:include data='blog' name='google-analytics'/>

Thursday, November 6, 2014

ဝိုက်ချလား မောက်ချလား

ဝိုက်ချလား မောက်ချလား
Friday, October 24, 2014
Written by မောင်ခင်မင် (ဓနုဖြူ)

တစ်နေ့တွင် တူတော်မောင်က သူ့မိတ်ဆွေ တစ်ယောက်ကို ခေါ်လာသည်။ သူ့အရွယ် လူငယ်တစ် ယောက်ဖြစ်သည်။ ကျွန်တော်နှင့် မိတ်ဆက်ပေးပြီး “သူက ကွန်ပျူတာသုံး မြန်မာစာစနစ်ကို လေ့လာ နေတာပါ။ မြန်မာစာလုံးတွေရေးပုံနဲ့ ပတ်သက်ပြီး ဦးကို မေးချင်တာတွေ ရှိတယ်ပြောလို့ ခေါ်လာတာပါ ဦး” ဟု ရှင်းပြသည်။

“ဝမ်းသာပါတယ်ကွယ်။ ကွန်ပျူတာသုံးမြန်မာစာ စနစ်ကို အကောင်အထည်ဖော်နေတဲ့ လူငယ်တချို့ နဲ့ မြန်မာစာအရေးအသား စနစ်အကြောင်း ဆရာဆွေးနွေးဖူးပါတယ်။ မြန်မာအက္ခရာတွေ ရေးပုံသားပုံ တစ်ပြေးညီဖြစ်ဖို့ သူတို့ကြိုးစားနေတာ သိလိုက်ရတယ်။ အခု . . . .သားကဘာများ မေးချင်တာပါလိမ့်”

“ဟုတ်ကဲ့ဆရာ။ ကျွန်တော်လည်း ဆရာပြောသလို အက္ခရာရေးပုံတွေကို တော်တော်လေ့လာပြီးပါပြီ။ အခုကျွန်တော့်စိတ်ထဲမှာ သိပ်မရှင်းသေးတာက ရေးချနှစ်မျိုးသုံးပုံပါ ဆရာ”

“သြော် . . . ဝိုက်ချနဲ့ မောက်ချသုံးပုံကို ပြောတာထင်တယ်”

“ဟုတ်ပါတယ် ဆရာ။ မြန်မာဗျည်းတွေထဲက ခ၊ ဂ၊ င၊ ဒ၊ ပ၊ ဝ ဆိုတဲ့ဗျည်းခြောက်လုံးကို ရေးချရင်ဝိုက် ချမသုံးရဘူး။ မောက်ချပဲ သုံးရတယ်ဆိုတဲ့ စည်းကမ်းချက်ကို ကျွန်တော်သိထားပါတယ်”

“အဲဒီဗျည်းတွေကို ဘာဖြစ်လို့ဝိုက်ချနဲ့မရေးရတာလဲ သိမှာပေါ့နော်”

“သိပါတယ်ဆရာ။ အဲဒီဗျည်းတွေကို ဝိုက်ချနဲ့ရေးရင် တခြားဗျည်းတွေနဲ့ ဆင်တူယိုးမှားဖြစ်နိုင်လို့ပါ။ ခ ကိုဝိုက်ချနဲ့ရေးရင် ဆနဲ့မှားနိုင်ပါတယ်။ အဲဒီလိုပဲ၊ ဂကို ဝိုက်ချရင် ကနဲ့တူပါတယ်။ ငကိုဝိုက်ချရင်လည်း ကနဲ့တူတာပါပဲ။ ဒ ကို ဝိုက်ချရင် အ၊ ပ ဝိုက်ချရင် ဟ၊ ဝ ကိုဝိုက်ချရင် တနဲ့မှားနိုင်ပါတယ်ဆရာ”

“ဟုတ်ပါပြီ။ အဲဒါကဝိုက်ချနဲ့မရေးရတဲ့အကြောင်းအရင်းပေါ့။ မောက်ချနဲ့ရေးရင်တော့ တခြား စာလုံး တွေနဲ့ မမှားနိုင်ဘူးပေါ့ကွယ်။ ကဲ . . . .မောက်ချနဲ့ ရေးပြစမ်းပါ”

ကျွန်တော့်က စာရွက်တစ်ရွက်ပေးလိုက်သည်။ သူကဤသို့ရေးပြပါသည်။ ‘ခါ၊ ဂါ၊ ငါ၊ ဒါ၊ ပါ၊ ဝါ’

“ဟုတ်တာပေါ့။ မောက်ချနဲ့ရေးတော့ ဝိုက်ချလို မမှားနိုင်ဘူးပေါ့။ ဒါထက် . . . ဝိုက်ချ၊ မောက်ချဆိုတဲ့ အဓိပ္ပာယ်တွေရော သားသိတယ်မဟုတ်လား”

“သိပါတယ်ဆရာ။ ရေးချကိုရေးတဲ့အခါ ဝိုက်ဝိုက်ကလေးချလို့ ဝိုက်ချ၊ အပေါ်က မောက်မောက် က လေးမိုးပြီးချလို့ မောက်ချ လို့ခေါ်တာပါ”

“သားပြောပြတာ တော်တော်သရုပ်ပေါ်သွားပြီ။ ဒါဆိုရင်သားသိပ်မရှင်းသေးဘူးဆိုတာ ဘယ်အပိုင်းပါ လိမ့်”

“အဲဒီဗျည်းခြောက်လုံးကို တစ်လုံးချင်းရေးရင် မောက်ချနဲ့ရေးရတာတော့ သိပါပြီ။ အဲဒီဗျည်းတွေကို ယပင့်တို့ ရရစ်တို့ဝဆွဲတို့ တွဲနေရင်ကောဝိုင်ချနဲ့ ရေးရမှာလား၊ မောက်ချနဲ့ရေးရမှာလားဆိုတာ စိတ်ထဲ မှာ သိပ်မသဲ ကွဲဘူးဆရာ”

“ဟုတ်ပြီ။ သားပြောသလို ယပင့်၊ ရရစ်၊ ဝဆွဲတွေတွဲနေတာကို ဗျည်းတွဲလို့ ခေါ်တာပေါ့။ ကဲ-နမူနာအနေနဲ့ ခ ဗျည်းကိုအဲဒါတွေတွဲပြီး ရေးကြည့်စမ်းပါ။

“ဟုတ်ကဲ့။ ခ ကို အဲဒါတွေတွဲရေးရင် ချ၊ ခြ၊ ခွ ဖြစ်လာပါတယ်” သူကပြောရင်း ရေးပြသည်။

“အဲဒီဗျည်းတွဲတွေကို ဝိုက်ချနဲ့ရေးရမလား မောက်ချနဲ့ရေးရမလားဆိုတာ မစဉ်းစားခင် သားကို တစ်ခု မေးရ ဦးမယ်။ ဒီပြင့် ဗျည်းတွေကိုဝိုက်ချနဲ့ရေးလျက်သားနဲ့ အဲဒီဗျည်းခြောက်လုံးကိုမှ မောက်ချနဲ့ရေးရ တာ ဘာကြောင့်လဲသား”

“ဒီ့ပြင်စာလုံးတွေနဲ့ ဆင်တူယိုးမှားဖြစ်မှာစိုးလို့ပါ ဆရာ”

“နောက်တစ်ခုမေးဦးမယ်။ အဲဒီဗျည်းခြောက်လုံးမဟုတ်တဲ့ ကျန်တဲ့ဗျည်းတွေကိုကျတော့ ဘာဖြစ်လို့ မောက်ချနဲ့ မရေးတာလဲ”

“ဝိုက်ချနဲ့ရေးပေမယ့် တခြားစာလုံးနဲ့ ဆင်တူယိုးမှားမဖြစ်တဲ့အတွက် မောက်ချနဲ့ ပြောင်းရေးစရာမလို လို့ပါဆရာ။ ကျွန်တော်အဲဒီလိုထင်ပါတယ်”

“ဒီလိုဆိုရင် တခြားစာလုံးနဲ့ ဆင်တူယိုးမှားမဖြစ်တဲ့အတွက် မောက်ချနဲ့ ပြောင်းရေးစရာမလိုလို့ပါ ဆရာ။ ကျွန်တော်အဲဒီလိုထင်ပါတယ်”

“ဒီလိုဆိုရင် တခြားစာလုံးနဲ့ ဆင်တူယိုးမှားမဖြစ်ရင် ဝိုက်ချနဲ့ရေးပြီး ဆင်တူယိုးမှားဖြစ်မှ မောက်ချ နဲ့ ပြောင်းရေးတယ်လို့ ဆိုရမှာပေါ့”

“ဟုတ်ပါတယ် ဆရာ”

“ကဲ - ခုနသားရေးထားတဲ့ ‘ချ၊ ခြ၊ ခွ’ တွေကိုဝိုက်ချနဲ့ရေးရင် တခြားစာလုံးနဲ့ ဆင်တူယိုးမှားဖြစ်စရာရှိမ လား”

“မရှိပါဘူးဆရာ။ ကျွန်တော်ရေးပြပါမယ်။ ‘ချာ၊ ခြာ၊ ခွာ’ ဖြစ်သွားပါတယ်”

“ကဲ-ရှင်းသွားအောင် ကျန်တဲ့ဗျည်းငါးလုံးကိုလည်း ယပင့်ရရစ်ဝဆွဲတွေတွဲပြီး ဝိုက်ချနဲ့ရေးကြည့်ပါဦး”

“ဟုတ်ကဲ့ပါ။ ‘ဂျာ၊ ဂြာ၊ ဂွာ၊ ငျာ၊ ငြာ၊ ငွာ၊ ဒျာ၊ ဒြာ၊ ဒွာ၊ ပျာ၊ ပြာ၊ ပွာ၊’ ဝ ကိုတော့ အဲဒါတွေတွဲလို့မရ ပါဘူး”

“ဟုတ်ပါပြီ။ သားအခုဝိုက်ချနဲ့ရေးထားတဲ့ဗျည်းတွဲတွေဟာ တခြားစာလုံးတွေနဲ့ ဆင်တူယိုးမှားဖြစ်နိုင် သလား”

“အင်း . . . . မဖြစ်နိုင်ပါဘူးဆရာ”

“ဒါဆိုရင် မောက်ချနဲ့ပြောင်းရေးစရာမလိုဘူးပေါ့”

“ဟုတ်ကဲ့။ ဒါတော့ရှင်းသွားပါပြီ။ အဲဒီဗျည်းတွေနဲ့ တခြားဗျည်းတွေ နှစ်လုံးဆင့်ရေးတာမျိုးလည်း ရှိပါ တယ်။ အဲဒီစာလုံးဆင့်တွေကိုရော ဝိုက်ချနဲ့ပဲရေးရမယ် ထင်တယ်နော်”

“သားပြောတဲ့ စာလုံးဆင့်တွေ ရေးကြည့်လိုက်လေ”

“ဟုတ်ကဲ့။ ကျွန်တော်လေ့လာမိသလောက်တော့ အဲဒီဗျည်းခြောက်လုံးထဲက ဂ၊ ဒ၊ ပ ဗျည်းသုံးလုံးကို တခြားဗျည်းပေါ်ကဆင့်ပြီး ရေးပါတယ်။

ဒီလိုပါ။ ‘ဂွ၊ ဂ္ဃ၊ ဒ္ဒ၊ ဒ္ဓ၊ ပ္ပ၊ ပ္ဖ’ ဟုရေးပြသည်။

“ဟုတ်ပြီ။ အဲဒီစာလုံးဆင့်တွေကို ဝိုက်ချနဲ့တွဲရေးကြည့်လေ”

“ဟုတ်ကဲ့ ရေးပါပြီ။ ဂွာ၊ ဂ္ဃာ၊ ဒ္ဒာ၊ ပ္ပာ၊ ပ္ဖာ အဲဒီစာလုံးတွေဖြစ်လာပါတယ် ဆရာ”

“အဲဒီလို ဝိုက်ချနဲ့ရေးရင် တခြားစာလုံးနဲ့ ဆင်တူယိုးမှားဖြစ်စရာရှိသလား”

“မရှိပါဘူးဆရာ”

“ဒါဆိုရင် စာလုံးဆင့်တွေကိုလည်း ဝိုက်ချနဲ့ပဲရေးရမယ်။ မောက်ချနဲ့ပြောင်းရေစရာ မလိုဘူးပေါ့”

“ဟုတ်ကဲ့ပါ”

“ကဲ . . . . ဒီလိုဆိုရင် အစအဆုံးပြန်ခြုံကြည့်ရအောင်၊ ခ၊ ဂ၊ င၊ ဒ၊ ပ၊ ဝ ဆိုတဲ့ ဗျည်းခြောက်လုံးကို တစ်လုံး ချင်းရေးရင်တော့ မောက်ချနဲ့ရေးရမယ်။ အဲဒီဗျည်းတွေကို ယပင့်၊ ရရစ်၊ ဝဆွဲတွဲတဲ့ ဗျည်းတွဲ တွေဖြစ်နေ ရင်တော့ ဝိုက်ချနဲ့ပဲရေးရမယ်။ အဲဒီစာလုံးတွေပါတဲ့ စာလုံးဆင့်တွေကိုလည်း ဝိုင်ချနဲ့ပဲရေး မယ်ဆိုတဲ့ ဥပဒေသတွေထွက်လာတာပေါ့ကွယ်။ ပြီးတော့ဝိုက်ချက ဗျည်းအများစုနဲ့ သုံးရတာမို့မောက် ချထက် အရင်းခံကျတယ်လို့ ဆိုရမှာပေါ့”

“ရှင်းပါပြီဆရာ။ ဒီလိုဆိုရင် ဒီဥပဒေသဟာ ရေးချပါတဲ့ သဝေထိုးရေးချ (ေ-ာ) နဲ့ သဝေထိုးရေးချရှေ့ ထိုး (ေ-ါ်) ဆိုတဲ့ စာလုံးတွေနဲ့လည်း အကျုံးဝင်တာပေါ့နော်”

“ဒါပေါ့။ တစ်လုံးချင်းဆိုရင် ‘ဒါ၊ ဂါ၊ ငါ၊ ပါ၊ ဝါ’ လိုပဲ ‘ခေါ၊ ဂေါ၊ ဝေါ်’ ရောမောက်ချနဲ့ရေးပြီး ကျန်တဲ့ဗျည်း တွေ ကိုတော့ ဝိုက်ချနဲ့ပဲရေးရမယ်လို့ မှတ်နိုင်တာပေါ့”

“ကျွန်တော်မရှင်းတဲ့အချက်တွေထဲမှာ စာလုံးတချို့ရေးပုံပါပါတယ်ဆရာ”

“ဘာတွေပါလိမ့်”

“ဒီဥပဒေသအရ ဒ ပါတဲ့ဗျည်းတွေနဲ့ စာလုံးဆင့်ဆိုရင် ဝိုက်ချနဲ့ပဲရေးရမယ်မဟုတ်လား ဆရာ”

“ဟုတ်တယ်လေ”

“ဒါပေမယ့် ဒွာရတို့ သဒ္ဒါကျမ်းတို့ သဒ္ဓါတရားတို့ကို အခုလိုမောက်ချတွေနဲ့ ရေးတာရော၊ ပုံနှိပ်စာလုံး ရော၊ ကွန်ပျူတာစာလုံးရော တွေ့နေရပါတယ်ဆရာ၊ တကယ်တော့ အဲဒီစာလုံးတွေကို ဝိုက်ချနဲ့ရေးရ မှာပေါ့” သူကပြောရင်း ရေးပြသည်။

“ဟုတ်ပါတယ်။ အဲဒီစာလုံးတွေကိုမောက်ချနဲ့ အစဉ်အဆက်ရေးလာကြတယ်ဆိုတော့ မှန်တယ်ထင် ကြတာပေါ့။ တကယ်တော့ ဒွာရ သဒ္ဒာကျမ်း၊ သဒ္ဓာတရားလို့ ဝိုက်ချနဲ့ရေးမှ ဒီဥပဒေသနဲ့ ညီညွတ်မှာ ပါ။ ဆရာသိသလောက်က မြန်မာစာအဖွဲ့ကလည်း အဲဒီလိုရေးတာကို လက်ခံပါတယ်”

“ကွန်ပျူတာသုံး မြန်မာစာအနေနဲ့ စနစ်တစ်ခုကို တစ်ပြေးညီသုံးဖို့ လိုအပ်ပါတယ်ဆရာ။ ဒီလိုဆိုရင် အဲဒီစာလုံးတွေ ရေးပုံကိုလည်းအသုံးဝင်အောင် ကြိုးစားရမှာပေါ့နော် ဆရာ”

“ဟုတ်ပါတယ်။ သတိထားပြီးရေးရင် ညီသွားမှာပါပဲ”

“နောက်တစ်ခုက မောက်ချနဲ့ ပြောင်းရေးစရာမလိုတဲ့ စာလုံးတွေကိုလည်း မောက်ချနဲ့မရေးမှ တစ်ပြေး ညီဖြစ်မှာပါ ဆရာ”

“အင်-သတိထားမိသလောက် ‘ဓား’ တို့ ‘ဖား’ တို့လိုမောက်ချနဲ့ရေးတာမျိုးတွေရှိနေတယ်။ ‘ဓား၊ ဖား’ လို့ရေးမှ တစ်ပြေးညီဖြစ်မှာပေါ့။ အသုံးတွင်လာအောင် ပြင်စရာရှိတာ ပြင်ရေးရမှာပေါ့ကွယ်”

“ကျေးဇူးတင်ပါတယ် ဆရာ”။ ။


မြန်မာ့အလင်းသတင်းစာ
စက်တင်ဘာ (၂၈) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

Sunday, November 2, 2014

အသည်း ကျန်းမာရေး ထိခိုက်စေမည့် အလေ့အထများ

အသည်း ကျန်းမာရေး ထိခိုက်စေမည့် အလေ့အထများ 

၁။ အအိပ်နောက်ကျခြင်း၊ အထ နောက်ကျခြင်း 
၂။ မနက်တွင် ဆီးမသွားခြင်း

၃။ အစား အလွန်အကျွံစားခြင်း
၎။ မနက်စာ မစားပဲနေခြင်း 

၅။ ဆေးဝါးများ အလွန်အကျွံမှီဝဲ အသုံးပြုခြင်း (ဥပမာ အားဆေးများ) 
၆။ မသန့်သော ဆီများဖြင့် ချက်၊ကျော်သော အစားအစာများ စားခြင်း

၇။ ကြာရှည်ခံအောင် ထားသော အစားအစာများ၊ အရောင်စိုး အစားအစာများ အစညးများခြင်း 
၈။ သာမန်ထက်မီးအပူပေး၊ အချက်လွန်သော မီးတူးအစားအစာများ စားသုံးခြင်း 

၉။ အရက်သောက်သုံးခြင်း

အစရှိတဲ့ မှားယွင်းတဲ့ စားသုံးနေထိုင်မှု အလေ့အထများက မိမိရဲ့ အသည်းကို ရောဂါများ ရရှိအောင် တွန်းပို့နေခြင်းပဲ ဖြစ်ပါတယ်။ 

Ref: healthcare
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

#aungkham_yyl
#health_yyl
.

အသည်း ကျန်းမာရေး ထိခိုက်စေမည့် အလေ့အထများ
၁။ အအိပ်နောက်ကျခြင်း၊ အထ နောက်ကျခြင်း
၂။ မနက်တွင် ဆီးမသွားခြင်း

၃။ အစား အလွန်အကျွံစားခြင်း
၎။ မနက်စာ မစားပဲနေခြင်း
၅။ ဆေးဝါးများ အလွန်အကျွံမှီဝဲ အသုံးပြုခြင်း (ဥပမာ အားဆေးများ)
၆။ မသန့်သော ဆီများဖြင့် ချက်၊ကျော်သော အစားအစာများ စားခြင်း
၇။ ကြာရှည်ခံအောင် ထားသော အစားအစာများ၊ အရောင်စိုး အစားအစာများ အစားများခြင်း
၈။ သာမန်ထက်မီးအပူပေး၊ အချက်လွန်သော မီးတူးအစားအစာများ စားသုံးခြင်း
၉။ အရက်သောက်သုံးခြင်း
အစရှိတဲ့ မှားယွင်းတဲ့ စားသုံးနေထိုင်မှု အလေ့အထများက မိမိရဲ့ အသည်းကို ရောဂါများ ရရှိအောင် တွန်းပို့နေခြင်းပဲ ဖြစ်ပါတယ်။
Ref: healthcare
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

Thursday, October 30, 2014

ကြွေပုပ်

copy from  Khin Mg Winn`s FB

ကြွေပုပ်
ကျနော့်ထံ ဆီးကျောက်တည်လို့
လူးလှိမ့် အော်ဟစ်ပြီးရောက်လာ
ရင် ပုံတွင်ပြထားတဲ့ ပင်လယ်...
ကမ်းစပ်တွေမှာ အလွယ်တကူရ
နိုင်တဲ့ကြွေပုပ် ကိုဆန်ဆေးရေနဲ့
ရောပြီး ကောက်ပြင်ပေါ်တင်သွေး
လူးလိုက်ရင် ကောင်းသွားပါတယ်

ကျောက်တည်တဲ့လူနာတွေကိုတော့ မြန်မာဆေးတွေဘဲညွှန်းပါ
တယ် တခါမှခွဲစိပ်ဆရာထံ မလွှဲဘူး
သေးပါ။
ဈေးပေါပါတယ် လူနာအတွက်လဲ ထိရောက်ပါတယ်
လူနာတွေကဘဲပြန်သင်ပေးခဲ့တဲ့
နည်းလမ်းတွေပါ။
မုဆိုး စိုင်သင်ဆိုသလိုပေါ့
ယုံကြည်မယ်ဆို စမ်းသတ်ကြည့်ပါ။



ဖွတ်ကျားဟု ခေါ်ရသည့် အကြောင်းအရင်း



ကျွန်တော်တို့ မြန်မာအချင်းအချင်း တစ်ယောက်ကို တစ်ယောက် စနောက်တဲ့အခါ ဖွတ်ကျားနဲ့ နှိုင်းလေ့ ရှိတာကို သိကြမှာပါ။ ဖွတ်နဲ့ နှိုင်းရခြင်း အကြောင်း ကလည်း ညံ့ဖျင်းမှု၊ ထုံအမှု တို့ကို ရည်ညွန်းခြင်း ဖြစ်ပါတယ်။ ဒီတော့ ဖွတ်ကျားလို့ ခေါ်ဖြစ်ပုံလေးကတော့ ဒီလိုပါတဲ့။
မြန်မာတို့ဟာ ရှေးအခါတွေကတည်းက တောရွာတွေမှာ ဖွတ်တွေကို အမဲလိုက် ဖမ်းယူလေ့ရှိပါတယ်။ အမှန်တော့ ဖွတ်တွေဟာ အတော်လေး မြန်ပါတယ်။ သာမန်လူ တစ်ယောက် လိုက်ပြေးပြီး ဖမ်းလို့ မလွယ်ပါဘူး။ ဒါပေမယ့် မိပါတယ်။ ...အကြောင်းကတော့ ယင်းဖွတ်ဟာ ပြေးနေရင်းနဲ့ သူ ဘာကြောင့် ပြေးတယ်ဆိုတာကို  မေ့သွားပါတယ်။ နောက်တော့ ပြန်သတိရလာပြီး ပြန်လိုက်လာပြီ ဆိုမှ ပြန်ပြေး ပါတယ်။ ဒီတော့ ရပ်လိုက် ပြေးလိုက်နဲ့ လူတွေလက်ထဲကို အလွယ်တကူ ရောက်ပါတယ်။ များသော အားဖြင့် ကိုယ်ခန္ဓာမှာ အဆင်းကျား ပါတဲ့ ဖွတ်များ ဖြစ်ပါတယ်။
ဒါကြောင့်မို့ မှတ်ဥာဏ် နည်းသူ၊ အမှတ်မရှိပဲ အမှား အကြိမ်ကြိမ်လုပ်သူ၊ ထုံသူ၊ အသူ တို့ကို ဖွတ်ကျားနဲ့ နှိုင်းပြီး စနောက် ပြောဆိုခြင်း ဖြစ်ကြောင်း ဆိုကြ ပါတယ်။
.
တစ်ဆင့်စကား တစ်ဆင့်ကြား၍ မျှဝေသည်...
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

ဖွတ်ကျားဟု ခေါ်ရသည့် အကြောင်းအရင်း 

ကျွန်တော်တို့ မြန်မာအချင်းအချင်း တစ်ယောက်ကို တစ်ယောက် စနောက်တဲ့အခါ ဖွတ်ကျားနဲ့ နှိုင်းလေ့ ရှိတာကို သိကြမှာပါ။ ဖွတ်နဲ့ နှိုင်းရခြင်း အကြောင်း ကလည်း ညံ့ဖျင်းမှု၊ ထုံအမှု တို့ကို ရည်ညွန်းခြင်း ဖြစ်ပါတယ်။ ဒီတော့ ဖွတ်ကျားလို့ ခေါ်ဖြစ်ပုံလေးကတော့ ဒီလိုပါတဲ့။ 

မြန်မာတို့ဟာ ရှေးအခါတွေကတည်းက တောရွာတွေမှာ ဖွတ်တွေကို အမဲလိုက် ဖမ်းယူလေ့ရှိပါတယ်။ အမှန်တော့ ဖွတ်တွေဟာ အတော်လေး မြန်ပါတယ်။ သာမန်လူ တစ်ယောက် လိုက်ပြေးပြီး ဖမ်းလို့ မလွယ်ပါဘူး။ ဒါပေမယ့် မိပါတယ်။ အကြောင်းကတော့ ယင်းဖွတ်ဟာ ပြေးနေရင်းနဲ့ သူ ဘာကြောင့် ပြေးတယ်ဆိုတာကို မေ့သွားတတ် လို့ ဖြစ်ပါတယ်။ များသော အားဖြင့် ကိုယ်ခန္ဓာမှာ အဆင်းကျား ပါတဲ့ ဖွတ်များ ဖြစ်ပါတယ်။ 

ယင်း ဖွတ်ကျားများဟာ လူတို့ လိုက်ဖမ်းတဲ့ အခါမှာ လျင်မြန်စွာ ပြေးပါတယ်။ ဒါပေမယ့် ပြေးလွှားနေရင်းနဲ့ သူတို့ဟာ ဘာကြောင့် ပြေးနေတယ် ဆိုတာကို မေ့သွားပါတယ်။ နောက်တော့ ပြန်သတိရလာပြီး ပြန်လိုက်လာပြီ ဆိုမှ ပြန်ပြေးပါတယ်။ ဒီတော့ ရပ်လိုက် ပြေးလိုက်နဲ့ လူတွေလက်ထဲကို အလွယ်တကူ ရောက်ပါတယ်။ 

ဒါကြောင့်မို့ မှတ်ဥာဏ် နည်းသူ၊ အမှတ်မရှိပဲ အမှား အကြိမ်ကြိမ်လုပ်သူ၊ ထုံသူ၊ အသူ တို့ကို ဖွတ်ကျားနဲ့ နှိုင်းပြီး စနောက် ပြောဆိုခြင်း ဖြစ်ကြောင်း ဆိုကြ ပါတယ်။
.
တစ်ဆင့်စကား တစ်ဆင့်ကြား၍ မျှဝေသည်... 

အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

#joke_yyl
#aungkham_yyl
.



Tuesday, October 28, 2014

ခရမ်းချဉ်သီးဖျော်ရည်၏ ကျန်းမာရေး အကျိုးကျေးဇူးများ

7 day daily

ခရမ်းချဉ်သီးတွင် ဗီတာမင်နှင့် သတ္တုဓာတ်များစွာ ပါဝင်သဖြင့် ခရမ်းချဉ်သီးဖျော်ရည်သောက်ခြင်းဖြင့် ရရှိနိုင်မည့် ကျန်းမာရေးအကျိုးကျေးဇူးများကို ဖော်ပြပေးလိုက်ပါသည်။

ခရမ်းချဉ်သီးဖျော်ရည်တွင် ဗီတာမင် A, K, B1, B2, B3, B5 နှင့် B6 တို့အပြင် သံဓာတ်၊ မဂ္ဂနီဆီယမ်နှင့် ဖော့စပရပ်စ်ဓာတ်တို့ကဲ့သို့ သတ္တုဓာတ်များလည်း ပါဝင်သည်။ ယင်းသတ္တုဓာတ်များနှင့် ဗီတာမင်တို့မှာ ကျန်းမာရေးအတွက်သာ အထူးကောင်းမွန်သည်မဟုတ်ဘဲ အသားအရေနှင့် ဆံကေသာအတွက်လည်း ကောင်းမွန်သည်။
ခရမ်းချဉ်သီးဖျော်ရည် သောက်မည်ဆိုပါက လတ်ဆတ်သော ခရမ်းချဉ်သီးများဖြင့် စီမံပြုလုပ်ရန် အရေးကြီးသည်။ ခရမ်းချဉ်သီးများနှင့် အနီရောင်ရှိသော အသီးများတွင် ပါဝင်သည့် ကင်ဆာရောဂါကာကွယ် ပေးသော ဓာတ်ပစ္စည်းတစ်မျိုးဖြစ်သည့် Lycopene ပါဝင်မှုကြောင့် ဆီးကျိတ်ကင်ဆာဖြစ်ပွားမှု အန္တရာယ်ကို လျှော့ချပေးနိုင်သည်။
ဝမ်းချုပ်ခြင်း၊ ၀မ်းလျှောခြင်းတို့ကဲ့သို့ အစာချေဖျက်မှုဆိုင်ရာ ပြဿနာများကိုလည်း ခရမ်းချဉ်သီးဖျော်ရည်သောက်ခြင်းဖြင့် သက်သာစေနိုင်ကြောင်း သိရသည်။ ခရမ်းချဉ်သီးဖျော်ရည်သောက်ပေးခြင်းဖြင့် သွေးထဲ၌ ကိုလက်စထရောပါဝင်မှုကို လျှော့ချရာတွင် အစွမ်းထက်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။ ခရမ်းချဉ်သီးတွင် ပါဝင်သော အမျှင်ဓာတ်ကြောင့် LDL ကိုလက်စထရောများကို လျှော့ချပေးနိုင်ပြီး ကိုလက်စထရောပါဝင်မှု မြင့်မားခြင်းကို တိုက်ဖျက်နိုင်သော ဗီတာမင်ဘီဒြပ်ပေါင်းများလည်း ခရမ်းချဉ်သီးတွင် ပါဝင်သည်။
ခရမ်းချဉ်သီးဖျော်ရည်တွင်ပါဝင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက ဆီးချိုရောဂါ၊ ပန်းနာရင်ကျပ်ရောဂါနှင့် နှလုံးရောဂါတို့ကဲ့သို့ ခန္ဓာကိုယ်ရောင်ရမ်းမှုကို ဖြစ်စေသော ရောဂါများကို တိုက်ဖျက်ရာတွင် အထောက်အကူပြုစေမည် ဖြစ်သည်။

Sunday, October 26, 2014

ဆေးကုခံယူခြင်းဆုံးဖြတ်ချက်မမှားရအောင်

ဆေးကုခံယူခြင်းဆုံးဖြတ်ချက်မမှားရအောင်

“ ဆရာဝန်နဲ့ ဆေးရုံ၊ ဆေးခန်း ဘယ်လိုရွေးချယ်ရမလဲ ”
နိုင်ငံ၏ ပြောင်းလဲလာသော ဈေးကွက်စီးပွားရေးနှင့်အညီ ပုဂ္ဂလိကဆေးခန်း၊ ဆေးရုံများ သည်လည်း အပြိုင်အဆိုင်ပေါ်ထွက်လာခဲ...့ပါသည်။ ငွေကြေးတတ်နိုင်သည့် ပြည်သူများအတွက် ရွေးချယ်စရာ တစ်ခု အနေဖြင့်သော်လည်းကောင်း၊ အစိုးရလစာဖြင့် မရပ်တည်နိုင်သည့် ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေး နှီးနွယ် ဝန်ထမ်းများအတွက် ဝင်ငွေရှာဖွေရန် နေရာအဖြစ်သော်လည်းကောင်း အရေးပါသည့်နေရာတစ်ခု အဖြစ် တည်ရှိနေပါသည်။
ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းသည် အခြားကုန်ပစ္စည်းများနှင့်မတူပါ။ အခြားကုန်ပစ္စည်းများ (ဥပမာ-အဝတ်အစား၊ စားစရာ စသည်) ဆိုပါက စားသုံးသူပြည်သူများမှ လှမလှ၊ တော်မတော်၊ Fitting ခန်း တွင် အစမ်းဝတ်ကြည့်၍ရသည်။ စားစရာကိုလည်း နဲနဲမှာစားပြီး မြည်းကြည့်လို့ရသည်။ အူအတတ်ရောင်ပြီး ဗိုက်ခွဲရမည့်လူနာ၊ Actue Myocardial Infarct ဟု ခေါ်သည့် Heart Attack (နှလုံးကြွက်သားပုပ်ခြင်း) လူနာ မှာ ဆေးခန်းတကာ လှည့်လည်ပြီး ဆရာဝန် တစ်ယောက်ပြီးတစ်ယောက် အစမ်းခွဲခိုင်း (Testing) သို့မဟုတ် ကုသခိုင်းရန် အခွင့်အရေးမရှိပါ။ အကောင်းဆုံးဟု ထင်မြင်ယူဆသည့်သူ၏ လက်ထဲသို့သာ မိမိ၏အသက်ကို ပုံအပ်လိုက်ရခြင်း ဖြစ်ပါသည်။
ဆေးကျောင်းသားများကို စာမေးပွဲစစ်ရင် ပြောနေကြစကားလုံးကို ပြန်ကောက်ရလျှင် “ ဆောရီး ဆရာကြီး ကျွန်တော်ဖြေတဲ့ အဖြေမှားသွားလို့ နောက်ပြန်ပြင်ပြီး ဖြေပါရစေ ” လို့ ကျောင်းသားမှ ပြောလာလျှင် “ မရတော့ဘူး တပည့်၊ မင်းပေးတဲ့ဆေးထိုးပြီး လူနာကတော့ ပြီးခဲ့တဲ့မိနစ်ကဘဲ ဘဝတစ်ပါး ကူးသွားပါပြီ ” ဆိုပြီး ပြောလေ့ရှိသည်။ ဆေးပညာနှင့်ပတ်သက်သည့် စာမေးပွဲ MCQ ဖြေဆိုရာတွင်လည်း အဖြေမှန်ပါက (+၁) မှတ်၊ မဖြေဘဲထားပါက (ဝ) မှတ် ဖြစ်ပြီး မှားယွင်းဖြေဆိုပါက (-၁) မှတ် နှုတ် ခံရပါသည်။ ဒါကလည်း မသိလျှင် မဖြေနိုင်အောင် ထိန်းချုပ်ထားခြင်းဖြစ်ပါသည်။ လူ့အသက်နှင့်ဆိုင်သောကြောင့် ရွှီးပြီး မဖြေနိုင်အောင် ဆောင်ရွက်ထားခြင်းဖြစ်ပါသည်။
လူနာများသည် မိမိတို့၏အသက်ကို မိမိတို့ယုံကြည်ရသည့် ဆရာဝန်၊ ဆရာမ၊ ဆေးရုံ၊ ဆေးခန်း များသို့ ဝကွက် အပ်နှံကြရပါသည်။ မိမိအပ်နှံလိုက်သည့် ဆရာဝန် တကယ် တတ်မတတ်၊ ဆေးရုံ၊ ဆေးခန်း ကောင်းမကောင်းကို လူနာရှင်မိသားစုများမှ အကဲဖြတ်နိုင်ရန် လုံလောက်သော ကျန်းမာရေးနှင့် ဆိုင်သည့် အသိပညာမရှိကြပါ။ အချင်းချင်းကြားဖူးနားဝ သော်လည်းကောင်း၊ ဆေးခန်းဝ၌ ချိတ်ထားသော ဘွဲ့များကို ကြည့်၍သော်လည်းကောင်း ရွေးချယ်ရပါသည်။ ဒီပလိုမာ၊ မာစတာ (M.Med.Sc) ဘွဲ့ရသူများသည် အထူးကုဆရာဝန်ဆိုပြီး တပ်ထားလေ့ရှိပါသည်။ ထိုသို့ ဘွဲ့လွန်ရထားသူများအားလုံးသည် နိုင်ငံတော်အစိုးရ ဆေးရုံများတွင် ရာထူးအရ သတ်မှတ်ထားသော အထူးကုဆရာဝန် (Consultant Physcian/ Surgeon/ OG/

-၂ -
Paediatrician) များ မဟုတ်ကြပါ။ ဒါကိုလည်း ပြည်သူများသိရှိရန် လိုအပ်ပါသည်။ ဆေးပညာဘွဲ့ရတစ်ယောက် အလုပ်စတင်ဝင်ရောက်ပါက လက်ထောက်ဆရာဝန် (Civil Assistant Surgeon) ၊ ဘွဲ့လွန် (M.Sc) ရပြီးပါကလည်း အထူးကု လက်ထောက်ဆရာဝန် (Specialist Civil Assistant Surgeon) (လစာမပြောင်းလဲပါ) ဆရာဝန်အဖြစ် Training ယူပြီး Consultant ဆရာကြီး/ ဆရာမကြီးတို့၏ ကြီးကြပ်မှုဖြင့် တာဝန်ထမ်းဆောင်ကြပါသည်။ ထိုအချိန်တွင် ပြည်ပ Membership စာမေးပွဲများကိုလည်း ဖြေဆိုကြပါ သည်။ ထိုသို့ လေ့လာသင်ယူပြီး နှစ်ကာလတစ်ခုသို့ ရောက်လာပြီးနောက် နေရာလွတ်ရှိပါက အထူးကု ဆရာဝန် (Consultant) အဆင့်သို့ ရာထူးတိုးတာဝန် ထမ်းဆောင်ကြရပါသည်။ ၄င်းမှတဆင့် ရာထူးတိုးပါက အထူးကုဆရာဝန်ကြီး (Senior Consultant) သို့ တိုးမြှင့်ခံထားရပါသည်။ ကျန်းမာရေးဦးစီးဌာနရှိ ကုသရေး အပိုင်းတွင် အထူးကုဆရာဝန်ကြီးအဆင့်မှာ ဆုံးပါသည်။
ဆေးသိပ္ပံပညာဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များတွင်မူ လက်ထောက်ကထိက၊ ကထိက၊ တွဲဘက်ပါမောက္ခ၊ ပါမောက္ခ ဆိုပြီး ရာထူးအဆင့်များရှိပါသည်။ လစာအရ အထူးကုဆရာဝန် (Consultant) မှာ ကထိကနှင့် တူညီပြီး အထူးကုဆရာဝန်ကြီး (Senior Consultant) မှာ တွဲဘက်ပါမောက္ခနှင့် တူညီပါသည်။ ဘွဲ့လွန်မာစတာရပြီး အထူးကု (Specialist)ဟု ဆိုရာတွင် အထူးကုလက်ထောက်ဆရာဝန် (Specialist Assistant)၊ အထူးကုဆရာဝန် (Consultant)၊ အထူးကုဆရာဝန်ကြီး (Senior Consultant) ဆိုသည့် ရာထူးများအပြင် သင်ကြားရေးအရ လက်ထောက်ကထိကမှ ပါမောက္ခအထိ အဆင့်ဆင့်ရှိပြီး အတွေ့အကြုံတာဝန်ယူမှု မတူညီကြကြောင်း သိထားရပါမည်။
ရန်ကုန်၊ မန္တလေး၊ မကွေးမြို့များတွင် ဆေးတက္ကသိုလ်များရှိပြီး သင်ကြားရေးဆေးရုံများတွင် ဆေးသိပ္ပံပညာဦးစီးဌာနမှ သင်ကြားရေးဆရာဝန်ကြီးများနှင့် ကျန်းမာရေးဦးစီးဌာနမှ ကုသရေး ဆရာဝန်ကြီးများ (၂)မျိုးစလုံးရှိကြပါသည်။ အဆိုပါဆေးရုံများတွင် ဝါ့ဒ်ပိုင် (Ward Incharge)ဟု ခေါ်ဆိုသည့် တာဝန်ခံ ဆရာဝန်ကြီးအဖြစ် ပါမောက္ခ (သို့မဟုတ်) တွဲဘက်ပါမောက္ခများက အများအားဖြင့် တာဝန်ယူကြပါသည်။ အခြားပြည်နယ်နှင့် တိုင်းဒေသကြီး၊ ခရိုင် ဆေးရုံများတွင် အထူးကုဆရာဝန်ကြီး (Senior Consultant) နှင့် အထူးကုဆရာဝန် (Consultant)များက ဝါ့ဒ်ပိုင် (Ward Incharge) တာဝန်ယူကြပါသည်။ မြို့နယ်နှင့် တိုက်နယ်ဆေးရုံများတွင် မြို့နယ်ဆရာဝန်နှင့် တိုက်နယ်ဆရာဝန်တို့မှ တာဝန်ယူပါသည်။
အစိုးရဆေးရုံများတွင် ဆေးကုသမှုပြုလုပ်ရာ ခွဲစိတ်ကုသမှုပြုလုပ်ရာတွင် ဝါ့ဒ်တာဝန်ခံ ဆရာဝန် (Ward Incharge) များက တာဝန်ခံရပါသည်။ ဝါ့ဒ်တာဝန်ခံဆရာဝန်ကြီး (ပါမောက္ခ/ တွဲဘက် ပါမောက္ခ/ ကထိက/ အထူးကုဆရာဝန်) ၏ ခွင့်ပြုချက် ကြီးကြပ်မှုဖြင့် အထူးကုလက်ထောက်ဆရာဝန် များ၊ ဘွဲ့လွန်တက်နေသည့် ဆရာဝန်များ၊ လက်ထောက်ဆရာဝန်များ၊ အလုပ်သင်ဆရာဝန်များမှ ကုသမှုအဝဝကို ဆောင်ရွက်ကြရပါသည်။ Ward ထဲတွင် (၂၄)နာရီပတ်လုံး သူနာပြု၊ အလုပ်သင်ဆရာဝန်များ၊ လက်ထောက်ဆရာဝန်၊ အထူးကုလက်ထောက်ဆရာဝန်များ ရှိနေပြီး အဆင့်ဆင့် တာဝန်ယူထား သောကြောင့် “ ဆရာဝန်၏ပေါ့ဆမှုကြောင့် လူနာသေဆုံးနိုင်ခြေ ” အနည်းဆုံးမှာရှိပါသည်။ လူနာတစ်ဦးအား ရောဂါရာဇဝင်
-၃-
မေးခြင်း၊ စမ်းသပ်ခြင်း၊ ပြန်လည်သုံးသပ်ခြင်းတို့မှာ တတိယနှစ်၊ နောက်ဆုံးနှစ် အပိုင်း(က)၊ နောက်ဆုံးနှစ် အပိုင်း (ခ)၊ ဘွဲ့လွန်ပထမနှစ်၊ ဘွဲ့လွန်ဒုတိယနှစ်၊ ဘွဲ့လွန်တတိယနှစ်၊ လက်ထောက်ဆရာဝန်၊ အထူးကု ဆရာဝန်၊ Consultant ၊ တွဲဘက်ပါမောက္ခ/ ပါမောက္ခ စသဖြင့် လူပေါင်းစုံ၊ မျက်စိပေါင်းစုံ၊ ဒေါင့်ပေါင်းစုံမှ စမ်းသပ်စစ်ဆေးနေသောကြောင့် တစ်ယောက်အမှားလုပ်မိလျှင် အခြားတစ်ဦးမှ မြင်နိုင်ပါသည်။ ထို့အပြင် ဆေးပညာသင်ကြားရေး ဆောင်ရွက်နေသောကြောင့် ခေတ်မှီကုထုံးများကိုလည်း အစဉ်တစိုက် ဆွေးနွေး သင်ကြားနေခြင်း၊ အပတ်စဉ် ပြန်လည်သုံးသပ်ဆွေးနွေးခြင်း၊ (၂၄)နာရီအတွင်း သေဆုံးသည့်လူနာအား ရင်ခွဲ စစ်ဆေးခြင်း (Post Mortern) ပြုလုပ်၍ ရောဂါအား Confirmation ပြုလုပ်ခြင်းတို့ကိုဆောင်ရွက်ကြပါသည်။
ပုဂ္ဂလိကဆေးရုံများ၏ အဓိကအားနည်းချက်မှာသူနာပြုနှင့် လက်ထောက်ဆရာဝန်များကိုသာ အချိန်ပြည့် ၀န်ထမ်းခန့်အပ်နိုင်ပြီးအစိုးရဆေးရုံများကဲ့သို့ အထူးကုလက်ထောက်ဆရာဝန် (Specialist CAS) နှင့် အထူးကုဆရာဝန် (Consultant) ခန့်အပ်နိုင်ခြင်းမရှိမှုသည် အဓိကအားနည်းချက်ဖြစ်ပါသည်။ နိုင်ငံတကာ အဆင့်မမှီနိုင်ခြင်းမှာလည်း ၄င်းအချက်ပင်ဖြစ်ပါသည်။ အထူးကုဆရာဝန်များ၊ ပါမောက္ခများမှာ အချိန်ပိုင်းသာ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများသို့ လာရောက်သည့် အတွက် လူနာအရေးကြီး သည့် အချိန်တွင် ထိရောက်သော အချိန်မှီကုသမှုကိုရရှိနိုင်မည်မဟုတ်ပါ။ ထို့အပြင် ပုဂ္ဂလိကဆေးရုံများတွင် အထူးကုဆရာဝန် တစ်ဦးဦးအား ပြသထားပါကထိုအထူးကုမရှိ၍ ကြုံသည့်အထူးကု (ဆေးရုံဆေးခန်းသို့ လူနာလာကြည့်ရင်းရောက်ရှိနေမည့် အထူးကု)သို့ ပြသရန်မှာလည်းပိုင်ရှင် (ကြည့်နေကျဆရာဝန်)စိတ်ဆိုးမှာလည်းကြောက်ရသည့်အတွက် မပြရဲဘဲ ငုတ်တုတ်ကြည့်နေရသည့် ပုဂ္ဂလိကဆေးရုံများရှိ လက်ထောက်ဆရာဝန်၊ သူနာပြုများမှာ လူနာရှင်များ ၏ အဆူအဆဲကိုသာ ခံနေကြရပါသည်။          ဆရာဝန်ကြီးများ အနေဖြင့်လည်းမနက် (၈း၃၀)နာရီ မှ ညနေ (၄း၃၀)နာရီအထိ အစိုးရဆေးရုံတွင် စာသင်၊ လူနာကြည့်၊ ခွဲစိတ်၊ အစည်းအဝေးတက် ညနေတွင်လည်း ဆေးခန်း(၂)ခု (၃)ခုထိုင်၊ ညဖက်တွင် မိုးချုပ်အထိခွဲစိတ်၊ မိုးမလင်းခင် Round လှည့် ဆောင်ရွက်နေရပါက Quality ထိန်းသိမ်းရန် ခက်ခဲပါသည်။ ယခုအခါ ယာဉ်ကြောပိတ်ဆို့မှု (Traffic) ကလည်း ဆိုးဝါးနေရာ ဆေးရုံ၊ ဆေးခန်းတစ်ခုမှ တစ်ခုသို့ ကူးရာတွင်လည်း အချိန်တစ်နာရီကျော် နှစ်နာရီနီးပါးကုန်နေပါသည်။ လူနာမှ အရေးပေါ်၍ ဖုံးဆက်ခေါ်ပါက ယာဉ်ကြောပိတ်ဆို့မှုကြောင့် လူနာများဆေးကုသမှုနောက်ကျ၍ မသေသင့်၊ မကြွေသင့်ပဲသေကြကြွေကြ ရပါသည်။



လူနာရှင်များမှ စဉ်းစားသင့်သည့်အချက်များမှာ -
- အရေးပေါ်အခြေအနေ (Emergency) ကိုကုသရမည်ဆိုပါက Emergency Team လုံလောက် စွာရှိသည့် အစိုးရဆေးရုံသို့သာသွားသင့်သည်။ အထူးသဖြင့် ညအချိန်မတော်ဖြစ်ပါကပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင် အထူးကုဆရာဝန် ဦးဆောင်သည့် Team ရှိမနေသည်ကိုသတိပြုရမည်။ ပုဂ္ဂလိက ဆေးရုံရှိ oncall ပေးထားသော အထူးကုဆရာဝန်မှာလည်း ဆေးရုံအနီးတွင်မရှိပါက အချိန် အတော်ကြာမှ ရောက်ရှိနိုင်မည် ဖြစ်ပါသည်။
-၄-
- ရဲနှင့် ဆိုင်သောအမှုအခင်းများ (ယာဉ်တိုက်မှု၊ ရန်ဖြစ်၊ ဆေးမှားသောက်၊ အဆိပ်သင့်၊ ကိုယ်ကိုယ် ကိုယ်သတ်သေ) လူနာများကိုအစိုးရဆေးရုံများမှသာလက်ခံကုသပါသည်။
- မိမိပြသမည့် အထူးကုဆရာဝန်ကြီးအား ရွေးချယ်မည်ဆိုပါက စားသောက်ဆိုင်ရွေးသကဲ့သို့ စားသောက်သူများသည် ဆိုင်မျိုးကိုမရွေးချယ်သင့်ပါ။ တစ်နေ့ လူနာ ၉၀-၁၀၀ ကြည့်သည့်
ဆရာဝန်ကြီးသည် စိတ်ရောကိုယ်ပါ နွမ်းနယ်နေသည့်အတွက် အမှားများနိုင်သည်။ Quality ကျနိုင် ပါသည်။ လူနာအရေအတွက် သင့်တင့်မျှတစွာရှိသည့် ဆရာဝန်ကိုသာ ရွေးချယ်ပြသသင့်ပါသည်။
- မိမိပြသမည့် အထူးကုဆရာဝန်ကြီးမအားပါက (သို့မဟုတ်) ခရီးသွားပါက တာဝန်ယူမည့် ဒုတိယ လူရှိမရှိ စုံးစမ်းထားသင့်ပါသည်။
- မိမိတက်ရောက်ကုသခံယူမည့် ပုဂ္ဂလိကဆေးရုံတွင် အရေးပေါ် အခြေအနေကုသမှုအဖွဲ့ EmergencyTeam) ရှိမရှိ။ အထူးကြပ်မတ်ကုသခန်း (Intensive Care Unit, Cadiac Care Unit, Neonatal Care Unit) ရှိမရှိ လေ့လာသင့်ပါသည်။



အထူးကုဆရာဝန်ကြီးများအားအကြံပြုတင်ပြလိုသည်မှာ -
- မိမိကုသမည့် လူနာအရေအတွက် ကန့်သတ်ထားခြင်းဖြင့် လူနာအပေါ်အချိန်ပိုပေးနိုင်ပြီး Quality Care ပိုမိုပေးနိုင်မည်ဖြစ်သည်။ မိမိနှင့် ပြသခွင့်မရသောလူနာများက အခြားအထူးကုဆရာဝန်သစ် များကို သွားရောက်ပြသဖြင့် ဂျူနီယာဆရာဝန်ငယ်များ၏ ချစ်ခင်လေးစားမှုကိုလည်း ပိုမိုရရှိမည် ဖြစ်သည်။
- အတွင်းလူနာထားရှိကုသမည်ဆိုပါက မိမိနေထိုင်ရာနေအိမ်နှင့်နီးသောပုဂ္ဂလိက ဆေးရုံတစ်ခု ကိုသာပုံသေရွေးချယ်ထားရှိသင့်ပါသည်။ သို့မှသာယာဉ်ကြောပိတ်ဆိုမှုကြောင့် ကားလမ်းပေါ်တွင် အချိန်ကုန်ခြင်းကိုရှောင်ရှားနိုင်မည်ဖြစ်ပါသည်။
- ပုဂ္ဂလိကဆေးရုံများတွင် အတွင်းလူနာထားရှိပါက Second Man (ဒုတိယလူ)အားထားရှိခြင်း၊ အစိုးရဆေးရုံများကဲ့သို့ First Assistant (ပထမလက်ထောက်ဆရာဝန်) ထားရှိခြင်းတို့ ဆောင်ရွက် သင့်ပါသည်။ မိမိနှင့်အတူ Team Work လိုက်ပါ ဆောင်ရွက်နေပါမှာသာမိမိမအားလပ်သည့်အခါ အဆိုပါ Team မှ ချက်ခြင်း Emergency response ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါသည်။



ကျန်းမာရေးဝန်ကြီးဌာနအားအကြံပြုတင်ပြလိုသည်မှာ-
- ကျန်းမာရေးဦးစီးဌာနမှ ဖွဲ့စည်းထားသောပုဂ္ဂလိကဆေးရုံ/ဆေးခန်း ကြီးကြပ်ရေးအဖွဲ့သည် လိုင်စင် ထုတ်ပေးသည့် တစ်ကြိမ်သာစစ်ဆေးလေ့ရှိပြီးပုံမှန်စစ်ဆေးနိုင်မှု ပြုလုပ်သင့်ပါသည်။
- ပုဂ္ဂလိကဆေးရုံများ၏ နေ့စဉ်ခွဲစိတ်မှု၊ ကလေးမွေးဖွားမှု၊ ဆေးရုံတက်ရောက်မှုအားပုံမှန် Report လုပ်ခိုင်းပေးသင့်ပါသည်။
- မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံဆေးပညာရှင်အသင်း၊ သားဖွားနှင့် သူနာပြုအသင်းများမှ ကိုယ်စားလှယ်များ ပါဝင်သည့် ပုဂ္ဂလိကဆေးရုံ/ ဆေးခန်းကြီးကြပ်ရေးအဖွဲ့
-၅-
အားဖွဲ့စည်းသင့်ပြီးလစဉ်ပုံမှန်စစ်ဆေးသင့်ပါသည်။
- ပုဂ္ဂလိကဆေးရုံများတွင် Emergency Team ဖွဲ့စည်းရေး ကြီးကြပ်ပေးသင့်ပါသည်။ လိုအပ်သည့် စက်ပစ္စည်းကိရိယာများ၊ သင်တန်းများ၊ Refresher Course များပေးသင့်ပါသည်။
- Referral System ကိုလည်းစနစ်တကျ ညှိနှိုင်းဆောင်ရွက်ပေးသင့်ပါသည်။
- အခြားနိုင်ငံများကဲ့သို့ ဆေးရုံ၊ ဆေးခန်းများအား Medical Audit ဆောင်ရွက်ပေးပြီး Standard Operation Procedure ကိုလိုက်နာခြင်းရှိမရှိ၊ ဆေးပညာကျင့်ဝတ် (Medical Ethic) နှင့် ညီမညီပုံမှန်စစ်ဆေးသင့်ပါသည်။
- ပုဂ္ဂလိကဆေးရုံဆေးခန်းများ၏ အဆင့်အတန်းအားစစ်ဆေး၍ အများပြည်သူသိရှိအောင် အဆင့် ထုတ်ပြန်ပေးသင့်ပါသည်။ သို့မှသာ ပြည်သူများအလွယ်တကူ ရွေးချယ်နိုင်မည်ဖြစ်ပါသည်။



ပုဂ္ဂလိကဆေးရုံဆေးခန်းများကိုအကြံပြုတင်ပြလိုသည်မှာ
- ပုဂ္ဂလိကဆေးရုံကြီးများတွင် အပတ်စဉ် Clinical Meeting, Motality Review များလုပ်သင့်ပြီး ပြင်ပမှ ဆရာဝန်ကြီးများ (MMA, MMC) ကိုဖိတ်ခေါ်ဆွေးနွေးသင့်ပါသည်။
- အရေးပေါ် ကုသမှုအဖွဲ့ (Emergency Team) အားစနစ်တကျ ဖွဲ့စည်းလေ့ကျင့်သင်ကြား ထားသင့်ပါသည်။
- Ward တိုင်းတွင် အထူးကုဆရာဝန် (Specialist A.S) တစ်ဦးအား ၂၄ နာရီ တာဝန်ပေးသင့်ပါသည်။ ညဖက်ဆေးရုံတွင် မအိပ်နိုင်ပါကဆေးရုံနှင့် အနီးအနားတွင် နေအိမ် စီစဉ်ပေးသင့်ပါသည်။
- နိုင်ငံတကာအဆင့်မှီဆေးရုံဟုအောက်ပါ Unit များစနစ်တကျဖွဲ့စည်းထားရှိပြီးလားဟု သုံးသပ်သင့် ပါသည်။
(က) Wand တိုင်းတွင် Emergency Care အတွက် လူနှင့် စက်ပစ္စည်းရှိပြီးလား။
(ခ) ခွဲစိတ်ခန်းထားပြီဆိုလျှင် အထူးကြပ်မတ်ကုသမှုဌာန (Intensive Care Unit)ရှိပြီးလား။ (၂၄ နာရီကောအလုပ်လုပ်နိုင်ရဲ့လား)
(ဂ) မွေးခန်းထားရှိသည့် ပုဂ္ဂလိကဆေးရုံကြီးများတွင် မွေးကင်းစခလေးစောင့်ရှောက်ရေးဌာန (Neonatal Care Unit) ရှိပြီလား
(ဃ) နှလုံးရောဂါလူနာရှင်အားအတွင်းလူနာအဖြစ် ထားမည်ဆိုလျှင် နှလုံးအထူးကြပ်မတ်ကုသဌာန (Cardiac Care Unit) ရှိပြီလား။
- ပုဂ္ဂလိကဆေးရုံကြီးအနေဖြင့် ရုပ်ဝတ္တုအပေါ်တွင်သာ အာရုံစိုက်နေပြီးအဓိကကျသည့် ကျွမ်းကျင် လုပ်သားမွေးထုတ်မှုတွင် အာရုံစိုက်မှု မရှိသည်ကိုတွေ့ရပါသည်။
-၆-
- မိမိဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် Medical Offierများသူနာပြုများကို ပြည်တွင်းပြည်ပ သင်တန်းများတက်ရောက်စေသင့်ပါသည်။
- နိုင်ငံတကာဆေးရုံများအစိုးရဆေးရုံများကဲ့သို့ အချိန်ပြည့်ဝန်ထမ်း (Permanent) အထူးကု ဆရာဝန်များ ခန့်အပ်နိုင်အောင် ကြိုးစားသင့်ပါသည်။ သို့မှသာမိမိတို့၏ လူနာများကိုထိရောက်သော Medical Care ပေးနိုင်မည်ဖြစ်ပါသည်။
နိဂုံးချုပ်အနေဖြင့် တင်ပြရလျှင် နိုင်ငံတော်အစိုးရပုဂ္ဂလိကဆေးရုံ၊ အထူးကုဆရာဝန် နှင့် လူနာ (Public, Private, Practitioner, Patient) P.P.P.P Partnership ပူးပေါင်းဆောင်ရွက်၍ စနစ်ကို ပြုပြင်မှသာ မလိုအပ်သော အသက်ဆုံးရှုံးမှုကိုကာကွယ်နိုင်မည်ဖြစ်သည်။ ပြဿနာဖြစ်ပေါ်မှသာတစ်ဦးကိုတစ်ဦးအပြစ် ပုံချခြင်း၊ အပြစ်ဒဏ်ငွေချမှတ်ခြင်း မပြုဘဲ ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းဖြင့် ခေတ်မှီတိုးတက်သော ကျန်းမာရေးစနစ်ကို ၀ိုင်းဝန်းတည်ဆောက်ရန် အကြံပြုတိုက်တွန်းအပ်ပါသည်။

Thursday, October 23, 2014

ရှာရှာဖွေဖွေ အသုံးဝင်နည်းအထွေထွေ

ရှာရှာဖွေဖွေ အသုံးဝင်နည်းအထွေထွေ
--------------------------------------------------
သံပုရာသီးကို ထက်ခြမ်းခြမ်းပြီး နဖူး တလျှောက် ပွတ်တိုက်ပေးပါ။
တဆစ်ဆစ် ကိုက်နေ...တာတွေ သက်သာသွားပါလိမ့်မယ်။




ခြင်ကိုက်လို့ယားနေပါလား၊
ဆပ်ပြာနဲ့ အနည်းငယ် ပွတ်ပေးခြင်းဖြင့် ခဏတဖြုတ်သက်သာပါတယ်။




သကြားအညိုတွေခဲနေပါက ပန်းသီးတစိပ်လောက်ထည့်လိုက်ပါ ချက်ချင်းအရည်ပျော်သွားပါလိမ့်မယ်။




တလတခါရာသီလာချိန်မှာ ကိုက်ခဲနာကျင်တတ်သူ အစ်မနဲ့ ညီမလေးတွေအတွက်ပါ၊ဒိန်ချဉ် ဘူးလေးပဲဖြစ်ဖြစ်၊ ရိုးရိုးဒိန်ချဉ်ကို သကြားလေးနဲ့ဖြစ်ဖြစ် ဖျော်သောက်ပါ။ ကိုက်ခဲတဲ့ နာကျင်မှုဝေဒနာတွေ သက်သာစေပါတယ်။





ပြောင်းဖူး ပြုတ်တဲ့အခါ ဆားလေးနည်းနည်းထည့်ပြီး ပြုတ်ကြည့်ပါ။ ပြောင်းဖူး ရဲ့ သဘာဝအချိုဓါတ်တွေ ထွက်လာစေပါတယ်။




ပုရွက်ဆိပ်ကလေးတွေ အိမ်မှာတန်းစီနေပါသလား၊ မြေဖြူ ခဲလေးနဲ့သာတားလိုက်ပါ။




ထမင်းအိုး ဟင်းအိုးတွေ တူးပီး ဂျိုးတွေ ကပ်နေပါက ပန်သီးနွာထားတဲ့ အခွံတွေထည့်ပြုတ်လိုက်ပါ




ကြေးအိုး ကြေးဇွန်တွေ ပြောင်လက်စေချင်ရင် မန်ကျီးရွက်(မန်ကျီးအနှစ်ရည်)နဲ့တိုက်လိုက်ပါ




မီးဖိုချောင်သုံးစတီးအိုးခွက်များကို သံလွင်ဆီ (Olive Oil / Baby Oil )သုတ်ပေးချင်းဖြင့် အရောင်တက်ပီး အပြင်၊အစွန်းအထင်းတွေကိုပါ ဖုံးလွှမ်းပေးနိုင်ပါတယ်။




ရုံပတီသီးကြော်စားလို့ ချွှဲပစ်ပစ်ဖြစ်နေတာမကြိုက်ပါက ဟင်းအိုးချတဲ့အချိန်မှာ သံပုရာသီး တစိပ်ထည်လိုက်ပါ လုံးဝမချွှဲတော့ပါဖူး




ကြက်သွန်နီနွာလို့ မျက်ရည်မကျချင်ရင် လှီးမယ့်ဓါးကို ဆားအနည်ငယ်သုတ်ပီး လှီးပါ




အခန်းလုံတွေမှာ ဟင်းချက်ပီး ဟင်းနံ့တွေစွဲနေပါက ဖယောင်းတိုင် တတိုင်ထွန်းလိုက်ပါ
အနံ့တွေပျောက်သွားပါလိမ့်မယ်




ထမင်းစားချိန် ထမင်းစာပွဲမှာ ယင်ကောင်တွေလာနေပါက ဖယောင်းတိုင် တတိုင်ထွန်းလိုက်ပါ





ရေချိုးခန်းထဲ မှိုတက်ခြင်း၊ ဂျေးတက်ခြင်းတွေကို ကာကွယ်ချင်ရင် baby oil သုတ်ထားလိုက်ပါ
အရောင်လွှင်ပြယ်တာကိုကာကွယ်တဲ့ အပြင် ၊မှိုတက်မဖြစ်တော့ပါဖူး




သတင်းစာကို ရေ နဲ့ ရှာလကာရည် ဆွတ်ပြီး မှန်ကိုတိုက်လိုက်ပါ တခဏအတွင်း ကြည်ကြည်လင်လင်လေးဖြစ်လာပါလိမ့်မယ်





ရေမှာပါတဲ့ ထုံးဓါတ်ကြောင့် အဖြူလေးတွေကို ရှာလကာရည် ကိုအသုံးပြုပြီး ဘေစင်ကိုစင်ကြယ်အောင် တိုက်ချွတ်နိုင်ပါတယ်။





ရေနွေးပူလေးထဲ ဇွန်းနှစ်ပီးမှ ပျားရည်ကို ခတ်ပါက ပျားရည်များ ဇွန်းမှာ ကပ်မနေတော့ပါ။


ဆက်ပါဦးမည်..
Credit- Original Writer
Express Time