:include data='blog' name='google-analytics'/>

Wednesday, June 15, 2016

ပတ်ကြက်ဥ ဘိန်းမုန့် 

Ei San's Homemade Inspiration's photo.Ei San's Homemade Inspiration added 2 new photos.ထောပတ်ကြက်ဥ ဘိန်းမုန့် ပူပူမွှေးမွှေးလေး ( အချပ် အကြီး ၃ ချပ်စာ)ဘိန်း...မုန့် ကို ဆန်နဲ့ ဂျုံနဲ့ ၂ မျိုး ၇ှိတဲ့အထဲက  ဆန်နဲ့လုပ်တဲ့ ဘိန်းမုန့် ကိုပြုလုပ်ထားတာပါ။ ဘိန်းမုန့် ကို yeast နဲ့ လုပ်တာ အချိန်ကြာတာမို့  yeast နဲ့မဟုတ်ပဲ စားဆော်ဒါနဲ့ ရှာလကာရည်ကို အသုံးပြုပြီး ဆန်ကိုအချဉ်ဖောက်ထားတာပါ။ ရှာလကာရည်နဲ့ အချဉ်ဖောက်တဲ့ နည်းကို တော့ နိုင်ငံခြားမုန့်တွေလုပ်တဲ့ နည်းက

ရခဲ့တာပါ။ ချက်ချင်းလဲ လုပ်စားလို့ ရပြီး ထောပတ်အနံ့ လေးမွှေးမွှေးလေးနဲ့ မို့ အချိန်ကုန်သက်သာပြီး အ၇မ်းစားလို့ ကောင်းတဲ့ နည်းပါ။ လုပ်နည်းကလဲ လွယ်ကူလို့ လုပ်စားကြည့်နော်။



ပါဝင်သောပစ္စည်းများ
၁။ ဆန်မှုန့် - ၁ ခွက်
၂။ ကြက်ဥ - ၁ လုံး
၃။ ထောပတ် - ထမင်းစားဇွန်း ၃ ဇွန်း
၎။ ညောင်စေးကျအောင်ကျိုထားသော ထန်းလျက်ရည် - ထမင်းစားဇွန်း ၄ ဇွန်း
၅။ ခပ်နွေးနွေးရေ - ထမင်းစားဇွန်း ၈ ဇွန်း (သို့ ) ခွက် တ ၀က်
၆။ ရှာလကာရည် - ထမင်းစားဇွန်း ၂ ဇွန်း
၇။ ဆော်ဒါ (baking soda) - လက်ဖက်ရည်ဇွန်း တ ၀က်
၈။ ပါးပါးလှီးထားသော အုံးသီးဖတ် - အနည်းငယ်
၉။ အခွံချွတ်ထားသော မြေပဲလှော် - အနည်းငယ်
၁၀။ ဘိန်းစေ့ - အနည်းငယ်
၁၁။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
( ၁ ခွက် = 240ml = ၇ိုး၇ိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)
ပြုလုပ်နည်း
၁။ ကြက်ဥကို ခလောက်ထားပါ။ ဆန်မှုန့် ၊ဆား နှင့် ဆော်ဒါ မှုန့် တို့ ကို ဇလုံတခုထဲထည့်ရ်ျ သမအောင်လုပ်ပါ။
၂။ ဆန်မှုန့် ထဲကို ရှာလကာရည်ထည့်ရ်ျ သမအောင်နယ်ပါ။ (ရှာလကာရည်ကို အနှံ့ ဆမ်းရ်ျ ထည့်ပါ။ မုန့် အချဉ်ပေါက်ရာမှာ အလွန်အသုံးဝင်ပါတယ်။)
၃။ ပြီးလျှင် ခပ်နွေးနွေးရေကို ထည့်ရ်ျ သမအောင်လုပ်ပါ။ (မုန့် သားများ အချဉ်ပေါက်လာတဲ့ အမြှုပ်ကလေးများဖြစ်လာပါလိမ့်မည်။)
၎။ နောက်ဆုံးမှ ခလောက်ထားသော ကြက်ဥနှင့် ထန်းလျက်ရည်တို့ ကိုထည့်ရ်ျ သမအောင်လုပ်ပါ။ မုန့် အနှစ်ရပါပြီ။
၅။ မကပ်တဲ့ ဒယ်အိုး အသေးဆုံးကို အသုံးပြုပါ။ ဒယ်အိုးထဲကို ထောပတ် ထမင်းစားဇွန်း ၁ ဇွန်း ထည့်ရ်ျ ထောပတ်ပူလာလျှင် မုန့် အနှစ်ကို ယောက်ချိုဇွန်း ဖြင့် ၁ ဇွန်း ခပ်ရ်ျ ထည့်ပါ။ မီးကို အေးအေးထားရ်ျ မုန့် ပြုလုပ်ပါ။ မုန့် အနှစ်အပေါ်ကို ဘိန်းစေ့ အ၇င်ဖြူး ၊ ပြီးလျှင် မြေပဲနှင့် အုံးသီးဖတ်ကို ဖြူးရ်ျ အဖုံး အုပ်ထားပါ။
၆။ ဘေးသားများ ကြွပ်လာပြီး အောက်ဖက် မုန့် သား ကျက်လျှင် နောက်တဖက်ကိုလှန်ရ်ျ ၁ မိနစ်ခန့် ထားပါ။
၇။ ထောပတ်အနံ့ မွှေးမွှေးနဲ့ အလွန်စားလို့ ကောင်းတဲ့ ဘိန်းမုန့် ပူပူလေးကို သုံးဆောင်နိုင်ပါပြီ။

Saturday, June 11, 2016

ရန်ကုန်မုန့်ဟင်းခါး (အိုးဘဲဥ)

  • Wutyee Food House

    'Wutyee Gourmet Foods'' (Episode-35)
    --------------------------------------
    ရန်ကုန်မုန့်ဟင်းခါး (အိုးဘဲဥ)
    --------------------------------------
    Wutyee Gourmet... Foods ဟင်းချက်အစီအစဉ် Season-2, episode 35 ကို ဇွန်လ ၁၂ ရက်နေ့၊ တနင်္ဂနွေနေ့ ညနေ ၅နာရီခွဲမှ ၆နာရီ ပြသပေးသွားမှာ ဖြစ်ပါတယ်။
    ထုတ်လွှင့်မည့်ရက် - ဇွန်လ ၁၂ရက်နေ့
    ထုတ်လွှင့်မည့် အချိန် - တနင်္ဂနွေနေ့၊ ညနေ ၅:၃၀- ၆:၀၀
    ထုတ်လွှင့်မည့် channel - Skynet MNTV
    --------------------------------------
    ------------------------------------------
    ရန်ကုန် မုန့်ဟင်းခါး (အိုးဘဲဥ)
    --------------------------------------
    ရန်ကုန် မုန့်ဟင်းခါးအတွက် ပါဝင်ပစ္စည်းများ
    ၁။ မုန့်ဟင်းခါးဖတ် – ၁ပိသာ
    ၂။ ငါးခူး – ၄၀ ကျပ်သား (ငံပြာရည်၊ ဆနွင်းမှုန့်၊ စပါးလင် ရေနည်းနည်းဖြင့် ပြုတ်ပြီ အသားထွင်ထားပေးပါ)
    ၃။ ငပျောအူ – ၁အူ (အရင့်များဖယ်ပြီ အနုများကို ပါးပါးလှီးပြီလျှင် ဆနွင်း(လက်ဖက်ရည်ဇွန်း ၁ဇွန်း)ထည့်ကာ ရေရော စိမ်ထားပေးပါ)
    မှတ်ချက် ။ ။ ဆနွင်းစိမ်ခြင်းမှာ ငပျောအူများ မမဲသွားရန်ဖြစ်သည်။
    ၄။ ဆန်လှော်မှုန့် – ၁၀၀ ဂရမ် (ရေဖြင့် ဖျော်ထားပေးပါ)
    ၅။ ကုလားပဲ – ၁၀ကျပ်သား (နူးအိအောင် ရေဖြင့်ပြုတ်ထားပြီ blenderဖြင့် ကြိတ်ထားပေးပါ)
    မှတ်ချက် ။ ။ ကုလားပဲပြုတ်ရည် အချိုရည်များကို မုန့်ဟင်းခါးချက်ထဲ ထည့်ရန် သိမ်းထားပါ။
    ၄။ နံနံပင်၊ ပဲသီး၊ ပူစီနံ – ၁စည်း (ပါးပါးလှီးထားပါ)
    ၅။ ပဲကြော်
    ၆။ ဘဲဥ – ၁၀လုံး (ကျက်အောင် ပြုတ်ထားပေးပါ)
    ရ။ ကြက်သွန်နီ – ၂၀လုံး (အခွံခွာထားပေးပါ)
    --------------------------------------
    ဆီသပ်ရန် ပါဝင်ပစ္စည်းများ
    ၁။ ကြက်သွန်နီ – ၂၀ကျပ်သား (ထောင်းထားပါ)
    ၂။ ကြက်သွန်ဖြူ – ၁၅ကျပ်သား (ထောင်းထားပါ)
    ၃။ ဂျင်း – ၅ကျပ်သား (ထောင်းထားပါ)
    ၄။ စပါးလင် – ၃ပင် (နှုတ်နှုတ်စဉ်းထားပါ)
    ၅။ ဆီ – ၁၀ကျပ်သား
    ၆။ ငရုတ်ပွနီ – ၅ထောင့် (ထောင်းပြီ ကြိတ်ထားကာ ငရုတ်သီးနှစ်ယူပါ)
    ရ။ ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
    ၈။ ငရုတ်ကောင်းမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း အမောက်
    --------------------------------------
    ပြင်ဆင်နည်း
    ၁။ ငါးခူးကို ငံပြာရည်(လက်ဖက်ရည်ပန်းကန်လုံး တ၀က်)၊ ဆနွင်းမှုန့်(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ စပါးလင်(၁ပင်)ကို ချည်ပြီ ပြုတ်ပေးထားပါ။
    ၂။ ပြီးလျှင် ပြုတ်ပြီသား ငါးခူးကို အသားနွင်းပေးပါ။
    ၃။ ရလာသော ငါးခူးအရိုးများကို စပါးလင်(ပါးပါးလှီးထားသော စပါးလင်များဖြင့် ရောပြုတ်ပေးပါ။ ပြီမှ အရိုးပြုတ်ရေများကို စစ်ယူထားပြီ ဖယ်ထားပေးပါ။
    --------------------------------------
    ချက်ပြုတ်နည်း
    ၁။ ဒယ်အိုးထဲသို့ ဆီထည့်ပြီ ဆီပူလာလျှင် ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်ဖြူ၊နီ၊ စပါးလင်၊ ဂျင်းတို့ကို အရင် ဆီသပ်ပေးပါ။
    ၂။ နောက်မှ ငရုတ်သီးအနှစ်၊ ဆနွင်းမှုန့်တို့ကို ထည့်ရောမွှေလိုက်ပါ။
    ၃။ ပြီနောက် ငါးအသားများထည့်၊ ငရုတ်ကောင်းမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း)စာ ထည့်မွှေလိုက်ပါ။
    ၄။ အရသာအပေါ့အငံ့အတွက် ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်ပေးပါ။
    --------------------------------------
    မုန့်ဟင်းခါး စချက်ပါတော့မည်
    ၅။ ငါးဆီသပ်ပြီလျှင် မုန့်ဟင်းခါးချက်ရန် ဒယ်အိုးကြီး တစ်ခုထဲသို့ (ငါးဆီသပ်၊ ပဲပြုတ်ရည်၊ ငါးအရိုးပြုတ်ရည်များ၊ ရေ(၂လီတာ)၊ စပါးလင်(၂ပင် ချည်ပြီသား))တို့ကို ထည့်ကာ ရောမွှေလိုက်ပါ။
    ၆။ ပြီလျှင် ရေဖြင့်ဖျော်ထားသော ဆန်လှော်မှုန့်၊ blender နဲ့ကြိတ်ထားသော ပဲများကို ထည့်ပြီ ရောမွှေပေးပါ။
    ရ။ ထို့နောက် ဆူအောင် တည်ထားပြီမှ အပေါ့အငံ့အတွက် ကြက်သားမှုန့်၊ ငံပြာရည်(၁ခွက်)၊ ဆား(စားပွဲတင်ဇွန်း ၁ဇွန်း)၊ သကြား(စားပွဲတင်ဇွန်း ၁ဇွန်း)တို့ကို ထည့်ပေးပါ။
    ၈။ ဆန်လှော်မှုန့် ပွလာမှ ငပျောအူများ ထည့်ပေးပါ။
    ၉။ ငပျောအူနူပြီဆိုလျှင် ပြုတ်ထားသော ဘဲဥများ နှင့် ငရုတ်ကောင်းမှုန့်(စားပွဲတင်ဇွန်း တ၀က်) ဖြူးပေးပါ။
    ၁၀။ ကျက်ခါနီးမှ ကြက်သွန်နီများကို အလုံးလိုက် ထည့်လိုက်ပါ။
    ၉။ ကြက်သွန်နီများ နူသွားလျှင် မီးပိတ်ထားပြီ ပန်းကန်တစ်ခုထဲ မုန့်ဟင်းခါးဖတ် ၁၀ကျပ်သား၊ နံနံပင်၊ ပဲကြော်များဖြင့် ပြင်ဆင်ထားပါ။
    ၁၀။ မုန့်ဟင်းခါးရည်များထည့်ပြီ အိုးဘဲဥ ရန်ကုန်မုန့်ဟင်းခါးကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ…..
    --------------------------------------
    Wutyee Food House

Tuesday, June 7, 2016

ဧရာဝတီတိုင်းမုန့်ဟင်းခါး ချက်နည်း

Sai Arkar to Greenland Myanmar
ဧရာဝတီတိုင်းမုန့်ဟင်းခါး ချက်နည်း တွင် လှို့ဝှက်ချက် နှစ် ခုရှိတယ်
(၁)ကုလားပဲပြုတ်သည့်အခါ ဆီ နနွင်းမု့န့် ဂျင်း ထောင်းပြီးထည့်ပါ ဆားလုံးဝမထည့်ရ
ပဲနူးသည့်အခ...ါတွင် ဆားထည့်ပါ
ပဲနံ့မရတော့ပါ ဆိမ့်သည့်အရသာ ဖြစ်ပါလိမ့်မည်
(၂)ငါးပြုတ်လျှင် စပါးလင် အရင်းပိုင်းများထောင်းပြီးအိုး၏အောက်မှာထားပြီး ငါးကိုတင်ပါ ငံပြာရည် ငရုတ်သီး အပွခြေက် ၃ .တောင့်ထန်းလျက်ညို ၂ ခဲထည့်ကာပြုတ်ပါ
ငါးများနူးလာရင်ဆယ်၍ အအေးခံ ပါ ငါးပြုတ်ရည်ကိုစကာနှင့်စစ်ပြီးပြန်တည်ထားပါ
ကြက် သွန်နီ ကြက်သွန်ဖြူ ဂျင်း ထောင်းကာဆီသတ် ငရုတ်သီး အရောင်တင်မုန့်နနွင်းမုန့်တည့်ကာအနံမွေးလာရင်ငါးပြုတ်နွှင်ထားတာတည့်လိုက်ပါ ငါးဆီသတ်ရင် ခြောက်မသွားစေရပါ ငါးကြော်လိုမဖြစ်စေရ
အရောင်ညီလာလျှင်ငါးဆီသတ်ထဲသို့..ငါးပြုတ်ရေအနည်းငယ်ထည့်ရမယ်
ငါးမွှေ အိအိလေးဖြစ်ပါစေ အဲတာက အဓိက

ပြီးရင်ငါးဆီသတ်ထားတာကို ငါးပြုတ်ရေအိုးထဲသို့ထည့်ပေးလိုက်ဟင်းရည်ဆူလာရင် ဆန်လှော်မုန့် ရေကျုကျဲဖျော်ထည့်ပေးနော် .ကြန်သွန်နီဥ ငရုတ်ကောင်း မုန့်ခတ်ပေးပါက အရသာ ရှိလွန်းသော ငပုတော မုန့်ဟင်းခါး ကို မိသားစု ပျော်ရွင်စွာသုံးဆောင်နိုင်ကြပါစေ။Credit စားကြမယ် ချက်ကြမယ်။

Saturday, June 4, 2016

ပန်းသီးကြော်

Su Myat Htwe Aung to စားကြမယ် ၊ချက်ကြမယ်၊
🍎ပန်းသီးကြော် မထင်ရဘူး တကယ်စားကောင်းတာ
လုပ်လို့လဲလွယ် ပါဝင်ပစ္စည်း လဲမများ ကလေးတွေလဲကြိုက်လို့ လုပ်စားကြည့်ပါနော်😊
ပန်းသီး အရွယ်တော် ၂လုံး ရေစင်အောင်ဆေးပြီး အလယ်အူတိုင်ထုတ် အကွင်းလေးတွေလှီး ဆားရည်ထဲမှာစိမ်ထား။ ဂျုံမှုန့် သို့မဟုတ် အကြော်မှုန့် တစ်ထုပ် သကြား ၃ဇွန်း ကို ရေနဲနဲ ချင်းစီထည့်ပြီး ပျစ်ပျစ်လေးဖျော်ထား ။ ကြက်ဥ ၁လုံးကို နာနာခလောက်ပါ။ ပေါင်မုန့်ခြောက်မှုန့် ကိုပန်းကန်ပြား၁ခုထဲထည့်ထား။
ဆီဆူရင် ပန်းသီး အကွင်းကို ဂျုံမှုန့် အရည်ထဲနှစ် ကြက်ဥရည်လူး ပေါင်မုန့်ခြောက်မှုန့် ကပ်ပြီးကြော်ပါ။ 
မကဲကဲ ရဲ့နည်းပါ 😊မသိသေးသူတွေအတွက် 😊

ဆေးပညာတံဆိပ်

ဆေးပညာတံဆိပ်
Aung Kyaw Thu with Nay Linn and Aung Gyi.
8 May 2014
မြွေနှစ်ကောင်ထက်ကြီးတဲ့ မြွေတစ်ကောင်
by ဒေါက်တာအောင်ကြီး
(ပါမောက္ခ၊ဌာနမှူး-ငြိမ်း၊ ဆေးပညာဌာန၊ ဆေးတက္ကသိုလ်၊မန္တလေး)
မြွေတစ်ကောင်ပုံပြင်အစ
ကျွန်တော်တို့ ဆရာဝန်ဘွဲ့ယူတော့ ဘွဲ့နှင်းသဘင်မှာ အဓိဋ္ဌာန်ပြု ကတိသစ္စာရွတ်ဆိုရတယ်။ ဒါမှ ဆရာဝန် လားမြောက်တော့တာ။ ကတိသစ္စာအစမှာ ဒီလိုတိုင်တည်တယ်။
“ကမ္ဘာတစ်လွှား ကျော်ကြားထင်ရှားခဲ့သော သမားဟူးရားကြီးများအား သက်သေထား၍ ကျွန်ုပ်သည် ဤအဓိဋ္ဌာန်ပြု ကတိသစ္စာကို ရွတ်ဆိုသစ္စာပြုပါအံ့”တဲ့။
ဟူးရားဆိုတာ ဘာပါလိမ့်။
အဘိဓာန်ကြည့်လိုက်တော့ သက္ကတစကား“ဟောရာ”က လာသတဲ့။ နက္ခတ်ဗေဒင်ဆိုင်ရာ အတတ်ကို ကျွမ်းကျင်သူ လို့ အဓိပ္ပာယ်ရသတဲ့။ ဟ ... အနောက်တိုင်းဆေးပညာနဲ့ ဟူးရားနဲ့က ဘယ်ပုံဘယ်နည်း ပတ်သက်နေ ပါလိမ့်။ သမားတော်ကြီးများလို့ ရိုးရိုးလေးရေးလိုက်ရင် ရရက်သားနဲ့ဗျာ။ “ဟူးရား” လိုက်သေး တယ်။ ဒီအဓိဋ္ဌာန်ပြု ကတိသစ္စာက ဟစ်ပိုခရေးတီး(စ)ရဲ့ သစ္စာပြုချက်ကို အခြေခံပြီး မွမ်းမံထား တာပါ။ ခေတ်ကာလ နဲ့ လိုက်လျောညီထွေ ဖြစ်ရလေအောင်။
ဟစ်ပိုခရေးတီး(စ)ရဲ့ သစ္စာပြုချက်က ဒီလို အစချီတယ်။
“သမားတော်ကြီး အပိုလိုနတ်မင်း၊ အက်(စ)ခလေးပီးယပ်(စ)၊ ဟိုင်ဂျီးယား၊ ဖနားဆီးယားတို့ကို တိုင်တည် ပြီး ကျွန်ုပ် ကျိန်ဆိုတယ်”တဲ့။
ဆေးရုံတွေ၊ ဆေးကျောင်းတွေ၊ ကျန်းမာရေး အဖွဲ့အစည်းတွေက သုံးစွဲနေကြတဲ့ အမှတ်တံဆိပ် (Logo)မှာ တုတ်တစ်ချောင်း နဲ့ မြွေနှစ်ကောင်ပါတယ်။ အဲဒီတုတ်နဲ့ မြွေက ဒီ အက်(စ)ခလေးပီးယပ်(စ)ကို အကြောင်း ပြုပြီးပေါ် လာတာ။
အက်(စ)ခလေးပီးယပ်(စ)ရဲ့လာရာနဲ့လားရာ
အက်(စ)ခလေးပီးယပ်(စ)ကို ဂရိတွေက ဆေးပညာနယ်လို့ သတ်မှတ်ပူဇော်ကြတယ်။ စာဆိုကြီး ဟိုးမား ကတော့ “ပြစ်မျိုးမှဲ့မထင်သမားတော်”တဲ့။ သူ့အဖေက အပိုလိုနတ်မင်း။ အပိုလိုနတ်မင်းကိုယ်နှိုက် ကလည်း စိုက်ပျိုးရေးနတ်၊ အလင်းရောင်နတ်၊ သစ္စာနတ်၊ လေးမြားအတတ်နတ်၊ ဂီတကဗျာနတ် စတဲ့ ဂုဏ်ပုဒ်တွေ အပြင် ဆေးပညာနဲ့ သမားအတတ်တို့ရဲ့ နတ်မင်းလည်းဖြစ်သတဲ့ဗျ။ သမားတော်နတ်မျိုးနွယ် တွေပဗျာ။
အပိုလိုနတ်မင်း က လူသားမိန်းမ ခိုးရိုးနစ်(စ)နဲ့ စုံဖက်မိသတဲ့။ (အပိုလိုနတ်မင်းက မိဖုရားတွေ တစ်ပုံတစ်ပင်)။ ယောက်ျားချစ်သူတောင် ရှိသေးသတဲ့)။ ခိုးရိုးနစ်(စ)က လှပသလောက် အကျင့်လော် လည် သတဲ့။ ဒီသတင်းကို ကျီးငှက်က သယ်ဆောင်လာပြီး အပိုလိုကို တိုင်သတဲ့။ အပိုလိုနတ်မင်းက ဆံတစ်ပင်တင်း ချစ်ခြင်းမယားရဲ့ သတင်းကို မယုံနိုင်ဘူး။ သတင်းသယ်လာတဲ့ ကျေးစေတမန်ကို ဒေါသ ဖြစ်ဖြစ်နဲပ ဒဏ်ခတ်လိုက်တာ နဂိုက ဆွတ်ဆွတ်ဖြူနေတဲ့ ကျီးကန်းရဲ့ အမွေးတွေအားလုံး မည်းနက်ကုန် သတဲ့။
နောင်တော့မှ သတင်းမှန်ကို လက်ခံအတည်ပြုပြီး ချစ်ဇနီးကိုသတ်၊ အလောင်းကို မီးသဂြိုလ်ဖို့ စီစဉ်သတဲ့။ မီးတောက်တွေ အလောင်းကို ၀ါးမျိုခါနီးကျမှ ဇနီးသည်မှာ ကိုယ်ဝန်ရှိနေမှန်း သိလိုက်ရတော့ သေနေတဲ့ ချစ်သူ့ ၀မ်းကြာတိုက် ထဲက သားငယ်ကို ခွဲစိတ်ထုတ်ယူလိုက်ရသတဲ့။ အဲဒီကလေးက အက်(စ)ခလေး ပီးယပ်(စ)လောင်းလျာလေး ပဲပေါ့။
မိတဆိုးလေးကို ဖခင်အပိုလိုနတ်မင်းက ဆင်တောလို့ခေါ်တဲ့ လူတစ်ပိုင်းမြင်းတစ်ပိုင်း ခီရွန်ဆီမှာ ပညာ သင်ကြားဖို့ အပ်နှံတယ်။ ခီရွန်က ပညာရှိသလောက် နှလုံးနူးညံ့လှသူ။ ဟာကျူးလီး(စ)၊ အာခီးလီး(ခ)တို့ကို ပညာသင်ပေးတဲ့ ဆရာကြီး။ တပည့်တွေထဲမှာ ခီရွန်အချစ်ဆုံးက အက်(စ)ခလေးပီးပ်(စ)ပါ။ သူ့ကို သမားတော်အတတ် သင်ကြားပေးတယ်။ အက်(စ)ခလေးပီးယပ်(စ)ဟာ ခွဲစိတ်ကုသမှု အတတ် မှာရော ဆေးဖက်ဝင်အပင် အသီးအပွင့်နဲ့ ရောဂါကုသတဲ့ အတတ်မှာပါ တစ်ဖက်ကမ်းခပ် တတ်မြောက် သွားသတဲ့။ သူ့အတတ်နဲ့ လူတော်တော်များများရဲ့ အသက်ကို သေမင်းခံတွင်းဝကနေ ဆွဲထုတ်ကယ်တင်နိုင် ခဲ့သတဲ့။ လူသားဟာ အချိန်တန်ရင်၊ ကံကုန်ရင် သေရတယ်ဆိုတဲ့ သဘာဝဓမ္မကို အက်(စ)ခလေးပိးပ်(စ)က အန်တု သလို ဖြစ်လာတော့တာပေါ့။
လူနဲ့ နတ်တို့ရဲ့သခင် ဇုနတ်မင်းကြီးက အက်(စ)ခလေးပီးယပ်(စ)ကြောင့် လူတွေ ထာဝရအသက်ရရင် ခက်ရချေ ရဲ့လို့ ပူပန်ကြောင့်ကြလာသတဲ့။ ဒါကြောင့် ဇုနတ်မင်းကြီးဟာ အက်(စ)ခလေးပီးယပ်(စ)ကို မိုးကြိုး လက်နက်သုံးပြီး သတ်ပစ်လိုက်တယ်။ ဂရိတွေက သူ့ကို ဆေးပညာနတ်၊ သမားတော်နတ်အဖြစ် ပူဇော်ကိုးကွယ်ကြတဲ့ အပြင် သူ့တပည့်တွေက သူ့နာမည်န့ ဆေးပညာသင်ကြားပေးရာ လူနာ ကုသပေးရာ ကျောင်းတွေ ထူထောင်ကြတယ်။ အနောက်တိုင်း ဆေးပညာရဲ့ ဖခင်ကြီးဖြစ်တဲ့ ဟစ်ပိုခရေးတီး(စ) ဟာ အဲဒီကျောင်းတော်ကြီးထွက် တစ်ဦးပေါ့။
အက်(စ)ခလေးပီးယပ်(စ)က တစ်နေ့မှာ ဇုနတ်မင်းကြီးရဲ့ မိုးကြိုးလက်နက် ထိမှန်သေဆုံးသွားတဲ့ ဂလော် ကော့(စ) ဆိုတဲ့ လူနာကို ကြည့်ရှုစမ်းသပ်နေခိုက်မှာ အခန်းထဲကို မြွေတစ်ကောင် လျှောခနဲ ၀င်လာ သတဲ့။ အက်(စ)ခလေးပီးယပ်(စ)က သူ တောင်ဝှေးအဖြစ်သုံးတဲ့ တုတ်နဲ့ ကောက်ရိုက်လိုက်တာ မြွေက ပွဲချင်းပြီး ပဲတဲ့။ မရှေးမနှောင်းမှာပဲ နောက်မြွေတစ်ကောင် ၀င်လိုက်လာပြီး သေနေတဲ့ မြွေရဲ့ ပါးစပ်ထကြို ဆေး ရွက် တချို့ ထိုးထည့်တာ တွေ့လိုက်ရတယ်။ မျက်စိရှေ့မှာတင်ပဲ သေနေတဲ့မြွေ ရှင်ပြန်ထမြောက်လာတာ အားလုံး အံ့အားတသင့် တွေ့လိုက်ရတယ်။ ဒါနဲ့ အဲဒီဆေးရွက်တွေကို သေနေတဲ့လူနာရဲ့ ပါးစပ်ထဲ ထိုးထည့်ပေး လိုက်တော့ လူနာ သေရွာက ပြန်လာရောတဲ့။
အက်(စ)ခလေးပီးယပ်(စ)က မြွေကို သူ့ဆရာလို့ အမှတ်ပြုလိုက်ပြီး တုတ်ချောင်းမှာ ခွေနေတဲ့မြွေပုံကို သူ့ရဲ့ အမှတ်တံဆိပ် အဖြစ် လေးစားစွာ အသုံးပြုတော့သတဲ့။ တုတ်ချောင်းက ဆိုက်ပရပ်ပင်ရဲ့ အကိုင်းကို ချိုးထား တာပါ။ မပြုမပြင် အရိုင်းထည်သက်သက်။ ဒါကြောင့် သူ့တုတ်က ဖုထစ်တွေနဲ့ မပြေအပြစ်။ အချော သပ်ထား တဲ့ ပြုပြင်ထားတဲ့ တုတ်ချောင်းမဟုတ်ဘူး။ နောင်နှစ်ပေါင်း တော်တော်ကြာ တဲ့အထိ ဒီမြွှေတစ်ကောင် ရစ်ခွေနေ တဲ့ တုတ်ချောင်းပုံကို ဆေးပညာအမှတ်တံဆိပ်အဖြစ် သုံးခဲ့ကြတာ အလယ်ခေတ် ရောက်သည်အထိပေါ့။
မြွှေတစ်ကောင်ရဲ့နိဂုံး
အလယ်ခေတ်မှာ ခရစ်ယာန်သာသနာ ပွင့်လင်းစည်ပင်လာတော့ ဂရိခေတ်ရောမခေတ် နတ်ဘုရားတွေ၊ အမှတ်တံဆိပ်တွေ အားလုံးဟာ ပုပ်ရဟန်းမင်းကြီးရဲ့ ကျောင်းတော်ကြီးက ပိတ်ပင်တားမြစ်တာ ခံရတယ်။ မြွေတစ်ကောင် တုတ်တစ်ချောင်း လည်း အများနည်းတူ ကိုယ်ယောင်ဖျောက်နေရပေါ့။ သူ့နေရာမှာ ဆီး ခံ တဲ့ ခွက်ကဆေးပညာ၊ သမားတော်တို့ရဲ့ အမှတ်တံဆိပ်အဖြစ် အစားထိုးဝင်ရောက်ခဲ့ပေါ့။ ဆီးကို စမ်းသပ်ကြည့် ရှုပြီး ရောဂါ ရှာဖွေတဲ့ဓလေ့က အဲဒီခေတ်မှာ ထွန်းကားနေပေတာကိုး။
ခရစ်ယာန်သာသနာ ပြုပြင်ပြောင်းလဲရေးကာလ အလွန်မှာ မြောက်ဥရောပ ပရိုတက်(စ)တင့် ခရစ်ယာန် နိုင်ငံတွေက ဆေးပညာနဲ့သမားတော် အမှတ်တံဆိပ်တွေ လက္ခဏာတွေကို ပြောင်းကြပြန်တယ်။ အက်(စ) ခလေးပီးယပ်(စ)နဲ့ သူ့သမီးဟိုင်ဂျီယာတို့ကို ဆေးပညာ၊ သမားတော် အမှတ်တံဆိပ် အဖြစ် ပြန်ပြောင်း သုံးစွဲ ကြပြန်ရော။ တုတ်ချောင်းကို ရစ်ခွေနေတဲ့ မြွှေတစ်ကောင် ပြန်လည်အသက်ဝင်ခဲ့ပေါပ။ ဥရောပနိုင်ငံတော် တော်များများမှာ ဒီအမှတ်တံဆိပ်ကိုပဲ ဆေးပညာ၊ သမားတော်တံဆိပ်အဖြစ် ယခုအချိန် ထိ နှစ်နှစ် သက်သက် စွဲစွဲမြဲမြဲသုံးစွဲနေဆဲပါ။
အမေရိကန်နိုင်ငံ မှာလည်း အရပ်သားဆေးဖက် အဖွဲ့အစည်းမှာရော ဆေးတပ်မှာပါ ဒီအမှတ်တံဆိပ်ကိုပဲ လက်ခံ သုံးစွဲခဲ့ကြတာပါ။ ၁၈၁၈ ကတည်းက အမေရိကန်တပ်မတော် ဆေးပညာဌာနက ဒီအမှတ်တံဆိပ်ကို ဆးတပ်ဖွဲ့ တံဆိပ်အဖြစ် သုံးစွဲခဲ့တာတွေ့ရတယ်။ ၁၉၀၂ ခု ကျကာမှ အမေရိကန်ဆေးတပ်ဖွဲ့ရဲ့ တံဆိပ် ဟာ မြွေ တစ်ကောင် တုတ်တစ်ချောင်းဘ၀က စုတေပြီး မျြွေနှစ်ကောင် တုတ် တစ်ချောင်း တောင်ပံ တစ်ခု ဖြစ်လာပါတော့တယ်။ မြွေတစ်ကောင်တံဆိပ် ဟာ မြောက်အမေရိကမှာ အဲဒီအချိန်ကစပြီး နိဂုံးကမွတ် အသုံးသတ် သွားလေရဲ့။
မြွှေနှစ်ကောင်၊ တောင်ပံတစ်စုံ၊ တုတ်တစ်ချောင်း ဆေးလောကထဲ ၀င်ရောက်လာခြင်း
မြွေနှစ်ကောင်က တုတ်တစ်ချောင်းကို မျက်နှာချင်းဆိုင် ရစ်ခွေနေပြီး တုတ်ရဲ့ထိပ်နားမှာ တောင်ပံတစ်စုံနဲ့ လှပနေ တဲ့ လက်စွဲတော်တောင်ဝှေးကလည်း ရာဇ၀င်နဲ့ဗျ။ ကာဒူးစီးယပ်(စ)လိုပခေါ်သတဲ့။
အဲဒီတောင်ဝှေး က ဇုနတ်မင်းကြီးနဲ့ မိဖုရားမိုင်ယာရဲ့သား ဟားမီး(စ)ကိုင်တဲ့ တောင်ဝှေးပါ။ သူ့ကို ရောမတွေက မာကျူရီနတ်သား လို့ သိမှတ်ကြတယ်။ သူ့တောင်ဝှေးက ချစ်စရာ။ မြွှေတစ်ကောင် အစား မြွေ နှစ်ကောင် မျက်နှာချင်း ဆိုင်နေတော့ ပိုကြည့်ကောင်းတယ်။ ဟန်ချက် ညီတယ်။ အချိုးကျတယ်။ တုတ်ချောင်း ထိပ်မှာလည်း ဘုလေးနဲ့။ တုတ်ချောင်းက သပ်သပ် ရပ်ရပ်။ ချောချော မွတ်မွတ်။ ဘုအောက်နား ကပ်ရက် တောင်ပံတစ်စုံကလည်း ငွားငွားစွင့်စွင့်။
ဟားမီး(စ)က သတင်းပို့ရတဲ့။ သတင်းသယ်ရတဲ့ တမန်တော်လို့ သိမှတ်ကြသမို့ သူကိုင်ဆောင်တဲ့ ကာဒူးစီးယပ်(စ) ကို ဥရောပတစ်ဝန်း ပုံနှိပ်တိုက်တွေက သူတို့ပုံနှိပ်တိုက်ရဲ့ အမှတ်တံဆိပ် (Logo)အဖြစ် ယူသုံးကြ တယ်။ အကျယ်ပြန့်ဆုံး သုံးတဲ့ပုံနှိပ်တိုက်က ဆေးစာအုပ်တွေ အဓိကပုံနှိပ်ထုတ်ဝေတဲ့ လန်ဒန်က ချာချီ(လ) ပုံနှိပ်တိုက်ပါ။
မျြွေတစ်ကောင် က ဆေးပညာ၊ မြွေတစ်ကောင်က စာပေအနုပညာ။ ဒီနှစ်ခုကို ပေါင်းစည်းပေးရမယ်ဆိုတာ ချာချီ(လ) ပုံနှိပ်တိုက်ရဲ့ ဆောင်ပုဒ်ဖြစ်ပါသတဲ့။ သူတို့ တိုက်က ရိုက်ထုတ်တဲ့ ဆေးကျမ်းတွေက အမေရိက တိုက် ကို အများဆုံး တင်ပို့ရသတဲ့။ ကြာလာတော့ အမေရိကတိုက်ကလူတွေက ဆေးပညာနဲ့ မြွေနှစ်ကောင် ကိုတွဲတွဲပြီး မြင် လာရောတဲ့။ ၁၉ ရာစုကုန်ခါနီးမှာ အမေရိကန် နိုင်ငံတစ်ဝန်းရှိ ပုံနှိပ်တိုက်တွေ ကလည်း မြွှေ နှစ်ကောင်နဲ့ ကာဒူးစီးယပ်(စ)ကို ဆေးပညာ အမှတ်တံဆိပ်အဖြစ် လက်ခံ သုံးစွဲပြီး ဆေးစာအုပ်တွေမှာ ထည့်နှိပ်ကြသတဲ့။
အမေရိက မှာ မြွေနှစ်ကောင် ပိုလို့အခြေခိုင်သွားရတဲ့ အကြောင်းက အမေရိကန်တပ်မတော်က ဗိုလ်ကြီး ဖရက်ဒရစ်(ခ)ရေးနိုး(စ)ကြောင့် ပါ။ ၁၉၀၂ ခုနှစ် အမေရိကန်တပ်မတော်မှာ ယူနီဖောင်းတွေ အမှတ်တံဆိပ် တွေပြောင်းကြတော့ တံဆိပ် ရွေးချယ်ရေး ပွဲကြီးစတော့တာပေါ့။ ဆေးတပ်အတွက် တံဆိပ်ရွေးချယ် ရတဲ့ ဗိုလ်ကြီးရေးနိုး(စ)က အက်(စ)ခလေးပီယပ်(စ)သမိုင်းကြောင်းရော၊ ဟားမီး(စ)ရဲ့ ကာဒူးစီးယပ်(စ)ဋီကာ ပါ ဘာမှသိပုံမရဘူး။
ဒါနဲ့ သူက မြွေတစ်ကောင်တုတ်တစ်ချောင်း ပိုလို့လှပသပ်ရပ်ခေတ်မီတဲ့ ကြွရွနေ တဲ့မြွေနှစ်ကောင် တောင်ပံ တပ် တောင်ဝှေး ကို ဆေးတပ် တံဆိပ်အဖြစ် အထက်ကို တင်တယ်။ ဆေးတပ်ချုပ် (Surgeon-General)ဖြစ်တဲ့ စတန်းဘတ်(ဂ)က ဒီတံဆိပ်ကို လက်မခံဘူး။ ရေးနိုး(စ)က အခါခါတင်သော်လည်း အခါခါ ပယ်တယ်။ ဆေးတပ်ချုပ်အသစ်ဖြစ်တဲ့ ဖောဝု(ဒ)လက်ထက်ကျကာမှ ဒီတံဆိပ်ကို လက်ခံအတည်ပြုခံရ တာ။ ၁၉၀၂ ဇူလိုင် ၁၇ ရက်မှာ ဆေးတပ်အားလုံးရဲ့ အမှတ်တံဆိပ်အဖြစ် မြွေနှစ်ကောင်နဲ့ တောင်ံတပ် တောင်ဝှေးဟာ တရားဝင် အမှတ်အသား အဖြစ် ရပ်တည်လာလိုက်တာ ယနေ့ထိပဲ။ ဆေးတပ်ချုပ်ရဲ့ စာကြည့်တိုက်မှူး ဒု-ဗိုလ်မှူးကြီး မက်(ခ)ကူးလော့(ခ)က ဒီတံဆိပ်ကို ကန့်ကွက်ခဲ့သော်လည်း အရာမထင်ခဲ့ဘူးတဲ့။
ဘာကြောင့် မြွေနှစ်ကောင် မဖြစ်သင့်သလဲ
မြွေနှစ်ကောင်တောင်ဝှေးရှင် ဟားမီး(စ)ဟာ အရွယ်နဲ့မလိုက်အောင် ဥာဏ်ကောင်းသလောက် အကျင့် မကောင်းသူ ပါ။ သူ့”ဇ” ကိုမွေးကတည်းက စပြတယ်။ သူ့ကို နံနက်အရုဏ်တက်မှာ မွေးတယ်။ ညနေစောင်းရောက်တော့ သူက ပုခက်ထဲကနေ တိတ်တိတ်လေး ကိုယ်ယောင်ဖျောက်ပြီး ထွက်သွားတယ်။ သူနဲ့ ဖအေ တူ မအေကွဲအပိုလိုနတ်မင်းရဲ့ နွားတွေကို သွားခိုးယူပြီး ဂူထဲ ၀ှက်ထားဖို့တဲ့။ ခိုးနွားထဲက နှစ်ကောင်ကိုသတ်၊ အမွေးတွေကို ကြိုးကျစ်။ လိပ်တစ်ကောင်ကိုသတ်။ အခွံကိုယူ။ လိပ်ခွံမှာ ခုနင်က ကြိုးတွေတပ်ပြီး လိုင်ရာခေါ်တဲ့ ဗျပ်စောင်းတူရိယာတစ်ခု ထွင်လိုက်သတဲ့။
အပိုလိုက သူ့နွားတွေ အခိုးခံရတဲ့အကြောင်းသိတော့ ဟားမီး(စ်)ရဲ့အမေ မိုင်ယာကို သွားတိုင်တယ်။ မိုင် ယာက ပုခတ်ထဲက “အပြစ်ကင်းစင်”တဲ ဟားမီး(စ)လေးကို ပြသတဲ့။ ဟားမီး(စ)ရဲ့ ဗျပ်စောင်းကို တီးခတ် ရာက ထွက်ပေါ်လာတဲ့ ဂီတသံကို နှစ်ခြိုက်စွဲလမ်းမိတဲ့ အပိုလိုဟာ အဲဒီဗျပ်စောင်းကို သူ့နွားတွေအတွက် လျော်ကြေးအဖြစ် လက်ခံလိုက်သတဲ့
ဟားမီး(စ)ဟာ နွားကျောင်းသားတွေမှုတ်တဲ့ ပလွေကိုလည်း တီထွင်ခဲ့သေးသတဲ့။ အဲဒီပလွေကိုလည်း ဂီတ ချစ်တဲ့ အပိုလိုနတ်မင်းက လိုချင်ပြန်ပါရော။ ဒါနဲ့ နွားတွေ ထိန်းကျောင်းရာမှာသုံးတဲ့ သူ့ရွှေတောင်ဝှေးကို ဟားမိး(စ) ရဲ့ ပလွေနဲ့ အလဲအထပ် လုပ်လိုက်သတဲ့။ အဲဒီတောင်ဝှေးက ကားဒူးစီးယပ်(စ)ပဲပေါ့။ ဒီတောင်ဝှေးက အပိုလိုရဲ့ အဆိုအရ “ကြွယ်ဝခြင်း၊ အလျှံပယ်ခြင်းတို့ရဲ့ သင်္ကေတ၊ ထာဝရတည်တဲ့အရာ၊ ကိုင်ဆောင်သူကို ဘေးအန္တရာယ်အပေါင်းမှ ကာကွယ်လိမ့်”တဲ့။
ဟားမီး(စ)ရဲ့ တာဝန်တွေထဲက အဓိကတာဝန်က ဇုနတ်မင်းကြီးရဲ့ ခြေမြန်တော်အဖြစ် ထမ်းဆောင်ရတာ ပါ။ နတ်ဘုရားတွေရဲ့ ရှေ့တော်ပြေးလည်း ဖြစ်တယ်။ ငြိမ်းချမ်းရေးတမန်တော်လည်း ဖြစ်သတဲ့။ ရန်ဖြစ် နေတဲ့မြွေနှစ်ကောင်ကြား သူ့တောင်ဝှေး ပစ်ပေါက်လိုက်တော့ မြွှေနှစ်ကောင်က သဟာယဖွဲ့ပြီး သူ့တောင်ဝှေးမှာခွေဖွဲ့နေလိုက်လို့ သူ့ကို ငြိမ်းချမ်းရေးသယ်ဆောင်သူလို့ သတ်မှတ်ကြတာ။ ဒီအထိကတော့ ဟားမီး(စ)ရဲ့ ကာဒူးစီးယပ်(စ)ဟာ ဆေးပညာရှင်တွေ သမားတော်တွေအတွက် ကိသ ကအောက်ဖြစ်စရာ မရှိလှပါဘူး။ ခြေမြန်တော်ဗျာ။ ရှေ့တော်ပြေးဗျာ။ ငြိမ်းချမ်းရေးတမန်ဗျာ။
ပြဿနာက ဟားမီး(စ)ရဲ့ တခြားတာဝန်ရဲ့ အခန်းကဏ္ဍတွေက သိပ်အကြောင်းမလှပေဘူးဗျ။ သူက သူခိုး သူဝှက်တွေ၊ ကုန်သည်တွေ၊ ခရီးသွားတွေရဲ့ နတ်လည်းဖြစ်သတဲ့။ လောင်းကစားဝိုင်းတွေ၊ ထီဆိုင်တွေ၊ စီးပွားရေးလုပ်ငန်းတွေကို စောင့်ရှောက်တဲ့နတ်လည်းဖြစ်သတဲ့။ လျှာကို အစိုးရတဲ့နတ်လည်း ဖြစ်သတဲ့။ သူ အစိုးရတဲ့လျှာက ကောင်းတာရော ဆိုးတာရော ပြောတတ်သတဲ့။ လျှော့လျှော့ပေါ့ပေါ့ ပြောရရင် ဟားမီး(စ)ဟာ လူရည်လညလွန်းသူပေါ့။ ခပ်ကြမ်းကြမ်းပြောရရင် တော့ဥာဏ်များလွန်းသူ ဖျံကျလွန်းသူလို့ ဆိုရပါလိမ့်မယ်။
တချို့က သူ့ကို စီးပွားရေးလုပ်ငန်းတွေကို မစတဲ့ နတ်အဖြစ် ကိုးကွယ်ကြပြီး ဒင်္ဂါးတွေ ပြည့်တင်းဖောင်းကားနေတဲ့ ပိုက်ဆံအိတ်ကိုင်ပြီး လျှောက်သွားနေပုံသရုပ်ဖော်ကြတ်။ ဒီမှာတင်ကို ဆေးပညာနဲ့ သမားတော်လုပ်ငန်းနဲ့ ဒီနတ်နဲ့က ၀ိရောဓိဖြစ်နေပြီ။
ဆေးပညာနဲ့ ဒီထက် ပဋိပက္ခဖြစ်စရာက ဒီနတ်က သေဆုံးသွားသူတွေရဲ့ ၀ိညာဉ်တွေကို ငရဲပြည်ပို့ရတဲ့ လမ်းပြဖြစ်သတဲ့။ သမားတော်တွေက လူနာတွေကို ဒီဘက်ကမ္ဘာပါအောင် ဆွဲနေချိန်မှာ ဒီနတ်က လူတွေကို ဟိုဘက်ကမ္ဘာဘက်တွန်းတွန်းပို့နေသတဲ့ဗျ။ သူခိုးသူဝှက်၊ ကုန်သည်ပွဲစားတို့ရဲ့နတ်၊ ရွှေဖြစ်ငွေ ဖြစ်နတ်၊ လူလိမ်လူကောက် လောင်းကစားသမားတွေရဲ့ဘုရင်၊ ငရဲလမ်းပြသခင်။ ကျွန်တော်တို့ ဆေးပညာနဲ့၊ သမားတော်နဲ့ နည်းနည်းမှ မအပ်စပ်ချေတကား။
မြွေတစ်ကောင်လား၊ မြွေနှစ်ကောင်လား
၁၉၉၂ အမေရိကန် ကျန်းမာလရေးဝန်ဆောင်မှု အဖွဲ့အစည်းတွေရဲ့ အမှတ်တံဆိပ်ကို စစ်တမ်းကောက် ကြည့်တော့ ပညာရပ်အဓိက၊ ပညာရှင်အဓိက အဖွဲ့အစည်းတွေက မြွေတစ်ကောင် တုတ်တစ်ချောင်း [ အက်(စ)ခလေးပီးယပ်(စ)တုတ်ချောင်း]ကို သူတို့အဖွဲ့ရဲ့ အမှတ်လက္ခဏာအဖြစ် သုံးစွဲကြတာများသတဲ့။ (၆၂ ရာခိုင်နှုန်း)။ စီးပွားရေးဆန်တဲ့ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေ (ဥပမာ-ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ) ကတော့ မြွေနှစ်ကောင်နဲ့ နှင်တံပျံ [ကာဒူးစီးသပ်(စ)]ကို အသုံးများတာ တွေ့ရသတဲ့။ (၇၆ ရာခိုင်နှုန်း)။ ပညာရှင်တွေပါဝင်တဲ့ အဖွဲ့ကတော့ ဆေးပညာအမှတ်တံဆိပ်တွေရဲ့ အဓိပ္ပာယ်ကို မှန်မှန်ကန်ကန်သိပြီး သုံးကြတာကိုး။ အစဉ်အလာ လက်ဆင့်ကမ်းလာတဲ့ သမိုင်းကိုလည်း တန်ဖိုးထားကြတာကိုး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)အမှတ်တံဆိပ်မှာလည်း မြွေတစ်ကောင်ပဲ။ ကျွန်တော်တို့ ကျန်းမာရေးဝန်ကြီးဌာန အမှတ်တံဆိပ်ကလည်း မြွေတစ်ကောင်ပဲ။ စီးပွားရေးဆန်တဲ့ ၀န်ဆောင်မငလုပ်ငန်းတွေကတော့ စားသုံးသူတွေ၊ သုံးစွဲသူတွေ ရင်းနှီးမျက်မှန်းတန်းမိနေတဲ့ မြွေနှစ်ကောင် (Logo)အမှတ်တံဆိပ်ကို ပိုကြိုက်ကြတယ်လေ။
ကျွန်တော်တို့ ဆေးကျောင်းတွေရဲ့ Logo ကကော ဘယ်လိုလဲ။ ကျွန်တော်တို့ မန္တလေးဆေးကျောင်းရော ရန်ကုန်ဆေး (၁)၊ ဆေး(၂)ပါ မြွေနှစ်ကောင် ပဲဗျ။ ဆေး(၁)တံဆိပ်က တုတ်တိုင်ထိပ်မှာ မီးတောက်ကလေးပါ ပါလိုက်ချေသေး။ ဆေး(၂)တုတ်ချောင်းကတော့ အတောင်ပံနဲ့။ ဒီအမှတ်တံဆိပ်တွေက ၁၉၆၄ တက္ကသိုလ် ပညာရေးစနစ်သစ်စတုန်းက အတည်ပြုပြဋ္ဌာန်းခဲ့တာ ထင်ပါရဲ့။
ဒီအမှတ်တံဆိပ်တွေ ကို ပြန်စိစစ်ဖို့ လိုပါပြီ။ သမိုင်းကြောင်းအရ ခိုင်မာတဲ့ ဆေးပညာရဲ့ ရည်မှန်းရာနဲ့ ဆေးပညာရှင်နဲ့ ကျင့်ဝတ်သိက္ခာနဲ့ တစ်ထပ်တည်းကျတ့ အက်(စ)ခလေးပီးယပ်(စ) တံဆိပ် ကို မြတ်မြတ်နိုးနိုး၊ ရိုရိုသေသေလက်ခံဖို့။ ယခုလို စီးပွားဖြစ် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေ လှိုင်လှိုင်ဖွံ့ ဖြိုးနေချိန်မှာ ကြွယ်ဝမှု၊ စီးပွားရေးဆန်မှုတို့ရဲ့သခင် နတ်ဘုရင်ကို ကိုယ်စားပြုတဲ့ ကာဒူးစီးယပ်(စ)မြွေနှစ်ကောင် ကို စွန့်ပစ်ဖို့ ပို၍ ပို၍ လိုအပ်လှသည်ဖြစ်ကြောင်းကို ...
စာညွှန်း ။ Wilcox RA, Whitham EM(2003). "The Symbol of Modern Medicine: Why One Snake is More Than Two. Ann Intern Med. 138:673-677.
ရွက်နုဝေ၊ အောက်တိုဘာလ၊ ၂၀၀၉

ရှမ်းခေါက်ဆွဲ


Wutyee Food House's photo.
  • ရှမ်းခေါက်ဆွဲ (၅ယောက်စာ)
    --------------------------------------------
    ဒါကတော့ ရှမ်းခေါက်ဆွဲလေးပါ။ မနက်စာ၊ နေ့လည်စာအဖြစ် အစားများတဲ့ ရှမ်းခေါက်ဆွဲက ကို သင်္ကြန်ပိတ...်ရက်တွေမှာ လုပ်စားနိုင်ဖို့ ရည်ရွယ်ပြီ ထည့်သွင်းပေးထားတာပါ။ လုပ်ရတာလည်း လွယ်ပြီ စားကောင်းသည်မို့ တူတူ ချက်ကြည့်ရအောင်…
    --------------------------------------------
    ပါဝင်သောပစ္စည်းများ

    ၁။ ကြက်သား (သို့) ၀က်သား – ၁၅ကျပ်သား (နှုတ်နှုတ်ဆင်းပါ)
    ၂။ ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်ဆင်းပါ)
    ၃။ ဂျင်း – စားပွဲတင်ဇွန်း ၃ပုံ၁ပုံ (နှုတ်နှုတ်ဆင်းပါ)
    ၄။ ခရမ်းချဉ်သီး – ၄လုံး (ပါးပါးလှီးပါ)
    ၅။ ပဲငံပြာရည် (အကြည်) – စားပွဲတင်ဇွန်း ၂ဇွန်း
    ၆။ ပဲငပိ – စားပွဲတင်ဇွန်း ၂ဇွန်း
    ၇။ သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
    ၈။ ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
    ၉။ မြေပဲလှော် – စားပွဲတင်ဇွန်း ၄ဇွန်း (မညက်တညက်ထောင်းပါ)
    ၁၀။ ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်ဆင်းပါ)
    ၁၁။ ရှမ်းခေါက်ဆွဲခေါက် – ၁ထုပ်
    --------------------------------------------
    ချက်ပြုတ်နည်း
    ၁။ အရင်ဆုံး ရှမ်းခေါက်ဆွဲခေါက်များကို နာရီဝက်ခန့် ရေစိမ်ထားပေးပါ။
    ၂။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၇ဇွန်း) ခန့်ထည့်ပြီး ဆီပူလျှင် ကြက်သွန်ဖြူ၊ နီ၊ ဂျင်း ဆီသပ်ပါ။
    ၃။ ပြီးမှ ငရုတ်သီးမှုန့်(အရောင်တင်မှုန့်)ကို ထည့်မွှေပေးပါ။
    ၄။ ထို့နောက် ခရမ်းချဉ်သီး များကိုထည့်ပြီး ရေ(လက်ဖက်ရည်လုံး ၁လုံး) ခန့်ထည့်ရောမွှေလိုက်ပါ။
    ၅။ အနှစ်ရလျှင် ကြက်သား(သို့) ၀က်သားကို ထည့်ပြီး ပဲငပိနှင့် ပဲငံပြာရည်တို့ထည့်လိုက်ပါ။
    ၆။ ၀က်သားနူးအိရန်အတွက် ရေကို (လက်ဖက်ရည်လုံး ၂လုံး)ထည့်ပြီး ဆီပြန်လာသည်အထိ အဖုံးအုပ်ထားပေးပါ။
    ၇။ ဆီပြန်လျှင် အသားခရမ်းခဉ်သီး အနှစ်ကို အရသာ အပေါ့အငံ့ကို ကြည့်ပြီး မီးပိတ်လိုက်ပါ။
    ၈။ ပြီးလျှင် ရေစိမ်ထားသော ရှမ်းခေါက်ဆွဲခေါက်များကို အိုးထဲထည့်၍ ရေနွေးဖြင့် ၂မိနစ် ခန့်ပြုတ်ပေးပါ။
    ၉။ ရှမ်းခေါက်ဆွဲများ နူးအိလာလျှင် ဇကာဖြင့် ပြန်စစ်ထားပေးပါ။
    ရှမ်းခေါက်ဆွဲစားရန် ပြင်ဆင်နည်း
    ၁။ ရှမ်းခေါက်ဆွဲဖတ်များကို ဇောက်ပန်းကန်- ၅ပန်းကန် ထဲသို့ ထည့်သို့ အညီအမျှ ခွဲထည့်လိုက်ပါ။
    ၂။ အပေါ်မှ အသားခရမ်းခဉ်သီး အနှစ်၊ မြေပဲထောင်း၊ ကြက်သွန်မြိတ်၊ ပဲငံပြာရည်အကြည်(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်ရောမွှေလိုက်ပါ။
    ၃။ ဆီတို့ဟူး၊ ၀က်ခေါက်တို့ဖြင့် တွဲဖက်သုံးစွဲ နိုင်ပါသည်။
    -------------------------------------------
    --------------------------------------------
    တို့ဟူးနွေး (၃ယောက်စာ)
    --------------------------------------------
    တို့ဟူးနွေးကို လုပ်ရလွယ်ပြီ စားလို့ကောင်းတဲ့နည်းလေးနဲ့ တင်ဆက်ထားပါတယ်။ နေ့လည်စာ အစာပြေလုပ်စားနိုင်ဖို့ပါ။ လုပ်နည်းလေး ကြည့်ရအောင်…
    တို့ဟူးနွေး ပြင်ဆင်ရာတွင် ပါဝင်သည့်ပစ္စည်းများ
    ၁။ ဆန်စီခေါက်ဆွဲထုပ် – တ၀က်
    ၂။ မြေပဲ – စားပွဲတင်ဇွန်း ၃ဇွန်း (မညက်တညက် ထောင်းထားပေးပါ)
    ၃။ နံနံပင် (သို့) ကြက်သွန်မြိတ် – ၂ပင် (ပါးပါးလှီးပါ)
    --------------------------------------------
    တို့ဟူးကျိုရန် ပါဝင်ပစ္စည်းများ
    ၁။ ကုလားပဲအစိမ်းမှုန့် (သို့) တို့ဟူးမှုန့် – ၁၅၀ဂရမ်
    ၂။ ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
    ၃။ ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
    ၄။ သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
    ၅။ အချိုမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
    --------------------------------------------
    ခရမ်းချဉ်သီးဆော့ရည်အတွက် ပါဝင်ပစ္စည်းများ
    ၁။ ကြက်သား (သို့) ၀က်သား – ၁၅ကျပ်သား (အတုံးသေးလေးများ တုံးပေးထားပါ)
    ၂။ ခရမ်းချဉ်သီး – ၃လုံး (အစေ့ထုတ်ပြီ အရှည်ပါးပါးလှီးပါ)
    ၃။ ကြက်သွန်နီ – ၂ခု (နှုတ်နှုတ်စဉ်းပါ)
    ၄။ ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
    ၅။ ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
    ၆။ သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
    ရ။ ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
    ၈။ ပဲငံပြာရည် (အကြည်) – စားပွဲတင်ဇွန်း ၁ဇွန်း
    ၉။ ငါးငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
    ၁၀။ ပဲငပိ – စားပွဲတင်ဇွန်း ၂ဇွန်း
    --------------------------------------------
    ချက်ပြုတ်နည်းများ
    ၁။ အရင်ဆုံး ဆန်စီခေါက်ဆွဲခေါက်များကို ရေနွေးတည်ထားသော အိုးထဲသို့ ထည့်၍ ပြုတ်ပေးပါ။ ခေါက်ဆွဲကျက်ပြီဆိုလျှင် ရေပြန်စစ်ပြီ ရေစိမ်ထားပေးပါ။ (ရေမစိမ်ထားပါက ခေါက်ဆွဲများ ကပ်သွားပါလိမ့်မည်)
    ၂။ ထို့နောက် ခရမ်းချဉ်သီး ဆော့ချက်ရန် ဒယ်ထဲသို့ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပါ။
    ၃။ ဆီပူလာလျှင် ကြက်သွန်ဖြူ၊ နီများ ထည့် ဆီသပ်ပေးပြီ ငရုတ်သီးမှုန့်၊ ခရမ်းချဉ်သီးများ ထည့်၍ ရေ(ဆန်ချိန်ခွက် တခွက်)ခန့်ထည့်ပြီ ခရမ်းချဉ်သီးများ နူသည်အထိ တည်ထားပေးပါ။
    ၄။ ခရမ်းချဉ်သီးများ နူးသွားမှ ၀က်သားများကို ထည့်ပြီ ရောမွှေလိုက်ပါ။
    ၅။ အရသာ အပေါ့အငံ့အတွက် ဆား၊ ပဲငံပြာရည်၊ ပဲငပိ၊ ငါးငံပြာရည်၊ သကြား တို့ကို ထည့်ပေးပါ။
    ၆။ ထို့နောက် အသားနူရန် ရေ(ဆန်ချိန်ခွက် တခွက်) ထည့်ပြီ ဆီပြန်လျှင် မီးပိတ်၍ ခွက်တစ်ခုထဲ ပြောင်းထည့်ထားပါ။
    ရ။ တို့ဟူးကျိုရန်အတွက် ကုလားပဲမှုန့်များကို ရေ(ဆန်ချိန်ခွက် တခွက်ခွဲ)ဖြင့် ရောပြီ သမအောင် မွှေလိုက်ပါ။
    ၈။ ကုလားပဲမှုန့်များကို ကျေသွားအောင် လက်ဖြင့် (သို့) ဇကာဖြင့် ကျေအောင် လုပ်ပေးပါ။
    ၉။ ကုလားပဲမှုန့်များ ကျေသွားမှ ရေ(ဆန်ချိန်ခွက် ၂ခွက်)၊ ဆနွင်းတို့ဖြင့် ရောမွှေပြီ ဒယ်ထဲသို့ လောင်းထည့်လိုက်ပါ။
    ၁၀။ မီးနည်းနည်းဖြင့် ရမိနစ်ခန့် အဆက်မပြတ်မွှေပေးနေပါ။ အရသာအတွက် ဆား၊ သကြား၊ အချိုမှုန့်တို့ကို ထည့်ပေးပါ။
    ၁၁။ ပုံတွင် ပြထားသည့်အတိုင်း တို့ဟူးနှစ် မပျစ်မကျဲ အနေထားတွင် ချလိုက်ပါ။
    ၁၂။ တို့ဟူးနွေးအတွက် ပြင်ဆင်ပါတော့မည်။ အရင်ဆုံး ခွက်ထဲသို့ ဆန်စီခေါက်ဆွဲ လက်တဆုပ်စာခန့် ထည့်လိုက်ပါ။
    ၁၃။ ပြီလျှင် ခေါက်ဆွဲပေါ်မှ ကျိုထားသော တို့ဟူးများကို ခေါက်ဆွဲဖုံးသည်အထိ လောင်းထည့်ပေးပါ။
    ၁၄။ နောက်ဆုံးမှ ခရမ်းချဉ်သီးဆော့ရည်(စားပွဲတင်ဇွန်း ၂ဇွန်းခွဲ)၊ မြေပဲ(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ကြက်သွန်မြိတ် အနည်းငယ်၊ ပဲငံပြာရည်အကြည်(စားပွဲတင်ဇွန်း ၁ဇွန်း) တို့ထည့်ပေးပါ။ ထို့နည်းအတိုင်း ကျန်တို့ဟူးနွေး ၂ပွဲကို ပြင်ပါ။
    ၁၅။ တို့ဟူးနွေးကို ပူပူလေး ၀က်ခေါက်၊ ရှမ်းချဉ် တို့ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…
    --------------------------------------------
    Wutyee Food House
    --------------------------------------------
    Photo Credit: Director Thu Taw Lwin

Thursday, June 2, 2016

ညအိပ်စက်မှု ပိုမိုကောင်းမွန်စေမယ့် အိမ်တွင်းစိုက်အပင် (၅) မျိုး

Myanmar Forward
16 hrs
"၃။ Benjamin

ဘင်ဂျမင်က ထိပ်သီးလေထုသန့်စင်ပေးတဲ့ အပင် ဖြစ်ပါတယ်။ သူ့မှာ benezene, ammonia, toluene နဲ့ ကြမ်းခင်းဖယောင်းပုဆိုး linoleum လို အရည်အသွေးနိမ့် ပစ္စည်းများမှ ထုတ်လွတ်တဲ့ တခြားအန္တရာယ်ဖြစ်စေတဲ့ လေထုညစ်ညမ်းမှု ၇၀% ထက်မနည်း ဖယ်ရှားပေးပါတယ်။ မျက်စိဖြင့် မမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေ နှိမ်နင်းပေးတာကြောင့် ပိုမိုကောင်းစွာ အိပ်ပျော်စေပါတယ်။"
ညအိပ်စက်မှု ပိုမိုကောင်းမွန်စေမယ့် အိမ်တွင်းစိုက်အပင် (၅) မျိုး
အိမ်တွင်းစိုက်အပင်တွေကို အလှဆင်ဖို့ သာ အဓိက အသုံးပြုကြပေမယ့် တစ်နည်းတစ်ဖုံ အိမ်တွင်း လန်းဆန်းသာယ...ာမှုဖြစ်စေတဲ့ တခြားအသုံးဝင်မှုများလည်း ရှိနေပါတယ်။ ည ပိုမိုနှစ်ခြိုက်စွာ အိပ်ပျော်အောင် လုပ်နိုင်တဲ့ နည်းလမ်းတစ်ခုက တစ်နေ့တာလုံး လှုပ်ရှားမှုအပြီး ကိုယ့်ကို သက်သောင့်သက်သာရှိစေကာ အလွယ်တကူ အိပ်မောကျစေတဲ့ အပင်တွေ စိုက်ထားခြင်းပဲဖြစ်ပါတယ်။
ဒီအပင်တွေဟာ အပူရှိန်ဖယ်ရှားဖို့ အိပ်ခန်းထဲ ထားဖို့ အကောင်းဆုံးဖြစ်ပါတယ်။
၁။ Areca Palm
ဒီအပင်က လေထုကို သန့်စင်ပေးပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့အတူ အဆိပ်အတောက်တွေ ဖယ်ရှားပေးပါတယ်။ လေထုထဲ အစိုဓာတ်လည်း ထုတ်လွှတ်ပေးပါတယ်။
၂။ Aloe vera
Formaldehyde လို အသက်အန္တရာယ်ဖြစ်နိုင်တဲ့ ဓာတုပစ္စည်းတွေပါတဲ့ လေထုတွေ သန့်စင်ရာမှာ အထိရောက်ဆုံးအပင်တွေထဲက တစ်ခုဖြစ်ပါတယ်။ အောက်ဆီဂျင်တွေ တစ်ညလုံး ထုတ်လုပ်ပေးပါတယ်။ ကိုယ်ခံအား ကောင်းကျိုးပြုတဲ့ အစိုဓာတ်လည်း ထုတ်လွှတ်ပါတယ်။
၃။ Benjamin
ဘင်ဂျမင်က ထိပ်သီးလေထုသန့်စင်ပေးတဲ့ အပင် ဖြစ်ပါတယ်။ သူ့မှာ benezene, ammonia, toluene နဲ့ ကြမ်းခင်းဖယောင်းပုဆိုး linoleum လို အရည်အသွေးနိမ့် ပစ္စည်းများမှ ထုတ်လွတ်တဲ့ တခြားအန္တရာယ်ဖြစ်စေတဲ့ လေထုညစ်ညမ်းမှု ၇၀% ထက်မနည်း ဖယ်ရှားပေးပါတယ်။ မျက်စိဖြင့် မမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေ နှိမ်နင်းပေးတာကြောင့် ပိုမိုကောင်းစွာ အိပ်ပျော်စေပါတယ်။
၎။ Sanseveria
ဒီအပင်က အသက်ရှူစနစ်နဲ့ ကိုယ်ခံအားစနစ်အတွက် ကောင်းမွန်ပါတယ်။ ခေါင်းကိုက်ဝေဒနာနဲ့ သွေးပေါင်ကို အထူး လျော့နည်းသက်သာစေပါတယ်။ Aloe vera နည်းတူ အောက်ဆီဂျင်ထုတ်လွတ်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် စုပ်ယူပေးပါတယ်။
၅။ Nefrolepsis Fern
ဒီအပင်လေးမှာ ရနံ့သင်းအဆီပေါကြွယ်ဝပါတယ်။ ဒါ့ကြောင့် အပွင့်ဟာ အာရုံကြောစနစ် ထိန်းချုပ်ကွပ်ကဲပြီး စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းပေးပါတယ်။
Ref: FLA
Trend Myanmar