:include data='blog' name='google-analytics'/>

Tuesday, June 28, 2016

အမျိုးသမီးများ လျှို့ ဝှက်ကင်မရာရန်မှကင်းဝေးရန် ကာကွယ်နည်းများ

Aungkyaw Lin
4 May
အမျိုးသမီးများ လျှို့ ဝှက်ကင်မရာရန်မှကင်းဝေးရန် ကာကွယ်နည်းများ
အ၀တ်လဲခန်းထဲမှာ hidden camera (လျှို့ဝှက် ကင်မရာ) တပ်ဆင်ထားမထား ဘယ်လိုသိနိုင်မလဲ အ၀တ်အထည်စတိုးဆိ...ုင်ကြီးတွေနဲ့ ပလာဇာတွေရဲ့ အ၀တ်အစားလဲခန်း (အ၀တ်အထည်အသစ်တွေကို စမ်းသပ်ဝတ်ဆင်ကြည့်တဲ့အခန်း) တွေမှာ မသမာသူတွေက hidden camera (လျှို့ဝှက် ကင်မရာ) တွေ တပ်ဆင်ထားနိုင်ပါတယ်။
ကင်မရာတွေဟာ သေးငယ်လွန်းတာကြောင့် ဘယ်နားမှာတပ်ဆင်ထားလဲဆိုတာ တော်ရုံတန်ရုံမသိနိုင်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ မိမိမှာပါလာတဲ့ mobile phone နဲ့စမ်းသပ်တဲ့နည်းပါပဲ။
1. အ၀တ်လဲခန်းထဲကိုမ၀င်မီ မိမိဖုန်းကို ဖုန်းခေါ်ဆိုမှု လုပ်လို့ရမရ စစ်ဆေးထားပါ။
2. အ၀တ်လဲခန်းထဲကိုရောက်သွားတဲ့အခါ မိမိရဲ့ mobile phone ကို ဖုန်းခေါ်ဆိုမှု ပြုလုပ်ကြည့်ပါ။
3. ဖုန်းခေါ်လို့မရဘူးဆိုရင် အဲဒီအ၀တ်လဲခန်းထဲမှာ hidden camera ရှိနေဖို့များသွားပါပြီ။ ဖုန်းခေါ်မရတဲ့အကြောင်းအရင်းကတော့ hidden camera ရဲ့ ဖိုင်ဘာကေဘယ်က mobile phone လိုင်းကို အနှောက်အယှက်ဖြစ်စေလို့ပါပဲ။
နှစ်ဘက်မြင်မှန် (two way mirror) နဲ့ ရိုးရိုးကြေးမုံမှန်ကို ဘယ်လိုခွဲခြားမလဲ ဟိုတယ်တွေရဲ့ သန့်စင်ခန်းတွေ၊ စတိုးဆိုင်ကြီးတွေက အ၀တ်အစားလဲခန်းတွေ၊ ဟိုတယ်အိပ်ခန်းတွေ မှာတပ်ဆင်ထားတဲ့ မှန်တွေဟာ တကယ့်ကြေးမုံပြင်စစ်စစ်တွေလား၊ ဒါမှမဟုတ် နှစ်ဘက်မြင်မှန် (two way mirror) တွေလား ဆိုတာ သင် သံသယ၀င်ဖူးပါသလား? Two way mirror ဆိုတာကတော့ သင့်ဘက်ကကြည့်ရင် ကြေးမုံပြင်အနေနဲ့ သင့်ပုံရိပ်ကို သင်ပြန်မြင်နေရပေမယ့် အခြားတစ်ဘက်က ကြည့်ရင် သင်လုပ်သမျှကို တစ်ဘက်လူက အကုန်မြင်နေရမှာပါ။ ဟောလိဝုဒ် စုံထောက်ကားတွေမှာ တရားခံကို စစ်မေးတဲ့အခန်းထဲမှာ သုံးတဲ့မှန်မျိုးပေါ့။ အပေါ်ယံကြည့်ရုံနဲ့တော့ ကြေးမုံအစစ်လား၊ နှစ်ဘက်မြင်မှန်လားဆိုတာ သိနိုင်ဖို့ အင်မတန်ခဲယဉ်းပါတယ်။ ဒါပေမယ့် နှစ်ဘက်မြင်မှန်တွေကို သိနိုင်တဲ့ လွယ်ကူရိုးရှင်းသော စမ်းသပ်နည်းတစ်ခု ရှိပါတယ်။
1. သင့်ရဲ့ လက်ချောင်းတစ်ချောင်းကို မှန်ရဲ့ မျက်နှာပြင်နဲ့ ထိထားလိုက်ပါ။
2. သင့်ရဲ့ လက်ချောင်းထိပ်က လက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ သင့်လက်ချောင်းလက်သည်းခွံကြားမှာ အနည်းငယ်ကွာဟနေတယ်ဆိုရင်၊ ဒါဟာ သာမန် ကြေးမုံပြင်ပါ။
3. သင့်ရဲ့လက်ချောင်းလက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ လက်ချောင်းလက်သည်းခွံ နှစ်ခုဟာ တိုက်ရိုက်ထိစပ်နေသလိုဖြစ်နေတယ်၊ ကြားထဲမှာ အကွာအဝေးမရှိဘူးဆိုရင်တော့၊ ဒါဟာ နှစ်ဘက်မြင်မှန် (two way mirror) ပါပဲ။
ဒီလိုဖြစ်ရခြင်းရဲ့အကြောင်းအရင်းကတော့ သာမန်ကြေးမုံပြင်တွေမှာ မှန်ရဲ့ တစ်ဘက်မျက်နှာပြင်ကို ပြဒါးသုတ်လိမ်းထားပြီး မှန်ကြည့်သူဘက်က မျက်နှာပြင်မှာတော့ ပြဒါးသုတ်လိမ်းထားခြင်းမရှိပါဘူး။ ဒါ့ကြောင့် သင့်လက်ချောင်းထိပ်နဲ့ မှန်ထဲကပုံရိပ်ရဲ့ လက်ချောင်းထိပ်ကြားမှာ မှန်တစ်ချပ်စာ ကွာခြားနေမှာဖြစ်ပါတယ်။ နှစ်ဘက်မြင်မှန်မှာတော့ ပြဒါးကို မှန်ကြည့်သူဘက်က မျက်နှာပြင်မှာ သုတ်လိမ်းထားတာမို့ သင့်လက်ချောင်းနဲ့ မှန်ထဲကလက်ချောင်းကြားမှာ ကွာဟမှုမရှိတော့တာပါ။ ဒါ့ကြောင့် ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ မှန်ရှေ့ရောက်ရင် မှန်မျက်နှာပြင်ကို လက်သည်းထိပ်လေးနဲ့ ထိကြည့်ဖို့မမေ့ပါနဲ့။
ဒီစာလေးကို သင့်ရဲ့ "သူငယ်ချင်းတွေ၊ ညီအစ်ကို မောင်နှမ" တွေဆီကို Share တစ်ချက် လုပ်ပေးပါ။
ဒီစာလေးကိုမျှဝေခြင်းအားဖြင့် "အမျိုးကောင်းသမီးများစွာရဲ့ အရှက်နဲ့ သိက္ခာ" ကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။
Credit to ပျိုမေတို့သိစေဖို့

Sunday, June 26, 2016

ကင်းမွန်ချိုချဉ်

Sofia Food Paradise

ကင်းမွန်ချိုချဉ် ♡
Calamari with Chilli
❀ ❀ ❀
ဝါသနာရှင်များမည်သူမဆိုShareကိုနှိပ်ပြီးခွင့်မတောင်းဘဲလွတ်လပ်စွာမျှဝေနိုင်ပါတယ်။မိမိတို့ကိုယ်ပိုင်Pageများတွင...်မိမိအကျိုးစီးပွားအတွက်စာများပုံများကိုကူးချပြီးကိုယ်တိုင်ချက်ပြုတ်ထားသည့်ပုံစံပြုလုပ်ခြင်းများကိုခွင့်မပြုပါ။ခွင့်မပြုဘဲအသုံးပြုသူများသည်ခိုးယူရာရောက်ကြောင်းသတိပေးအပ်ပါသည်။
❀ ❀ ❀
ကင်းမွန်ကိုစားနေကျချိုချဉ်ကြော်တွေလိုပါဝင်ပစ္စည်းအများကြီးထည့်စ၇ာမလိုဘဲစားရတာထမင်းမြိန်ခံတွင်းတွေ့စေမဲ့ချိုချဉ်စပ်ယိုးဒယားဟင်းတခွက်ဖြစ်ပါတယ်။ချက်ကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
******
ကင်းမွန် - ၅၀၀ ဂရမ်
ကြက်သွန်နီ - တစ်လုံး
ကြက်သွန်ဖြူ - ၃မြောင်း
ှုငရုတ်သီး - ၅တောင့်
ငါးငံပြာရည် -၂ဇွန်း စားပွဲတင်ဇွန်း
ပန်းသီးရှာလကာရည် သို့ ဆန်ရှာလကာရည် - တစ်ဇွန်း
ထန်းလျက်ရည်သို့ သကြား - ၂ဇွန်း
ကော်မှုန့် - တစ်ဇွန်း လ္ဘက်ဇွန်း
ရေ -၂ဇွန်းစားပွဲတင်
ခရမ်းချဉ်သီးအနှစ် - ၂ဇွန်း စားပွဲတင်
ဆီ -ကြော်၇န် ၃ဇွန်း
ကြက်သွန်မိတ် - အလှဆင်ရန်
ပြင်ဆင်ပြုလုပ်နည်း
**********
(၁)ကင်းမွန်ကိုေ၇ဆေးသန့်စင်ပြီးထပ်ခြမ်းခွဲကာ 4cm ပတ်လည် အတုံးလေးများလှီးဖြတ်ထားပါ။
(၂)ပန်းပုံဖော်လိုပါကလေးထောင့်ဖြတ်ထားသောကင်းမွန်၏အတွင်းသားကိုလေးထောင်ကွက်လေးများမပြတ်အောင် လှီးဖြတ်ထားပါ။
(၃)ကြက်သွန်နီအမြောင်းလှီးထားပါ။ငရုတ်သီးကိုအစေ့ထုတ်ပြီး သေးသေးစိတ်ထားပါ။ဆော့စ်အတွက်ပါဝင်ပစ္စည်းအားလုံးကိုပန်းကန်တခုတွင်ထည့်ပြီးရောစပ်ထားပါ။
(၄)အားလုံးအသင့်ဖြစ်ပါကအိုးကိုအပူပေးပြီးဆီထည့်ကာကြက်သွန်နီ၊ဖြူ၊ဆီသပ်ပါ။ကြက်သွန်အနည်းငယ်နွမ်းပါကငရုတ်သီးထည့်ပါ။ကင်းမွန်ထည့်ပြီးကြော်ပါ။ကင်းမွန်လေးများလိပ်ပြီးကျက်ခါနီးတွင်ဖျော်စပ်ထားသောဆော့စ်ကိုထည့်ပြီးသမအောင်မွေပြီးအရသာအပေါ့အငံမြည်းကာပန်းကန်တွင်ကြက်သွန်မိတ်အနည်းငယ်ဖြင့်အလှဆင်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
***မီးပြင်းဖြင့်ခဏသာကြော်ပါ။ကြာလျှင်ကင်းမွန်မာသွားတတ်ပါတယ်။
............
Sofia
http://sofiafoodparadise.blogspot.com

Thursday, June 23, 2016

"ရင်သားကင်ဆာ နို့ကင်ဆာအတွက်ဆေးတစ်လက်"












ချူ သစ် added 2 new photos.Follow

"ရင်သားကင်ဆာ နို့ကင်ဆာအတွက်ဆေးတစ်လက်"
--------------------------------------------------------
ဒီရောဂါအတွက်ဆေးတစ်လက်က ကုက္ကိုရွက်ပါပဲ။
ကုက္ကိုက နှစ်မျိုးရှိပါတယ်။...အညာကုက္ကိုနဲ့ ကုလားကုက္ကို
ပါ။ရန်ကုန်လိုအောက်ပြည်အောက်ရွာမှာပေါက်တာက
ကုလားကုက္ကိုပင်ပါ။လမ်းဘေးတွေမှာဖေါဖေါသီသီ
တွေ့နိုင်ပါတယ်။ဒီနည်းကိုအကြောပြင်ဆရာမဒေါ်လှ
(လှိုင်သာယာ)ကပြောပြတာပါ-

"ကျွန်မတို့နားက ခလေးမလေးနို့ကင်ဆာတော်တော်နဲ့
မပျောက်နိုင်ပဲဖြစ်နေတာ အသိတစ်ယောက်က
အိမ်ရှေ့က ကုလားကုက္ကိုပင်ကိုလက်ညှိုးထိုးပြပြီး
ကုက္ကိုရွက်နုလက်တစ်ဆပ်စာကိုခူး ရေစင်အောင်ဆေး
ပြီး တစ်နေ့သုံးကြိမ်ထောင်းသောက်ခိုင်းတယ်။
လက်တစ်ဆုပ်စာတစ်ခါထောင်းရင် အကြမ်းပန်းကန်
လုံးတစ်ဝက်သာသာပဲရတယ်တဲ့။သူပြောတဲ့အတိုင်း
သူ့ချည်းသက်သက်ဘာမှမရောပဲတစ်နေ့သုံးကြိမ်
သောက်တာလေးလလောက်ကြာတော့ နေထိုင်ကောင်း
လာလို့ဆေးပြန်စစ်တာ အဲဒီနို့ကင်ဆာရောဂါကြီးမရှိ
တော့ဘူး။အခုတော့အရင်ကလိုစိုစိုပြေပြေပါပဲ။
ဒီနေ့ဥပုသ်စောင့်ရင်းတောင် ဆုံခဲ့သေးတယ်"
အပင်တွေရဲ့ဆေးစွမ်းက အံ့မခမ်းရှိပါပေစွ။မိမိပါတ်ဝန်း
ကျင်မှာ သဘာဝသမားတော်တွေရှိနေကြပါတယ်။
ဒါကိုပညာမျက်စိနဲ့သာတွေ့မြင်နိုင်ကြပါတယ်။
တန်ဘိုးမသိသူတို့မှာကားထင်းခုတ်ရုံမှတစ်ပါးမသိ
မြင်နိုင်ကြပါပေ။
"အနာနှင့်ဆေး တည့်ကြပါစေ"
သဘာဝဆေးနည်းများနှင့် ကျန်းမာသုတများ

ကြက်သားကို ပျားရည်နဲ့ ပြုတ်ပြီးမှ ပြန်ကြော်ထားတဲ့ ကြက်ကြော်


Ei San's Homemade Inspiration's photo.
  • Ei San's Homemade Inspiration with Thinmyat Mon and A K Phyo Lay.

    ကြက်သားကို ပျားရည်နဲ့ ပြုတ်ပြီးမှ ပြန်ကြော်ထားတဲ့ ကြက်ကြော်
    ဒီလိုမျိုး ကြော်ထားတဲ့ ကြက်ကြော်ကို ဆိုင်တဆိုင်မှာ စားဖူးတာပါ။ စားကောင်းလို့ ဘယ်လိုလုပ်တာလဲ ...မေးတော့ ပျားရည်နဲ့ ပြုတ်ပြီးမှ ပြန်ကြော်ထားတာတဲ့ ။ အတွင်းက အသားကအိအိလေး အပြင်က အ၇ည်ခွံကြွပ်ကြွပ်လေးနဲ့ အ၇မ်းစားကောင်းပါတယ်။ ပျားရည်နဲ့ ငံပြာရည်ကို အသုံးပြုထားလို့ မွှေးနေပါတယ်။ ပါဝင်တဲ့ ပစ္စည်းတော့ နည်းပေမယ့် အချိန်နည်းနည်းတော့ ပေးရပါတယ်။
    ပါဝင်သောပစ္စည်းများ
    ၁။ ကြက်ပေါင် - ၅၀ သား (သို့ ) ၂ ပေါင်
    ၂။ ကြက်သွန်ဖြူ - ၄ တက်
    ၃။ ပျားရည် - ထမင်းစားဇွန်း ၁ ဇွန်း
    ၄။ ယိုးဒယားငံပြာရည် (သို့ ) မြန်မာငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း
    ၅။ ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တ ၀က်
    ၆။ ကြော်ရန် ဆီ
    ပြုလုပ်နည်း
    ၁။ ကြက်သားများကို ရေဆေးပြီး ကြက်သွန်ဖြူများကို တောက်တောက်ဆင်းထားပါ။
    ၂။ သန့် စင်ထားသော ကြက်သားများကို ကြက်သွန်ဖြူ၊ ကြက်သားမှုန့် ၊ ငံပြာရည်၊ ပျားရည်တို့ ဖြင့် နယ်ပြီး အနည်းဆုံး ၃၀ မိနစ်ခန့် နှပ်ထားပါ။
    ၃။ နှပ်ပြီးသား ကြက်သားများကို မကပ်သောအိုးထဲတွင် ထည့်ရ်ျ ရေကို ကြက်သားမြုပ်၇ုံထည့်ပြီး ရေခမ်းပြုတ်ပါ။
    ၄။ ရေခမ်းပြုတ်ထားသော ကြက်သားများကို အ၇မ်းပူနေသော ဆီအိုးထဲ ထည့်ကြော်ပါ။ (ခနပဲကြော်စ၇ာလိုတာပါ။ အသားတွေက ကျက်ပြီးသားမို့ ပါ။) အေ၇ာင်နီလာလျှင် နောက်တဖက်လှန်ပါ။
    ၅။ ထို့ နောက် ဆီစစ်ရ်ျ ထမင်းပူပူလေးကို ထိုဆီ ဆမ်း ဆားဖြူးပြီး သုံးဆောင်နိုင်ပါပြီ။
    (ကြက်သားပြုတ်ပြီး အိုးထဲတွင် အနှစ်လေးများကျန်ခဲ့တာကို ရေနဲ့ ကော်မှုန့် နဲ့ ဖျော်ပြီး မီးဖိုပေါ်ပြန်တင်၊ ဆော့လုပ်ပြီး ကြက်သားပေါ်တင်ဆမ်းရ်ျလဲ သုံးဆောင်နိုင်ပါသည်။)
    (ထမင်းစားဇွန်း = 1 tablespoon= 15 ml) (လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

Wednesday, June 22, 2016

လေ့ကျင့်ခန်းလုပ်စရာမလို အစားလျော့စရာမလိုသော ဗိုက်ချပ်နည်း




ဒီနည်းလမ်းလေးက ယုမွန် ကိုယ်တိုင်လုပ်ခဲ့တဲ့နည်းလမ်းလေးထဲကတစ်ခုပါ။ဟိုးအရင်က ပေါင်ချိန် ၁၄၅ပေါင်ရှိခဲ့ဖူး...တယ် အရပ်က ၅ပေ၇ဆိုပေမဲ့ အဲ့ပေါင်ချိန်နဲ့က ဝတဲ့ဘက်မှာ ရောက်နေတာပေါ့။ပိုဆိုးတာက ဗိုက်ပူတာပါ။ဝိတ်ချလိုက်တာ ပေါင်၁၀၀ဘဲရှိတော့တဲ့အထိပါ။ခုတော့ ၁၂၂ပေါင်ပါ ဒါပေမဲ့ဘယ်လောက်ဝလာဝလာ ဗိုက်မပူလာတော့ဘူး။တကယ်ထိရောက်တဲ့နည်းလေးပါ။အစားရှောင်စရာမလိုပါဘူး။သေချာပုံမှန်လေးလုပ်သွားရင် ဗိုက်ချပ်ပြီး ခါးသေးစေပါတယ်။Gymဆော့ဖို့လည်း အချိန်မပေးနိုင်တဲ့သူတွေ အစားလည်းမရှောင်နိုင်တဲ့သူတွေ အဆီကျဆေးတွေ မသောက်ချင်တဲ့သူတွေအတွက် လုပ်သင့်တဲ့နည်းလမ်းကောင်းတစ်ခုပါ။ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့နည်းပါ။
*****
မနက်အိပ်ရာထထချင်းမှာ ရေတစ်ဖန်ခွက် သောက်ပေးပါရေသန့်ဗူးကြီး 1Literရဲ့တစ်ဝက်-0.5liter)(ဒါမှမဟုတ်)သောက်နိုင်တဲ့သူက ၂ဖန်ခွက်သောက်ပေးပါ ပြီးမှ မျက်နှာသစ် အပေါ့ပါးသွားပါ။မနက်စာကို ရေသောက်ပြီး ၁နာရီကြာမှ စားပါ။မနက်စာစားပြီးပြီးချင်း ရေထပ်မသောက်ရ။နောက် ၁နာရီကြာမှ ရေပြန်သောက်ရမည်။
****
နေ့လည်စာ ထမင်းမစားခင် နာရီဝက်အလို ရေ၁ခွက်သောက်ရမယ်။ပြီးမှ ထမင်းစား ထမင်းစားရင်လည်း ဖြေးဖြေးနဲ့ကြေညက်အောင်ဝါးစားသင့်ပါတယ်။စားနေစဉ်အတွင်း ရေခဲရေ/ကော်ဖီ သောက်ခြင်းကိုလည်းရှောင်ပါ။ပိုပြီး အဆီတွေစုစေပါတယ်။ထမင်းစားပြီး ၁နာရီကြာမှ ရေပြန်သောက်ရမည်။
***
ညစာ မစားခင်နာရီဝက်အလို ရေသောက်ရမယ်။ပြီးမှ ထမင်းစား။ထမင်စားချိန်နဲ့ အိပ်ချိန်ကို အနည်းဆုံး၂နာရီခွာရမယ်။အိပ်ရင်လည်း ရေတစ်ခွက်သောက်ပြီးမှ အိပ်ရမယ်....
****
ထိုင်တဲ့အခါမှာ အမြဲခါးကို မတ်မတ်ထိုင်ပါ။ခွေခေါက်ထိုင်ချင်းက အဆီပိုတွေစုစေပါတယ်။ခါး မတ်မတ်ထိုင်ပါ။ခါးမတ်ထိုင်ချင်းဖြင့် ခန္ဓာကိုယ်ပုံစံပါ smart ကျစေပြီး သွားလာနေထိုင်မှု့ပုံစံမှာ ကျန်မာရေးနှင့်ညီညွတ်ပြီး ပို၍ကြည့်ကောင်းလာစေပါသည်။
(PS....ထမင်းစားပြီးပြီးချင်းရေမသောက်ဖို့ပါ။ထမင်းစားပြီးချင်း ပိန်ချင်ဇောနဲ့လမ်းလျှောက်တာဟာလည်း သိပ်ကိုမှားယွင်းတဲ့အပြုမူပါ။အစာချေဖျက်အားကို ကမောက်ကမဖြစ်စေပါတယ်။လဲလှောင်းချင်းလည်း မပြုရပါ။အနည်းဆုံး ထမင်းစားပြီး ၂နာရီကြာမှ အိပ်စက်အနားယူသင့်ပါတယ်)
နည်းလမ်းလေးတွေက သိပ်ကိုရိုးရှင်းပါတယ်။အဓိကက ရေသောက်နည်းနဲ့ ဗိုက်ချပ်စေတာပါ။အစားမစားခင် နာရီဝက်အလို ရေသောက်ပေးရင် အစာကြေလွယ်စေပါတယ်။တခြား အချိန်တွေမှာလည်း ရေကို ပုံမှန် သောက်လို့ရပါတယ်။အဓိကက မစားခင်နဲ့ စားပြီးအချိန်လေးပါ။ရေကိုလည်း ရိုးရိုးရေဘဲ သောက်သုံးသင့်ပါတယ်။အစပိုင်းမှာ လုပ်ရတာသတိထားနေရတော့ ခက်ခဲတယ်ထင်ရပေမဲ့ နောက်ပိုင်းပုံမှန်လေးလုပ်သွားပေးရင် အဆင်ပြေမှာပါ။အမေရိကန်ကျန်းမာရေးသုတေသီတွေကအစ ထမင်းစားပြီး ရေသောက်တာဟာ ကျန်းမာရေးနဲ့ မညီညွတ်ကြောင်းပြောထားပါတယ်။ရေကိုလည်း နဲနဲ နဲ့ခဏခဏ သောက်ပေးဖို့လိုပါတယ်။ရေသောက်ပေးချင်းအားဖြင့် ခန္ဓာကိုယ်ထဲမှာ မလိုလားအပ်တဲ့ အရည်တွေနဲ့ အဆိပ်တောက်တွေကို ဆီး၊ဝမ်း၊ချွေး၊သလိပ် အဖြစ်စွန့်ထုတ်ပေးပါတယ်။ အဆီပိုတွေကျစေပါတယ်။ရေသောက်ခြင်းအကျိုးကျေးဇူးတွေကတော့ အများကြီးပါ။အသေးစိတ်တော့ရေးမပြတော့ဘူးနော်။ဒီနည်းလမ်းလေးက အဓိက ဗိုက်ချပ်စေတာပါ။လူတစ်ယောက်က အရမ်းဝနေရင်တောင် ဗိုက်ကလေးချပ်နေရင်ကိုအဝတ်စားဝတ်ရတာလည်း အဆင်ပြေ ကြည့်ရတာလည်း အရမ်းsmartဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်😊
**ယုမွန်ရေးထားတဲ့ထဲမှာ ရေကိုအမြဲသောက်ပါလို့ မပြောထားပါဘူး၊သေချာ သောက်ရမဲ့အချိန်လေးမှာ စနစ်တကျသောက်ပေးဖို့ဘဲ ရေးထားတာပါ။ကျန်တဲ့အချိန် တွေမှာရေဆာရင်ဆာသလိုသောက်ပေးလို့ရပါတယ်ရှင်
Yu Mon#

Sunday, June 19, 2016

ယိုးဒယား အသားလုံးကြော် မွှေးမွှေးလေး

... — with Betty Yak.

ယိုးဒယား အသားလုံးကြော် မွှေးမွှေးလေး

အသားလုံးထဲမှာ နံနံပင် ကြက်သွန်မြိတ်၊ ဆော့ အချိုနဲ့ သံပုရာရည်တို့ ထည့်ထားတာကြောင့် စားလိုက်တာနဲ့ အနံ သင်းသင်းလေးနဲ့ စားလို့ အရမ်းကောင်းပါတယ်။ လုပ်ရတာလဲလွယ်တယ် စားလို့လဲကောင်းတာမို့ လုပ်စားကြည့်နော်။

ပါဝင်ပစ္စည်းများ...
၁။ တောက်တောက်ဆင်းထားသော ၀က်သား (သို့ ) ကြက်သား - ၁ ပေါင် (သို့ )၂၅ ကျပ်သား
၂။ ပေါင်မုန့် ခြောက် (သို့ )မုန့် ကျွပ်ခြောက် (bread crumbs) - ခွက် တ ၀က်
၃။ ကြက်သွန်မြိတ် - ၂ ပင် (အစိမ်းေ၇ာင်အပိုင်းကို ပါးပါးလှီးထားပါ။)
၎။ နံ နံပင်- ၄ ပင် (ပါးပါးလှီးထားပါ။)
၅။ ကြက်သွန်ဖြူ - ၁ တက် (သို့ ) ၂ တက် (ညက်အောင်ထောင်းထားပါ။)
၆။ ယိုးဒယားငံပြာရည် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း (အငံကြိုက်လျှင် ၃ ဇွန်းထည့်ပါ။)
၇။ ကြက်ဥ - ၁လုံး (အကာကိုပဲယူပါ။)
၈။ သံပုရာသီး - ၁ စိတ်
၉။ နံနံပင်အစေ့အမှုန့် ( ground coriander seeds) - လက်ဖက်ရည်ဇွန်း ၁ ဇွန်း (မရှိလျှင် ငရုတ်ကောင်း လက်ဖက်ရည်ဇွန်း တ ၀က် ကို အစားထိုး သုံးပြုနိုင်သည်။)
၁၀။ ယိုးဒယား ငရုတ်သီးဖတ်ပါသော အချိုဆော့ (ကြက်ဆီထမင်းတွင်ပါတဲ့ ဆော့) - ထမင်းစားဇွန်း ၂ ဇွန်း
၁၁။ ကြော်ရန် ဆီ

( ၁ ခွက် = 240ml = ၇ိုး၇ိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ ကြက်ဥ အကာကို ခလောက်ထားပါ။
၂။ ပါဝင်သောပစ္စည်းများကို ဇလုံတခုထဲတွင် ထည့်ရ်ျနယ်ပါ။
၃။ ဆီပူပူထဲတွင် အသားလုံးလေးများထည့်ကြော်ပါ။
၎။ အသားလုံးများ ရွှေဝါေ၇ာင်သန်းလာလျှင် ဆီစစ်ရ်ျ ဆော့နဲ့ တွဲပြီး သုံးဆောင်နိုင်ပါပြီ။
 

Friday, June 17, 2016

ဝက်သားကောက်ညှင်းချက်

ဟင်းချက်နည်းများ with Nw Ae.
ဝက်သားကောက်ညှင်းချက်
••••••••••••••••••••••••••
ကောက်ညှင်းဆန်...........၂ဗူး
ဝက်သား(သုံးထပ်).........၅၀ကျပ်သား...
ဝက်အူချောင်း...............၁၀ကျပ်သား
ရွှေပုစွန်အချိုခြောက်.......၂ဇွန်း
ဆား၊သကြား................အနည်းငယ်စီ
နာနတ်ပွင့်...................၂ပွင့်
ချင်းသေးသေး..............၁တက်
ကြက်သွန်ဖြူ................၃တက်
ကြက်သွန်နီ.................၂လုံး
ကြာညို့(အနောက်ရည်)..အနည်းငယ်
ပဲငံပြာရည် အကြည်.......အနည်းငယ်

ကောက်ညှင်းဆန် ကိုမချက်မီအနည်းဆုံး(၃)နာရီခန့်
ကြိုတင်ရေဆေးပြီးရေစိမ်ထားပါ။
သုံးထပ်သားကိုအနေတော်တုံပြီးဆား၊သကြား၊ပဲငံပြာရည်အကြည်၊အနောက်ရည်အနည်းငယ်တို့ဖြင့်အရသာနယ်ပြီးနာရီဝက်ခန့်နှပ်ထားပါ။
ချင်း(၁)တက်နှင့်လှော်ထားသောနာနတ်ပွင့်ကိုဓားပြားရိုက်ထည့်ပြီးသုံးပုံတစ်ပုံခန့်ကျက်အောင်ပြုတ်ပါ။
မွှေးနေအောင်လှော်ထားသောသစ်ကြမ်းပိုးခေါက်နှင့်နာနတ်ပွင့်ကိုဆီအနည်းငယ်ဖြင့်မွှေးနေအောင်ဆီသတ်ပါ။
အနံ့မွှေးလာလျှင်ကြက်သွန်နီနှင့်ကြက်သွန်ဖြူကိုထည့်ပေါင်းဆီသတ်ပါ။
အနည်းငယ်မွှေးလာလျှင်ရေစစ်ထားတဲ့ကောက်ညှင်းဆန်ကိုထည့်ပြီးသစ်သားယောင်းမလေးဖြင့်ခပ်ဖွဖွမွှေပေးပါ။ကြာညို့(အနောက်ရည်)အနည်းငယ်ဖြင့်အရောင်ယူပေးပါ။
လျှပ်စစ်ထမင်းပေါင်းအိုးထဲပြောင်းထည့်ပြီးပြုတ်ထားတဲ့ဝက်သား၊ပါးပါးလှီးထားသောဝက်အူချောင်းနှင့်ရွှေပုစွန်ခြောက်တို့ကိုထည့်ပါ။
ဝက်သားကိုရေကျန်အောင်ပြုတ်ထားရင်ထိုဝက်ပြုတ်ရည်ကိုပုံမှန်ထမင်းချက်လျှင်ထည့်တဲ့ပမာဏအတိုင်းပဲထည့်ပေးရပါမယ်။ရေခမ်းအောင်ပြုတ်ထားရင်တော့ရေကိုအစားထိုးထည့်ပေးနိုင်ပါတယ်။
ဆား၊သကြားအနည်းငယ်ဖြင့်အရသာသွင်းပါ။
မီးခလုပ်နှိပ်ထားပါ။ဆူပွက်လာလျှင်သစ်သားယောင်းမလေးဖြင့်တစ်ကြိမ်ခန့်သာညင်သာစွာမွှေပေးပါ။
ထမင်းကျက်သွားတဲ့ခလုပ်တက်သွားပြီဆိုရင်ညက်သာစွာမွှေပေးပြီးပြုတ်ထားတဲ့ဆားဘဲဥလေးဖြင့်တွဲဖက်သုံးဆောင်ပါ။