:include data='blog' name='google-analytics'/>

Friday, March 13, 2015

စနစ်ဆိုး၏သားကောင် မြန်မာပြည်ရှိ ဆရာဝန် ဆရာမများ

စနစ်ဆိုး၏သားကောင် မြန်မာပြည်ရှိ ဆရာဝန် ဆရာမများ
**********************************************
ဒေါက်တာစိုးထွန်း ရန်ကုန် တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၁၈)
**********************************************
ခေတ် ၏တိုးတက်မှုပြရန်ညွှန်းကိန်း (Indicator)အဖြစ် ဆေးရုံဘယ်နှရုံ၊ ခုတင်ဘယ် နှလုံး တည်ဆောက်ပေးခဲ့သည်ဟု မြန်မာ့ရုပ်မြင်သံကြားနှင့် သတင်းစာများတွင် မကြာခဏတွေ့မြင်ကြ ရမှာဖြစ်သည်။ သို့သော်လည်း အဆိုပါဆေးရုံ၊ ဆေးခန်းများအတွက် ဆရာ ဝန်၊ သူနာပြု ဆရာမ ဘယ်နှဦးခန့်ထားမည်။ တစ်နှစ်လျှင် ဆေးဝါးအတွက်သုံးစွဲရန် ငွေမည်မျှတွက်ချက်လျာထား ခြင်းမရှိပါ။ ထို့အပြင် ဓာတ်မှန်စက်၊ ဓာတ်ခွဲခန်းတည်ဆောက် ပေးထားသော်လည်း နေ့စဉ်၊ လစဉ်၊ နှစ်စဉ်ကုန်ကျမည့် ကုန်ကြမ်းပစ္စည်းတန်ဖိုးကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိပါ။ ဆေးရုံများတွင် တပ်ထား သည့်ဆိုင်းဘုတ်များက တော့ 'ငွေကြေးတတ်နိုင်သူများကို စရိတ်မျှပေးကျန်းမာရေး စနစ်ကျင့်သုံးရန်' 'ဆင်းရဲချို့တဲ့သောသူများကို အခမဲ့ကုသ ပေးသည်'ဟူသော ဆိုင်းဘုတ်သည် လူနာများနှင့် ဆရာဝန်၊ သူနာပြုများကို ရန်တိုက်ပေးထားသလိုဖြစ်နေပါသည်။
ပြည်သူ့ဆေးရုံသို့လာသောလူနာများမှာ ဆင်းရဲသ ဖြင့် ပြင်ပဆေးရုံ၊ ဆေးခန်းသို့မသွားနိုင်၍ လာသူများသာ ဖြစ်ပါသည်။ တချို့လူနာများမှာ မိမိတို့နေထိုင်ရာရပ်ကွက် ရုံးတွင် ဆင်းရဲကြောင်းထောက်ခံစာများကိုယူလာသည် ကိုတွေ့ရပါသည်။
ဆိုင်းဘုတ်တပ်ထားသည့် ဆင်းရဲချို့တဲ့ သူများကို အခမဲ့ကုသပေးရမည်ဆိုသော်လည်း အဆိုပါ ဆေးရုံများအတွက် လုံလောက်သောဆေးဝါးများပေးထား ခြင်းမရှိ၍ ဆရာဝန်၊ ဆရာမများမှ ပျောက်စေဆရာများ ကဲ့သို့ ရေမန်းဖြင့်ကုသမှသာရမည်ဖြစ်ပါသည်။ ဥပမာ- ခုတင် ၃ဝဝဆေးရုံ တစ်ရုံတည်ဆောက်မည်ဆိုပါက ဆရာ ဝန်ဘယ်နှဦး၊ သူနာပြုဘယ်နှဦး၊ အခြားဝန်ထမ်းဘယ်နှဦး နှင့် လူနာ ၃ဝဝ အတွက် နေ့စဉ်ဆေးဝါးမည်မျှကုန်ကျမည်၊ ခွဲစိတ်မည့်လူနာအတွက် တစ်ဦးလျှင် ဆေးဖိုးမည်မျှကုန်ကျ မည်ကို တွက်ချက်ထားခြင်း၊ ချထားပေးခြင်းမရှိဘဲ 'အခမဲ့ ကုသပေးမည်'ဟု ဆိုင်းဘုတ်တပ်ထားခြင်းမှာ လူနာနှင့် ဆရာဝန်များအား ရန်တိုက်ပေးနေသလိုပင်ဖြစ်ပါသည်။
အခြေခံလိုအပ်ချက်ဖြစ်သောဆေးဝါးများပင်လောက် ငအောင် အစိုးရမှမထောက်ပံ့သည့်အတွက် လူနာစောင့်မှ သွားဝယ်ရသည့်ဒုက္ခတွေ့နေရပါသည်။ ထို့အပြင်လူနာ တစ်ဦးဆေးရုံတက်ပါက ဆေးဝယ်ခိုင်းရန်ငွေရှိရမည့်အ ပြင် လူနာစောင့်တစ်ဦးလည်းလိုသည့်အတွက် ထိုသူ၏ လုပ်အားခဆုံးရှုံးနေသည်ကို တွေ့ရမည်ဖြစ်ပါသည်။ ထို့ ကြောင့် ပြည်သူ့ဆေးရုံသို့ လူနာတစ်ဦးတက်ရောက်ပါက ဆရာဝန်၊ သူနာပြုမှ လူနာစောင့်ပါသလား။ ငွေကြေးမည် မျှတတ်နိုင်သလဲဟု မိမိတို့၏ကုသရေးနှင့်မဆိုင်သည့်အပို မေးခွန်းကို မေးနေရပါသည်။
ကျွန်တော်ဖတ်ဖူးသော Facebook စာမျက်နှာတစ်ခုတွင် လမ်း၌မူးလဲသောလူနာ အား ဆေးရုံသို့သွားပို့သောအခါ ဆရာဝန်၊ သူနာပြုမှ လူနာစောင့်ပါမှဖြစ်မည်ဖြစ်ကြောင်းပြောဆို၍ အဆိုပါ ဆရာဝန်၊သူနာပြုများကို ဝိုင်းပြီးဆဲသည့် Comment အများ ရေးထားသည်ကိုတွေ့ရ၍ စိတ်မကောင်းပါ။ အဓိကတရား ခံမှာ စနစ်ကြောင့်သာဖြစ်ပါသည်။ ကျွန်တော်တို့ တိုင်းပြည် တွင် ကျန်းမာရေး အာမခံစနစ်ကလည်းမရှိ၊ ဆေးဝါးက လည်းမပြည့်စုံ၊ ဆရာဝန်၊ သူနာပြုအင်အားနှင့် လူနာအခြေ အနေ (Doctor Patient Ratio) (Doctor Nurse Ratio) ကလည်း မမျှသည့်အခြေအနေတွင် စနစ်ကိုမပြင်ဘဲ အဆို ပါစနစ်၌ ပါဝင်ကပြအသုံးတော်ခံနေရသည့် ကျန်းမာရေး ဝန်ထမ်းများကိုသာ လက်ညှိုးထိုးနေသည်မှာ မတရားဟု ထင်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးစီမံကိန်းဦးစီး ဌာနမှ ထုတ်ဝေသည့်စာရင်းများအရ မြန်မာနိုင်ငံရှိ လူဦး ရေအများစုမှာ ကျန်းမာရေးအသုံးစရိတ်ကို မိမိတို့အိတ် ကပ်ထဲမှ စိုက်ထုတ်သုံးစွဲနေရခြင်း (ဥကအ သ် ဏသခုနအ)ဖြစ် နေကြောင်း သိရှိရပါသည်။ ထို့အပြင် ၂ဝ၁၂ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် သုတေသနစစ်တမ်းအရ ကျေးလက်နေ ပြည်သူများအနေဖြင့် ၂၆ရာခိုင်နှုန်းမှာ ကျန်းမာရေးစရိတ် ကြောင့် ဒုက္ခဖြစ်နေကြောင်း Catatirphic Effect တွေ့ ရပါမည်။
မြန်မာနိုင်ငံတွင် ဆရာဝန်တစ်ဦးဖြစ်ရန် မလွယ်ကူ ပါ။ ရှစ်တန်း၊ ကိုးတန်း၊ ၁ဝ တန်းတွင် ငွေကြေးများစွာ အကုန်အကျခံ၍ ကျူရှင်ကောင်းကောင်းထားရပါသည်။ ကျောင်းသား၊ ကျောင်းသူများသည်လည်း သူများကဲ့သို့ ရုပ်ရှင်မကြည့်ရ၊ မကစားရပါ။ ညဘက်လည်း အိပ်ချိန် လျှော့ရပါသည်။ မိဘများလည်း ပင်ပန်းကြရပါသည်။ ၁ဝ တန်းဖြေသူ သိန်းချီရှိသည့်အထဲမှ ယခင်ကလူ ၅ဝဝ ကျော်၊ ယခုလူ ၂၅ဝဝ ကျော် ဆေးတက္ကသိုလ်ဝင်ခွင့်ရပါ သည်။
ဆေးတက္ကသိုလ်၏ပြဋ္ဌာန်းချက်စာအုပ်များမှာ အင်္ဂလန်နိုင်ငံမှပြဋ္ဌာန်းထားသော ဆေးပညာစာအုပ်များ ကို သင်ကြားရပါသည်။ မူရင်းစာအုပ်ဝယ်လျှင် ဈေးအလွန် ကြီးပါသည်။ ဆေးတက္ကသိုလ်တွင် စာသင်နှစ်ခုနစ်နှစ်နီး ပါးသင်ကြားရပါသည်။ တချို့တစ်ဝက်မှာလည်း ကျူရှင် တက်ကြပါသည်။ ထိုသို့ ဆေးတက္ကသိုလ်တက်ရောက်ရန် တစ်လလျှင် ကျပ်နှစ်သိန်းမှ သုံးသိန်းဝန်းကျင် မိဘများမှ ထောက်ပံ့ရပါသည်။ ဆေးကျောင်းတက်သည့် ကျောင်း သား၊ ကျောင်းသူမှာလည်း အပတ်စဉ်၊ လစဉ်စာတွေ့လက် တွေ့ စာမေးပွဲဖြေဆိုနေရပါသောကြောင့် အခြားကျောင်း သားများကဲ့သို့ အပျော်အပါးလိုက်စားရန်အချိန်မှာ လွန် စွာနည်းပါးပါသည်။ ကြိုးစားပြီး ငွေကုန်ကြေးကျခံ၍ ဆရာ ဝန်ဖြစ်ပါကလည်း အစိုးရလက်ထောက်ဆရာဝန်ရာထူး ခေါ်ချိန်နှစ်နှစ်၊ သုံးနှစ်စောင့်ရပါသည်။ ကျူရှင်တက်ရ ပါသည်။ အင်္ဂလိပ်စာ IELTS အတွက် ကျူရှင် တက်ရပါသည်။
စာကျက်ရပါသည်။ ဝန်ထမ်းရွေးချယ်ရေး စာမေးပွဲအောင်မြင်၍ လက်ထောက်ဆရာဝန်ဖြစ်ပါက ယခုနောက်ဆုံး(ဧပြီလ၊ ၂ဝ၁၄ ခုနှစ်)လစာအရ တစ်လ လျှင် ကျပ်တစ်သိန်းခွဲရရှိမည်ဖြစ်ပါသည်။ အဆိုပါလစာမှာ အသက်၁၈နှစ်ပြည့် မည်သည့်ပညာမှမတတ် ကားမောင်း တတ်ပါက ယာဉ်မောင်းတစ်ဦးရမည့်လစာဖြင့် အတူတူဖြစ် ပါသည်။
ဆေးရုံအများစုတွင် နေစရာအိပ်ခန်းမရှိပါ။ စီးစရာ ကား၊ ဆိုင်ကယ်၊ စက်ဘီးလည်းမပေးပါ။ ညဂျူတီ၊ ပိတ် ရက်ဂျူတီလည်း ဆင်းရပါသည်။ ဆေးကုရာတွင်လည်း စာအုပ်ထဲ၌ သင်ကြားပေးလိုက်သော၊ ပြည်ပနိုင်ငံများတွင် လေ့ကျင့်ပေးလိုက်သော အကောင်းဆုံးဆေးဝါးကုထုံးများ ကို ခေါင်းဖြူအောင်စဉ်းစား၍ ပေးရပါသည်။ မြန်မာပြည် မှ ဆရာဝန်လောက်တော်သောသူ ကမ္ဘာတွင်ရှိမည်မထင် ပါ။ မလေးရှားနိုင်ငံတွင် ဆရာဝန်တစ်ဦးတစ်လသိန်း ၂ဝ၊ ၃ဝ ခန့်၊ အမေရိကန်ပြည်ထောင်စု၊ အင်္ဂလန်နိုင်ငံတွင် တစ်လ လစာသိန်း ၆ဝ၊ ၈ဝ လောက်ရနေချိန် အဆိုပါ ဆရာဝန်များအနေဖြင့် စီးပွားရှာရန်မလိုဘဲ လူတန်းစေ့ နေနိုင်ချိန်တွင် တစ်လလျှင် ကျပ်တစ်သိန်းခွဲဝင်ငွေဖြင့် မသထာရေစာအငတ်ခံလုပ်ကိုင်နေသောစနစ်ဆိုးမှ မြန် မာနိုင်ငံမှဆရာဝန်၊ သူနာပြုများကို ကျွန်တော်သမ္မတကြီး ကိုယ်စားနိုင်ငံသားကောင်းဆုချီးမြှင့်ချင်ပါသည်။ နိုင်ငံ တော်သမ္မတကြီးမှ 'ပြည်ပတွင် ရောက်ရှိနေသော ပညာ တတ်များပြန်လာရန် ဖိတ်ခေါ်နေပါသည်' ကျွန်တော်တစ် ခုဖြည့်စွက်ချင်ပါသည်။ အဆိုပါပြန်လာမည့်သူများအနေ ဖြင့် ပြည်တွင်း၌ လုပ်ကိုင်နေကြသော နိုင်ငံတကာအသိ အမှတ်ပြုဘွဲ့ရပညာတတ်များသည် 'ပြည်ပ၏လုပ်ခလစာ ၏အပုံ ၁ဝဝ ပုံတစ်ပုံမျှဖြင့် ပြည်သူကို အလုပ်အကျွေးပြု နိုင်ပါမည်လော'ဟု ဖြည့်စွက်မေးချင်ပါသည်။
စနစ်၏သားကောင်ဖြစ်ကြသော ဆရာဝန်၊ သူနာပြု တို့သည် မိမိတို့၏လစာဖြင့် မရပ်တည်နိုင်၍ 'ဆရာဝန် လုပ်လျှင် စီးပွားမလုပ်ရပါ'ဆိုသော စကားကို မလိုက်နာ နိုင်ဘဲ မိမိတို့၏ကိုယ်ပိုင်ချိန်တွင် နိုင်ငံခြားတိုင်းပြည်မှာရှိ သည့် ဆရာဝန်များကဲ့သို့ အနားမယူနိုင်၊ စာလေးဘာလေး မဖတ်နိုင်ဘဲ ဟိုဆေးခန်း၊ ဒီဆေးခန်းပြေးရနှင့် ည ၁၁ နာရီ၊ ၁၂ နာရီမှ အိမ်ကိုရောက် ညစာစား၊ ရေချိုးပြီးအိပ်ရာ ဝင်ရပါသည်။ မနက်စောစော ၅ နာရီထပြီး ဆေးရုံမသွား ခင် ဆေးခန်းလေးပြေးထိုင်ပြီး လူနာစောင့်နေရပါသည်။ သို့မှသာ 'ငတ်၍သေသောဆရာဝန်မိသားစု'ဟု ကျော်မ ကောင်းကြားမကောင်းမဖြစ်ရန်အတွက် ရုန်းကန်နေရခြင်း ဖြစ်ပါသည်။
နံနက်၈နာရီခွဲအမီ ခွဲစိတ်ခန်းဝင်ရန်(သို့မဟုတ်)လူ နာလှည့်လည်ကြည့်ရှုရန် (Ward Round)ဆေးရုံသို့ အူ ယားဖားယားပြေးရပါသည်။ လူနာများအား ကျန်းမာရေး နှင့်ညီညွတ်အောင် နေထိုင်ရန် ပြောဆိုနေရသော်လည်း ပြောနေသူဆရာဝန်၊ ဆရာမကိုယ်တိုင်မှာမူ မျက်တွင်း ဟောက်ပက်နှင့် တီဗွီကြည့်ချိန်၊ လမ်းလျှောက်ချိန်မရှိပါ။ ဆေးရုံရောက်သည့်အခါလည်း လူနာများက ပြည့်ကျပ်နေ ပြီး လူနာစောင့်များကလည်း ပြည့်နှက်နေပါသည်။ ဆရာ ဝန်၊ သူနာပြုအချိုး (Doctor Nurse Ratio) မှာ ကျန်းမာ ရေးဝန်ကြီးဌာနမှထုတ်ဝေထားသည့် Health in Myanmar မေ ၂ဝ၁၃ အရ ဆရာဝန်တစ်ဦးလျှင် သူနာပြုတစ်ဦး(၁း၁)သာရှိ၍ အမှန်တကယ်ရှိရမည့် (၁း၃)ထက်များစွာ လျော့ နည်းနေပါသည်။ သူနာပြုများမှာလည်း မနိုင်ဝန်ထမ်းနေ ရ၍ အလုပ်သင်ဆရာဝန်များမှကူညီပြီး ဆေးထိုးခြင်း၊ သွေးဖောက်ခြင်း ပြုလုပ်ပေးနေရပါသည်။
နံနက်ခင်းမှသည် ညနေအထိတိုင်အောင် လူနာများ ကို ဆေးကုသခြင်းအပြင် အခြားနိုင်ငံခြားမှာလိုအတွင်း ရေးမှူးမရှိသည့်အတွက် ဆေးရုံစာရင်းဇယားများကိုလည်း ဖြည့်စွက်နေရပါသည်။ ဘွဲ့လွန်တက်ရန်လည်း စာကျက် နေရပါသည်။ ကျူရှင်တက်နေရပါသည်။ တော်ဝင်သမား တော်ဖြစ်ရန် MRCP , MRCS Exam ဖြေရန် အင်္ဂလိပ်စာ ကျူရှင်လည်းတက်နေရပါသည်။ ကိုယ့်ပိုက်ဆံဖြင့် ကိုယ်စာ မေးပွဲဖြေဆိုရန် ငွေလည်းစုရပါဦးမည်။ 'ဆင်းရဲသောလူ နာများအား အခမဲ့ကုသပေးသည်'ဆိုသော ဆိုင်းဘုတ်အရ ပေးစရာဆေးကလည်းကုန်နေ၍ လူနာများ၏ပြောဆိုခြင်း လည်း ခံရပါသည်။
နိုင်ငံတကာအဆင့်မီ ဆေးကုသရေးပန်းတိုင်သို့ လျှောက်လှမ်းလိုပါက 'နိုင်ငံတကာအဆင့်မီလစာပေးရ မည်'။ 'နိုင်ငံတကာအဆင့်မီဆေးဝါး၊ ရောဂါရှာဖွေရေး ကိရိယာဖြည့်တင်းပေးရမည်'ဆိုပါလျှင် ဆရာဝန်၊ ဆရာမ များ၏ နွေးထွေးသောအပြုံးတင်မကပါ ရှူးရှူးပေါက်၊ အီး အီးပါလျှင်တောင်အိမ်သာကို ကိုယ်တိုင်လိုက်ပို့ကြမည် သာဖြစ်သည်။ ဆိုက်ကားဆရာ၊ မော်တော်ကားဆရာလစာလောက်ပင်မရသောအခြေအနေဖြင့် နိုင်ငံတကာ အရည်အသွေးဝန်ဆောင်မှုကို ရောက်အောင်ဆောင်ရွက် မည်ဆိုပါက 'ဝ'မရှိဘဲ'ဝိ'လုပ်နေခြင်းသာဖြစ်ပြီး လာမည့် ၂ဝ၁၅ အေအီးစီတွင် ဦးနှောက်ယိုစီးမှုတွေ့မြင်နိုင်ပြီး ပြည်သူ့ဆေးရုံများတွင် ဆရာဝန်၊ သူနာပြုမရှိဘဲဖြင့် နေနိုင် သည်ကို သတိပြုသင့်ပါသည်။
ပါမောက္ခကြီးတစ်ဦးက ပြောဆိုခဲ့သည်မှာ MRCP Exam တွင် စာမေးပွဲစစ်ရင်း မြန်မာပြည်က ပါမောက္ခ လစာဘယ်လောက်ရသလဲဟု အင်္ဂလန်မှ ပါမောက္ခက မေးရာ ''ဒေါ်လာ၃ဝဝရသည်'' ဟု ပိုပိုသာသာပြောခဲ့ရာ အင်္ဂလန်ပါမောက္ခကရယ်ပြီး ''လာနောက်မနေပါနဲ့ Professor''ဟု ပြန်လည်ပြောဆိုကြောင်း ပြောကြားခဲ့ပါ သည်။ ဒါတောင် ပိုပိုသာသာဒေါ်လာ ၃ဝဝ ဟု ပြောခဲ့ ခြင်းဖြစ်ပါသည်။
ဒါဟာ ကမ္ဘာမှာ လစာအနည်းဆုံးနဲ့ ကျန်းမာရေး ဝန်ဆောင်မှုပေးနေသော မြန်မာနိုင်ငံမှ ဆရာဝန်၊ သူနာ ပြု၊ ကျန်းမာရေးဝန်ထမ်းများသာဖြစ်ပါတယ်။
ပြည်ထောင်စုဝန်ကြီးပြောခဲ့သလိုများဖြစ်နေမလား သုံးသပ်ပါသည်။ ဘာတဲ့ ''ခပ်ထက်ထက်သူတွေကတော့ ပြည်ပနိုင်ငံကို ထွက်သွားကြပြီး ခပ်တုံးတုံးသူများကတော့ မြန်မာပြည်တွင် နေကြသည်တဲ့''အင်း.. အဲဒီလိုများ ဖြစ်နေမလားဆိုပြီး စနစ်၏သားကောင်များအကြောင်း မျှဝေပေးလိုက်ပါတယ်။ ။

Wednesday, March 11, 2015

လက်ပံတန်းမှသည်....... ရှင်ဒေ၀ီ

......................................
လက်ပံတန်းမှသည်.......
ရှင်ဒေ၀ီ
ကျမ ရှင်ဒေ၀ီ ပါ။ အသက်မွေးဝမ်းကြောင်းက documentary filmmaker (မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ) ဖြစ်ပါတယ်။ ၁၀ ရက်နေ့လက်ပတန်းအကြမ်းဖက်မှုအတွက် မျက်မြင်သက်သေ တစ်ယောက်လဲဖြစ်ခဲ့ပါတယ်။ တိတိကျကျပြောရရင် လက်ပံတန်း မှာ ကင်မရာနဲ့ ရောက်ရှိနေခဲ့ တာဟာ သတင်းဌာန တစ်ခုခုအတွက် အလုပ်လုပ်တဲ့ media သမားအဖြစ်မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှုဖြစ်စဉ်တွေကိုမှတ်တမ်းတင် စုဆောင်း နေတဲ့ image collector အဖြစ် ရောက်ခဲ့တာပါ။ ဒါကြောင့်မို့ ကျမဟာတခြားသော media သမားတွေလို ကျင့်ဝတ် စောင့်ထိမ်း စရာမလိုဘဲ ကျောင်းသားကျောင်းသူတွေ ကိုဝန်းရံနိုင်သူ အဖြစ် ကျမကိုကျမ ခံယူ ပါတယ်။
အစကပြောရမယ်ဆိုရင် ပညာရေးပြောင်းလဲဖို့အမှန်တကယ်လိုအပ်လို့ ကျောင်းသားစစ်ကြောင်းကို ထောက်ခံပါတယ်။ သူတို့စထွက်လာကထဲ က လုံးဝသဘောတူထောက်ခံပါတယ်။ အခုမှမစရင် ကျမတို့ဘယ်လောက်ထပ်စောင့်ရဦးမတုံး။ တဘ၀လုံးစောင့်ခဲ့ရတာ။
ကျနော်သမီးစာကျက်နေတယ်လို့။အေးချမ်းစွာပညာသင်ကြားရေးကိုထိခိုက်စေသော ဆူပူမှု ဆိုတဲ့ ခံယူချက်တွေ ကိုကြားသိရတဲ့အခါ ကျမငယ်စဉ်က တစိတ်တပိုင်းကိုဘဲ မျှဝေချင်ပါတယ်။ ကျမ ရဲ့ အုပ်ထိန်းသူက ပြည်သူပိုင်မသိမ်းခင် နန်ယန်ကျောင်း( အခု ထ ၂ဗဟန်း မှာ ၁၀ တန်းထိသာ ပညာသင်ကြားခဲ့သူပါ။ ဘွဲ့မရပါဘူး။ ဒါပေမယ့် ကျမကို မူလတန်းကနေ အလည်တန်းအထိ အိမ်မှာ စာပြပေးနိုင်ပါတယ်။ ကျမတို့ခေတ်ကာလ ကလဲ ကျူရှင်တွေဒီလောက် ခေတ်မစား သေးပါဘူး။ အဓိကပြောချင်တာက ကျမ အုပ်ထိမ်း သူ ကျမ အမေ ရဲ့ စာသင်ကြား ဟန်ပါ။ သမိုင်း၊ မြန်မာစာ စတာတွေ ကို ပုံပြော သလိုပြောပြပါတယ်။ စာကို ၀ါကျအလိုက် မကျက်ခိုင်းဘူး။ နားလည်ပြီဆိုရင် ကိုယ့်ဘာသာ ပြန်ရေးခိုင်းပါတယ်။ ဆရာမပေးတဲ့မှတ်စုနဲ့နဲကွာဟပေမယ့် အချက်အလက် က တော့အတူတူပါဘဲ။ အိမ်က သင်ကြားပေးတဲ့မူဟန်နဲ့ဘဲ မူလတန်းကနေ အလယ်တန်း (သူငယ်တန်းကနေ ၈ တန်းအထိ) ကျမနှစ်ဉ် ထူးချွန်ကျောင်းသူဖြစ်ခွင့်ရခဲ့ပါတယ်။ နောက် ၉ တန်းရောက်တဲ့အခါ ကျမ တို့ သားအမိ အခက် တွေ့ရပါတော့တယ်။ ကျမအမေက ဇီဝဗေဒ၊ ဓါတုဗေဒ၊ စတဲ့သင်ခန်းစာတွေနဲ့မရင်းနှီးပါဘူး။ ဗြုန်းကနဲ ပြောင်းသွားတဲ့ အင်္ဂလိပ်လိုသင်ရိုးတွေ ကို အမေက မသင်ပြနိုင်တော့ပါဘူး။ အဲဒီမှာ ကျမလဲ အလွတ် ကျက် ရတဲ့အဖြစ်ရောက်ခဲ့ ရပါတော့တယ်။ ဒီအခါကစပြီး ကျမရဲ့ပညာရေး ရွှေရောင် နေ့ရက် တွေပြီးဆုံးခဲ့ရပါတယ်။ ပညာရေးရွှေရောင်တွေ အညိုရောင် ပြောင်းလာ သလို မြန်မာ နိုင်ငံရဲ့အမှောင်ထုကြီးထဲ စုန်းစုန်းမြုပ်တဲ့၁၉ ၈၈ ကိုလဲ ကျမ န၀မတန်း ကျောင်းသူ ဘ၀မှာကြုံခဲ့ရတော့တာပါပဲ။
ဒီလိုနဲ့ အမှောင်ခေတ်ထဲက အလင်းရောင်တွေရလာနိုးတိုက်ပွဲဝင်ရင်း ၁၀တန်းစာမေးပွဲဖြေရမယ့် အချိန်မှာ ထောင်ထဲရောက်နေတာမျိုး၊ နောက်နှစ်စာမေးပွဲ မဖြေခင် လပေါင်းများစွာဖမ်းထားခဲ့ပြီး စာမေးပွဲနီးမှ ကပ်ပြီးလွတ်တာမျိုးနဲ့ ကြုံခဲ့ရပါတယ်။ ၁၀တန်းမအောင်ရင် တက္ကသိုလ်ဆိုတာ မရောက်ရမှာမို့ အလွတ်ကျက်တန်ကျက်၊ကူးချတန်ကူးချနဲ့ ဒီလိုနဲ့ ၁၀တန်း ကို ၁၉ ၉ ၃ မှာအောင်ခဲ့ပါတယ်။ ဆယ်တန်းအောင်ပြီးတဲ့အခါ ကျမအမှတ်နဲ့ရွေးစရာက က ရူပဗေဒ၊ သင်္ချာ၊ သတ္တ ဗေဒ၊ ရုက္ခဗေဒ ဆိုတာတွေရွေးနိုင်ပါသတဲ့။ ကျမ ဖြစ်ချင်ခဲ့တာရှေ့နေ။ ကျမ ဥပဒေကို တက်ခွင့်မရပါဘူး။ အဲဒီတော့ ကျမ က မြန်မာစာကိုတက်ချင်ခဲ့ပြန်ပါတယ်။ ဒါပေမယ့် ကျမက သိပ္ဗံတွဲနဲ့ ၁၀တန်းအောင်တာမို့ ၀ိဇ္ဇာတွဲ ပြောင်းဖို့ခက်ပြန်ပါသတဲ့။ ဒီလိုနဲ့ ကျမနဲ့ ဘယ်လိုမှ စိတ်မ၀င်စားတဲ့သတ္တဗေဒ ဘာသာကိုဘဲ ဘွဲ့တခုရနိုင်ဖို့ သင်ကြားခဲ့ရတယ်ပေါ့။ ပညာရေး အတွက် ကျမတို့ အချိန်တွေပေးခဲ့ရတယ်။ ငွေတွေပေးခဲ့ရတယ် ကျမတို့ဘွဲ့လက်မှတ်က လွဲရင်ဘာတွေ ရခဲ့ သလဲ။ ဘာမှမရတာတော့မဟုတ်ပါဘူး။ လူမှုဆက်ဆံရေးနယ်ပယ်တစ်ခုတော့ စာသင်ကြား ရင်းရခဲ့ပါတယ်။ ဒါပေမယ့် ဒါတွေနဲ့တော့ လုံလောက်ကျေနပ်နေဖိုပမဖြစ်နိုင်ပါဘူး။ မတတ်သာ လို့ခေါင်းငုံ့ အံကြိတ်နေခဲ့ရပြီး အခုတော့ ခေတ်ကျောင်းသားတွေ တစခန်းထဦးဆောင်လို့ ပညာရေး စနစ်ပြောင်း တောင်းဆို ဆန္ဒပြနေတာကို တွေ့မြင်ရတဲ့အခါ ကျမနေနဲ့ ထောက်ခံ ၀န်းရံ မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒီနေရာမှာပြောစရာ ရှိလာပြန်ပါတယ်။ ကျောင်းသားတွေကြားထဲ အသက်အရွယ်ကြီးတဲ့ သူတွေ ၀န်းရံပေးနေတာ မြင်ရတဲ့အခါ ဒါလားကျောင်းသားလားလို့ ပြစ်တင်သံ၊ ပျက်ရယ်ပြုသံ တွေကြား နေရပါတယ်။ ဒီလို အသံကို သာမန် ဝေဖန်သူတွေဆီကသာမက ပြန်/ကြား ၀န် ဆီကပါ ကြားရတော့ ပြောပြရဖို့ဖြစ်လာရပါတယ်။ တခြားလိုက်ပါတဲ့ သက်ကြီးပိုင်းတွေ မှာ သူတို့ ရဲ့ ကိုယ်ပိုင်ခံယူချက်နဲ့ အကြောင်းပြချက်ကိုယ်စီရှိနိုင်ပါတယ်။ ဘာကြောင့် ကျောင်းသား သပိတ်စစ်ကြောင်းမှာ ပါနေရသလဲဆိုတဲ့မေးခွန်းအတွက်ပါ။ ကျမ အသက် ၄၀ ပါ။ သက်ကြီးပိုင်း လို့ဆိုပါစို့။ ဘာကြောင့် ပညာရေးပြောင်းလဲတာဟာ ကျမ အတွက် အရေးကြီးနေရသေးတာပါလဲ။ မျိုးဆက်သစ်အတွက် အနာဂတ် နိုင်ငံတော်အတွက် ဒီလိုစကားလုံးအကြီးကြီးတွေ ကိုအမြင်ကတ် နေသူတွေအတွက် ရိုးရိုးလေးပြောချင် ပါတယ်။ အသက်အရွယ်မရွေး ပညာသင်ကြားနိုင်ခွင့်ရှိ နိုင်တဲ့ အခွင့်အရေး က ကျမအတွက် တော်တော် အရေးပါပါတယ်။ တချိန်ချိန်မှာ ဥပဒေပညာ သင်ခွင့် ရပြီး ရှေ့နေ တစ်ယောက် ဖြစ်ချင်ပါသေးတယ်။ နောက် နှစ်နဲနဲ ကြာဦးမယ်ဆိုရင်လဲ ကျမ ကျောင်းသား တစ်ယောက် ပြန်ဖြစ်နိုင်ပါသေးတယ်။ ကျောင်းသားဆိုတာ ဘယ်အရွယ် သာဖြစ်သင့်တ ယ် ဆိုတဲ့ အတွေး မျိုး တွေဟာ ကျမတို့ အနာဂတ် ကို ပိုပြီးမှောင်ပိန်း နေစေဦး တော့မှာပါပဲ။ ဒါကြောင့် ဒီအရွယ်ကြီး ကျောင်းသားလား လို့ဆိုနေသူ တွေ ကို ပညာလို အိုသည်မရှိ လို့ ဘဲ တသီး ပုဂ္ဂလ အမြင်နဲ့ ရိုးရိုးလေး ဆိုချင်ပါတယ်။ ဥာဏ်ပညာနဲ့ ချစ်ချင်းတရားကသာတိုင်းပြည်ကို ဦးဆောင်နိုင်ပါလိမ့်မယ်။
နောက်တချက်ကတော့ ကျောင်းသားဆိုတာ ပြည်သူတွေ ရဲ့ သားသမီးပါ။ ဒီတော့ သပိတ် စစ်ကြောင်း မှာ ၀န်းရံသူပြည်သူတွေပါဝင်နေတာက ဝေဖန်ပြစ်တင်နေရမယ့်ကိစ္စဆိုး မဟုတ်ဘူး လို့မြင်ပါတယ်။အထက်ကအကြောင်းအရာတွေ ဟာ ကျမ ဘာကြောင့် ကျောင်းသားသပိတ် ကို အကဲဆတ်နေရသလဲဆိုတဲ့ တစိတ်တဒေသ ဖြစ်ပါတယ်။
အခုဆက်ပြီး လက်ပံတန်းအကြမ်းဖက်မှု ဆီကိုသွားပါမယ်။
၁၀ ရက် ၁၀ နာရီ စိန်ခေါ်မှု အတွက် ၉ ရက်နေ့ ည မှာ လက်ပံတန်းသပိတ်စခန်းမှာသွား အိပ်ခဲ့ပါတယ်။ အဲဒီည မှာဖြိုးဖြိုးအောင် ကိုတွေ့ရတာ ကျန်းမာရေးအားနည်းနေတယ်။ ဒါပေမယ့် မနက်ဖြန်မှာ ကြီးမားတဲ့ ရင်ဆိုင်မှုတွေ ကိုကြုံရမယ်ဆိုတာ စိတ်ပိုင်းဖြတ်ထားပြီးသားဆိုတာ သိသာတယ်။ အတားအဆီးတွေ ကို အကြမ်းမဖက် တိုးဝင်ဖောက်ထွက်မယ်။ ဒါဟာ ဖမ်းဆီးခံရနိုင်တယ်ဆိုတာ လဲ သူကသိနေတယ်။ အားလုံးဆုံးဖြတ်ချက်အတိုင်းရဲရင့်ကြဖို့ အသင့်အနေအထားနဲ့ တည်ငြိမ် နေတယ်။ အဲဒီမှာ ဖြိုးဖြိုးပြောတဲ့ စကားတခွန်းကိုကျမ မှတ်မိနေတယ်။အတားအဆီးတွေ ကိုကျော်ဖြတ်တဲ့ အခါ သံဆူးကြိုးတပ်ထားတဲ့ဂိတ်တွေ ကို ရင်ဆိုင်တိုးတဲ့ အခါ ကျောင်းသား ရဲဘော်တွေ ထိခိုက် ဒဏ်ရာရမှာ ကို ဘဲတဲ့။ ကျမ တို့အားလုံး ၁၀ ရက် ၁၀ နာရီ မတိုင်ခင် အစိုးရ ဘက် က အလျော့ပေးဖို့ မျှော်လင့် မိခဲ့ကြ ပါတယ်။ ကျောင်းသား တွေ ဟာ ရန်ကုန်မှာ သပိတ်ကို ဆက်ဖို့ တောင်းဆိုနေတာ မဟုတ်ပါဘူး။ ရန်ကုန် မှာပျော်ရွှင်စွာ လူထုနဲ့တွေ့ဆုံ ရန်ကုန် တက္ကသိုလ် ဒါမှမဟုတ် ရွှေတိဂုံ စနေထောင့်မှာ လူစုခွဲ ပေးဖို့ပါ။ ဒါပြီးရင်လွတ်တော်က ဆွေးနွေးမှု ကို စောင့်ကြည့် ပါဝင်ဆွေးနွေးကြဖို့ပါ။ ကျမတို့ မရဲတရဲ နဲ့မျှော်လင့်ခဲ့ပါတယ်။ စာနာ မှုလေး နဲနဲ ကိုပါ။ အဲဒီည မှာကျောင်းသားတွေသီချင်းဆိုကြတယ်။ ၀ိုင်းဝိုင်းရဲ့ နဲ့ ထူးအိမ်သင် ရဲ့ အမေ့အိမ် သီ ချင်း လေးတွေ ပါတယ်။ ကြည့်ရတာ သူတို့ ပျော်နေကြပုံဘဲ။ ဒါပေမယ့် သူတို့ အနားသွားရင် ကြားရတဲ့ စကားလေးတွေ ရှိပါတယ်။ မနက်ဖြန် ၇န်ကုန်ရောက် မလား၊ထောင် ကိုရောက်မလား မသိဘူးတဲ့။ ဒီနေ့ပျော်ထားကြတဲ့။ တယောက် က ပြောတယ် ။ ရဲတွေဝင်ဖမ်းရင် ခေါင်းကို အရိုက်မခံရအောင် သတိထားဖို့ ။အချင်းချင်း အကြံပေး နေကြပါသေး တယ်။ အပေါ်ရံမြင်ရရင် တော့ပျော် နေကြတယ်ပေါ့။ စဉ်းစားကြည့်စမ်းပါ။ ကျမတို့ လူမျိုး အယူသည်းပုံက အိပ်မက်မ ကောင်းရင် မျက်ခုံးလှုပ်ရင်တောင် ပူပန်တတ် တာမျိုးလေ။ အခုဟာ ကမနက်ဖြန် ဘာဖြစ်နိုင်လဲဆိုတာ သေသေချာချာ သိနိုင်နေနိုင်တဲ့ ညမျိုးမှာ သူတို့ ရဲရင့်ခဲ့ကြတယ်။ လရောင် သိပ်မဖြာတဲ့ည မှာ သူတို့ တွေ ဟာကြယ်ပွင့်တွေနဲ့အပြိုင် ကျမ ရင်ထဲတောက်ပနေခဲ့ တယ်။
နောက်တနေ့မိုးလင်းတော့ သပိတ်စခန်းဟာ ပုံမှန်လေးပါဘဲ။ မီဒီယာသမားတွေ တဖွဲဖွဲဝင်လာ တယ်။ မီဒီယာသမားတချို့ က ရဲမှူးတစ်ဦး ကတခုခုဆိုကြည့်ရှောင်ပေါ့လို့ အကြံပေး လိုက်တာ လဲ ကြားတယ်။ ဒါပေမယ့် ကျောင်းသားတွေ ကတော့ ပုံမှန်ပါဘဲ။ ဒါပေမယ့် အချင်းချင်း နောက်ပြောင် သံကြားရတယ်။ ဘောင်းဘီဝတ်တဲ့သူတွေက ပြေးမယ့်သူတွေလားဟေ့၊ တက်လမ်း ရှာရမယ်။ သံဆူးတပ်အကာအရံတွေ ကိုတက်ရမှာ လေ။ အဲဒီလိုပြောင်နေကြတယ်။ ရယ် နေကြတယ်။ ကျမ က ကျောင်းသူတချို့ကို ကိုတိုးတိုးမေးတယ်။ အခြေအနေတခုမှာ သမီး တို့ထမီကျွတ်နိုင်တယ်။ သူတို့ပြုံးပြီးပြော တယ်။ အောက်မှာ ဘောင်းဘီရှည်ပါတယ်တဲ့။ ဒီလိုပါဘဲ။ ဘာမှ မရှုပ်ထွေးသေးတဲ့မနက်ခင်း ( ၉ )နာရီလောက် မှာ စစ်ကြောင်းပုံစံ ၄ ယောက်တွဲထိုင် လိုက်ကြ တယ်။ သီချင်းဆို ကြွေးကျော်သံတိုင်နဲ့ သပိတ်စစ်ကြောင်းရဲ့ ပုံမှန်အတိုင်းပါဘဲ။ ဒါပေမယ့် အားလုံးက ၁၀ နာရီ ၁၀ မိနစ်အတွက် စိတ်တွေ ကိုရွက်လွှင့်လိုက်ကြပြီ။
၁၀ နာရီမထိုးခင် ညိနှိုင်းဖို့ သတင်းစကားဝင်လာတယ်။ အဲဒီအချိန်မှာ NNER က ဦးသိန်းလွင်နဲ့ ဒေါ်ညိုညိုသင်းပါရှိနေတယ်။ သူတို့နဲ့အတူကျောင်းသား ခေါင်းဆောင် တွေညှိကြတယ်။ မကြာခင်သတင်းစကားရောက်လာတယ် လက်ပံတန်း တာဆုံ ကိုလမ်း လျှောက် ထွက်ခွင့်ပြုမယ်။ ရန်ကုန်ကို ကားနဲ့သွားခွင့်ပြုမယ်။ ဒါပေမယ့် စစ်ကြောင်းတကြောင်းလုံး အစုလိုက်အပြုံလိုက် မသွားရဘူးတဲ့။ ဘယ်လိုဖြစ်ဖြစ်သတင်းကတော့ အားတက်စရာလေ။ ဖွင့်ပေးမယ်ဆိုတော့ အားလုံးပျော်လိုက်ကြတာ။ သီချင်းတွေ ဆိုလိုက်ကြတာ။ အားလုံးလဲခုန်ပေါက်လို့။ ကျမ အဲဒီအချိန်မှာတွေးလိုက်တာက သြော် အစိုးရက ငါတို့ကို နဲနဲညစ်ပြီးမှ ပေးတာပေါ့လေ။ ရန်ကုန် စွမ်းအားရှင် လက်ပတ်နီကိစ္စမှာ အတော်အရုပ်ဆိုးထားတော့ ဒီနေ့တော့ခြေလွန်လက်လွန် မလုပ် လောက်ဘူးလို့ပေါ့။ ကျမ အစိုးရ ရဲ့ယုတ်မာမှု ကိုလျော့တွက်ခဲ့မိပါတယ်။ အဲဒီအချိန်မှာ ဘဘ ဦးဝင်တင်ရဲ့ သဘောထား သတိပေးစကားကို ခဏမေ့သွားပါတယ်။
အဲဒီအချိန်မှာ ပတ်ထားတဲ့သံဆူးကြိုးဘောင်တွေကို ဖယ်ပေးလိုက်ပါတယ်။ ဒီအထိတော့ ရင်ခုန်စရာကောင်းနေတုန်းပါဘဲ။ ရန်ကုန်သွားခွင့်ရတော့မယ်ပေါ့။ စစ်ကြောင်းကသူတွေ ပျော်လိုက်ကြတာ။ ကျမလဲပျော်ပြီးခုန်လို့ ရိုက်တဲ့အရုပ်တွေတောင် ခုန်ကုန်တယ်လေ။ ဒါပေမယ့် အဲဒီအချိန်မှာ လက်ပံတန်း ရပ်မိရပ်ဖတွေရဲ့ သဘောထားဆိုတာကို လော်စပီကာနဲ့ လာဖွင့်တယ်။ သပိတ်စစ်ကြောင်းကို မြို့ခံတွေကမလိုလားလို့ အမြန်ဆုံးထွက်သွားဖို့။ အဲဒါက ပျော်နေတဲ့ စစ်ကြောင်း ကို တွေဝေသွားစေတဲ့ အပြင်ဒေါသ ဆွပေးလိုက်သလိုပါဘဲ။ ဒါလက်ပံတန်းပြည်သူ အစစ်တွမဟုတ်မှန်းသိနေကြသားဘဲ။လှည့်ကွက်တွေလာနေပြီ။ သွားခွင့်ပေးမယ်ဆိုတာ တခုခု မှားနေလိုခံစား လာရတယ်။ ကျောင်းသားအများစုတွေ ကမူလအစီအစဉ်အတိုင်း တိုးချင်နေကြပြီ။ ညှိုနှိုင်းမှု က အကြိမ်ကြိမ် အမျိုးမျိုးပြောင်း။ ရဲတွေဘက်က လူစုခွဲဖို့ လူစုမခွဲရင် အရေးယူမယ်ဆိုတာ ထပ်တလဲလဲ ဖွင့်နေတဲ့အသံက ကျယ်သထက်ကျယ်လာပြီ။ အဲဒီအချိန်မှာ ကျောင်းသားတွေဘက် က ကျေငြာတယ်။ ကျနော်တို့ တိုးဝင်မယ်။ ဖမ်းမယ်ဆိုရင် ဖမ်းပါ။ ဒါပေမယ့် ပြည်သူတွေကိုမဖမ်းပါနဲ့။ ကျနော်တို့ရဲ့ ကျောင်းသားသူတွေ ကိုနာကျင်အောင်မလုပ်ပါနဲ့။ တကယ်လို့ဖမ်းဆီးမှုတွေဖြစ်လာရင် ကျနော်တို့ရဲ့ အလံတော် ကိုမလေးမစား မလုပ်ပါနဲ့ လို့ တောက်လျှောက်ကြေငြာနေတယ်။ မင်းသွေးသစ်ဖြစ်မယ် လို့ထင်ပါ တယ်။
နောက်တော့ခေါင်းဆောင်တယောက်ကကြေငြာပါတယ်။ နောက်ဆုံးညှိနှိုင်းမှု က လမ်းလျှောက် မထွက်တော့ဘူး။ သပိတ်စခန်းမှာ ကားလာခေါ်မယ်။ အဲဒီကပဲ ကားပေါ်တန်း တက်ပြီး ရန်ကုန် သွားမယ်။ ရဲကားတွေ နောက်က လိုက်လို့ရတယ်။ ဒါ ကျောင်းသား ဘက်က တောင်း ဆို တာ။ နယ်လုံဝန်ကြီးကလမ်းတလျှောက် အလံ မထောင် ခွတ်ဒေါင်း ခေါင်းစည်း မစည်းရ ဖို့ တောင်းဆို တယ်။ နောက်ဆုံးမှာ စစ်ကြောင်းပါ ကျောင်းသား ထုရဲ့ သဘောထား ကိုတောင်းခံ တယ်။ ကျောင်းသားထု ကဆုံးဖြတ်တယ် သပိတ် စစ်ကြောင်းရဲ့ ပုံရိပ် အလံတော် ကို မထား ခဲ့နိုင် ကြောင်း။ အဲဒီမှာ နယ်လုံဝန်ကြီးက သူတို့သဘောထားနဲ့ မပြီးလို့ တင်ပြဦးမယ် လို့ဆိုခဲ့ပါတယ်။ ကျောင်းသား တွေဘက် က ၁၀ နာရီ ၁၀ မိနစ် ကို အချိန်ကြာမြင့်စွာ စောင့်စားနေရ တာကြောင့် ၁၁နာရီ ၄၅ မိနစ် မှအကြောင်းမပြန်ရင်မူလ အစီအစဉ်အတိုင်းဘဲ တိုးဝင် တော့မယ်လို့ အကြောင်း ပြန်ပါတယ်။ အဲဒီလိုပြောလိုက်ချိန်က ၁၁နာရီ ၁၅ မိနစ်ပါ။
ဘာဖြစ်တော့မယ်ဆိုတာ ကျမခန့်မှန်းမိပါပြီ။ ကျမတယောက်ထဲ ကျိတ်ပြီးဆဲဆိုနေမိပါပြီ။ ယုံမိတဲ့ကိုယ့်ကိုယ်ကိုယ် အရင်ဆဲပါတယ်။ နောက် မရိုးနို်င်အောင်ပက်စက်လွန်းတဲ့ အစိုးရကို ဆဲပါတယ်။ ဒါပေမယ့် စစ်ကြောင်းကိုစိတ်အနှောက်မယှက်ဖြစ်မှာစိုး လို့အသံတိတ်ဘဲဆဲ ခဲ့၇တာပါ။ နယ်လုံဘက်ကအကြောင်းမပြန်တော့ပါဘူး။
၁၁ နာရီ ၄၅ မှာ စတိုးပါတယ်။ ရုန်းရင်းဆန်ခတ်လုံးဝမဖြစ်သေးပါဘူး။ စနစ်တကျတိုးဝင် ဖို့ကြိုးစား တယ်ဆို ပိုပြီးမှန်ပါလိမ့်မယ်။ အလံကိုင်တဲ့သူတွေ ကနေရာကမရွေ့ပါဘူး။ ကျောင်းသား တွေက လူ ၃တန်းရပ်နေတဲ့ ရဲတွေ ကို လူအားနဲ့တွန်းကြတာပါ။ တဘက်တဘက် တောင့်ခံရကြရ တာပေါ့။ ဒါပေမယ့် ရဲတွေရဲ့လူတံတိုင်းက ၃ ထပ်ပါ။ ဒီတော့ ဘယ်လိုမှ မဖောက်နိုင်ကြပါဘူး။ တနာရီနီးပါး တွန်းကြထိုးကြ အော်ကြနဲ့။ အားကုန်လို့မူးလဲ သူတွေကိုဆွဲထုတ်ကြနဲ့။ ကျောင်းသား စစ်ကြောင်း ဘက်က စနစ်ကျဖို့အပြင်းအထန်ကြိုးစား ခဲ့ကြပါတယ်။ ဆဲဆိုသူ၊ သွေးဆူသူတွေလဲရှိပါတယ်။ ဒါပေမယ့်ရဲတွေ ကို မဆဲဖို့ နစ်နစ်နာနာ မပြောဖို့ အချင်းချင်း ဖြောင့်ဖြနေကြပါတယ်။ တိုးပြီး ၄၅ မိနစ် လောက်မှာတော့ ရဲတံတိုင်းကို မကျော်နိုင်တာ သေချာသလောက်ရှိနေရပါပြီ။ မခံမရပ်နိုင်ဖြစ်ပြီး ကျောင်းသူတချို့ ငိုတာ မူးလဲတာတွေ ဖြစ်ကုန်ပါတယ်။ ကျမ မြင်တွေ့ ရတာ ကတော့ ကျောင်းသူတွေ ငိုကြတယ်။ အဲဒါကြောက်လို့ မဟုတ်ပါဘူး။ သူတို့ရဲ့ တောင်းဆိုချက်ဟာ နိုင်ငံဖျက်မယ့် တောင်းဆိုချက်မဟုတ်ပါဘူး။ မိုင် ၅၀၀ ကျော် လမ်းလျှောက်လာခဲ့ရတဲ့ သူတို့ ရဲ့ဆုလဘ်အဖြစ် ပြည်သူတွေ နဲ့တွေ့ချင်ပါတယ်။ မြန်မာနိုင်ငံ ပထမကျောင်းသား သပိတ်ကျောက်တိုင်အောက် မှာ ကျောင်းသားသွေးတွေရဲ့ ဘိုးဘေး တွေကို တိုင်တည်ချင်တာပါ။ သူတို့စုံစုံညီညီနဲ့ ပြည်တော်ဝင်ချင်တာပါ။ သူတို့မချိတင်ကဲဖြ စ်ထိုက် ပါတယ်။ ရင်ကွဲထိုက်ပါတယ်။ ရက်စက်လိုက်တဲ့ တုန့်ပြန်မိန့် ကို ပြည်သူကို ကူညီပရစေ ဆိုတဲ့ပြည်သူ့ရဲတွေက ထပ်တူကျကျ ဆောင်ရွက် နေလိုက်ရပုံက ရင်ကျိုးထိုက်ပါတယ်။ ကျမ ကင်မရာ record ကိုနှိပ်ရင်းတိုးထား မောင်တို့မယ်တို့။ တောင့်ထားကြ။ ခွတ်ဒေါင်း သွေးကိုပြကြနဲ့ ရင်ထဲက ထွက်ခွာခွင့်မရတဲ့ စကားလုံးတွေ။ ခွတ်ဒေါင်း အို က ခွတ်ဒေါင်းပျိုတွေ ကို အသံတိတ်ဘဲ အားပေးနေရတော့တယ်။
ကြားကြရတယ်။ ပိတ်ထားတာနဲ့မနီးမဝေးမှာ လူထုရောက်နေပြီတဲ့။ သူတို့လဲ အပိတ်ခံထား ရတယ် တဲ့။ စစ်ကြောင်းက နှစ်ခု ဆုံဖို့ ကြိုးစားတယ်။ ဒါပေမယ့်အားချင်းမမျှ။ မနက်စာ ထမင်း မစား ရသေး ။ ရဲတံတိုင်းကိုတွန်းနေဆဲ။ ကျမတစ်ခုသတိထားမိတယ်။ လူချင်းတိုးတိုက် နေစဉ်မှာ ပေါက်ကွဲမှုတွေကမပြင်းထန်သေးပါဘူး။ တချို့ရဲတွေဆို အပျော်လို တောင်ပြုံးနေသေးတယ်။ သိပ်ရန်လိုပုံမရဘူး။ ကျမဆိုရင် သူတို့ တားထားတဲ့ အကာအရံပေါ် တက်ရိုက်တာ။ အမပြုတ်ကျရင်ရှမယ်လို့သတိပေးသေးတယ်။ ဒါတောင် ကျမကသတင်းထောက် မဟုတ်ဘဲ ကျောင်းသားတွေဘက်တဖက်သတ်ပါနေမှန်းသူတို့သိတယ်။ ဒါပေမယ့် ကျမတို့ရိပ်မိနေပြီ။ တခုခု ဖြစ်ခါနီးပြီ။ စစ်ကြောင်း နောက်ပေါက်ကို အပြင်လူတွေ ရောက်ရောက်လာတာကိုစိစစ်နေရတယ်။ အပြင်လူတွေထည့် ရှုပ်ထွေး အောင်ဖန်တီး ပြီးရင် ရုန်းရင်းဆန်ခတ်ဖြစ်အောင် လုပ်မယ်ဆိုတာ သိနေပြီးသား။ ဒါမျိုးတွေ ဖြစ်ခဲ့တာပဲ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပြီ ရော။ ၁ နာရီကျော်လာတော့ ခွန်အားတွေ ကုန်လာသလို ထမ်းထုတ်ရသူတွေပို များလာတယ်။ နောက်တန်းလုံခြုံရေး စိုးရိမ်နေရပြီ။ မူးလဲသူကိုတင်သွားတဲ့ လူနာတင်ကား ထွက်ဖို့ဖွင့်ပေးဖို့ အချိန်အတော်ကြာတယ်။
ဒီလိုနဲ့ ၁ နာရီခွဲ ခါနှီးထိ နှစ်ဘက်ထမင်းမစားရသေးဘူး။ ကျောင်းသားတွေအတွက်ထမင်း၊ဟင်း တွေတော့ရောက်လာပြီ။ဘယ်သူမှမစားရသေးဘူး။ မနက်ထဲကထွက်ခွင့်ပေးမယ် လို့ကြားပြီး အပျော်လွန်စိတ်စောပြီးမနက်စာလဲဘာမှမစားဖြစ်ခဲကြဘူး။ အခုတော့ မူးလဲသူတွေ၊ တောက်ခေါက်သူတွေ၊ မချိတင်ကဲငိုယိုသူတွေ၊ ပေါက်ကွဲလုနီးနီး ဗုံးတလုံးလို။
၁ နာရီခွဲ ရေသန့်ဗူးတစ်လုံးပျံဝဲသွားတယ်။ တလုံးထဲနော်။ ကျောင်းသားအုပ်စုထဲကပေါက်ကွဲ လိုက်တာလို့ယူဆရပါတယ်။ တချိန်ထဲ ကျောင်းသားဘက်ကိုနံပတ်တုတ် တစ်ခုပျံဝဲလာ။ ကျောင်းသားက မှတ်တမ်းတင်ဖို့ကောက်ယူပြေး။ ရဲကပြန်လု၊ ရုန်ရင်းဆန်ခတ် အဲဒီအချိန်မှာ အချင်း ၄လက်မ လောက်ရှိတဲ့ ခဲတွေ ရဲတွေဘက်ကနေ သပိတ်အုပ်စုဘက်ရောက်လာ။ အရမ်းမြန်တယ်။ စပြီ။ ဒီမှာ ကမ္ဘာပျက်ပြီ။ အရိုက်အဖွဲ့ပြေးဝင်ရိုက်ပြီ။ သူတို့က တွန်းနေတဲ့ရဲတံတိုင်းမဟုတ်တော့ဘူး ။ လည်ပတ်နီတွေ နဲ့ ။ တပ်မ ၁၁ တဲ့။ စစ်ဦးဘီလူး။
ကျမ မှတ်တမ်းတင်ဖို့ ကြိုးစားဖို့ မီဒီယာ ကော်နာ ကိုကြည့်လိုက်တော့ အားလုံးပြေးကြပြီ။ ခဲတွေ က အဆက်မပြတ်။ နောက်က လည်စီးနီ နဲ့ဒုတ်တွေနဲ့ဝင်လာပြီးတလကြမ်းရိုက်တော့တာပါဘဲ။ ကျမတို့ နီးရာအိမ်ထဲဝင်ပြေး။တံခါးတွေ ဂျက်ထိုးပြီး အိမ်ထဲကနေချောင်းကြည့်ရုံ သာတတ် နိုင်ပါတယ်။ ကင်မရာ Lens ဆန့်တဲ့အပေါက်မရှိ။ အိမ်ထဲမှာ ကိုယ်နဲ့အတူရောက်နေသူတွေ က ၂၀ နီးပါး။ ကိုယ့်ကင်မရာကြောင့် အိမ်အဖွင့်ခံရရင် လူ ၂၀ ကျော်။ ကျောင်းသားသူတွေ လဲပါတယ်။ ရဲရဲတောက် တွေပါ။ သူတို့ရဲဘော်တွေအရိုက်ခ့နေရလို့သွားပရစေတဲ့။ ရရင့်လိုက်တဲ့ ကလေး တွေ။တိုက်ပွဲဆိုတာတကြိမ်ထဲမဟုတ်ကြောင်းချော့မော့ရင်း အိမ်ထဲကနေ ရင်ဖိ၊ ကြေကွဲ၊နာကျည်း၊ အပြင်က ၅ ပေအကွာမှာကမ္ဘာပျက်နေ။ ကျမ ဘာမှမကူညီနိုင်ခဲ့ဘူး။ ဘာမှမကူညီနိုင်ဘူး။ ဒါပေမယ့် အမှန်တရားတွေကိုမြင်ခဲ့တယ်။ အမှန်ကိုပြောမယ်။ ကျောင်းသားတွေ ကိုကာကွယ် ပေးချင်တဲ့ရဲတွေအမှန်ရှိခဲ့တယ်။ ရဲအချင်းချင်း ပြသနာတကယ်တတ်ခဲ့တယ်။ လူနာတင်ကား ကိုရိုက်တဲ့ကိစ္စမှာ ရဲမှူးတားပေးခဲ့တယ်။ ကဗျာဆရာသော်ဇင်အုန်းတို့ကိုလဲ လူစိတ်ရှိတဲ့ နယ်မြေခံရဲ ကကူညီခဲ့တယ်လို့ကြားခဲ့ရတယ်။
ယုတ်မာတာထက် ဆိုးရွားတဲ့ အကြမ်းဖက် ရဲဝတ်တွေရှိခဲ့တယ်။ ရိုက်တယ်။ ရိုက်တယ်။ ဒေါသတကြီး၊ အငြိုးတကြီး၊ မရပ်မနား၊ မြင်မြင်ရာ အဲဒီလို ရိုက်ခဲ့တယ်။ ကျောင်းသားတွေ ၀င်နေတဲ့အိမ်တွေကိုဖွင့်ခိုင်းပြီး အားလုံးကိုရိုက်တယ်။ ဖျက်ဆီးတယ်။ အသေးစိတ်ကတော့ ရဲရင့်တဲ့ သတင်းသမားတွေ အသက်နဲ့ရင်းပြီးရိုက်ခဲ့တဲ့ မှတ်တမ်းတွေမှာမြင်နိုင်ပါတယ်။ ကျမ ရသလောက်အိမ်ထဲကနေရိုက်တယ်။ တချိန်ထဲ အိမ်ပွင့် သွားပြီးအဖမ်းခံရရင် ဘယ်လိုရင်ဆိုင်ရမလ လို့ တွေးထား တယ်။ ကျမနဲ့အတူ မိတ်ဆွေ မသိန္ဒီဦး ပါရှိနေတယ်။ ပြန်လွတ်နိုင်ပေမယ့်အခုချိန် ဖမ်းခဲ့ရရင် အရိုက်ခံရနိုင်တယ်လို့ တွေးထားကြတယ်။ နောက်ဖေးပေါက်ဖွင့်ပြီးပြေးဖို့မစဉ်းစားနိုင်ကြသေး။ အဲဒီလိုထွက်တဲ့အချိန် ရိုက်တဲ့သူတွေနဲ့တွေ့ရင် အသေအကျေဖြစ်မှာ။ ကျမ ရဲ့စိတ်ပူမှု ကရီစရာပါ။ ရိုက်ခံရင် ကျမ ခေါင်းမထိ ရင်ပြီးရောလို့ တွေးထားနိုင်ပေမယ့် ကျမချွေးနဲစာနဲ့ဝယ်ထားရတဲ့ကင်မရာ ဖျက်ဆီးခံရမှာ သေမလောက် စိုးရိမ်နေမိတယ်။ ကျမအရိုက်ခံရလို့လဲသွားရင် ကင်မရာတွေကိုကာကွယ်နိုင်မှာ မဟုတ်ဘူးလေ။
မကြာခဏအိမ်ကိုဖွင့်ပေးဖို့လာကန်ကျောက်ကြတယ်။ ဒီလိုနဲ့တော့မဖြစ်တော့ဘူးဆိုပြီးအိမ် နောက် ကထွက် ပြောင်းခင်းတွေ ကိုဖြတ် ကျွန်ကလေးချောင်းကိုဖြတ်ကျော်ပြီး ပြည်လမ်းမ ပေါ်ကို ကျမတို့ရောက်ရှိလွတ်မြောက်ခဲ့ရပါတယ်။
ဒါပေမယ့် လက်ပံတန်းထဲမှာ ကမ္ဘာပျက်နေတဲ့နေရာတစ်ခု ကို ကျမတို့ စွန့်ခွာခဲ့ရတယ်။ တကယ်တော့ ကျမတို့ချိန်ထားခဲ့ရတာ ကျမတို့ရဲ့အနာဂတ် ကျမတို့ရဲ့နိုင်ငံတော် အားလုံး ကို စွန့်ခဲ့ရတာ။ ကျောင်းသားရဲဘော် ရဲမေတို့ ၀န်းရံသူပြည်သူတို့ မင်းတို့ကိုချန်ထားခဲ့ရတဲ့အတွက် ခွင့်လွတ်ပါ။
ဒီအကြမ်းဘက်မှုပုံရိပ်တွေ ကိုတော့ အားလုံးမြင်တွေ့ခွင့်ရှိခဲ့ပြီးပါပြီ။ ရင်ကွဲနာကျခဲ့ရပြီးပါပြီ။ မတူညီသောအမြင်မျိုးစုံလဲရှိခဲ့ပါတယ်။ ကျမ နောက်ဆုံးပြောလိုတာက ကျောင်းသားတွေ ရန်ကုန် လာချင်တာ မှားတယ်။ မလာစေချင်တဲ့အစိုးရ မှားတယ်ဆိုတာထက် အစိုးရ ဟာ ညာခဲ့ တယ်၊ ကောက်ကျစ်ခဲ့တယ်၊ သူတို့နဲ့ ရင်ဆိုင်ခဲ့ကြသူတိုင်းရဲ့ ပုံရိပ်တွေ ကိုအမြဲတမ်း ညစ်နွမ်း စေချင်တယ်။ အဲဒီဖြစ်ရပ်တွေကြောင့် ကျမတို့ပြည်သူတွေဘဲနာကျင်ခဲ့ရတယ်။ ကျောင်းသား၊ ပြည်သူ၊ နောက် ပြည်သူထဲကအပါအ၀င်ဖြစ်တဲ့ပြည်သူ့ရဲ (အကြမ်းဘက် လူ့တိရစ္ဆာန် တွေ ကို ပြည်သူ့ရဲ လို့မ သတ်မှတ်ပါ။ အားလုံးနာကျင်ခံစားခဲ့ကြရတာဘဲ။
အဓိကကတော့ တိုင်းပြည် ကောင်းအောင် လုပ်ချင်တဲ့ နေရာမှာစေတနာထားတတ်တဲ့ သူတွေ ကျမတို့တိုင်းပြည်မှာ များလာ စေချင်တာပါ။ နောက်စေတနာ အမြင်ထားတတ်သူတွေ လူသားဆန်သူတွေ များလာစေချင်တာပါ။
အချုပ်ဆိုရရင်တော့ ဒီနိုင်ငံမှာသပိတ်မှောက်ရင် အစိုးရသဘာထားကိုဆန့်ကျင်ရင် အဖမ်းခံရနိုင်တာ သိပြီးသားပါ။ ဖမ်းရင် အရိုက်ခံရမယ်ဆိုတာလဲ သိပြီးသားပါ။ ဒါပေမယ့် မနေ့ ကမှတ်တမ်းတွေ အရ နဲနဲလေးများလွန်သွားပါတယ်လို့ ပြုရက်သူလူကြီးမင်းများက မတွေးမိကြဘူးလားဟင်။
အာဏာပြန်သိမ်းမယ် နဲ့လာမခြောက်နဲ့၊ အာဏာပြန်သိမ်းခံရရင်ဘယ်လိုလုပ်မလဲ မလန့်ကြနဲ့။
အခု အာဏာကိုဘယ်သူပိုင်နေတာလဲ။ တွေးကြည့်။
ရှင်တို့ ကျမတို့ အားလုံး ယုံကြည်သင့်တဲ့အရာတစ်ခုရှိတယ်။ ကျမတို့ အနာဂတ်အတွက် အများကြီးမလိုဘူး။ ဥာဏ်ပညာနဲ့ ချစ်ခြင်းတရားနဲ့ လူသားဆန်မှု။ ဒါဘဲလိုတယ်။
ရှင်ဒေ၀ီ

ပြည်ထောင်စုဝန်ကြီးဦးရဲထွဋ်သို့အိပ်ဖွင့်ပေးစာ

ဆရာက အကောင့်ကို deactivate လုပ်တော့မှာမို့ share မလုပ်ပဲ
စာတွေ အကုန် ကူးလာပြီး ပြန်လည်မျှဝေပါတယ် ။
ပြည်ထောင်စုဝန်ကြီးဦးရဲထွဋ် ထံပို့ပေးကြပါ
ပြည်ထောင်စုဝန်ကြီးဦးရဲထွဋ်သို့အိပ်ဖွင့်ပေးစာ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
မင်္ဂလာပါကိုရဲထွဋ်ရေ.....
ကျွန်တော့် face book accountလေး deactivate
လုပ်ခါနီးလေးမှာ သေသေချာချာစဉ်းစားပြီးရေးလိုက်တဲ့စာတစ်စောင်ပါ။
ရုံးဋ္ဌာနတွေကတဆင့် ပို့နေရင်ကြာမှာစိုးတာနဲ့
လူမှုမီဒီယာကိုအသုံးပြုပြီးရေးလိုက်ရတာကိုတော့
ခွင့်လွှတ်ပါဗျာ။
ပြီးတော့ခင်ဗျားက fbသုံးတတ်တော့ဒီနည်းကအဆင်ပြေမယ်ထင်လို့ပါ။
ပထမတော့ကျွန်တော်စဉ်းစားတာက သမ္မတကြီးနဲ့
တပ်ချုပ်ကြီးထံ အိပ်ဖွင့်ပေးစာရေးရရင်ကောင်းမလားပေါ့။
နောက်တော့ဒီစာထဲမှာပါတဲ့အကြောင်းအရာတွေကသိပ်ပြီး
formal မဟုတ်တဲ့အကြံပေးမှုတွေပါနေမှာဆိုတော့
လူကြီးတွေကိုအားနာတာရယ် ကိုယ့်အဆင့်နဲ့လည်းမတန်မရာ
တင်ပြတဲ့ပုံစံမရောက်အောင် သူငယ်ချင်းဖြစ်တဲ့ ခင်ဗျားကိုပဲ
တိုင်တည်ပြီးရေးလိုက်ရတာပါ။
ခင်ဗျားကိုအားကိုးတကြီးရေးလိုက်ရတာကလည်း
ခင်ဗျားနဲ့ကျွန်တော်က ငယ်ငယ်ကသင်တန်းအတူတက်
တစ်ခန်းထဲနေ ကုတင်ချင်းကပ်လျက်အိပ်ခဲ့တာ၊
ခင်ဗျားက မ(၃) ကျွန်တော်က မ(၁၀)
တပ်မ(၄၄) မှာ အတူနေခဲ့တာ၊
ကျွန်တော်တို့မ(၁၀)ကို ခင်ဗျား လက်နက်ကြီးနည်းပြနဲ့လာခဲ့တုံးကအမှတ်တရရိုက်ထားခဲ့တဲ့
ဓာတ်ပုံလေးတောင်မှအခုအချိန်ထိကျွန်တော့်ဆီမှာအမှတ်တရ
ရှိနေတာတွေ၊ပြီးတော့ ခင်ဗျားနဲ့ကျွန်တော်တူတာက သီချင်းကြိုက်တတ်တာ၊
ခင်ဗျားမှာအဲဒီလို အနုပညာကိုခံစားတတ်တဲ့နှလုံးသားရှိနေမှန်းသိလို့လည်း
ရေးဖြစ်သွားတာပါ။ခင်ဗျားပြန်ကြားရေးကို ဒုညွှန်ချုပ်ဘဝနဲ့ရောက်ပြီး ကာစ ကျွန်တော့်ရဲယဉ်ကျေးလိမ္မာ
ကလေးဂျာနယ်မှာ ဘာသာပြန်ဆောင်ပါးလေးရေးပေးခဲ့တာ
ကျွန်တော်နဲ့အတူ ရွှေတိဂုံဘုရားနားကစည်ပင် ဓမ္မာရုံမှာညဘက် ခင်ဗျားတရားလာထိုင်ခဲ့တာတွေကျွန်တော်အကုန်လုံးမှတ်မိနေတယ်လေ..။
ခင်ဗျားယူထားရတဲ့တာဝန်အပေါ်မှာလေးစားသလို
ပတ်ဝန်းကျင်မျိုးစုံ အမြင်မျိုးစုံတို့ရဲ့ဝေဖန်ပုတ်ခတ်ခံနေရတဲ့
ခင်ဗျားရဲ့လောကဓံလှိုင်းတွေကိုလည်းကျွန်တော် ကိုယ်ချင်းစာ
နားလည်ပေးနိုင်ပါတယ်။
ဒီခေတ်ဒီအခါမျိုးမှာကျွန်တော်လည်း အဲဒီနေရာမှာရှိနေရင်
ခင်ဗျားကြုံသလိုပဲကြုံနေရမှာပါ။
ဒါကြောင့်လည်း အားလုံးနဲ့ဝေးရာမှာအေးအေးဆေးဆေးနေခဲ့တာ
အတော်ကြာပြီပေါ့ဗျာ။
လူ့အလိုဆန္ဒဆိုတာဘယ်လောက်ဖြည့်ပေးဖြည့်ပေး
ဘယ်တော့မှအဆုံးမသတ်နိုင်ဘူးမဟုတ်လား။အနီးဆုံး
ဥပမာပြောရရင်ကိုယ်ကြိုက်လွန်းလို့ဝယ်ထားတဲ့ အင်္ကျီအဝတ်အစားတောင်မှ တစ်လလောက်နေရင်မကြိုက်ပြန်တော့ဘူး။
ဟော နောက်တစ်လလောက်ကြာလို့သူများဝတ်တာတွေ့ရင်
ပြန်ကြိုက်ရင်ကြိုက်သွားပြန်ရော။
တဏှာာ သတ္တိအပေါ် ဖင်ခုထိုင်ထားတဲ့ပုထုဇဉ်တွေဆိုတာဒီလိုပဲလေ။
ဘယ်တော့မှအတောသတ်တယ်မရှိဘူး။
ဘယ်တော့မှလည်းအလိုကျတယ်ရယ်လို့မရှိဘူး။
အဲဒီလိုစရိုက်သဘာဝတွေပြည့်နေတဲ့ဇာတ်ခုံကြီးပေါ်မှာခင်ဗျား
ပါဝင်ကပြနေတာတွေ့နေရတော့ အင်း ငါ့သူငယ်ချင်းခမျာ
ဘယ်လောက်မောပန်းနေမလဲဆိုပြီးတွေးနေမိပါတယ်။
စကားတွေချီနေတာနဲ့လိုရင်းမရောက်တော့ဘဲနေတော့မယ်။ ၁၉၈၈ခုနှစ်အရေးအခင်းကာလ ကျဉ်းထဲကြပ်ထဲမှာသမ္မတဖြစ်ခဲ့ရတဲ့ဒေါက်တာမောင်မောင်
ဆီကို မိတ်ဆွေတွေဖြစ်တဲ့ဦးခင်မောင်လတ်နဲ့ ဒေါ်ခင်မျိုးချစ်
တို့စာရေးပြီးအကြံဥာဏ်ပေးခဲ့ဘူးတာလေးကိုကျွန်တော်အမှတ်ရမိတယ်။ အဲဒါလေးကိုapplyလုပ်ပြီးရေးလိုက်တယ်လို့မှတ်ပါ။
ဒီစာရေးနေတဲ့အချိန်မှာ လူမှုမီဒီယာကနေစက္ကန့်နဲ့အမျှတက်နေတဲ့သတင်းတွေကိုစိုးရိမ်တကြီးနဲ့ကျွန်တော်ကြည့်နေမိတယ်။
လက်ပံတန်းမှာ ကျောင်းသားနဲ့လုံခြုံရေးတပ်ဖွဲ့ထိပ်တိုက်ဖြစ်နေကြတာ
ပေါက်ကွဲကြတော့မလား သွေးထွက်သံယိုတွေဖြစ်ကြတော့မလားပေါ့။
တော်ပါသေးရဲ့။
သူတို့ဆန္ဒအတိုင်းရန်ကုန်ကိုသွားခွင့်ပြုလိုက်တယ်ကြားရလို့
အသက်ရှုချောင်သွားရတယ်။ကျွန်တော်ကတော့အဝေးမှာ
နေပြီး ဘယ်လူပုဂ္ဂိုလ် ဘယ်အဖွဲ့အစည်းနဲ့မှမပတ်သက်တာရယ် မီဒီယာတွေနဲ့လည်းအထိအတွေ့နည်းတာရယ်ကြောင့်
သူတို့တတွေကြားထဲမှာ နောက်ကွယ်တွေမှာဘာ
တွေရှိနေသလဲဆိုတာမသိနိုင်ဘူးပေါ့။
ခင်ဗျားကတော့ အရပ်ရပ်သတင်းစုံ သတင်းပုံကြီးပေါ်မှာထိုင်ထားလေတော့အားလုံးကို
ခြုံငုံပြီးသိနေမှာပါ။
ကျွန်တော့်တစ်ဦးတည်းသဘောအရဆိုရင်တော့
အဲဒီကလေးတွေဟာ ကျွန်တော်တို့သားသမီးအရွယ်လေးတွေပါ။
ကလေးဆိုတာမုန့်ဆာရင်မုန့်စားဖို့ပူဆာတတ်တာသဘာဝပါ။
မုန့်ဆာနေလို့မုန့်ပူဆာတာကိုမုန့်ပဲကျွေးကြပါဗျာ။
တုတ် မကျွေးကြပါနဲ့တော့။
အလိုက်မသိပူဆာတတ်ရန်ကောလို့လည်းအပြစ်မတင်ပါနဲ့။
သူပူဆာတာရရင်ငြိမ်သွားပါလိမ့်မယ်။
ကလေးဆိုတာကျွန်တော်တို့လူကြီးတွေလိုလောဘမကြီးပါဘူး။
ပြီးတော့ကျွန်တော်တို့လိုလည်းမူယာမာယာမများပါဘူး။
သူလိုတာရသွားရင် ပြီးသွားတာပဲ။
သူတို့ဘက်ကရှေ့နေလိုက်ပြီးပြောနေတယ်လို့တော့မထင်
စေချင်ဘူး။သူတို့ရင်ထဲမှာဖြစ်နေတဲ့ဝေဒနာကိုကျွန်တော်
ခံစားနားလည်ပေးလို့ရတယ်။ခင်ဗျားအပေါ်လည်းကျွန်တော်
ခံစားနားလည်ပေးနိုင်သလိုပေါ့။
အရိုးသားဆုံးစိတ်နဲ့ပြောရရင်ဆိုတဲ့ဆောင်းပါးမှာ
ကျွန်တော်ရေးခဲ့ပြီးပါပြီ။
ပညာရေးဥပဒေပြင်တာကလည်းတစ်ပိုင်းပေါ့။
သူတို့တကယ်လိုချင်နေတာက ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့်နဲ့လုပ်ပိုင်ခွင့်လို့ထင်တယ်။
ခင်ဗျားစဉ်းစားကြည့်။ကျောင်းသားသမဂ္ဂအဆောက်အဦ
ဗုံးခွဲခံခဲ့ရတာ၁၉၆၂ခုနှစ်။ကျွန်တော်တို၎နှစ်သားပဲရှိသေးတယ်။
ဦးနေဝင်းခေတ်။
ကျွန်တော်တို့တတွေဥမမယ်စာမမြောက်နဲ့ဘာမျှမသိသေးတဲ့အချိန်။အရွယ်ရောက်မှစာတွေဘာတွေသင် သမိုင်းတွေဘာတွေဖတ်ပြီးသိခဲ့ရတာ။
အခုအချိန်ထိလည်းအဲဒီပြဿနာက တာဝန်ရှိတဲ့သူကဟိုလူလိုလို ဒီလူလိုလိုနဲ့ အခုအချိန်အထိမရှင်းနိုင်ဘူးလေ။
ထားပါတော့ဒါတွေကို။
ဆိုလိုချင်တာက အခုအစိုးရအဖွဲ့ထဲမှာတာဝန်ယူထားသူအားလုံးဟာ ၁၉၆၂ကိစ္စမှာမပါခဲ့ကြတာသက်တမ်းတွေနဲ့စစ်ကြည့်ရင်
အထင်အရှားကြီးပါ။
ရှေးကလူတွေကောင်းတယ်ဆိုးတယ်လို့လည်းမဝေဖန်ချင်
တော့ဘူး။
ကဲအခုကျွန်တော်တို့တွေ
လူကြီးတွေဖြစ်လာကြတဲ့ခေတ်မှာ
ဘယ်လိုကောင်းအောင်လုပ်ကြမလဲ။
သမိုင်းအဆက်ဆက် အစိုးရအဆက်ဆက်ကို အကြွေးတောင်းသလို အတောင်းခံနေရတဲ့ ဒီကျောင်းသားသမဂ္ဂဆိုတဲ့ပြဿနာကြီးကိုကျွန်တော်တို့ဘယ်လိုဖြေရှင်းပေးကြမလဲ ဆိုတာကျွန်တော်တို့ဘယ်လိုသဘောထားကြီးနိုင်မလဲဆိုတဲ့အပေါ်မူတည်နေတယ်ဗျာ။
အခုလည်းသမ္မတကြီးတို့ တပ်ချုပ်ကြီးတို့သဘောထားကြီးကြတယ် ရိုးသားကြတယ် ကိုယ်ကျိုးအတ္တနည်းနိုင်သမျှနည်းကြတယ်ဆိုတာ
တော်တော်များများသိကြပါတယ်။ ကျွန်တော်တို့လည်းစစ်ရုံးမှာအတူတွဲလုပ်ခဲ့ဖူးတော့ပိုသိပါတယ်
ဒါကြောင့်မို့လည်းဒီစာကိုကျွန်တော်ရေးဝံ့တာပေါ့။
ကျွန်တော်ပြောကြည့်မယ်။
ဒေါက်တာမောင်မောင် သမ္မတဘဝတုန်းက ကတိပေးခဲ့ပြီး
တိုင်းပြည်ဆူပူမှုကြောင့်အာဏာသိမ်းတဲ့အခြေအနေဖြစ်ပေါ်
လာပြီးတဲ့နောက်ပိုင်း မလုပ်ဖြစ်ခဲ့တဲ့ ကျောင်းသားသမဂ္ဂအဆောက်အဦးကို သမိုင်းဝင်မူရင်းနေရာ
ရန်ကုန်ဝိဇ္ဇာနဲ့သိပ္ပံတက္ကသိုလ် အဓိပတိလမ်းမထိပ်မှာ
သမ္မတကြီးဦးဆောင်ပြီး တပ်မတော် လွှတ်တော် နိုင်ငံရေးပါတီခေါင်းဆောင်တွေ ခေတ်အဆက်ဆက်ကျောင်းသားခေါင်းဆောင်တွေ
တိုင်းရင်းသားကိုယ်စားလှယ်တွေ ပါသင့်ပါထိုက်တဲ့လူတွေအားလုံးပေါ့ဗျာ
ပျော်ပျော်ပါးပါးနဲ့ အုတ်မြစ်ချကြရင်မကောင်းဘူးလားဗျာ။
ဒါမဖြစ်နိုင်ပါဘူးလို့ငြင်းဆိုရင်တော့လည်း
ကျွန်တော့်အဆိုကိုရုပ်သိမ်းရမှာပေါ့လေ။
ဒါဟာဖြစ်သင့်ဖြစ်ထိုက်တယ် ဖြစ်အောင်လည်းလုပ်မယ်ဆိုရင်တော့လည်း တနိုင်ငံလုံးခြိမ့်ခြိမ့်သဲသဲဝမ်းမြောက်ကြမှာအသေအချာပါပဲဗျာ။
အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းကို
ကျေးဇူးဆပ်ရာဂုဏ်ပြုရာ
ရောက်မယ့်အပြင် နောင်တစ်ခေတ်အတွက် ဗိုလ်ချုပ်မျိုးဆက်
ခေါင်းဆောင်သစ်တွေကိုတက္ကသိုလ်နယ်မြေကနေမွေးထုတ်
ပေးနိုင်တော့မယ်လို့ကျွန်တော် ယုံကြည်မျှော်လင့်နေမိတယ်။
အခုကျွန်တော်တင်ပြခဲ့တဲ့ရလဒ်သာအမှန်တကယ်ဖြစ်လာခဲ့ရင်
တိုင်းပြည်မှာလတ်တလောဖြစ်နေတဲ့ဘက်ပေါင်းစုံက
အထွေထွေတင်းမာမှုပြဿနာတွေလည်းသိသိသာသာလျော့ကျသွားပြီးရန်စွယ်ကြားကလှဥမ္မာလိုဖြစ်နေတဲ့ ကျွန်တော်တို့နိုင်ငံရဲ့နယ်စပ်ပြဿနာ တွေ
တိုင်းရင်းသားပြဿနာတွေ သွယ်ဝိုက်သောနည်းနဲ့လျော့ကျသွားလိမ့်မယ်ထင်တယ်။
ဒီပြဿနာတွေအတွက်လည်းသမ္မတကြီးတို့ တပ်ချုပ်ကြီးတို့နေ့စဉ်နဲ့အမျှခေါင်စားနေကြမယ်ဆိုတာလည်းကျွန်တော်သိပါတယ်။
ဒီပြဿနာတွေပြေလည်သွားရင်
သယံဇာတဆာလောင်နေကြတဲ့အိမ်နီးနားချင်းနိုင်ငံတွေလည်း
ကျွန်တော်တို့နိုင်ငံရဲ့စုစည်းညီညွတ်တဲ့အမျိုးသားရေးအင်အားစုကြီးတစ်ရပ်ပေါ်ထွန်းလာတာကိုကြည့်ပြီး အရင်လိုကြောင်တောင်နှိုက် အချောင်လိုက်တဲ့စရိုက်ဆိုးတွေလည်းအရှိန်ရပ်တန့်သွားမယ်လို့ကျွန်တော်ထင်တယ်ဗျာ။
ခင်ဗျားဟာစိတ်ကူးယဉ်ဆန်လှချည်လားလို့တော့မထင်လိုက်ပါနဲ့ဗျာ။
လက်တွေ့ဖြစ်ရပ်တွေဆိုတာစိတ်ကူးအိမ်မက်တွေကမွေးဖွားလာကြတာပဲမဟုတ်လား။
ကျွန်တော်ပြောခဲ့တာတွေကိုသမ္မတကြီးနဲ့တပ်ချုပ်ကြီးတို့ကို
တင်ပြပေးပါဗျာ။
သမ္မတကြီးရဲ့နူးညံပျော့ပြောင်းမှုနဲ့စိတ်ကောင်းရှိမှု
ကျွန်တော်တို့အစ်ကိုကြီး တပ်ချုပ်ကြီးရဲ့တည်ကြည်ပြတ်သားမှုတွေကို
အားကိုးပါရစေဗျာ။
ခေတ်အဆက်တာဝန်ရှိသူအသီးသီးလည်း
နားတဲ့သူနား သေတဲ့သူသေနဲ့
မရိုးနိုင်တဲ့နိယာမတရားကြီးက ကျွန်တော်တို့ကိုသံဝေဂဥာဏ်တွေ အထွေထွေပေးဝေနေဆဲပါ။
အကောင်ဆုံးအလုပ်ဆိုတာကိုယ်တာဝန်အရှိဆုံးအချိန်မှာ
လုပ်ခွင့်ရတဲ့ဆုလာဘ် တစ်ခုပါ။
ကျွန်တော်တို့တတွေမကြာခင်မြေကြီးထဲရောက်ကြရတော့မှာပါ။ ကျွန်တော်တို့မြေကြီးထဲမရောက်သေးခင်မှာ
မြေကြီးပေါ်ကျန်ခဲ့ကြမယ့်နောက်မျိုးဆက်သစ်ဖြစ်တဲ့
ကျွန်တော်တို့သားသမီးအရွယ် ကျောင်းသားကလေးတွေ နဲ့တိုင်းသူပြည်သားတွေကို
စိတ်ချမ်းသာမှုကလေးတွေပေးခဲ့ကြပါစို့လားဗျာ...
အားလုံး
ကောင်းကျိုးလိုရာဆန္ဒပြည့်ဝပါစေလို့ကျွန်တော်ဆုတောင်း
မေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ။
ခင်မင်လေးစာစွာဖြင့်
မြသန်းစံ
၁၀.၃.၂၀၁၅

Monday, March 9, 2015

"အဆိပ်သင့် ဆိုလာ"



7 hrs · 
"အဆိပ်သင့် ဆိုလာ"
ဆိုလာပြားတွေကို အထူးသဖြင့်လျှပ်စစ်မီးမရရှိသေးတဲ့ ကျေးရွာတွေမှာအသုံးများတာတွေ့ရပါတယ်
ဆိုလာပြားတွေဟာ ပြုပြင်ထိန်းသိမ်းစရာမလိုပဲ နှစ်ပေါင်းများစွာကြာရှည်ခံတယ်
မီးစက်တွေလို လောင်စာဆီဖြည့်စရာမလိုဘူး၊ သဘာဝပတ်ဝန်းကျင်ရင်းမြတ်တွေယူသုံးစရာမလိုတဲ့အတွက်
သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်တယ်၊
အလွယ်တကူရွှေပြောင်းတပ်ဆင်နိုင်တယ် မနက်နေရောင်ခြည်ရချိန်မှညနေနေ၀င်သည်အထိ
ကျေးလက်ဒေသရဲ့ လယ်ထဲမှာ ကန်သင်းပေါ်မှာ လမ်းပေါ်မှာ ကန်ဘောင်ပေါ်မှာ တဲပေါ်မှ
တစ်စတစ်စပေါများစွာ သုံးစွာလာနေတာတွေ့နေရပါပြီ
ဒီမြင်ကွင်းလေးတွေ သွားလာရင်းမြင်တွေ့ခဲ့တိုင်း အလွန်ဝမ်းသာခဲ့ပါတယ်
တချိန်က အာကာသလွန်းပြန်ယာဉ်တွေမှာအဓိကသုံးစွဲတာမြင်ဘူးခဲ့တဲ့
ဒီလိုနည်းပညာသုံးပစ္စည်းတွေ ကျေးလက်ဒေသအထိ
အလွယ်တကူလက်လှမ်းမီသုံးစွဲလာနေတာတွေတွေ့ရတဲ့အခါတိုင်းပေါ့ - - -
ကျွန်တော်တို့သိထားတဲ့ ဆိုလာ ကောင်းကျိုးတွေရဲ့နောက်ကွယ်က ကြောက်စရာ ထိပ်လန့်တုန်လှုပ်စရာ
အဆိပ်အတောက်တွေဖြစ်စေမယ့် ဓါတုသဘောတရားတွေအကြောင်းမသိခင်အထိပေါ့ - - -
သဘာဝပတ်ဝန်းကျင်ကိုထိန်းရာရောက်တယ်လို့ သိထားတဲ့ဆိုလာတွေမှာလဲ
အဆိပ်အတောက်တွေထုတ်ပေးတဲ့ သဘာဝပတ်ဝန်းကျင်ရေထုမြေထုနဲ့
အပင်တွေအစားအသောက်တွေကို ဓါတုအဆိပ်သင့်စေတဲ့ပစ္စည်းပါဝင်တဲ့အကြောင်း
ကိုရဲထွန်းဦးရေးသားဖေါ်ပြတဲ့ အကျိုးကြီးတဲ့အသိပညာတွေ့လို့
အောက်မှာကူးယူဖေါ်ပြလိုက်ပါတယ် အားလုံးသောစိုက်ပျိုးရေးနယ်ပယ်၊
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနယ်ပယ်မှ သူငယ်ချင်းမိတ်ဆွေများမိမိတို့လက်လှမ်းမီသမျှသတင်းဖြန့်ဝေရင်း
အဆိပ်အတောက်ပါဝင်တဲ့ ဆိုလာတွေ မြန်မာပြည်ကို ဒုနဲ့ဒေး ၀င်ရောက်မလာခင် ဟန့်တားကြပါစို့လို့ တိုက်တွန်းပါရစေ-
>>ယခုမှစတင်ဝယ်ယူမည့်သူများ ဓါတုအဆိပ်ဓါတ်မပါတဲ့ဆိုလာပြား များကိုရွေးချယ်ဝယူနိုင်ပါစေ -
>>တင်သွင်းရောင်းချတဲ့ ကုန်သည်များလဲ မိမိအကျိုးစီးပွားတစ်ခုထဲမကြည့်ပဲ ဓါတုအဆိပ်ဓါတ်မပါဝင်သည့် ဆိုလာများသာ
တင်သွင်းရောင်းချခြင်းဖြင့် နောင်အရှည်စိတ်ဓါတ်သန့်ရှင်းကြည်လင်နိုင်ပါစေ -
>>သိရဲ့နဲ့ထုတ်လုပ်သူ မူရင်းနိုင်ငံမှ သူတွေတော့ (ကျွန်တော်လက်လှမ်းမမီတဲ့အတွက် ဘာမှမပြောလိုပါ သူ့သဘောသူဆောင်ပေါ့) -
အောက်မှာ ကိုရဲထွန်းဦး ရေးသားတင်ပြထားတဲ့ အန္တရာယ်ရှိအဆိပ်ပါဝင်တဲ့ ဆိုလာပြားနဲ့ အဆိပ်ဓါတ်ကင်းဆိုလာပြား
အကြောင်းမူရင်းအတိုင်းပါခင်ဗျာ -
Cadmium သုံး ဆိုလာပြားတွေနဲ့ ပတ်သက်ပြီး ဒါတွေ သိပါသလား။
၁။ Cadmium သည် ကမ္ဘာပေါ်ရှိ အဆိပ်အပြင်းဆုံး ၆မျိုးတွင် တမျိုး အပါအဝင်ဖြစ်သည်။
၂။ Cadmium ပါသော ဖလင်ပြား ဆိုလာပြားများကို ကိုင်တွယ်ရာတွင် သင့်လျော်သော လက်အိပ်များ ပါရမည်။ သိနားလည်သူများ သယ်ဆောင် တပ်ဆင်သင့်သည်။
၃။ Cadmium ပါသော အမှုန်အမွှားများ၊ ရှုမိ၊ စားမိပါက အဆိပ်ဖြစ်သည်။
၎။ ဆိုလာပြားများတွင် သုံးထားသော Cadmium ကွန်ပေါင်းသည် ကြာလာလျင် ဆားပွင့်လာသည်။ အဆိုပါဆားသည် Cadmium Chloride ဖြစ်ပြီး လွန်စွာအဆိပ်ပြင်းသည်။
၅။ တရုတ်နိုင်ငံသည် ပြည်ပသို့ တင်ပို့မည့် ဆိုလာပြားများတွင်သာ Cadmium ကို ထည့်သွင်းအသုံးပြုခွင့် ပေးထားသည်။ ပြည်တွင်းသုံး ဆိုပါက Cadmium Free ဆိုလာပြားများကိုသာ သုံးစွဲရမည်ဟု တင်းကျပ်စွာ သတ်မှတ်ထားသည်။
၆။ ဆိုလာပြားသည် ကွဲခြင်း အက်ခြင်း၊ အိမ်အမိုးတွင် တပ်ဆင်ရာတွင် အချွန်နှင့်ထိုးမိခြင်း၊ သယ်ပို့ရာတွင် အပေါ်ယံ မျက်နှာပြင် ဖန်သား စားသွားပြီး ပါးနေခြင်း၊ ဖြစ်နေပါက မိုးရွာလျင် ရေထိပါက Cadmium ဓါတ်ပေါင်းများသည် ရေတွင် ပျော်ဝင်လာနိုင်ပါသည်။ အဆိုပါ မိုးရေကိုခံသုံးပါက အန္တရာယ်ရှိပါသည်။ အဆိုပါရေအား စိုက်ခင်းထဲသို့ သွင်းမိပါက အဆိုပါစိုက်ခင်းစားသုံးရန်မသင့်လျော်။
၇။ ဆိုလာပြားအကွဲများကို မြစ်ချောင်း အင်းအိုင်များအတွင်း စွန့်ပစ်မိပါက အင်းတခုလုံး၊ မြစ်တခုလုံး ငါးမျိုးသုန်းနိုင်သည်ကို သိပါသလား။
၈။ ထို့ကြောင့် နိုင်ငံတကာတွင် Cadmium Free ဆိုလာပြားများကိုသာ တွင်ကျယ်စွာအသုံးပြုလျက်ရှိလာနေပါသည်။
ရဲထွန်း
(ဂျပန်မြန်မာ ပူးတွဲအကောင်ထည်ဖေါ်သည့် မြန်မာနိုင်ငံအစားသောက် ကိုယ်ပိုင်စံညွှန်များ ပြုစုရေး အလုပ်ရုံဆွေးနွေးပွဲများ နာရီပေါင်း ၅၀၀ ကျော် စကားပြန်ဆောင်ရွက်ရာမှ တွေ့ကြုံခဲ့သည်များ၊ ဂျပန်နိုင်ငံ ဆိုလာပြားထုတ်လုပ်ရေးလုပ်ငန်းများ၏ ရှင်းလင်းပြောကြားချက်များ၊ မိမိဖတ်ထားမှတ်ထားသည်များ စုပေါင်းရေးသားသည်။)
မူရင်းရေးသားတင်ပြသူ = Ye Tun Oo
ရယူခဲ့သည့် သတင်းရင်းမြစ်=https://www.facebook.com/yto.vivo

Sunday, March 8, 2015

အရေပြား နေပူလောင်တာ

ပျိုမေတို့ရေ ..
အရေပြား နေပူလောင်တာ၊ အရေပြားယားယံတာမျိုးဆိုရင် အမြန်ဆုံး သက်သာစေမဲ့ နည်းလေးကို မျှဝေချင်ပါတယ် .. ပန်းသီးကို ကြိတ်ပြီး သံပုယိုရည် နည်းနည်းလေးရောကာ အရေပြားပေါ် သုတ်လိမ်းပေးပါ .. မြန်မြန်ဆန်ဆန် သိသာစွာ သက်သာလာစေပါတယ် .
Enat Myanmar

Friday, March 6, 2015

မိန်းမတို့... ဖတ်ဖို့

မိန်းမတို့... ဖတ်ဖို့
ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် မင်္ဂလာဆောင်ဖို့ ပြင်ဆင်ကြတယ်။ ယောက်ျားမှာ စုထားတဲ့ငွေ သိန်း ၂၅ဝရှိတယ်၊ မိန်းမမှာက သိန်း ၂ဝဝရှိတယ်။ (ကိန်းဂဏန်းတစ်ခုအဖြစ် ရေးပါတယ်)
ယောက်ျားရဲ့ပိုက်ဆံနဲ့ အိမ်ခန်းတစ်ခန်း အရစ်ကျဝယ်လိုက်တယ်၊ မိန်းမရဲ့ပိုက်ဆံကို အိမ်အပြင်အဆင် အသုံးအဆောင်တွေအတွက် သုံးလိုက်တယ်။
မင်္ဂလာဆောင်ပြီးတဲ့နောက် ယောက်ျားက သူရတဲ့လခထဲကနေ လစဉ်အိမ်ခန်းခအရစ်ကျဆပ်တယ်၊ ကျန်ငွေကိုစုတယ်။ မိန်းမက သူရတဲ့လခနဲ့ နေအိမ် စားဝတ်နေရေးအတွက်သုံးတယ်၊ ကျန်တာကိုစုတယ်။
၃နှစ်လွန်တော့ မိန်းမမှာကိုယ်ဝန်ရှိလာတယ်၊ ကလေးမွေးချိန်မှာ
ယောက်ျားရာထူးတိုးတယ်၊ လခလည်းတိုးသွားတယ်။
ကလေးကိုပြုစုဖို့ လူလိုလာတယ်၊ ကလေးထိန်းခေါ်ရင် ပိုက်ဆံပေးရမယ့်အတူတူ နှစ်ယောက်လုံး သေချာတိုင်ပင်ပြီးတဲ့နောက်မှာ မိန်းမကအလုပ်ထွက်ပြီး ကလေးကိုပြုစုစောင့်ရှောက်ဖို့ ဆုံးဖြတ်လိုက်တယ်။ မိန်းမဟာ ကလေးနဲ့ယောက်ျားကိုပြုစုတဲ့ အိမ်ရှင်မလုံးလုံးဖြစ်သွားတယ်။
၁ဝနှစ်အကြာမှာ ယောက်ျားက ရာထူးတိုးသထက်တိုးပြီး
အောင်မြင်တဲ့သူတစ်ဦးဖြစ်လာခဲ့တယ်။
မိန်းမက နေ့တိုင်း ကလေး၊ ယောက်ျား၊ အိမ်မှုကိစ္စနဲ့ပဲ ပတ်ချာလည်နေခဲ့ပြီး အပြင်အဆင်မရှိတဲ့အပြင် ရုပ်ပါကျလာခဲ့တယ်။
ဒီလိုအချိန်မှာ ယောက်ျားက မိန်းမကိုအပြင်ခေါ်ထွက်လို့မရတော့ဘူး (လူပြလို့မရတော့ဘူး)လို့ ထင်လာခဲ့တယ်။ အဲဒီလိုနဲ့ ပြင်ပလောကရဲ့ ဆွဲငင်ညှို့ယူမြူဆွယ်မှုအောက်မှာ အငယ်အနှောင်းထားတတ်လာခဲ့တယ်။ မိန်းမသိသွားတဲ့အခါ ရန်ဖြစ်ကြ၊ ငိုကြတော့တယ်။
နောက်ဆုံးမှာ နှစ်ယောက်စလုံးရဲ့နှလုံးသားတွေ နာကျင်ခဲ့ရပြီး ကွာရှင်းပြတ်စဲဖို့အထိ ဖြစ်လာခဲ့တယ်။
အိမ်ထောင်ရေးဥပဒေသစ်က ဒီလိုဆိုပါတယ်။ အိမ်ခန်းကို ယောက်ျားက မင်္ဂလာမဆောင်ခင် ဝယ်ယူထားတာမို့ မိန်းမနဲ့လုံးဝမဆိုင်ဘူးလို့ ဆိုတယ်။ ဒါကို မိန်းမက မကျေနပ်ဘူး… နှစ်ယောက်အတူ ရုန်းကန်ခဲ့ပါတယ်လို့ ပြောတယ်။ ရှေ့နေက ဒီလိုဆိုရင် နှစ်ယောက်အတူ အိမ်ခန်းခအကြွေးဆပ်ခဲ့တဲ့ သက်သေရှိသလားလို့ မေးတယ်။ မရှိပါဘူး… အိမ်ခန်းခကို ယောက်ျားရဲ့လခထဲကနေပဲဖြတ်ခဲ့လို့ဖြစ်တယ်။
ဒီလိုဆိုရင် ကလေးက ကျွန်မမွေးပြီး ကျွန်မပဲထိန်းကျောင်းခဲ့တာမို့ ကျွန်မနဲ့ဆိုင်တယ်လို့ မိန်းမကပြောတယ်။ ရှေ့နေ့က .. ကလေးရဲ့ကြီးပြင်းရှင်သန်ဖို့ကို ဦးစားပေးပြီး ဘယ်သူနဲ့ဆိုင်တယ်ဆိုတာကို ဆုံးဖြတ်ရတယ်လို့ဆိုတယ်။ မိန်းမမှာက အလုပ်အကိုင်မရှိ၊ ဝင်ငွေမရှိတာကြောင့် ကလေးရဲ့ကျန်းမာရေး၊ ကြီးပြင်းရေးကို တာဝန်ယူနိုင်မှာမဟုတ်လို့ ယောက်ျားနဲ့ပဲဆိုင်ကြောင်း တရားရုံးကချမှတ်နိုင်တယ်လို့ ဆိုပါတယ်။
ဒီလိုအချိန်မှာ မိန်းမမှာ အိမ်မရှိ၊ အလုပ်အကိုင်မရှိ၊ ကလေးလည်းမရှိတော့ပါဘူး။
လောကတစ်ခုလုံး မှောင်အတိကျသွားပြီလို့ သူမျှော်လင့်ချက်မဲ့သွားခဲ့ရပါတယ်။
ယောက်ျားကတော့ ဘဝသစ်တစ်ခုကို စတင်နေပါပြီ။
------
မိန်းကလေးတို့ရေ…
သင်တစ်သက်တာပျော်ရွှင်မှုကို တခြားလူအပေါ် ပုံချရဲပါသလား။
ဒီလောကမှာ ဘယ်သူ့ကို ဘဝတစ်သက်တာ သင်မှီခိုလို့ရနိုင်မလဲ။
သင့်အရိပ်ကတောင် အမှောင်လာတာနဲ့ သင့်အပါး ဖယ်ခွာသွားတာပဲမဟုတ်လား။
သင့်ကို စစချင်းမှာ သူတကယ်ချစ်ခဲ့တယ်ဆိုတာ မှန်ပါတယ်။
ဒါပေမယ့် မိန်းကလေးအများက အရေးပါတဲ့အချက်တစ်ချက်ကို လျစ်လျူရှုမိတတ်ကြပါတယ်။ အဲဒါကတော့ “လူဆိုတာ အသက်ရှင်နေသရွေ့ပြောင်းလဲတတ်တယ်” ဆိုတာပဲဖြစ်တယ်။
မိန်းကလေးဆိုတာ ကိုယ်ပိုင်အလုပ်တစ်ခုနဲ့ လွတ်လပ်မှုရှိမှ တကယ့်ကိုယ်တိုင်ဘဝအမှန်အဖြစ် ရှင်သန်နိုင်တာဖြစ်ပါတယ်။ အလုပ်ဆိုတိုင်းလည်း ဝင်ငွေရှိတဲ့အလုပ်၊ ဝင်ငွေများတဲ့အလုပ်ကို ဆိုလိုတာမဟုတ်ပါဘူး၊ ကိုယ်ဝါသနာပါတဲ့အလုပ်ပဲဖြစ်ဖြစ်၊ ပရဟိတအလုပ်ပဲဖြစ်ဖြစ်ပေါ့။ လူတိုင်းက ကောင်းတဲ့အရာကို ကြိုက်နှစ်သက်တတ်ကြပါတယ်။ ဘယ်သူကမှ မပြင်မဆင်၊ တိုးတက်လိုစိတ်မရှိ၊ ဘဝမှုန်တေတေ၊ ယိုယွင်းကျဆင်းနေတဲ့လူနဲ့
နေ့တိုင်းမျက်နှာချင်းဆိုင်ချင်ကြမှာ မဟုတ်ပါဘူး။
မိန်းကလေးတစ်ယောက်အတွက် အိမ်ထောင်ကျသွားပြီဆိုတာနဲ့ အရာအားလုံး ပြီးဆုံးသွားတာမဟုတ်ပါဘူး။ အိမ်ထောင်ရေးအပြင် သူငယ်ချင်း မိတ်ဆွေ၊ ကိုယ်ဝါသနာပါ နှစ်သက်တဲ့အလုပ်အကိုင်၊ သင်ယူမှုတွေ…. ရှိသင့်ပါသေးတယ်။
မိန်းမတစ်ယောက်မှာ အသက်သုံးမျိုးရှိသတဲ့။
တစ်ခုက မွေးစာရင်းထဲက အသက်၊ ဒီအသက်က ပြောင်းလဲလို့ မရပါဘူး။
နောက်အသက်တစ်ခုက စိတ်နဲ့ဆိုင်တဲ့ အသက်ဖြစ်တယ်။ စိတ်ပျိုကိုယ်နုဆိုတဲ့ စကားလည်းရှိတာပဲမဟုတ်လား။ ဒီအသက်က ကိုယ့်စိတ်နေသဘောထားနဲ့ ဆိုင်ပါတယ်။
နောက်အသစ်တစ်ခုက အသိပညာအသက်ဖြစ်တယ်။ လူတိုင်း အိုတတ်ကြတာပါပဲ။ အိုမင်းခြင်းကို လူတိုင်းမလွန်ဆန်နိုင်ပါဘူး။ ဒါပေမယ့် အသိပညာနဲ့ လှလှပပအိုမင်းသွားကြသူတွေကို
တွေ့ဖူးကြလိမ့်မှာပေါ့။ မိန်းကလေးတစ်ယောက်ရဲ့ အသိပညာ၊ ဗဟုသုတဆိုတာ စာဖတ်ခြင်းကဖြစ်လာသတဲ့။
မိန်းကလေးတို့ရေ…
မိန်းကလေးတစ်ယောက်က သူ့လောကကြီးကို သူအလှဆင်ရင် အဲဒီလောကကြီးကို ယောက်ျားက နှစ်သက်လိမ့်မယ်။ မိန်းကလေးတစ်ယောက်က သူ့လောကကို သူအလှမဆင်တော့ရင် ယောက်ျားက တခြားလောကကို သွားနှစ်သက်တတ်ပါတယ်တဲ့။ ဒါကြောင့် ကိုယ့်ကိုယ်ကို ကောင်းကောင်းဆက်ဆံပါ။ တိုးတက်လိုစိတ်ရှိပါ။ ကိုယ် ယ်ကို နည်းနည်းပြင်ဆင်ပါ။ ကလေးတစ်ယောက်မွေးပြီးတာနဲ့ ဝဖြိုးသွားတာမျိုး၊ အိမ်နေဝတ်၊ အိမ်ပြင်ဝတ်မခွဲတော့တာမျိုး၊ နဂို နူးညံ့သိမ်မွေ့တဲ့အပြုအမူတွေ ပျောက်ဆုံးသွားတာမျိုး မဖြစ်စေပါနဲ့လို့…
----
မူရင်းလင့် http://www.life.com.tw/?app=view&no=183437 ကို နည်းနည်းထပ်ကွန့်ပြီး ကျွန်မဖတ်ဖို့ရေးရင်း
ရွှေညာသားမှ ပြန်လည်မျှဝေသည်။

Wednesday, March 4, 2015

ကွမ်းသီးကို ဖလင်ချွတ်ဆေး၊ ကန့်တို့ဖြင့် ပြုပြင်ထားခြင်းကြောင့် စားသုံးသူများ သေဆုံးသည်အထိ အန္တရာယ်ရှိနိုင်

ကွမ်းသီးကို ဖလင်ချွတ်ဆေး၊ ကန့်တို့ဖြင့် ပြုပြင်ထားခြင်းကြောင့် စားသုံးသူများ သေဆုံးသည်အထိ အန္တရာယ်ရှိနိုင်
------------------------------------------------------------------------------------------
ကွမ်းသီးများကို ဓာတု ပစ္စည်းများဖြင့် ပြုပြင်ထားသဖြင့် စားသုံးသူများ အသက်သေဆုံးသည် အထိ အန္တရာယ်ရှိနေကြောင်း အစား အသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြား သည်။

အစားအသောက်နှင့် ဆေး ၀ါးကွပ်ကဲမှု ဦးစီးဌာနသည် ရန် ကုန်မြို့ရှိ ဈေးကြီးငါးခု၌ လိုက် လံစစ်ဆေးရာတွင် ကွမ်းသီးအပါ အ၀င် အခြားစားသောက်ကုန် ခြောက်မျိုး၌ စားသုံးရန် အန္တ ရာယ်ရှိသည့် ဓာတုပစ္စည်းများ ပါဝင်နေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့ ညောင်ပင်လေး ဈေး၊ ပုဇွန်တောင်ဈေး၊ စံပြငမိုး ရိပ်ဈေး၊ သိမ်ကြီးဈေးနှင့် သီရိ မင်္ဂလာဈေးများတွင် စစ်ဆေးခဲ့ ခြင်းဖြစ်ရာ ကွမ်းသီးများ၌ ဆိုဒီယမ်ဟိုက်ဒရိုဆာလဖိုက် ပါဝင်မှု မြင့်မားနေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

��ဒီဓာတ်က အရမ်းအန္တရာယ်များတယ်။ ၀မ်းသွားမယ်။ အသက်ရှူကျပ်မယ်။ သွေးပေါင်ကျမယ်။ မူးဝေမယ်။ ပန်းနာရင်ကျပ်ဖြစ်စေနိုင်တယ်။ အခန့်မသင့်ရင် ရှော့ရိုက်ပြီး အသက်ဆုံးနိုင်တယ်�� ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဒေါက်တာ ဇင်ဇင်နွယ်က ပြောသည်။

ကွမ်းသီးကို ပေါင်းရာတွင် ဓာတ်ပုံဖလင်ချွတ်သည့်ဆေးဖြင့် တစ်ညစိမ်ပြီးနောက် ပြန်လည်ရေ ဆေးကာ ကွမ်းသီးပေါင်းဖိုထဲတွင် ထည့်၍ ကန့်ကို မီးရှို့ကာအငွေ့ရိုက်ရသည်။ ထိုသို့ တစ်ညတာပေါင်းပြီးလျှင် ဈေးကွက်သို့ တင်သွင်း ရောင်းချနိုင်သည်ဟု မြောက်ဥက္ကလာပမြို့နယ်မှ ကွမ်းသီးဖိုလုပ် ငန်းရှင်တစ်ဦးက ပြောသည်။

��ကွမ်းသီးပေါင်းတဲ့ ဆာလ ဖာပမာဏက သတ်မှတ်ထားတာ မရှိဘူး။ ကွမ်းသီးပေါင်းရင်အရမ်း အန္တရာယ်များလို့ တံခါးအလုံပိတ် ထားရတယ်�� ဟု ၎င်းက ဆက် လက်ပြောသည်။

စားသုံးရန် မသင့်သော ဓာ တုဆေးများ အစားအသောက် များတွင် ထည့်ထားပြီး ရေဖြင့် ပြန်လည် သန့်စင်သော်လည်း ဓာတုအကြွင်းအကျန်များ ကျန်ရှိ နေသည်ဟု ဒေါက်တာ ဇင်ဇင်နွယ်က ရှင်းပြသည်။

ကွမ်းသီးအလေးချိန်တိုးပြီး ကွမ်းသီးပွလာသည်။ ထို့နောက်မှ ကွမ်းသီးဖိုထဲတွင် ကန့်ငွေ့ရိုက်လိုက်လျှင် ကွမ်းသီးလည်း မှိုမတက်၍ ရောင်းချရာတွင် အဆင်ပြေသောကြောင့် အသုံးပြုခြင်းဖြစ်ကြောင်း ရန်ကင်းမြို့နယ်မှ ကွမ်းသီးရောင်းဝယ်သူတစ်ဦးက ပြောသည်။

ကွမ်းစားခြင်းကြောင့် ခံတွင်း ကင်ဆာဖြစ်ပွားမှုမြင့်မားနေချိန် မှာပင် ယခုကဲ့သို့ ကွမ်းသီးများကို ဓာတုဆေးသုံး ရောင်းချနေခြင်း ကြောင့် ကျန်းမာရေးထိခိုက်မှုမှာ ပိုမိုမြင်မားလာမည်ဖြစ်သည်။

ထို့ပြင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာနမှ ဈေး များသို့ စစ်ဆေးရာတွင် မျှစ်၊ ပဲ ကြီးလှော်၊ ၀က်အူချောင်း၊ ချဉ် ဖတ်၊ အသားတုနှင့် နွားနို့များတွင် စားသုံးရန် မသင့်သော ဓာတု ပစ္စည်းများပါဝင်နေသည်ကို တွေ့ ရသည်

Credit to Online ဆေးခန်း
ကွမ်းသီးကို ဖလင်ချွတ်ဆေး၊ ကန့်တို့ဖြင့် ပြုပြင်ထားခြင်းကြောင့် စားသုံးသူများ သေဆုံးသည်အထိ အန္တရာယ်ရှိနိုင်
------------------------------------------------------...------------------------------------
ကွမ်းသီးများကို ဓာတု ပစ္စည်းများဖြင့် ပြုပြင်ထားသဖြင့် စားသုံးသူများ အသက်သေဆုံးသည် အထိ အန္တရာယ်ရှိနေကြောင်း အစား အသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြား သည်။

အစားအသောက်နှင့် ဆေး ၀ါးကွပ်ကဲမှု ဦးစီးဌာနသည် ရန် ကုန်မြို့ရှိ ဈေးကြီးငါးခု၌ လိုက် လံစစ်ဆေးရာတွင် ကွမ်းသီးအပါ အ၀င် အခြားစားသောက်ကုန် ခြောက်မျိုး၌ စားသုံးရန် အန္တ ရာယ်ရှိသည့် ဓာတုပစ္စည်းများ ပါဝင်နေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်မြို့ ညောင်ပင်လေး ဈေး၊ ပုဇွန်တောင်ဈေး၊ စံပြငမိုး ရိပ်ဈေး၊ သိမ်ကြီးဈေးနှင့် သီရိ မင်္ဂလာဈေးများတွင် စစ်ဆေးခဲ့ ခြင်းဖြစ်ရာ ကွမ်းသီးများ၌ ဆိုဒီယမ်ဟိုက်ဒရိုဆာလဖိုက် ပါဝင်မှု မြင့်မားနေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
��ဒီဓာတ်က အရမ်းအန္တရာယ်များတယ်။ ၀မ်းသွားမယ်။ အသက်ရှူကျပ်မယ်။ သွေးပေါင်ကျမယ်။ မူးဝေမယ်။ ပန်းနာရင်ကျပ်ဖြစ်စေနိုင်တယ်။ အခန့်မသင့်ရင် ရှော့ရိုက်ပြီး အသက်ဆုံးနိုင်တယ်�� ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဒေါက်တာ ဇင်ဇင်နွယ်က ပြောသည်။
ကွမ်းသီးကို ပေါင်းရာတွင် ဓာတ်ပုံဖလင်ချွတ်သည့်ဆေးဖြင့် တစ်ညစိမ်ပြီးနောက် ပြန်လည်ရေ ဆေးကာ ကွမ်းသီးပေါင်းဖိုထဲတွင် ထည့်၍ ကန့်ကို မီးရှို့ကာအငွေ့ရိုက်ရသည်။ ထိုသို့ တစ်ညတာပေါင်းပြီးလျှင် ဈေးကွက်သို့ တင်သွင်း ရောင်းချနိုင်သည်ဟု မြောက်ဥက္ကလာပမြို့နယ်မှ ကွမ်းသီးဖိုလုပ် ငန်းရှင်တစ်ဦးက ပြောသည်။
��ကွမ်းသီးပေါင်းတဲ့ ဆာလ ဖာပမာဏက သတ်မှတ်ထားတာ မရှိဘူး။ ကွမ်းသီးပေါင်းရင်အရမ်း အန္တရာယ်များလို့ တံခါးအလုံပိတ် ထားရတယ်�� ဟု ၎င်းက ဆက် လက်ပြောသည်။
စားသုံးရန် မသင့်သော ဓာ တုဆေးများ အစားအသောက် များတွင် ထည့်ထားပြီး ရေဖြင့် ပြန်လည် သန့်စင်သော်လည်း ဓာတုအကြွင်းအကျန်များ ကျန်ရှိ နေသည်ဟု ဒေါက်တာ ဇင်ဇင်နွယ်က ရှင်းပြသည်။
ကွမ်းသီးအလေးချိန်တိုးပြီး ကွမ်းသီးပွလာသည်။ ထို့နောက်မှ ကွမ်းသီးဖိုထဲတွင် ကန့်ငွေ့ရိုက်လိုက်လျှင် ကွမ်းသီးလည်း မှိုမတက်၍ ရောင်းချရာတွင် အဆင်ပြေသောကြောင့် အသုံးပြုခြင်းဖြစ်ကြောင်း ရန်ကင်းမြို့နယ်မှ ကွမ်းသီးရောင်းဝယ်သူတစ်ဦးက ပြောသည်။
ကွမ်းစားခြင်းကြောင့် ခံတွင်း ကင်ဆာဖြစ်ပွားမှုမြင့်မားနေချိန် မှာပင် ယခုကဲ့သို့ ကွမ်းသီးများကို ဓာတုဆေးသုံး ရောင်းချနေခြင်း ကြောင့် ကျန်းမာရေးထိခိုက်မှုမှာ ပိုမိုမြင်မားလာမည်ဖြစ်သည်။
ထို့ပြင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာနမှ ဈေး များသို့ စစ်ဆေးရာတွင် မျှစ်၊ ပဲ ကြီးလှော်၊ ၀က်အူချောင်း၊ ချဉ် ဖတ်၊ အသားတုနှင့် နွားနို့များတွင် စားသုံးရန် မသင့်သော ဓာတု ပစ္စည်းများပါဝင်နေသည်ကို တွေ့ ရသည်
Credit to Online ဆေးခန်း