:include data='blog' name='google-analytics'/>

Monday, January 14, 2013

အနောက်တိုင်းဆေးသောက်မယ်ဆိုရင်

 

ဆေးတိုင်းလိုလိုဟာဘေးထွက်ဆိုးကျိုးတွေပေးနိုင်ပါတယ်။ လူတော်တော်များများဟာ ဆေးတစ်မျိုး ထက်ပိုသောက်လေ့ရှိပါတယ်။ အထူးသဖြင့် အသက်အရွယ်ကြီး သူများ ဖြစ်ပါတယ်။ အဲ့ဒီလို ဆေးများစွာသောက်ခြင်းဖြင့် ဆေးတစ်မျိုးနဲ့တစ်မျိုး ဓါတ်ပြုခြင်းကိုပိုမို ဖြစ်ပေါ်စေပါတယ်။ အောက်ပါအချက်များကိုလိုက်နာခြင်းဖြင့် ဆေးများဓါတ်ပြုခြင်းကိုရှောင်ရှားနိုင်ပါတယ်။

၁။ သောက်လေ့ရှိသောဆေးစာရင်းနှင့်အချိုးအဆကိုမိမိနှင့်အတူတကွသယ်ဆောင်ထားပါ။

၂။ ဆရာဝန်မှဆေးသစ်ပေးတိုင်း၊မိမိသောက်နေသောဆေးများကိုပြောပြပါ။ မိမိဖာသာဝယ် သောက်သောဆေးများပါပြောပြရန်လိုပါသည်။ မိမိနှင့်မတည့်သောဆေးများကိုလည်းပြောပြရပါမည်။

၃။ မိမိသောက်ရမည့်ဆေးများ ဘယ်လို၊ဘယ်အချိန်သောက်ရမည်ကိုလည်းသိဖို့လိုပါတယ်။

၎။ ဆေးကြောင့်ဘေးထွက်ဆိုးကျိုးများပေါ်ပေါက်လာပါက ဆရာဝန်ကိုချက်ချင်း ဆက်သွယ် ပါ။

၅။ များသောအားဖြင့်ဆေးကို ရေတစ်ဖန်ခွက်ဖြင့်သောက်သင့်ပါတယ်။ ဒီလိုသောက်ခြင်းဖြင့်
ဆေးကြောင့်အစာအိမ်ထိခိုက်ခြင်းကိုကာကွယ်ပြီးဆေးများကိုယ်တွင်းသို့စုပ်ယူခြင်းကို အားပေးပါတယ်။ ဆေးကို (soft drinks) အချိုရည်များ၊ (grapefruit juice) ရှောက်ခါးသီးရည်နှင့်အတူတူမသောက်ရပါ။

၆။ ဆေးကို အစားအသောက်တွင်ရောမွှေသောက်ခြင်းမပြုရပါ။ အချို့အစားများကဆေးကို ဖျက်ဆီး နိုင်ပါတယ်။

၇။ ဆေးဘူးတွင်ပါသောညွှန်ကြားချက်များကိုသေသေချာချာဖတ်ပါ။ နားမလည်ကဆရာဝန်ကိုမေးပါ။

 
ကျမ်းကိုး
Drug-Nutrient Resource, 5th ed. Roche Dietitians, L.L.C., Riverside, IL. 2003.

Physician's Desk Reference 63rd ed. Thomson Healthcare, Montvale, NJ. 2009.

Tuesday, January 8, 2013

အသဲကွဲသူများရဲ့ပြတိုက်

 
 

 
 
  
 
 
 
 

ဒီပြတိုက်မှာ ဓါတ်ပုံ၊ခါးပတ်၊ဦးထုပ်၊အရုပ်၊အ၀တ်အစား စသဖြင့်ပစ္စည်း အမျိုးစုံပြသထားပါတယ်။ ပစ္စည်းတွေရဲ့ပိုင်ရှင်များဟ ၎င်းတို့ချစ်ခင်သူများနှင့် ရှင်ကွဲ (၀ါ) သေကွဲကွဲသွားတဲ့အတွက် ထိုသူတို့ကိုသတိရစေသော ပစ္စည်းများကိုပြတိုက် တွင်လာထားပြီး ၎င်းတို့၏ဘ၀ကို အသစ်စတင်ကြ ရန်ဖြစ် ပါတယ်။ ပစ္စည်းတိုင်းမှာ မိမိတို့ခံစားမှုများကို စာတိုလေး များ ရေးသားထားပါတယ်။

Saturday, January 5, 2013

အုံးသီးဟာ ကျန်းမာရေးအတွက် အန္တရာယ်ရှိပါသလား။




         မြန်မာအများစုက အုံးသီးမှာ ပြည့်ဝ အဆီတွေပါလို့ သွေးအဆီများစေတယ် သွေးတိုးရောဂါရှိသူများ အတွက် မကောင်းဘူးလို့ယူဆပါတယ်။ ကျမ ရန်ကုန်မှာဆေးခန်းဖွင့်စဉ်က ကျမရဲ့ သွေးတိုးလူနာတစ်ဦး အလှူမှာ အုံးနို့ခေါက်ဆွဲ စားပြီးတိုင်းသွေးတိုးလို့ဆေးခန်းကိုရောက်လာလေ့ရှိပါတယ်။ ကျမကိုယ်တိုင် လည်း အုံးနို့ခေါက်ဆွဲစားပြီးရင် သွေးတက် လေ့ရှိပါတယ်။ ဒါပေမဲ့ ယိုးဒယားတွေကတော့ ဒီအချက်ကို လက်မခံပါဘူး။ သူတို့ အစာတော်တော်များများမှာ အုံးသီး ပါကြောင်းပြောဆိုပါတယ်။ ယခု အင်တာနက်မှာ ရှာကြည့်တော့ အုံးသီးမှာ ပြည့်ဝ အဆီပါပေမဲ့ အဲ့ဒီအဆီတွေက အရွယ် အားဖြင့် အလတ်စားသာ ရှိကြပါ တယ်။ ကျမတို့ ခန္ဓာကိုယ်က အဆီအသေးနဲ့ အလတ်စားတွေကို အလွယ်တကူခြေဖျက် နိုင်တာမို့ အရွယ်ကြီးမားတဲ့ တိရစ္ဆာန်အဆီတွေလို သွေးအဆီကို မများစေတာကြောင့် နှလုံးရောဂါစတာတွေကို မဖြစ် စေနိုင်ရုံသာမက အဆီဓါတ်ကိုပင်ထိန်းနိုင်၊ကျစေနိုင်တယ်လို့ဆိုပါတယ်။

         ဒါဆိုရင် မြန်မာပြည်က အုံးနို့ခေါက်ဆွဲဟာ အုံးနို့ကြောင့်မဟုတ်ပဲ ခေါက်ဆွဲမှာထဲ့တဲ့ ဆိုဒါတွေ ကြောင့်ဖြစ်မယ် ထင်ပါတယ်။ ဆိုဒါဆိုတာလည်း ဆားတစ်မျိုးဖြစ်တာမို့ ကိုယ်တွင်း ဆားဓါတ်ကို များ စေနိုင်ပါတယ်။ ကြားရတာတော့ မြန်မာပြည့်က ၀ိသမာလောဘသားတွေက စားဆိုဒါတောင်မထဲ့ပဲ ဈေးအလွန်ပေါတဲ့ အ၀တ်လျော်ဆိုဒါ တွေသုံးကြ တယ်တဲ့။

အုံးသီးဟာကမ္ဘာပေါ်မှာရှိသမျှအစားအစာတွေထဲမှာ အာဟာရအရှိဆုံးအစာဖြစ်တဲ့အပြင် ကိုယ်ခန္ဓာကို ကုသ ပေးနိုင်တဲ့အစွမ်းလည်းရှိပါတယ်။ အောက်ပါအချက်များက အုံးသီးစားသင့်ကြောင်း ဖေါ်ပြပါတယ်။

၁။ ဗီတာမင်၊ သတ္ထုဓါတ်တွေနဲ့ antioxidants များစွာပါရှိခြင်း။                                                             
ဗီတာမင်၊ သတ္ထုဓါတ်တွေဟာ ကိုယ်ခန္ဓာရဲ့ ကျန်းမာဖို့လိုအပ်တဲ့အပြင် antioxidants တွေက ကိုယ် ရောင်ရမ်းခြင်းနဲ့ စိတ်ပင်ပမ်းမှု့ များကို တိုက်ထုတ်ပေးပါတယ်။

၂။ အမျှင်ဓါတ်များစွာပါရှိခြင်း။ အုံးသီးမှာပါဝင်တဲ့ အမျှင်ဓါတ်တွေဟာ ခြေချက်လို့မရပါဘူး။ ဒါကြောင့် သူတို့ကြောင့် ကိုယ်ခန္ဓာမှာ စွမ်းအင်တွေ မရရှိပဲ ဗိုလ်ပြည့်တဲ့ခံစားမှုကိုဖြစ်စေပြီး၊၀မ်းမှန်စေပါတယ်။ 

၃။ အုံးသီး၊အထူးသဖြင့် အုံးဆီဟာ အနာများကိုလျှင်မြန်စွာကျက်စေပါတယ်။

၎။ အုံးသီးမှာ သဘာဝ အစာခြေ အင်ဇိုင်း enzymes များပါဝင်တဲ့အတွက် အုံးသီးကိုခြေချက်ရန် ပင်ကရိယ (pancreas) မှအစာခြေရည်များထုတ်ရန်မလိုပဲ ၎င်းဘာသာအစာခြေတဲ့အတွက်အစာလမ်းကြောင်းအတွက် ဆေးသဖွယ်ဖြစ်ပါတယ်။

၅။ အုံးသီးမှာ အဆီ ၃ မျိုးပါဝင်ပါတယ်။ lauric acid, caprylic acid, capric acid တို့ဖြစ်ပါတယ်။ သူတို့က ရောင်ရမ်း ခြင်း အမျိုးမျိုးကို ထိန်းနိုင်တဲ့အတွက် bacteria, virus, fungus ရောဂါပိုးများကို ကာကွယ် နိုင်စွမ်းရှိပါတယ်။

၆။ အုံးသီးဟာကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူ့မှာအလတ်စား အရွယ် ပြည့်ဝ အဆီတွေပါရှိပါတယ်။ အဲ့ဒီအဆီတွေကို ကိုယ်ခန္ဓာကအလွယ်တကူခြေဖျက်နိုင်ပါတယ်။  အဲ့ဒီအဆီတွေက သွေးထဲမှာ ရှိတဲ့ အဆီဓါတ်ကို ထိန်းခြင်းဖြင့်နှလုံးရောဂါဖြစ်ပွါးမှုကို လျော့နည်းစေ ပါတယ်။ ၎င်းအပြင် အဲ့ဒီအဆီတွေက စားသောက် သမျှအစာတွေကို ကိုယ်ခန္ဓာထဲကို အလွယ်တကူ စုပ်ယူစေခြင်းအားဖြင့်အစာလမ်းကြောင်းနဲ့ တစ်ကိုယ်လုံးရဲ့ ကျန်းမာ ရေးကိုကုသပေးပါတယ်။ အထူးသဖြင့် နာတာရှည်ရောဂါသည်များကိုသက်သာစေပါတယ်။ အစာလမ်းကြောင်းမှာဖြစ်တဲ့ ရင်ပြည့်ခြင်း၊ လေချုပ်ခြင်း၊၀မ်းချုပ်ခြင်း၊၀မ်းလျောခြင်း၊ကြွက်တက်ခြင်းများကိုသက်သာစေပါတယ်။ အဲ့ဒီအဆီတွေက တခြား အဆီတွေလို အသဲနဲ့ ပင်ကရိယ ဆီရောက်စရာမလိုတဲ့အတွက် အခြားဆီတွေလို ကိုယ်ခန္ဓာရဲ့ အဆီအဖြစ်ကို မပြောင်းလဲပါဘူး။ ဆိုလိုတာက အုံးသီအဆီက ကိုယ်အလေးချိန်ကိုမတိုးစေပါဘူး။

ရ။ အုံးရည်မှာ သတ္ထုဓါတ်များစွာပါရှိပါတယ်။ အုံးရည်မှာပိုတက်ဆီရန်များစွာပါဝင်ပြီး၊ မန်ကနီဆီရန် သိပ် မများပါဘူး၊ တခြားသတ္ထုဓါတ်များလည်းများစွာပါတဲ့အတွက် ၀မ်းလျော်ရောဂါသည်များနဲ့ မီးလောင်ခံရ သောလူနာများ၊ အားကစား ကြောင့်ချွေးထွက်များသူများအတွက် အလွန်ကောင်းမွန်ပါတယ်။ အုံးရည်မှာ သဘာဝအချိုဓါတ်ပါရှိတဲ့အတွက် အားကစား သမားများအပါအ၀င် လူတိုင်း၊ အသက်အရွယ်တိုင်းအတွက် စက်ရုံထုတ်အချိုရည်တွေထက်ပိုမိုကောင်းမွန်ပါတယ်။

၈။ အုံးဆီဟာ အပူဒါဏ်ကိုခံနိုင်ပါတယ်။ ၅၀၀ C အထိအပူပေးနိုင်ပါတယ်။ ဒါကြောင့် အကျော်ကျော်ရာ
မှာ၎င်း၊ မုန့်လုပ်ရာတွင်၎င်း အသုံးပြုသင့်ပါတယ်။

၉။ အုံးသီးဟာ ကြွက်သားများတည်ဆောက်ဖို့အတွက်အထောက်အကူပြုတာကြောင့် ပိန်ချုံးချည့်နဲ့သောလူနာများ အတွက်သင့်တော်ပါတယ်။ 

၁၀။ အုံးနို့ဟာ လည်ချောင်းနာရောဂါနဲ့ အစာအိမ်ရောဂါများကိုသက်သာစေပါတယ်။

၁၁။ အုံးရည်ဟာကျောက်ကပ်ရောဂါသည်များအတွက်ကောင်းမွန်ပါတယ်။

၁၂။ အုံးရည်ဟာ အရေပြားကျန်းမာရေးကိုအထောက်အကူပြုတာကြောင့် ကျောက်ကြီးရောဂါ၊ ရေကျောက်ရောဂါ၊ ၀က်သက်ရောဂါများမှာ အရေပြားပေါ်က အဖုအပိန့်များကို သက်သာစေပါတယ်။

၁၃။ အုံးရည်ကို သံကောင်စသည့်ဝမ်းတွင်းသံများကိုသေစေနိုင်ပါတယ်။

၁၄။ အုံးရည်ဟာ အစာအိမ်နဲ့ဆီးလမ်းကြောင်းပြဿနာများကိုသက်သာစေပါတယ်။

၁၅။ အုံးရည်ဟာ ဆီချိုရောဂါသည်တွေအတွက်သင့်တော်တယ်လို့ဆိုပါတယ်။

၁၆။ လေ့လာချက်များက AIDS ရောဂါသည်တွေရဲ့ ပိုးများကိုလျော့ကျစေတာတွေ့ပါတယ်။

၁၇။ အုံးသီးမှာပါဝင်တဲ့ အိုင်အိုဒင်းဓါတ်က လည်ပင်းကြီးရောဂါကိုကာကွယ်ပေးပါတယ်။ 

၁၈။ အုံးဆီဟာ အရေပြားနဲ့ ဆံပင်များသန်မာစေသည့်အပြင် အောက်ပါ ရောဂါများကိုလည်း သက်သာစေပါတယ်။

(၁)  စိတ်ပူပန်ခြင်း Stress
() နှလုံးရောဂါ Heart Diseases
() သွေးအဆီများခြင်း High Cholesterol Levels
(၄) ကိုယ်အလေးချိန်များခြင်း Too Much Weight
(၅) ကျောက်ကပ်ပြဿနာ Kidney Problems
() အစာမကြေခြင်း Poor Digestion
() ဇီဝဖြစ်ပျက်မှုနှေးကွေးခြင်း Low Metabolism
() သွေးတိုးခြင်း High Blood Pressure
(၉) ခုခံအားနည်းခြင်း Low Immunity
(၁၀) သွားပြဿနာများ Dental Problems
(၁၁) အရိုးပါးခြင်း Low Bone Density
(၁၂) ကင်ဆာ Cancer
(၁၃)  အိုလွယ်ခြင်း Premature Aging
(၁၄) ပင်ကရိယရောင်ခြင်း Pancreatitis

 
အုံးသီးအသား ၁၀၀ g တွင် ပါဝင်သောအာဟာရဓါတ်များ။  
၁။ ကဆီ ဓါတ် (Carbohydrates ) - 15.23 gm
၂။ သကြားဓါတ် (Sugars) - 6.23 gm  
၃။ အမျှင်ဓါတ် (Dietary Fiber) - 9.0 gm  
၎။ ပြည့်ဝ အဆီ (Saturated Fat )- 29.70 gm   
၅။ တစ်ခုချင်းရှိသော ပြည့်ဝ အဆီ (Monounsaturated Fat ) - 1.43 gm
၆။ အတွဲလိုက်ရှိသော ပြည့်ဝ အဆီ (Polyunsaturated Fat) - 0.37 gm
၇။ အသားဓါတ်  Protein - 3.3 gm
၈။ ဗီတာမင် Thiamin (Vitamin B1) - 0.066 mg
၉။ ဗီတာမင် Riboflavin (Vitamin B2) - 0.02 mg
၁၀။ ဗီတာမင် Niacin (Vitamin B3) - 0.54 mg
၁၁။ ဗီတာမင် Pantothenic Acid (Vitamin B5) - 0.300 mg
၁၂။ ဗီတာမင် Vitamin B6 - 0.054 mg
၁၃။ ဗီတာမင် Folate (Vitamin B9) - 26 μg
၁၄။ ဗီတာမင် Vitamin C - 3.3 mg
၁၅။ သတ္ထု ဓါတ် Calcium - 14 mg
၁၆။ သတ္ထု ဓါတ် Iron - 2.43 mg
၁၇။ သတ္ထု ဓါတ် Magnesium - 32 mg
၁၈။ သတ္ထု ဓါတ် Phosphorus - 113 mg
၁၉။ သတ္ထု ဓါတ် Potassium - 356 mg
၂၀။ သတ္ထု ဓါတ် Zinc - 1.1 mg
၂၁။ စွမ်းအင် Energy - 350 kcal (1480 kJ)






 

 အုံးရည်တွင်ပါဝင်သောဓါတ်သတ္ထုများနဲ့ သကြားဓါတ်ပမာဏဟာ ဆားနဲ့အချိုပါတဲ့ ဆေးရည်ပုလင်း

(Drip of 5% glucose in normal saline) မှာပါဝင်တဲ့ သကြားဓါတ်နဲ့ ဓါတ်သတ္ထုများ နည်းတူဖြစ်တဲ့

အပြင် ပိုးလုံးဝ မပါရှိသော သဘာဝ အရည် (naturally sterile) ဖြစ်တာကြောင့် လူ့ကိုယ်ထဲသို့

လိုအပ်ပါက  အကြောမှထိုးသွင်းပေးနိုင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆေးဝါးမလုံလောက်သော

လမ်းပန်းဆက်သွယ်မှုခက်ခဲသည့်ကျေးရွာများတွင် ကာလ၀မ်းရောဂါမျိုး အရေးပေါ် သွေးထဲသို့  ဆေး
 
ရည်ထိုးသွင်းကုသရန်လိုအပ်ပါက အုံးသီးမျက်လုံးများကို ပိုးမ၀င်အောင် ဖေါက်၍ ဆေးရည်ပုလင်း

အဖြစ်အသုံးပြုရန်ညွှန်ကြးခဲ့ပြီး အိန္ဒြိယနိုင်ငံတွင်အသုံးပြုခဲ့ဖူးပါသည်။

 

 
ကျမ်းကိုး
၁။ http://lifestyle.iloveindia.com/lounge/benefits-of-coconut-1718.html
၂။ http://www.be-healthy-with-coconuts.com/coconut-nutrition.html
၃။http://scientificlogic.blogspot.fr/2010/05/coconut-or-rice-water-for-diarrhoea.html

Monday, December 31, 2012

ခေတ်သစ်လိမ်နည်း။


 
 

ပါရီမြို့နဲ့ကီလိုမီတာ ၄၀၀ ဝေးတဲ့ မြို့ငယ်လေးမှာ မာရီနဲ့ နစ်ကိုလားတို့ စိုက်ပျိုးမွေးမြူရေးနဲ့ ပျော်ရွှင်စွာနေကြ ပါတယ်။ မာရီနဲ့ နစ်ကိုလားတို့ လက်ထပ်ခဲ့တာ ၁၀ နှစ်ရှိပါပြီ။ မာရီမှာ ယခင် အိမ်ထောင်နှင့်ရသော သမီးငယ် ရှာလော့ ၄ နှစ်လည်းပါလာပါတယ်။ နစ်ကိုလားအနေနဲ့ ရှာလော့ကို မိမိသမီးရင်းကဲ့သို့ ချစ်ပါတယ်။ ရှာလော့ကလည်း ငယ်စဉ် ကပင် နစ်ကိုလားလက်ပေါ်ကြီးပြင်းလာတာမို့ ဖခင်အရင်းကဲ့သို့ ချစ်ခင်ပါတယ်။

တစ်နေ့မှာတော့ နစ်ကိုလားတို့အိမ်ကို ဆိုဖီရောက်လာပါတယ်။ ဆိုဖီက မာရီနဲ့လက်မထပ်ခင်က နစ်ကိုလားနဲ့ အတူနေထိုင်ခဲ့ပါတယ်။ ၅ နှစ်ခန့်အတူနေထိုင်ကြပြီး သဘောချင်းမတိုက်ဆိုင်လို့ လမ်းခွဲခဲ့ ပါတယ်။ ဒါပေမဲ့ ဆိုဖီက နစ်ကိုလားဟာ မိမိနှင့်လည်းဆက်လက်ပေါင်းသင်းခဲ့လို့ သားတစ်ယောက် တောင်ရခဲ့ကြောင်း ထိုသား မှာ ယခုအခါ ၃နှစ်သား ပင်ရှိပြီးဖြစ်ကြောင်း။ သား မွေးပြီးကထဲက နစ်ကိုလာ ခြေလှမ်းပျက်ပြီး မိမိတို့သားအမိဆီမလာတဲ့အပြင် ၎င်းတို့ သားသမီးကိုပစ်ထားခဲ့ကြောင်း ထိုကြောင့်မိမိတို့သားအမိအား ထောက်ပံ့ကြေးပေးရန် တရားဆွဲမည်ဖြစ်ကြောင်း ပြော ဆိုပါတယ်။

         နစ်ကိုလားက မိမိနှင့်မပတ်သက်သည်မှာ ကြာပြီဖြစ်ကြောင်း မာရီနဲ့လက်ထပ်ပြီးကထဲက မတွေ့ကြောင်း ယခုသားမှာလည်းမိမိ၏ သားမဖြစ်ကြောင်းငြင်းဆိုပါတယ်။ ယခုလို သိပ္ပံပညာထွန်းကားသော ခေတ်တွင် မတရား စွပ်ဆွဲ၍မရကြောင်း မိမိ၏သား မဟုတ်ကြောင်း သွေးစစ်မည်ဖြစ်ကြောင်း ပြောဆိုပါ တယ်။ ဆိုဖီကလည်း နစ်ကိုလားရဲ့ သားဖြစ်တာကြေင့် သွေးစစ်ရန်သဘောတူကြောင်းပြောဆိုပါတယ်။

နှစ်ဦးနှစ်ဖက်သဘောတူတာကြောင့် DNA technology ဖြင့် ဖခင်ဟုတ်မဟုတ် စစ်ဆေးရန် ရုံးတော်၏ ဆုံးဖြတ်ချက်ကိုသဘောတူကြပါတယ်။

ဒီနေ့ဟာ အဖြေရမဲ့နေ့ဖြစ်ပါတယ်။ နစ်ကိုလားအနေနဲ့ ဆိုဖီရဲ့မတရားစွပ်ဆွဲမှု ကြောင့် စိတ်အ နှောက် အယှက် ဖြစ်မှုမှကင်းဝေးရတော့မယ်လို့ ၀မ်းသာနေခဲ့ပါတယ်။ ရုံးတော်မှ အဖြေ စာ ရောက် လာပါပြီ။ ဒါပေမဲ့ ထင်ထားတာနဲ့ ဗေါင်ပြန် နစ်ကိုလာ ဟာ သားဖြစ်သူရဲ့ ဖခင်ပါတဲ့။ နစ်ကိုလား မိမိ မျက်စိကိုပင်မယုံနိုင်တော့ပါ။ မိမိ မဖေါက်ပြန်တာမိမိ အသိဆုံးပါ။ ဒါပေမဲ့ ဘာကြောင့် မိမိသားဖြစ်နေရ တာလဲ။ ရုံးကိုသွားရောက်စုံစမ်းတော့လည်း အဖြေမမှားကြောင်း ခါခါစစ်ဆေးထား ကြောင်းသိရပါတယ်။

ဆိုဖီစွပ်ဆွဲတုံးက မာရီမယုံခဲ့သော်လည်း ယခုလို သွေးစစ်ချက်က နစ်ကိုလား ရဲ့သားပါဆိုတော့ ဆိုဖီပြောတာ အမှန်ပဲဖြစ်ရပါမယ်။ မိမိနှင့် ၁၀ နှစ်ပေါင်းသင်းခဲ့ပေမဲ့ နစ်ကိုလာ မိမိအပေါ်သစ္စာ ဖေါက် သည်ကိုတော့ ဘယ်လိုမှ ခွင့်မလွှတ်နိုင်ပါ။ မိမိသမီး ရှာလော့အတွက်လည်းထဲ့စဉ်းစားရပါမယ်။ ၎င်းရဲ့ သမီးရင်းမဟုတ်တဲ့အတွက် သမီး အပေါ်မှာ ရော်သစ္စာရှိပါ့မလား။ အကောင်းဆုံးကတော့ နစ်ကိုလာနဲ့လမ်းခွဲတာအကောင်းဆုံးလို့ ဆုံးဖြတ်လိုက်ပါတယ်။

         နစ်ကိုလာအနေနဲ့လည်း ဘယ်လိုဖြေရှင်းရမှန်းမသိတော့ပါ။ မိမိနဲ့မပတ်သက်ခဲ့တာကြာပြီဆိုတာ မိမိလည်း သိတယ်။ ဆိုဖီလည်းသိပါတယ်။ ဒါပေမဲ့ဘာကြောင့် မိမိရဲ့သားဖြစ်နေရတာလည်း။ နစ်ကိုလာ ရှေးဖြစ်များ ကိုပြန် လည် စဉ်းစားရာက လွန်ခဲ့တဲ့ ၁၃ နှစ်လောက်က အပြင်းအထန်ရောဂါခံစားခဲ့ရတာ သတိရမိပါတယ်။ အဲ့ဒီရောဂါကြောင့်

ဆေးအပြင်းတွေစားသုံးရမည်ဖြစ်ကြောင်း၊ဆေးတွေကပြင်းတာကြောင့်နောက်ပိုင်းမှာမြုံသွားနိုင်တာကြောင့် ၎င်းရဲ့ ယောက်ျားမျိုး (sperm) များကိုထုတ်သိမ်းထားရန် ဆရာဝန်မှအကြံပေးသဖြင့် ၎င်း၏ ယောက်ျားမျိုး များကို ဆေးရုံမှာ သိမ်းခဲ့တာအမှတ်ရမိပါတော့တယ်။ အဲ့ဒီအချိန်က ဆိုဖီနဲ့အတူနေထိုင်နေတာမို့ ဆိုဖီ လည်းဒီအကြောင်းတွေသိပါတယ်။

နစ်ကိုလာ လည်း ဆေးရုံသို့သွားပြီး မိမိရဲ့ ယောက်ျားမျိုးများကိုမည်သူတောင်းယူခဲ့ကြောင်းစုံစမ်းရာ မိမိ လက်မှတ် အတုထိုးပြီး ဆိုဖီယူခဲ့ကြောင်းသိရပါတယ်။ ယောက်ျားမျိုးများကိုတောင်းယူတဲ့ form တွင် ထိုးထားသော လက်မှတ်တုနဲ့ ဆိုဖီရဲ့ လက်ရေးတို့ တူကြောင်း လက်ရေး expert ရဲ့မှတ်ချက်၊ဆေးရုံမှ ဆိုဖီ ယောက်ျားမျိုးများကို လာယူတာ မှတ်မိ တာကြောင့် ဆိုဖီကိုယ်တိုင် နစ်ကိုလာရဲ့ ယောက်ျားမျိုးများခိုးယူပြီး သားမွေးခဲ့တာပေါ်ခဲ့ပါတယ်။

နစ်ကိုလာနဲ့မာရီတို့မိသားစုလည်းပြန်လည်းပေါင်းသင်းပြီး ယခင်က အတိုင်း ပျော်ရွှင်စွာ နေထိုင်ကြပါတယ်။ ဆိုဖီကတော့လိမ်လည်မှု၊ ယောက်ျားမျိုးများခိုးယူမှုနဲ့ရုံမှာတရားဆွဲခံရပါမယ်။
 
     ဘယ်လောက်ဉာဏ်ကောင်းတယ်၊ပိပိရိရိလိမ်ညာနိုင်တယ်ထင်ပေမဲ့ အမှန်တရားကို ဘယ်လိုမှ
ဖုံးကွယ်လို့မရပါဘူး။

ကျမ်းကိုး
ပြင်သစ် TV မှထုတ်လွှင့်သော တကယ့်ဖြစ်ရပ်များမှ ဇတ်လမ်းတစ်ခုအား သင့်လျော်အောင် ဘာသာပြန် ပါသည်။

Sunday, December 23, 2012

ခေတ်သစ်မသိုးထမင်း၊မသိုးဟင်းဝယ်သိမ်းကြမလား ?






 
 
 

ကျမတို့ငယ်ငယ်တုန်ုးကနားထောင်ခဲ့ရတဲ့ပုံပြင်တွေမှာ ခရီးဝေးသွားတဲ့အခါ မသိုးထမင်း၊ မသိုးဟင်း သယ်ဆောင်ပြီး ခရီးထွက်ကြတာနားထောင်ခဲ့ရပါတယ်။ အဲ့ဒီအချိန်တုန်းက စက်ပစ္စည်းတွေ မတည်ထွင်နိုင် သေးတဲ့အတွက် ခရီးမတွင်တဲ့ နွားလှည်တွေ၊ရွက်လှေတွေနဲ့သွားကြရပြီး၊ ကမ္ဘာပေါ်မှာ လည်း လူဦးရေ မများသေးတာကြောင့် လမ်းခရီးမှာ စားစရာ ရောင်းမဲ့ သူဝေးလို့ လူသူတစ်ယောက်မှ တောင်မတွေ့နိုင်တာကြောင့် လမ်းမှာစားဖို့ မသိုးထမင်း၊ မသိုးဟင်းတွေ သယ်ဆောင် သွားကြရတယ်လို့မှတ်သား ရ ပါတယ်။

မသိုးထမင်းဆိုတာက ထမင်းကိုနေရောင်မှာခြောက်အောင်လှမ်းထားပြီး ရေနဲ့စိမ်လိုက်တဲ့အခါ ထမင်းပြန်ဖြစ်သွားပါတယ်။ ဟင်းဆိုတာကတော့ ငါး၊အသားတွေကိုဆားနဲ့နယ်ပြီး အခြောက်ခံထားတာပါ။ စားချင်တဲ့အခါ ဖုတ်၍ဖြစ်စေ၊ဟင်းချက်၍ဖြစ်စေ စားကြပါတယ်။

         ယခုလို စက်ပစ္စည်းတွေပေါ်များတဲ့အခါမှာ ကမ္ဘာ့တောင်စွန်းကမြောက်စွန်းကို နာရီပိုင်းအတွင်း ရောက်နိုင်ခြင်း၊ နေရာတကာ ဥပမာ ကောင်ကင်မှာပျံနေတဲ့ လေယဉ်တွေ၊ ပင်လယ်ထဲသွားနေတဲ့ သင်္ဘောတွေထဲမှာတောင် စားစရာ မျိုးစုံရနိုင် တာကြောင့် ရှေးတုန်းကလို မသိုးထမင်း၊ မသိုးဟင်း သယ်ဆောင်ပြီးခရီးထွက်စရာမလိုလို့ မသိုးထမင်း၊ မသိုးဟင်းဟာ ယခုခေတ်အတွက် မလိုအပ်တော့ဘူးလို့ထင်ခဲ့ပါတယ်။

         ဒါပေမဲ့ အံ့သြစရာ ခေတ်သစ် မသိုးထမင်း၊ မသိုးဟင်းတွေ ပေါ်ပေါက်လာပြီးခေတ်စားလာတာတွေ့ရပါတယ်။ ခေတ်သစ် မသိုးထမင်း၊ မသိုးဟင်းတွေက lyophilization ခေါ်တဲ့ အအေးခံခြင်းဖြင့် အစား အစာတွေမှာရှိတဲ့ ရေကို ခြောက်စေတာဖြစ်ပါတယ်။ အသီးအနှံတွေကစပြီး ချက်ပြုတ်ပြီး သားဟင်းလျှာ တွေ အထိရှိပါတယ်။ အသီးအနှံတွေကို အခြောက်အတိုင်းစားနိုင်သလို၊ရေစိမ်ပြီးလည်းစားနိုင်ပါတယ်။ ဟင်းတွေကတော့ ရေရောလိုက်ရင်ချက်ပြီးသားဟင်း အဖြစ်သုံးဆောင်နိုင်ပါတယ်။ lyophilization နည်းနဲ့ပြုလုပ်ထားတဲ့အစားအစာတွေမှာ conservative ခေါ်တဲ့ အစာတွေ ကြာကြာခံအောင် ဓါတုပစ္စည်း တွေ မထဲ့ထားတဲ့အပြင်၊ အအေးခံတဲ့နည်းဖြစ်လို့ အစားအစာမှာပါတဲ့ ဗီတာမင်လို့ ပျက်ဆီးလွယ်တဲ့ အာဟာရ ဓါတ်တွေလည်း မပျက်မစီးပဲကျန်နေတဲ့အတွက် ကျန်းမာရေးအတွက်လည်း ကောင်းမွန် တယ်လို့ဆိုပါ တယ်။ သာမန် အသင့်စားလို့ရတဲ့ ဟင်းလျှာတွေ (ready made dishes) တွေထက် အထားခံနိုင်လို့
စားသုံးနိုင်တဲ့ သက်တမ်း (Expire date ) ကို ၂၅ နှစ်အထိပေးတယ်လို့ဆိုပါတယ်။ ready made dishes တွေထက်ဈေးအနည်းငယ်ကြီးသော်လည်း၊ ယခုရာစုနှစ်များမှာ မကြာခဏဖြစ်ပွါးတဲ့ သဘာဝ ဘေးများနှင့် ကမ္ဘာတစ်ဝှမ်း တွေ့ကြုံ နေရတဲ့ စီးပွါးရေးကျဆင်းမှုများကြောင့် အချို့မိသားစုများ တစ်နေ့ အလုပ် ပြုပ်ရင်၊(၀ါ) သဘာဝဘေးအန္တရာယ် နဲ့ကြုံတွေ့ရင် အငတ်ဘေးမတွေ့ရအောင်ဆိုတဲ့ ရည်ရွယ်ချက် နဲ့ ၀ယ်ယူ စုဆောင်းကြတာကြောင့် ယခုအခါ အရောင်း ၄ ဆ ခန့်တိုးတက်ခဲ့တယ်လို့ဆိုပါတယ်။

Lyophilization နည်းဟာ ဒုတိယကမ္ဘာစစ်မှာစတင်ပေါ်ပေါက်လာပါတယ်။ စစ်အတွင်း ဒါဏ်ရာ ရသူများအား ကုသရန် သွေးများအမေရိကန်မှ ဥရောပသို့ပို့ရာ ရေခဲသေတ္တာနှင့် အအေးခန်းသယ်ဆောင်မှု (cold chain) များမပြုလုပ်နိုင်သဖြင့် သွေးများပျက်စီးရာမှစတင်ပေါ်ပေါက်လာပါတယ်။ နောက်ပိုင်းမှာ ပင်နစလင်ဆေးများ (penicillin)၊ အရိုးများကို သယ်ဆောင်ရန်အသုံးပြုခဲ့ကြပါတယ်။ ယခုနောက်ပိုင်း မှာတော့ အအေးခန်း မလိုသော နည်းအဖြစ် ဇီဝပစ္စည်းများ သိမ်းဆည်း၊သယ်ဆောင်ရန်၊ကာကွယ်ဆေးများ (vaccine)၊ အရေပြားတုပြုလုပ်ခြင်း၊ ကြွေထည်မြေထည်ပြုလုပ်ခြင်း၊ ရေဆိုပျက်စီးသွားသောအရေးကြီး သည့်စာရွက်စာတမ်းပြန် လည်ပြုပြင်ခြင်း၊ စသည်များမှာပါအသုံးပြုကြပါတယ်။

 
ကျမ်းကိုး
http://en.wikipedia.org/wiki/Freeze-drying
 

Wednesday, December 19, 2012

နံမည်ကြီး မင်းသားမင်းသမီးများကဲ့သို့ဝတ်ချင်ပါသလား။

 
 
 

သင် အထင်ကြီးသော နံမည်ကြီး မင်းသားမင်းသမီးများ၊ တခြားသူများရဲ့ အကျီ င်္၊ 
လက်ဝတ်လက်စား၊  ဖိနပ် စသည်တို့ကို ၀တ်ဆင်လိုပါက   www.brandsonair.com    မှဆောင်ရွက်ပေးပါတယ်။ ဈေးနှုန်းမှာလည်းသိပ်မများဘူးလို့ဆိုပါတယ်။ အထက်ပါ ဆိုဒ်မှမိမိလိုချင်သော ပုံကိုရှာပြီး ပြုလုပ်ပေးရန်တောင်းဆိုရုံသာဖြစ်ပါတယ်။