:include data='blog' name='google-analytics'/>

Wednesday, July 2, 2014

နောက်ဆုံးပေါ်ဝတ်စုံ လား?







Capture d'écran RTS info
 


ဆွစ်အနုပညာရှင် Milo Moiré  တစ်ယောက် Basel မြို့လမ်းများနဲ့ရထားများပေါ်တွင်ကိုယ်လုံးတီးသွား
ေ၇ာက်ခဲ့ပြီး Basel မြို့ရဲ့နိုင်ငံတကာ အနုပညာပွဲတော်ဖွင့်ပွဲကိုတက်ရောက်ခဲ့ပါတယ်။










ဂျွန်လ ၁၉ ရက်ကြာသာပတေးနေ့က Milo Moiré  ဟာ Basel မြို့ရဲ့နိုင်ငံတကာ အနုပညာပွဲတော် ဖွင့်ပွဲပထမနေ့မှာ ကိုယ်လုံးတီးသွားရောက်ခဲ့ပါတယ်။ အသက် ၃၁ နှစ်ရှိသူမဟာ တကယ်တော့ ကိုယ်လုံးတီးမဟုတ်ပါဘူးတဲ့ သူမကိုယ်ပေါ်မှာသူမ၀တ်ဆင်မဲ့အ၀တ်တွေရဲ့ နံမည်တွေကို ရေးသား ထားပါတယ်။ ဒါကြောင့် အရိုးဆုံးပစ္စည်းတွေဝတ်ထားတာလို့ပြောနိုင်ပါတယ်တဲ့။ သူမရောက်ရှိလာတဲ့အခါမှာ စိတ်ဝင်စားသူများဝိုင်းလာကြတဲ့အတွက်သူမကိုသေချာမတွေ့ရတော့ပါဘူး။
ပွဲတော်ဖြစ်မြောက်ရေးကော်မတီကသူမကိုဝင်ခွင့်မပြုခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ သူမကို အနုပညာရှင် တစ်ဦးအနေနဲ့ဖိတ်ကြားထားခြင်းမရှိလို့ပါ။ နောက်ဆုံးမှာတော့ ပွဲတော်ဖြစ်မြောက်ရေး ကော်မတီက သူမကိုအ၀တ်အစားဝတ်စေပြီးဝင်ခွင့်ပြုခဲ့ကြပါတယ်။
















Monday, June 30, 2014

နောက်ကျသွားတာ သိပ်နာတာဘဲ။














Austrian တိုင်းပြည်ရဲ့မြို့တော်  Vienna ကအမျိုးသမီးတစ်ဦးကြောင့် ၎င်းနေထိုင်ရာအဆောက်အဦးအောက်တွင်လမ်းပိတ်ဆို့မှုနဲ့ ကားတိုက်မှုဖြစ်ပွါးခဲ့ပါတယ်။ မြို့ကြီးများတွင်နေပူစာလှုံရန်နေရာ ရှားပါးတတ်ပါတယ်။ ဒါကြောင့် Vienna ကအမျိုးသမီးငယ်တစ်ဦး သည်၎င်း၏တိုက်ခန်းပြူတွင်း ပေါက်တွင်နေပူစာလှုံခဲ့ပါတယ်။ အမျိုးသမီးငယ်ဟာ ၎င်းရဲ့ သုံးထပ်မှာရှိတဲ့တိုက်ခန်းရဲ့ပြူတင်းပေါက်မှာ
အ၀တ်အားလုံးချွတ်ပြီး နေပူစာလှုံခဲ့ပါတယ်။ ဒါကို အခန်းနီးချင်းတစ်ဦးကတွေ့မြင်ပြီးမှင်သက်မိ နေခဲ့ပါ တယ်။ မကြာခင်မှာ အခန်းအောက်ကလမ်းပေါ်မှာကားတွေစုနေခဲ့တယ်လို့ Daily Mail သတင်းစာက ဖေါ်ပြခဲ့ပါတယ်။


လူငယ်ကျောင်းသားတစ်ဦးက ကျွန်တော် sunstroke ရလိုက်တယ်လို့ထင်မိပါတယ်လို့ပြောပါတယ်။
အဲ့ဒီအချိန်မှာ မော်တော်ဆိုက်ကယ်တစ်စီးနဲ့ကားတစ်စီးတိုက်မိခဲ့ပါတယ်။ ကားဒရိုင်ဘာက မော်တော်ဆိုက်ကယ်သမားကို ခင်ဗျာရှေ့ကိုမကြည့်ဘူးလားလို့ကြိမ်မောင်းပါတယ်။ မော်တော်ဆိုက် ကယ်သမားက ခွင့်လွှတ်ပါခင်ဗျာ ကျနော် အပေါ်ကိုကြည့်မိသွားတယ်ဆိုပြီး အမျိုးသမီးငယ် နေပူစာ လှုံရာသို့လက်ညှိုးညွှန်လိုက်ပါတယ်။ ကားဒရိုင်ဘာက ကျွန်တော်နားလည်ပါပြီးလို့ပြန်ပြောပါတယ်။


 ပုလိပ်များေ၇ာက်လာတဲ့အချိန်မှာတော့ မိန်းခလေးငယ်ဟာ အခန်းထဲပြန်ဝင်သွားပြီး၊ပြူတင်းပေါက် ကို ပါပိတ်သွားခဲ့ပါတယ်။

Friday, June 27, 2014

ဆီချိုရောဂါသည်များအတွက် အရသာရှိတဲ့သတ်သက်လွတ်ပြင်သစ်သီးစုံဟင်း (Ratatouille Niçoise)

 



ပြင်ဆင်ချိန်: ၁၅ မိနစ်
ချက်ပြုပ်ချိန် : ၃၀ မိနစ်

ပါဝင်ပစ္စည်းများ

၁။ ခရမ်းသီးအကြီး ၁ လုံး
၂။ ခ၀ဲသီး (courgette)  ၁ လုံး
၃။ ပန်းငရုပ် အ၀ါ ၁ လုံး
၎။ ခရမ်းချဉ်သီး ၅ လုံး

၅။ ကြက်သွန်နီ ၂ ဥ
၆။ နံနံပင်  ၁ စီး
၇။ ကြက်သွန်ဖြူ ၂ မွှာ
၈။ ငရုပ်ကောင်း။
၉။ ဆား။
၁၀။ သံလွင်ဆီ (၀ါ) ဟင်းရွက်ဆီ
 

ချက်ပြုပ်ခြင်း

အသီးများအားရေဖြင့်သန့်စင်အောင်ဆေးပါ။
ခရမ်းသီးနဲ့ခ၀ဲသီးများကိုအခွံနွှာပြီး အတုံးများတုံးပါ။
ခရုပ်သီးဝါ၏ အစေ့များထုပ်ပြစ်ပါ။ အသီးများအားလုံးကို ဆားအနည်းငယ်ပါသောရေဆူတွင် ၂ မိနစ်ခန့်ပြုပ်ပြီး ရေအေးတွင်ထဲ့ခြင်းဖြင့် အသီးများမဲခြင်းကိုကာကွယ်ပါသည်။
ခရမ်းချဉ်သီးကိုအလုံးလိုက် အထက်ပါ ရေဆူထဲသို့ထဲ့ပြီးရေအေးထဲသို့ပြောင်းထဲ့ပါကလွယ်ကူစွာအခွံနွှာလို့ရပါသည်။
ကြက်သွန်နီမျာကိုအခွံနွှာပြီးပါးပါးလှီးပါ။
ကြက်သွန်ဖြူများကိုအခွံနွှာပြီး ဒါးပြားရိုက်ပြီး နုတ်နုတ်ဆင်းပါ

အိုးအကြီးတစ်လုံးတွင်ဆီနဲ့ကြက်သွန်နီ၊ကြက်သွန်ဖြူထဲ့ပြီးအနံ့မွှေးလာအောင်ဆီသတ်ပါ။ ပြီးလျှင်အသီးများ၊ဆား၊ငရုပ်ကောင်းများထဲ့ပြီး မီးအသင့်အတင့်ဖြင့် အသီးများနူးလာသည်အထိချက်ပါ။
အိုးချခါနီးတွင် နံနံပင်ထဲ့အိုးအဖုံး ဖုံးပြီး မီးပိတ်ပါ။

အထက်ပါ သီးစုံဟင်းသညှ်ဆီးချိုရောဂါသည်၊သွေးတိုးနှလုံးရောဂါသည်များ၊ သက်သတ်လွတ်စားသူများအတွက် သင့်လျော်၊အရသာရှိတဲ့ ဟင်းလျှာဖြစ်ပါတယ်။




Wednesday, June 25, 2014

ပြင်သစ်သက်သတ်လွတ် ခရမ်းချဉ်သီးအစာသွပ်။

© Sinetical - Fotolia.

 

ချက်ပြုပ်ချိန်: ၃၀ မိနစ်
ပြင်ဆင်ချိန် : ၂၀ မိနစ်
၃ ယောက်စာ ပါဝင်ပစ္စည်းများ
တိုဖူ ၉၀ ဂရမ်
ပင်စိမ်း
ကြက်သွန်မိတ်
ကြက်သွန်ဖြူ
ဂျုံမှုန့် ၃၀ ဂရမ်
ဆနွင်း
ငရုပ်ကောင်း
ဆား
ပဲငံပြာရည်
ခရမ်းချဉ်သီး ၆၀၀ ဂရမ်
နှမ်း
ဟင်းရွက်ဆီ
ရေ ၅၀ ဂရမ်
 
ပင်ဆင်ပုံ
၁။ ခရမ်းချဉ်သီးများကိုရေစင်စင်ဆေးပြီး၊ ဖင်ပိုင်းကို ဦးထုပ်ပုံဖြစ်အောင်ဖြတ်ပါ။ အတွင်းပိုင်းမှအစေ့များထုတ်ပြီး၊ဆားအနည်းငယ်ထဲ့ပါ။

 ၂။  oven ကိုအပူပေးပါ။ ပြီးနောက် ၁၆၀ ဒီဂရီတွင်ထားပါ။ မိနစ် ၃၀ ချက်ရပါမယ်။

၃။ ပင်စိမ်းနဲ့ကြက်သွန်မိတ်များကိုရေစင်စင်ဆေးပြီး၊အချို့ကိုအရွယ်တော်ပိုင်းဖြတ်ပြီးအချို့ကိုနှုတ်နှုတ်စင်းထားပါ။
 
၎။ ကြက်သွန်ဖြူများကိုနှုတ်နှုတ်စင်းပါ။
 
၅။ ခွက်တစ်ခုတွင် တိုဖူးများကိုခြေပြီး၊နှုတ်နှုတ်စင်းထားသောပင်စိမ်းနဲ့ကြက်သွန်မိတ် များထဲ့ရော်ပါ။

၆။ အခြားခွက်တစ်ခုတွင် ဂျုံမှုန့်နဲ့နှုတ်နှုတ်စင်းထားသောကြက်သွန်ဖြူ၊ဆနွင်း၊ငရုပ်ကောင်း၊ဆား၊ပဲငံပြာရည် များ ထဲ့နယ်ပြီး နောက် တိုဖူးအရော်ကိုပါထဲ့နယ်ပြီးအပေါ့အငံမြည်းပါ။

၇။  ခရမ်းချဉ်သီးများကိုအစာသွတ်ပါ၊ ခေါင်းပိုင်းတင်ပါ။ နှမ်းဖြူးပါ။ ထိုနောက် oven တွင်ဖုတ်ပါ။
oven ထဲတွင် အခြားခွက်တစ်ခုထဲ၌ ရေထဲ့ထားခြင်းဖြင့် ခရမ်းသီးများမတူးပဲကျက်စေပါသည်

၇။ ခရမ်းချဉ်သီးအစာသွတ်များကျက်မကျက်ကို သွားကြားထိုးတန်ထိုး၍စမ်းသပ်နိုင်ပါသည်။
 
ပူပူနွေးစားသောက်ပါကပိုမိုအရသာရှိပါတယ်။
 
 

Monday, June 23, 2014

ပြင်သစ်ပုဇွန်ခ၀ဲသီးဟင်း

 


ပြင်ဆင်ချိန်: ၂၀ မိနစ်
ချက်ပြုပ်ချိန်:  ၅ မိနစ်
ရေခဲသေတ္တာတွင်အအေးခံချိန်း ၆၀ မိနစ်


လူ ၄ ယောက်စာ
၁။ ခ၀ဲသီး ၄၀၀ ဂရမ်
၂။ အခွံနွှာပြီး ပုဇွန် ၂၀၀ ဂရမ်
၃။ အဆီမပါသောဒိန်ခဲဖြူ ၁၅၀ ဂရမ်
၎။ သံပုရာရည် ထမင်းစားဇွန်း ၂ ဇွန်း
ဆား၊ငရုပ်ကောင်း၊နံနံပင် (၀ါ) ပင်စိမ်း (၀ါ) ပူစီနံ
 
 

ပြင်ဆင်ပုံ
ခ၀ဲသီးကိုရေဆေး၊ ထိပ်နှစ်ဖက်ဖြတ်၊အရှည်အတိုင်းခွဲပြီးအထဲမှ အစေ့ပါသောအူတိုင်များထုတ်ပြစ်ပါ။
၎င်းနောက် ရေဆူတွင် ၅ မိနစ်ပြုပ်ပြီးနောက် ရေခဲသေတ္တာတွင်အအေးခံထားပါ။
ခွက်တစ်ခုတွင် သံပုရာရည် ထမင်းစားဇွန်း ၁ ဇွန်း၊ဒိန်ခဲဖြူ၊မိမိကြိုက်ရာအမွေးပင်၊ဆား၊ငရုပ်ကောင်းများနဲ့ရော်နယ်ပါ။

ပုဂံတစ်ချပ်တွင်အအေးခံထားသောခ၀ဲသီးများထဲ့ပါ၎င်းအပေါ်တွင် ပုဇွန်များတင် ပြီး ကျန်သော
သံပုရာရည် ထမင်းစားဇွန်း ၁ ဇွန်းလောင်းပါ။ ပြီးလျှင် အထက်တွင်ဖျော်ထားသော ဒိန်ချဉ်ဆော့
ထပ်လောင်းပါ။ စားလို့ရပါပြီ။ အအေးစာဖြစ်ပါတယ်။ မြည်ကြည့်ပါအုံး။




Friday, June 20, 2014

၈ လ အတွင်းဆံပင်များပြန်ပေါက်လာအောင် အမေရိကန်ဆေးသုသနပညာရှင်များလုပ်နိုင်ခဲ့။


Yale University မှဆရာဝန်များက အရေပြားရောဂါ ( Psoiasis) ကြောင့် တစ်ခေါင်းလုံး ပြောင်နေသော လူနာကိုဆေးတိုက်ကြွေခြင်းဖြင့်ဆံပင်များ ၈ လ အတွင်းပြန်ပေါက်စေခဲ့ပါတယ်။ ( Psoriasis) ရောဂါဟာ မိမိကိုယ်ရှိ အသွေး အသား ကိုပြန်လည်းတိုက်ခိုက်သော အရေပြားတွင်ဖြစ်သည့် (autoimune disease) ရောဂါ တစ်မျိုးဖြစ်ပါတယ်။
လူနာရှင်၏သဘောတူညီချက်ဖြင့် အခြား (autoimune disease) ဖြစ်သော အဆစ်အမြစ်ကိုက်ခဲရောဂါ (Rheumatoid arthritis) တွင်အသုံးပြုသောဆေး (tofactittinib citrate ) ကို ပထမ နှစ်လတွင် တစ်နေ့လျှင် ၁၀ ဂရမ် နဲ့   နောက် ၃လတွင် တစ်နေ့လျှင် ၂၀ ဂရမ် ကြွေးခြင်းဖြင့် ၈ လတွင် အထက်ပါပုံ အတိုင်းဆံပင်များပြန်ပေါက်လာသည်ကိုတွေ့ရပါတယ်။ ဆံပင်များအပြင် မျက်ခုံမွေး၊မျက်တောင်မွေးနဲ့တစ်ကိုယ်လုံးရှိအမွေးများပြန်ပေါက်လာတယ်လို့စမ်းသပ်စစ်ဆေးမှုမှာပါဝင်တဲ့ ဆရာဝန်   Brittany G. Craiglow ကပြောဆိုပါတယ်။ ဒီဆေးက ဆံပင်ရင်းမှာရှိတဲ့ အမြစ်ကို ကုသခြင်းဖြင့် ဆံပင်များပြန် ပေါက် စေတယ်လို့ဆိုပါတယ်။
 
 
Ref: Medisite A la Une

Monday, June 16, 2014

ပြင်သစ် ပုဇွန်ခေါက်ဆွဲသုပ်

              

 

ပြင်ဆင်ချိန်: ၁၅ မိစ်
ချက်ပြုပ်ချိန်: ၇ မိနစ်

၆ ယောက်စာ လိုအပ်သောပစ္စည်းများ

၁။ ရှာလကာရည်
၂။ ရေ ၁ လီတာ
၃။ ဆား
၎။ ခေါက်ဆွဲ ၁၉၀ ဂရမ်
၅။ သခွါသီး ၂၂၀ ဂရမ်
၆။ ချယ်ရီခရမ်ချဉ်သီး ၂၄၀ ဂရမ်
၇။  သဖန်းသီး အဆို (၀ါ) အခြောက် ၈၀ ဂရမ်
၈။ အခွံခွါပြီး ပုဇွန် ၂၆၀ ဂရမ်
၉။ မြေပဲ ၃၀ ဂရမ်
၁၀။ ပူဆီနံ
 

ပြင်ဆင်ပုံ
၁။ သခွါသီးကိုအခွံနွှာ၍ ပါးပါးလှီးပါ။
၂။ ခေါက်ဆွဲခြောက်ဖြစ်ပါက ဆားအနည်းငယ်ပါသောရေဖြင့်ပြုပ်ပြီရေစစ်ထားပါ။
၃။ အခွံမပါသောမြေပဲကိုအနည်းငယ်လှော်ပါ။
၎။ ခေါင်းမပါသောပုဇွန်များကိုရေအနည်းငယ်ဖြင့် microwave တွင် ၃၅ စက္ကန့်အပူပေးပြီး အမှီးချန်၍အခွံနွှာထားပါ။ သဖန်းသီးအဆိုကိုလည်း microwave တွင် ၃၅ စက္ကန့်အပူပေးပြီး လေးစိပ် စိပ်ပါ။
၅။ ပုဂံပြားအလယ်တွင်ပြုပ်ထားသောခေါက်ဆွဲများထဲ့ပါ။
၆။ အပေါ်မှရှာလကာရည်ဖြန်းပါ။
၇။ ခေါက်ဆွဲပေါ်တွင် သခွါးသီး၊ချယ်ရီခရမ်းချဉ်သီး၊မြေပဲလှော်၊ပုဇွန်၊သဖန်းသီး၊ပူဆီနံတို့ဖြင့်အလှဆင်ပါ။


ဆီမပါသော ကျန်းမာရေးအတွက်သင့်လျော်သော ဟင်းတစ်ခွက်ဖြစ်ပါတယ်။ သုံးဆောင်ကြည့်ပါ။