:include data='blog' name='google-analytics'/>

Saturday, July 9, 2016

အလွဲ တိုင်းပြည် နှင့် ပြောင်းလဲချိန်

အလွဲ တိုင်းပြည် နှင့် ပြောင်းလဲချိန်
************************
ဆရာဝန် တွေ နည်းသလောက်
ရမ်းကု တွေ ပေါ တဲ့ တိုင်းပြည် ။
...
ဆရာဝန် တွေ ကို ဆဲသလောက်
တရုပ် အပ်စိုက် တွေဆီ ပိုက်ဆံပုံအော ပေးတဲ့တိုင်းပြည် ။
ကွမ်းယာ ဆိုင်က လေးတန်းအောင်က
ဆေးစပ် ရောင်း တဲ့ တိုင်းပြည် ။
ပြည်သူ့ ဆေးရုံ တွေ မှာ
အကုန် အလကား လိုချင်ပြီး
ဘန်ကောက် ဆေးရုံတွေဆီ
သိန်းရာချီ သွားပေးတာ ကို
တခမ်းတနား ဂုဏ်ယူတဲ့ တိုင်းပြည်။
ဆရာဝန်စစ်စစ်တွေဆီက
ပိုက်ဆံ တိုးကောက်ဖို့ပဲ သိပြီး
ဘာတာဝန်မှ မသိတဲ့
ဆေးကောင်စီ ကြီး ရှိတဲ့ တိုင်းပြည် ။
ရမ်းကုတွေ လက်ထဲ
အသက်ပျောက်ကုန်ရင် အသံတိတ်လို့
ပြည်သူ့ဆေးရုံ တွေမှာ အမှိုက်တွေဖွ
ခွေးတွေ တစီစီ ဖြစ်တာကို
လျှောက်ဖွနေတဲ့ တိုင်းပြည်။
ပါမစ်တစ်ခု အတွက် ကုန်ချင်သလောက်ကုန်
ဆေးရုံ မှာ ဓာတ်မှန် ဓာတ်ခွဲ ကြေးလေး
ကုန်ရင်တောင် ပြသနာ ရှာတတ်တဲ့ တိုင်းပြည်။
တိုင်းပြည်က မွဲ သလောက်
ကမ္ဘာ မှာ ဘယ်နိုင်ငံကမှ မလုပ်နိုင်တဲ့
အခမဲ့ ဆေးကုသ ခွင့်
ဇွတ်အတင်းလုပ်ပြီး
ပေမမှီ စံမမှီ ဖြစ်နေတဲ့ တိုင်းပြည် ။
အထူးကု ဆရာဝန်ကြီး လစာက
ပုဂ္ဂလိက ဘဏ်က သန့်ရှင်းရေး ဝန်ထမ်း
စစ်တပ်ထဲက ဒု ဗိုလ် လောက်သာ ရတဲ့
အံ့မခန်း တိုင်းပြည် ။
အမှားတွေ က နှစ်ပေါင်းများစွာ
အမြစ်တွယ် ခိုင်ခံ့လာတော့
အမှားကို အမှားလို့ မမြင်တော့ပဲ
သဘာဝ လို့ အတွေးချော်နေတဲ့ တိုင်းပြည် ။
ဒီ အတိုင်းဆက်သွားမလား
ပြောင်းလဲချိန် တန်ပြီလား
ရက်တစ်ရာ အတွင်း
လူတစ်ရာ လောက်တောင်
mindset ပြောင်းဖို့ မသေချာ တဲ့ တိုင်းပြည် ။
ရဲရဲပြောင်းပါ
အမှန်တရားကို ရဲရဲ လက်ခံပါ ။
အမှန်တရား နဲ့ ဓာတ်မတည့်တဲ့ သူတွေနဲ့
ရဲရဲ လမ်းခွဲ ဖို့ ပြတ်သားပေးပါ အစိုးရ သစ် ။
‪#‎Credit‬ to Drtayza Kyaw

Thursday, July 7, 2016

သမီးလေး သူတပါးချစ်သူ၊ခင်ပွန်းဆိုတာ

သမီးလေး
သူတပါးချစ်သူ၊ခင်ပွန်းဆိုတာ
မက်မောသင့်တဲ့ အဖိုးတန်အရာလို့မထင်လိုက်ပါနဲ့
ကိုယ့်သိက္ခာတွေကိုပုပ်စော်နံစေမယ့်
မြောင်းပုပ်လိုအရာတွေလို့မှတ်ထားပါ။
...
သမီးလေး
ယောကျာ်းတစ်ယောက်ကသူပိုင်ဆိုင်တဲ့
မိသားစုနဲ့ သမီးလေးကို လဲနိုင်တယ်ပြောရင်
မသာယာလိုက်ပါနဲ့။
ကိုယ့်သွေးသားကိုတောင်သံယောဇဉ်မရှိသူက
တစိမ်းဖြစ်တဲ့သမီးလေးအပေါ်ကို
တပ်မက်မှုတဏှာပဲရှိတယ်လို့သာမှတ်ထားပါ။
သမီးလေး
မိန်းကလေးဆိုတာ
ကိုယ့်အရည်အချင်းနဲ့ရတဲ့ ၁၀၀ကို
သူတပါးအပူစာ ၁၀၀၀နဲ့မလဲပစ်ပါနဲ့
ဒီဘ၀မှာ ခဏလေးသာယာဖို့
သံသရာကြွေးတွေကို ဘ၀တိုင်းအတွက်
ယူမသွားချင်ပါနဲ့။
သမီးလေး
အတိတ်ဘ၀ကုသိုလ်မတူညီကြလို့
သူတပါးချမ်းသာကြွယ်ဝမှုကို
မုဒိတာမပွားနိုင်ရင်နေပါ
မနာလိုစိတ်နဲ့ အဘိဇ္ဇာမပွားလိုက်ပါနဲ့။
သမီးလေး
သူများတွေသုးံဖြုန်းနေတာကို
အားကျလို့ရပါတယ်။
ဒါပေမယ့် အားကျစိတ်ကြောင့်အချောင်လမ်းတော့ မလျှောက်လိုက်ပါနဲ့။
စစ်မှန်စွာကြိုးစားပါ။
သမီးလေး
လောကမှာ ပန်းတိုင်းကမမွှေးပါဘူး
မွှေးသောပန်းတိုင်း အဖိုးမတန်ပါဘူး
အဖိုးတန်ပန်းတိုင်းကလည်း တော်,မ၀င်ပါဘူး။
တော်,၀င်ပြီး မွှေးသောပန်းလေးဖြစ်အောင်
ကိုယ်ကျင့်တရားကို အမြဲရှေ့တန်းတင်ပါနော်။
Credit:မူရင်း
Shwe Kyar

မြောင်းမြ မုန်ဟင်းခါးချက်နည်းတွင် လှို့ဝှက်ချက် ရှိနေတယ်

NanNan Granary to စားကြမယ် ၊ချက်ကြမယ်၊
မြောင်းမြ မုန်ဟင်းခါးချက်နည်းတွင် လှို့ဝှက်ချက် ရှိနေတယ် အများအားဖြင့် သိသူနည်းနေပါတယ် နာမည်ကြီးတဲ့ဆိုင်ကချက်နည်းနော်
ငါးရံ ငါးခူ ငါးကြင်းဖြူ များနှ...င့်ချက်လျှင်ပ်ုကောင်းပါတယ်
အချိုးအစားက နှစ်သက်သလိုတည့်ပါ
ငါးပြုတ်ရန်ရေနွေးတည်ထားပါ ဇပါးလင်. ဂျင်းကြက်သွန်ဖြူ နှင့်ဆူပွက်လာရင် ငါး ...ငံပြာရည် တည့်ကာ ဆီနည်းနည်း နနွင်းမု့န့် အနည်းငယ်ဖြင့် ငါးများနူးလာသည်အထိပြုတ်ပေးပါ
ရေဆူပြီးမှာ့ငါးတည့်သည့်အတွက် ငါးညှီနံမရှိတော့ပါ
ဟင်ရည်ချက်ရန် ငါးအသားနွှာပါကြေမသွားစေရ ငါးအသာမြောင်းလေးလှလှလေးဖြစ်နေပါစေ
ဂျင်းကြက်သွန်ဖြူ ထောင်းကာဆီသတ် ပြီလျှင် ငါးပြတ်ရေအိုးထဲသ်ု့တည့်ကာဆူပွက်သည့်အချိန်တွင် နွှာထားသောငါးပြုတ်တည့်ပါ ..ငါးပြုတ်ဆီမသတ်ရ
ဟင်းရည် ဆူပွက်၍ အနံမွေးလာရင် ဆန်လှော်မုန့် ပဲမုန့်အကြက်ရေဖျော်ပြီဖြေးဖြေးလောင်းတည်ပါ ဟင်းရည် ဆူချိန်ရောက်မှာ့အပေါ့အငံတွက်ငံပြာရည်တည့်ပါ
ဆူပွက်ချိန်မရောက်ခင်တည့်ရင် ငံပြာရည် အနံထွက်တတ်သည်
ကြသွန်နီတည့် ငရုတ်ကောင်း ပြီးလျှင် အနံအရသာဖြင့်ပြည့်စုံသော မုန့်ဟင်းခါး ဟင်းရည် ရပါပြီ အကြော်နှစ်သက်သလိုတည့်စားပါ

Tuesday, July 5, 2016

ဆီးချိုရောဂါ ရှိသူများအတွက် ဆောင်ရန် ရှောင်ရန် စားသုံးရန်

ကျန်းမာရေးနှင့်ဗဟုသုတအစုံ
ဆီးချိုရောဂါ ရှိသူများအတွက် ဆောင်ရန် ရှောင်ရန် စားသုံးရန် ………
*အုပ်စု ( ၁ ) လုံးဝရှောင်ရမည့် အစားအစာများ ။
သကြားနှင့် သကြားပါဝင်သော အစားအသောက်များ အားလုံးကို လု...ံးဝ (လုံးဝ )ရှောင်ရပါမည်။
သကြား ၊ ဂလူးကို့ စ် ၊ ကြံသကာ ၊ ထန်းလျက် ၊ ယိုအမျိုးမျိုး ၊ ချိုချဉ် ၊ ချောကလက် ၊ အိုက်စ် ကရင် ၊ လမုန့်  ၊ ထိုးမုန့် ၊ မလိုင်မုန့်  ၊ အဖျော်ယမကာ အမျိုးမျိုး ၊ စည်သွပ်အမျိုးမျိုး

*အုပ်စု ( ၂ ) ကြုက်သလောက် စားသုံးနိုင်သော အစားအစာများ ။
ဤ အစားအသောက်များကို မိမိနှစ်သက်ပါက စိတ်တိုင်းကျ စားသုံးနိုင်သည့်အပြင် ဗိုက်ဝ အောင်လည်း စားနိုင်ပါသည် ။
(၁) စိမ်းစိုသော ဟင်းရွက် အမျိုးမျိုး ။
ဗူးရွက် ၊ ကန့် စွန်းရွက် ၊ မန်ကျည်းရွက် ၊ ချဉ်ပေါင်ရွက် ၊ ဆူးပုတ်ရွက် ၊ မြင်းခွါရွက် ၊ ဂေါ်ဖီထုပ် ၊ ဂေါ်ဖီပွင့် ၊ ပန်းမုံလာ ၊ ကိုက်လန်ရွက် ၊ မုန်ညင်းရွက် များ ။
(၂ ) မချိုသော အသီးအမြစ်များ ။
ခရမ်းချဉ်သီး ၊ သံပုရာသီး ၊ ရှောက်သီး ၊ ဆီးဖြူသီး ၊ မျှစ် ၊ မုန်လာဥဖြူ ၊ ဗူးသီး ၊ ဂေါ်ရခါးသီး ၊ ခရမ်းသီး ၊ ကင်းပုံသီး ၊ ခဝဲသီး ၊ ရုံးပတီသီး ၊ ဂွေးချိုသီး ၊ သလဲသီး ။
( ၃ ) သား / ငါး များ ။
ကြက် ၊ ဘဲ ၊ ဆိတ် ၊ အမဲ ၊ ဝက် ၊ ငါး ၊ ပုဇွန် ၊ ကြက်ဥ ၊ ငုံးဥ ။
( ၄ ) ကော်ဖီ / လက်ဖက်ရည် ။
သကြား ၊ နို့ ဆီ ၊ နို့ မှုန့်  မသုံးရ ။ ဆက်ကရင် နှင့် အခြားအချိုတုများ သုံးနိုင်ပါသည် ။ နို့ ကိုလည်း အသင့်အတင်း သုံးနိုင်ပါသည် ။
*အုပ်စု ( ၃ ) သင့်တင့်သော အတိုင်းအတာထိသာ စားသင့်သော အစားအစာများ ။
ဤအစားအသောက်များသည် ကစီဓါတ်အများဆုံး ပါရှိပါသည် ။မိမိနှင့် သင့်တော်သော တစ်နေ့ အတွက် ကစီဓါတ် ယူနစ် ပမာဏကို ဆရာဝန်နှင့် တိုင်ပင်ရန် လိုအပ်ပါသည် ။ ( မိမိဖြစ်နေသော အခြေအနေအလုံးစုံသိသောမြင်သော ဆရာဝန်များကို ပြောကြားခြင်းဖြင့် အကုအညီယူပါ )
(၁) ဆန်နှင့်ပြုလုပ်သော အစားအစာများ -
ထမင်း ၊ ဆန်ပြုတ် ၊ မုန့် တီ ၊ မုန့် ဟင်းခါး ၊ ဆန်ခေါက်ဆွဲ ၊ ကောက်ညှင်း ။
(၂ ) ဂျုံ နှင့်ပြု့ လုပ်ထားသော အစားအစာများ -
ခေါက်ဆွဲ ၊ ပေါင်မုန့်  ၊ နံပြား ၊ ဂျပါတီ ၊ ပူတီ ၊ ဘီစကစ် ၊ အီကြာကွေး ၊ ထပ်တရာ ၊ ပလာတာ ၊ စမူဆာ ၊ ပေါက်စီ ။
( ၃ ) ကစီဓါတ်များသော အသီးနှင့်ဥများ -
အားလူး ၊ ရွှေဖရုံ ၊ ကန်စွန်းဥ ၊ ပိန်းဥ ၊ ခါကြက်ဥ ၊ ပဲအမျိုးမျိုး ၊ နာနတ်သီး ၊ လိမ္မော်သီး ၊ သရက်သီး ၊ဌက်ပျောသီး ၊ ပိန္နဲသီး ၊ မာလကာသီး ၊ သြဇာသီး ၊ ဒူးရင်သီး ၊ စိမ်းစားဥ ။
Mg Mandalay

နို့စိမ်းခေါက်ဆွဲချက်နည်း

My Food Myanmar
နို့စိမ်းခေါက်ဆွဲချက်နည်း
့
ခေါက်ဆွဲ ၁ပိသာ နို့စိမ်းတစ်ဘူး
ကြက်သား ၂၀သား ရေဆေးအတုံး သေးသေးတုံးပါ ဘဲဥ၅လုံးပြုတ်ပါခွံနွှာပါ
ကြက်...ရိုး(တောင်ပံ ခြေထောက်) ၃၀သား
ပဲပြား ၂တုံး ရေဆေး အတုံးသေးသေးလေးတုံးပါ
မွှေး ပဲစိမ်းမှုန့် ၂၅၀ကျပ်တန် ၁ထုပ် ရေနှင့်ပြစ်ပြစ်ပျော်အောင်ဖျော်ထားပါ်
ကြက်သွန်ဖြူ ၂တက် ခွံနွှာ ညက်ညက်ထောင်းပါ်
ဂျင်း လက်နှစ်ဆစ် ခွံနွှာ ညက်ညက်ထောင်းပါ်
ကြက်သွန်နီ ဥကြီး ၄လုံး ပါးပါးလှီးပါ
ချက်နည်းးး
၁့ကြက်ရိုးကို ငံပြာရည်အချိုရည်အနည်းငယ်
ဟင်းခတ်မှုန့်အနည်းငယ် သကြားဟင်းခတ်ဇွန်းတစ်ဇွန်းထည့် ပြုတ်အိုးတည်ထားပါ
၂့  ကြက်သွန်ဖြူနီဂျင်း တို့ကိုဆီသပ်ပါ
နနွင်းမှုန့်အနည်းငယ် ငြုပ်စိမ်းမှုန့်အနည်းငယ်ထည့်ပါ မွှေးနီလာပါက တုံးထားသောကြက်သားနှင့်
ပဲပြားထည့်၍ ကြော်ထားပါ
၃့ ကြက်ရိုးပြုတ်အိုးဆူလာပါက ပဲစိမ်းဖျော်ရည်ကိုနှံ့အောင်ပြန်မွှေ၍ ကြက်ပြုတ်ရည်ထဲထည့်ပါ မကြာခဏ ဆူလာသည်အထိမွှေပေးပါ
၎့ ပဲစိမ်းရည်ဆူလာပါက ကြက်သားဆီသပ်ကို ဆီစစ်ပြီးထည့်ပါ နို့စိမ်းဘူးဖေါက်ထည့်ပါ
၅့ ကြက်သွန်နီ ဥ သေးလေးများ ၁၅ကျပ်သားခန့် ခွံနွှာ၍ အလုံးလိုက်ထည့်ပါ
၆့ ပဲသွေးကြိုက်ပါက ရေဆေးပြီးတုံး၍ထည့်ပါ
၇့ ဘဲဥပြုတ်၅လုံ်းပါးပါးလှီးထည့်ပါ
ဟင်းအရသာအတွက် ဆားနှင့်ဟင်းခတ်မှုန့်ကိုသာ ချိန်ဆထည့်ပါ
ငံပြာရည် သိပ်မထည့်ပါနှင့် အနံ့ကဲသွားနိုင်ပါသည်
ကြက်သွန်ဥလေးများနူးလာလျှင် ခေါက်ဆွဲနှင့်
တွဲဖက်၍စားသုံးနိုင်ပါပြီရှင့်
မုန်ကြွပ်ကြိုက်လျှင်မုန်ကြွပ်ကြော်နှင့် ကြက်သွန်စိမ်း တွဲဖက်စားသုံးပါရှင်
ပညာရှင်မဟုတ်ပါ အိမ်မှာချက်စားသော
နည်းဖြစ်ပါတယ်ရှင့်

Credit: Shan Kha

Saturday, July 2, 2016

ကင်ဆာရှစ်မျိုးကိုကာကွယ်ပေးမဲ့အစားအစာရှစ်မျိုး

MsMay Win SweNge to မြန်မာ့ ရူခင်း ဓါတ်ပုံများ Photo of myanmar views
10 hrs
အစာလဲဆေး ဆေးလဲအစာပေါ့ရှင်။ ကျန်းမာရေးဗဟုသုတလေးဝေမျှပါတယ်။
ဒီ page လေးကိုလဲ like လုပ်ပေးပါနော်။ ‪#‎May_English_Language_Centre

Friday, July 1, 2016

ပိန္နဲသီးကိုဘာကြောင့်စားသုံးသင့်ပါသလဲ..

Myanmar Daily Star's photo.
ပိန္နဲသီးကိုဘာကြောင့်စားသုံးသင့်ပါသလဲ..
ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်
ပိန္နဲသီးမှာ အစွမ်းထက် အာဟာရဖြစ်တဲ့ ဗီတာမင်စီ များစွာ ပါဝင်တာကြောင့် ဗိုင်းရပ်စ်န...ဲ့ ဘက်တီးရီးယားပိုး ဝင်တာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်စီဟာ သွေးဖြူဥတွေရဲ့ လုပ်ငန်းဆောင်တာကို ထောက်ပံ့ပေးတာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို သန်စွမ်းစေပါတယ်။ ပိန္နဲသီးတစ်ခွက်ကို စားတာက ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အင်တီအောက်ဆီးဒင့် ပမာဏကို ကောင်းကောင်း ရရှိစေနိုင်ပါတယ်။
ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်
ပိန္နဲသီးမှာ ဗီတာမင်စီအပြင် လစ်ဂနင်၊ အိုက်ဆိုဖလေဗုန်းနဲ့ ဆာပိုနင်တို့လို ဖိုင်တိုအာဟာရဓာတ် များစွာ ပါဝင်တာကြောင့် ကင်ဆာမဖြစ်အောင် ကာကွယ်ပေးပြီး အိုမင်းမှုကို တားပေးနိုင်ပါတယ်။ ဖိုင်တိုအာဟာရ ဓာတ်တွေက ခန္ဓာကိုယ်ရှိ ကင်ဆာဖြစ်စေနိုင်တဲ့ ဖရီးရယ်ဒီကယ်တွေကို ကင်းစင်စေပြီး ဆဲလ်ပျက်စီးမှုကို နှေးကွေးစေပါတယ်။
အစာကြေညက်စေပါတယ်
ပိန္နဲသီးမှာ အနာမဖြစ်အောင် ကာကွယ်ပေးတဲ့ အာနိသင်တွေ ပါဝင်တာကြောင့် အစာအိမ်အနာနဲ့ အစာချေဖျက်မှုဆိုင်ရာ ဝေဒနာတို့ မဖြစ်ပေါ်အောင် ကာကွယ်ကုသပေးနိုင်ပါတယ်။ ပိန္နဲသီးမှာ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် ဝမ်းချုပ်တာမဖြစ်အောင် ကာကွယ်ပေးပြီး အူလှုပ်ရှားမှု ကောင်းစေကာ ဝမ်းမှန်မှန်သွားစေပါတယ်။ အမျှင်ဓာတ်တွေက အူမကြီးရှိ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်ပစ္စည်းတွေကို ကင်းဝေးစေတဲ့နည်းနဲ့ အူအမြှေးပါးတွေကို ကျန်းမာအောင် ကာကွယ်ပေးပါတယ်။
မျက်စိနဲ့ အသားအရေကို ကျန်းမာစေပါတယ်
ပိန္နဲသီးမှာ အစွမ်းထက် အာဟာရ ဗီတာမင်အေ ပါဝင်တာကြောင့် မျက်စိနဲ့ အသားအရေကို ကျန်းမာစေပါတယ်။ ဒါ့အပြင် မက်ကူလာ ယိုယွင်းပျက်စီးမှုနဲ့ ညဘက် မျက်စိမမြင်တာတွေလို အမြင်ပိုင်းဆိုင်ရာ ပြဿနာတို့ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။
စွမ်းအင် တိုးစေပါတယ်
ပိန္နဲသီးမှာ ဖရက်တို့စ်နဲ့ ဆူးခရို့စ်တို့လို သကြားဓာတ်တွေ ပါဝင်တာကြောင့် စွမ်းအင်ထွက်ရှိစေတဲ့ အသီးအဖြစ် နာမည်ကြီးပါတယ်။ စွမ်းအင်အားကောင်းစေတဲ့ အသီးဖြစ်ပေမယ့် ပြည့်ဝဆီနဲ့ ကိုလက်စထရော မပါဝင်ပါဘူး။
သွေးတိုးကို ကျစေပါတယ်
ပိန္နဲသီးမှာ ပိုတက်စီယမ်ဓာတ် ပါဝင်တာကြောင့် သွေးတိုးနေသူတွေမှာ သွေးဖိအားကျစေပြီး နှလုံးရောဂါ ထတာနဲ့ လေဖြတ်တာတို့ရဲ့ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။
ရင်ကျပ်ပန်းနာကို ထိန်းချုပ်နိုင်ပါတယ်
ပိန္နဲသီးအမြစ်ဟာ ပန်းနာရင်ကျပ် ရောဂါ ခံစားနေရသူတွေအတွက် ဆေးဖက်ဝင်တယ်လို့ ဆိုကြပါတယ်။
အရိုးကို သန်စွမ်းစေပါတယ်
ပိန္နဲသီးမှာ မဂ္ဂနီဆီယမ်ဓာတ် များစွာ ပါဝင်တာကြောင့် ကယ်လ်စီယမ် စုပ်ယူရေးအတွက် အသုံးဝင်ပါတယ်။ ဒါကြောင့် အရိုးတွေကို သန်စွမ်းစေပြီး အရိုးပါးရောဂါလို အရိုးနဲ့ ဆက်စပ်နေတဲ့ ရောဂါဝေဒနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်
ပိန္နဲသီးမှာ သံဓာတ် ပါဝင်တဲ့အတွက် သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးပြီး ခန္ဓာကိုယ်ထဲမှာ သွေးလှည့်ပတ်မှု ကောင်းအောင် ကူညီပေးပါတယ်။
သိုင်းရွိုက်ကို ကျန်းမာစေပါတယ်
ပိန္နဲသီးမှာ ပါတဲ့ ကြေးနီ (Copper) ဟာ သိုင်းရွိုက်ရဲ့ လုပ်ငန်းဆောင်တာအတွက် အရေးပါပါတယ်။ အထူးသဖြင့် ဟော်မုန်း ထုတ်လုပ်ရေးမှာ ပါဝင်ကူညီပေးပါတယ်။
Myawady News