:include data='blog' name='google-analytics'/>

Monday, March 27, 2017

ဝက်ခေါက်ကင်

ဝက်ခေါက်ကင်
ပါဝင်ပစ္စည်း
ဝက်သုံးထပ်သား ၅၀သား
ရှာလကာရည် ၁ဇွန်း (ထမင်းစားဇွန်း)
ပဲငံပြာရည် ၁ဇွန်း
သကြား ၁ဇွန်း
ခရုဆီ ၁ဇွန်း
ယိုးဒယား ပဲငါးပိရည် ၁ဇွန်း (မထည့်လဲရပါတယ်)
ဆား အနည်းငယ်
ပြုလုပ်နည်း
ဝက်သုံးထပ်သား ၅၀သားခန့် တစ်တုံးကို အခေါက်ဘက်ခြမ်းကို သေချာခြစ်ပြီး ဆေးကြောကာ ဆူးချွန် (သို့) ခရင်းဖြင့် အပေါက်လေးတွေ ဖြစ်အောင် ထိုးပေးပါ ။ ဓားနဲ့ မွှန်းလဲ ရပါတယ် ။
အသားဘက်ခြမ်း ကိုတော့ ဓားဖြင့်အရှည်လိုက် ၃ချက်ခန့် မွန်းပြီး ရှာလကာရည် ၊ ပဲငံပြာရည် ၊ သကြား ၊ ခရုဆီ ၊ ယိုးဒယား ပဲငါးပိရည် နှင့် အားလုံး ရောမွှေပြီး ဝက်သားအသားဘက်ခြမ်းကို ဆုပ်နယ်ကာ ရေခဲသေတ္တာထဲတွင် ၃နာရီခန့် ထည့်ထားပါ ။
ပြီးလျှင် ရေခဲသေတ္တာထဲမှ ထုတ်ယူကာ အခေါက်ဘက်ခြမ်းကို စက္ကူဖြင့် ခြောက်အောင် သုတ်ပေးပြီး ရှာလကာသုပ်လိမ်းပြီး ဆားများများအုပ်ကာ Ovenထဲမီးအပူချိန် ၁၇၀°ဖြင့် ၃၅မီနစ်ကင်ပေးပါ ။
ကင်တဲ့အခါ အောက်ကခံထားတဲ့ ဘန်းထဲ ရေအနည်းငယ် ထည့်ပါ ၊ ဝက်သားထဲက ဆီများ ကျမှာမို့လို့ပါ ။ (သန့်ရှင်းရေးလဲ လုပ်ရ လွယ်အောင် ခံထားခြင်းဖြစ်ပါတယ်။
အချိန်ပြည့်ပါက Ovenထဲမှ ထုတ်ပြီး အခေါက်ဘက်ခြမ်း ကဆားများ ခြစ်ထုတ်ကာ နောက်ထပ်မီနစ်၂၀ ထပ်ကင်ပြီးလျှင် ပုံထဲကအတိုင်း ကြွတ်ကြွတ်လေးရပါပြီ။
အအေးခံပြီး အတုံးရှည်လေးများ လှီးဖြတ်ရ်ျ သုံးဆောင် နိုင်ပါပြီ ။

ငှက်ပျောဆနွင်းမကင်း


 ဒီဌက်ပျောဆနွင်းမကင်းလေးကို မွှေထိုးပီးမှ အပေါ်မီး နဲ့ အပေါ်ယံညိုလာရုံလေးဖုတ်ထားပါတယ်..။ မွှေပီး ထိုးရတာကြောင့် အလုပ် အနည်းငယ်ပိုပါတယ်..။ လှီးရလွယ်ကူပီး အလွန်အရသာကောင်းတဲ့ ဆနွင်းမကင်းလေးပါ။ ယ္ခုပေးထားတဲ့ အချိုးကို သုံးပီး oven ထဲမှာ တန်းပီး မဖုတ်ကြပါနဲ့ ရှင်..။
ပါဝင်သောပစ္စည်းများ
1. ငှက်ပျောသီး........... ၆၅၀ ဂရမ် (သီးမွှေး/ရခိုင် အခွံချွတ်ပီးသားကို ချိန်ထားတာပါ)
2. သကြား .................၇၀ ဂရမ်
3. အုန်...းနို့ဗူး ................တ၀က်/ ၂၀၀
4. ကြက်ဥ ..................၁ လုံး
5. ထောပတ်................. ၅၀ ဂရမ်
6. ရွှေကြည် .................၇၅ ဂရမ်
7. ဂျုံမှုန့် ......................၂၀ ဂရမ် (all purpose flour)
8. အနီရောင်အစာဆိုးဆေး ၃-၄ စက်
9. ဘိန်းစေ့ .................၁ စားပွဲတင်ဇွန်း
10. အုန်းသီး ဖတ် .........၂ စားပွဲတင်ဇွန်း
11. ဆား ....................၁/၄ လက်ဘက်ရည်ဇွန်း
12. မုန့်ဖုတ်ဗန်း အရွယ် ၆ x ၆ x ၂ လက္မ
ပြုလုပ်ပုံ
1. မုန့် ဖုတ်မည့် ဗန်းအောက်ခြေကို မကပ်အောင် ပါ့ခ်ျမန့် ပေပါ (parchment paper) ကြိုတင်ခင်းထားပါ၊ Parchment paper မရှိပါက မုန့် မကပ်အောင် ဗန်းအောက်ခြေကို ထောပတ်သုပ်ထားပီး ဂျုံမှုန့် ကိုညီညာအောင် ဖြူးထားပေးပါ။
2. မီးဖိုပေါ်တွင် မုန့်မွှေမည့် အိုးတင်..ရွှေကြည်ထည့်မွှေ နီညိုေ၇ာင်သန်းလာသည့် အထိလှော်ပါ၊ ထောပတ် တ၀က်ထည့်မွှေပီး အအေးခံထားပါ၊
3. ငှက်ပျောသီး ကို အခွံနွှာပီး အကွင်းလေးတွေ လှီးထားပါ၊ ( အချိန် အကြာကြီး ကြိုတင် လှီးထားလျှင် မဲသွားမည်)
4. ဇလုံ အကြီး တခုတွင် ကြက်ဥ တလုံးကို သကြား ထည့်ပီး အ၀ါေ၇ာင်နုနုလေး ဖြစ်လာသည့်အထိ ခေါက်ပါ။
5. အုန်းနို့ ဦးရည် ၄ စာပွဲဇွန်း ခန့်ဖယ်ထားပီး ကျန်အုန်းနို့အားလုံး ကြက်ဥခေါက်ထားသည့် ဇလုံထဲထည့်မွှေပါ၊
6. အနီရောင် အစာဆိုးဆေး ၃-၄ စက် ထည့်မွှေပါ၊
7. ဂျုံကို ဇကာနှင့် စစ်ချပီး အနှံ့အပြား မျှထည့်ပါ၊ နှံ့စပ်အောင်မွှေပေးပါ၊နံ့စပ်သွားလျှင် အအေးခံထားသော ရွှေကြည် အိုးထဲ ထည့်မွှေပါ၊ငှက်ပျောသီး ထည့်မွှေပါ၊
8. မုန့်မွှေမည့်အိုးကို မီးဖိုပေါ်တွင် တင်ပီး ရောထားသည်များကို ထည့်ပီး မွှေပါ၊ မုန့်သား လုံးထွေးလာပီး ရေကုန်သည့် အထိ မွှေပါ၊ ချခါနီးတွင်ကျန်နေသော ထောပတ်ထည့်မွှေကာ မီးဖိုပေါ်မှချပါ၊
10. အသင့်ပြင်ထားသော ဗန်းထဲကို မုန့်လောင်းချပါ၊ မြက်နှာပြင်ညှိပါ၊ ဖယ်ထားသော အုန်းနို့အနှစ်ကို အပေါ်မှ ညီညာအောင် ဖြန့်ခင်းပါ၊ အုန်းသီး ခြစ် ဖြူးပါ၊ ဘိန်းစေ့ ဖြူးပါ၊
11. မီးသွေးမီးဖို ဖြင့် ဖုတ်ပါက အောက်မီးနဲနဲ အပေါ်မီး ကျဲကျဲဖြင့်ပေးပါ။ မမီးက ပုံမှာ မြင်ရတဲ့ ဖန်အိုး ( convection oven/ Halogen oven) နဲ့ ဖုတ်ပါတယ်..၄၅၀ံ F 10-15 မိနစ် မုန့်မျက်နှာပြင်ရွှေအိုရောင် ဖြစ်လာတဲ့ အထိ ဖုတ်ပါ..။
15. အပေါ်မျက်နှာပြင်ရွှေအိုရောင်ဖြစ်လျှင် အပြင်ထုတ်ပီး အအေးခံပါ၊ လုံးဝအေးသွားမှ နှစ်သက်သလို လှီးပါ၊
See more
— at Oahu.

ငါးအသား အိုးကပ်ကြော်

ငါးအသား အိုးကပ်ကြော်

ငါးကိုအသားချည်းနွှာပြီး ပေါင်မုန့် ကိုချေထည့်ပြီး ဆီနည်းနည်းနဲ့ အိုးကပ်ကြော်ထားလို့ အရမ်းကိုစားလို့ ကောင်းပါတယ်။

ပါဝင်သောပစ္စည်းများ...
၁။ ငါး - ၂၅ ကျပ်သား
၂။ ပေါင်မုန့် - ၁ ချပ် (ခြေထားပါ။)
၃။ ငရုတ်ကောင်း - အနည်းငယ်
၎။ ဆား - လက်ဖက်ရည်ဇွန်း တ ၀က်
၅။ သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၆။ အကြော်မှုန့် - ထမင်းစားဇွန်း ၁ ဇွန်း
၇။ ကြက်ဥ - ၁ လုံး (ခလောက်ထားပါ။)
၈။ ဆီ - ထမင်းစားဇွန်း ၂ ဇွန်း

ပြုလုပ်နည်း
၁။ ငါးကို ရေ အနည်းငယ်ဖြင့် အသားနွှာလို့ ရအောင် ခဏပြုတ်ပါ။ ( ၁၀ မိနစ်ခန့် )ပြီးလျှင် အအေးခံရ်ျ ငါးအသားကို နွှာပါ။
၂။ ငါးအသားကို ခြေထားသောပေါင်မုန့် ၊ ငရုတ်ကောင်း၊ ဆား၊ သကြား၊ အကြော်မှုန့် ၊ ခလောက်ထားသောကြက်ဥ တို့ ဖြင့် နယ်ပါ။
၃။ မကပ်သောအိုးထဲတွင် ဆီ ထမင်းစားဇွန်း ၂ ဇွန်းကို ထည့်ရ်ျ အပူပေးပါ။ ပြီးလျှင် နယ်ထားသော ငါးများကို အ၀ိုင်းပြားများပြုလုပ်ရ်ျ အိုးထဲတွင် ထည့်ကြော်ပါ။ ငါးအသားရဲ့ အောက်ဖက် အညိုေ၇ာင်သန်းလာလျှင် နောက်တဖက်လှန်ရ်ျ အညို ရောင်သန်းသည်အထိကြော်ပါ။ သုံးဆောင်နိုင်ပါပြီ။

( ထမင်းစားဇွန်း = 1 tablespoon = 15 ml) ( လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)
See more
 — with A K Phyo Lay.

ပဲပြုတ်


Daw Ah M T
Soe Nyunt
yellow peas /စားတော်ပဲ
(Credit to Snow Snow Lay
ပဲပြုတ် ပြုတ်တတ်ဖို့ကျွန်မ တစ်နှစ်ခွဲလောက် ကြိုးစားဖူးပါတယ်။။။ ရန်ကုန်က ပဲပြုတ်သည်တွေကိုလည်း အင်တာဗျူးခဲ့ပါသေး...တယ်။ နည်းမျိုးစုံနဲ့ပေါ့။ ပေါင်းတာရော ပြုတ်တာရော။ အညှောင့်ဖောက်တာရော အကြိမ်ပေါင်းမနည်းပါဘူး နောက်ဆုံးမှာ ပဲက တောက်ဆတ်ဆတ်ဖြစ်သွားတာများပါတယ်။ နောက်ဆုံးအဆင်ပြေသွားတဲ့နည်းလေးက ပဲကို ရေစစိမ်တဲ့အချိန်မှာတည်းက ဆော်ဒါလေးနည်း၂ထည့်ပြီး စိမ်ရပါတယ်။ရေစိမ်ပြီး တစ်ညထားပါတယ်။ ပြီးတော့ အညှောင့်ကိုတော့ တစ်ညပဲဖောက်ပါတယ်။ အညှောင့်နည်း၂ထွက်လာတာနဲ့ တညက်ခဲလေးနည်းနည်းထည့်ပြီး ပဲကို ရေမြုတ်ရုံ အပေါ်မှာရေ လက်တစ်ဆစ်လောက်ထည့်ပြီးပြုတ်တာပါ။ပဲပြုတ်တဲ့အချိန်မှာ ဆော်ဒါလည်းနည်းနည်းထည့်ရပါသေးတယ်။ အဲလို ဆော်ဒါ နှစ်ခါပြန်ထည့်မှ တော်တော် အဆင်ပြေသွားတာတွေ့ရပါတယ်။ မြန်မာပြည်လို လွယ်လွယ်နဲ့မရတော့ ပဲတွေ ပြုတ်တိုင်း မနပ်လည်းစား နပ်လည်းစား.. တောက်ဆတ်တောက်ဆတ်တွေကိုလည်း သည်းခံပြီးစားခဲ့ရတာပါ... အခုတော့ နည်းမှန်လမ်းမှန်တွေ့သွားလို့ အဆင်ပြေနေပါပြီ။ အခွံမကျွတ်အောင်ဆီထည့်ပြီးပြုတ်ရတာတော့ ခုမှသိတာပါ။။ ကျေးဇူးပါ။)
ထပ်ဖြည့်လိုက်ပါတယ်
ပဲပြုတ်
(credit to Meemeetofu)

ပဲပြုတ် ပြုတ်နည်းမေးထားလို့...
India က လာတဲ့ Vatana bean အလုံး ခပ်ကြီးကြီးတွေကို ပြုတ်စားနေခဲ့ရာကနေ မမီး မြန်မာပြည်က သယ်လာတဲ့ စားတော်ပဲကို ပထမဦးဆုံး အနေနဲ့ ပြုတ်ဘူးခြင်းပါ၊
1...စားတော်ပဲ ဆန်ချိန်ခွက် တခွက်ခွဲ ကို ရေဆေး၊ ဆော်ဒါ နည်းနည်းလေး ထည့်ပီး တည ရေစိမ်ထားပါတယ်၊ မနက်ရောက်တော့ ပွနေတာနဲ့ ရေသွန်၊ ရေဆေး၊ ရေစိုအ၀တ်နဲ့ ထုတ်ပီး ဇလုံ ထဲထည့်ပီး မှောင်တဲ့နေရာမှာ ထားပါတယ်။
2...တနေ့တခါ ကြည့်ပီး အစှိုဓာတ်လိုရင် ရေအနည်းငယ် ဖြန်းပေးပါတယ်၊ ပထမရက်မှ အညှောင့်တိုလေးတွေ ပြူနေပါတယ်၊ ဒုတိယရက်မှာ တော်တော်ရှည်လာပီ..ပေါင်းဘို့ သင့်တော်တဲ့ အနေထားပါ။
3...မပေါင်းခင်မှာ ဘိတ်ကင်း ပေါင်ဒါ ၁ လက်ဘက်ရည်ဇွန်း ထည့်ပီး သမအောင် ဖွဖွလေး ဇလုံကိုလှေ့ပေးပါတယ်၊ နာရီဝက်လောက် နှပ်ထားပါတယ်၊
ပေါင်းမယ် ဆိုတော့ ပဲငံပြာရည် အနောက် (အပျစ်) ၂ လက်ဘက်ရည်ဇွန်းထည့်ပါတယ်၊ ကြံသကာ အမဲ ၁ လက္မ အရွယ် ကို ထုထောင်းပီး ၊ ဆား ၁/၂ လက်ဘက်ရည်ဇွန်း နဲ့ အတူ ထည့်မွှေပေးပါတယ်၊
4...အပေါက်ပါတဲ့ ပေါင်းဇကာထဲ ပဲလုံးလေးတွေပြောင်းထည့်၊ အပေါ်ကနေ အ၀တ် အုပ်ထားပီး ၊ ရေ တလက္မ အနက် ထည့်ထားတဲ့ pressure cooker နဲ့ ပေါင်းပါတယ်၊ အစမှာ မီးကို အမြင့်မှာ ထားပီး..ရေငွေ့ ရှုးရှုး ထွက်လာတော့ မီးကို low-medium ကို ပြောင်းလိုက်ပါတယ်။
5...အဲဒီက စလို့ နာရီဝက် အချိန်စမှတ်ထားပါတယ်၊ အချိန်ပြည့်တော့ မီးပိတ်ပီး မီးဖိုပေါ်မှာ ဆက်ထားတယ်၊ အပူလျှော့သွားပီး နွေးသွားတဲ့ အချိန်ကြမှ အဖုံးကို ဖွင့်ပါတယ်..။
ထာ..ဒါ..။
Meemeetofu ရဲ့ ဟင်းချက်နည်းများ၊ မုန့်လုပ်နည်းများကို ၀ါသနာရှင် မည်သူမဆို လွတ်လပ်စွာ share နိုင်ပါသည်၊ ခွင့်တောင်းရန်မလိုပါ။
ဓာတ်ပုံနှင့် ချက်နည်းများကို copy and paste လုပ်ပီး ကူးယူသွားကာ၊ မိမိအမည်၊ မိမိ page အမည်တပ်ပီး အသုံးချခြင်း များကို လုံးဝ...လုံးဝ..လုံးဝ ခွင့်မပြုပါ။ မိမိ အမည်၊ Page အမည်ဖြင့် ဟင်းချက်နည်းများ တင်လိုပါက..မိမိဘာသာချက်ပီးတင်ကြပါ။ သူတပါး အပင်ပန်းခံ၊ အချိန်ကုန်ခံပီး ဖန်တီးထားသည်များကို ခေါင်းပုံဖြတ် အမြတ် မထုတ်ကြပါနှင့်..။
ပဲပြုတ် အိအိ မွှေးမွေး သုံးဆောင်ရန် အသင့် ပါရှင်..။
ကြိုတင်သိထားစေချင်တာလေးတွေ..
ပဲ အမျိုးအစား၊ ပဲလတ်တာနဲ့ နှစ်ချို့ပဲ စတဲ့ အပေါ်မှာ မူတည်ပီး..ရေစိမ်ရတဲ့ အချိန်ကာလ အတိုအရှည် ကွာတတ်ပါတယ်။
မိမိနေထိုင်ရာဒေသ မှာေ၇ကို ဘယ်လို mineral တွေ ထည့်ပီး ပြုပြင်ထားသလည်း ဆို တာ အပေါ်မူတည်ပီး..ဆားထဲ့စိမ်ရခြင်း၊ ဆိုဒါ ထည့် စိမ်ရခြင်းများ လိုအပ်တတ်ပါတယ်။ (အထူးသဖြင့် အအေးပိုင်းဒေသများ)
Pressure cooker အဖုံး ဘယ်လောက်လုံသလည်း၊ ရေငွေ့ဖိအားကို ဘယ်လောက်များများ ထိမ်းထားနိုင်လည်း ဆိုတာအပေါ်မူတည်ပီး ပေါင်းတဲ့ အချိန်ကာလ အတိုအရှည် ကွာတတ်ပါတယ်..။
ဆော်ဒါ လက်ဖက်ရည် ဇွန်း ၁/၄ လေးပုံတပုံထည့်ပါ(ပထမအဆင့်)
ဒုတိယအဆင့်သူပြောတဲ့အတိုင်းလုပ်ပါ

Saturday, March 25, 2017

ဖုန်း အတုနဲ့ အစစ်ခွဲခြားနည်း (မသိသေးသူများတွက်ပါ)


ဖုန်း အတုနဲ့ အစစ်ခွဲခြားနည်း (မသိသေးသူများတွက်ပါ)

Samsung ဖုန်း အတုအစစ်ရွေးချယ်နည်း
Samsaung Phone ပိုင်ရှင်တွေအတွက် မိမိတို့ ဖုန်းဟာ ဘယ်နိုင်ငံကထုတ်ပါလဲ... အတုလားအစစ်လားဆိုတာ အနီးစပ်ဆုံး စမ်းသတ် နိုင်မဲ့ နည်းလမ်းလေးတွေ ကို သိသလောက်ပြန်လည် တင်ပြ ဝေမျှလိုက်ပါတယ်...
ဖုန်းဝယ်တော့မယ်ဆိုရင် ဖုန်းဆိုင်မှာပဲ Original စစ် မစစ်၊ ဖုန်းရဲ့ Quality အရည်သွေး ကောင်း မကောင်း မိမိကိုယ်တိုင် စစ်ဆေးနိုင်ဖို့ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းလေးတွေကို သိထားဖို့ အမှန်တကယ်လိုအပ်ပါတယ်.. ဒါကြောင့် အောက်မှာ လေ့လာလိုက်ပါနော်...
မိမိဝယ်လိုက်တဲ့ ဖုန်းဟာ Quality ပြည့်ပြီး Original ဖုန်းစစ်မစစ်ကို မျက်လုံးနဲ့ ကြည့်ရုံနဲ့ မသိနိုင်ပါဘူး။ အခုခေတ်မှာ ပုံတူပွားပြီး ထုတ်ထားတဲ့ Clone ဖုန်းတွေကလည်း အများသားပဲလေ။ ဒါ့ကြောင့် ကိုယ့်ရဲ့ဖုန်းဟာ Original ဖုန်းစစ်မစစ်ကို စမ်းသပ်ကြည့်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
ပထမဆုံးအနေနဲ့ *#06# ကို ရိုက်ပြီး Call လုပ်လိုက်ပါ။ အဲဒီမှာ နိုင်ငံတကာ မိုဘိုင်းဖုန်း တပ်ဆင်ခြင်းဆိုင်ရာခွင့်ပြုချက်အမှတ် (International Mobile Equipment Identity - IMEI) ဂဏန်း ၁၅ လုံး ထွက်ပေါ်လာတာကို မြင်တွေ့ ရမှာပါ။ ဥပမာအားဖြင့်ပေါ့ 4 3 4 5 6 6 1 0 6 7 8 9 4 3 5 ဆိုပါစို့။ အဲဒီ ဂဏန်း ၁၅ လုံးထဲက (၇) ကြိမ်မြောက်နဲ့ (၈) ကြိမ်မြောက်ဂဏန်းဟာ-ထုတ်လုပ်တဲ့ နိုင်ငံကို ဖေါ်ပြထားခြင်းဖြစ်ပါတယ်.. အောက်မှာ ဖေါ်ပြလိုက်ပါတယ်.....။

မိမိတို့ဖုန်းကို call ကနေ *#06# ဆိုတာရေးလိုက်ပါ ကျလာတဲ့ IMEI နံပါတ်တွေကိုကြည့်ပါ...။

(၁) 02 (သို့မဟုတ်) 20 ဖြစ်မယ်ဆိုရင် သင့်ရဲ့ဖုန်းက တရုတ်နိုင်ငံထုတ် အနိမ့်ဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးဖြစ်တယ် ဆိုတာ ဖော်ပြနေတာပါပဲ။

(၂) 08 (သို့မဟုတ်) 80 ဖြစ်မယ်ဆိုရင် သင့်ရဲ့ ဖုန်းကို ဂျာမနီမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပိုင်းမှာတော့ အသင့်အတင့်ရှိနေပါတယ်။ အဆိုးဆုံးတော့ မဟုတ်ပါဘူး။

(၃) 01 (သို့မဟုတ်) 10 ဖြစ်မယ်ဆိုရင် သင့်ရဲ့ ဖုန်းကို ဖင်လန်နိုင်ငံမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပြည့်တဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။

(၄) 00 ဖြစ်မယ်ဆိုရင်တော့ သင့်ရဲ့ဖုန်းက မူရင်းစက်ရုံမှာ ထုတ်လုပ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။ အကောင်းဆုံး Quality ရှိတဲ့ဖုန်းလို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

(၅) 05 (သို့မဟုတ်) 50 ဖြစ်မယ်ဆိုရင် ကိုရီးယားနိုင်ငံထုတ်ဖြစ်ပြီး၊ 03 (သို့) 30၊ 04 , 40၊ 06 , 60 ဖြစ်မယ်ဆိုရင် ဗီယမ်နမ်၊ စင်္ကာပူ၊ ထိုင်ဝမ် တို့မှာထုတ်လုပ်ပြီး Quality အတော်ကောင်းတဲ့ဖုန်းဖြစ်နေပါပြီ။

(၆) 13 သို့မဟုတ် 31 ဖြစ်မယ်ဆိုရင်တော့ သင့်ရဲ့ဖုန်းဟာ အဆိုးရွားဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။ အဆိုးဆုံးကတော့ အဲဒီဖုန်းဟာ သင့်ရဲ့ကျန်းမာရေး အတွက် အန္တရာယ်အရှိဆုံး ဖုန်းတစ်လုံးဖြစ်တာကြောင့် စွန့်လွှတ်ဖို့ ၀န်မလေးနေပါနဲ့။
နောက်ထပ် ဆက်လက် စမ်းသတ်လိုပါက.. မိမိတို့ဖုန်းမှာ *#0*# ကို call ပါ။ Original
စစ်ရင် colour လေးတွေပေါ်လာမယ်။ font camera တို့ speaker တို့အစရှိသဖြင့် ဖုန်းတလုံးရဲ့ အရေးကြီးအစိတ်ပိုင်းတွေပါ စမ်းသပ်နိုင်ပါတယ်။

ဆက်လက်ပြီး sensor ကိုနှိပ်ဝင်ပြီး image test နှိပ်ပေးရင် ခွေးပုံလေး
ပေါ်လာလိမ့်မယ် အတုဆိုရင် မပေါ်ပါဘူး ဒါကလည်း စစ်ဆေးဖို့ လွယ်ကူပါတယ်...

နောက်ဆုံး မဖြစ်မနေ စစ်ဆေးရမဲ့ နည်းလမ်းကတော့ မိမိတို့ ၀ယ်မဲ့ဖုန်ူးက Font Style ဆိုတာပါကိုပါရပါမယ် Samsaung Phone အစစ်မှန်ရင်ပါရမှာဖြစ်ပါတယ်.. ဒါကြောင့်
Phone Seting >> Display >> Font >> Font Style ဆိုတဲ့တိုင်း ၀င်ကြည့်လိုက်ပါ...မပါဘူးဆို ဆမ်ဆောင်းဖုန်း မစစ်ပါဘူးဗျာ..

နောက်ဆုံး စမ်းသတ်ဖို့လိုအပ်တာကတော့ မိမိတို့ ဖုန်းကို Download Mode သာဝင်ကြည့်လိုက်ပါ ဖုန်းအတုတွေမှာ လုံးဝ မပါပါဘူး… ဖုန်းအစစ်တွေမှသာလျှင် Download Mode ဆိုတာပါတာဖြစ်ပါတယ်…

အထက်မှာ ဖော်ပြထားတဲ့ ကိန်းဂဏန်းတွေအပြင် အခြားနိုင်ငံတွေရဲ့ ကုဒ်နံပါတ်တွေရှိပါသေးတယ်။ ဖော်ပြထားတဲ့ ကုဒ်နံပါတ်တွေက ထင်ရှားတဲ့ နံပါတ်တွေကိုပဲ ဖော်ပြထားတာဖြစ်ပါတယ်။ ဒါဆိုရင် သင့်ရဲ့ဖုန်းက Quality ပြည့်မပြည့် Original စစ်မစစ်ဆိုတာ စမ်းသပ် စစ်ဆေးနိုင်ပြီလို့ မျှော်လင့်မိပါတယ်။ အားလုံး စစ်မှန်၊ အရည်သွေးမြင့်ဖုန်းတလုံးပိုင်ဆိုင်နိုင်ပါစေ။ သည်နည်းလမ်းလေးကို ကျွန်တော် အမြဲ Note Pad နဲ့သိမ်းထားပါတယ်.. မေးတဲ့သူရှိတိုင်း ကိုယ်တိုင်ဝယ်တိုင်းလည်း သည်နည်းလေးနဲ့ စမ်းသပ်ခဲ့ပါတယ်
Credit >>> သက်ဆိုင်သူ
Ref: myothantkyaukse

မကျွတ်လွတ်သေးတဲ့ ဗိဿနိုးဘုရင်မ ပန်ထွာ

Image may contain: 1 person, outdoor
မြန်မာသမိုင်း
7 February
မကျွတ်လွတ်သေးတဲ့ ဗိဿနိုးဘုရင်မ ပန်ထွာ
****************************************
ဒီအကြောင်းကို သိရှိသူ အင်မတန် နည်းပါးပါလိမ့်မယ်။ ဒါပေမယ့် ဗိဿနိုးမြို့ဟောင်းကြီးက...တော့ သဘာဝလွန်ဖြစ်ရပ်တွေ၊ ယနေ့ထိတိုင် ကျန်ရှိနေသေးတဲ့ ကျိန်စာတွေ၊ ပရလောကသားတွေ အပြည့်နဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို လေ့လာနေတဲ့ ကျွန်တော်တို့ ကို စိမ်ခေါ်နေပါတော့တယ်။
ရန်ကုန်ကနေ ဗိဿနိုးမြို့ဟောင်းကို မိုင်ပေါင်း ၃၂၀ ကွာဝေးပါတယ်။ ဘီစီ ၄ရာစု မှာ တည်ထောင်တဲ့မြို့ဖြစ်ပါတယ်။ တောင်တွင်းကြီး ကနေ ၁၂ မိုင် အကွာမှာ တည်ရှိပါတယ်။ မိုးနည်းရေရှား အရပ်ဖြစ်တာကြောင့် ရန်ပယ်ချောင်း ကရေ ကို အဓိက အားထားကြရပါတယ်။ ဒါ့ အပြင် အပြင်သောက်တော်ကန်၊ အတွင်းသောက်တော်ကန် စတဲ့ရေကန် အချို့ရှိသော်လည်း ယခုအခါ ရေခမ်းခြောက် သလောက် ရှိနေပါပြီ။
ဗိဿနိုးမြို့ဟောင်းထဲက ပေပင်တွေက အသီးမသီး မကြီးထွားပဲ နှစ်ထောင်ချီ သက်တမ်း ရှိနေကြပါတယ်။ အမြင့်က လူတစ်ရပ်လောက်ပဲ ရှိပါတယ်။ ဒါကတော့ ပန်ထွာဘုရင်မ ရဲ့ ဆုတောင်းတစ်ခုပါ။ "ငါလာမှကြီး၊ ငါလာမှသီး" ဆိုတဲ့ ဆုတောင်း အတိုင်း ဗိဿနိုးမြို့ဟောင်းထဲက ပေပင်တွေက ဘုရင်မ လူပြန်မဖြစ်မချင်း မကြီးထွား၊ အသီးမသီးတာ လို့ အဆိုရှိပါတယ်။
ဗိဿနိုးမြို့ဟောင်းထဲမှာ အင်ကြင်းဥယျာဉ် လို့ခေါ်တဲ့ ဥယျာဉ်တစ်ခု ရှိပါတယ်။ ဒါပေမယ့် ပန်ထွာဘုရင်မ လက်ထက်တော်မှ ယနေ့အထိ အင်ကြင်းပင် တစ်ပင်မှ မရှိခဲ့ဖူးပါဘူး။ ဒါပေမယ့်နေ့စဉ်နေ့တိုင်း အင်ကြင်းပန်း အကြွေတွေကို ယနေ့ထက်တိုင်အင်ကြင်းဥယျာဉ်မြေနေရာ တစ်ဝိုက်မှာတွေ့နေရဆဲပါ။
ဒီ အင်ကြင်းဥယျာဉ် ကို ပန်ထွာဘုရင်မ က ဗိဿနိုးနတ်မင်းကြီး ကို ရည်စူးပြီးလှူဒါန်းခဲ့တာပါ။ ဥယျာဉ်ထဲမှာ အင်ကြင်းပင် မရှိသော်လည်း ဗိဿနိုးနတ်မင်းကြီး ရဲ့ အမိန့် နဲ့ အင်ကြင်းပွင့်တွေက ဥယျာဉ်တော်ထဲ ကိုအလိုလျောက်ရောက်နေတတ်လို့ အင်ကြင်းဥယျာဉ်လို့ခေါ်တာပါ။ ယခုထိလည်း ဘယ်ကမှန်း မသိတဲ့ အင်ကြင်းပွင့်တွေရောက်နေဆဲပါ။
အထူးသဖြင့် ပန်ထွာဘုရင်မ တည်ခဲ့တဲ့ ရွှေရောင်တော်စေတီ မှာ အင်ကြင်းပန်းတွေကို ဘုရားပန်း လှူထားတာအပြင် ဘုရားရင်ပြင် တစ်ဝိုက်ပြန့်ကြဲစွာ ရှိနေတတ်ကြပါတယ်။ ဒါပေမယ့် အင်ကြင်းပန်းတွေ ဘယ်ကလာသလဲ ဆိုတာကိုတော့ ဘုရင်မ ပန်ထွာ ရဲ့ ဝိဥာဉ်သာ သိပါလိမ့်မယ်။
ဒါ့အပြင် ဗိဿနိုးမြို့ဟောင်းထဲမှာ အသားစားခွင့် မရှိပါဘူး။ စည်းကမ်းတွေ အရမ်းတင်းကြပ်ပါတယ်။ ဝိနည်း နဲ့ မညီတဲ့ ရဟန်းတွေနေခွင့် မရှိပါဘူး။ နေခွင့် မရှိလို့လည်း ပန်ထွာဘုရင်မ ရဲ့ ဝိဥာဉ်ကို ပဌာန်းဆက်ကြောင့် သြဇာညောင်း တဲ့ တောင်ငူနန်းတွင်းကျောင်းဆရာတော် ရဲ့ကျောင်းတစ်ခုသာ ဗိဿနိုးမြို့ဟောင်းမှာ ရှိပါတယ်။
ဒါကလည်း ရဟန်းအယောင်ဆောင်ထားသူတွေ ရဲ့ ပရိယာယ်ကြောင့် ဗိဿနိုးမြို့ကြီး ပျက်စီးပြီး သရေခေတ္တရာပြည့်ရှင် ဒွတ္တပေါင်လက်အောက်ရောက်ရတာကို အညှိုးထားပြီး သိက္ခာ နဲ့ ဝါစဉ်နုသေးတဲ့ ရဟန်းတော်တွေကို ပန်ထွာဘုရင် မဝိဥာဉ်က လက်မခံတာပါ။
ရှေးဟောင်းသုတေသနဌာန က ဗိဿနိုးမြို့ဟောင်းကြီးကို တော်တော် များများ တူးဖော် ထိန်းသိမ်းထားပြီးဖြစ်ပါတယ်။ တူးဖော်ရာမှာလည်း မကျွတ်လွတ်သေးတဲ့ ပန်ထွာဘုရင်မ ရဲ့ ဝိဥာဉ်ကိုမြင်ခဲ့ကြရပါတယ်။ အမှားအယွင်း မလုပ်ရဲကြပါဘူး။ တွေ့ရှိဖူးတဲ့သူတွေရဲ့ အဆိုအရ ပန်ထွာဘုရင်မက အသားအရေဖြူစပ်စပ်ရှိပြီး အရပ်က ၇ပေ နီးပါးရှိတယ်လို့ဆိုပါတယ်။
ဒီအချက်ကတော့ ဗိဿနိုးမြို့ဟောင်းထဲက အရပ် ၇ပေ ရှိတဲ့ အမျိုးသမီးတစ်ဦး ရဲ့ အရိုးစုနေရာကို တူးဖော်မိရာကနေ ပန်ထွာဘုရင်မ ရဲ့ အရိုးစု လို့ ယူဆခဲ့ရာ က ဖြစ်ပေါ်လာတဲ့အကြောင်းအရာလည်းဖြစ်နိုင်ပါတယ်။
အဲဒီအရိုး ကို နယူဂျာစီက တွက်ချက်ပေးရာမှာ နှစ် ၂၀၀၀ သက်တမ်း ရှိနေပါပြီ။ဒါပေမယ့် ဗိဿနိုးမြို့ဟောင်းထဲမှာ ည အချိန်တစ်ယောက်ထဲ သွားဝံ့သူ မရှိပါဘူး။ ပန်ထွာဘုရင်မ ရဲ့ ဝိဥာဉ်ဓာတ် က ခြောက်ခြားအောင်လွှမ်းမိုးထားဆဲပါ။
အနီးအနားက ရွာတွေက ရွာခံတွေလည်း မသွားရဲပါဘူး။ ပန်ထွာဘုရင်မ ကို နတ်နန်းဆောက် ကိုးကွယ်တဲ့ ဓလေ့ယနေ့အထိ ရှိပါတယ်။ နတ်ဆက်ရာမှာ လည်း သက်သက်လွတ် သစ်ဖုသစ်ဥတွေသာ ဆက်သရပါတယ်။ အသား၊ ငါး မဆက်ရပါ။
ဘာပဲဖြစ်ဖြစ် စိတ်ဝင်စားစရာ ဗိဿနိုးမြို့ဟောင်းကြီးက သွားရောက် လည်ပတ်သူနည်းပါးစွာ နဲ့ နှစ်ထောင်ချီ ခြောက်သွေ့နေပါတယ်။ ဒါပေမယ့် ဗိဿနိုးမြို့ ကို သွားရောက်ပြီး ပန်ထွာဘုရင်မ ကို မပျင်းရအောင် မကြာခဏ ဆိုသလို အနည်းဆုံး တစ်နှစ် တစ်ခေါက် ၊နှစ်ခေါက် သွားရောက် ဂါရဝပြုနေကြတဲ့ လူ အချို့တော့ရှိနေပါတယ်။
အဲဒီလူတွေကတော့ ပန်ထွာဘုရင်မ ကို သစ္စာရှိပါ့မယ် လို့ သစ္စာဆိုပြီး ဗိဿနိုးမြို့ရဲ့နောက်ဆုံး အချိန်ထိ သရေခေတ္တရာတပ်တွေကို ခုခံရင်း အသေခံ တိုက်ပွဲဝင်သွားတဲ့ ပန်ထွာဘုရင်မ ရဲ့ စစ်သူကြီးလေးဦး နဲ့ သူတို့ရဲ့ အနွယ်တော်တွေထဲက လူ့ဘဝ ကို ပြန်လည် ရရှိသူတွေဖြစ်ပါကြောင်း။ ။
Credit to
( Kyi Thant Sin ဖေ့စ်ဘွတ်မှကူယူဖော်ပြပါသည် )
လေးစားစွာဖြင့်

Wednesday, September 28, 2016

အပင်မှရရှိသော ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုးကလေးများ




MOI Webportal Myanmar added 2 new photos.
အပင်မှရရှိသော ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုးကလေးများ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
တင်ထက်ထက်ဇော်
...
နွယ်မြက်သစ်ပင် ဆေးဖက်ဝင်ဟု ဆိုသော် လည်း လောကနိယာမ သဘောအရ အကောင်းနဲ့အဆိုးကတော့ အမြဲဒွန်တွဲလျက်ရှိနေကြစမြဲပါ။ တချို့သစ်ပင်တွေမှာ လူသားတို့၏ ကျန်းမာရေးအတွက် အားသာချက်တွေ တော်တော်များများရှိကြပါတယ်။ သို့သော် လူတစ်ဦးနဲ့ တစ်ဦး ကြံ့ခိုင်မှုစွမ်းရည်ချင်း မတူညီကြတာကြောင့် ၎င်းအပ င်တွေရဲ့ ဆေးဝါးများဟာ ကိုယ်ထဲကိုရောက်ရှိလာတဲ့အခါ ခန္ဓာကိုယ် တွင်း သွေးသားစနစ်နဲ့  အပြောင်းအလဲကိုဖြစ်စေတတ်တာကြောင့် သတိပြုသုံးစွဲ တတ်ဖို့ လိုပါတယ်။ သို့ပါ၍ သတ်မှတ်ဖော်ညွှန်းထားသော ပမာဏထက်ပို၍ မမှီဝဲ မသုံးစွဲသင့်ကြောင်း အောက်ပါအတိုင်း အသိပေး မျှဝေ
လိုက်ရပါတယ်။
(၁) ရှားစောင်းလက်ပပ်
(က) ရှားစောင်းလက်ပပ်ပင်၏ ဂျယ်လီ(အနှစ်)ထဲတွင်ပါဝင်သော အောက်ဆီဂျင်ဓာတ်တစ်မျိုးက အရေပြားပေါ်ရှိ ဆဲလ်များကို အလိုလိုပြုပြင်ပေးနိုင်စွမ်းရှိတာကြောင့် မီးလောင်နာ၊ အရေကြည်ဖုနာ၊ ထိခိုက်ရှနာ၊ နေလောင်
ဒဏ်ရာတို့ကို ကောင်းစွာကုသပေးနိုင်ပါတယ်။ သို့သော် ခွဲစိတ်အနာ ချုပ်ရိုးများကိုတော့ အနာကောင်းစွာမကျက်သေးခင်မှာ မလိမ်းသင့်ပါဘူး။ အနာကျက်နှေးသွားစေပါတယ်။
(ခ) အပင်၏ Enzymes များထဲတွင် ဝမ်းသက်စေသော အစွမ်းသတ္တိပါရှိခြင်းကြောင့် အူမကြီးနံရံရှိ အချွဲအကျိများကို တိုးပွားစေကာ အူကိုသန့်စင်စေပြီး ဝမ်းမချုပ်စေပါဘူး။ သို့သော် အပင်ကို အခြောက်ထား၍ ဝမ်းပျော့ဆေးအဖြစ် အမြဲစားသုံးလျှင်တော့ အကျင့်ပါသွားတတ်ပါ
တယ်။
(၂) စမုန်မျိုးနှင့် စမုန်နက်
စမုံမျိုးက နှလုံးကိုငြိမ်းအေးစေပြီး အော့အန်ခြင်းကို ပျောက်ကင်းစေတဲ့အပြင် အစာကိုကြေညက်စေပါတယ်။ စမုန်နက်က အအေးမိခြင်း၊ ဝမ်းသွားခြင်း၊ ရေငတ်ခြင်း၊ ဝမ်းကိုက်ခြင်းတို့ကို ပျောက်ကင်းစေပါတယ်။ သို့သော် ဆရာဝန်၏ ကြီးကြပ်လမ်းညွှန်ချက်မပါဘဲ၎င်းတို့ကို ရက်သတ္တ ၆ ပတ်ထက်ပို၍ မစားသင့်ပါဘူး။
(၃) ကြက်သွန်ဖြူ
ကြက်သွန်ဖြူဟာ ဟင်းလျာအစားအစာများအတွက် အဓိကကျသော ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင်ဖြစ်ပါတယ်။ သို့သော် (က) ကြက်သွန်ဖြူဟာ သွေးကျဲစေတာကြောင့် သွေးမခဲဆေးစားနေရသူများဟာ ခွဲစိပ်ကုသမှုမပြု
မီ ကြက်သွန်ဖြူကို မစားသင့်ပါဘူး။ (ခ)Hypoglyceamic
(ခေါ်) သွေးထဲမှာ ဂလူးကို့စ်နည်း၍ ဆေးစားနေရသူများ
ဟာ ကြက်သွန်ဖြူကို လုံးဝမစားသင့်ပါဘူး။
(၄) ငရုတ်ကောင်း
ငရုတ်ကောင်းက ပန်းနာ၊ သလိပ်၊ လေထိုးလေအောင့် တို့ကို ချေဖျက်ပေးနိုင်သလို သည်းခြေရောဂါ၊ ဝမ်းကိုက်
ခြင်း၊ ချွေးမထွက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ သွေးဆုတ် သွေးပုပ်
အတွင်းပူသောအနာတို့ကိုလည်း သက်သာဖြေလျော့ပေး
နိုင်ပါတယ်။ သို့သော် (က) ငရုတ်ကောင်းကို နေ့စဉ် ၃ဝဝ
မီလီဂရမ်ထက်ပို၍ မစားသင့်ပေ။ (ခ) အရက်သေစာနှင့် တွဲ၍ မမှီဝဲပါနှင့်။ (ဂ) အသည်းရောဂါသမားများဟာ
ငရုတ်ကောင်းစားခြင်းမှ ရှောင်သင့်ပါတယ်။ (ဃ) ငရုတ်
ကောင်းဟာ ကြွက်သားတွေကို ပျော့ပျောင်းနိုင်စွမ်းရှိတာ ကြောင့် ယာဉ်မောင်းသူများနှင့် စက်ကိရိယာကိုင်တွယ်ရ
သူများဟာလည်း ငရုတ်ကောင်း မစားသင့်ပါဘူး။
(၅) နွယ်ချို
နွယ်ချိုက အသံကိုကြည်လင်စေပြီး ချောင်းဆိုးနဲ့
သလိပ်နာရောဂါကို ပျောက်စေပါတယ်။ လေနာရောဂါကို နိုင်ပါတယ်။ လူကို ဆူဖြိုးစေပြီး အားဖြစ်စေပါတယ်။ သို့
သော် (က) နွယ်ချို ကို ရက်သတ္တ ၄-၆ ပတ်ထက်ပို၍ စွဲမ
စားသင့်ပါဘူး။ ပို၍စားမိပါက ခန္ဓာကိုယ်ထဲမှာ ရေအောင်း
နိုင်ပါတယ်။ (ခ) ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသည်းနဲ့
ကျောက်ကပ်ရောဂါရှိသူများ အထူးရှောင်ရှားသင့်ပါတယ်။
(ဂ) နွယ်ချိုဟာ ခန္ဓာကိုယ်တွင်း ပိုတက်စီယမ်ဓာတ်ကို လျော့
နည်းစေတာကြောင့် ပိုတက်စီယမ်အားနည်းသူများ မစား
သင့်ပါဘူး။
(၆) တရုတ်နံနံ
တရုတ်နံနံပင်ထဲမှာ ဘေးဥပဒ်ဖြစ်စေသော ကိုလက်စထရော လုံးဝမပါရှိဘဲ ကောင်းကျိုးပြုသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ ဗီတာမင်သတ္တုဓာတ်များနဲ့ ချေဖျက်လွယ်သောအမျှင်ဓာတ်တို့ ကြွယ်ဝစွာပါရှိတဲ့အပြင် ကင်ဆာကိုတိုက်ဖျက်နိုင်သော acetylenics, phenolic acids နှင့်coumarins ဓာတ်ပေါင်းစုများ ပါဝင်နေတာကြောင့် ကင်ဆာအဖုအကျိတ်များ ကြီးထွားပျံ့နှံ့ခြင်းမှ
ကာကွယ်ပေးပြီး အံ့သြဖွယ်ကောင်းစွာ အနာများကိုလည်း ကျက်စေပါတယ်။ အထူးသဖြင့် အူမကြီးကင်ဆာ၊ အစာ
အိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာနှင့် အမျိုးသားများ
ဆီးကျိတ်ကင်ဆာတို့ကို ဟန့်တားပေးနိုင်ပါတယ်။ သို့သော်
တရုတ်နံနံပင်က ဆေးအဖြစ်မှီဝဲရင် ဆီးများများသွား
စေတာကြောင့် ကျောက်ကပ်ရောဂါသည်များနဲ့ သည်း
ခြေအိတ်ဝေဒနာသည်များအတွက် အထူးရှောင်ရှားသင့်ပါ
တယ်။
(၇) ပင်စိမ်းပင်
ပင်စိမ်းရွက်ထဲတွင်ပါရှိသော သဘာဝဓာတ်ပေါင်းစု
တစ်မျိုးက ဦးနှောက်စွမ်းဆောင်ချက်ကို တိုးတက်ကောင်း
မွန်စေသည့်ပြင် စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိစီးခြင်းနဲ့ အယ်လ်ဇိုင်းမားရောဂါတို့ကို ထိထိရောက်ရောက် ကုသ
ပေးနိုင်ပါ တယ်။ ဒါ့ပြင် ပင်စိမ်းရွက်တာ ကလေးငယ်များ
ရဲ့ Óဏ်ရည်စွမ်းအားကို တိုးတက်မြင့်မားစေနိုင်လို့ အရွယ်
သုံးပါးမရွေး စားသုံးသင့်ပါတယ်။ သို့သော် သွေးထဲမှာ ဂလူးကို့စ်နည်းနေသူများ၊ အတက်ရောဂါရှိသူများနဲ့
ဝက်ရူးပြန်ရောဂါရှိသူများကတော့ ပင်စိမ်းကို မစားသင့်ပါ
ဘူး။
(၈) ချင်း(ဂျင်း)
ချင်းဟာ အစာကြေညက်လွယ်ခြင်း၊ ဆီးနဲ့ဝမ်းကို ရွှင်စေခြင်း၊ ခံတွင်းမြိန်ခြင်း၊ သုက်ကိုပွားစေခြင်း၊ အဆိပ်အတောက်ကို ပြေပျောက်စေခြင်း၊ ချောင်းဆိုးပန်းနာကို ပျောက်စေခြင်း၊ ရောင်ရမ်းနာများကို ပျောက်ကင်းခြင်း၊ အသံကြည်လင်ခြင်း၊ လေနာရောဂါကိုနိုင်ခြင်းစတဲ့ ကျန်းမာရေးအာနိသင်တွေ ပေးစွမ်းနိုင်ပါတယ်။ သို့သော် ချင်းဟာ သည်းခြေရည်ကို ပိုထွက်စေတာကြောင့် သည်းခြေ
ရောဂါရှိသူများက ချင်းအခြောက်ကိုဖြစ်စေ၊ ချင်းမှုန့်ကို
ဖြစ်စေ ဆေးအဖြစ်မှီဝဲလိုရင် ကျွမ်းကျင်သူ ဆရာဝန်
တို့၏ လမ်းညွှန်မှုဖြင့်သာ သုံးစွဲသင့်ပါတယ်။
(၉) နနွင်း
လေ့လာဆန်းစစ်မှုမှတ်တမ်းများအရ ကမ္ဘာပေါ်မှာ နနွင်းမှုန့် အစားဆုံးသူများဟာ အိန္ဒိယလူမျိုးများဖြစ်ကြရာ ၎င်းလူမျိုးတွေမှာ ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ချေလွန်စွာနည်းပါး
ကြောင်း၊ နနွင်းမှုန့်ကို ပန်းဂေါ်ဖီ(အဖြူ)နှင့် တွဲဖက်၍ ချက်စားခြင်းက ဆီးကျိတ်ကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ကြောင်း၊ အိန္ဒိယမှာ နနွင်းမှုန့်ကို မိရိုးဖလာအရ စားသုံးလာခဲ့ကြတာကြောင့်လည်း ကလေးငယ်တွေမှာ သွေးကင်ဆာဖြစ်ပွားနှုန်းနည်းပါးကြောင်း၊ အဆိပ်အတောက်ပြေစေကာ အသည်းကို ကောင်းကျိုးပြုကြောင်း၊ ကိုယ်တွင်းကိုယ်ပ ရောင်ရမ်းနာများအတွက် လွန်စွာဆေးဖက်ဝင်ကြောင်း၊
အမျိုးသမီးများရဲ့ သားအိမ်ကို သန့်စေကြောင်း၊ နနွင်းမှုန့်ကို နေ့စဉ် ဟင်းလျာတွေမှာ စားသုံးလေ့ရှိတာကြောင့်လည်း အိန္ဒိယလူမျိုးတွေမှာ ဦးနှောက်ဇရာရောဂါ(ခေါ်)အယ်လ်ဇိုင်းရောဂါ ဖြစ်သူဦးရေ လွန်စွာနည်းပါး
ကြောင်း လေ့လာတွေ့ရှိရပါတယ်။ သို့သော် အစာအိမ်
အက်ဆစ်အထွက်များသူများ၊ အူယဉ်းနာရောဂါ၊ သည်းခြေ
ကျောက်နှင့် သည်းခြေအိတ်ပိတ်ဆို့သူများကတော့ နနွင်း
စားသုံးမှုကို ရှောင်ရှားသင့်ပါတယ်။