(လွန်ခဲ့တဲ့ 5 decade က ငယ်ရွယ်နုပျို၊အပြစ်ကင်းပြီးချစ်စရာကောင်းတဲ့ အချိန်တွေကို ခဏဖြစ်ဖြစ်
ပြန်လည်ခံစားနိုင်ရအောင် သူငယ်ချင်းတွေရဲ့အမည်တွေကိုထဲ့ရေးထားတာကိုနားလည်ခွင့်လွှတ်ကြမယ်လို့
ထင်ပါတယ်။)
1st Year Jr and Sr တန်း ၂ နှစ်တက်ပြီးချိန်မှာတော့ 2nd year MB တန်းတက်ရပါတယ်။ Jr and Sr လို့မခွဲပါဘူး၊ စာတွေများလို့ပေါင်းပြီး တစ်နှစ်ခွဲတက်ရတာပါ။ preclinical တန်းလို့လဲဆိုနိုင်ပါတယ်။ clinical ခေါ်တဲ့ လူနာတွေနဲ့မတွေ့ခင်ပြင်ဆင်ရတဲ့အချိန်ပေါ့။ ဒီအတန်းမှာ Physiology and Anatomy ဘာသာရပ် ၂ ခုသင်ရပါတယ်။ Physiology ဘာသာမှာ မနက်ဘက် lecture တက်ပြီး၊ညနေပိုင်း Physiolgist တွေရဲ့နံမည်တွေပေးထားတဲ့ အခန်းလေးတွေမှာ တစ်ခန်းကိုကျောင်းသား 20 နဲ့ tutorial ဆရာတစ်ယောက်ဆီ မနက်ကသင်လိုက်တဲ့ lecture တွေကိုပြန်ရှင်းပြတာရယ်။ Physiology နဲ့ဆိုင်တဲ့ practical တွေရယ်လုပ်ရပါတယ်။ ကျမတို့ အတန်းက roll no 61-80 ပါ။ ပထမ ပိုင်းမှာဆရာဦးသန်းတိုး နောက်ပိုင်း ဆရာမ ဒေါ်နွယ်နွယ်သိန်းပါ။ S4 (Sherrington) ပါ။ S1 -4 အထိရှိပါတယ်။ S3 နဲ့ S4 ကကပ်ရက်ပါ။ အတန်းချင်းကပ်သလို ကျောင်းသားချင်းလဲ ခင်မင်ရင်းနှီးကြပါတယ်။ S3 ကဆရာမက နောက်ပိုင်း ဒေါ် Kitty Pyo Nyein ပါ။ ကျမတို့ S4 ကကျောင်းသားတွေနဲ့ S3 ကျောင်းသား တွေပြိုင် စရာမရှိ ဆရာမခြင်းပြိုင်ကြပါတယ်။ ဒေါ် Kitty Pyo Nyein ကငယ်ရွယ်ပြီးတော်တော်လေးလှပါတယ်။ အထူးသဖြင့် ၀ိုင်းစက်ပြီးရွှမ်းလဲ့နေတဲ့မျက်လုံးတွေပါပဲ။ နားလေးနှစ်ဘက်က ရောင်ရောင်လေး ကားပြီး နေတာကြောင့် နဂါးမလေးမောင့်ချစ်သူလို့ မထိတထိပြောသူများလဲရှိပါတယ်။ ဒီလောက်ချော်လှတဲ့သူကို S4 ကျောင်းသား တွေအပြစ်ရှာပုံကတော့ နင်တို့ဆရာမက မနက်မနက်သူ့မေးစိရှာနေရတယ်တဲ့။ S3 ကကျောင်းသားတွေကလည်းအားကျမခံ နင်တို့ဆရာမကမနက် ဘက်မိတ်ကပ်လိမ်းနေရတာ နဲ့ အချိန်ကုန်တယ်တဲ့။ ဆရာမ နစ်ယောက်သာသိလို့ကတော့ဒီကျောင်းသားတွေမလွယ်ဘူး။ စာတွေများ လွန်းလို့ကြံဖန်ပျော်ကြရှာတာထင်ပါတယ်။ ဒီအတန်းက တော်တော်နတ်ကြီးတာ။ ဒီအတန်းမှာစာတွေပိပြီး စိတ္တဇဆေးရုံရောက်တဲ့သူနဲ့၊ 2 F ထိပြီး ကျောင်းကနေအပြီးအပိုင် ထွက်ရတဲ့သူတွေလဲ အတန်းတိုင်း မှာ ရှိပါတယ်။
Physiology practical မှာလူကောင်းတွေရဲ့ စံ normal data တွေကို ရှာဖွေရပါတယ်။ အဲ့ဒီအတွက် သွေးဖေါက်ခံဖို့၊ဆီး collect လုပ်ဖို့ suject လုပ်မဲ့ volunteer လိုပါတယ်။ volunteer မရှိရင်တော့ မဲနှိက်ကြရပါတယ်။ ကျမတို့ထဲမှာ Peter Thura ကသွေးဖေါက်ခံဖို့တော့ သူ volunteer မလုပ်နိုင်ဘူး၊
ဆီး collect လုပ်ဖို့ အတွက်တော့ volunteer လုပ်မယ်လို့ပြောပါတယ်။ သူ့ကြောင့် ဆီး collect လုပ်ရမဲ့ practical တွေအတွက်စိတ်အေးကြရပါပြီ။ ကျေးဇူးပါ သူရ။
စောစောပိုင်း ဆရာဦးသန်းတိုးနဲ့တုံးက ဆရာက Physiology text ထဲကကျက်မှတ်ထား တဲ့စာတွေမေး လေ့ရှိပါတယ်။ ဆရာစာမမေးခင် ကျမတို့အချင်းချင်းဆွေနွေးကြပါတယ်။ သူရက ဘာကောက်ချက် ချ သလဲဆိုတော့ ငါညက စာဖတ်တာ ကြွက်တွေ၊ယုန်တွေ၊ခွေးတွေမှာစမ်းသပ်တာတွေနဲ့တင်ပြီးသွားတယ်။ လူဆီလဲရောက်ရော်ငါအိပ်ပျော်သွားတယ်တဲ့။ သူ့အလှဲ့ရောက်လို့ဆရာစာမေးတဲ့အခါ သူဖတ်ထား တဲ့ အတိုင်း တိရစ္ဆာန်တွေတစ်မျိုးပြီးတစ်မျိုးဆီမှာစမ်းတဲ့အကြောင်းတွေ ခရားရေလွှတ်ပြောတာ (သူရက စကားပြောလဲမြန်တယ်) နဲ့ဆရာကဖြတ်မေးတယ်။ သူရက သူ့ကိုအဲ့လိုဖြတ်မေးလို့မရဘူး အစကနေ ပြောမှရတယ်ဆိုပြီးဆက်ရွတ်တာ ဆရာလဲ ဘာမှ မတတ်နိုင်တော့ဘူး။ နောက်လဲ သူရကို စာမမေး ရဲတော့ဘူး။ (very intellgent Thura ) သူရက ကျမတို့အားလုံးထဲမှာ အငယ်ဆုံး။ သဘောလဲကောင်း
စိတ်လဲရှည်၊အနစ်နာလဲခံပါတယ်။ ရိုးလဲရိုးတယ်။ တစ်ခါတော့ ခုံပေါ်ထိုင်ပြီးအလှည့်ခံရမဲ့ volunteer လုပ်မဲ့သူမရှိတာနဲ့ မဲနှိက်ကြရပါတယ်။ အားလုံးနှိက်ပြီး ဘလာမဲတွေဖြစ်နေတာနဲ့ နောက်ဆုံးနှိက်ရမဲ့ သူရကို ကဲနှိက်စရာမလိုတော့ဘူး။ မင်း volunteer လုပ်ရမယ်လို့ ပြောတာကြားလိုက်ပါတယ်။ နောက်မှသိရတာ ဘဟန်တို့လူလည်ကျပြီးအားလုံး ဘလာမဲတွေလုပ်ထားပြီး သူရကိုနောက်မှ နှိက်ခိုင်း
တာတဲ့။ (သူရရေး ဘဟန် ယူ့ဆီလာလည်ရင် ခုံပေါ်ထိုင်နေတုံးလည့်လိုက်ပေတော့)။
သူရတို့က မောင်နှမ သုံးယောက်လုံး တစ်တန်းထဲ။ သူ့ညီမ ဆိုဖီက ကျမနဲ့ anatomy dissection မှာတစ်ဖွဲ့ထဲ။ 2003 America ကို ဘဟန်အလည်ခေါ်သွားတော့ မောင်နှစ်မ သုံး ယောက်လုံး တစ်ဝင်း ထဲမှာ ပျော်ပျော်ရွှင်ရွှင် နေ နေကြတာ ၀မ်းသာစရာတွေ့ခဲ့ရပါတယ်။
Physiology lecturer တွေထဲမှာ ဆရာမကြီး ဒေါ်သင်းသင်းလှိုင် ကိုမသိသူ မရှိပါဘူး။ ဆရာမကြီးကို
ကျောင်းသားအားလုံးချစ်ကြောက်ရိုသေကြပါတယ်။ ဆရာမကြီးက lectuer မှာ microphone မပါပဲ
သင်နိုင်လောက်အောင် အသံအောင်ပါတယ်။ ကျောင်းသားတွေတတ်စေချင်လွန်းလို့ အော်နေဆူနေပေမဲ့
သူ့ကျောင်းသားတွေ စာမေးပွဲကျမှာအလွန်ကြောက်ရှာတယ်တဲ့။ ဒါကြောင့်စာမေးပွဲမှာသူနဲ့ viva ဖြေရရင် အောင်ဖို့သေချာသလောက်ပဲတဲ့။ ကျမစာမေးပွဲဖြေဖို့ တစ်လလောက်အလိုမှာ အကြောက်လွန်ပြီး
ဘာစာမှ ဖတ်လို့မရ မှတ်လို့မရတဲ့အပြင် ဖတ်ပြီးသားတွေပါအားလုံးမေ့ကုန်တယ်။ ဘယ်လောက် တောင်ဆိုးလဲဆိုရင် သူငယ်ချင်းတွေက ဆရာမကြီး ဒေါ်သင်းသင်းလှိုင် လို့ပြောတာ ဒီနံမည်ကြားဘူး
ပါတယ်။ ဘယ်သူလဲလို့မေးမိထဲ့အထိပါပဲ။ သူငယ်ချင်းတွေကလဲစိုးရိမ်သွားတယ်။ စိတ္တဇဆေးရုံပဲ ပို့ရတော့မလားပေါ့။ ကျမလဲ စိတ်ညစ်နေလို့ဘာမှမထူးဘူး။ ဆေးကျောင်းရောက်ကထဲက ကျမကြိုက်တဲ့
ရုပ်ရှင်ရုံတွေဘက် မရောက်တာ (ကျောင်းပိတ်ရက်တောင်ရုပ်ရှင်မကြည့်ပဲ စာပဲလုပ်နေခဲ့ရတာ) အတိုးချကြည့်မယ်ဆိုပြီးရုပ်ရှင်ပဲ ကြည့်နေခဲ့တယ်။ ကံကောင်းထောက်မစွာ စာမေးပွဲခန်းမှာ အရင်ဖတ်ထားတဲ့ စာတွေပြန်ပေါ်လာလို့ စာမေးပွဲကို ချောမောစွာ viva မထိပဲအောင်ခဲ့ပါတယ်။
သြ စာမေးပွဲကြောက်တဲ့ သူငယ်ချင်းတစ်ယောက်ရှိသေးတယ်သူက ခင်မောင်ဝင်း။ final exam နားနီးတော့ သူက ခေါင်းပေါ်လက်အုပ်အုပ်ပြီးလမ်းလျောက်တယ်။ ဘာလို့လဲဆိုတော့ မတော်တဆ
ခလုပ်တိုက်လဲရင် ဖတ်ထားတဲ့စာတွေထွက်ကုန်မှာစိုးလို့တဲ့။
Saturday, January 30, 2016
Friday, January 29, 2016
အမှတ်ရမိသော 1st MB Sr တန်းမှ practical များ
1st MB Sr တန်းတွင် နံနက်ပိုင်း lecture များတတ်ရပြီး ညနေပိုင်းတွင် physics နဲ့ inorganic chemistry
Practical များလုပ်ရပါတယ်။ physics Practical အနေနဲ့ မှန်ဘီးလူးများ၊ သံလိုက်များနဲ့ physic law တွေကိုလက်တွေ့လုပ်ကြရတာပါ။ တစ်ခါမှာ magnetic law နဲ့ပတ်သက်တဲ့ လက်တွေ့အနေနဲ့သံလိုက်
အိမ်မြှောင်နဲ့လက်တွေ့လုပ်ကြရပါတယ်။ ဒါပေမဲ့ သံလိုက်အိမ်မြှောင်ကိုဘယ်လိုမှ ချိန်လို့မရပါဘူး။
ဘယ်ရမှာလဲ သူငယ်ချင်းတစ်ယောက် (ထွန်းကျော်ငြိမ်း) က သူ့ခြေထောက်ရဲ့ခြေမနဲ့ခြေညှိုးကြားမှာ
သံလိုက်ခြောင်းကိုညှပ်ပြီး ကျမတို့အိမ်မြှောင်အောက်တဲ့တဲ့စာပွဲခုံအောက်ကနေလှုပ်နေလို့ပါပဲ။
အမှတ်ရမိတဲ့ chemistry Practical တစ်ခုကတော့ ပေးထားတဲ့ alkaline solution အတွက်လိုအပ်တဲ့
acid volume ကို titration လုပ်ပြီးရှာရပါမယ်။ ဘီကာထဲမှာ ပေးထားတဲ့ solution ကိုထဲ့ပြီး burette ထဲက acid ကိုတစ်စက်ချင်းချ၊မွေပြီး ph indicator နဲ့ neutral point ကိုရှာခြင်းဖြင့် လိုအပ်တဲ့ acid volume ကိုရှာရပါတယ်။ acid ကို တစ်စက် ချင်းချနေပေမဲ့ acidic ဖြစ်သွားလို့ solution ထပ်ထဲ့ ရ ပါတယ်။ ဒါပေမဲ့ alkaline ဖြစ်သွားပြန်လို့ acid ထပ်ထဲ့ရပြန်ပါတယ်။ ဟော့ acidic ဖြစ်သွားပြန်ပြီ ။ဒါနဲ့ပဲ neutral point ကိုမရောက်နိုင်ပဲ အချိန်တွေ သာတစ်ဖြေးဖြေးကုန်လာပါတယ်။ titration လုပ်ရင်း မနက် ကျောင်းမလာ ခင်တွေ့ခဲ့တဲ့ မုန့်ဟင်းခါး ဆိုင်က အဒေါ်ကြီးကို ပြေးမြင်ေ၇ာင်မိပါသေးတယ်။ အဒေါ်ကြီးက မုန့်တွေများနေလို့ဟင်းရည် ထပ်တောင်းပါတယ်။ ဈေးသည်က ကြည်ကြည်ဖြူဖြူ ဟင်းရည်တွေ ထဲ့ ပေးလိုက်ပါတယ်။ အဒေါ်ကြီးက ဟင်းရည်တွေများသွားလို့ဆိုပြီး မုန့်ဖတ်ထပ်တောင်းပါတယ်။ ဒီတစ်ခါတော့ ဈေးသည်က စောင့်အောင့်ပြီး မုန့်ဖတ်နဲနဲထဲ့ပေးလိုက်ပါတယ်။ သြ ငါလဲဟို အဒေါ်ကြီး လိုဖြစ်နေပြီး။ acid များလိုက် alkaline များလိုက်နဲ့ ကျောင်းဆင်းချိန်လဲတော်တော် ကျော်နေပြီ tutorial ဆရာမ မောင်းမထုတ်ခင် titration မလုပ်ပဲ ရပ်လိုက် ပါတယ်။ အဖြေကတော့ အနီးစပ်ဆုံးပေါ့။ အဖြေ မမှန်လို့ အမှတ်လျော့လည်း မတတ်နိုင် ကံမသကာလို့ပဲသဘောထား လိုက် ပါတယ်။ ကိုယ့်မှာသာ titration လုပ်လို့ချွေးတွေ တောင်ဆို့နေတယ်။ တစ်ချို့ကျတော့ ဘာမှ တောင်မလုပ်လိုက်ရပဲ။ အစောကြီးပြီးလို့ပြန်တောင်ပြန် ကုန်ပြီ တော်လိုက်ကြတာ။ လက်ဆ တော်တော် ကောင်းတာပဲလို့အောက်မေ့မိတယ်။ နောက်မှ သိရတာက သူတို့က titration ကို သဘော လောက်ပဲလုပ်ပြီး။ ပေးထားတဲ့ ph ကနေ လိုအပ်တဲ့ acid ကိုထွက်ယူလိုက်တာတဲ့။ သြ ဥာဏ်ကို လွှာသုံးတယ်ဆိုတာ ဒါပေါ့နော်။ အ တဲ့သူခံပေါ့။ ကျမ တစ်ယောက် တစ်နှစ်လုံး အ ခဲ့ တုံးခဲ့ပုံများ Practical နောက်ကျမှပြီးလို့ အဖေက စိတ်မရှည်ပဲ လာမကြိုတော့ဘူး။ ဒါနဲ့ main က ferry ကား စီးပြန်တော့လည်း ပြန်တာနောက်ကျလို့ မစောင့်နိုင်လို့ဆိုပြီး မကြိုတော့ဘူး။ နောက်ဆုံး ပိတောက်လမ်းက မောပန်းနွမ်းနယ်စွာနဲ့ နံပါတ် 16 bus စီးပြီးပြန်ရပါတော့တယ်။ ကံကောင်းချင်တော့ ကိုယ့်လိုဥာဏ်ကြီးရှင် တာမွေမှာနေတဲ့ မ အ၀င်းနဲ့သူငယ်ချင်းဖြစ်ပြီး နှစ်ယောက်သာ ပြန်ဖြစ်ပါတော့တယ်။ ( bus ပေါ်ကဒုက္ခတွေနောက်မှသပ်သပ်
ေ၇းပါမယ်)
အဲ့ဒီ နေ့က Practical ကမောမောနဲ့ပြန်လာတာမို့ duty coat လဲလျော်ချင်စိတ်မရှိတာနဲ့ အိမ်နားက ဒိုဘီကုလား ဆီပို့လိုက်ပါတယ်။ ကုလားလေးက မနက်ဖန်လာယူဖို့ချိန်းပါတယ်။ duty coat သွား ရွေးတော့ duty coat ဖြူဖြူလေး၊ဒိုဘီထိုးထားတာကော့်နေတာပဲ။ ဒါပေမဲ့ duty coat တစ်ခု လုံး ရစရာမရှိအောင် ပေါက်ပြဲနေ ပါတယ်။ ဟင် ဘယ်လိုဖြစ်တာလဲ။ ကိုယ့် duty coat မှဟုတ်ရဲ့လား သူများဟာများဖြစ်နေမလားလို့ကြည့် လိုက်တော့။ ကိုယ့်ဟာမှ ကိုယ့်ဟာ အစစ်ပါလို့ duty coat မှာထိုးတားတဲ့ နံမည်က သက်သေခံနေ တယ်လေ။ မနေ့ကငါပေးတုံးက အကောင်းပါဆိုတော့။ ကုလားလေးလဲ မျက်နှာငယ်နဲ့ အမ ကျနော် လဲမသိဘူး။ ကျနော် ကောင်းကောင်းလျော်ပါတယ်။ ဒါပေမဲ့လျော်လဲပြီးေ၇ာ် ဒီလိုဖြစ်သွား တာပဲလို့ပြောရှာတယ်။ ကျမလဲမကျေ မနပ်နဲ့ပေါက်ပြဲနေတဲ့ duty coat ယူပြန်လာခဲ့ပါတယ်။ ဒီ duty coat ကလွယ်လွယ်ရခဲ့တာမဟုတ်ဘူး။ ဆေးကျောင်းဝင်ခွင့် ရတဲ့ အတွက် ရပ်ကွက်ထဲမှာ ပေါ်ပလင်အနားပြာ ၂ ကိုက်ကို လျောက်လွှာတင်ပြီးဝယ်ခဲ့ရတာ။ လျောက်လွှာ တင်ရမယ်ဆိုတော့ ဟန်ကျတာပဲ။ ကိုယ့်လမ်း အပိုင်စား အမျိုးသမီးရဲ့ညီမ ကို ကိုယ် ဆယ်တန်းအောင်ပြီး ဆေးကျောင်းမ၀င်ခင် ကျောက်မြောင်းကျောင်းမှာလုပ်အားပေးစဉ်က သူ့ညီမ အတန်းကို သင်ပေးရတာ။ သူ့ညီမ ကနဲနဲ စာညံ့တာရယ် တစ်လမ်းထဲလဲနေကြတာမို့ ကိုယ်ကစေတနာပိုပြီး ကျောင်းသွား ကျောင်းပြန် တောင် အတူတူလုပ်ပေးပြီးအနီးကပ်သင်ပေးခဲ့တာလား။ အဆင်ပြေမယ်လို့ထင်တာ။ မှန်းချက်နဲ့နှမ်းထွက်က မကိုက်၊ အမှန်တကယ်လဲ ဖြစ်ပါရဲ့နဲ့။ လျောက်လွာကိုပယ်လိုက်တယ်။ ဒေါသဖြစ်လိုက်တာ။ အိမ်က အေးအေးနေတဲ့ အဖေတောင်ကြားသွားတယ်။ အဖေက ပြောတယ်။
သမီးသူ့ကိုစာသင်ပေးတုံးက ဒီ duty coat ရချင်လို့သင်တာလားတဲ့။ အဲ့ဒီတုံးက duty coat ဆိုတာဘာမှန်းတောင်မသိတာ။ ဘယ်ရချင်စိတ်လဲရှိမှာလဲလို့ပြန်ဖြေရင်း ဖေဖေပြောတဲ့ အဓိပ္ပါယ်ကို သဘောပေါက်ပြီး စိတ်ဆိုးတာ တွေ ပျောက်သွားပါတယ်။ ကျေးဇူးပါဖေဖေ။ ကိုယ့်ဖေဖေက သူများ တကာလိုဘုရားရှစ်ခိုးတာမတွေ့ရပေမဲ့ရင်ထဲမှာ ဘုရားတ၇ားတွေရှိနေတာပါလား။
(နောက်မှ စဉ်းစာမိတယ်။ မနေ့က titration လုပ်တုံးက duty coat မှာစင်ထားတဲ့ acid တွေကြောင့်
ပေါက်ပြဲ ကုန်တာကိုး။ )
မှားတဲ့အခါလဲ မှားပေမပေါ့။ (ဦးစံရှားကိုသတိရစွာဖြင့်)

Monday, January 25, 2016
ရင်ခုန်ခဲ့ရသောအချိန်များ
ခေါင်းစီးကြည့်ပြီး တစ်မျိုးအထင်မလွဲကြစေချင်ပါ။ အင်္ဂလိပ်စာ အလွန်ချာတဲ့ ကျမအတွက် အင်္ဂလိပ်စာ
တတ်ရတဲ့ အချိန်တွေဟာ အလွန်ရင်တုန်ပန်တုန်ဖြစ်ခဲ့ရတဲ့အချိန်တွေပါ။ အထူးသဖြင့် phonetics တို့ listening comprehension အချိန်တွေဆိုရင် ဘာတစ်လုံးမှနားမလည်ဘဲ စာမေးခံရမှာစိုးလို့ ရင်တွေ
တုန်ခါနေတဲ့အချိန်တွေပါဘဲ။ စာအမေးမခံရအောင် လူကြားထဲ မထင်ပေါ်အောင်လို့ မျက်နှာကိုဘာမှ
မချယ်သထားဘဲ အကျီ င်္ကိုလည်းအေ၇ာင်ဖျော့ဖျော့လေးဝတ် မျက်နှာကိုလည်း ခေါင်းသိပ်မငုံ့ သိပ်မမော့တဲ့ အနေအထားမှာ သတိထားနေခဲ့ပါတယ်။ အခုမှ ပြန်စဉ်းစားမိတယ်။ ဘာလို့များ အဲ့ဒီ အတန်းတွေကို စိတ်အပင်ပမ်းခံခြဲ့ပီးတက်ခဲ့ပါလိမ့် attendance အတွက် သူများကို sign ထိုးခိုင်း ရင် ရတာဘ။ဲ သြ ကိုယ့်မှာ sign ထိုးပေးမဲ့ သူငယ်ချင်းမှမရှိတာ။ ပြီးတော့ high scool ကျောင်းမှာတုံးက နှစ်စဉ်လိုလို တစ်နှစ်လုံးရက်ပျက်မရှိဘဲ အကျင့်စာရိတ္တကောင်းတဲ့ဆုတွေရနေကျမို့ကျောင်း ပြေး ရ ကောင်းမှန်းမသိခဲ့တာလဲ ပါ ပါလိမ့်မယ်။ ကြောက်ကြောက်ရွံ့ရွံ့နဲ့စာသင်ခန်း ထဲမှာထိုင်ခဲ့တဲ့အချိန် အတွင်းမှာ မှတ်မိတာတစ်ခုက ဒေါ်ခင်သီတာပါ။ ဆရာမကြီးက မြန်မာလည်းဆန်တယ်။ Modern လဲကျတယ်။
ဆံပင်အရှည်ထားပြီး ဆံပင်သန်အောင်ဝက်မှင်ဘီးနဲ့ဖြီးရကြောင်း၊သူကိုယ်တိုင်လည်းနေ့စဉ်ဖီးကြောင်း ပြောပါတယ်။ မျက်ခုန်းမွေးကိုတော့ အဲ့ဒီအချိန်က Modern ကျတဲ့သူတွေအတိုင်း အပြားကြီးကြီး ဆွဲထားပါတယ်။ တစ်နေ့တော့ သူဒေါသထွက်တဲ့အကြောင်းပြောပါတယ်။ အဖြစ်က အင်္ဂလိပ်စာ ဆရာတစ်ယောက် (နံနည်မမှတ်မိတော့ပါ။ အဲ့ဒီအချိန်ကခေတ်စားနေတဲ့ မင်းသားညွန့်ဝင်းနဲ့ဆင်ပြီး
ဆ၇ာကပို ပြီးဆတိုင်ကျပါတယ်။ stage ပေါ်မှာလမ်းလျောက်ရင်ကို အသံတွေမြည်းနေတာ။ ) ကို exercise စာအုပ်ထဲမှာ love letter ထဲ့ပေးလိုက်လို့တဲ့။ ဆရာက ဆရာမကြီးကိုတိုင်လို့ အဲ့ဒီကျောင်း သူရှိတဲ့ အခန်းကိုသွားဆဲ ခဲ့တာတဲ့။ ဒါပေမဲ့ ကျောင်းသားတွေ ဘာမှနားလည်ပုံမပေါက်ဘဲ ပါးစပ်အဟောင်း သား တွေဖြစ်နေတာနဲ့ သူ အင်္ဂလိပ်လိုဆဲခဲ့တာတွေကို မြန်မာလိုဘာသာပြန်ပေးခဲ့တယ်တဲ့ မှတ်ကရော်။
ကျမ ကတော့ အဲ့ဒီကျောင်းသူ တော်တော် အင်္ဂလိပ်စာတော်မှာဘဲလို့စဉ်းစားမိတယ်။ သူစာတော်လို့သာ
ဆရာ့ကို appreciate လုပ်နိင်တာပေါ့။ ကျမလိုသာဆို စာမေးခံရမှာကြောက်ပြီးရင်ခုန်နေရတာနဲ့အချိန်ကုန်နေတာ။
နောက်တစ်ခုက listening comprehension မှာ Henry Dunant အကြောင်းပါ။ ဘာတွေဖတ်သွား မှန်းမသိပါဘူး။ အခုမှ ကျော်ကြားတဲ့ Red Cross founder မှန်းသိတာပါ။ အင်္ဂလိပ်စာချာရုံတင်မဟုတ် general knowlege လဲ zero ဖြစ်တဲ့ကျမပါ။ ဟိုတုန်းက ကျမ စဉ်းစားမိတာက Henry ဆိုတာ လူနံမည်ဘဲ ဘာလို့ သူ ဒူးနန့်တဲ့အကြောင်းထဲ့ထဲ့ပြောနေရတာလဲ ? ကျမတို့ ဗမာကျောင်းက ဗမာ နံမည်တွေမှာ family name ဆိုတာ ရှိမှ မရှိဘဲ။
ဒီတစ်ခါတော့ နောက်ထပ်အရှက်ကွဲမှာစိုးလို့သွားမမေးခဲ့တာ အတော်မှန်သွားတယ်လို့ဆိုရပါမယ်။
နို့မို့ ဆရာ ROY လို နဖူးရိုက်ရုံမက ခွက်ထိုးခွက်လံ ရီဘဲ ရီလေမလား။ အလွန်သနားစရာကောင်းတဲ့ ကျောင်းသူ လို့ ဘဲထင်မလား။ တော်တော် ချာတဲ့ကျောင်းသူ ဘယ်လိုဆေးကျောင်းရောက်လာသလဲ လို့ဘဲတွေးနေမလား မသိပါဘူး။
သွားမမေးခဲ့လို့ထင်ပါတယ်။ ကျမ အင်္ဂလိပ်ဘာသာကို အောင်ရုံလေးအောင်ခဲ့ပါတယ်။ Supply မထိတာဘဲ ကံကေင်းတယ်လို့ဆိုရပါမယ်။

Tuesday, August 4, 2015
. " အကုသိုလ်ပြုရင် ဒုက္ခရောက်ပါစေ၊ ကုသိုလ်ပြုရင် ကောင်းကျိုးခံစားရပါစေ "
အမျိုးသမီးတစ်ယောက်ဟာ မိသားစုဝမ်းရေးအတွက် မနက်တိုင်း ဘိန်းမုန့် ဖုတ်ရောင်းပါတယ်။ မိသားစုဝင်တွေ လည်း နံနက်စာအဖြစ် ဘိန်းမုန့်ပဲ စားကြပါတယ်။ နောက်ပြီး မနက်တိုင်း မနက်တိုင်းမှာ န်းမုန့် တစ်ချပ် အပိုဖုတ်ထားပေးပြီး ပြတင်းပေါက်မှာ တင်ထားပေးပါတယ်။ သူမ အလုပ်မအားလပ်တဲ့အချိန်ရောက်လာရင် သူ့ဘာသာယူသွားနိုင်အောင်လို့ပေါ့။
သူမ သတိထားမိတာက ထိုအဖိုးကြီး မုန့်လာယူတိုင်း ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားလေးတစ်ခွန်းတောင်မပြောဘဲ မုန့်ယူပြီးပြန်ထွက်သွားတိုင်းအောက်ပါအတိုင်း
ရေရွတ်ပြောပြောသွားတယ်။
.
" အကုသိုလ်ပြုရင် ဒုက္ခရောက်ပါစေ၊ ကုသိုလ်ပြုရင် ကောင်းကျိုးခံစားရပါစေ "
.
နေ့တိုင်း နေ့တိုင်း အဖိုးကြီးမုန့်လာယူတဲ့အခါ အဲ့ဒီလို ပဲ ရွတ်ရွတ်သွားတဲ့ အတွက် မုန့်ကျွေးရတဲ့ မိန်းမကြီးလည်း ဒေါကန်လာတာပေါ့။
.
" ဟင်း . . ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတစ်လုံးတောင်မပြောဘဲ ဒီစကားတွေပဲ ထပ်ခါထပ်ခါ ရွတ်နေတယ်။ ဒါ ဘာအဓိပ္ပါယ်လဲ မသိဘူး။"
သူမတစ်ယောက်ထဲ ရေရွတ်နေမိသည်။
.
တစ်နေ့မှာတော့ စိတ်အလိုမကျမှုတွေနဲ့သောက ပွေနေရတဲ့အချိန်မှာ အလိုက်မသိတဲ့ အဖိုးကြီးကို ရှင်းပစ်ဖို့ဆုံးဖြတ်လိုက်တယ်။
.
" ဒီအဖိုးကြီးကို ရှင်းပစ်မှ နားအေးမယ် " သူမတစ်ယောက်ထဲ ရွတ်လိုက်တယ်။
.
နောက်တစ်နေ့မှာတော့ အဖိုးကြီးအတွက် သီးသန့် ပြင်ဆင်ထားတဲ့ ဘိန်းမုန့်မှာအဆိပ်ခပ်လိုက်တယ်။ အဆိပ်ခပ်ပြီး ပြတင်းပေါက်ပေါ်တင်ဖို့ ဟန်ပြင်နေစဉ်မှာ သူမရဲ့ လက်တွေ တုန်ရီလာတယ်။
.
" ငါဘာတွေ လုပ်နေပါလိမ့် "
.
သူမချက်ချင်းပဲ ဘိန်းမုန့်ကို မီးဖိုထဲ ပစ်ထည့်လိုက်ပြီး အဖိုးကြီးအတွက် အသစ်တစ်ခု ထပ်ဖုတ်ပြီး ပြတင်းပေါက်မှာ တင်ထားပေးလိုက်တယ်။
အဲ့ဒီမနက်မှာလည်း အရင်လိုပဲ အဖိုးကြီးရောက်လာပြီး ဘိန်းမုန့် ယူသွားတယ်။ ပါးစပ်ကလည်း အရင်လိုပဲ ရွတ်သွားပြန်တယ်။
.
" အကုသိုလ်ပြုရင် ဒုက္ခရောက်ပါစေ၊ ကုသိုလ်ပြုရင် ကောင်းကျိုးခံစားရပါစေ "
.
အဖိုးကြီးလည်း အမျိုးသမီးရဲ့ ကြိုတင်ကြံစည်ခဲ့မှုကို မသိရှာပဲ ဘိန်းမုန့်လေးယူပြီး ဝမ်းမြောက်စွာပြန်ထွက်သွားတယ်။
.
အဲ့ဒီညနေမှာတော့ တံခါးခေါက်သံကြားလို့ သွားဖွင့်ကြည့်လိုက်တယ်။ သူမအံသြသွားတယ်။ ပိန်လှီပြီး နံရံကိုမှီနေတဲ့ သားဖြစ်သူကို သူမတွေ့လိုက်ရတယ်။ သူ့ရဲ့ အဝတ်အစားတွေကလည်း စုတ်ပြဲနေတယ်။ ပြီးတော့ ဆာလောင်မွတ်သိပ်မှုတွေနဲ့ ချည့်နဲ့နေတယ်။
.
တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုပြီး ရပ်ဝေးတစ်နေရာကို ပိုက်ဆံသွားရှာတာ လတွေ သာကြာလာခဲ့ပေမယ့် သတင်းအစအနလေးတောင်မရခဲ့တဲ့သားလေး ခုအိမ်ရှေ့မှာ ပြန်ရောက်နေပြီ။
မနက်တိုင်းမနက်တိုင်း မှာ အဖိုးကြီးအတွက် ပြတင်းပေါက်ပေါ် ဘိန်းမုန့်တင်ပြီးတိုင်း ဒီလှူရတဲ့ ကုသိုလ်ကြောင့် အဝေးတစ်နေရာကို စီးပွားရှာသွားတဲ့ သားဖြစ်သူ အိမ်ကို ချောချောမွေ့မွေ့ပြန်ရောက်ပါစေလို့ ဆုတောင်းတာခဲ့တာကြောင့် အခု သားလေးအိမ်ပြန်ရောက်လာတာနေမှာပေါ့။
.
အိမ်ထဲကို ရောက်တယ်ဆိုရင်ပဲ သားဖြစ်သူက အမေကိုကြည့်ပြီး ပြောပြတယ်
.
" မေမေ သားဒီနေ့ဒီကိုရောက်လာတာ ဘုရားသိကြားမတာပဲ။ ဒီနေရာကနေ တစ်မိုင်လောက်အဝေးမှာ ဆာလောင်မွတ်သိပ်လွန်းလို့ သားလဲကျသွားသေးတယ်။ သား သေသွားနိုင်တဲ့ အနေအထားမှာ ခါးကုန်းကုန်း အဖိုးကြီးတစ်ယောက်ဖြတ်သွားတာတွေ့လို့ စားစရာလေးများရှိရင် နဲနဲကျွေးပါလို့ တောင်းလိုက်တော့ အဖိုးကြီးက သူ့လက်ထဲက ဘိန်းမုန့် တစ်ခုလုံးသားကိုပေးခဲ့တယ်လေ။
.
ဘိန်းမုန့်ပေးပြီး သူကပြောသေးတယ်
ဒီမုန့်ဟာ ငါနေ့တိုင်းစားတဲ့ မုန့်ပေါ့။ ဒီနေ့တော့ မင်းက ငါ့ထက် ပိုပြီး အစားစားဖို့လိုအပ်တာကြောင့် မင်းကိုပဲ ပေးပါတယ် တဲ့ "
.
သားဖြစ်သူရဲ့ စကားတွေကြားလိုက်ရချိန်မှာ အမေဖြစ်သူ မျက်နှာ မှာ လဲကျမတတ် ဝမ်းနည်းညှိုးရော်သွားတယ်။ အိမ်နံရံလေးကို အမှီပြုရင်း မနက်က သူမ အဆိပ်ခပ်ဖို့ ကြိုးစားတာကို ပြန်သတိရလာတယ်။ အဲ့ဒီအဆိပ်ခပ်ထားတဲ့ ဘိန်းမုန့်သာ မီးဖိုထဲ မပစ်လိုက်မိရင် သူမရဲ့ သားကို သူမကိုတိုင် သတ်မိမှာပါလားလို့ နောင်တတွေရလာတယ်။
အဖိုးကြီးပြောသွားတဲ့ စကားလုံးတွေရဲ့ အဓိပ္ပါယ်ကို ခုတော့ သူမ ကောင်းကောင်း နားလည်သဘောပေါက်သွားပါပြီ။
.
" အကုသိုလ်ပြုရင် ဒုက္ခရောက်ပါစေ၊ ကုသိုလ်ပြုရင် ကောင်းကျိုးခံစားရပါစေ "
.
ဒါကြောင့် ကောင်းမှုကုသိုလ် လုပ်ပြီဆိုရင် ဦးတည်ချက်ခိုင်ခိုင်မာမာနဲ့ မကွက်မစောင်းဘဲ ဆက်လုပ်သွားပါ။
ဒီနေ့ အကျိုးမပေးရင် နောက်နေ့ အကျိုးပေးပါလိမ့်မယ်။
နောက်နေ့ အကျိုးမပေးရင် နောင်ဘဝတွင် အကျိုးပေးပါလိမ့်မယ်။
.
မူရင်း။ leypyay
Monday, August 3, 2015
မပြောမရှိပါနဲ့  အထူးသတိထားကြပါ
မပြောမရှိပါနဲ့  အထူးသတိထားကြပါ
--------------------------------------------------
--------------------------------------------------
အကုသိုလ် အကျိုးပေးချိန်တန်ရင်
ပြောင်းပြန်မြင်တယ်လို့  ကျွန်တော် ပြောခဲ့
ဘူးပါတယ် လူ့ လောက လူ့ အသိုင်းအဝိုင်
မှာ သာမန်လူတယောက်ရဲ့ ဦးနှောက်နဲ့ 
လက်ခံလို့ မရတဲ့ အကြောင်းအရာတွေ
ပေါ်ပေါက်နေပြီဆိုရင် အဲဒါ အကုသိုလ်
အကျိုးပေးတော့မယ်ဆိုတာ သတိထားကြပါ
်

ဥပမာပြောရ ရင်
သံဃာတော်တွေကို ဆဲဆိုနေတာတွေ
ကိုယ့်သမီးအရင်းကို မုဒိန်းကျင့်တာတွေ
ငါးနှစ်ခြောက်နှစ်ကလေးတွေကို
မုဒိန်းကျင့်တာတွေ
မုဒိန်းကျင့်တာတွေ
ကိုယ့်မိဘ ကိုပြန်သတ်တာတွေ
လူသားစားတာတွေ ခွေးသားစားတာတွေ
ဆင်းရဲသားတွေကိုမညှာမတာ ရက်ရက်
စက်စက်တုန့် ပြန်တာတွေ
စက်စက်တုန့် ပြန်တာတွေ
အမြင်မတူတဲ့သူတွေဟာ တဘက်နဲ့ တဘက် မုန်းတီးစိတ်ပြင်းထန်နေတာတွေ
ငြိမ်းချမ်းဖို့ ကြိုးစားနေပေမဲ့ မငြိမ်းချမ်းပဲ
ပိုပိုပြီးဆိုးလာတာတွေ
ပိုပိုပြီးဆိုးလာတာတွေ
ဗုဒ္ဓဆင်းတုတော်တွေကို ကိုယ်ထိလက်
ရောက်စော်ကားနေကြတာတွေ
ရောက်စော်ကားနေကြတာတွေ
ဒါတွေအားလုံးဟာ
ပျက်စီးတော့မှာမို့  ပြောင်းပြန်မြင်နေကြ
တာတွေပါပဲ
ပျက်စီးတော့မှာမို့  ပြောင်းပြန်မြင်နေကြ
တာတွေပါပဲ
ဒီအချိန်မှာ
အပြောအဆို အနေအထိုင် အသွားအလာ
အကုန်လုံးကို စဉ်းစားချင့်ချိန်ပြီးမှ
လုပ်ရမဲ့အချိန်ပါပဲ
အပြောအဆို အနေအထိုင် အသွားအလာ
အကုန်လုံးကို စဉ်းစားချင့်ချိန်ပြီးမှ
လုပ်ရမဲ့အချိန်ပါပဲ
စကားတခွန်းကြောင့် ဘေးတွေ့ နိုင်သလို
အသွားအလာ အနေအထိုင်ကြောင့်လည်း
ဘေးတွေ့ နိုင်တာပါပဲ
ဘေးတွေ့ နိုင်တာပါပဲ
တသံသရာလုံးက ပြု လုပ်ခဲ့ကြတဲ့
မကောင်းမှူ့ တွေ
အကျိုးပေးတော့မဲ့ အချိန်လို့ 
ဘုရားရှင်ဟောထားပါတယ်
မကောင်းမှူ့ တွေ
အကျိုးပေးတော့မဲ့ အချိန်လို့ 
ဘုရားရှင်ဟောထားပါတယ်
ကိုယ်က ကောင်းအောင်နေတာတောင်
ကိုယ့်ပတ်ဝန်းကျင်ကလူတွေရဲ့
အကုသိုလ်ကြောင့် ကိုယ်ပါ ပျက်စီးတက်
ပါတယ်
ကိုယ့်ပတ်ဝန်းကျင်ကလူတွေရဲ့
အကုသိုလ်ကြောင့် ကိုယ်ပါ ပျက်စီးတက်
ပါတယ်
တဦးနဲ့ တဦး တဘက်နဲ့ တဘက်
ဆန့် ကျင်ဘက်တွေပဲ
မြင်ကြတော့မှာပါ
ဆန့် ကျင်ဘက်တွေပဲ
မြင်ကြတော့မှာပါ
လူတိုင်းကို ဒေါသထွက်စေမဲ့
အကြောင်းတရားတွေ အများကြီး
လာဦးမှာပါ
အကြောင်းတရားတွေ အများကြီး
လာဦးမှာပါ
အကုသိုလ် ကြီးတဲ့သူတွေက
ပတ်ဝန်းကျင်ကို ဖျက်စီးတော့မဲ့အချိန် ပါ
ပတ်ဝန်းကျင်ကို ဖျက်စီးတော့မဲ့အချိန် ပါ
မဖြစ်သင့်တာတွေ ဖြစ်တော့မှာ
မကြားသင့်တာတွေ ကြားတော့မှာ
မကြားသင့်တာတွေ ကြားတော့မှာ
အစုလိုက် အပြုံ လိုက် ပျက်စီးတက်ပါတယ်
ဓမ္မမိတ်ဆွေများ
အစစအရာရာ ဂရုစိုက်ကြပါလို့ 
အစစအရာရာ ဂရုစိုက်ကြပါလို့ 
စေတနာမေတ္တာဖြင့်
သတိပေးပါရစေ
သတိပေးပါရစေ
အထူးဂရုစိုက်ကြပါ
ဗုဒ္ဓသာသနာတော်ကြီး
တကြော့ပြန်ထွန်းကားဖို့ အတွက်
တကြော့ပြန်ထွန်းကားဖို့ အတွက်
မကောင်းတဲ့သူတွေ ပျက်စီးတဲ့ခေတ်ကို
ရောက်နေပြီ
ရောက်နေပြီ
သူတို့ နဲ့  ရောပြီး မပါအောင်ကြိုးစားကြပါ
လို့  အထူးသတိပေးပါရစေ
လို့  အထူးသတိပေးပါရစေ
အဲဒီအကုသိုလ်တွေမပေးနိုင်အောင်
မိမိတို့ စွမ်းနိုင်သမျှ
ဘုရားတရားအလုပ်ကို ပိုလုပ်ကြပါ
မိမိတို့ စွမ်းနိုင်သမျှ
ဘုရားတရားအလုပ်ကို ပိုလုပ်ကြပါ
ဒိပြင် အခြားနည်းမရှိပါဘူး
Sunday, August 2, 2015
ဆင်ခြင်ဥာဏ်တရားရှိကြပါ
Than Lwin added 2 new photos — with KhinAye Win and 48 others.
ဆင်ခြင်ဥာဏ်တရားရှိကြပါ
မြန်မာပြည်သူ/သားတွေ
ဆင်ခြင်ဥာဏ်ရှိကြပါ
အခုရေကြီးသတင်းများကိုအင်တာနက်အနှံ့ပြန့်နှံ့နေတာဟာ
ကောင်းတာလည်းရှိသလို
ဆိုးကျိုးကိုလည်းပေးစေပါတယ်
တချို့သတင်းအမှန်တင်သလို
တချို့လိုတာထက်ပိုတင်နေကြပါတယ်
ခုလူတွေဘာဖြစ်နေကြပါသလဲ
စိုးရိမ်ကြောင့်ကျတွေများနေကြပါပြီ
တစ်နိုင်ငံလုံးပျက်စီးတော့မယောင်
ဒီအချက်ကိုအသုံးချလို့ဝိသမလောဘသားတွေစီးပွါးရှာကြလေပြီ
ထမင်းငတ်မှာစိုးလို့
ဆန် ဆီ ရိက္ခာအဖြာဖြာကိုသူသူငါငါလုရက်ဝယ်ဖြည့်နေတာကြောင့်
အခုအခြေနေမှန်မဟုတ်တဲ့ကုန်ဈေးနှုန်းတွေခုန်တက်နေတယ်
ဒါမဖြစ်သင့်ပါဘူး
အောက်ကမြေပုံကိုကြည့်ပါ
မျှားလမ်းကြောင်းကမုန်တိုင်းဝင်ရာလမ်းကြောင်းပါ
ရခိုင် ချင်း နဲ့အစပ် ဘင်္ဂလားဒေ့ရှ် ကိုပါ
မုန်တိုင်းကဝင်သွားပြီးပါပြီ
သို့သော်
မုန်တိုင်းမဝင်ခင်ဘင်္ဂလားပင်လယ်အတွင်းစတင်ဖြစ်ပေါ်ချိန်မှစ၍
ရာသီဥတုသဘောအရ
မုန်တိုင်းအရှိန်ကြောင့်မိုးရွာသွန်းရပါသည်
ထိုမိုးဟာ
မုန်တိုင်းမပျက်မပြယ်မချင်းရွာသွန်းရသည်
ဘယ်နေရာရွာရမလဲ?
မုန်တိုင်းလမ်းကြောင်းတစ်လျောက်ပတ်ဝန်းကျင်ဒေသအားလုံးမှာရွာရပါတယ်
ဒါကြောင့်
မြေပုံအရ
ရခိုင် ချင်း စစ်ကိုင်း စသည့်ဒေသများ၌မိုးများရ၏
ထို့ကြောင့်
ဤရခိုင် ချင်း စစ်ကိုင်းတိုင်း တို့၌ရေကြီးရေလျှံရလေ၏
ခုအခါ
မုန်တိုင်းလည်းဘင်္ဂလားဒေ့ရှ်ကိုဝင်သွားပြီးပါပီ
ကျန်တာကတော့
မိုးတွင်းသဘာဝမုတ်သုန်လေအလျှောက်မိုးရွာနေအုံးမှာပါ
ပြောလိုတာက
ဒီရေဘေးဟာအခိုက်အတံ့အနေဖြင့်ဖြစ်ပေါ်ရမှာပါ
ဒါကြောက်စရာမဟုတ်ဘူးလားဆိုတော့
အထိုက်အလျှောက်ကြောက်ရပါမည်
လိုတာထက်ပိုပြီးကြောက်ကြလေတော့
တစ်နိုင်ငံလုံးစားရိက္ခာတွေအလုအယက်ဝယ်တာကော
ရေဘေးလှူဖို့အဖွဲ့အစည်းတွေကရသမျှပစ္စည်းလုယက်ဝယ်နေကြတာကြောင့်
ကုန်ဈေးနှုန်းတွေဟာမဖြစ်သင့်ဘဲတက်ရချေပြီ
သတိထားဆင်ခြင်ကြပါ
ဟိုတစ်ခါ
ဂီရိမုန်တိုင်းရခိုင်ကျောက်ဖြူကိုဝင်စဉ်အခါကလည်း
ပုံပါအတိုင်းမြန်မာပြည်အထက်ပိုင်းနဲ့အလယ်ပိုင်းကိုဖြတ်ဝင်မှာကိုသေချာမသိပါသဖြင့်
မြန်မာပြည်အောက်ပိုင်းကလူအများဟာရေဒီယိုမုန်တိုင်းသတင်းအကြားနဲ
မိမိတို့ဒေသများကိုအခုပဲမုန်တိုင်းဝင်တော့မယောင်
ကြောက်လန့်ကြပြီးဆိုင်သိမ်းပစ္စည်းသိမ်းအဖြစ်တွေဖြစ်ကုန်တာတွေ့ရပါတယ်
မိမိနိုင်ငံပထဝီမြေပုံလေးတော့သိအောင်နားလည်အောင်လေ့လာထားသင့်ပါတယ်
ဒါမှ
စိုးရိမ်ကြောင့်ကျစိတ်ဖြစ်ပေါ်ရခြင်းဟာဖြစ်သင့်မဖြစ်သင့်
ဆင်ခြင်နိုင်မှာဖြစ်ပါတယ်
စိတ်မဆိုးကြပါနဲ့
ခုဆိုတစ်တိုင်းပြည်လုံးစိုးရိမ်သောကတွေမဖြစ်စေချင်လို့ပါ
မဖြစ်သင့်သောဝိသမလောဘသားတွေရဲ့ရန်ကလည်းကာကွယ်နိုင်စေဖို့ပါခင်ဗျာ
ခုပိတ်ရက်ကြီး
ဖုန်းနဲ့လှမ်းမေးနေကြပါပြီ
ရက်ကွက်ထဲမှာဆန်ဈေးတွေတက်ကုန်လို့ပါတဲ့
ပြောနိုင်တာကတော့
အခုလပြည့်နေ့အထိဆန်ဈေးဟာလုံးဝအငြိမ်ပါ
အေး………အခုမဟုတ်မဟတ်တွေတွေးပြီး
ဆင်ခြင်တုန်တရားနဲရင်တော့
သေချာပါတယ်
မတက်သင့်သောဈေးတွေတက်ကုန်ပါလိမ့်မယ်လို့ဗျာ……………
Saturday, August 1, 2015
ပုဂံဒေသရှိ စွယ်တော်လေးဆူ
YoYarLay added 4 new photos — with Cho Cho Thet and 6 others.
ပုဂံဒေသရှိ စွယ်တော်လေးဆူ
ပုဂံဒေသတွင် အနော်ရထာမင်းလက်ထက်က ဗုဒ္ဓမြတ်စွယ်တော်ပွားကို တည်ထားကိုးကွယ်သည့် စေတီလေးဆူရှိပါတယ်။ ထိုစေတီလေးဆူကတော့ - ရွှေစည်းခုံစေတီတော်၊ တန့်ကြည့်တောင်စေတီတော်၊ လောကနန္ဒာစေတီတော် နှင့် တုရင်းတောင်စေတီတော် တို့ ဖြစ်ပါတယ်။ စွယ်တော်လေးဆူစလုံးအား တစ်နေ့တာအတွင်း လှူဖွယ်ပစ္စည်း အညီအမျှ ကပ်လှူပူဇော်ပြီး တူညီသောဆုကို တောင်းလျင် ပြည့်ဝမည်ဟု ယုံကြည်ကြပါတယ်။ ထို့ကြောင့်စာဖတ်သူတို့အနေဖြင့် စာရေးသူ၏ ပုဂံစွယ်တော်လေးဆူ ခရီးစဉ်နှင့် ထပ်တူကုသိုလ်ရကြပြီး လိုအင်ဆန္ဒ ပြည့်ဝနိုင်ကြပါစေ။
ရွှေစည်းခုံစေတီတော်။ ။ သီရိလင်္ကာနိုင်ငံမှ ပထမဝိဇယဗာဟုမင်းကြီးသည် အနော်ရထာမင်းအား ရဟန်းသံဃာတော်များ၊ ပိဋကတ်သုံးပုံနှင့် ဆင်ဖြူတော်တစ်စီး အကူအညီတောင်ခံခဲ့သည်။ အနော်ရထာမင်းမှ ကူညီသဖြင့် ဗုဒ္ဓမြတ်စွယ်တော်အစစ်မှ ပွားထားသော စွယ်တော်ပွားအား အနော်ရထာမင်းအား ဓမ္မလက်ဆောင် ပြန်ပေးခဲ့သည်။ ညောင်ဦးမြို့မှ အနောက်တောင်ဖက်ရှိ ဧရာဝတီမြစ်ကမ်းနဖူးတွင် သိရိလင်္ကာမှ စွယ်တော်ပွားအား ဌာပနာပြီး ဥာဏ်တော် ၁၆၀ပေ၊ ဖိနပ်တော်အကျယ် ၁၆၀ပေ ရှိသော ရွှေစည်းခုံစေတီကို တည်ထားကိုးကွယ်သည်။ အနော်ရထာမင်းလက်ထက်တွင် စတည်သော ရွှေစည်းခုံစေတီမှာ ကျန်စစ်သားမင်းလက်ထက်တွင် ပြီးဆုံးအောင် တည်ထားနိုင်ခဲ့သည်။
တန့်ကြည့်တောင်စေတီတော်။ ။ အနော်ရထာမင်းသည် သီရိလင်္ကာမှ ပထမဝိဇယဗာဟုမင်းမှ ပေးပို့သော စွယ်တော်ပွားကို ပြန်လည်ပွားထားလိုက်သည်။ ပြီးနောက် အသာကမင်း တည်ထားခဲ့သော တန့်ကြည့်တောင်ပေါ်ရှိစေတီထဲတွင် ထပ်မံပွားထားသော စွယ်တော်ပွားတစ်ဆူအား ဌာပနာပြီး ပြန်လည်ပြုပြင်မွမ်းမံပြင်ဆင်ခဲ့သည်။
လောကနန္ဒာစေတီတော်။ ။ အနော်ရထာမင်းသည် လောကနန္ဒာသင်္ဘောဆိပ်အနီးရှိ ကုန်မြင့်ပေါ်တွင် ဒုတိယစွယ်တော်ပွားအား ဌာပနာပြီး ပျူ-မြန်မာ ဗိသုကာလက်ရာများကို ပေါင်းစပ်ပြီး လောကနန္ဒာစေတီကို တည်ထားခဲ့သည်။
တုရင်းတောင်စေတီတော်။ ။ တုရင်းတောင်သည် ပုဂံ၏ အရှေ့တောင်ဘက် ခြောက်မိုင်ခန့် အကွာတွင်ရှိပြီး ပုဂံမြို့ပြ၏ နယ်နိမိတ်အစလည်းဖြစ်သည်။ သက္ကရာဇ် ၄၂၁ခုနှစ်တွင် အနော်ရထာမင်းသည် ဆင်ဖြူတော်ပေါ်တွင် တတိယစွယ်တော်ပွားအားတင်ပြီး အဓိဌာန်ပြုပြီး လွှတ်လိုက်တယ်။ တုရင်းတောင်အရောက်တွင် ဆင်ဖြူတော်မှာ တုံ့ဝပ်လိုက်သဖြင့် ထိုတောင်ပေါ်တွင် စွယ်တော်ပွားအား ဌာပနာပြီး တုရင်းတောင်စေတီကို တည်ထားကိုးကွယ်သည်။
Subscribe to:
Posts (Atom)