:include data='blog' name='google-analytics'/>

Saturday, November 29, 2014

အဖု၊ အကြိတ်၊ အသားသီးများအတွက် သဘာဝဆေးနည်းများ

အရေပြားပေါ်မှ အသားသီးများကို အောက်ပါ သဘာဝဆေးနည်းများဖြင့် ပျောက်ကင်းအောင် ကုသနိုင်ကြပါတယ်။
...
ဆေးနည်း (၁) ကြက်ဆူဆီ
၁။ ကြက်ဆူဆီကို မုန့်ဖုတ်သည့် ဆော်ဒါရည်အနည်းငယ်နှင့် ရောစပ်ကာ ခပ်ပျစ်ပျစ်လေး အနှစ်ရအောင် ရောသမမွှေပါ။
၂။ သံပုရာဆီအနည်းငယ် ထည့်၍ ရောမွှေပါ။
၃။ ၄င်းဆေးအနှစ်ကို အသားသီး၊ အဖု၊ အကြိတ်ပေါ်ကို သုတ်လိမ်း၍ အ၀တ်ပါးပါးဖြင့် စည်းထားပါ။
အနည်းငယ် စပ်ဖျင်းဖျင်းလေး ခံစားရမည်။ စိုးရိမ်စရာမလိုပါ။ ၃ ပတ်မှ ၄ ပတ်ခန့်ထိ နေ့စဉ် လိမ်းပေးပါက အဖုအကြိတ်နှင့် အသားသီးများ ပျောက်ကွယ်သွားမည်။

ဆေးနည်း (၂) ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည်ကို ဂွမ်းစဖြင့် အနည်းငယ်ဆွတ်ပြီး အသားသီးပေါ်ကို တိုက်ရိုက်သုတ်လိမ်းပေးပါ။ ဆေးလိမ်းပြီး ၃ မိနစ်ခန့်အကြာမှာ စပ်ဖျင်းဖျင်း ဖြစ်လာမည်။ ခဏနဲ့ ပြန်ပျောက်ပါမည်။ ၃ ပတ်ခန့် နေ့စဉ် လိမ်းပေးပါက အသားသီးများ အမြစ်ပြတ် ပျောက်ကွယ်သွားပါမည်။

ဆေးနည်း (၃) လက်ဖက်ဆီ
လက်ဖက်ပင်မှ ဆီကို ၀ါဂွမ်းဖြင့် ဆွတ်ယူပြီး အသားသီးပေါ်ကို လိမ်းပေးပါ။ တစ်နေ့ကို ၂ ကြိမ်နဲ့ ၃ ပတ်ခန့် လိမ်းပေးပါက အသားသီးများ ပျောက်ကင်းသွားပါမည်။
စောနွဲ့နေဆိုင် (ပူတာအို)
ကိုးကား ။ ။ ရိုးရာဆေးမြီးတိုများနှင့် Good Health
ကျန်းမာရေးသတင်းများ
မူရင်းလင့် = www.facebook.com/pages/ကျန်းမာရေးသတင်းများ/231741783686751
See More

Tuesday, November 25, 2014

ခရမ်းသီးမှ ပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

ခရမ်းသီးမှ ပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ
ခရမ်းသီးဟာဆိုရင် သင်းချက်ရာတွင် အသုံးပြုတဲ့ အသီးအနှံ များထဲမှ တစ်မျိုးဖြစ်ပါတယ်။ ခရမ်းသီးဟာ လူတွေအတွက် ကျန်းမာရေး ကောင်းကျိုး များစွာ ပေးကြောင်း သိရပါတယ်။ ခရမ်းသီးမှ ရရှိတဲ့ ကျန်းမာရေး ကောင်းကျိုးတွေကတော့
(၁) ကိုလက်စရောဓာတ်ကို လျော့ကျပေးပါတယ်။

(၂) နှလုံးရောဂါ ရှိသူများ စားသင့်ပါတယ်။
(၃) ဝမ်းဗိုက်အတွင်းမှာ ဖြစ်တဲ့ အနာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
(၄) အာရုံကြော ရောဂါများအတွက် ကောင်းမွန်ပါတယ်။
(၅) ကူးစက်ရောဂါများ အတွက်လည်း ကောင်းမွန်ပါတယ်။
(၆) ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်နိုင်စွမ်း ရှိပါတယ်။
(၇) မှတ်ဥာဏ်ကောင်းစေ ပါတယ်။
(၈) သွေးများကို သန့်ရှင်း စင်ကြယ်စေပါတယ်။
 
Friday, November 21, 2014

ခါးနာသက်သာစေမည့် သဘာဝကုထုံး

ခါးနာသက်သာစေမည့် သဘာဝကုထုံး
----------------------------------------------
အထိုင်များ၍သော်၎င်း၊ အားကစားတစ်ခုခုကြောင့်သော်၎င်း ခါးနာနေလျှင် အောက်ပါ သဘာဝကုထုံးနည်...းဖြင့် သက်သာအောင် ကုသနိုင်ကြပါတယ်။
အဲဒီနည်းကတော့ သင်္ဘောရွက်ဖြင့် ကုသတဲ့နည်း ဖြစ်ပါတယ်။
ညမအိပ်ခင် သင်္ဘောရွက် လတ်လတ်ဆတ်ဆတ်နဲ့ ခပ်သန့်သန့်လေးကို တစ်ရွက် ခူးယူပြီး အကျီ င်္အတွင်း နာနေတဲ့ ခါးပေါ်ကို ကပ်ထားပြီး ပက်လက်လန်ပြီး အိပ်ပါ။
ခန္ဓာကိုယ်မှ အပူများကို သင်္ဘောရွက်မှ သဘာဝဓါတ်သဘောဖြင့် စုပ်ယူပေးပါည်။ ပူရှိန်းရှိန်းလေး ခံစားရပါမည်။ ခါးနာသက်သာတဲ့အထိ တစ်ပတ် ၁၀ ရက်ခန့် ညစဉ် လုပ်ပေးနိုင်ပါတယ်။
မနက်အိပ်ယာထတဲ့အချိန် ရေတစ်ခွက်သောက်ပြီးလျှင် နောက်ဖေးမ၀င်မီ ခါးနာသက်သာစေမည့် လေ့ကျင့်ခန်းကို အရင်လုပ်ပေးပါ။
လုပ်ရမယ့် လေ့ကျင့်ခန်းကတော့ ပုံထဲမှာ ပြထားပေးတဲ့အတိုင်း တည့်တည့် မတ်သပ်ရပ်ပြီး ခါးကို ရှေ့သို့ အနည်းငယ် ကိုင်းပြီးလျှင် ခါးကို အားပြုပြီး ဖြေးဖြေးချင်းစီ စကောဝိုင်းသလိုမျိုး ဘယ်ပြန်ညာပြန် ၁၀ ကြိမ်ခန့် လှည့်ပေးပါ။
ဒီလိုလေ့ကျင့်ခန်းကို လုပ်ပေးခြင်းအားဖြင့် ခါးရိုးခါးဆစ်မှ အပူများထွက်သွားပြီး အကျောများလည်း ပွင့်သွားသလို အညောင်းအညာများလည်း ပြေသွားစေပါတယ်။
ညနေပိုင်း ရေချိုးခါနီးမှာလည်း နောက်တစ်ကြိမ် လေ့ကျင့်ပေးနိုင်ပါတယ်။ တစ်နေ့ကို ၂ ကြိမ်ခန့် ပြုလုပ်နိုင်ပါတယ်။
သတိပြုရန်။ ။ ခါးလှည့်သည့်အခါ ဖြေးညှင်းစွာ လှည့်ရပါမည်။ ခွန်အားထည့်ပြီး အလျှင်အမြန်လုပ်ပါက အခန့်မသင့်လျှင် ပိုနာသွားတတ်ပါသည်။
လူသားတိုင်း ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။
စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား ။ ။ ၁။ မြန်မာ့ဆေးကျမ်း ၂။ How to cure for waist.
ကျန်းမာရေးသတင်းများ
မူရင်း = www.facebook.com/pages/ကျန်းမာရေးသတင်းများ/231741783686751

Wednesday, November 19, 2014

သင်္ဘောသီးမှည့်၏ ကောင်းကျိုးများ

သင်္ဘောသီးမှည့်၏ ကောင်းကျိုးများ
သင်္ဘောသီး မှည့်ဟာ ချိုသော အရသာရှိပြီး လူတိုင်းနီးပါး ကြိုက်နှစ်သက် လိမ့်မယ်လို့ ထင်ပါတယ်။ သင်္ဘောသီးမှည့်ကို စားလျှင် ရရှိနိုင်သော အကျိုးကျေးဇူး တွေကတော့-
(၁) အသားအရေကို လှပါစေပါတယ်။...
(၂) ကိုယ်လေးချိန်ကို လျော့ချပေးနိုင်ပါတယ်။
(၃) ဝက်ခြံများကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။
(၄) ဝမ်းကို ပျော့စေပါတယ်။
(၅) တုပ်ကွေးမိနေချိန် (သို့) အဖျားရှိနေချိန် စားပါက ရောဂါကို ပျောက်ကင်းစေနိုင် ပါတယ်။
(၆) ကိုယ်ခံအား ကျဆင်းမှုကိုလည်း တာဆီးပေးပါတယ်။
(၇) အူမကြီးကင်ဆာ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
(၈) ချောင်းဆိုးရောဂါ၊ အဆုတ်ရောဂါ၊ တီဘီ ရောဂါများ အတွက်လည်း ကောင်းမွန်ပါတယ်။

အထူးသဖြင့် သင်္ဘောသီးမှည့်ကို အမျိုးသမီးများ ပို၍ စားသင့်ပါတယ်။ နေ့တိုင်း မစာနိုင်ဘူး ဆိုရင်တောင် အနည်းဆုံး တစ်ပတ်တစ်ခါ စားသုံးရုံဖြင့် အထက်ပါ ရောများကို ကာကွယ်ပေးနိုင် ပါလိမ့်မယ်။
ကျော်လင်းနိုင်
BY ရိုးရာလေး

Tuesday, November 18, 2014

ကင်ဆာဖြစ်စေသည် ဆဲလ်များကို တိုက်ဖျက်သည့် အသီးအနှံများ

ကင်ဆာဖြစ်စေသည် ဆဲလ်များကို တိုက်ဖျက်သည့် အသီးအနှံများ
၁။ ခရမ်းသီး
၂။ ကြက်ဟင်းခါးသီး
၃။ ကန်စွန်းဥ
၎။ ဖရုံသီး
၅။ မုန်လာဥ
၆။ ကီဝီသီး
၇။ ပင်လယ်ရေမှော်
၈။ ဂျုံ
အထပ်ဖော်ပြပါ အသီးအနှံ ၈ မျိုးကို ပုံမှန်စားသုံးခြင်းဖြင့် ကင်ဆာမဖြစ်စေဖို့ တားမြစ် ပေးပါတယ်။
Credit - Aung Kham (ရိုးရာလေး)

Sunday, November 16, 2014

ငါးမျက်စိနာအတွက် မရိုးပင်

ငါးမျက်စိနာကို အင်္ဂလိပ်လို Corn လို့ ခေါ်ကြပါတယ်။ ခြေထောက်မှာ ပေါက်တာ များပါတယ်။ အသားမာတက်လာပြီး အလိုလိုဖြစ်လာတဲ့ သဘောပါ။ ကြွက်နို့နှင့် အနည်းငယ် ဆင်တူပါတယ်။ ရောဂါကြီးကြီးမားမားတော့ မဟုတ်ပါ။ ဒါပေမယ့် ကူးစက်လွယ်ကူပါတယ်။
...
ငါးမျက်စိဖြစ်ပြီး ကြာလာလျှင် နာလာပါတယ်။ ထိမိတိုင်း၊ ဖိမိတိုင်း နာကျင်စွာ ခံစားရပါတယ်။ ဒါကြောင့် ပျောက်အောင်ကုသလျှင် အကောင်းဆုံးပါ။
ငါးမျက်စိနာပျောက်စေတဲ့ အနောက်တိုင်းထုတ် သောက်ဆေး၊ ထိုးဆေးအချို့ကို ဘေးထွက်ဆိုးကျိုးများကြောင့် ကျန်းမာရေးအဖွဲ့များမှ တားမြစ်ထားပါတယ်။
ငါးမျက်စိနာအတွက် သဘာဝနည်းဖြင့် အလွယ်တကူ ကုသလိုပါက မိမိအနားမှာ အလွယ်တကူ ရရှိနိုင်သည့် မုရိုးပင် (မရိုးပင်၊ ငဖြူကြီးပင် - ပုံထဲမှာ ပြပေးထားသည့်အပင်) ဖြင့် ကုသနိုင်ပါတယ်။
ကုသနည်း
မရိုးပင်ကို၏ အရွက်နှင့် အကိုင်းတို့ကို ချိုးလိုက်ပါက အစေးဖြူဖြူလေးတွေ ထွက်လာပါမယ်။
၎င်းအစေးဖြင့် ငါးမျက်စိပေါ်ကို တို့လိမ်းပေးပါ။
တစ်နေ့ကို (၃) ကြိမ်ခန့် တို့ပေးပါ။ (၅) ရက်၊ တစ်ပတ်ဆိုလျှင် ငါးမျက်စိနာ တဖြေးဖြေး ခြောက်သွေ့သွားပြီး ပျောက်ကင်းသွားပါလိမ့်မည်။
လူသားတိုင်း ကိုယ်စိတ်နှစ်ကျန်းမာချမ်းသာကြပါစေ။
ဦးစောနွဲ့နေဆိုင် (ပူတာအို)
ကိုးကား ။ ။ ရိုးရာဆေးမြီးတိုများ
ကျန်းမာရေးသတင်းများ
မူရင်းလင့် = www.facebook.com/pages/ကျန်းမာရေးသတင်းများ/231741783686751
 
Saturday, November 15, 2014

မိန်းကလေးများ သတိပြု ဖတ်သင့် မှတ်သင့်သော အချက်များ

မိန်းကလေးများ သတိပြု ဖတ်သင့် မှတ်သင့်သော အချက်များ

22.4.2013

၁။ ။ ညအချိန်မှာ ဓါတ်လှေကားနဲ့ အထပ်မြင့် အဆောက်အဦကို လူစိမ်းယောကျာ်း တစ်ဦးနဲ့   နှစ်ယောက်တည်း တူတူတက်ရဖို့ အခြေအနေကြုံလာခဲ့မယ်ဆိုရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ဓါတ်လှေကားထဲကို ဝင်လိုက်ပါ... ပြီးရင် ကိုယ်သွားရမယ့် အထပ်ထိ အထပ်တိုင်းရဲ့ ခလုတ်ကို အကုန်နှိပ်လိုက်ပါ... ဥပမာ ကိုယ်သွား ရမယ့်အထ ပ်က ၉ လွှာဆိုရင် ၁ကနေ ၉ အထိ အကုန်နှိပ်ထားလိုက်ပါ... အထပ်တိုင်းမှာ ရပ်မယ့် ပွင့်မယ့် ဓါတ်လှေကားထဲမှာ သင့်ကိုဘယ်သူကမှ တစုံတရာ ထိခိုက်အောင် ပြုလုပ်ရဲမှာ မဟုတ်ပါဘူး....

၂။ ။ မိမိတစ်ယောက်တည်း အိမ်မှာ ရှိနေစဉ် လူစိမ်းတစ်ဦးဝင်လာပြီး ကိုယ့်ကို တစုံတရာ ဒုက္ခပေးဖို့ ဝင်လာခဲ့မယ်ဆိုရင်...

ကျွမ်းကျင်သူများရဲ့ အဆိုအရ မီးဖိုထဲကိုပြေးပါ... ဘာလို့လဲဆိုတော့ ငြုတ်သီးမှုန့် ဘယ်မှာထား တယ်... ဓါးကဘယ်နေရာမှာ ထားတယ်ဆိုတာကို သင်က လူစိမ်းထက်ပိုသိလို့ပါပဲ... ဒီပစ္စည်းတွေ က လူတစ်ယောက်ကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်တဲ့ လက်နက်တွေ ဖြစ် တဲ့အတွက် မိမိ ကိုယ်ကို ခုခံနိုင်အောင် အခွင့်အရေးများစွာ ရစေမှာ ဖြစ်လို့ပါပဲ... ဒါမှမဟုတ် အိုးခွက်ပန်းကန်တွေနဲ့ ပစ်ပေါက်ပြီး အော်ဟစ်အကူအညီတောင်းဖို့ အချိန်တစ်ခု ရစေနိုင်ပါတယ်... သင့်ရဲ့အော်ဟစ် အကူအညီတောင်းသံဟာ ခိုးကြောင်ခိုးဝှက်ဝင်လာသူ ဒုစရိုက်သားတွေ အတွက် အကြောက်ဆုံးအရာ တစ်ခုဆိုတာ မမေ့ပါနဲ့...

၃။ ။ ညအချိန်မတော် တစ်ယောက်တည်း Taxi စီးရဖို့ ဖြစ်လာခဲ့ရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ကားထဲကို မဝင်ခင် ကားနံပတ်ကို မှတ်သား ထားပါ... ပြီးရင် ကိုယ့်ရဲ့မိသားစု ဒါမှမဟုတ် သူငယ်ချင်း တစ်ဦးဆီကို ဖုန်းဆက်ပြီး မိမိ ဘယ်ကား နံပတ်၊ ဘာကားအရောင်နဲ့ ဘယ်အချိန် ဘယ်နေရာကနေ Taxi စီးလာပြီ ဖြစ်ကြောင်း ကားဒရိုင်ဘာ နားလည်တဲ့ ဘာသာစကားနဲ့ ဖုန်းပြောပါ... တကယ်လို့ ဘယ်သူ့ကိုမှ ဖုန်းခေါ်လို့ မရလည်း ဖုန်းဆက်လို့ ရတဲ့ ပုံစံနဲ့ ဟန်ဆောင် ပြောပါ... ကားဒရိုင်ဘာဟာ သူ့ရဲ့ အချက်အ လက်တွေ ကို နောက် ထပ်သိတဲ့ လူတစ်ဦးဦးရှိနေကြောင်း သိနေတဲ့အတွက် မကောင်းမှု တစုံတခု လုပ်ဖို့ အတော် ဝန်လေးသွားပါလိမ့်မယ်... သင့်ကို မကောင်းတာ တခုခုလုပ်ရင် သူ့မှာလည်း ဒုက္ခရောက်နိုင် တာကြောင့် သင့်သွားလိုတဲ့နေရာကိုသာ တန်းတန်းမတ်မတ် ပို့ပေးပါလိမ့်မယ်... ဒီလိုနည်းနဲ့ Potential Attacker တစ်ယောက်က သင့်ရဲ့ Protector တစ်ယောက်   ဖြစ်သွား ပါလိမ့်မယ်...

၎။ ။ အကယ်၍ Taxi Driver က လူရှင်းတဲ့လမ်း သို့မဟုတ် သင်သွားမယ့် နေရာနဲ့ မဆိုင်တဲ့လမ်း ထဲကိုမောင်းဝင်သွားခဲ့ရင်... သင်အန္တရာယ် ဧရိယာထဲရောက်ရှိနေပြီလို့ ခံစားရရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ သင့်လက်ကိုင်အိတ်ရဲ့ လက်ကိုင် သို့မဟုတ် လည်ပင်းမှာ ပတ်တဲ့ ပဝါအရှည်ကို အသုံးပြုပြီး ကားမောင်းသူရဲ့ လည်ပင်းကို နောက်ကနေ ရစ်ပြီး ခပ်တင်းတင်း ဆွဲထားလိုက်ပါ... သင့်မှာ လက်ကိုင်အိတ်ရော ပဝါရှည်လို လည်ပင်းကို ရစ်နိုင်တဲ့ ပစ္စည်းတစ်ခုမှ မပါရင်တော့ ကားမောင်းသူရဲ့ အင်္ကျီကော်လံနှစ်ဖက်ကနေကိုင်ပြီး ခုံနောက်ကနေ တင်းတင်းဆွဲထားလိုက်ပါ... အင်္ကျီအပေါ်ဆုံး ကြယ်သီးက ခုနက ပစ္စည်းတွေလိုပဲ ကားမောင်းသူကို လည်ပင်းအစ်စေပြီး သင့်ကို အန္တရာယ်က လွတ်ဖို့ အခွင့်အရေးတခုခု ရရှိစေနိုင်ပါတယ်...

၅။ ။ ညအချိန် တစ်ယောက်ယောက် နောက်ကနေ လိုက်ခြင်းခံရရင်...

ကျွမ်းကျင်သူများရဲ့ အဆိုအရ ဆိုင်တစ်ဆိုင် ဒါမှမဟုတ် အိမ်တစ်အိမ်ထဲကို ဝင်လိုက်ပါ... သင်ကြုံတွေ့နေ ရတဲ့ အခက်အခဲကို ရှင်းပြပြီး အကူအညီရယူပါ... ညဥ့်နက်လို့ ဆိုင်တွေလည်း မဖွင့်၊ အိမ်ထဲလဲ ဝင်ဖို့ မလွယ်ကူရင် ATM စက်ခန်းထဲကို ဝင်လိုက်ပါ... ATM box တွေတိုင်းလိုလို လုံခြုံရေး Camera တပ်ဆင်ထားပြီး၊ စောင့်ကြည့်နေတဲ့ လုံခြုံရေးအမြဲရှိနေတတ်တဲ့ အတွက်ပါပဲ... လူသိမခံလိုတဲ့ ဒုစရိုက်သမားတွေအတွက် ဒီလိုပြုလုပ်ခြင်းများဟာ သင့်အတွက် လုံခြုံမှုဖြစ်စေ မှာ ဖြစ်ပါတယ်...

-------------===-------------

ဒီစာလေးကို တွေ့မိဖတ်မိတဲ့အခါ မိန်းကလေးများအတွက် အမှန်တကယ် အသုံးဝင်တဲ့ အချက်တွေဖြစ်နေတဲ့အတွက် ဘာသာပြန် မျှဝေပေးလိုက်ပါတယ်...
သင်လည်း သင်ဂရုစိုက်တဲ့ အစ်မ၊ ညီမ၊ သူငယ်ချင်း မိန်းကလေး များအ တွက် ပြန် လည်လက် ဆင့်ကမ်း မျှဝေပေးကြပါ လို့လေးစားစွာ တိုက်တွန်းတင်ပြရင်း...

www.mmdailystar.com

၁။ ။ ညအချိန်မှာ ဓါတ်လှေကားနဲ့ အထပ်မြင့် အဆောက်အဦကို လူစိမ်းယောကျာ်း တစ်ဦးနဲ့ နှစ်ယောက်တည်း တူတူတက်ရဖို့ အခြေအနေကြုံလာခဲ့မယ်ဆိုရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ဓါတ်လှေကားထဲကို ဝင်လိုက်ပါ... ပြီးရင် ကိုယ်သွားရမယ့် အထပ်ထိ အထပ်တိုင်းရဲ့ ခလုတ်ကို အကုန်နှိပ်လိုက်ပါ... ဥပမာ ကိုယ်သွား ရမယ့်
အထ ပ်က ၉ လွှာဆိုရင် ၁ကနေ ၉ အထိ အကုန်နှိပ်ထားလိုက်ပါ... အထပ်တိုင်းမှာ ရပ်မယ့် ပွင့်မယ့် ဓါတ်လှေကားထဲမှာ သင့်ကိုဘယ်သူကမှ တစုံတရာ ထိခိုက်အောင် ပြုလုပ်ရဲမှာ မဟုတ်ပါဘူး....

၂။ ။ မိမိတစ်ယောက်တည်း အိမ်မှာ ရှိနေစဉ် လူစိမ်းတစ်ဦးဝင်လာပြီး ကိုယ့်ကို တစုံတရာ ဒုက္ခပေးဖို့ ဝင်လာခဲ့မယ်ဆိုရင်...
ကျွမ်းကျင်သူများရဲ့ အဆိုအရ မီးဖိုထဲကိုပြေးပါ... ဘာလို့လဲဆိုတော့ ငြုတ်သီးမှုန့် ဘယ်မှာထား တယ်... ဓါးကဘယ်နေရာမှာ ထားတယ်ဆိုတာကို သင်က လူစိမ်းထက်ပိုသိလို့ပါပဲ... ဒီပစ္စည်းတွေ က လူတစ်ယောက်ကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်တဲ့ လက်နက်တွေ ဖြစ် တဲ့အတွက် မိမိ ကိုယ်ကို ခုခံနိုင်အောင် အခွင့်အရေးများစွာ ရစေမှာ ဖြစ်လို့ပါပဲ... ဒါမှမဟုတ် အိုးခွက်ပန်းကန်တွေနဲ့ ပစ်ပေါက်ပြီး အော်ဟစ်အကူအညီတောင်းဖို့ အချိန်တစ်ခု ရစေနိုင်ပါတယ်... သင့်ရဲ့အော်ဟစ် အကူအညီတောင်းသံဟာ ခိုးကြောင်ခိုးဝှက်ဝင်လာသူ ဒုစရိုက်သားတွေ အတွက် အကြောက်ဆုံးအရာ တစ်ခုဆိုတာ မမေ့ပါနဲ့...

၃။ ။ ညအချိန်မတော် တစ်ယောက်တည်း Taxi စီးရဖို့ ဖြစ်လာခဲ့ရင်...
လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ကားထဲကို မဝင်ခင် ကားနံပတ်ကို မှတ်သား ထားပါ... ပြီးရင် ကိုယ့်ရဲ့မိသားစု ဒါမှမဟုတ် သူငယ်ချင်း တစ်ဦးဆီကို ဖုန်းဆက်ပြီး မိမိ ဘယ်ကား နံပတ်၊ ဘာကားအရောင်နဲ့ ဘယ်အချိန် ဘယ်နေရာကနေ Taxi စီးလာပြီ ဖြစ်ကြောင်း ကားဒရိုင်ဘာ နားလည်တဲ့ ဘာသာစကားနဲ့ ဖုန်းပြောပါ... တကယ်လို့ ဘယ်သူ့ကိုမှ ဖုန်းခေါ်လို့ မရလည်း ဖုန်းဆက်လို့ ရတဲ့ ပုံစံနဲ့ ဟန်ဆောင် ပြောပါ... ကားဒရိုင်ဘာဟာ သူ့ရဲ့ အချက်အ လက်တွေ ကို နောက် ထပ်သိတဲ့ လူတစ်ဦးဦးရှိနေကြောင်း သိနေတဲ့အတွက် မကောင်းမှု တစုံတခု လုပ်ဖို့ အတော် ဝန်လေးသွား ပါလိမ့်မယ်... သင့်ကို မကောင်းတာ တခုခုလုပ်ရင် သူ့မှာလည်း ဒုက္ခရောက်နိုင် တာကြောင့် သင့်သွားလိုတဲ့နေရာကိုသာ တန်းတန်းမတ်မတ် ပို့ပေးပါလိမ့်မယ်... ဒီလိုနည်းနဲ့ Potential Attacker တစ်ယောက်က သင့်ရဲ့ Protector တစ်ယောက် ဖြစ်သွား ပါလိမ့်မယ်...