:include data='blog' name='google-analytics'/>

Saturday, November 3, 2012

အဆိပ် ကြက်ဆူသီး/စေ့ (Castor beans)။

 
 
 
 


ကျမတို့ငယ်ငယ်ကအ၀င်ဆိုးတဲ့ကြက်ဆူဆီကို သံချဆေးသောက်ပြီးရင် ၀မ်းသွားအောင် သောက်ခဲ့ကြရပါတယ်။ ကိုယ်ဝန်ဆောင်များကိုလည်း မမွေးဖွါးမီ ၀မ်းသွားအောင်နဲ့ မွေးဖွါးလွယ် အောင်တိုက်ကြွေးကြပါတယ်။

ဒါပေမဲ့ကြက်ဆူသီးမှာ အလွန်အဆိပ်ပြင်းတဲ့ ricin ပါရှိပါတယ်။ ကြက်ဆူသီးတစ်သီးမှာ ပါတဲ့ ricin ဟာ လူကြီးတစ်ယောက်ကို မိနစ်အနည်းငယ်အတွင်းသေစေနိုင်ပါတယ်။

ကြက်ဆူသီးကို ၀ါးစားဖြင်း၊ မြိုချခြင်းပြုပါက ထွက်လာသော ကြက်ဆူဆိပ်သည် အနာ ဖြစ်စေနိုင်သည်။

ကြက်ဆူဆိပ်ကို သုံးစွဲပြီး ကြက်ဆူသီးမှ ကျန်ရစ်သော အညစ်အကြေးများမှလည်း ထုတ် ယူနိုင်သည်။

ကြက်ဆူဆိပ်သည် လူ့ခန္ဓာကိုယ်ထဲရှိ ဆဲလ်များ လိုအပ်သော် ပရိုတိန်းဓာတ် မထုတ် လုပ်နိုင်အောင် တာဆီးသည်။ ပရိုတိန်းမရရှိသောအခါ ဆဲလ်များသေကုန်သည်။

ကြက်ဆူဆိပ်ပါဝင်သော အရာဝတ္တုကို စားခြင်း (၀ါးစားခြင်း) သို့မဟုတ် ရှုသွင်းခြင်း၊ ထိုးသွင်းခြင်းဖြင့် အဆိပ်သင့်နိုင်သည်။

ကြက်ဆူဆိပ်ကို စားသုံးမိပါက ၆ နာရီမှ ၁၂ နာရီအတွင်း ကနဦး လက္ခဏာများ ပေါ် တတ်လေ့ရှိသည်။ ထိုကနဦး ရောဂါ လက္ခဏာများသည် အစာခြေလမ်းကြောင်းစနစ်ကို အများဆုံး ထိခိုက်လေ့ရှိပြီး၊  ပင်ပန်းနွမ်းနယ်ခြင်း၊ ပျို့အန်ခြင်း နှင့် ၀မ်းဗိုက်နာကျင်ခြင်းတို့ ပါဝင်သည်။

ပုံမှန်အားဖြင့် ၁၂ မှ ၂၄ နာရီအတွင်း ရောဂါလက္ခဏာများ တိုးပွားလာလေ့ရှိပြီး၊ ပြင်းပြင်းထန်ထန် ရေဓာတ်ခန်းခြောက်ခြင်းနှင့် ကျောက်ကပ်နှင့် အသည်းပြဿနာများ ပါဝင်သည်။

ကြက်ဆူဆိပ်ကို ရှုသွင်းမိပါက ကနဦးရောဂါလက္ခဏာများသည် အစောဆုံးအနေဖြင့် အဆိပ် သင့်ပြီး ၄နာရီမှ နာရီအတွင်း ပေါ်တတ်ပြီး ပြင်းထန်သော လက္ခဏာများမှာမူ အဆိပ် သင့်ပြီး ၂၄နာရီ ကြာပြီးမှသာ ပေါ်တတ်သည်။ အစောပိုင်းလက္ခဏာများသည် အသက်ရှုစနစ်ကို ထိခိုက်စေလေ့ရှိပြီး အသက်ရှုခက်ခဲခြင်း၊ အသက်ရှုရပ်ခြင်း၊ ၀မ်းခေါင်းပိုင်း ပြည့်အင့်ခြင်း နှင့် ချောင်းဆိုးခြင်းတို့ ဖြစ်တတ်သည်။ ကြက်ဆူဆိပ်သင့်သည့် ရောဂါလက္ခဏာများသည် လျင် လျင် မြန်မြန် တိုးပွားလာပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ၊ အဆုတ်ရည် (အဆုတ်တွင်းအရည်)ဆိုင်ရာ ပြဿနာများမှာ ပိုဆိုး လာပြီး နောက်ဆုံးတွင် အသက်ရှုပိတ်ခြင်းတို့ ဖြစ်လာသည်။  

ကြက်ဆူဆိပ်သင့်ခြင်းကြောင့် သေဆုံးမှုသည် အဆိပ်သင့်ပြီး ၃၆ နာရီမှ ၇၂ နာရီအတွင်း ဖြစ်ပွားလေ့ရှိသည်။ ကြက်ဆူဆိပ်အတွက် ဖြေဆေးရှိပါသည်။ ကြက်ဆူဆိပ်သင့်ခြင်းကို သိရှိနိုင်ရန် ဓာတ်ခွဲခန်းတွင်စမ်းသပ်နိုင်ပါသည်။

 
ကျမ်းကိုး။                                                                                                                                
 
၁။ ကြက်ဆူဆိပ်သင့်ခြင်း အမေး၊ အဖြေ http://www.kdheks.gov/cphp/download/pic_sog/Ricin/RicinFactsheet_BU.pdf

 

 

Thursday, November 1, 2012

အဆိပ်ပန်းနွယ်သာကီ။


အဆိပ်ပန်း ဆိုရင် ဘိန်းပန်းလို့ပဲထင်ကြတယ်။ နွယ်သာကီပန်းပင်ရဲ့ အစိပ်အပိုင်းအားလုံး ဟာ အထူးသဖြင့်ခလေးများမှာ သေဆုံးတဲ့အထိအဆိပ်ပြင်းတာသိသူနည်းကြမယ်ထင်ပါတယ်။ နွယ်သာကီပင်ကိုမီးရှို့လို့ထွက်လာတဲ့အငွ့ကိုရှုရင်တောင်သေဆုံးနိုင်ပါတယ်။ အမေရိကန်နိုင်ငံ မှာ ၂၀၀၂ ခုနှစ်တစ်နှစ်ထဲမှာပင် လူ ၈၄၇ ယောက်အဆိပ်သင့်ခဲ့ကြပါတယ်။
 
 

Tuesday, October 30, 2012

ငွေမကုန်၊အန္တရာယ်ကင်းတဲ့သွားဖြူနည်း။

ငှက်ပျော်သီးအခွံအတွင်းပိုင်းဖြင့်သွားများအား ၂ မိနစ်ခန့် ပွတ်တိုက်ပေးပါက ငှက်ပျော်သီးအခွံတွင်ပါဝင်
သော ပိုတက်စီယံ၊မက်ကနီစီရံ၊မက်ကနီ စသောဓါတ်သတ္ထုများသွားအတွင်းသို့ဝင်ရောက်သွားပြီး သွားများ ကိုဖြူဖွေးလှပစေပါသည်။

Sunday, October 28, 2012

အံ့သြဖွယ်ငှက်ပျော်သီးရဲ့ကျန်းမာရေးဂုဏ်သတ္တိများ။





၁။ ငှက်ပျောသီးသည်ကြွက်သားများလိုအပ်သောကဆီဓါတ်စွမ်းအင်ကိုထုတ်ပေးသည်။

၂။ ငှက်ပျောသီးတွင်ပိုတက်စီယံဓါတ်များစွာပါဝင်သဖြင့်သွေးလှည့်ပတ်မှုကိုကေင်းမွန်စေသဖြင့်
ဥဏှောက်သို့သွေးစီးမှုကောင်းစေသည်၊နှလုံးခုန်မှန်စေသည်၊ကိုယ်တွင်း ရေဓါတ်ကိုမျှတ စေသည်။

၃။ ငှက်ပျောသီးတွင် ဗီတာမင် B6 ပါရှိသည်။ ၎င်း ဗီတာမင် B6 သည်သွေးတွင်းသကြားဓါတ်ကို
မျှတစေသဖြင့် အခက်အခဲများကျော်လွှားရာတွင်အထောက်အကူပေးသည့်အပြင်၊စိတ်တို စိတ်ရှုပ်  (cranky moods) ခြင်းများမှလည်းကင်းလွတ်စေသည်။

၎။ ငှက်ပျောသီးတွင်ပါဝင်သည့် ပိုတက်စီယံဓါတ် သည် ကျောင်းသူကျောင်းသား များအားနိုးကြား စေခြင်း ဖြင့် ပညာရေးတွင်အထောက်အကူပေးသည်။ နံနက်နှင့် နေ့လည်တွင်ငှက်ပျော်သီးစားသော ကျောင်း သာများဥာဏ်ပိုကောင်းပြီး စာမေးပွဲပိုမိုဖြေနိုင်ကြောင်းတွေ့ရသည်။

၅။ ငှက်ပျောသီးသည် စိတ်နေစိတ်ထား (moods) ကိုထိန်းချုပ်သော tryptophan ကို ထွက် စေသည်။ tryptophan ကိုဥဏှောက်ထဲတွင် serotonin အဖြစ်ပြောင်းလဲသည်။ ငှက်ပျောသီးစားသူများ စိတ် တက်ကြွ ပြီးပိုမိုပျော်ရွှင်ကြသည်။

၆။ ငှက်ပျောသီးတွင် ဗီတာမင် B များနှင့်အခြားသော ဓါတ်သတ္ထုများ   ပါရှိသဖြင့် ဆေးလိပ်တွင်ပါ          ၀င်သည့် နစ်ကိုတင်း (nicotine) အဆိပ်ဓါတ်ဆွဲလမ်းမှုကိုနည်းစေသည်။ ထိုကြောင့် ဆေးလိပ်ဖြတ် သူများ၏ ကိုယ်ရော၊ စိတ်ပါ ခံစား ရမှုများကိုလျော့နည်းစေသည်။

၇။ ငှက်ပျောသီးတွင် သံဓါတ်များစွာပါရှိသဖြင့် သွေးအားနည်းရောဂါကိုသက်သာစေသည်။

၈။ ငှက်ပျောသီးတွင် ပျော်ဝင် အမျှင်ဓါတ် (soluble fibre) အများအပြားပါရှိသဖြင့် ၀မ်းချုပ်ခြင်း မှကင်း    ဝေးစေသည်။

Saturday, October 27, 2012

ဈေးသက်သက်သာသာဖြင့်ကင်ဆာရောဂါကာကွယ်နည်း။



မှဲ့နေသောငှက်ပျော်သီးပေါ်တွင် အထက်ပါပုံအတိုင်းအမည်းစက်များပေါ်လာပါသည်။ ၎င်းအမည်းစက်များ တွင် ကင်ဆာဆဲလ်များအားသေစေသည့် ဓါတ်များ ( Tumor Necrosis  Factor -TNF) ထွက်လာပါသည်။
အမည်းစက်များသလောက်  TNF ဓါတ်လည်းများလာပါသည်။ ဈေးဆိုင်များက ကြာကြာထား၍မရတော့ သော အမည်းစက်များသည့်ငှက်ပျော်သီးများအားဈေးလျော့ရောင်းလေ့ရှိပါသည်။

Tuesday, October 23, 2012

ကုန်းဘောင်ခေတ်ပထမဗန်းမော်ဆရာတော်ဘုရားကြီး၏ ထူးခြားချက်များ။


 
ဗန်းမော်ဆရာတော်သည်ပိဋကတ်သုံးပုံနှင့်တကွကျမ်းဂန်အရပ်ရပ် အလွန်နှံ့စပ်ပြီးအလွန် ထက်သော ဆရာတော်တစ်ပါးဖြစ်သည်။ ဘိုးတော်ဘုရား၏ မိဖုရား  ဝေသာလီမင်းသမီး ဗန်းမော်မြို့ စား ဥပေါတရာ ဆောက်လုပ်လှူဒါန်းသောဗန်းမော်ကျောင်းတွင်သီးတင်သုံးသောကြောင့် ဗန်းမော် ဆရာတော်ဟု တွင်သည်။

ဆရာတော်အားရွှေတောင်မြို့ကွပ်ညှပ်စင်ရွာ၌သက္ကရာစ် ၁၁၆၈ တွင်ဖွါးမြင်သည်။ ငယ်မည် မောင်ဖြူဝင်း၊ ရဟန်းဘွဲ့ ဦးပဏ္ဍိတဖြစ်သည်။ မင်းတုန်းမင်းကြီးက ပဏ္ဍိတ၀ံသာဘိဓဇ မဟာဓမ္မရာ ဇာဓိ ရာဇဂုရုဘွဲ့တော်ကိုဆက်ကပ်လှူဒါန်းသည်။

         ဆရာတော်သည်ဥပဓိရုပ်အလွန်ထူးခြားသည်။ လွန်စွာကြံ့ခိုင် ခန့်ညားသည်။ အသံတော် မှာလည်းနက်ကြယ်ပြတ်သားသည်။ ထိုခေတ်တွင် အသံနှင့်ဥပဓိရုပ်အလွန်ကောင်းသောပုဂ္ဂိုလ် ၂ ဦးရှိရာ ၎င်းတို့မှာဆရာတော်နှင့် မင်းတုန်းမင်းတို့ဖြစ်သည်။

         ဗန်းမော်ဆရာတော်သည် ကုန်းဘောင်ခေတ်တွင်ထင်းရှားခဲ့သောသင်္ဂဇာဆရာတော်နှင့် စလေဦးပုညတို့ ၏ဆရာတစ်ဆူဖြစ်ပြီး၊ ၀ိနည်းဘက်တွင်ပြိုင်ဘက်ကင်းသော သာသနာပိုင် ဗားကရာဆရာတော်ကြီးစီရင်ဆုံးဖြတ် ခဲ့သမျှဝိနည်းစီရင်ထုံးများကိုရေးမှတ်ရသော ဖြတ်ထုံးရေး ရဟန်းနှင့် ဗားကရာဆရာတော် စာချစဉ် မိန့်သမျှကို တစ်လုံးမကျန်လိုက်ဆိုရသော စာဆိုရဟန်း လည်းဖြစ်ခဲ့ဘူးသည်။

ဗန်းမော်ဆရာတော်သည်ကြောက်စိတ်မရှိ၊အပြစ်ပေးလျှင်လည်းပြုံးပြုံးပင်ခံယူသဖြင့် သာသနာပိုင်ဆရာတော်က ပရစ် နှင့်တူသည်။ ရှင်စဉ်လည်း မျက်လုံးပြူးပြူး၊ သေတော့လည်း မျက်လုံးပြူးပြူး၊ဟုမိန့်တော်မူသည်။

 

ဆရာတော်သည်-

၁။ မဟုတ်လျှင်နည်းနည်းမျှမခံတတ်။
၂။ အမြင်မတော်လျှင်ဆော်ထဲ့သည်။
၃။ မင်းအလိုလိုက်မင်းအကြိုက်မဆောင်။
၎။ သာသနာပိုင်များဟူ၍အညှာမပေး။
၅။ အရွဲ့တိုက်ရာတွင်ကြောက်စရာကောင်းသည်။
၆။ ကန့်လန့်လုပ်ရာတွင်လည်းမည်သူ့မျှမကြောက်။
၇။ ရေးစရာရှိလျှင်အတုံးလိုက်အတစ်လိုက်ရေးသည်။
၈။ နှိုက်နှိုက်ချွတ်ချွတ်ခတ်ကြမ်းကြမ်းရေးတတ်သည်။
၉။ မိမိမှန်သည်ထင်လျှင်ပြောရမှ ရေးရမှကျေနပ်လေ့ရှိသည်။
၁၀။ စာ ကဗျာ အရေးအသား (ဂါမဒေါသ) သင့်အောင်ရေးသည်။
၁၁။ အပြောအဆိုရင့်သီးသည်။
၁၂။ အနေအထိုင်ကြမ်းတမ်းသည်။
၁၃။ ယခုခေတ်အခေါ် ပစ်စာ (ငှက်ခါးပျံစာ) လုပ်ခြင်း ၀ါသနာပါသည်။
၁၄။ အစားအသောက်ကြမ်းသည် (ဆန် နို့ဆီဖူးလေးလုံးချက်၊ စာကလေး တစ်ပိဿာချက်၊ ၀က်သား တစ်ပိဿာချက်၊အမဲသား တစ်ပိဿာချက်၊ဟင်းချိုဇလုံးကြီးနဲ့ ၃ လုံး၊မုန့်ဆီကြော်ကြီး ၃  ချပ်၊                နံ့သာပုငှက်ပျော ၆ဖီး၊ မန်ကျည်ဖျော်ရည် ၆ ပိဿာ ကို တစ်ထိုင်တည်း တစ်ဆက်တည်း နှင့် အကုန် ဘုန်းပေးနိုင်သည်)။

    ကိုရင်ဘ၀ အိပ်ငိုက်တတ်၍ရေတွင်းနှုတ်ခမ်းပေါ်တွင် လူတစ်ကိုယ်စာပျဉ်ပြားတစ်ချပ်ခင်း၍ထို
ပျဉ်ပြားပေါ်တွင်အိပ်ပြီးစာကျက်သည်။ စာပြန်ပွဲတွင် မြင်းကောင်းပြေးသကဲ့သို့ မေးသမျှကို               ပုဒ်ပါဋ္ဌ် ပီပြင်ကျနစွာရွတ်ဆိုသည့်ကြား မှမြန်လွန်းသဖြင့် ပုရပိုတ်ဖတ်၍စစ်သော စာစစ်ဆရာတော်များ           မှီ အောင်မဖတ်နိုင်ပဲ ပုရပိုတ်တစ်ချပ်လှန်တိုင်းကျန်ခဲ့သဖြင့် ဟဲ့ ကိုရင် ရပ်အုံး ဟုအမိန့်ရှိသည့်တိုင် အောင် ဆက်လက်ရွတ်ဖတ် သဖြင့် ရပ်အုံး ဆိုတာ မကြားရော့သလား ဟု ငေါက်ငန်းရာ။

ဘာ ခုမှရပ်အုံးလည်း အစက ပဏ္ဍိတလို ကျက်လာခဲ့ပါလားဟု စာစစ်ဆရာတို့ကိုပြန် ငေါက်ငန်း လေသည်။

ပဉ္စင်းပျိုဘ၀ ကြမ်းပြဲရွာဘုန်းကြီးကျောင်းတွင် ခရီးသွားရင်းဝင်ရောက် တည်းခိုစဉ် ကျောင်း ထိုင်ဆရာတော်အား စာသံပေသံဖြင့်

ကျောင်းထိုင်ဘုန်းတော်၊ မထေရ်ကျော်၊၀ါတော်မည်မျှရှိပြီနည်း  ဟုလျောက်ထားသည်။ ဆရာတော်က ၄၂ ၀ါ သိက္ခာရပြီ ဟုပြန်ဖြေရာ ချက်ချင်းစာပြန်စပ်သည်မှာ-

ဝါလေးဆယ့်နှစ်၊ရသည်ဖြစ်ရာ၊အပြစ်တောင်လိုမို့လတံ့။

ကျောင်းထိုင်ဆရာတော် သဘောကျ၍ နေမကောင်းလျက်က ဆွမ်းပြင်ခိုင်းပြီး ဆွမ်းဘုန်း ပေးပြီးနောက် ဒူးပေါ်ပေါင်ပေါ် ထိုင်၍ကွမ်းရာဝါးသည်။ ကျောင်းထိုင်ဆရာတော်သည် အစားကြမ်း သည်။ ဖျားနေသောလည်း အစာမရှောင် အကုန်စားသည်။ လက်တိုလက်တောင်းခိုင်းသော တူ တစ်ယောက်သာရှိသည်။ ဆရာတော်က အကြောင်း စာတစ်ပုဒ်စပ်ခိုင်းရာ -

ကွမ်းအစ်ကြီးနီတာရဲနှင့်၊ ကြမ်းပြဲမှာသူပျော်၊သာပေါ်တို့တူအရီး၊
         ထိုးကွင်းမှင်ကြောင်နဲ့၊တွေ့မရှောင်အကုန်စားတယ်၊ဖျားတဲ့ခင်ကြီး။ ဟု ချက်ချင်းစပ်ဆိုသည် ကိုကြမ်းပြဲဆရာတော်အလွန်သဘောကျတော်မူသည်။

 
မင်းတုန်မင်းလက်ထက်တိုင်းပြည်ရေးရာကို ၀န်ကြီးလေးပါးကတာဝန်ယူသည်။ သို့ရာတွင် ၃ ပါးမှာ ရောဂါသည်များဖြစ်နေသည်ကိုမြင်သဖြင့် မိမိထင်မြင်ချက်ကိုရေး၍ နန်းတော်တွင် ပစ်စာ အနေနှင့်ထားခဲ့သည်။

ပုခန်းမှာ…………………..လေ။
လောင်းရှည်မှာ…………….ဓါး။
ခမ်းလတ်မှာ……………….နား။
         ရေနံတတိုင်ချင်း လင်းပါ့မလား။

ပုခန်းမြို့စားမှာ လေနာရောဂါကြောင့် အမှုအခင်းများကိုကောင်းစွာမဆုံးဖြတ်နိုင်။
လောင်းရှည်မြို့စားမှာမြင်းကွန်းမြင်းခုန်တိုင်အရေးတွင်ဓါးဒါဏ်ရာရ၍ချိနဲ့နေသည်။
ခမ်းလတ်ရှည်မြို့စားမှာ နားထိုင်းနေသည်။
ရေနံချောင်းမြို့စား သာကျန်းကျန်းမာမာရှိသည်။


ဝန်ကြီးများတင်မကသုဓမ္မာဆရာတော်များအားလည်းဝေဖန်ခဲ့သည်။
မောင်သက်ပန်းက တစ်သန်းဝေေ၀။
မောင်လှထွေမှာစာပေနတ္ထိ။
မောင်စလင်းမှာတော့ ပျင်းလွန်းလို့စာမကြည့်။
မင်းနန်မှာတော့လူနဲ့နှောတယ် သောသောညံ၏။
မဏ္ဍလာ မှုချင်းရာ မစုံစမ်းခင်က ငေါက်ငန်းပါ၏။

သက်ပန်းဆရာတော်က ငိုက်မြည်းလေ့ရှိသည်။
လှထွေဆရာတော်က စာပေမတတ်။
စလင်းဆရာတော်က စာပေအထောက်အထာရှာရန်ပျင်း၍ အခြားဆရာတော်များအားလွှဲထား လေ့ရှိသည်။
ပုခန်းဆရာတော်ဦးန္ဒကို မင်းနန်ဟုစပ်ဆိုထားခြင်းဖြစ်သည်။ ဆရာတော်မှာ လူဒါယကာများနှင့် စကားဖေါင်လောက်အောင်ပြောတတ်ကြောင်း။
မဏ္ဍာရာမဆရာတော်က အမှုမစစ်ဆေးခင်ကြိုတင်ငေါက်ငန်းတတ်သောကြောင့်။ အထက်ပါကဗျာကိုသုဓမ္မာဇရပ်တွင်ကပ်ထားသည်။


ဗန်းမော်ဆရာတော်အားမင်းမိန့်နှင့်ဗန်းမော်မြို့သို့နှင်သည့်အခါ မကြေက်မရွံ့ မင်းတုန်းမင်း၏
ငယ်နံမည်မောင်လွင်နှင့်အောက်ပါစာကိုစပ်ဆိုခဲ့သေးသည်။ ဆရာတော်စပ်ဆိုခဲ့သည့်အတိုင်း မင်းတုန်းမင်းကနေပြည်တော်သို့အကြိမ်ကြိမ်ပြန်ပင့်လျောက်သော်လည်း စစ်ကိုင်းတောင်ရိုးသို           သာသွားရောက် သီးတင်းသုံးတော်မူသည်။

ဗန်းမော်ကိုနှင်
မောင်လွင်လူမိုက်က
မုန်းလိုက်ပါဘိ
နေရစ်ကြနော်
နောင်ခါသော်
မှားပီဘုရားလို့
ကြားယောင်ပါ၏


ဦးကျော်ဦးရဲ့ဗန်းမော်ဆရာတော်ရဲ့ဟာသရသကဗျာများနှင့်ဥပမာပုံပြင်ဝတ္ထုများစာအုပ်မှ။

Thursday, October 18, 2012

ပြင်သစ်တောင်ပိုင်နွေရာသီအပန်းဖြေခရီးရဲ့မှတ်တမ်းဓါတ်ပုံများ။

ပြင်သစ်တွေ နွေရာသီဆို နေသာတဲ့ ပြင်သစ်တောင်ပိုင်းကို အပန်းဖြေခရီးထွက်လေ့ရှိပါတယ်။ အခုပုံမှာ ပါတဲ့နေရာက Paris မြို့ နဲ့ ကီလိုမီတာ ၆၀၀ ကျော်ဝေးတဲ့ Vivier လို့ခေါ်တဲ့မြို့က ရွာကြီးတစ်ရွာက ၁၂ ရာစုက ဆောက်ထားတဲ့အိမ်ကို Hotel အဖြစ်ပြောင်းထားပါတယ်။ သူငယ်ချင်း ပြင်သစ် piano ဆရာမက နွေရာသီ piano သင်တန်းကို အဲ့ဒီ Hotel မှာ ပြုလုပ်ပါတယ်။ ကျမက မြန်မာထမင်းချက် အနေနဲ့လိုက် သွားတာပါ။ သူငယ်ချင်းက ရန်ကုန်မှာ  piano ဆရာဦးကိုကိုဆီမှာ မြန်မာ piano တွေ တစ်နှစ်သင်ခဲ့ဘူးပြီး မြန်မာ အစားအစာတွေ အထူးသဖြင့် အုံးနို့ခေါက်ဆွဲ အလွန်ကြိုက်ပါတယ်။ ကျမလည်း အလကား လည်ရ တဲ့အပြင် မြန်မာ အစားအစာတွေ လက်စွမ်းပြနိုင်မယ်ဆိုပြီး လိုက်သွား ပါ တယ်။ အဲ့ဒီနေရာရောက်တော့ ဒို့တိုင်းပြည်လည်း တစ်နေ့ သူတို့လိုဖြစ်ပါစေ၊ဖြစ်ရမယ်ဆိုတဲ့ဆန္ဒတွေ ဖြစ်မိပါတယ်။ အဲ့ဒီမှာ ရေပူ၊ရေအေး၊လျှပ်စစ်၊ ဓါတ်ငွေ့၊ internet ၂၄ နာရီရပါတယ်။ Hotel ကို၂၀၀၇ မှာ  Le Routard   ဆိုတဲ့ခရီးသွား စာ ဆောင်မှာ recommend လုပ်ထားပါတယ်။






 
Hotel ရဲ့အ၀င်။ အလယ်ကကျောက်တုံးကလွန်ခဲ့တဲ့ ၃ နှစ်က မိုးကြိုပစ်လို့ပြုတ်ကျသွားခဲ့တာပါ။
 
 
 
 



                                                    Hotel ရဲ့ဘေးဘက်ရှုခင်း။




                                                     Hotel ရဲ့ အနောက်ဘက်တစ်နေရာ။


 
 



















                                                                   စာတိုက်ပုံး။
 
အ၀င်လမ်း။