုခံယူပါ။ မပျောက်ရင် ကြိုက်သလိုသာပြော။

Saturday, March 21, 2015

ဖုန်းကို တစ်ချိန်လုံး ပလပ်ထိုးထားတာ ဘက်ထရီ ပျက်စီးစေတတ် ပါသလား ?

ဖုန်းကို တစ်ချိန်လုံး ပလပ်ထိုးထားတာ ဘက်ထရီ ပျက်စီးစေတတ် ပါသလား ? ? ?
ဖုန်းကို မည်မျှ ကြာကြာ အားသွင်းသင့် သလဲ ? ဟူသော မေးခွန်းသည် မိုဘိုင်းဖုန်းများ စပေါ် ကတည်းက လူသားတွေ မေးလာ ကြသော မေးခွန်း ဖြစ်သည်။ ယခု ထိလည်း မေးနေကြဆဲ၊ ရှုပ်ထွေးနေ ကြဆဲလည်း ဖြစ်သည်။လူများစုကြီးကား မနက် ဖုန်းဘက်ထရီ အပြည့်နဲ့ အပြင် ထွက်သွားပြီး ညအိမ်ပြန် ရောက်ရင် အားကုန် နေသည့် ဖုန်းကလေးတွေ ပြန်ပါလာ တတ်သည်။ ညအိပ်ရာ ၀င်တော့ ဖုန်းကို ပလပ်ထိုး အားသွင်းပြီး အိပ်လိုက် တော့သည်။ မနက်နိုး လာလျှင် လူလည်း အားပြည့်၊ ဖုန်းလည်း အားပြည့်နေ လိမ့်မည်။
ဖုန်းကို တစ်ညလုံး ပလပ်ထိုး အားသွင်း ထားတာ အန္တရာယ် မများဘူးလားဟု မေးချင်ကြ လိမ့်မည်။ သုံးလေး နာရီလောက် အားသွင်းလျှင် ဘက်ထရီ ပြည့်ပြီ ဖြစ်ရာ အားပြည့် ပြီးနောက်မှာပင် တစ်ညလုံး ပလပ်ဆက် ထိုးထားခြင်းဖြင့် ဘက်ထရီတွေ ပူပြီး ပေါက်ကွဲ စေတတ် သလား စိတ်ပူသူ များလည်း ရှိသည်။ ထိုသို့ အားပြည့် သွားပြီးသည့်တိုင် အကြာကြီး ပလပ် ထိုးထားခြင်းကြောင့် ဘက်ထရီ ပျက်စီးစေ နိုင်သလား စိုးရိမ်သူ များလည်း ရှိသည်။
ဖုန်းဘက်ထရီနဲ့ ပတ်သက်ပြီး အကြံပေးချက်တွေ ကလည်း အမျိုးမျိုး ဖြစ်နေသည်။ မယုံလျှင် အင်တာနက် ခေါက်ကြည့်ပါ။ တစ်ခုနှင့် တစ်ခု ဆန့်ကျင်ဖက် ဖြစ်နေသော အကြံပြုချက် အများအပြား ကိုပါ တွေ့ရ လိမ့်မည်။ ဘယ်ဟာ အမှန်ဘယ်ဟာ အမှား ခွဲခြားရ ခက်တော့သည်။ အထက်ပါ အတိုင်း ဘက်ထရီ ပြဿနာ အဖြေရှာရင်း အဖြေ အမျိုးမျိုးကြား မျက်စိလည်နေသူများ အဖို့ တစ်ကယ်တမ်း ကျွမ်းကျင်သူနဲ့ တွေ့ဆုံ မေးမြန်း ထားသည့် ဘက်ထရီ ပြဿနာ အဖြေရှာနည်း များကို အောက်တွင် တင်ပြသွား ပါမည်။ ဖြေကြားပေးသူကား ဖုန်းအားသွင်း အပို ပစ္စည်းများ ထုတ်လုပ် ရောင်းချ နေသည့် Farbe Technik ကုမ္ပဏီကို ထူထောင်သူ ရှိန်းဘရိုစကီ ဖြစ်သည်။
ဖုန်းကို တစ်ညလုံး ပလပ်ထိုးထားရင် ဘာဖြစ်နိုင်လဲ။
တစ်ညလုံး ပလပ်ထိုးထား လို့တော့ ဖုန်းကို ကြီးကြီးမားမား ထိခိုက် ပျက်စီးစရာ အကြောင်း မရှိပါဘူး။ နောက်ထွက် လာတဲ့ စမတ်ဖုန်းတွေက သိပ်ကောင်းတယ်။ အားပြည့်သွားပြီ ဆိုတာနဲ့ ဓာတ်အား ၀င်နေ တာကို အလိုလျောက် ဖြတ်ချ လိုက်တယ်။ အဲဒီလို ဆိုတော့ အားပိုသွင်းမိပြီး ဖုန်းပူလာ တာမျိုးလည်း မဖြစ်တော့ဘူး။
ဟုတ်တော့ ဟုတ်ပါပြီ။ ဒါပေမဲ့ ဖုန်းကို တစ်ညလုံး ပလပ်ထိုး အားသွင်းထားရင် ဘက်ထရီ သက်တမ်း တိုတတ်တယ် ဆိုတာကော ဟုတ်လား။
Lithium-ion ဘက်ထရီတွေက အပူဒဏ် ကိုတော့ သိပ်မခံနိုင်ဘူး။ ဖုန်းကို ကာဗာစွပ် တာရင် အပူမထွက် တာကြောင့် ဖုန်း ဟာ ပူလာတာမျိုး ဖြစ်တတ်တယ်။ အဲဒီလိုမျိုး ဘက်ထရီပူလာပြီ ဆိုရင် ဘက်ထရီ ဆဲလ်တွေ ပျက်စီး တတ်တယ်။ အဲဒီလို ပျက်စီးရင် ဘက်ထရီ အလုပ်လုပ်နိုင်စွမ်း ကျဆင်းပြီး ဘက်ထရီ သက်တမ်း တိုတတ်တယ်။ ဒါပေမဲ့ ကာဗာ မစွပ်ဘဲ ပုံမှန် အတိုင်းထားတဲ့ ဖုန်းတွေ ကတော့ ပူလာ ရင်တောင် အပူထွက် နိုင်တဲ့ အတွက် ဘက်ထရီ တအား ပူလာ တာမျိုး ဖြစ်ခဲ့ ပါတယ်။ ဖုန်းကာဗာ စွပ်ထားတဲ့ လူတွေ အနေနဲ့ ညအိပ်ရင် ဖုန်းကို ပလပ်ထိုးအိပ်မယ် ဆိုရင် ကာဗာကို ဖြုတ်ထား ဖို့တော့ အကြံပြုလို ပါတယ်။ ဒါမှ ဖုန်းပူလာ ရင်တောင် အပူထွက်နိုင်တဲ့ အတွက် ဘက်ထရီ တအား ပူတက်လာ တာမျိုး မဖြစ်တော့ ဘူးပေါ့။
ဘယ်လိုမျိုး အားသွင်းတာ အသင့်တော်ဆုံး ဖြစ်မလဲ။
ဘက်ထရီကို (၅၀) ရာခိုင်နှုန်းနဲ့ (၈၀) ရာခိုင်နှုန်းကြားမှာ ပုံမှန်လေးရှိ နေအောင် ထိန်းပြီး အားသွင်းပေး ထားတာ အကောင်းဆုံးပဲ။ အဲဒီလို အားသွင်း ထားမယ် ဆိုရင် ဘက်ထရီထဲက အိုင်ယွန်း တွေဟာ အမြဲတမ်း ပုံမှန် လည်ပတ် အလုပ်လုပ် နေနိုင်တဲ့ အတွက် ကျန်းမာရေး ကောင်းတယ်။ အားလုံးဝ ကုန်သွားရင် အိုင်းယွန်းတွေ ဆက်အလုပ် မလုပ်နိုင်ဘူး။ အဲဒီလိုပဲ အားအပြည့်ကြီး စွတ်သွင်း လိုက်ရင်လည်း အိုင်းယွန်းတွေရဲ့ ပုံမှန် လုပ်ငန်း စဉ်ကို နှောင့်ယှက်ရာ ရောက်တယ်။(၅၀) နဲ့ (၈၀) ကြားမှာ ရှိနေအောင် ထိန်းပြီး အားသွင်းမယ်ဆိုရင် အစွန်း နှစ်ဖက်လုံးက လွတ်တဲ့ အတွက် ဘက်ထရီ ဟာ ကျန်းမာတယ်။ ဖြစ်နိုင်ရင် ဘက်ထရီကို (၅၀-၈၀) ကြားမှာ ရှိနေအောင် တစ်နေ့လုံး ထိန်းပြီး သွင်းပေး သင့်တယ်။ အကြာကြီး ပလပ်ထိုးထားဖို့ မလို ဘူး။ (၅၀) ရာခိုင်နှုန်းလောက် ရောက်လာပြီဆို ခဏ ပလပ်ထိုးထားလိုက်။ (၈၀) ရာခိုင်နှုန်း လောက် ရောက်ပြီဆို ပြန် ဖြုတ် ထားလိုက်။ ပြန်လျော့ သွားပြီဆို ခဏ ပြန်ထိုးလိုက်နဲ့ လုပ်ပေးနိုင် ရင်တော့ အကောင်းဆုံးပဲ။ ဒါပေမဲ့ အဲဒီလို လုပ်ရတာ အလုပ်တော့ ရှုပ်တယ်။ လူအတော်များများ လုပ်နိုင်ဖို့ မလွယ်ဘူး။ ဘက်ထရီ သက်တမ်း အရှည်ဆုံး ဖြစ်ချင်တယ် ဆိုရင် အလုပ်သင့်ဆုံး နည်းလမ်းမို့ လို့သာ ပြောပြတာပါ။ မလုပ်နိုင်တဲ့ လူတွေ အနေနဲ့လည်း စိတ်ပျက် နေစရာတော့ မလိုပါဘူး။
ဘက်ထရီ မပျက်စီးအောင် ဘာတွေ ဆောင်၊ ဘာတွေ ရှောင်ရမလဲ။
ဘက်ထရီ အကုန်ပြောင်အောင် သုံးပစ်ပြီး တဲ့နောက် အကုန်ပြည့်တဲ့ထိ တစ်လျှောက်တည်း သွင်းပစ် တာမျိုးတော့ လုံးဝ ရှောင်။ သုည ရာခိုင်နှုန်း ကနေ တစ်ရာ ရာခိုင်နှုန်းထိ တစ်ခါတည်း သွင်းပစ် တာမျိုးဟာ ဖုန်းဘက်ထရီကို လည်ပင်း ညှစ်တာပဲ။ ဘက်ထရီတွေဟာ အဲဒီလို သုညကနေ တစ်ရာထိ ကို ဘယ်နှခေါက်သာ ခံနိုင်တယ် ဆိုတာ စထုတ် ကတည်းက သတ်မှတ်ပေးထားတာ ရှိတယ်။ ကိုယ်က အဲဒီလို ဖုန်းဘက်ထရီကို လည်ပင်းများများ ညှစ်လေ သတ်မှတ်နှုန်း မြန်မြန် ပြည့်ပြီး ဘက်ထရီ မြန်မြန် အသက်ထွက်လေ ပါပဲ။ အဲဒီလို သုည ကနေ တစ်ရာကို အားသွင်းမိတဲ့ အကြိမ်တွေများ လာလေ ဘက်ထရီဟာ စွမ်းဆောင်ရည် ကျဆင်းလာ လေပါပဲ။ ခဏလေးနဲ့ အားကုန် သွားတာ မျိုးကနေ လုံးဝကို သုံးမရ တော့တဲ့ထိ ဖြစ်သွားနိုင် ပါတယ်။
ဖုန်းဘက်ထရီ သက်တမ်း ကြာကြာခံအောင် ဘယ်လို အားသွင်း ပစ္စည်းတွေ သုံးရမလဲ။
ဖုန်းဝယ် ကတည်းက တစ်ခါတည်း တွဲပါလာတဲ့ အော်ရီဂျင်နယ် အားသွင်းကြိုးတွေ၊ အားသွင်းတုံးတွေကို သုံးတာ အကောင်းဆုံးပဲ။ တစ်ကယ်လို့ အော်ရီဂျယ်နယ်ဟာ ပျက်သွား ရင်လည်း အော်ရီဂျင်နယ် ကြိုးတွေ၊ အားသွင်းတုံးတွေ ကိုပဲ ထပ်ဝယ် သုံးတာ အကောင်းဆုံးပဲ။ အော်ရီဂျင်နယ်တွေ ဈေးသိပ်ကြီး နေတာမျိုးနဲ့ တိုးလို့ မျက်ရည်ကျ ချင်ချင် ဖြစ်လာ ရင်တော့ ဈေးလည်း သက်သာ စိတ်လည်း ချရမှာ မျိုးတွေကို ဒုတိယ အဆင့် အနေနဲ့ စဉ်းစား သင့်တယ်။ ကိုယ့် ဖုန်းအမျိုးအစားမှာ သုံးနိုင်တဲ့ အခြားတံဆိပ်နဲ့ ဘက်ထရီတွေ၊ အားသွင်းကြိုး တွေကို အရင်ဆုံးရွေး။ ပြီးရင် ပါကင် တွေမှာ ရေးထား တာတွေ လိုက်ဖတ်ကြည့်။ စနစ်တကျ စမ်းသပ် ထုတ်လုပ် ထားတဲ့ ပစ္စည်း ဆိုရင် ဘယ်လို စနစ်တကျ စမ်းသပ် ထုတ်လုပ် ထားတယ်၊ စည်းမျဉ်း စည်းကမ်းနဲ့ ဘယ်လို ညီညွတ်တယ်၊ ဘယ်လို ထောက်ခံချက် ရထားတယ် ဆိုတာတွေ ပါတယ်။ အဲဒီလို ဟာမျိုးတွေက အော်ရီဂျင်နယ် လောက် နီးနီးလည်း စိတ်ချရတယ်။ နာမည် ရထားတဲ့ ပစ္စည်းတွေကို ၀ယ်သုံး တာလည်း တစ်မျိုး စိတ်ချ ရတယ်။ နာမည် ရထား ပြီးသား ပစ္စည်းတွေဟာ အရည်အသွေး ကိုလည်း ထိန်းကြတယ်။ ကိုယ့်ဖုန်းနဲ့ အားသွင်းကြိုးနဲ့ ဓာတ်အား လက်ခံနိုင်ပုံချင်း တူရဲ့လားလဲ သေချာ စစ်ဆေးဖို့ လိုတယ်။ ဖုန်းက ၀ပ်ဘယ်လောက်၊ အမ်ပီယာ ဘယ်လောက် လက်ခံနိုင်လဲ သေချာကြည့်။ အားသွင်းကြိုး ကရော ၀ပ်ဘယ်လောက်၊ အမ်ပီယာ ဘယ်လောက် ပေးနိုင် တာလဲ သေချာကြည့်။ နှစ်ခု ကိုက်ညီတယ် ဆိုမှဝယ်။ ဒါဆို အော်ရီဂျင်နယ် မဟုတ်ရင်တောင်မှ တော်တော်လေး စိတ်ချရ ပြီလို့ သတ်မှတ် နိုင်တယ်။
ဈေးပေါတာတွေကို သတိထား။ ဈေးပေါတဲ့ အားသွင်းကြိုးတွေ၊ အားသွင်းတုံး တွေဟာ အရည်အသွေးလည်း ညံ့တာ များတယ်။ စံချိန်စံညွှန်း မီအောင် မလုပ်ဘဲ၊ ပစ္စည်းဖြစ် ပြီးရော ဆိုတာမျိုး ထုတ်ထားတာမျိုးနဲ့ တိုးရင် အန္တရာယ်ပါ ကျရောက် နိုင်တယ်။ ဒါပေမဲ့ ဈေးပေါတာတွေ ထဲမှာ တစ်ကယ် ကောင်းတဲ့ ဟာလေး တွေလည်း ပါတတ် ပါတယ်။ အများစု ကတော့ စိတ်မချရ ပါဘူး။လန်ဒန် မီးသတ်ဌာနက ထုတ်ပြန်ချက်ကို ကြည့်ပါ။ အရည်အသွေး မမီတဲ့ အိုင်ဖုန်း အားသွင်းကြိုး အတုတွေကြောင့် ဓာတ်လိုက်တာ၊ လက်မီးလောင်တာ၊ အိမ်ပါ မီးလောင်တာမျိုး တွေပါ ဖြစ်ပွားနေရ သတဲ့။ အားသွင်းကြိုး အသစ် ၀ယ်လာပြီး ပြီဆိုရင် တစ်ညလောက် ဖြစ်ဖြစ် ပလပ်ထိုးထားကြည့် လိုက်ပါ။ ကိုယ်ကလည်း သတိလေး နဲ့တော့ စောင့်အိပ်ပေါ့။ မနက် ရောက်တဲ့ အခါ ဖုန်းလည်း တအား ပူတက်နေတာမျိုး မဖြစ်ဘူး၊ တစ်ခြား ပြဿနာလည်း မပေါ်ဘူးဆိုရင် စိတ်ချရတဲ့ ပစ္စည်းလို့ ယေဘုယျ သတ်မှတ် နိုင်တယ်။ ဖုန်းဘက်ထရီအတွက် အန္တရာယ် အကင်းဆုံး၊ အထိရောက်ဆုံး ဖြစ်အောင် မူရင်း အားသွင်းကြိုး၊ အားသွင်းတုံးတွေကိုသာ အသုံးပြုပါ။ တစ်ခြား တံဆိပ်နဲ့ ၀ယ်မည် ဆိုပါက အာမခံချက် သေချာပေးသော ပစ္စည်းများ ကိုသာ သုံးစွဲပါ။
-ဖုန်း အရမ်းမပူ ပါစေနဲ့။ ညဘက် ပလပ်ထိုး အားသွင်းပြီး အိပ်မည် ဆိုလျှင် ဖုန်း ကာဗာ ကိုတော့ ချွတ်ထားလိုက်ပါ။
-ဖုန်း ဘက်ထရီ အကျန်းမာဆုံး ဖြစ်စေ လိုလျှင် ဘက်ထရီကို (၅၀-၈၀) ရာခိုင်နှုန်း ကြား ရှိနေအောင် ထိန်းပြီး အားသွင်းပေးပါ။
- ဘက်ထရီ လုံးဝ အားကုန်ပြီး ပိတ်သွားသည် အထိ မသုံးပါနဲ့။ ဘက်ထရီ သုည ရာခိုင်နှုန်းမှ တစ်ရာ ရာခိုင်နှုန်းသို့ တောက်လျှောက် အားသွင်းခြင်းမျိုး ကိုလည်း ရှောင်ပါ။
World Myanmar ကနေ မျှဝေပါသည်။

Thursday, March 19, 2015

ယုတ်မာကမ်းကုန်သတင်း

ယုတ်မာကမ်းကုန်သတင်း
အရေးပေါ် သတင်းတစ်ပုဒ်ပါ
Bangkok ထိုင်နိုင်ငံထုတ် သစ်သီးစည်သွပ်ဗူးတွေကို မစားသုံးဖို့ ထိုင်အစိုးရက အရေးပေါ် ကြော်ငြာချက် ထုတ်ပြန်လိုက်ပါတယ် သရက်သီးစည်သွပ်ဗူး လိုင်းချီး ပူတင်း စသည့် စည်သွပ်ဗူးတွေကို ထိုင်နိုင်ငံမှာ ရှိတဲ့ စူပါမားကပ်တွေမှာ ပြန်ရုပ်နေပါတယ်
ဘာကြောင့်လဲဆိုရင် စည်သွပ်ဗူး ထုတ်တဲ့စက်ရုံမှာ HIV ရောဂါရှိတဲ့ အလုပ်သမား ၂၀၀ ကျော်ကို ခန့်ထားပြီး သူတို့ရဲ့ HIV ပိုးရှိတဲ့ သွေးတွေနဲ့ စားသောက်ကုန်တွေကို မသန့်ရှင်းညစ်ညမ်းအောင်ပြုလုပ်ဖို့ ခေါင်းဆောင်က စေခိုင်းထားတယ်လိုသိရပါ ထိုင်နိုင်ငံမှာရှိတဲ့စူပါမားကပ်တွေကိုလည်း စည်သွပ်ဘူးတွေ မရောင်းချ ဖိုထိုင်အစိုးရကလည်း သတိပေးထားပါတယ်
ထိုင်းအစိုးရက ဒီသတင်းအမှန်ဖြစ်ကြောင့်ဒီနေ့ မနက်မှာ အတည်ပြု ကြော်ငြာလိုက်ပါတယ်
သစ်သီးစည်သွပ်ဗူးတွေမှ မဟုတ်ပါဘူး အခြားစည်သွပ်ဗူးတွေပါ စားသုံးရင်HIV ရောဂါ မကူးစက်အောင် ထိုင်နိုင်ငံ နဲ့အိမ်နီချင်း နိုင်ငံ ဖြစ်တဲ့ ကျနော် မြန်မာနိုင်ငံမှာလဲ ထိုင်ငံ ထုတ် စည်သွပ်ဗူးတွေကို သတိထား မစားသုံး ဖို့ ဒီသတင်းကို လက်ဆင့်ကမ်း မျှဝေပေး ကျစေလိုပါတယ်

Tuesday, March 17, 2015

အရမ်းကောင်းလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်

အရမ်းကောင်းလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်
အားလုံးလည်းပြန်လည်မျှဝေပေးစေလိုပါတယ်ခင်ဗျာ။
မေးခွန်း (၁) မြန်မာနိုင်ငံကိုဘယ်သူအုပ်ချုပ်နေသလည်း။
**************
စစ်တပ်ကပဲအုပ်ချုပ်နေပါတယ်၊ ဘာကြောင့်ဆိုတော့ ရယက၊ ခယက၊တယက စတဲ့ အဆင့်ဆင့်ကွပ်ကဲအုပ်ချုပ်မှုမှန်သမျှ ပြည်ထဲရေးက ကိုင်ပါတယ်။ အဲဒီပြည်ထဲရေးကိုစီမံခန့်ခွဲနေတာ ကာ/ချုပ် (စစ်တပ်) ပါ။ (ပုဒ်မ ၂၃၂ ခ) ဒါကြောင့် စစ်တပ်ကပဲအုပ်ချုပ်နေတယ်လို့ပြောရမှာပါ။
မေးခွန်း (၂) သမ္မတကြီးကပြည်တွင်းစစ်ပွဲတွေရပ်ဖို့အမိန့်ပေးထားတာ ဘာလို့မရပ်တာလည်း။
********** ***
လက်နက်ကိုင်အဖွဲ့အစည်းမှန်သမျှကို အမိန့်ပေးကွပ်ကဲနေတဲ့ ကာကွယ်ရေးဝန်ကြီးဋ္ဌာနကို ကာ/ချူုပ်က စီမံခန့်ခွဲပါတယ်။ ဒါကြောင့် သမ္မတအမိန့်ပေးလည်း စစ်တပ်က ကာ/ချုပ်စကားပဲနားထောင်မှာပါ။ (ပုဒ်မ ၂၃၂ ခ)
မေးခွန်း(၃) ဒါဆိုတိုင်းပြည်မှာ အာဏာအရှိဆုံး ပုဂ္ဂိုလ်ကဘယ်သူလည်း။
************
ဒါကိုဖြေဖို့အတွက် မြန်မာနိုင်ငံမှာဘယ်ဝန်ကြီးဋ္ဌာနတွေဟာအရေးအကြီးဆုံးလည်းဆိုတာသိရပါ့မယ်၊ အဲဒီဝန်ကြီးဋ္ဌာနတွေကိုချုပ်ကိုင်ထားသူသာအာဏာအရှိဆုံးပါ။ အဲဒီဝန်ကြီးဋ္ဌာနတွေကတော့
၁) ကာကွယ်ရေးဝန်ကြီးဋ္ဌာန
၂)ပြည်ထဲရေးဝန်ကြီးဋ္ဌာန
၃)နယ်စပ်ရေးရာ ၀န်ကြီး တို့ဖြစ်ပါတယ်၊ အဲဒီဋ္ဌာနကြီးတွေရဲ့ ၀န်ကြီးနဲ့ ဒုဝန်ကြီးတွေကို ကာ/ချုပ်က တိုက်ရိုက်ခန့်တာပါ၊ ဘယ်သူမှ ၀င်စွက်ဖက်လို့မရပါဘူး၊ ဒါကြောင့် ဒီဋ္ဌာနကြီးတွေဟာ ကာ/ချုပ်စကားပဲနားထောင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကာ/ချုပ်သာလျှင် အာဏာအရှိဆုံးဖြစ်ပါတယ်။
မေးခွန်း(၄) အရေးအကြောင်းဆိုလျှင် စစ်တပ်နဲ့ရဲကိုသမ္မတက အမိန့်ပေးနိုင်ပါသလား၊
***********
အမိန့်မပေးနိုင်ပါ၊ အရင် ကာ/လုံနဲ့တိုင်ပင်ရပါတယ်၊ ကာ/လုံက ကာ/ချုပ်အမိန့်ခံယူပြီးမှ လက်နက်ကိုင်အင်အားအသုံးပြုခွင့်ပေးမှာပါ၊ ကာ/လုံ တိုက်တွန်းလျှင်သမ္မတကြီးကအရေးပေါ်အခြေအနေကြော်ငြာပေးရမှာပါ။
မေးခွန်း(၅) စစ်တပ်က အာဏာသိမ်းနိုင်လား၊
************
စစ်တပ်က အာဏာသိမ်းစရာမလိုပါ၊ သမ္မတက အရေးပေါ်အခြေအနေကြော်ငြာလိုက်တာနဲ့ နိုင်ငံတော်အာဏာကို ကာ/ချုပ်ထံ ဖွဲ့စည်းပုံအခြေခံဥပဒေ (ပုဒ်မ ၄၁၈) အရ လွဲအပ်ရမှာပါ၊ အာဏာသိမ်းစရာမလိုပဲ သမ္မတကြီးဆက်သတဲ့အာဏာကို ဒူးနှန့်ယူရုံပေါ့။
မေးခွန်း(၆) စစ်တပ်က မြေသိမ်းတာတွေ၊ လယ်သိမ်းတာတွေ၊ မတရားမှုတွေလုပ်ခဲ့ရင် အဲဒီအတွက်အရပ်ဘက်တရားရုံးတွေမှာ တရားစွဲလို့ရနိုင်သလား။
************
လုံးဝမရပါ၊ ဘာကြောင့်ဆိုတော့ ပုဒ်မ ၁၀ ခ အရ တပ်မတော်နဲ့ပတ်သက်သမျှ တပ်မတော်ကပဲ (လွတ်လပ်စွာ) စီမံမယ်လို့အတိအလင်းပြောထားပါတယ်။ ဥပမာ၊ ခင်ဗျားအခုပိုင်နေတဲ့မြေကို စစ်တပ်ကလာသိမ်းရင်ခင်ဗျားဘယ်ဥပဒေမှာအားမကိုးနိုင်ဘူး။
မေးခွန်း(၇) ဒါဆို ၂၀၀၈ ဥပဒေရဲ့ အားသာချက်ကဘာလည်း။
************
အားသာချက်တစ်ခုမှမရှိပါဘူး၊ အရင်အာဏာသိမ်းစစ်အစိုးရဖြစ်နေတဲ့အတွက် အရပ်ဘက်ကို တစ်ချိန်ချိန်အာဏာပြန်အပ်ရမယ့်အမည်းစက်ကြီး ရှိနေတယ်၊ အဲဒီအမည်းစက်ကြီးကိုတရားဝင်ဖြစ်အောင်၂၀၀၈ ခြေဥအရ ကောက်ကျစ်ယုတ်မာစွာစီမံထားခြင်းသာဖြစ်ပါတယ်။
မေးခွန်း(၈) ဒါဆိုရင်တော့ ပြည်တွင်းရေးကိစ္စအ၀၀အတွက် စစ်တပ်မှာပဲအပြည့်အ၀တာဝန်ရှိတယ်ဆိုတာရှင်းပါပြီ။ ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့ အစစ်အမှန်သမ္မတရရင်ရောပြေလည်နိုင်သလား။
*************
မပြေလည်နိုင်ပါ။ ၂၀၀၈ ခြေဥ ရှိနေသမျှ သိကြားမင်းကိုယ်တိုင်လာအုပ်ချုပ်လည်း စစ်တပ်ကိုမလွန်ဆန်နိုင်ပါ။
မေးခွန်း(၉) ဒါဆို ၂၀၀၈ခြေဥ ကိုပြင်မှရမယ်ဆိုတာ သဘောပေါက်ပါပြီ။ ဘယ်လိုပြင်ရမလည်းဆိုတာသိပါရစေ။
*************
အရင်ပုဒ်မ ၄၃၆ ကိုပြင်ရမယ်၊ ဘာကြောင့်ဆိုတော့ ဘယ်လိုမှကိုမဖြစ်နိုင်တဲ့အတားအဆီးဖြစ်နေလို့ပါ။
မေးခွန်း(၁၀) ဘာကြောင့်မဖြစ်နိုင်တာလည်း။
***********
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇၅%ကျော်သဘောတူပြီး တနိုင်ငံလုံးရဲ့ မဲပေးနိုင်တဲ့လူဦးရေ ထက်ဝက်ကျော်ထောက်ခံရဦးမယ်၊ ပြီးရင်တပ်မတော်ဘက်ကလည်းသဘောတူရမယ် ဆိုတာ ဖြစ်နိုင်၊ မဖြစ်နိုင်စဉ်းစားသာကြည့်ပါတော့။ သူတို့ဘာသာသူတို့ အာဏာအပ်နှင်းထားတဲ့ဖွဲ့စည်းပုံကို ပြင်ဖို့ဆိုတာ ဘုရားအလောင်းတွေမှပဲ လုပ်နိုင်တာမျိုးမဟုတ်လား။ ခင်ဗျားက ကာ/ချုပ်ကို ဘုရားလောင်းလို့တော့မထင်ပါဘူးနော်။
မေးခွန်း(၁၁) ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရည်ရွယ်ချက်ကဘာလည်း
************
စစ်မှန်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုပေါ်ပေါက်လာရေးနဲ့ ပြည်သူကရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့သမ္မတစစ်စစ်ဖြစ်လာရေးပါ၊
မေးခွန်း(၁၂) ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်တွင်းအရေးအခင်းတွေနဲ့ပတ်သက်ရင် ရေငုံနှုတ်ပိတ်နေတာများပြီး ဝေဖန်တာ၊ ရှုတ်ချတာမျိုးအင်မတန်နည်းတာဘာကြောင့်လည်း။
************
မိုးစက်ကျတိုင်းလိုက်ခံနေမယ့်နေမယ့်အစား ခေါင်းမိုးကြီးတစ်ခုလုံးကိုလဲလိုက်တာအကောင်းဆုံးလို့ ဒေါ်အောင်ဆန်းစုကြည်ဆုံးဖြတ်ထားပါတယ်။ ဒါပေမယ့်လက်ရှိအစိုးရဟာ ခေါင်မိုးနဲ့တူတဲ့ ၂၀၀၈ ခြေဥကို မပြင်နိုင်အောင် လူမျိုးရေးအဓိကရုဏ်း၊ ပြည်တွင်းစစ်အခြေအနေ၊ လယ်သိမ်းယာသိမ်းပြသနာအချို့ နဲ့ရေစက်တွေလိုက်ချပြီး လူစုတွေခွဲထုတ်နေပါတယ်။
မေးခွန်း(၁၃) အင်း၊ တော်တော်ခက်ခဲတာပဲ၊ ဒါဆိုရင် ၂၀၀၈ ခြေဥကိုပြင်ဖို့ တခြားနည်းလမ်းရှိသေးလား။
************
ရှိပါတယ်၊ ကာ/ချုပ် ကြီးကို ဘုရားဆုပန်အောင် တိုက်တွန်းတဲ့နည်းလမ်းပါ။
credit - မဟာမိုင်း


အကောင်းဆုံးယတြာများ

အကောင်းဆုံးယတြာများ
<><><><><><><><><>
၁။ ဝင်ငွေမကောင်းတဲ့အခါ
ချွေတာသုံးစွဲတာ
အကောင်းဆုံးယတြာ။
၂။ လမ်းသွားတဲ့အခါ
ကြီးမားတဲ့ဝီရိယထားခြင်းဟာ
အန္တရာယ်ကင်းဖို့ အတွက်
အကောင်းဆုံးယတြာ။
၃။ ရန်လိုနေတဲ့လူနဲ့
ဖက်ပြိုင်ပြီးမငြင်းတာ
အကောင်းဆုံးယတြာ။
၎။ ဒေါသထွက်စရာ ကြုံတဲ့အခါ
စိတ်ဖြေသာတဲ့နေရာကို
ရှောင်ထွက်သွား ခြင်းဟာ
အကောင်းဆုံးယတြာ။
၅။ မနာလိုဝန်တိုစိတ်ကိုမမွေးအောင်
ကံ ကံရဲ့အကျိုးကိုလက်ခံနိုင်အောင်
ကြိုးစားတာ အကောင်းဆုံးယတြာ။
၆။ စိတ်ကောင်းထားခြင်း
ရိုးသားမှုရှိခြင်းဟာ
ကြီးပွားရာ ကြီးပွားကြောင်း အတွက်
အကောင်းဆုံးယတြာ။
၇။ အားလပ်ချိန်မှာ
စာဖတ်တဲ့အကျင့်ကို မွေးမြူခြင်းဟာ
အသိအလိမ္မာတိုးတက်စေဖို့အတွက်
အကောင်းဆုံးယတြာ။
၈။ ကံဆိုးချိန်မှာ
ရတနာသုံးပါးကိုအထူးတလည်
ဆည်းကပ်ကိုးကွယ်တာသည်
ကံကောင်းတွေရောက်စေဖို့အတွက်
အကောင်းဆုံးယတြာ။
၉။ တစ်စုံတစ်ရာ ကျွေးမွေး
ပေးအပ်သူကို ကျေးဇူးရှင်
တစ်ဦးအဖြစ် မမေ့အပ်တာ
အကောင်းဆုံးယတြာ။
၁၀။ သူ့တာဝန် ကိုယ့်တာဝန်ကို
တိတိကျကျ ခွဲခြားပြီး
တာဝန်ကျေပွန်စွာ လုပ်တာ
အကောင်းဆုံးယတြာ။
၁၁။ ရှေ့နောက်မြော်မြင်တတ်တဲ့
ပညာရှိ လူကြီးမိဘရဲ့
ဆိုဆုံးမမှုကို လိုက်နာတာ
အကောင်းဆုံးယတြာ။
၁၂။ မရသေးတဲ့ဥစ္စာကို
အပူတပြင်းမတောင့်တ မလိုချင်တာ
စိတ်ချမ်းသာစေဖို့အတွက်
အကောင်းဆုံးယတြာ။
၁၃။ တတ်နိုင် သလောက်
စုဆောင်းသွားတာဟာ
အနာဂတ်ခရီးအတွက်
အကောင်းဆုံးယတြာ။
၁၄။ ဘဝအရေးနိမ့်တဲ့ကာလမှာ
စိတ်ဓါတ်ကိုကြံ့ကြံ့ခံနိုင်အောင်
သတိထားမွေးမြူခြင်းဟာ
မိမိ မပျက်စီးဖို့အတွက်
အကောင်းဆုံးယတြာ။
၁၅။စီးပွားဖြစ်တဲ့အခါ
အောက်ခြေမလွတ်အောင်
သတိတရားနဲ့နေထိုင်တာ
အကောင်းဆုံးယတြာ။
၁၆။ ငယ်စဉ်အခါ ပညာသင်ချိန်မှာ
ပညာတတ်ရေးတစ်ခုတည်းကို
ရှေ့ရှု့ပြီးတစိုက်မတ်မတ်
ကြိုးစားခြင်းဟာ နောင်ရေးအတွက်
အကောင်းဆုံးယတြာ။
၁၇။အခွင့်အလမ်းပေါ်လာတဲ့အခါ
လုံ့လဝီရီယကို ရှေ့တန်းတင်ပြီး
အမိအရဆုပ်ကိုင်လိုက်ခြင်းဟာ
အောင်မြင်ကြီးပွားဖို့အတွက်
အကောင်းဆုံးယတြာ။
၁၈။ ဘာကိုမှမစဉ်းစားပဲ
မလုပ်တာမပြောတာ နောင်မှ
နောင်တ ရတယ်ဆိုတဲ့
အဖြစ်မျိုးကို မရောက်ဖို့ အတွက်
အကောင်းဆုံးယတြာ။
၁၉။သုံးနိုင်တဲ့အခြေအနေရှိရက်နဲ့
စိတ်ကိုလွှတ်ပေးပြီး
အရမ်းမဲ့မသုံးစွဲတာဟာ
နောင် စိတ်ဆင်းရဲစရာ မကြုံဖို့အတွက်
အကောင်းဆုံးယတြာ။
၂၀။ ဘေးရှိတဲ့စကား
ကြမ်းတမ်းတဲ့စကားကိုမဆိုခြင်းဟာ
နောင်အခါ ပြဿနာအရှုပ်အရှင်းနဲ့
ရင်မဆိုင်ရဖို့အတွက်
အကောင်းဆုံးယတြာ။
၂၁။ သူ့ဘက် ကိုယ့်ဘက်မျှမျှတတ
ကြည့်တာ စဉ်းစားတာ
လုပ်ကိုင်တာသည်
ရေရှည်လက်တွဲဖို့အတွက်
အကောင်းဆုံးယတြာ။
၂၂။ မနိုင်တဲ့ဝန်ကို မထမ်းတာဟာ
အသက်ရှည်ဖို့အတွက်
အကောင်းဆုံးယတြာ။
၂၃။ မိမိကိုယ်ကို အမှန်ရှုထာင့်မှ
ဝေဖန်သုံးသပ်တာဟာ
ရှေ့လျှောက်ရမယ့်ဘဝခရီးမှာ
ပန်းခင်းလမ်းဖြစ်ဖို့အတွက်
အကောင်းဆုံးယတြာ။
၂၄။ ဒေါသကို အပြင်မထွက်အောင်
ထိန်းနိုင် တာဟာ အစစအရာရာ
ပြဿနာနည်းပါးစေဖို့အတွက်
အကောင်းဆုံးယတြာ။
၂၅။ ကျော်ဖြတ် ရတဲ့ဘဝခရီးမှ
အမှားများကို ဆင်ခြင်သုံးသပ်ပြီး
ချက်ချင်းပြုပြင် သွားတာ
ရှေ့ခရီး ချောမောဖို့အတွက်
အကောင်းဆုံးယတြာဝ
၂၆။ အတိတ်ကို ပြန်တွေးပြီးလဲ
မပူဆွေး။ အနာဂတ်အရေးကို
လှမ်းမျှော်ပြီးလည်းမပူပန်။
ပစ္စုပ္ပန်တည့်တည့်မှာသာ ရပ်ပြီး
လုပ်သင့်လုပ်ထိုက်တာတွေကို
လုပ်ကိုင် သွားတာဟာ
တိုးတက်ဖို့အတွက်
အကောင်းဆုံးယတြာ။
၂၇။ အကောင်းမြင်ဝါဒနဲ့
ဘဝခရီးကိုဆက်ခြင်းဟာ
အကောင်းဆုံးယတြာ။
၂၈။ ကျန်းမာရေးယိုယွင်းစေတဲ့
အပျော်အပါး လိုက်စားမှု
မူးယစ်ဆေးဝါးနဲ့အရက် သေစာကို
ရှောင်ရှားတာဟာ
အသက်ရှည် ကျန်းမာစေဖို့အတွက်
အကောင်းဆုံးယတြာပါ။
နေ့စဉ်ဒီအချက်ကလေးတွေနဲ့အညီ
ကျင့်ကြံနေထိုင်သွားကြမယ်ဆိုရင်တော့
ယတြာဆိုတာ အထူးချေစရာမလိုပါဘူး
လို့ ပြောချင်ပါတယ် သူငယ်ချင်းတို့။
ဒါ့ကြောင့်—
”အဖိုးတန်တဲ့လူသားတစ်ယောက်
ဘဝကိုရဖို့ နေ့စဉ်ယတြာချေကြစို့”
Scientist Myanmar မှ ကူးယူပါသည်။
<><><><><><><><><><><><><><>
Photo-တက်သစ်စအဆိုတော်လေး
ညီမငယ်လေး ကြည်ဖြူခင်

Sunday, March 15, 2015

ထူးဆန်းထွေလာပြည်မြန်မာ



ထူးဆန်းထွေလာပြည်မြန်မာ
================
(၁)မြန်မာနိုင်ငံတွင် ပထမဆုံးရေသုံး ၍ အိမ်သာတက်ခဲ့သော ဘုရင်မှာ ဘိုးတော် ဦးဝိုင်း ( ၁၇၈၂- ၁၈၁၉ ) ဖြစ်သည်။
(၂)၁၈၈၅ ခုနှစ်တွင် သူ့ကျွန်ဘ၀ ကျရောက်ပီး ၁၈၈၆ ခုနှစ်တွင်ဖွင့်လှစ် ခဲ့သောစက်ရုံသည် မန္တလေး ဘီယာ နှင့် အရက်ချက်စက်ရုံဖြစ်သည်။
(၃)တယ်လီဖုန်းအား လေပေါ်မြှောက်ကာ ဝှေ့ရမ်း၍ လိုင်းရှာရသော နည်းပညာ ကို မြန်မာနိုင်ငံမှ စတင် တီထွင်ကာ ရောင်းချခဲ့သည်။
(၄)သတင်းစာကို နောက်ဆုံး မှ လှန်ဖတ်သော ဓလေ့စရိုက် သည် မြန်မာနိုင်ငံတွင်သာရှိသည်။
(၅)ကမ္ဘာပေါ်တွင် ဆောင်ပုဒ် အများဆုံး နိုင်ငံမှာ မြန်မာနိုင်ငံဖြစ်သည်။
(၆) ခြင်တောင်လှန်၍ သန်းခေါင်စာရင်းစစ်သောအလေ့အထသည်
ကမ္ဘာပေါ်တွင် မြန်မာတနိုင်ငံတည်း၌သာရှိသည်။
(၇) ကမ္ဘာပေါ်တွင် ၀ါးတားဂိတ် (၀ါးလုံးတား၍ပိုက်ဆံတောင်းသောဂိတ်)
အများဆုံးတိုင်းပြည်မှာ မြန်မာပြည်ဖြစ်သည်။
(၈) လေအေးစက်တပ်ထားသောအခန်းများတွင်
နောက်မှီကုလားထိုင်ပေါ်ထိုင်၍ တောင်းစားသောသူတောင်းစားများမှာ
မြန်မာနိုင်ငံတခုတည်းတွင်သာရှိသည်။
(၉) နောက်ဖေးလမ်းကြားထဲသို့ တိုက်ပေါ်မှအမှိုက်ပစ်ချသော
အမှိုက်စွန့် စံနစ်သည် မြန်မာနိုင်ငံတခုတည်းတွင်သာရှိသည်။
(၁၀) ဒီမိုကရေစီပါလီမန်ဟုဆိုသော လွတ်တော်ထဲတွင် (၂၅%) သော
စစ်ယူနီဖေါင်းဝတ်ထားသူများ မျက်နှာမာများနှင့် မျက်နှာပြောင်တိုက်
ထိုင်နေသော ဒီမိုကရေစီလွှတ်တော်သည် ကမ္ဘာ့ပထမဆုံးသော
ဒီမိုကရေစီလွှတ်တော်ဖြစ်သည်။
(၁၁) အိမ်သာများတွင် နိုင်ငံခြားသား အတွက် သီးသန့်  (Foreigner Only)ဟု ခွဲခြားသော ဆိုင်းဘုတ်များသည် မြန်မာတနိုင်ငံ တည်းတွင်သာ ရှိသည်။
(၁၂) မြို့ လည်ခေါင်တွင် ခရီးသည်တင်ကားများကို လက်တား၍
ပိုက်ဆံတောင်းသော ဓါးပြများကိုမဖမ်းပဲခွင့်ပြုထားသောတိုင်းပြည်သည်
မြန်မာပြည်ဖြစ်သည်။
(၁၃) ကမ္ဘာပေါ်တွင် မီးအားမြှင့်စက် အရောင်းရဆုံး တိုင်းပြည်မှာ မြန်မာပြည် ဖြစ်သည်။
(၁၄) ကမ္ဘာပေါ်တွင်အင်တာနက်အနှေးဆုံးနှင့် Overseas PhoneCall ဈေးအကြီးဆုံးမှာ မြန်ပြည်ဖြစ်သည်။
(၁၅) ဈေးဝယ်ပြီး ငွေအကြွေ မအမ်းနိုင်၍ပစ္စည်းနှင့်လဲလှယ်သော
စနစ်သည်ကမ္ဘာပေါ်တွင် မြန်မာပြည်၌သာရှိသည်။
(16) ????
(၁၇) အာဏာရူးလောဘရူးများကို တရိုတသေဖြင့် "အဘ" ဟုခေါ်
ရသော ကမ္ဘာ့အယဉ်အကျေးဆုံးတိုင်းပြည်သည် မြန်မာပြည်ဖြစ်သည်။
(၁၈) "လာဘ်ပေးရန်မလို" (လာဘ်ပေးလျှင် ရန်မလို) "လာဘ်ပေး ရန်မလို"ဟူသော အဓိပ္ပါယ်ရသည့် ဆိုင်းဘုတ်များကို ရုံးဌာနများတွင် ပြောင်ပြောင်တင်းတင်းကပ်ထားသည့် ကမ္ဘာတွင် တခုတည်းသော တိုင်းပြည်ဖြစ်သည်။
(၁၉) ကမ္ဘာ့အမြင့်ဆုံး ငြိမ်းချမ်းရေးနိုဘယ်လ်ဆုပိုင်ရှင်ရှိနေသည့်
ကမ္ဘာ့အရှည်ကြာဆုံးပြည်တွင်းစစ်ဖြစ်နေသောတိုင်းပြည်ဖြစ်သည်။
(၂၀) ဖိနပ်များကိုသဲကြိုးပြန်တပ်၍ စီးခြင်း၊ တခါသုံးဓါတ်ငွေ့  မီးခြစ်များကို ဓါတ်ငွေ့ နှင့် မီးခြစ်ကျောက်များ ပြန်ထည့်၍ အသုံးပြုသော စံနစ်တို့ အား မြန်မာနိုင်ငံမှ စတင်ခဲ့သည်။
(၂၁) အကြော်များအား တာရှည်ခံရန်အတွက် ပလတ်စတစ် ကြွတ်ကြွတ် အိတ်များအား အကြော်ဆီအိုးထဲတွင် ထည့်ကြော်သော နည်းစံနစ်ကို မကြောက် မလန့် - မြန်မာနိုင်ငံတွင် ပထမဆုံး တည်ထွင်ကြံဆ အသုံးချခဲ့သည်။
(၂၂) တတိုင်းပြည်လုံးနီးနီးမှောင်နေသော်လည်း လျှပ်စစ်ဓါတ်အားများ
ပိုလျှံနေ၍ နိုင်ငံခြားသို့ တင်ပို့ ရောင်းချနေသည့် ထူးခြားသော
တိုင်းပြည်ဖြစ်သည်။
(၂၃) တိုင်းပြည်တွင် ရေနံ နှင့် သဘာဝဓါတ်ငွေတို့ အလျှံပယ် ထွက်ရှိနေ သော်လည်း နိုင်ငံခြားမှ ဒီဇယ်ဆီဝယ်သုံးနေသည့် အလွန်ချမ်းသာသော တိုင်းပြည်ဖြစ်သည်။ (မှတ်ချက်။ ဒီဇယ်ဆီကို အန္ဒိယမှဝယ်ပါသည်)
(၂၄) ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲတွင် ကြိုတင်မဲဖြင့် အာဏာရ သွားသော အစိုးရအုပ်ချုပ်သည့် ကမ္ဘာပေါ်တွင် တစ်ခုတည်းသော ဒီမိုကရေစီတိုင်းပြည်။
(၂၅) လက်မူ့ လယ်ယာမှစက်မူ့ လယ်ယာသို့ဟုကြွေးကြော်ကာ
ဘိုးဘွားပိုင် ဓါးမဦးချ လယ်ယာမြေများကို ခရိုနီများနှင့်အာဏာပိုင်များ
ပေါင်းကာ သိမ်းယူ၍ စက်မူလယ်ယာစံနစ်ကိုအကောင်အထည်ဖေါ်
သော ထူးခြားသည့်နိုင်ငံဖြစ်သည်။
(၂၆) နိုင်ငံအတွင်း ဆင်းရဲမှူ့ ပပျောက်ရေးဟု ကြွေးကြော်ပြီး အခြေခံ လူတန်းစားများ နေထိုင်ပိုင်ဆိုင်သော အိမ်ယာမြေများကို ဥပဒေ အသစ် ပုဒ်မအသစ်များတပ်၍ သိမ်းယူကာ ဆင်းရဲမူ ပပျောက်အောင် ဖေါ်ဆောင်သော စံနစ်သည် ကမ္ဘာပေါ်တွင် မြန်မာတနိုင်ငံတည်း၌ သာရှိသည်။
(၂၇) ကုန်း/ရေ နှစ်မျိုးသွား (Amphibian) လူစီးဘတ်စ်ကား
များအားကမ္ဘာပေါ်၌ မြန်မာနိုင်ငံတွင်ပထမဆုံးအသုံးပြုနိုင်ခဲ့သည်။
(၂၈) " မြေကြီးက ရွှေသီးလို့ ပြည်ဝမ်းဝနေဆိုတဲ့" သီချင်းအား ရုပ်မြင် သံကြားတွင် သတိယတိုင်းလွှင့်နေပြီး ပညာတတ်များနှင့် အရွယ် ရောက်သူ (၅) သန်း ကမ္ဘာပတ် ကျွန်ခံနေရသောတိုင်းပြည် ဖြစ်သည်။
(၂၉) မြန်မာနိုင်ငံသည် လျှပ်စစ်မီးသီးကို တီထွင်ခဲ့သော အမေရိကန် နိုင်ငံသား သောမတ်စ် အက်ဒီဆင်အား ဂုဏ်ပြုဆုံးသော တိုင်းပြည်အဖြစ် မှတ်တမ်းတင်ထားခြင်း ခံရသည်။
(အက်ဒီဆင်အား ဂုဏ်ပြုသောအားဖြင့် သူ၏မွေးနေ့ တွင် အမေရိကန်နိုင်ငံ၌ လျှပ်စ်မီးကို ငါးမီးနစ်တိတိ ဖြတ်တောက်ထား ခဲ့ဖူးပါသည်)။
(၃၀) ငွေမပေးနိုင်လျှင် အကူအညီမပေးသော၊ ဘာတစ်ခုမှ စေတနာဖြင့်
ကူညီဖေါ်မရသောသူများက "ကူညီပါရစေ" ဆိုင်းဘုတ်အား မူပိုင် ယူထားသည် မှာလည်း မြန်မာနိုင်ငံတခုတွင်သာရှိပါသည် ။
(၃၁) (၂၁) ရာစုတွင် ကျောင်းသားများအားတန်းစီ၍ (ဘယ်ပြန်ညာပြန် ဒုတိယကမ္ဘာစစ်က ဖက်ဆစ်ဂျပန်စတိုင်) ပါးရိုက်သော ဆရာမမျိုးသည် လည်းကမ္ဘာတွင် မြန်မာနိုင်ငံမှ ပထမဆုံး ပေါ်ထွန်းခဲ့သည်။ (မှတ်ချက်။ ရန်ကုန် TTC ကျောင်းဆရာမ)