:include data='blog' name='google-analytics'/>

Wednesday, July 16, 2014

အမျိုးသမီးတို့အတွက် ထိတ်လန့်ဖွယ် ကြက်တောင်ပံ



ကြက်ခြံမွေးမြူရေးတစ်ချို့တွေ မှာ ကြက် အသားတိုးစေဖို့အတွက် အသားတိုးဆေး ၊ ဘာဆေးညာေ...ဆး ထိုးကြပါတယ်။
တော်တော်များများက ဒီဆေးထိုးဖို့ကို လည်း ကြက်တွေရဲ့တောင်ပံကနေ တဆင့် ထိုးကြပါတယ်။
ဒီလို ဆေးထိုးထားတဲ့ ကြက်တောင်ပံကိုတွေကို စားသုံးတာ များလာတာနဲ့အမျှ သားအိမ်မှာ အသားလုံး ၊ သွေးလုံးတို့ တည်လာပါတယ်။
နောက်ဆုံးအဆင့် သားအိမ်ကင်ဆာထိတောင် ဖြစ်နိုင်ပါတယ်။
ဒါကြောင့် အကောင်းဆုံးကတော့ ဖြစ်နိုင်ရင် မနုဿ ရဲ့ ပရိတ်သတ်တွေအားလုံးလည်း မွေးမြူရေးကြက်ကို တတ်နိုင်သလောက် ရှောင်စေချင်ပါတယ်။

ဒီလိုပြောတော့ မနုဿကို ကြက်သားရောင်းတဲ့သူတွေ လာဝိုင်းရိုက်ကြတော့မယ်နဲ့တူတယ်နော်။ ဖြစ်မှကုတာထက် မဖြစ်ခင် ကြိုတားနိုင်ဖို့က မနုဿ တာဝန်ဖြစ်တဲ့အတွက် ရရှိလာတဲ့ သတင်းလေးကို ချက်ချင်းရေးသား ဝေမျှ လိုက်ပါတယ်။
Nine-online shopping & delivery မှ ပြန်လည်မျှဝေပါသည်။
ဖတ်ပြီးရင်လည်း ကျန်တဲ့သူငယ်ချင်းတွေ သိအောင် ပြန် Share ပေးလိုက်ပါဦးနော်။
ချစ်တဲ့ .... မနုဿ
Credit to မနုဿ ရဲ့ စာမျက်နှာလေးများ

Sunday, July 13, 2014

Thee express Times မြန်မာသမိုင်းဖြစ်စဉ်အကျဉ်း

မြန်မာသမိုင်းဖြစ်စဉ်အကျဉ်း
===============
မြန်မာသမိုင်းဖြစ်စဉ်အကျဉ်း ကိုတော့ နှောင်းလူများ လေ့လာ သိရှိနိုင်ရန် ဗဟုသုတအဖြစ် တင် ပြလိုက်ပါသည်။
မြန်မာ့မြေလွှာ
...
၁။ မြန်မာ့မြေလွှာသည် ကမ္ဘာ့မြေလွှာများနှင့်အတူ လွန် ခဲ့သော နှစ်သန်း ၆၀၀ ခန့်မှစ၍ ဖြစ်တည်ခဲ့ သည်ဟု ဘူမိဗေဒ ပညာရှင်များက အသိအမှတ်ပြု သည်။ သမိုင်းမတင်မီလွန်ခဲ့သော နှစ်သန်း ၄၀ ခန့်မှစ၍ မြန်မာ့ မြေလွှာတွင် လူသားများနေထိုင်ခဲ့ ကြကြောင်းလည်း တွေ့ရှိသော ရုပ်ကြွင်း အထောက် အထားများ အရ ဘူမိဗေဒပညာရှင်များ၊ မနု ဿဗေဒပညာရှင်များက အတည် ပြုကြသည်။


မြို့ပြနိုင်ငံများ
၂။ အေဒီ ၁ရာစုမှစ၍ မြန်မာ့လူ့အဖွဲ့အစည်းတွင် မြို့ပြ နိုင်ငံများဖြင့် စနစ်တကျ ဖွဲ့စည်း နေထိုင်ခဲ့ကြကြောင်း၊ ဗိဿနိုး၊ ဟန်လင်း၊ တကောင်း၊ သရေခေတ္တရာ၊ သုဝဏ္ဏဘုမ်္မိ၊ ဝေသာလီ (ရခိုင်)မြို့ပြနိုင်ငံများက စကား မပြောသောသက်သေများအဖြစ် အခိုင်အမာပြဆိုလျက်ရှိသည်။



မြန်မာပဒေသရာဇ်ခေတ်ကြီးများ
၃။ မြန်မာပဒေသရာဇ်၏ ခေတ်ကြီးများ ပုဂံ၊ ပင်းယ၊ စစ် ကိုင်း၊ အင်းဝ၊ တောင်ငူ၊ ညောင် ရမ်း၊ ကုန်းဘောင် ခေတ်ဟူ၍ အကြမ်းမျဉ်း ၇ ခေတ်ခွဲထား သည်။



ပုဂံခေတ် (အေဒီ ၅၆၁ မှ အေဒီ ၁၃၆၈ ထိ)
၎။ သမုတိရာဇ်မင်းမှ သည် စောမွန်နစ်ထိ မင်းဆက် ၅၅ ဆက်ရှိခဲ့သည်။ အနော်ရထာ မင်းကြီး(အေဒီ ၁၀၄၄-၁၀၇၇) သည် ၄၂ ဆက်မြောက်ပုဂံမင်း ဆက်ဖြစ်ပြီး ပထမမြန်မာနိုင်ငံ တော်ကြီးကို ထူထောင်ခဲ့သည်။ ၎င်း၏ ပထမမြန်မာနိုင်ငံတော် ကြီးသည် ၅၅ ဆက်မြောက် ပုဂံ မင်းဆက်ဖြစ်သော စောမွန်နစ် (အေဒီ ၁၃၂၅-၁၃၆၈)တွင် ပျက် သုဉ်းခဲ့သည်။



ပင်းယခေတ်(အေဒီ ၁၃၀၉ မှ ၁၃၆၄ ထိ)
၅။ သီဟသူ (အေဒီ ၁၃၀၉-၁၃၂၅)မှ ဥဇနာပြောင် (အေဒီ ၁၃၅၉-၁၃၆၄)ထိ မင်းဆက် ၆ ဆက်ရှိခဲ့သည်။ ၎င်းနှင့် ထီးပြိုင် နန်းပြိုင် စစ်ကိုင်းမင်းဆက်ရှိခဲ့ သည်။ စစ်ကိုင်းတွင် အသင်္ခယာ စောယွန်း (အေဒီ ၁၃၁၅-၁၃၂၃) မှ သီဟပတေ့ (အေဒီ ၁၃၅၂-၁၃၆၄)ထိ မင်းဆက် ၇ ဆက် ရှိခဲ့သည်။



အင်းဝခေတ် (အေဒီ ၁၃၆၄-၁၃၆၇)
၆။ သတိုးမင်းဖျား (အေဒီ ၁၃၆၄-၁၃၆၇)မှ ငါးဆူဒါယကာ ၏ သား မင်းရဲကျော်စွာ (အေဒီ ၁၅၈၆-၁၅၉၃)ထိ မင်းဆက် ၂၀ ရှိခဲ့သည်။



တောင်ငူခေတ်(အေဒီ ၁၄၈၅-၁၆၀၀)
၇။ မင်းကြီးညို (အေဒီ ၁၄၈၅-၁၅၃၀)မှ ငါးဆူဒါယကာ နန်္ဒဘုရင်(အေဒီ ၁၅၈၁ မှ ၁၆၀၀) ထိ မင်းဆက် ၄ ဆက် ရှိခဲ့ပြီး ဟံသာဝတီဆင်ဖြူရှင် ဘုရင့် နောင် (အေဒီ ၁၅၅၀-၁၅၈၁) သည် ဒုတိယမြန်မာနိုင်ငံတော် ကြီးကို ထူထောင်နိုင်ခဲ့သည်။



ကုန်းဘောင်မင်းဆက် (အေဒီ ၁၇၅၂-၁၈၈၅)
၈။ တတိယမြန်မာနိုင်ငံ တော်ကြီးကို ထူထောင်ခဲ့သည့် အလောင်းမင်းတရားကြီး ဦးအောင် ဇေယျ (အေဒီ ၁၇၅၂-၁၇၆၀) မှသည် သီပေါမင်း (အေဒီ ၁၈၇၈ မှ ၁၈၈၅)ထိ ကုန်းဘောင် မင်းဆက် (၁၁)ဆက်ရှိခဲ့သည်။ နောက်ဆုံးမင်းဆက်ဖြစ်သဖြင့် မင်းဆက်(၁၁)ဆက်မှာ-
(က) အလောင်းဘုရား ၁၇၅၂-၁၇၆၀
(ခ) နောင်တော်ကြီး ၁၇၆၀-၁၇၆၃
(ဂ) ဆင်ဖြူရှင် ၁၇၆၃-၁၇၇၆
(ဃ) စဥ့်ကူးမင်း ၁၇၇၆-၁၇၈၂
(င) ဖောင်ကားစားမောင်မောင် ၁၇၈၂-၁၇၈၂ (၇)ရက်
(စ) ဘိုးတော်ဘုရား ၁၇၈၂-၁၈၁၉
(ဆ) ဘကြီးတော် ၁၈၁၉-၁၈၃၇
(ဇ) သာယာဝတီမင်း ၁၈၃၇-၁၈၅၂
(ဈ) ပုဂံမင်း ၁၈၅၂-၁၈၅၃
(ည) မင်းတုန်းမင်း ၁၈၅၃-၁၈၇၈
(ဋ) သီပေါမင်း ၁၈၇၈-၁၈၈၅ ထိဖြစ်သည်။

 မြန်မာနိုင်ငံ အင်္ဂလိပ်လက် အောက်ရောက်ခြင်း
၉။ အင်္ဂလိပ်တို့သည် မြန်မာ နိုင်ငံအား အေဒီ ၁၈၂၄၊ ၁၈၅၂ နှင့် အေဒီ ၁၈၈၅ တို့တွင် စစ်ပွဲ ၃ ကြိမ် ဆင်နွှဲခဲ့ပြီး ၁-၁-၁၈၈၆ တွင် မြန်မာတစ်နိုင်ငံလုံး ကို သိမ်းပိုက်ခဲ့သည်။ ကျွန်ဘ၀ရောက်သည်။



လွတ်လပ်ရေးကြိုးပမ်းမှုဖြစ်စဉ် အချို့
၁၀။ ၁၉၀၆ တွင် ၀ိုင်အမ် ဘီအေခေါ် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း ဖွဲ့ပြီး လွတ်လပ်ရေးရရှိရေး စတင်ဆောင်ရွက်ခဲ့သည်။
၁၁။ ၁၉၁၉ တွင် မြန်မာ အမျိုးသမီးကုမ္မာရီအသင်း ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်။
၁၂။ ၁၉၂၀ တွင် ၀ိုင်အမ် ဘီအေမှ မြန်မာနိုင်ငံလုံး ဆိုင်ရာ အသင်းချုပ်ကြီး ဂျီစီဘီအေဖွဲ့သည်။ ပထမ ကျောင်းသားသပိတ်မှောက် ခဲ့သည်။
၁၃။ ၁၉၃၀ တွင် တို့ဗမာ အစည်းအရုံးထူထောင် သည်။ ထိုနှစ်တွင် ဆရာစံ ဦးဆောင်သော တောင်သူ လယ်သမား အရေးတော်ပုံ ဖြစ်ပွားသည်။
၁၄။ ၁၉၂၃-၃၇ အင်္ဂလိပ် က မြန်မာနိုင်ငံကို ဒိုင်အာခီ အုပ်ချုပ်ရေးဖြင့် အုပ်ချုပ် သည်။
၁၅။ ၁-၄-၃၇ မှ ၁၀-၁၂-၁၉၄၂ ထိ ကိုးဆယ့်တစ်ဌာန အုပ်ချုပ်ရေးစနစ်ကျင့်သုံး သည်။
၁၆။ ၈-၁-၁၉၃၈ (၁၃၀၀ ပြည့်အရေးတော်ပုံ)ချောက် ရေနံမြေသပိတ်စတင် သည်။
၁၇။ ၁၉၄၁ ဒီဇင်ဘာ ၂၆ ရက် ဘီအိုင်အေဖွဲ့သည်။
၁၈။ ၁၉၄၅ မတ်လ ၂၇ ရက်တွင်ဂျပန်ကို တော် လှန်သည်။
၁၉။ ၁၉၄၇ ဆိုရန်တိုဗီလာ ပြန်လည်ထူထောင်ရေးစီမံ ကိန်းချမှတ်သည်။
၂၀။ ၁၉၄၇ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ဗိုလ်ချုပ်အောင် ဆန်းနှင့် အခြားသော ပြည်နယ်ခေါင်းဆောင်များ ညီညွတ်မှုရယူကာ ပင်လုံ စာချုပ်ကို ချုပ်ဆိုနိုင်ပြီး တိုင်းရင်းသားစည်းလုံး ညီ ညွတ်မှုကို အခိုင်အမာ ရယူနိုင်ခဲ့သဖြင့် “ပြည် ထောင်စုနေ့”အဖြစ် ပေါ် ပေါက်ခဲ့ရသည်။
၂၁။ ၄-၁-၁၉၄၈ တွင် မြန်မာ နိုင်ငံသည် လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင်နိုင်ငံ တစ်ခုဖြစ်လာသည်။
မြန်မာ့သမိုင်း

Wednesday, July 9, 2014

ခရမ်းသီး၏ကျန်းမာရေးအထောက်အပံ့များ။



 ခရမ်းသီးသည်အသီးအနှံထဲတွင်ကယ်လိုရီစွမ်းအင်အနည်းဆုံးပါဝင်သည့် အသီးအနှံဖြစ်သည်။
ခရမ်းသီး ၁၀၀ ဂရမ်တွင် ကယ်လိုရီ ၂၂ သာပါသည် ထိုကြောင့် ကိုယ်အလေးချိန်ချလိုသူများအတွက်စိတ်ဝင်စားဖွယ်ဖြစ်သည်။ ၎င်းအပြင် Pectin ခေါ်သော အမျှင်ဓါတ်ပါဝင်မှုကြောင့်ပို၍စိတ်ဝင်စားဖွယ်ဖြစ်သည်။
ပိုတက်စီရမ်ဓါတ်ပါဝင်မှုကြောင့်လည်း ဆီးရွှင်စေသည်။ 

သွေးတွင်းအဆီကျစေခြင်း။
ခရမ်းသီးသည် အဆီများသော အစာများစားသောက်ပြီး နောက် သွေးတွင်းအဆီ (Blood cholesterol )
နဲ့ကိုယ်ခန္ဓာ၏အဆီ (body fat) များတက်လာခြင်းကိုထိန်းချုပ်ကြောင်း အမေရိကားနှင့် အော်စတီရား တွင်ပြုလုပ်သောလေ့လာမှုများက ဖေါ်ပြကြသည်။ ၎င်းအချက်မှာ ခရမ်းသီးတွင်ပါဝင်သော   Pectin  ကြောင့်ဟုယူဆကြသည်။  Pectin သည် အူအတွင်း၌ခဲသွားပြီး ၎င်းအခဲတွင်အစား၌ပါသော cholesterol
ကိုဖမ်းချုပ်ထားခြင်းဖြင့် cholesterol များကိုယ်တွင်းသို့မ၀င်ရောက်အောင်ပြုလုပ်သည်။ ဤနည်းဖြင့်
ခရမ်းသီးသည် အဆီအဆိမ့်များစားပြီးနောက် Blood cholesterol နဲ့body fat တက်ခြင်းကို ကာကွယ် သည်။ 

Ref  Medisite
 
 

Saturday, July 5, 2014

မြန်မာလူမျိုးတွေ လေးဖက်သွားတဲ့အရွယ်က ဘယ်တော့လူကြီးဖြစ်ကြမှာလဲ။









တမြန်မနေ့ကပါရီမြို့ကိုကြွလာတဲ့ ရဝေနွယ် (အင်းမ) ဆရာတော် နဲ့ဦးဇင်းသုမန၊ကျောင်းထိုင် ဆရာတော်ဦးကုမာရ တို့ကိုဆွမ်းကပ်ကြတာမို့ပါရီမြန်မာဗုဒ္ဓဘာသာကျောင်းကိုရောက်ခဲ့ပါတယ်။ ဆွမ်းတွေကပ်၊ ဆရာတော်ရဲ့တရားတွေနာပြီးတော့ လှူဖွယ်ပစ္စည်းတွေကပ်ကြပါတယ်။ အဲ့ဒီမှာ ဒကာမ တစ်ဦးက ယိုးဒယားကလာတဲ့ဆေး ဆိုတာကိုဆရာတော် တစ်ပါးဆီကိုတစ်ပုလင်းဆီကပ်ပါတယ်။ ဒီဆေးက အလွန် ကောင်း ကြောင်း သဘာဝပစ္စည်းတွေနဲ့သာလုပ်ထားကြောင်း၊ကိုယ်လက်ကိုက်တာဆို ညအိပ်ရာ ၀င် သောက် တာနဲနောက်နေ့လန်းဆန်းသွားတဲ့အကြောင်းပြောပါတယ်။ ဆေးဘူးယူကြည့်တော့ ဆေးနံမည် Vital Star လို့ရေးထားတာကလွဲရင် ကျန်တာက ယိုးဒယား စာတွေဘဲတွေ့ရပါတယ်။ ယိုးဒယားက၀ယ်တာလားဆိုတော့ မဟုတ်ဘူးတဲ့ မြန်မာပြည်က၀ယ်ပြီးပို့လိုက်တာတဲ့။ မြန်မာပြည်ကိုေ၇ာင်းတဲ့ဆေး မြန်မာတွေနားလည်တဲ့မြန်မာဘာသာနဲ့ဘာလို့မရေးတာလဲ။

မနေ့ကကျောင်းကိုထပ်ရောက်တော့ အဲ့ဒီဆေးဘူးကိုဖွင့်ပြီးတစ်လုံးဆီသောက်ကြတာတွေ့ရပါတယ်။ ဆေးမှာဘာပါမှန်းမသိဘဲ အရမ်းမသောက်သင့်ကြောင်းဝင်ပြောမိတော့ သဘာဝပစ္စည်းသာဖြစ်ကြောင်း၊   ၀ယ်ချင်တိုင်းဝယ်လို့မရကြောင်း၊ အဖွဲ့ဝင်တွေမှဝယ်လို့ရကြောင်း နောက်ရောက်တဲ့ တကာမ တစ်ယောက်က၀င်ပြောပါတယ်။ ရောင်းဖို့လုပ်ထားတဲ့ဆေး၊ များများရောင်းရလေ အမြတ်ရလေ ဥစ္စာ ဘာလို့လူရွေးေ၇ာင်းမှာလဲ။ သူများကောင်းတယ်ဆိုလိုက်ကောင်းလိုက်တာဘဲ။ ရှားပါးတယ်ဆို ပိုကောင်းတယ်လို့ထင်ကြတယ်။

မိုးကုတ်ဆရာတော်ဘုရားဟောလေ့ရှိတဲ့ သူများ ပါးစပ်ဖျား၊လမ်းဆုံးတယ်ဆိုတာ မြန်မာတွေအတွက်တော့
နေရာတကာမှန်ပါလားလို့လဲတွေးမိတယ်။ ဆေးဆိုတာ လိုမှသောက်ရတာ၊ အလကားနေရင်း သောက် ရတာ မှမဟုတ်တာ၊ လိုအပ်ရင်တောင် လိုသလောက်ဘဲသောက်ရတာ တန်ဆေးလွန်ဘေး ဆိုတဲ့စကား လဲရှိတာဘဲ။

ဒါနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ အနှစ် ၄၀ လောက်က ရန်ကုန်ဆေးရုံကြီးက သူနာပြုဆ၇ာမကြီးတစ်ဦး ဆီချိုရောဂါမရှိဘဲ ဆီးချိုဆေး မှားသောက်မိလို့ သွေးထဲက သကြားဓါတ်တွေအကျလွန်ပြီးသေဆုံးခဲ့တာကို
သတိရမိပါတယ်။ မသမာတဲ့ဆေးရောင်းသူတွေက အဲ့ဒီအချိန်က အေ၇ာင်းထိုင်းတဲ့ဆီချိုကျ ဆေးကို ပုံစံတူတဲ ၀မ်းကိုက်ပျောက်ဆေးပုလင်းထဲထဲ့ေ၇ာင်းခဲ့လို့ပါ။

ဆေးမှမဟုတ်ပါဘူး။ အစားအစာတောင် ကိုယ်နဲ့တဲ့ တဲ့ အစာကိုရွေးစားရတာပါ။ သွေးတိုးရှိတဲ့သူ ဆားဓါတ်များတဲ့ ငါးပိ၊ငံပြာရည်တွေအစားများရင် သွေးတိုးပြီး ဒုက္ခရောက်မှာပေါ့။  ဒါအတွက်လဲ မိုးကုတ်ဆရာတော်ဘုရားကြီးက မတဲ့ တာစားရင် သေချင်းဆိုးနဲ့သေမယ်လို့ဟောတော်မူခဲ့ပါတယ်။

လေးဖက်သွားတတ်တဲ့ခလေးအရွယ်မှာ သူကိုင်မိသမျှကို စားစရာထင်ပြီး ပါးစပ်ထဲ ထဲ့တပ်ကြလို့ခလေးကစားစရာပစ္စည်းတွေမှာသုံးတဲ့ အေ၇ာင်တင်ဆေးတွေကိုအန္တရာယ်မရှိတဲ့ စားလို့ရတဲ့ဆေး တွေသုပ်ဖို့ တိုးတက်တဲ့နိုင်ငံတွေမှာအထူးအလေးထားကြပါတယ်။

Vital Star ကို internet မှာရှာကြည့်တော့ ဆန်အခွံကထုတ်ထားတဲ့ vit E လို့ထုတ်လုပ်သူကရေးထားတာ
တွေ့တယ်။ ဒီအတိုင်းဆိုရင်တော့ အန္တရာယ်မရှိလောက်ဘူးလို့ ထင်မိပါတယ်။ အလုံး ၆၀ ပါတဲ့ တစ်ဘူးကို
အမေရိကန် ဒေါလာ ၅၀ တဲ့။ vit E များတဲ့ သဘာဝ ငါးကြီးဆီ အလုံး ၆၀ ကို မြန်မာပြည်မှာ ဘယ် လောက်ပေးရမယ်ထင်ပါသလဲ။

ကျမတို့ကိုးကွယ်တဲ့ မြတ်စွာဘုရားရဲ့ ၀ါဒ က ( ၀ိဝဇ်ဇ ၀ါဒ) ဥာဏ်နဲ့ချင်းချိင်ပြီးမှ အမှန်ကို အမှန်အတိုင်းယုံကြည်ရတဲ့ ဘာသာပါ။ တွေ့သမျှ ၊ သူများပြောသမျှ ယုံတဲ့ ( blind fait) မျက်ကန်းအယုံမျိုးမဟုတ်ပါဘူး။ မြတ်စွာဘုရားရဲ့ တရားတော်တွေကလည်း လောကုတ္တရားအတွက်သာမက လောကီအတွက်ပါ အသုံးဝင်တဲ့ တရားတော်တွေပါ။
ချင့်ချိန်စဉ်ားစားနိုင်သောဗဟုသုတ ဥာဏ်ရှိကြပါစေ။













Wednesday, July 2, 2014

နောက်ဆုံးပေါ်ဝတ်စုံ လား?







Capture d'écran RTS info
 


ဆွစ်အနုပညာရှင် Milo Moiré  တစ်ယောက် Basel မြို့လမ်းများနဲ့ရထားများပေါ်တွင်ကိုယ်လုံးတီးသွား
ေ၇ာက်ခဲ့ပြီး Basel မြို့ရဲ့နိုင်ငံတကာ အနုပညာပွဲတော်ဖွင့်ပွဲကိုတက်ရောက်ခဲ့ပါတယ်။










ဂျွန်လ ၁၉ ရက်ကြာသာပတေးနေ့က Milo Moiré  ဟာ Basel မြို့ရဲ့နိုင်ငံတကာ အနုပညာပွဲတော် ဖွင့်ပွဲပထမနေ့မှာ ကိုယ်လုံးတီးသွားရောက်ခဲ့ပါတယ်။ အသက် ၃၁ နှစ်ရှိသူမဟာ တကယ်တော့ ကိုယ်လုံးတီးမဟုတ်ပါဘူးတဲ့ သူမကိုယ်ပေါ်မှာသူမ၀တ်ဆင်မဲ့အ၀တ်တွေရဲ့ နံမည်တွေကို ရေးသား ထားပါတယ်။ ဒါကြောင့် အရိုးဆုံးပစ္စည်းတွေဝတ်ထားတာလို့ပြောနိုင်ပါတယ်တဲ့။ သူမရောက်ရှိလာတဲ့အခါမှာ စိတ်ဝင်စားသူများဝိုင်းလာကြတဲ့အတွက်သူမကိုသေချာမတွေ့ရတော့ပါဘူး။
ပွဲတော်ဖြစ်မြောက်ရေးကော်မတီကသူမကိုဝင်ခွင့်မပြုခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ သူမကို အနုပညာရှင် တစ်ဦးအနေနဲ့ဖိတ်ကြားထားခြင်းမရှိလို့ပါ။ နောက်ဆုံးမှာတော့ ပွဲတော်ဖြစ်မြောက်ရေး ကော်မတီက သူမကိုအ၀တ်အစားဝတ်စေပြီးဝင်ခွင့်ပြုခဲ့ကြပါတယ်။
















Monday, June 30, 2014

နောက်ကျသွားတာ သိပ်နာတာဘဲ။














Austrian တိုင်းပြည်ရဲ့မြို့တော်  Vienna ကအမျိုးသမီးတစ်ဦးကြောင့် ၎င်းနေထိုင်ရာအဆောက်အဦးအောက်တွင်လမ်းပိတ်ဆို့မှုနဲ့ ကားတိုက်မှုဖြစ်ပွါးခဲ့ပါတယ်။ မြို့ကြီးများတွင်နေပူစာလှုံရန်နေရာ ရှားပါးတတ်ပါတယ်။ ဒါကြောင့် Vienna ကအမျိုးသမီးငယ်တစ်ဦး သည်၎င်း၏တိုက်ခန်းပြူတွင်း ပေါက်တွင်နေပူစာလှုံခဲ့ပါတယ်။ အမျိုးသမီးငယ်ဟာ ၎င်းရဲ့ သုံးထပ်မှာရှိတဲ့တိုက်ခန်းရဲ့ပြူတင်းပေါက်မှာ
အ၀တ်အားလုံးချွတ်ပြီး နေပူစာလှုံခဲ့ပါတယ်။ ဒါကို အခန်းနီးချင်းတစ်ဦးကတွေ့မြင်ပြီးမှင်သက်မိ နေခဲ့ပါ တယ်။ မကြာခင်မှာ အခန်းအောက်ကလမ်းပေါ်မှာကားတွေစုနေခဲ့တယ်လို့ Daily Mail သတင်းစာက ဖေါ်ပြခဲ့ပါတယ်။


လူငယ်ကျောင်းသားတစ်ဦးက ကျွန်တော် sunstroke ရလိုက်တယ်လို့ထင်မိပါတယ်လို့ပြောပါတယ်။
အဲ့ဒီအချိန်မှာ မော်တော်ဆိုက်ကယ်တစ်စီးနဲ့ကားတစ်စီးတိုက်မိခဲ့ပါတယ်။ ကားဒရိုင်ဘာက မော်တော်ဆိုက်ကယ်သမားကို ခင်ဗျာရှေ့ကိုမကြည့်ဘူးလားလို့ကြိမ်မောင်းပါတယ်။ မော်တော်ဆိုက် ကယ်သမားက ခွင့်လွှတ်ပါခင်ဗျာ ကျနော် အပေါ်ကိုကြည့်မိသွားတယ်ဆိုပြီး အမျိုးသမီးငယ် နေပူစာ လှုံရာသို့လက်ညှိုးညွှန်လိုက်ပါတယ်။ ကားဒရိုင်ဘာက ကျွန်တော်နားလည်ပါပြီးလို့ပြန်ပြောပါတယ်။


 ပုလိပ်များေ၇ာက်လာတဲ့အချိန်မှာတော့ မိန်းခလေးငယ်ဟာ အခန်းထဲပြန်ဝင်သွားပြီး၊ပြူတင်းပေါက် ကို ပါပိတ်သွားခဲ့ပါတယ်။

Friday, June 27, 2014

ဆီချိုရောဂါသည်များအတွက် အရသာရှိတဲ့သတ်သက်လွတ်ပြင်သစ်သီးစုံဟင်း (Ratatouille Niçoise)

 



ပြင်ဆင်ချိန်: ၁၅ မိနစ်
ချက်ပြုပ်ချိန် : ၃၀ မိနစ်

ပါဝင်ပစ္စည်းများ

၁။ ခရမ်းသီးအကြီး ၁ လုံး
၂။ ခ၀ဲသီး (courgette)  ၁ လုံး
၃။ ပန်းငရုပ် အ၀ါ ၁ လုံး
၎။ ခရမ်းချဉ်သီး ၅ လုံး

၅။ ကြက်သွန်နီ ၂ ဥ
၆။ နံနံပင်  ၁ စီး
၇။ ကြက်သွန်ဖြူ ၂ မွှာ
၈။ ငရုပ်ကောင်း။
၉။ ဆား။
၁၀။ သံလွင်ဆီ (၀ါ) ဟင်းရွက်ဆီ
 

ချက်ပြုပ်ခြင်း

အသီးများအားရေဖြင့်သန့်စင်အောင်ဆေးပါ။
ခရမ်းသီးနဲ့ခ၀ဲသီးများကိုအခွံနွှာပြီး အတုံးများတုံးပါ။
ခရုပ်သီးဝါ၏ အစေ့များထုပ်ပြစ်ပါ။ အသီးများအားလုံးကို ဆားအနည်းငယ်ပါသောရေဆူတွင် ၂ မိနစ်ခန့်ပြုပ်ပြီး ရေအေးတွင်ထဲ့ခြင်းဖြင့် အသီးများမဲခြင်းကိုကာကွယ်ပါသည်။
ခရမ်းချဉ်သီးကိုအလုံးလိုက် အထက်ပါ ရေဆူထဲသို့ထဲ့ပြီးရေအေးထဲသို့ပြောင်းထဲ့ပါကလွယ်ကူစွာအခွံနွှာလို့ရပါသည်။
ကြက်သွန်နီမျာကိုအခွံနွှာပြီးပါးပါးလှီးပါ။
ကြက်သွန်ဖြူများကိုအခွံနွှာပြီး ဒါးပြားရိုက်ပြီး နုတ်နုတ်ဆင်းပါ

အိုးအကြီးတစ်လုံးတွင်ဆီနဲ့ကြက်သွန်နီ၊ကြက်သွန်ဖြူထဲ့ပြီးအနံ့မွှေးလာအောင်ဆီသတ်ပါ။ ပြီးလျှင်အသီးများ၊ဆား၊ငရုပ်ကောင်းများထဲ့ပြီး မီးအသင့်အတင့်ဖြင့် အသီးများနူးလာသည်အထိချက်ပါ။
အိုးချခါနီးတွင် နံနံပင်ထဲ့အိုးအဖုံး ဖုံးပြီး မီးပိတ်ပါ။

အထက်ပါ သီးစုံဟင်းသညှ်ဆီးချိုရောဂါသည်၊သွေးတိုးနှလုံးရောဂါသည်များ၊ သက်သတ်လွတ်စားသူများအတွက် သင့်လျော်၊အရသာရှိတဲ့ ဟင်းလျှာဖြစ်ပါတယ်။