:include data='blog' name='google-analytics'/>

Sunday, April 19, 2015

အသည်းရောင်အသားဝါ စီပိုးရှိသူများကို သုံးလသောက်ဆေးဖြင့် ကုသရန် စီစဉ်

အသည်းရောင်အသားဝါ စီပိုးရှိသူများကို သုံးလသောက်ဆေးဖြင့် ကုသရန် စီစဉ်
ရန်ကုန်၊ ဧပြီ ၁၉
ကျန်းမာရေး ဝန်ကြီးဌာနတွင် မှတ်တမ်းတင်သွင်းထားပြီး အသည်းရောင်အသားဝါ စီပိုးကြောင့် အသည်းရောဂါ ဖြစ်နေသူများကို ယခုနှစ်အတွင်း သုံးလကြာ သောက်သုံး၍ ရောဂါပျောက်ကင်းနိုင်သည့်ဆေးဖြင့် ကုသရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ အသည်းဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်ခင်ပြုံးကြည်က The Voice သို့ ပြောကြားသည်။
စတင်မည့် အချိန်ကာလ အတိအကျ မထုတ်ပြန်နိုင်သေးသော်လည်း ပြည်သူ့ဆေးရုံတိုင်းတွင် ယင်းဆေးဝါးများအတွက် စတင်ပြင်ဆင်နေပြီ ဖြစ်ကြောင်း၊ ပြည်သူ့ဆေးရုံများနည်းတူ မြန်မာနိုင်ငံ အသည်းဖောင်ဒေးရှင်းကလည်း အသည်းရောင်အသားဝါစီပိုး ကုသဆေးဝါးများ အခမဲ့ပံ့ပိုးပေးရန် လျာထားကြောင်း ၎င်းကဆိုသည်။
အသည်းဖောင်ဒေးရှင်းက အမေရိကန်ပြည်ထောင်စု အခြေစိုက် Clinton Health Access Initiative (CHAI) အကူအညီဖြင့် ဆေးဝါးအခမဲ့ ပံ့ပိုးပေးရန် ညှိနှိုင်းနေကြောင်း ယင်းဖောင်ဒေးရှင်းထံမှ စုံစမ်းသိရှိရသည်။
“အခမဲ့ ဆေးပေးဖြစ်မလား။ စရိတ်မျှ ပေးဖြစ်မလားတော့ မပြောနိုင်သေးဘူး။ အလှုငွေ (ရန်ပုံငွေ) တွေပေါ်မှာ မူတည်တယ်” ဟု ဒေါက်တာခင်ပြုံးကြည်က ဆိုသည်။
အမေရိကန် ဆေးဝါးကုမ္ပဏီများ၏ အသည်းရောင်အသားဝါ စီပိုး ကုသဆေးဝါးများကို ပြည်တွင်းဈေးကွက်တွင် အမေရိကန်နိုင်ငံထုတ်ဆေးကို ကျပ်ခြောက်သိန်းခွဲမှ ကျပ်ကိုးသိန်းဖြင့် လည်းကောင်း၊ ယင်းဆေးကိုပင် အမေရိကန်နိုင်ငံက နည်းပညာဖြင့် အိန္ဒိယနိုင်ငံထုတ်ဆေးကို ကျပ်နှစ်သိန်းခွဲမှ ငါးသိန်းဝန်းကျင်အထိ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူရန် အသည်းဖောင်ဒေးရှင်းနှင့် CHAI တို့က ပူးတွဲဆောင်ရွက်လျက် ရှိသည်။
“ငှက်ဖျား၊ တီဘီနဲ့ HIV လူနာတွေ အပြင်မှာ အခုဆေးကို ဝယ်ရလွယ်ကူသလိုပဲ စီပိုးအတွက် သောက်ရတဲ့ဆေးက တစ်နေ့တစ်လုံး သောက်ရတာဆိုတော့ ဆရာဝန် ညွှန်ပေးရင် ဝယ်သောက်လို့ရမယ်။ လွယ်လွယ်ကူကူ ဈေးသက်သက်သာသာလဲ ဝယ်နိုင်မှာ ဖြစ်တဲ့အတွက် အသည်းရောင်အသားဝါ စီပိုး ကူးစက်တာကိုလဲ တားဆီးရာ ရောက်စေတယ်” ဟု အသည်းရောဂါကု ဆရာဝန်တစ်ဦးက ဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံရှိ ၂ ဒသမ ၅ ရာခိုင်နှုန်းမှာ အသည်းရောင်အသားဝါ စီပိုး ကူးစက်ခံနေရကြောင်း ဆေးသုတေသနဦးစီးဌာနက ဆောင်ရွက်ထားသည့် စစ်တမ်းများအရ သိရသည်။

Saturday, April 18, 2015

Scientific Buddhist

ဒီတစ်ပတ်အတွင်း အထူးခြားဆုံး သတင်းလေးပါ။ ဗုဒ္ဓဘာသာဝင်မှန်ရင် တခြားဘာသာဝင်တွေနဲ့ ကိုယ့်ဗုဒ္ဓဘာသာဝင်တွေသိစေဖို့ ရှဲပေးကြပါ။
သီအိုရီပိုင်းဆိုင်ရာ ရူပဗေဒပညာရှင် Stephen Hawking မှ ဗုဒ္ဓဟောကြားသည်မှာ မှန်ကန်ကြောင်း၊ စကြာဝဠာ၏ အစကို ရှာဖွေခြင်းမှာ အကျိုးမရှိကြောင်းပြောကြားခဲ့ပါတယ်။ ၄င်းကိုယ်တိုင်လည်း ဘာသာမဲ့အဖြစ်မှ ဗုဒ္ဓဘာသာဝင်အဖြစ်သို့ ပြောင်းလဲလိုက်ပါတယ်။
----------------------------------------------------------------------------------
ပြီးခဲ့သည့် ၁ရက်နေ့ ဧပြီလ ၂၀၁၅ ဗုဒ္ဓဟူးနေ့တွင် ကျင်းပခဲ့သည့် လေးကြိမ်မြောက် စကြာဝဠာဆိုင်ရာ ရူပဗေဒ ကွန်ဖရင့်တွင် Stephen Hawkingမှ စကြာဝဠာ၏အစကို ရှာဖွေခြင်းမှာ အကျိုးမရှိသည့် လုပ်ရပ်ဟု ၄င်းယူဆကြောင်း အံဩဖွယ်ရာ ထည့်သွင်းပြောကြားလိုက်ခြင်းဖြစ်သည်။
စတီဗင်ဟောကင်းမှာ Big Bang သီအိုရီဖြင့် နာမည်ကျော်ကြားသော ရူပဗေဒပညာရှင်တစ်ဦးဖြစ်ပြီး မည်သည့် ဘာသာတရားကိုမျှ မကိုးကွယ်သူ ဘာသာမဲ့တစ်ဦးဖြစ်သည်။ Big Bang သီအိုရီတွင် စကြာဝဠာသည် မဟာပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပေါ်ရာမှ စတင်လာခဲ့သည်ဟု Stephen Hawking မှခန့်မှန်းခဲ့သည်။ ယခုအခါ Stephen Hawking၏ ရပ်တည်မှုပြောင်းလဲသွားသည်ကို ရူပဗေဒပညာရှင်များအကြား၊ ပညာရှင်များအကြား ဂယက်ရိုက်ခတ်သွားသည်။
ထို့အပြင် Stephen Hawking သည် ဆယ်ကျောက်သက် ဘဝတွင် မိမိကိုယ်ကို ဘာသာမဲ့တစ်ဦးအဖြစ် ခံယုပြီး မိဘများကိုးကွယ်သော ခရစ်ယာန်ဘာသာကို ကိုးကွယ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ ယခုအခါ ဘာသာမဲ့တစ်ဦးအဖြစ်မှ ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူလိုက်ပြီဟုလည်း ထပ်မံပြောကြားလိုက်ပါတယ်။
Stephen Hawking မှ ပြောကြားရာတွင် “ကျွန်တော်ဟာ လွန်ခဲ့သော သုံးနှစ်မှစပြီး စိတ်ဖိစီးမှု ကင်းငြိမ်းရာရှာဖွေရင်း ဗုဒ္ဓစာပေများကို လေ့လာလိုက်စားခဲ့ပါတယ်။ ကမ္မဌာန်းတရားကိုလည်း တတ်နိုင်သလောက် ပွားများအားထုတ်ခဲ့ပါတယ်။ တရားအားထုတ်မှုအားကောင်းလာတာနဲ့အမျှ ဗုဒ္ဓဟောကြားခဲ့တဲ့ တရားဓမ္မ၏ အနှစ်သာရကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လာခဲ့ပါတယ်။ ထို့အပြင် ဗုဒ္ဓဟောကြားခဲ့တဲ့ တရားတော်များနှင့် ယှဉ်ကြည့်တဲ့အခါ ကျွန်တော်ရဲ့ စကြာဝဠာနဲ့ဆိုင်တဲ့ သီအိုရီတွေဟာ မှန်ကန်မှု မရှိတာကို တွေ့လာရပါတယ်။ ကျွန်တော့်စိတ်ထဲ နက်နက်ရှိုင်းရှိုင်း ထွင်းဖောက်သိမြင်လာတာကတော့ ဗုဒ္ဓပြောခဲ့တဲ့အတိုင်း စကြာဝဠာရဲ့ အစကို ရှာဖွေတဲ့ လုပ်ရပ်ဟာ အချည်းနှီးပဲဖြစ်ပါတယ်လို့ ယုံကြည်လာပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ရူပဗေဒ ပညာရှင်များအသိုင်းအဝိုင်းမှာ အများစုက စတီဗင်ဟောကင်းရဲ့ ပြောကြားချက်ကို ထောက်ခံကြပါတယ်။ လူနည်းစုကတော့ ကန့်ကွက်တာရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရူပနက္ခပညာရှင် တစ်ဦးဖြစ်တဲ့ မားဂရက် Margaret J. Geller က Stephen Hawking ၏ သဘောထားကို မိမိအနေနှင့် နားလည်လက်ခံပါကြောင်း၊ စကြာဝဠာရဲ့အစကို ရှာဖွေနေမယ့်အစား၊ ဂလက်စီများကို လိုက်လံ ရှာဖွေနေမည့်အစား လူသားများ၏ အကျိုးအတွက် အခြားသော အရာများကို လုပ်ဆောင်လျှင် ပိုမို ထိရောက်မည်ဟု တစ်ခါတစ်ရံတွေးမိကြောင်း ပြောကြားလိုက်ပါတယ်။
Stephen Hawking ရဲ့ ပြောကြားမှုကြောင့် NASA ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း တခြားဂြိုလ်များ၊ တခြား စကြာဝဠာများသို့ လေ့လာရန် အာကာသယာဉ်စေလွှတ်မှုများကို လူသားတို့အတွက် အကျိုးရှိမရှိ လေးလေးနက်နက် ပြန်လည်သုံးသပ်သွားတော့မှာဖြစ်ကြောင်း၊ လိုအပ်ပါက ထိုကုန်ကျသည့်ငွေများကို လူသားတို့အတွက် အမှန်တစ်ကယ် အကျိုးရှိသော သုသေတနလုပ်ငန်းများတွင်သာ ရင်းနှီးမြုပ်နှံမည်ဟု ဖြေကြားသွားခဲ့ပါတယ်။

Thursday, April 16, 2015

ဂျာမဏီနိုင်ငံမှ အသုံးဝင် သဘာဝဆေး။

ဂျာမဏီနိုင်ငံမှ အသုံးဝင် သဘာဝဆေး။
ပိတ်ဆို့နေသော သွေးလွတ်ကြောများ၊ သွေးအတွင်းရှိ အဆီများ၊ အသက်ရှုလမ်းကြောင်း ကူးစက်ရောဂါများနှင့် အအေးမိခြင်း တို့ကို ပျောက်ကင်းသက်သာစေရန်စေရန် အတွက် သဘာဝ အသီးအနှံများကို အသုံးပြု၍ သောက်သုံးခြင်း ဖြစ်ပါတယ်။
ယင်းနည်းကို ဂျာမဏီနိုင်ငံတွင် လက်ခံသုံးစွဲကြတယ်လို့ ဆိုပါတယ်။ မိမိ အနီးနားတွင်ရှိသော နေ့စဉ်ထိတွေ့နေရသည့် အစားအသောက် ၃မျိုးကို ရောစပ်လိုက်ခြင်းဖြင့် ကျန်းမာရေးအတွက် အလွန်တန်ဖိုးရှိတဲ့ အရာဖြစ်လာပါတယ်။
အဲဒီဖျော်ရည်မှာ လူအများသိထားပြီးဖြစ်တဲ့ သံပရိုသီး၊ ချင်း(ဂျင်း)၊ ကြက်သွန်ဖြူ နှင့် ရေ တို့ပဲဖြစ်ပါတယ်။ ဒီသဘာဝ ဆေးဖျော်ရည်ကို သောက်သုံးခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများကတော့ ထူးခြား စုံလင် များပြားလှပါတယ်။
အထူးအလေးပေး သုံးစွဲနိုင်တာကတော့ သွေးလွတ်ကြောများ ဆို့ပိတ်ခြင်းကို ကာကွယ်ခြင်းနှင့် ကုသခြင်း တို့မှာအသုံးပြုနိုင်သည်။ ထို့ပြင် အသက်ရှုလမ်းကြောင်း ဆိုင်ရာကူးဆက်မှု များနှင့် အအေးပတ်ခြင်းများကို ကုသခြင်းနှင့် ကာကွယ်ပေးနိုင်ခြင်း၊ ကိုယ်ခံစွမ်းအားစနစ်ကို တိုးတက်ကောင်းမွန်စေခြင်း၊
အသဲနှင့် အသဲအင်ဇိုင်းများ တိုးတက်ကောင်းမွန် သန့်ရှင်းအောင်ပြုလုပ်ပေးရာတွင် အခန်း၊ကဏ္ဍ တခုမှ ပါဝင်ဆောင်ရွက်ပေးခြင်း၊ သွေးလှည့်ပတ်မှု မြှင့်တင်ပေးနိုင်ခြင်းနှင့် အထွေထွေ ပင်ပန်းနွမ်းနယ်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါသည်။
သွေးလှည့်ပတ်မှု စနစ်နှင့် ပက်သက်သော ရောဂါများ၊ နှလုံးနှင့် ပက်သက်သော ရောဂါများ ဖြစ်ပွားနိုင်ခြင်းကိုလည်း လျှော့ချပေးနိုင်ပါသည်။
ပါဝင် ပစ္စည်းများကတော့
ရေသန့် ၂လီတာ
သံပရိုသီး ၄လုံး အခွံနွာရန် မလို။
ကြက်သွန်ဖြူ ၄လုံး (၄မွာ မဟုတ်ပါ၊)
ချင်းတက် ၄ဆင်တီမီတာခန့် တို့ လိုအပ်ပါတယ်။
သံပရိုသီးကို ရေဆေး၍ ထက်ခြမ်းခွဲပါ။ ကြက်သွန်ဖြူများကို အခွံနွာပါ။ ပြီးလျှင် ချင်း၊ ကြက်သွန်ဖြူနှင့် သံပရိုသီး အားလုံးကို မွှေစက်ထဲထဲ့၍ မွှေပါ။
ထိုမွေထားပြီးသား အရောအနှောကို ဒန်အိုးတခုခုတွင် ရေ ၂လီတာနှင့် အတူထဲ့၍ ဆူလာသည် အထိကျိုချက်ပါ။ ဆူလာသည်နှင့် တပြိုင်နက် ကျိုချက်ခြင်းကို ရပ်တန့်လိုက်ပြီး အအေးခံပါ။ ပြီးလျှင် အစိတ်အကျဲ အနေတော်ရှိသော စစ်စရာတခုခုနှင့် စစ်လိုက်ပြီး လေလုံဗူးများအတွင်း ထဲ့သွင်းထား၍ ရေခဲသေတ္တာတွင်း သိမ်းပြီး သောက်သုံးနိုင်ပါတယ်။
ယင်းကျိုချက်ထားသော ဖျော်ရည်ကို နေ့စဉ် ၁ဖန်ခွက်(250-300ML) အစာမစားမှီ အနည်းဆုံး ၂နာရီစော၍ သော်လည်းကောင်း အစာအိမ်တွင်း အစာမရှိသောအချိန် နံနက်စောစောတွင် သော်လည်းကောင်း သောက်သုံးနိုင်ပါသည်။
မသောက်မှီ ပုလင်း၊ ဗူးအောင်တွင် အနယ်ထိုင်နေသော သံပရိုနှင့် ကြက်သွန်ဖြူများပါ ပါဝင်စေရန်အတွက် သေချာစွာ လှုပ်ပြီးမှ သောက်သုံးပါ။
အလွယ်တကူနဲ့ ထိရောက်တဲ့ဆေးမို့ ကိုယ်တိုင်သောက်သုံး နေရာကနေ ပြန်လည် ဝေငှလိုက်ရပါတယ်။

Sunday, April 12, 2015

နားလည်ရခက်သော အင်္ဂလိပ်စကားလုံးများ

၁။ fire = မီး။
place = နေရာ။
fireplace = မီးဖို။
၂။ pat = ပုတ်သည်။
pet = အိမ်မွေးတိရစ္ဆာန်။
pit =အသီးမှ အစေ့ထုတ်သည်။
pot = အိုး။
put = ထားသည်။
၃။ hat = ဦးထုပ်။
het = ကွဲပြားသော။
hit = ရိုက်သည်။
hot = ပူသော။
hut = တဲ။
၎။ king = ဘုရင်။
forest = တော။
the king of the forest = ၀က်သစ်ချပင်။
၅။ eat = စားသည်။
humble = နှိမ့်ချသော။
pie = အ၀ိုင်းပုံမုန့်။
eat humble pie = တိုးလျှိုးတောင်းပန်သည်။
၆။ lion =ခြင်္သေ့။
loin =ပေါင်ရင်းသား။
၇။blue = အပြာရောင်ဖြစ်သော။
blood = သွေး။
blue blood = မြင့်မြတ်သော မျိုးရိုး။
၈။ sweet = ချိုသော
potato = အာလူး
sweetpotato = ကန်စွန်းဥ
၉။ pine = ထင်းရှုးပင်
apple = ပန်းသီး
pineapple = နာနတ်သီး
၁၀။ night = ည။
jasmine = စံပါယ်ပန်း။
night-jasmine = ဆတ်ဖလူးပန်း။
၁၁။ glow = မီးရောင်ထွက်သည်။
worm = ၀မ်းကောင်။
glow-worm = ပိုးစုန်းကြူး ။
၁၂။ water = ရေ။
fall = ကျသည်။
waterfall =ရေတံခွန်။
၁၃။ fire = မီး။
fly = ယင်ကောင်/ပျံသန်းသည်။
firefly = ပိုးစုန်းကြူး။

Saturday, April 11, 2015

ရွှေညောင်ပင် ကြက်သားသုပ်

ရွှေညောင်ပင် ကြက်သားသုပ်
-------------------------------------
သင်္ကြန်တွင်း အစာပြေ လုပ်စားနိုင်ဖို့ ရွှေညောင်ပင် ကြက်သားသုပ်လို ချဉ်စပ် ကြက်သားသုပ်လေးပါ။ ရွှေညောင်ပင် ကြက်သားသုပ်မှာ အရိုးသုပ်၊ ကြက်ရေပြားသုပ်၊ အစုံသုပ်၊ အသားသုပ်ဆိုပြီ ရှိပါတယ်။ ခု ၀တ်ရည် လုပ်ထားတာက အစုံသုပ်လေးပါ။ လုပ်ရလည်း လွယ်တာမို့ တူတူ လုပ်စားကြည့်ရအောင်..
-------------------------------------
ချက်ပုံ အဆင့်ဆင့်ကို http://www.wutyeefoodhouse.com/?p=6899/ မှာကြည့်နိုင်ပါတယ်..
-------------------------------------
ပါဝင်ပစ္စည်းများ
ကြက်ရိုး၊ ကြက်တောင်ပံ၊ ကြက်ပေါင် – ၅၀ကျပ်သား (အသဲအမြစ်အစုံ ထည့်လိုက ထည့်နိုင်သည်)
ပဲမှုန့် (အစိမ်းမှုန့်)- ၃၅ ဂရမ် (ရေ ၂၀၀မီလီလီတာဖြင့် ရောဖျော်ထားပါ)
အုန်းနို့နှစ် – ၁ဘူး (၁၆၀ မီလီလီတာ)
ဂေါ်ဖီထုပ် – ၁စိပ် (ပါးပါးလှီးထားပါ)
ကြက်သွန်နီ – ၅လုံး (ပါးပါးလှီးထားပါ)
ငရုတ်သီးစိမ်း – ၆တောင့် (ပါးပါးလှီးထားပါ)
ငရုတ်သီး အစိမ်းမှုန့် – ကြိုက်သလောက်
သံပရာသီး – ၃လုံး (အ၀ိုင်းလှီးထားပါ)
ရှောက်ရွက် – ၃ရွက် (ပါးပါးလှီးပါ)
ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
ငါးငံပြာရည် – လက်ဖက်ရည်ဇွန်း ၂ဇွန်း
-------------------------------------
ကြက်သားကို နုယ်ရန် ပါဝင်ပစ္စည်းများ
ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ဆနွင်း – လက်ဖက်ရည်ဇွန်း ၁ဇွန်း
မဆလာ – လက်ဖက်ရည်ဇွန်း တ၀က်
ကလဝေရွက် – ၁ရွက်
-------------------------------------
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ကြက်ရိုး၊ ကြက်ပေါင်၊ ကြက်တောင်ပံ များကို နုယ်ထားရန် ပါဝင်ပစ္စည်းများဖြစ်သော (ဆား၊ ဆနွင်း၊ မဆလာ၊ ကလဝေရွက်) တို့ဖြင့် သမအောင် ရောမွှေလိုက်ပါ။
၂။ ပြီလျှင် ဒယ်အိုးထဲ ရေ ၅ခွက်(၁လီတာ) ကြက်သားမြုပ်ရုံ ရေထည့်ပြီ ကြက်သား နူသည်အထိ ပြုတ်ထားပေးပါ။
၃။ ပြီနောက် ကြက်သားများကို အတုံးသေးများ တုံးထားပေးပြီ ကြက်ပြုတ်ရည်ကို သက်သက်ဖယ်ထားပါ။
၎။ ထို့နောက် ကြက်ပြုတ်ရည် အိုးထဲ ရေနွေး(၃ခွက်(၆၀၀ မီလီလီတာ)) ဆူအောင် ပြန်တည်ထားပါ။
၅။ ဆူလာလျှင် ဖျော်ထားသော ပဲမှုန့်အရည်ကို လောင်းထည့်ပြီ မီးနည်းနည်းဖြင့် တည်ထားပါ။
၆။ ပြီနောက် အုန်းနို့နှစ်ထည့်၊ ဆား(လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ သကြား(လက်ဖက်ရည်ဇွန်း တ၀က်)၊ ငါးငံပြာရည်(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပြီ ၁မိနစ်ခန့် တည်ထားပေးပါ။
ရ။ အရသာကို အနေတော်လျှင် မီးပိတ်လိုက်ပါ။ (အရသာ ခပ်လေးလေးချပါ၊ ဒါမှ ကြက်သားသုပ်ထည့်လျှင် အနေတော်သည်)
၈။ ထို့နောက် ပန်းကန်ထဲ ကြက်ရိုး၊ ကြက်သား၊ ကြက်အသဲအမြစ်၊ ဂေါ်ဖီ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ရှောက်ရွက်၊ ငရုတ်သီး အစိမ်းမှုန့် တို့ကို ထည့်ပါ။
၉။ ပြီမှ အပေါ်က ပဲပြုရည်ကို လောင်းထည့်ပြီ သံပရာသီးညှစ်ထည့်ပြီ ချဉ်ငံ့စပ် ရွှေညောင်ပင် ကြက်သားသုပ်ကို သုံးဆောင်နိုင်ပါပြီ…
-------------------------------------
Wutyee Food House
------------------------------------

Friday, April 10, 2015

ကွန်ပျူတာ Passwords မေ့လို့ ဖွင့်လို့မရခဲ့လျှင်

ကွန်ပျူတာ Passwords မေ့လို့ ဖွင့်လို့မရခဲ့လျှင်
===============================================
ကိုယ့်ရဲ့ကိုယ်ပိုင် ကွန်ပျူတာလေးမှာ သူများမသိစေချင်တဲ့ အကြောင်းအရာ လေးတွေရှိလို့ Passwords နဲ့ပိတ်ထားကာမှ အချိန်ကြာလာ သောအခါ အမှုမဲ့အမှတ်မဲ့ နဲ့မေ့သွားတတ်ပါတယ်။ ထိုအခါ ကိုယ့်အတတ်နဲ့
ကိုယ် ကွိုင်တက်တော့တာပါဘဲဗျာ..။ ထိုအဖြစ်မျိုးကြုံတွေ့နေရသူတွေအတွက်ကော ၊ Passwords ဖွင့်နည်း
သိချင်သူတွေအတွက် နည်းလမ်းလေးများဖြစ်နိုင်သလောက် ဖော်ပြပေးလိုက်ရပါတယ်..။
◘◘နည်းလမ်း(၁)◘◘
ကွန်ပျူတာစသုံးတဲ့အခါ သို့မဟုတ် ၀င်းဒိုးတင်တဲ့အခါတွေမှာ Username မဖြစ်မနေပေးခဲ့ရပါတယ်။ ထိုအခါ ကွန်ပျူတာမှာ Username နဲ့ Administrator ဆိုပြီးအကောင့်နှစ်ခုဖြစ်သွားပါတယ်။ ဥပမာ Username မှာ MgMg လို့ပေးခဲ့ရင် MgMg နဲ့အတူ Administratorဆိုတဲ့အကောင့်က ပူးတွဲပါရှိလာပါတယ်။ မိတ်ဆွေက MgMg မှာ passwords ပေးထားခဲ့တယ်
ဒါပေမယ့် မေ့သွားပြီဆိုလျှင် ကွန်ပျူတာကို Restart ချလိုက်ပါ။ Restart ချလိုက်တာနဲ့တပြိုင်နက် F8 ဆိုတဲ့ Key ကိုအဆက်မပြတ်နှိပ်ပေးထားပါ။ နှိပ်ပါဟုဆိုရာတွင် ဖိထားခိုင်းခြင်းမဟုတ်ပါ။ ထိုအခါ Safe Mode မြင်ကွင်းကိုရောက်ရှိသွားပါမယ်။ Safe Mode ဆိုတဲ့စာသားနေရာကို
Arrow Key နဲ့ရွှေ့ပြီး Enter ခေါက်လိုက်ပါ။
အချိန်အနည်းငယ်တော့စောင့်ရပါမယ်။ ထိုအခါ
ကွန်ပျူတာသည် Safe Mode မြင်ကွင်းနဲ့ပွင့်လာပါလိမ့်မယ်။၎င်းတွင် Administrator နှင့်Username ( MgMg) ကိုတွေ့ရပါမယ်။ Username ( MgMg) သည် passwords မေ့နေသူရဲ့အကောင့်ပါ။ယခု Administrator အကောင့်ကိုဖွင့်လိုက်ပါ၊ Safe Mode နဲ့ဝင်ထားတာဖြစ်တဲ့အတွက် MgMg အကောင့်ကိုတော့ဝင်လို့ရမည်မဟုတ်ပါ။ Start> Control Panel မှ User
Accounts ( icon ) ကို ကလစ်လုပ်ဖွင့်ပါ။
User Account (box) ပေါ်လာပါမယ်။ ၄င်းတွင် "or pick an account to change" လို့တွေ့ရပါမယ်။ ထိုအခါMgMg ဆိုတဲ့အကောင့်ကို ကလစ်လုပ်လို့ရနိုင်ပါပြီ။ထိုအခါနောက်ထပ်မြင်ကွင်း
တစ်ခုပေါ်လာပါမယ်။ ၄င်းတွင် "What do you want to change about
account လို့တွေ့ရပါမယ်။ ၄င်းတွင် "Change the password" ကိုရွေးချယ်ပြီး password အသစ်တစ်ခုပေးပါ။ အရင်စဉ်းစားလို့မရတဲ့ password ကို ပင်ပန်းခံမစဉ်းစားပါနဲ့.။မေ့လိုက်ပါ
အရင်ကဇာတ်လမ်းလေး…..အဲ..ယောင်လို့.. တကယ်လို့ "Remove the password" ကိုရွေးရင် ဘာpassword မှထည့်စရာမလိုတော့ဘဲ ကွန်ပျူတာပွင့်လာပါလိမ့်မယ်။ "Type a new Password" မှာ passwords အသစ်ထည့်ပေးပါ။ မထည့်ချင်လဲ ဒီအတိုင်းထားပါ။
Change password ခလုပ်ကိုနှိပ်ပါ။ ကွန်ပျူတာကို ပုံမှန်အတိုင်း Restart လုပ်ပါ။ အကောင့်မှာ password တောင်းရင်လဲ ပတ်ဝေါ့ ပေးပြီးဝင်နိုင် ပါတယ်။ မတောင်းရင်လဲ ဒီအတိုင်းဘဲ ပွင့်သွားပါလိမ့်မယ်။
◘◘နည်းလမ်း(၂)◘◘
ကွန်ပျူတာမှာ အခြားသူတစ်ဦးဦးက၀င်လို့ရရင် (အခြား User ရှိရင် သူ့အနေနဲ့ဝင်ပါ)။ပထမနည်းအတိုင်းဆောင်ရွက်နိုင်ပါတယ်။
◘◘နည်းလမ်း(၃)◘◘
ယခုနည်းတွင် ကွန်ပျူတာရဲ့ CD Drive မှာ ၀င်းဒိုးစီဒီကိုထည့်ထားပါ။ BIOS သို့ဝင်ပြီးFirst Boot ကို CD-ROM သို့ပြောင်းပါ။ ကွန်ပျူတာကို ပြန် Restart လုပ်ပါ။ ကွန်ပျူတာ ပြန်ပွင့်တာနဲ့Press any Key to boot from CD ဆိုတဲ့စာသားပေါ်လာတာနှင့် တစ်ပြိုင်နက် ကီးခလုပ်တစ်ခုခုကို နှိပ်
လိုက်ပါ။ Screen ကိုသေသေချာချာကြည့်ပြီး ပေါ်လာတဲ့ ညွှန်ကြားချက်များ အတိုင်း သေသေချာချာပြုလုပ်ပါ။ ဥပမာ - Licensing Agreement ပေါ်ရင် F8 ကီးကိုနှိပ်တာမျိုးဖြစ်ပါတယ်။ မကြာခင် To set up Windows
XP … To repair a Windows XP..လို့ပေါ်လာရင် (R=Repair) ကိုရွေးချယ်လိုက်ပါ။ R ကီးကိုနှိပ်ပါ။ ဆက်ပြီးဆောင်ရွက်မှုများကိုကြည့်နေပါ။ ၀င်းဒိုးစ် reboot တစ်ချက်ပြန်ဖြစ်ရင် မည့်သည့်ကီးကိုမျှ ၀င်မနှိပ်ပါနဲ့။
ဆိုလိုတာက " Press any Key to boot from CD" ဆိုပြီးပြန်ပေါ်ရင် ကီးခလုပ်ကိုမနှိပ်ပါနဲ့။ အလိုလို install လုပ်နေပါလိမ့်မယ်။
မြင်ကွင်းဘယ်ဘက် အောက်ခြေကို သတိပြုကြည့်ပါ။ အဲဒီမှာ "Installing Device" progress bar ဆိုတာပေါ်ရင် "Shift+F10" ကီးများကိုနှိပ်လိုက်ပါ။ ၄င်းသည် အဓိကပြင်ရမယ့် နေရာဖြစ်ပါတယ်။Command console ပွင့်လာပြီး အဲဒီမှာပြင်ရပါ့မယ်။ "NUSRMGR.CPL" လို့၇ိုက်ထည့်ပြီး Enter ကီးကိုနှိပ်ပါ။
သင့်ရဲ့ User Account (box) ကိုမြင်ရပါမယ်။ ၄င်းတွင် password ကိုပြောင်းလိုကပြောင်း.. ဖယ်လိုက ဖယ်ထုတ်နိုင်ပါပြီ။ တကယ်လို့ password အသစ် မပေးချင်ရင် "Control user-passwords2" လို့ရိုက်ထည့်နိုင်
ပါတယ်။ မြင်ကွင်းများကို ပိတ်၊ command box ကနေထွက်ပြီး Repair လုပ်ငန်းစဉ်ကို ဆက်လုပ်ပါ။ လုပ်ငန်းအားလုံးပြီးရင် ကွန်ပျူတာကို သုံးနိုင်ပါပြီ..။
ကိုဥာဏ်မွန်(နည်းပညာစုစည်းမှု)

ခု တ လော ... အသံဗလံ တွေ က ... စုံ ... လို့

ခု တ လော ...
အသံဗလံ တွေ က ... စုံ ... လို့
အကြံအဖန် ... မမှန် မကန် တွေ ကလည်း ... ပုံ ... လို့
ရွှေဥာဏ် တော် လေး တွေ တော့
သေ သေ ချာ ဖြန့်ကျက်
တွေးတော ဆင် ခြင် ကြ ပါ လေ ...
သူရဲ ကောင်း တွေ ဟာ
သူရဲ ကောင်း ဖြစ် ဖို့ မရည် ရွယ် သူများ ပါတယ်
မှန် ကန် ကောင်း မွန် လှတဲ့ မွန် မြတ် စိတ် ထား တွေ ကြောင့်
ရဲရင့် ပြတ်သား တဲ့ လုပ် ရပ် တွေ ကြောင့်
အများ က ယုံကြည် ကိုးစား တန်ဖိုး ထားခံရ တယ်
နောက် ဆုံး ... သူရဲ ကောင်း ဖြစ် လာကြတယ် ...
မှတ် ကျောက် တင် ခံနိုင် တဲ့ စေတနာ တွေ နဲ့
စွန့်လွှတ် မှု တွေ ကို
တစ် ဘ၀ စာ ပေးဆပ် ကြတယ် ...
သူ တို့ထဲ မှာ
သူရဲ ကောင်း နောက် ထပ် တစ် ယောက် တိုး လာ ပေါ့ ...
ဘ၀ အစ က စပြီး
မုန်းတိုင်း ကြားက ရုန်းကန်
အခု အရွယ် လွန် အချိန် တွေ နည်း လာလည်း
မ လျော့တဲ့ ဇွဲ နဲ့
ကျားကုတ် ကျားခဲ
ပြသနာ ပေါင်း သောင်း ခြောက် ထောင်
ခေါင်း ပေါ်တင် ရွက် လို့
ဟန်ချက် ကို ထိန်း
ကိုင်း ခါနီး ခါး ကို ရ အောင် မတ် ထားတဲ့
အ မေ အို ... လူထု ခေါင်း ဆောင် ... သူရဲ ကောင်း ဟာ
" အမတ မာလာ " ... ဘယ် တော့မှ မ သေမယ့် ပန်း
အောင် ဆန်း သွေး နဲ့ " အ မေစု " ပါပဲ ...
သူ့ လောက် စွန့် ခဲ့ တာ တောင် ...
" နစ် နာ လှချည် ရဲ့လို့အသံ မထွက် "
မာန် ကို ချီပြီး အားတင်း လို့
အရှူံး ကို အနိုင် ပြောင်း ဖို့
သူ မ ကြိုးစား နေဆဲ ပါ ...
ကူ တွန်း နိုင် ရင် ... ကူ ကြပါ
မတွန်း နိုင် ရင် ... ၀ါးကူ ထိုး ဖို့ တော့ မစဉ်းစား ပါနဲ့
သမိုင်း ရဲ့ တရားခံ စားရင်း မှာ
သင့် နာမည် စာရင်း မသွင်း ချင် ပါနဲ့ ...
သမိုင်း ၀င် သူရဲ ကောင်း
စေတနာ အပြည့် နဲ့ လျှောက် တဲ့ လမ်း
ထပ် ချပ် မကွာ လိုက် လိုပါတယ် ...
တောင် ထိပ် ရောက် ဖို့ နောက်ဆုံး အချိန် မှာ
အ မေ ... သတိ ... ၀ိရိယ ... ဇွဲ ... လုံ့ လ ... ကို
အားသွန် စိုက် နေပါ တယ် ...
ကျမ တို့ တာဝန် က ကူတွန်း ကြဖို့ပါ ...
ခရီးအတူ သွားသူ ချင်း
ဒီမို က ရေစီ လိုလား သူ ချင်း
အကွက် ရွှေ့မမှား အောင်
အိမ် ကြက် ချင်း အိုးမည်း သုတ် မခံရ အောင်
" သတိ ဆွဲ ရမယ့် အချိန် ဖြစ် ပါ တယ် ... "
--------------------------------
လူထု အသံကို ( ပုံပါ အတိုင်း )
အမြဲ နားစွင့် တတ် တဲ့ အ မေ့ လို ...
" အ မေ့ အသံ ကို ...
----------------
သေချာ နားစွင့် ရမယ့် အချိန် ရောက် နေပါပြီ ... "
-----------------------------------
နောင် မှ ... နောင် တ တွေ မရ စေ ဖို့
သတိ ပေးရင်း ...
မေတ္တာဖြင့် ...
သျှီ
( ဝေကြ မျှ ကြ ... အချင်းချင်း သတိ ပေး ကြပါ ...
ဤ ခရီး ... နီး ပါ ပြီ ... )