:include data='blog' name='google-analytics'/>

Thursday, January 15, 2015

လည်ချောင်းတွင် အရိုးဆူးလျှင်........

လည်ချောင်းတွင် အရိုးဆူးလျှင်........

(၁) ရေများများသောက်ပါ။ ရေတွင် ဆားအနည်းငယ် ရောထည့်ပါ။ အရိုး တော်တော်များများသည် လည်ချောင်း မှအစာအိမ်သို့ ဆားကြောင့် နူးပျော့၍ အကုန်အကျမြန်မည်ဖြစ်သည်။

(၂)ထမင်းကို ထမင်းဆုပ်လုပ်၍ လည်းကောင်း၊ ငှက်ပျောသီး၊ ပေါင်မုန့်တို့ကို မြိုခြင်းကပ်နေသည့်နေရာ မှ အရိုးသည် အစာအိမ်သို့ ရောက်ရှိသွားပေမည်။ ဤသို့ မြိုပြီးတိုင်း ရေ(၁)ဖန်ခွက် သောက်ရန်မမေ့ပါ နှင့်။

(၃)ဗနီကာကို ရေတွင်ရော၍သောက်ပါ။ ဗနီကာတွင်ပါဝင်သော Acetic Acid က အရိုးကို ပျော့သွားစေပြီး လည်ချောင်းတွင်း၌ လွယ်ကူစွာ ကြေ ပျက်သွားသည်။

(၄)လိမ္မော်ရည် (သို့) သံပရာရည် သောက်ခြင်းသည်လည်း အရိုးကိုဖယ်ရှားပေးနိုင်သည်။ ယင်းတို့ထဲမှ citric acidက အရိုးကိုပျော့သွားစေနိုင်သည်။

(၅)သံလွင်ဆီကိုသောက်ပါ။ အရိုးက ချောပြီး လည်ချောင်းထဲမှ ထွက်သွားသည့်အပြင် အရိုးဆူးဒဏ်ကြောင့် လည်ချောင်းအထဲ၌ ထိခိုက်နာကျင်မှုကိုလည်း သက်သာစေသည်။

(၆)ယခုခေတ်တွင် coke အအေး အချို့ကို သောက်ခြင်းဖြင့် အရိုးပျော့သွားစေနိုင်သည်။

(၇)အဓိကအရေးကြီးသည့် အချက်မှာ လည်ချောင်း၏ အပြင်ဖက်မှ လည်ချောင်းကို နှိပ်နယ်ခြင်းမပြုပါနှင့်

Credit to Health Updates

iMyanmarAds
အွန်လိုင်း ကြော်ငြာရေး ဝန်ဆောင်မှု
0943139566





လည်ချောင်းတွင် အရိုးဆူးလျှင်........
(၁) ရေများများသောက်ပါ။ ရေတွင် ဆားအနည်းငယ် ရောထည့်ပါ။ အရိုး တော်တော်များများသည် လည်ချောင်း မှအစာအိမ်သို့ ဆားကြောင့် နူးပျော့...၍ အကုန်အကျမြန်မည်ဖြစ်သည်။
(၂)ထမင်းကို ထမင်းဆုပ်လုပ်၍ လည်းကောင်း၊ ငှက်ပျောသီး၊ ပေါင်မုန့်တို့ကို မြိုခြင်းကပ်နေသည့်နေရာ မှ အရိုးသည် အစာအိမ်သို့ ရောက်ရှိသွားပေမည်။ ဤသို့ မြိုပြီးတိုင်း ရေ(၁)ဖန်ခွက် သောက်ရန်မမေ့ပါ နှင့်။
(၃)ဗနီကာကို ရေတွင်ရော၍သောက်ပါ။ ဗနီကာတွင်ပါဝင်သော Acetic Acid က အရိုးကို ပျော့သွားစေပြီး လည်ချောင်းတွင်း၌ လွယ်ကူစွာ ကြေ ပျက်သွားသည်။
(၄)လိမ္မော်ရည် (သို့) သံပရာရည် သောက်ခြင်းသည်လည်း အရိုးကိုဖယ်ရှားပေးနိုင်သည်။ ယင်းတို့ထဲမှ citric acidက အရိုးကိုပျော့သွားစေနိုင်သည်။
(၅)သံလွင်ဆီကိုသောက်ပါ။ အရိုးက ချောပြီး လည်ချောင်းထဲမှ ထွက်သွားသည့်အပြင် အရိုးဆူး ဒဏ်ကြောင့် လည်ချောင်းအထဲ၌ ထိခိုက်နာကျင်မှုကိုလည်း သက်သာစေသည်။
(၆)ယခုခေတ်တွင် coke အအေး အချို့ကို သောက်ခြင်းဖြင့် အရိုးပျော့သွားစေနိုင်သည်။
(၇)အဓိကအရေးကြီးသည့် အချက်မှာ လည်ချောင်း၏ အပြင်ဖက်မှ လည်ချောင်းကို နှိပ်နယ်ခြင်းမပြုပါနှင့်
Credit to Health Updates
iMyanmarAds
အွန်လိုင်း ကြော်ငြာရေး ဝန်ဆောင်မှု
0943139566

Tuesday, January 13, 2015

အမြန်လမ်းပေါ်ကားဘာကြောင့်မှောက်သလဲ

သူ. အဆို
...
အမြန်လမ်းပေါ်ကားတွေဘာကြောင့်မှောက်သလဲဆိုတဲ့
မေးခွန်းရဲ့အဖြေတစွန်းတစ ယနေ့သိလိုက်ရပါတယ်
ကနေ့ကျနော်kluger 2004လေးကို100km/hနဲ့မောင်းနေတုန်းမိုင်တိုင်၃၂၀ကျော်လောက်မှာ
mark X2004ကကျော်တက်သွားပါတယ်။ကျနော့speedထက်ပိုပြီးကျော်အတက်ရှေ့ရောက်သွားရော markXက ဘယ်ညာလူးပီးလမ်းဘေးဆွဲသွား နောက်ကွန်ကရစ်ပေါ်ပြန်တက်လာ ထိုးရပ်သွားတော့ကျနော်လဲနောက်ကနေရပ်လိုက်ပါတယ်
ကားထဲကြည့်လိုက်တော့ ခလေး၃ယောက် လူကြီးလေးယောက်
အတော်လန့်သွားပုံရပါတယ်။
ကျနော့လဲမြင်ရောကားမောင်းသူက ဘာဖြစ်သွားမှန်းမသိပါဘူးဗျာ မောင်းနေရင်လူးသွာတာဆိုလို့
အနေအထားဆင်း စစ်ကြည့်တော မညီမညာဖြစ်နေတဲ့
နောက်တိုးလောင်းထားတဲ့ကွန်ကရစ် နှစ်ပေကိုတက်နင်းလိုက်
ပုံရပါတယ်။နှစ်လမ်းသွားကွန်ကရစ်ကိုအရင်လောင်းပြီးမှ ထပ်တိုးလောင်းတာဖြစ်လို့စနစ်မတူတော့ကျွံကုန်ကြတာပါ
ကျနော်လဲ စမ်းချင်တာနဲ့70ကီလိုလောက်နဲ့စမ်းနင်းကြည့်
တာ ကျနော့ကားလူးသွားပါတယ် အဲဒီမှာ ကားတွေဒါကိုနင်းမိလို့မှောက်နေကြတာဆိုတာသိလိုက်ရပါတယ်။အောက်ပိုင်းကောင်းမွန်လှတဲ့saloonကားငယ်တောင်
လူးသွားရင် ရှော့ဘားကမကောင်း 4/4တို့ pickup တို့ဆိုရင်
အန္တရယ်များသွားပါပြီ။ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့်လည်းလမ်းပခုံးသားနှစ်ပေတွေအားလုံးကို အမြန်ပြင်စေချင်ပါတယ်
မိတ်ဆွေတို့လဲမောင်းရင်ပခုံးသားကိုမနင်းမိအောင်သတိပြုကြစေလိုပါတယ်။အန္တရယ်ကိုကြိုရှောင်ရင်း လိုရာခရီးချောမွှေ့စွာရောက်အောင်မောင်းနိုင်ကြပါစေ။
Credit to Kyawsoe Soe
12 hrs · Edited


အမြန်လမ်းပေါ်ကားတွေဘာကြောင့်မှောက်သလဲဆိုတဲ့
မေးခွန်းရဲ့အဖြေတစွန်းတစ ယနေ့သိလိုက်ရပါတယ်
ကနေ့ကျနော်kluger 2004လေးကို100km/hနဲ့မောင်းနေတုန်းမိုင်တိုင်၃၂၀ကျော်လောက်မှာ
mark X2004ကကျော်တက်သွားပါတယ်။ကျနော့speedထက်ပိုပြီးကျော်အတက်ရှေ့ရောက်သွားရော markXက ဘယ်ညာလူးပီးလမ်းဘေးဆွဲသွား နောက်ကွန်ကရစ်ပေါ်ပြန်တက်လာ ထိုးရပ်သွားတော့ကျနော်လဲနောက်ကနေရပ်လိုက်ပါတယ်
ကားထဲကြည့်လိုက်တော့ ခလေး၃ယောက် လူကြီးလေးယောက်
အတော်လန့်သွားပုံရပါတယ်။
ကျနော့လဲမြင်ရောကားမောင်းသူက ဘာဖြစ်သွားမှန်းမသိပါဘူးဗျာ မောင်းနေရင်လူးသွာတာဆိုလို့
အနေအထားဆင်း စစ်ကြည့်တော မညီမညာဖြစ်နေတဲ့
နောက်တိုးလောင်းထားတဲ့ကွန်ကရစ် နှစ်ပေကိုတက်နင်းလိုက်
ပုံရပါတယ်။နှစ်လမ်းသွားကွန်ကရစ်ကိုအရင်လောင်းပြီးမှ ထပ်တိုးလောင်းတာဖြစ်လို့စနစ်မတူတော့ကျွံကုန်ကြတာပါ
ကျနော်လဲ စမ်းချင်တာနဲ့70ကီလိုလောက်နဲ့စမ်းနင်းကြည့်
တာ ကျနော့ကားလူးသွားပါတယ် အဲဒီမှာ ကားတွေဒါကိုနင်းမိလို့မှောက်နေကြတာဆိုတာသိလိုက်ရပါတယ်။အောက်ပိုင်းကောင်းမွန်လှတဲ့saloonကားငယ်တောင်
လူးသွားရင် ရှော့ဘားကမကောင်း 4/4တို့ pickup တို့ဆိုရင်
အန္တရယ်များသွားပါပြီ။ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့်လည်းလမ်းပခုံးသားနှစ်ပေတွေအားလုံးကို အမြန်ပြင်စေချင်ပါတယ်
မိတ်ဆွေတို့လဲမောင်းရင်ပခုံးသားကိုမနင်းမိအောင်သတိပြုကြစေလိုပါတယ်။အန္တရယ်ကိုကြိုရှောင်ရင်း လိုရာခရီးချောမွှေ့စွာရောက်အောင်မောင်းနိုင်ကြပါစေ။
Credit to Kyawsoe Soe
 

Monday, January 12, 2015

ကင်ဆာ ဖြစ်စေနိုင်သော ငရုတ်သီးမှုန့်နှင့် အရောင်တင်မှုန့်များ ဈေးကွက်အတွင်း ပျံ့နှံ့

သတင်း
ကင်ဆာ ဖြစ်စေနိုင်သော ငရုတ်သီးမှုန့်နှင့် အရောင်တင်မှုန့်များ ဈေးကွက်အတွင်း ပျံ့နှံ့
တင်ထက်ပိုင်

ငရုတ်သီးမှုန့် ၉၈ မျိုးအနက် ၃၆ မျိုးနှင့် အရောင်တင်မှုန့် ၃၃ မျိုးအနက် ၂၉ မျိုးတို့တွင် ကျန်းမာရေး ၀န်ကြီးဌာနက ခွင့်ပြုမထားသည့် ဆိုးဆေးများ ပါဝင်နေကြောင်း တွေ့ရှိရသည်ဟု စာတမ်းတွင် ဖော်ပြထားသည်။

http://burma.irrawaddy.org/news/2015/01/10/69638.html
သတင်း
ကင်ဆာ ဖြစ်စေနိုင်သော ငရုတ်သီးမှုန့်နှင့် အရောင်တင်မှုန့်များ ဈေးကွက်အတွင်း ပျံ့နှံ့
တင်ထက်ပိုင်
ငရုတ်သီးမှုန့် ၉၈ မျိုးအနက် ၃၆ မျိုးနှင့် အရောင်တင်မှုန့် ၃၃ ...မျိုးအနက် ၂၉ မျိုးတို့တွင် ကျန်းမာရေး
ဝန်ကြီးဌာနက ခွင့်ပြုမထားသည့် ဆိုးဆေးများ ပါဝင်နေကြောင်း တွေ့ရှိရသည်ဟု စာတမ်းတွင် ဖော်ပြထားသည်။
See More
Like · ·

Saturday, January 10, 2015

ကျိုးသွားခဲ့သော ပုံဆွဲခဲတံများ

ကျိုးသွားခဲ့သော ပုံဆွဲခဲတံများ

ဒီနေ့မနက်က ပါရီမြို့က သတင်းစာတိုက်တခုမှာ အကြမ်းဖက်သတ်ဖြတ်မှုတခု ဖြစ်သွားခဲ့တယ်၊ မနက် ၁၁ နာရီခွဲလောက်မှာ Charlie Hebdo ဆိုတဲ့ သတင်းစာတိုက်ထဲကို မျက်နှာဖုံးစွပ် သေနတ်သမား နှစ်ယောက်က ဝင်လာပြီးတော့ အစည်းအဝေးလုပ်နေတဲ့ အယ်ဒီတာတွေ၊ သတင်းထောက်တွေကို ပစ်သတ်သွားတဲ့ အကြမ်းဖက်သတ်ဖြတ်မှုပါ၊ အဲဒီသတ်ဖြတ်မှုမှာ သတင်းစာတိုက်ရဲ့ နာမည်ကြီး ကာတွန်းဆရာ ၄ ယောက် အပါအဝင် လူ ၁၂ ယောက် အသက်ပေးလိုက်ရတယ်၊ အစည်းအဝေးခန်းထဲက ပြန်ထွက်လာတဲ့ သေနတ်သမား ၂ ယောက်ကို ကျန်တဲ့အဖော် တယောက်က ကားပေါ်ကနေ စောင့်နေတယ်၊ ပြီးတော့ သူတို့ ၃ ယောက် မောင်းထွက်သွားတယ်၊ မလှမ်းမကမ်းက လမ်းပေါ်ကို ရောက်တော့ ရဲတွေနဲ့ ပစ်ခတ်မှုတွေထပ်ဖြစ်တယ်၊ အဲဒီမှာ ရဲတယောက်က ဒဏ်ရာနဲ့ လဲသွားတဲ့အခါ သူ့ဆီကို သေနတ်သမား ၂ ယောက်က လျှောက်သွားပြီး ခေါင်းကို အနီးကပ်တေ့ပြီး သွေးအေးအေးနဲ့ ပစ်သတ်လိုက်ပြန်တယ်၊ ပြီးတော့ နောက်ထပ်ရောက်လာတဲ့ ရဲတွေကို ခြေရာဖျောက်ပြီး မောင်းပြေးသွားခဲ့တယ်…၊

Charlie Hebdo ဆိုတာက ၁၉၇၀ ပြည့်နှစ်ကတည်းက ထောင်ထားတဲ့ အပတ်စဉ်ထုတ် သတင်းစာတိုက်ဖြစ်ပါတယ်၊ သူ့ရဲ့ ထူးခြားချက်ကတော့ ပွဲဆူစေတတ်တဲ့ သရော်စာ ဆောင်းပါးတွေ၊ ကာတွန်းတွေကို ရဲရဲတင်းတင်း ဖော်ပြရဲတဲ့ အချက်ပါ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဝန်းကျင်က အဖြစ်အပျက်တွေ၊ လူပုဂ္ဂိုလ်တွေကို satire ပုံစံမျိုးစုံနဲ့ ကာတွန်းတွေရေးသလို ဘာသာရေးနဲ့ ပတ်သက်လာရင်လည်း လက်မရှောင်ပါဘူး၊ ၂၀၀၅ ခုနှစ်မှာ ဒိန်းမတ်သတင်းစာ တစောင်က အစ္စလာမ်ဘာသာနဲ့ တမန်တော်မိုဟာမက် အကြောင်းကို ကာတွန်း ၁၂ ပုံဆွဲပြီး ဖော်ပြတဲ့အခါ အာရပ်ကမ္ဘာနဲ့ မွတ်ဆလင်နိုင်ငံတချို့မှာ အတော်လေးပွဲဆူသွား ခဲ့တယ်၊ အဲဒီကာတွန်းတွေကို Charlie Hebdo သတင်းစာကလည်း ပြန်ဖော်ပြလိုက်လို့ အစွန်းရောက်မွတ်ဆလင်တွေရဲ့ အငြိုးထားခြင်းကို အဲဒီကတည်းက ခံခဲ့ရတယ်၊ နောက်ပိုင်းမှာ သတင်းစာတိုက်ကို ခြိမ်းခြောက်တဲ့စာတွေ၊ မေးလ်တွေ မကြာခဏဆိုသလို ရောက်လာတတ်ပေမယ့် Charlie Hebdo ကတော့ သူ့ရဲ့မူအတိုင်း ဖော်ပြစရာ ရှိတာကို ဆင်ဆာမဖြတ်ဘဲ ဖော်ပြမြဲပဲ၊ တိုက်ရဲ့ ကာတွန်းဆရာတွေကလည်း သရော်စရာပေါ်လာရင် အစ္စလာမ်သော၊ မိုဟာမက်သော မရှောင်ဘဲ ရဲရဲဝံ့ဝံ့ ဆွဲမြဲ ဆွဲနေခဲ့တယ်၊ ဒီနေ့မနက်မှာတော့ သူတို့ နှစ်ပေါင်းများစွာ ကြားနေခဲ့တဲ့ ခြိမ်းခြောက်မှုဟာ တကယ့်ကျည်ဆံတွေ အဖြစ်နဲ့ သတင်းစာတိုက်ရဲ့ အစည်းအဝေးခန်းထဲကို ဝင်ရောက်လာခဲ့တော့တာ ဖြစ်ပါတယ်၊

အကြမ်းဖက်မှုလေ့လာသူ သုတေသီတွေရဲ့ အဆိုအရ သေနတ်သမား ၂ ယောက်ဟာ သေသေချာချာ လေ့ကျင့်ထားတဲ့ ကွန်မန်ဒိုတွေလို့ ဆိုတယ်၊ သတင်းစာတိုက်ရဲ့ အစည်းအဝေးအချိန်ကို အတိအကျ သိနေသလို အစည်းအဝေးခန်းထဲကို ဝင်လာတဲ့အခါမှာလည်း ကာတွန်းဆရာတွေရဲ့ နာမည်တွေကို ခေါ်ပြီးမှ တယောက်ချင်းစီကို အေးအေးဆေးဆေး ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်၊ ဒါ့အပြင် သူတို့ရဲ့ အကြမ်းဖက် လှုပ်ရှားမှုကို မှတ်တမ်းတင်ဖို့ ရင်ဘတ်မှာလည်း GoPro ကင်မရာတွေကို လွယ်ထားခဲ့တယ်လို့ ဆိုတယ်၊ သတင်းစာတိုက်အနီးမှာ နေထိုင်သူတယောက်က လျှပ်တပြက်ရိုက်ထားတဲ့ ဗီဒီယိုထဲမှာလည်း သေနတ်သမားတွေရဲ့ လှုပ်ရှားမှုဟာ သွေးအေးပြီး တိကျ၊ သပ်ရပ်တာ တွေ့ရတယ်၊ လူ ၁၂ ယောက်ကို လောလောလတ်လတ် သတ်ထားလို့ စိတ်လှုပ်ရှားနေတဲ့ ကမူးရှူးထိုး အမူအရာတွေ မတွေ့ရဘူး၊ လမ်းပေါ်မှာ ရဲတွေနဲ့ ရင်ဆိုင်ပစ်တဲ့အခါမှာလည်း သူတို့ရဲ့ AK-47 မောင်းပြန်သေနတ်တွေကို ထိချင်ရာထိ သဘောမျိုး အတွဲလိုက် ဆွဲပစ်တာမဟုတ်ဘဲ ပစ်မှတ်ကို အတိအကျ ချိန်ပြီးမှ တတောင့်ချင်းပစ်တာ တွေ့ရပါတယ်၊ အစည်းအဝေးစားပွဲက လူတွေအားလုံးကို ပစ်ပြီးချိန်မှာ သေနတ်သမားတွေက ငါတို့ဟာ အယ်လ်ကိုင်ဒါက ဖြစ်တယ်-လို့ ကြွေးကြော်ခဲ့တဲ့အကြောင်း စားပွဲအောက်ကို ဝင်ပုန်းလိုက်နိုင်တဲ့ သတင်းထောက်အမျိုးသမီး တယောက်က ပြန်ပြောပြပါတယ်၊

ပြင်သစ်တနိုင်ငံလုံးသာမက ဥရောပတိုက် တခုလုံး တုန်လှုပ်၊ ခြောက်ခြားသွားကြတဲ့ ဒီအဖြစ်အပျက်အပေါ်ကို လူတွေတုံ့ပြန်ပုံမှာ စိတ်ဝင်စားစရာကောင်းတဲ့ ၂ ချက်ကို တွေ့ရပါတယ်၊ ပထမတချက်က အစွန်းရောက် အကြမ်းဖက်မှုနဲ့ အစ္စလာမ်ဘာသာကို ခွဲခြားမြင်ကြတာပါ၊ နိုင်ငံ့ခေါင်းဆောင်တွေက လူထုကို အားပေးစကားပြောတဲ့ မိန့်ခွန်းတွေထဲမှာ ဒီအဖြစ်အပျက်ကြောင့် ဘာသာရေးတခုလုံးကို သိမ်းကျုံး ရမ်းကားတာမျိုး မလုပ်ကြဖို့ သတိပေးကြသလို လမ်းပေါ်က လူတွေကလည်း ပြင်သစ်နိုင်ငံမှာ ကာလရှည်ကြာကတည်းက အတူယှဉ်တွဲ ရှိနေခဲ့တဲ့ မွတ်ဆလင်တွေအပေါ် ရန်လိုမုန်းတီးတဲ့ စကားမျိုးတွေ မပြောကြပါဘူး၊ အစ္စလာမ်ဘာသာနဲ့ မိုဟာမက်ကို လှောင်ပြောင်တဲ့ ကာတွန်းတွေဆွဲလို့ လာသတ်တဲ့ လူသတ်သမားတွေဟာ အစ္စလာမ်ဘာသာကို ကာကွယ်သူတွေ ဖြစ်တယ်ဆိုတာ ၉၉ ရာခိုင်နှုန်း သေချာသလို သေနတ်သမားတွေ ကားပေါ်အတက်မှာလည်း ဘုရားသခင်သည် ကြီးမြတ်တော်မူ၏-လို့ အဓိပ္ပါယ်ရတဲ့ Allahu Akbar ဆိုတဲ့ အာရပ်စကားကို အော်သွားခဲ့ကြပါတယ်၊ ဒါပေမယ့် ဒီလူတွေဟာ စစ်သွေးကြွအစွန်းရောက် မွတ်ဆလင်တွေ ဖြစ်ပြီးတော့ ငြိမ်းချမ်းစွာနေ,နေကြတဲ့ အခြားသော အစ္စလာမ်ဘာသာဝင်တွေနဲ့ ဘာမှမဆိုင်ဘူးဆိုတာ လူအများစုကြီးက နားလည်ကြတဲ့အတွက် အစ္စလာမ်မုန်းတီးရေး၊ မွတ်ဆလင်ဆန့်ကျင်ရေး စကားမျိုးတွေ ပြောတာ မကြားရပါဘူး၊ ဖယောင်းတိုင်လေးတွေထွန်းပြီး တိုးတိုးတိတ်တိတ်ပဲ စုဝေးနေကြသလို ဒေါသထွက်နေသော လူအုပ်ကြီးတွေ ရောက်လာတာမျိုးလည်း မရှိပါဘူး၊

နောက် ဒုတိယတချက်ကတော့ နိုင်ငံ့ခေါင်းဆောင်တွေ အပါအဝင် လူတိုင်းနီးပါးက ဒါဟာ သူများဘာသာကို သွားစော်ကားလို့ လူ ၁၂ ယောက်ပြန်ပြီး အသတ်ခံရတာလို့ ခပ်တိမ်တိမ် မတွေးဘဲ ဒီကိစ္စဟာ ပြင်သစ်နိုင်ငံ၊ ပြင်သစ်လူမျိုးတွေ ယုံကြည်ကျင့်သုံးတဲ့ လွတ်လပ်စွာတွေးခေါ်ခွင့်၊ လွတ်လပ်စွာရေးသားဖော်ထုတ်ခွင့်ကို တားဆီး၊ ပိတ်ပင်ဖို့ ကြိုးစားတဲ့ လုပ်ရပ်လို့ မြင်ကြတဲ့ အချက်ပါပဲ၊ အထူးသဖြင့် နိုင်ငံအတွက် အရေးကြီးလှတဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ထိပါးတဲ့လုပ်ရပ်လို့ မြင်ကြတဲ့အတွက် မြို့ကြီးတွေမှာ ထောင်သောင်းနဲ့ချီတဲ့ လူတွေဟာ ရင်ပြင်တွေ၊ လမ်းဆုံလမ်းခွတွေမှာ မွန်းလွဲပိုင်းက စပြီးတော့ ငြိမ်းချမ်းစွာနဲ့ စုဝေးဆန္ဒထုတ်ဖော် ကြပါတယ်၊ လူအများစုရဲ့ လက်ထဲမှာလည်း အနက်ရောင်စာရွက်ပေါ်မှာ အဖြူရောင်စာလုံးနဲ့ ရေးထားတဲ့ Je suis Charlie ဆိုတဲ့ စာရွက်တွေကိုလည်း ကိုင်ထားကြပါတယ်၊ I am Charlie လို့ အဓိပ္ပါယ်ရတဲ့ အဲဒီစာတန်းရဲ့ သဘောကတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိပါးပိတ်ပင်ဖို့ ကြိုးစားလာမယ်ဆိုရင် ငါတို့လည်း Charlie Hebdo လိုပဲ နာကျင်ခံစားရတယ်၊ တသားထဲရှိတယ် ဆိုတဲ့ သဘောပါပဲ၊ အသတ်ခံရတဲ့ ကာတွန်းဆရာတွေထဲက တယောက်ဖြစ်တဲ့ Charb ကတော့ “မလှုပ်မယှက်ထိုင်ပြီး အသက်ရှင်နေရမယ့်အစား မတ်တပ်ရပ်ပြီး သေတာကမှ ပိုပြီးကောင်းသေးတယ်” လို့ တခါတုန်းက ပြောခဲ့ဖူးပါတယ်၊ ထောင်နဲ့သောင်းနဲ့ချီတဲ့ ပြင်သစ်လူမျိုးတွေ လမ်းတွေပေါ်မှာ ဆန္ဒထုတ်ဖော် စုဝေးနေတဲ့ မြင်ကွင်းတွေကိုကြည့်ရင်း ဟိုတလောဆီက မြန်မာပြည်ကသတင်းထောက် ကိုပါကြီး အသတ်ခံရတုန်းကလုပ်တဲ့ ဆန္ဒထုတ်ဖော်ပွဲမှာ ဒါဟာ နိုင်ငံသားအခွင့်အရေးကို ထိပါးတဲ့ကိစ္စ၊ စာနယ်ဇင်း လွတ်လပ်ခွင့်ကို ထိပါးပိတ်ပင်တဲ့ကိစ္စပဲ-လို့ ပြည်သူ ဘယ်နှစ်ယောက်လောက်ကများ တွေးနေမိနိုင်မလဲ၊ ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့ကို တည်ဆောက်ဖို့ပဲဖြစ်ဖြစ်၊ ရှိပြီးသားကို ထိန်းသိမ်းဖို့ပဲဖြစ်ဖြစ် လုပ်ကြတဲ့အခါ မရှိမဖြစ် လိုအပ်တာကတော့ ပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှုပဲ ဖြစ်တယ်ဆိုတဲ့ အကြောင်းကို အဖြစ်အပျက်တွေ၊ ပုံရိပ်တွေက ပြောပြနေပါတော့တယ်…။ ။


ညီလင်းသစ်
၇ ဇန်နဝါရီ၊ ၂၀၁၅

Thursday, January 8, 2015

Coffee Mix ကို အဆိပ်ခတ် မသောက်ချင်ကြပါနဲ

- Coffee Mix ကို 
အဆိပ်ခတ် မသောက်ချင်ကြပါနဲ့..

Coffee Mix ဖျော်ဖို့ ဇွန်းမရှိရင် 
ဒါမျိုး လွယ်လွယ် မလုပ်လိုက်ပါနဲ့..

တစ်ချို့သော ပစ္စည်းတွေက 
အပူနဲ့တွေ့ဆုံဓါတ်ပြုလိုက်တဲ့အခါ
ကင်ဆာ ဖြစ်စေတတ်တဲ့ Chemical တွေ 
ဖြစ်လာတတ်ပါတယ်..

Coffee Mix သောက်တဲ့ အခါ Coffee mix ကိုထည့်
ပြီးရင် ရေနွေးထည့်...မွှေဖျော်လိုက်ရုံပါဘဲ..
တကယ့် လွယ်လွယ်လေးပါ..

ခက်တာက မွှေစရာဇွန်းက အဆင်သင့် မရှိချိန်...

ဒီ အခါမျိုးဆို Coffee mix အိတ်လေးကို 
သေးသေးလေးခေါက်ပြီး 
တုတ်တံလေးအဖြစ် အသုံးပြု ပြီးမွှေတတ်ပါတယ်..
ဒါကိုသတိထားရမှာပါ..

အဲဒီလို ready made စားသောက်စရာတွေကို 
ထုပ်ပိုးဖို့လုပ်ထားတဲ့ အိတ်တွေမှာ
formaldehyde(ဖေါမယ်လ်ဒီဟိုက် ) လို့ခေါ်တဲ့ 
organic compound ပါဝင်နေပါတယ်...

အဲဒီ formaldehyde က 
ကင်ဆာကိုဖြစ်စေတတ်ပါတယ်..

အဲဒီဓါတ်ပါဝင်တဲ့ အိတ်လေးကိုခေါက်ပြီး
ကော်ဖီ ပူပူ ထဲထည့်ပြီး မွှေလိုက်တာဟာ ..

ကိုယ်သောက်မဲ့ ကော်ဖီကို 
ကိုယ့်ဘာသာကိုယ် ပြန်ပြီး
အဆိပ်ခတ်လိုက်တာနဲ့ အတူတူပါဘဲ ..

တစ်ခါနှစ်ခါ က ကိစ္စမရှိပေမယ့် အဲဒီလိုမျိုး 
မကြာခဏ လုပ်မိနေရင် ဘာဖြစ်လာနိုင်လည်းဆိုတာ 
တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်..

ကိုယ်သောက်မယ့် ကော်ဖီခွက်ထဲကို 
အဆိပ်ထည့်ပြီးသောက်လိုက်ဖို့ 
ကိုယ်တိုင်ကိုယ်ကျ ဖန်တီးထားတဲ့
ကော်ဖီတစ်ခွက် အဖြစ်တော့ 
မှားယွင်းစီမံ မဖန်တီးမိပါစေနဲ့ ...။ ။

အားလုံး ကော်ဖီသောက်ရင်း
အလွယ်မလုပ်မိကြပါစေနဲ့..
ဒါ သင့်ကျန်းမာရေးအတွက်မို့ပါ..

အားလုံးကို အစဉ်လေးစားလျှက်..

မိုးမင်း(ကောင်းကင်)

Credit- ခံစားမှုသံစဉ်

http://blackroze-blackrose.blogspot.com
ချုံခိုတိုက်ခိုက်သူများ (သို့) ကင်ဆာ (၂) မှ 
ကောက်နုတ်ဖေါ်ပြပါသည်....
- Coffee Mix ကို
အဆိပ်ခတ် မသောက်ချင်ကြပါနဲ့..
Coffee Mix ဖျော်ဖို့ ဇွန်းမရှိရင်
ဒါမျိုး လွယ်လွယ် မလုပ်လိုက်ပါနဲ့..
...
တစ်ချို့သော ပစ္စည်းတွေက
အပူနဲ့တွေ့ဆုံဓါတ်ပြုလိုက်တဲ့အခါ
ကင်ဆာ ဖြစ်စေတတ်တဲ့ Chemical တွေ
ဖြစ်လာတတ်ပါတယ်..
Coffee Mix သောက်တဲ့ အခါ Coffee mix ကိုထည့်
ပြီးရင် ရေနွေးထည့်...မွှေဖျော်လိုက်ရုံပါဘဲ..
တကယ့် လွယ်လွယ်လေးပါ..
ခက်တာက မွှေစရာဇွန်းက အဆင်သင့် မရှိချိန်...
ဒီ အခါမျိုးဆို Coffee mix အိတ်လေးကို
သေးသေးလေးခေါက်ပြီး
တုတ်တံလေးအဖြစ် အသုံးပြု ပြီးမွှေတတ်ပါတယ်..
ဒါကိုသတိထားရမှာပါ..
အဲဒီလို ready made စားသောက်စရာတွေကို
ထုပ်ပိုးဖို့လုပ်ထားတဲ့ အိတ်တွေမှာ
formaldehyde(ဖေါမယ်လ်ဒီဟိုက် ) လို့ခေါ်တဲ့
organic compound ပါဝင်နေပါတယ်...
အဲဒီ formaldehyde က
ကင်ဆာကိုဖြစ်စေတတ်ပါတယ်..
အဲဒီဓါတ်ပါဝင်တဲ့ အိတ်လေးကိုခေါက်ပြီး
ကော်ဖီ ပူပူ ထဲထည့်ပြီး မွှေလိုက်တာဟာ ..
ကိုယ်သောက်မဲ့ ကော်ဖီကို
ကိုယ့်ဘာသာကိုယ် ပြန်ပြီး
အဆိပ်ခတ်လိုက်တာနဲ့ အတူတူပါဘဲ ..
တစ်ခါနှစ်ခါ က ကိစ္စမရှိပေမယ့် အဲဒီလိုမျိုး
မကြာခဏ လုပ်မိနေရင် ဘာဖြစ်လာနိုင်လည်းဆိုတာ
တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်..
ကိုယ်သောက်မယ့် ကော်ဖီခွက်ထဲကို
အဆိပ်ထည့်ပြီးသောက်လိုက်ဖို့
ကိုယ်တိုင်ကိုယ်ကျ ဖန်တီးထားတဲ့
ကော်ဖီတစ်ခွက် အဖြစ်တော့
မှားယွင်းစီမံ မဖန်တီးမိပါစေနဲ့ ...။ ။
အားလုံး ကော်ဖီသောက်ရင်း
အလွယ်မလုပ်မိကြပါစေနဲ့..
ဒါ သင့်ကျန်းမာရေးအတွက်မို့ပါ..
အားလုံးကို အစဉ်လေးစားလျှက်..
မိုးမင်း(ကောင်းကင်)
Credit- ခံစားမှုသံစဉ်
http://blackroze-blackrose.blogspot.com
ချုံခိုတိုက်ခိုက်သူများ (သို့) ကင်ဆာ (၂) မှ
ကောက်နုတ်ဖေါ်ပြပါသည်....

Monday, January 5, 2015

မြန်မာတပြည်လုံးသိအောင်များများရှယ်ပေးကြပါ





မြန်မာတပြည်လုံး သိသွားအောင် များများ ရှယ်ပေးကြပါ။
ပဲခူးတံတားပေါ်မှာ ပိုက်ဆံတောင်းစားနေရရှာတဲ့ တော်လှန်ရေးရဲဘော်ကြီး သခင်လှကြိုင် (၁)
ပဲခူးတံတားပေါ်မှာ ပိုက်ဆံတောင...်းစားနေတဲ့ အဖိုးကြီးတစ်ယောက်ကို အင်တာသွားဗျူးတာလေး တင်ပေးလိုက်ပါတယ်။
မေး။ ။အဘနံမည်ဘယ်လို ခေါ်ပါသလဲ?အသက်ဘယ်လောက်ရှိပြီလဲ ?
ဖြေ။ ။သခင်လှကြိုင်ပါ။အသက်က ၉၃ နှစ်ကွဲ့။
မေး။ ။အဘကစစ်မှု့ထမ်းဟောင်းလား?
ဖြေ။ ။တော်လှန်ရေးရဲဘော်ပါ။ဗိုလ်ရန်နိုင်ရဲ့ တစ်ပည့်ပါ။
မေး။ ။ဘယ်မှာနေလဲ ?ဘယ်သူနဲ့နေလဲ?
ဖြေ။ ။အိုးလေးစုထဲမှာနေတယ်။မုဆိုးမသမီးနဲ့ မြေးနဲ့နေပါတယ်။
မေး။ ။ဘာလို့ပိုက်ဆံတောင်းတာလဲ?ဘယ်လောက်ကြာပြီလဲ?
ဖြေ။ ။အဆင်မပြေလို့ပါ။ တစ်နှစ်လောက်ရှိပြီ။
မေး။ ။နိုင်ငံတော်က မထောက်ပံဘူးလား?။ မော်ကွန်းဝင်လက်မှတ်တွေ ဘာတွေ မရှိဘူးလား?
ဖြေ။ ။မထောက်ပံပါဘူး။ဦးနေ၀င်း ပေးခဲ့တဲ့ ဂုဏ်ပြုလွှာတော့ရှိပါတယ်။
မေး။ ။မျက်စီတစ်လုံးက ဘာဖြစ်တာလဲ?။
ဖြေ။ ။မမြင်ရတော့ဘူး။
မေး။ ။တစ်နေ့ဘယ်လောက်ရလဲ?။
ဖြေ။ ။သုံးထောင်လောက်ရပါတယ်ကွယ်။
ကြည်လင်း အား ကျေးဇူးတင်သည်။
‪#‎iLoveMyanmar‬ ‪#‎Myanmar‬ ‪#‎iLoveMM‬ ‪#‎WeLoveMyanmar