:include data='blog' name='google-analytics'/>

Saturday, October 26, 2013

ပီတိမျက်ရည်





 
 

 


 

အောက်တိုဘာလ၊၂၄ ရက် ပါရီမြို့ရဲ့မှောင်မှောင်မဲနေတဲ့နံနက် နာရီမှာ ပြင်သစ်နိုင်ငံ Strasbourg မြို့ (ဂျာမနီနိုင်ငံ နယ်စပ်)၊ ဥရောပပါလီမန်မှာ ဒေါ်အောင်ဆန်းစုကြည်အား (Sakharov Prize for Freedom of Thought) လူ့အခွင့်အရေးဆုပေးပွဲ အမှီသွားရောက်အားပေးရန် မြန်မာနိုင်ငံသား ဦး ကားတစ်စီး ယူရို ၆၀၀ နဲ့စုငှါးပြီး ထွက်ခဲ့ကြ ပါတယ်။  မနက် ၁၀ နာရီ ခွဲလောက်မှာ Strasbourg မြို့  European အဆောက်အဦးဆီ ရောက်ပါတယ်။ အဲ့ဒီမှာ မြန်မာတိုက်ပုံဝတ်ထားတဲ့ အမျိုးသားတစ်ဦး တွေ့လို့ မေးလိုက်တော့ ဂျာမနီနိုင်ငံ၊ ဒိန်မတ်နိုင်ငံတွေက မြန်မာတွေဖြစ်နေကြပါတယ်။
ကားကို နေရာရှာရပ်ပြီး အဆောက်အဦးဆီ လာခဲ့ကြပါတယ်။ အခန်းအနားက ၁၂ နာရီမှ စမှာမို့ အချိန်စောသေး တဲ့အတွက် အဆောက်အဦးရှေ့မှာစောင့်ရင်း အမှတ်တရ ဓါတ်ပုံတွေ ရိုက် ကြပါတယ်။ ဒါပေမဲ့ ၁၁ နာရီကျော်လာလို့ အဆောက်အဦးထဲ ၀င်ရမဲ့ အချိန်မှာတော့ ကျမတို့ စောင့်နေတဲ့ အဆောက်အဦးကနေ ၀င်လို့မရဘူးတဲ့။ သူ့နောက်မှာရှိတဲ့ အဆောက်အဦးက ၀င်ရမယ်တဲ့။                  ၀င်ရမဲ့ အဆောက်အဦးက ကြောခြင်း ကပ်နေပေမဲ့ ချောင်းခြားနေတဲ့အတွက် ဖြတ်လို့ရမဲ့ တံတားဆီ သွားကြ ရပါတယ်။ ကားပြန်ယူပြီ ချောင်းဖြတ် မယ်ဆိုတော့လည်း တံတားက ကားဖြတ်လို့မရဘူး။
အခန်းအနားမမှီမှာ စိုးတဲ့အတွက်အပြေး အလွှား သွားကြပါတယ်။ အဖွဲ့ထဲမှာ ဂျာမနီက အသက် ၈၁ နှစ် အန်ကယ်ပါလာလို့ သူလျောက်မှလျောက်နိုင်ပါ့မလားလို့ စိတ်ပူနေကြပါတယ်။ ဒါပေမဲ့ အံသြစရာ လူငယ် တွေနည်းတူ လျောက်နိုင်တာတွေ့ရလို့စိတ်အေးသွားပါတယ်။

ဒါပေမဲ့ မကြာပါဘူး ဒိန်မတ်က အမျိုးသမီးရဲ့ညာဘက်ဒေါက်ဖိနပ်ကဒေါက်ပြုပ်ထွက်သွားပါတယ်။ ဖိနပ်ချွတ်လျောက်ဖို့ကလည်းရာသီဥတုအေးတာရယ်၊ နိုင်ငံခြားသားအမြင်မှာ မတင့်တယ်တာရယ် ကြောင့်ဒီအကြံကိုစွန့်လွှတ်လိုက်ရပါတယ်။။ ဖိနပ်တစ်ဘက်မြင့်၊တစ်ဘက်နိမ့်နဲ့လျောက်ဖို့ကလည်းလျောက်လို့မရတာကြောင့် ဘယ်ဘက်က ဒေါက်ကို ဖြုတ်ဖို့ကြိုးစားကြပါတယ်။ ဖြတ်ချင်ပါတယ်ဆိုမှ ဒေါက်ကတော်တော်နဲ့ဖြုတ်လို့မရဘူး။ ရာသီဥတုအေးပေမဲ့ အချိန်မမှီမှာစိုးလို့ချွေးစလေးတွေထွက်စပြုလာပါတယ်။ ကံကောင်းစွာ နောက်ဆုံးမှာဒေါက်ဖြုတ်လို့ရ သွား ပါတယ်။ အမြန်ပြေးကြရင်း ၀င်ရမဲ့အပေါက်ရောက် လာပါ တယ်။ ၀င်ပေါက်တွေကလည်းအများကြီး၊ ဘယ်ကနေ    ၀င်ရမှန်းလဲမသိ။ အခန်းအနားဆီခေါ်သွားမဲ့ ပြင်သစ်အမျိုးသမီးက အရင်ရောက်နှင့်တဲ့မြန်မာအဖွဲ့ကိုအထဲသွင်းသွားပြီတဲ့။ ဒုက္ခပဲ အပင်းပန်းခံပြီး လာခဲ့သမျှ အလကားဖြစ်သွားပြီလား။

တော်သေးတယ်။ ပြင်သစ်အမျိုးသမီးထွက်လာပါတယ်။ လုံခြုံရေး အရ လေဆိပ်တွေမှာစစ်သလို ပါလာတဲ့ပစ္စည်းတွေနဲ့လူတစ်ဦးဆီစစ်ဆေးပါတယ်။ ဆုပေးတဲ့ခမ်းမထဲ မ၀င်ရသေးပါဘူး။ လာခေါ်မဲ့သူကိုစောင့်နေရပါတယ်။ မနက်စောစောထွက်လာရတဲ့အပြင် စိတ်ရော လူရော ပန်းသွား တဲ့အတွက်အန္တရာယ်မလွယ်နိုင်လို့ အိမ်သာရှာတော့ မတွေ့ပါဘူး။ အဆောက်အဦးမှာ တွေ့တဲ့               ၀န်ထမ်းတွေကိုမေးမှသူ့ ကပ်ပါးနဲ့ အထဲဝင်ပြီးလိုက်ပြပါတယ်။ ဒါပေမဲ့ သန့်ရှင်းရေးလုပ်နေလို့ ၀င်လို့မရပါဘူး။ နောက်ထပ်အိမ်သာထပ်ရှာရပြန်ပါတယ်။ တွေ့ပါပြီ။ အခုမှအန္တရာယ်လွယ် ထား ရာက ဖြေရှင်း နိုင်ကြပါ တော့တယ်။ ဒါပေမဲ့တစ်ယောက်သောသူမှာတော့ အန္တရာယ်ထုပ်ကြီး လမ်းမှာတင် ထွက်ကျ သွားခဲ့ တယ်လို့သိရပါတယ်။

အိမ်သာကထွက်လာပြီးချိန်မှာ ခမ်းမထဲဝင်ဖို့ဝန်ထမ်း တစ်ဦး လာခေါ်ပါတယ်။ အချိန်ကလည်း   ၁၂ နာရီထိုးတော့မယ်။ ရှေ့မှာခမ်းမထဲဝင်ဖို့စောင့်နေတဲ့ လူတန်းကြီး ကလည်းနဲနဲရှည်နေတယ်။  အချိန်မှီမှာ မဟုတ်တော့ဘူးလို့စိတ်ပျက်နေတုန်း ပြင်သစ် အမျိုးသမီးတစ်ဦးကဦးဆောင်ပြီး  ဒါမြန်မာအုပ်စု လမ်း ဖယ်ပေး ပါဆိုပြီးဦးဆောင်ပြီးခမ်းမထဲခေါ်သွားပါတယ်။ (နောက်မှသိရတာက အဲဒီအမျိုးသမီးက             ၀န်ထမ်းမဟုတ်ပါဘူး။ မြန်မာနိုင်ငံကိုချစ်တဲ့ Strasbourg မြို့မှာနေတဲ့ပြင်သစ် အမျိုးသမီးပါ။ ငါကနင်တို့နဲ့ ကပ်လိုက်တာတဲ့။ ဘာပဲဖြစ်ဖြစ်အချိန်မှီရောက်လို့ကျေးဇူးတင်ပါတယ်)

ခမ်းမထဲကမြန်မာအဖွဲ့အတွက်နေရာ ရောက်လို့ထိုင်လိုက်တာနဲ့ အခန်းအနားစပြီး အမေစု ၀င်လာပါတယ်။ ဘုရားမလို့ ချိန်ကိုက်ရောက်တာပါလားလို့ဝမ်းသာရပါတယ်။ အမေစုပြောတာ တွေကို ၀မ်းသာ အားရ လက်ခုတ်တီးအားပေးရတာ၊ဓါတ်ပုံရိုက်ရတာလဲ မမောနိုင်ပါဘူး။ အခမ်းအနားပြီးလို့ထွက်လာတော့ ဖြစ်နိုင်ရင် အမေစုကိုသီထင်းကျွတ်လမို့ ကတော့ချင်ကြောင်း တွေ့ခွင့် ရမယ်ဆိုရင် မိနစ်လောက်တွေ့ချင်ကြောင်းပြောဆိုကြပါတယ်။ တာဝန်ကျ ၀န်ထမ်းက ဖြစ်နိုင်မယ်တော့ မထင်ဘူး ဒါပေမဲ့မေးပေးပါ့မယ်လို့ပြောပါတယ်။ ၁၀ မိနစ်လောက်ကြာတော့ အမေစုက တွေ့မယ်တဲ့။ အခုထမင်းကျွေး နေတာမို့ နောက်တစ်နာရီမှထွက်လာနိုင်မယ်တဲ့။ အို တွေ့မယ်ဆိုလို့ကတော့ တစ်နာရီမက စောင့်နိုင်တယ်။ အဆောက်ဦးအပြင်ထွက်ပြီး ဓါတ်ပုံ တွေ ရိုက်ရင်းစောင့်နေကြပါတယ်။ တစ်နာရီပြည့်ပါပြီ အဆောက်အဦးထဲကို ခုဏကလို အစစ်ဆေး ခံပြီးပြန်ဝင်ကြပါတယ်။ အမေစုထွက်လာပါပြီ။ အမေစုကို ပထမဦးဆုံးအကြိမ် နီးနီးကပ်ကပ် မြင် လိုက်ရတာပါ။ အမေစုက ဘာလို့တွေ့ချင်တာလဲလို့မေးပါတယ်။ အဖွဲ့ထဲက လူငယ် တစ်ဦးက အမေစုကို သီတင်ကျွတ်လ မှာကြုံကြိုတ် တုန်းကတော့ချင်ပါတယ်ဆိုတော့။ ဒါဆိုရင် အမေ အပါအ၀င် အဖွဲ့မှာပါလာတဲ့ ရဟန်းနှစ်ပါးကို အရင်ကတော့ကြမယ်။ ပြီးမှ အမေ့ကိုကတော့ပေါ့ဆိုပြီး တမံတလင်း ပေါ်ထိုင်ချလိုက်ပါတယ်။ အနားမှာရှိတဲ့ နိုင်ငံခြားသား တွေလဲ အံသြသင့်နေရာက  ဓါတ်ပုံတွေ တစ်ဖြတ်ဖြတ်ရိုက်ကြပါတယ်။
 
               မြန်မာနိုင်ငံတွင်သာမကနိုင်ငံတကားက လေးစားရတဲ့ အမေစု။ မာနတရား ဆိုတာ ဘာမှ မရှိပါလား။ ရိုးသားလိုက်တာ၊ မြန်မာဆန်ဆန်အ၀တ်ဝတ်ရုံသာမဟုတ်။ နှလုံးသား ကလည်း မြန်မာ ပိပိသသ ရိုးသားဖြူစင်ပါလားဆိုတဲ့အသိကြောင့် ၀မ်းသာပီတိနဲ့အတူ မျက်ရည်တွေ ဝေ့ တက်လာပါတယ်။ အမေစုပြောနေတဲ့ စကားတွေကိုနားထောင်ရင်း နောက်ဆုံး အမေစုပြန်ထွက် သွားမှ အမေစုနောက်က အမြဲအားပေးနေပါတယ်ဆိုတဲ့စကားတွေ ပလုံပထွေးနဲ့ ပြောလိုက် မိပါ တယ်။ အမေစုကြားမကြားတော့ မသိပါဘူး။ ကြားတာမကြားတာကအရေးမကြီးပါဘူး။ အမေစု ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာနဲ့ တိုင်းပြည်အကျိုးကို ဆက်လက်ထမ်းဆောင်နိုင်ပါစေလို့ ဆုတောင်းရင်း ကိုယ်တတ်နိုင်တဲ့ အခန်းဏ္ဍန်ကနေ အတတ်နိုင်ဆုံးအားပေးနေရမှာပါ။

လမ်းရောက်တော့မှ မနက်စာစားဖို့ သတိရကြပါတယ်။ လမ်းဘေး အနားယူရာနေရာမှာ ပါလာတဲ့   ခေါက်ဆွဲ ကျော်တွေထုတ်စားကြပါတယ်။ အခက်အခဲအမျိုးမျိုးတွေ့နဲ့ကြုံခဲ့ရပေမဲ့ လာရကျိုး နပ် တယ်။ ကျေနပ်တယ်။ ၀မ်းသာတယ်။ မလာနိုင်တဲ့သူတွေကိုလည်း ကြွားရအုံးမယ်။ လို့ တစ်ယောက် တစ်ပေါက်ပြော ဆိုမိကြ ပါတယ်။
 
                                                     Andrei Sakharov
 
Sakharov Prize ကိုပြင်သစ်နိုင်ငံ Strasbourg မြို့ ရှိဥရောပပါလီမန်မှာ ပေးအပ်ပါတယ်။ ပထမဆုံး ဆုကို ၁၉၈၈ မှာစတင်ပေးခဲ့ပြီး၊နှစ်စဉ်ပေးအပ်ပါတယ်။ အမေစုက ၁၉၉၀ ခုနှစ်အတွက် ရရှိတာ ဖြစ်ပါတယ်။ ဆုကြေးအနေနဲ့ ယူရို ငါးသောင်းဖြစ်ပါတယ်။ ၁၉၇၄ နှစ်အတွက် Peace Prize ရရှိသော ဆိုဗီရက် နိုင်ငံသား သိပ္ပံပညာရှင် Andrei Sakharov ကိုဂုဏ်ပြုသောအားဖြင့် (Sakharov Prize for Freedom of Thought) ကို ၁၉၈၅ တွင်ဥရောပပါလီမန်တွင်စတင်တည်ထောင်ခဲ့ပါတယ်။  လူပုဂ္ဂိုလ်တစ်ဦးချင်း သော၎င်း၊ အဖွဲ့အစည်း အနေအားဖြင့်၎င်း လူ့အခွင့်အရေးနဲ့ လွတ်လပ်စွာတွေးခေါ်မှုအတွက် အသက်ပေး၍ ဆောင်ရွက် သည်များကိုဂုဏ်ပြုသောဆုဖြစ်ပါတယ်။

 

**အမေ
**သမီးတစ်ယောက်အနေနဲ့ ဖခင်ကို စွန့်လွတ်ခဲ့ရတယ်                               
**ဇနီးတစ်ယောက်အနေနဲ့ ခင်ပွန်းသည်ကို စွန့်လွတ်ခဲ့ရတယ်          
**မိခင်တစ်ယောက်အနေနဲ့ ရင်သွေးတွေကို စွန့်လွတ်ခဲ့ရတယ်                               
**လူသား တစ်ယောက်အနေနဲ့ စည်းစိမ်တွေကို စွန့်လွတ်ခဲ့ရတယ်
**အမျိုးသမီးတစ်ယောက်အနေနဲ့ လွတ်လပ်ခွင့်တွေကို စွန့်လွတ်ခဲ့ရတယ်

**အသက်ရှင်လျက်နဲ့ စွန့်လွတ်ခဲ့ရတဲ့......သူ လုံးဝမစွန့်လွှတ်တာဆိုလို့  
ငါတို့ပြည်သူ သန်းခြောက်ဆယ်၊၊ ၊၊

မိုဃ်းဇော် (မနေ့က စာပေဟောပြောပွဲမှာ ဆရာညီမင်းညိုက အမေစု အကြောင်းပြော
သွားရင်းနဲ့ ရွတ်ဆိုခဲ့တဲ့ ကဗျာလေးပါ)
Facebook မှကူးယူထားပါသည်။ 
 
ကျမ်းကိုး
Sakharov Prize . Wikipedia

Wednesday, October 23, 2013

မှတ်ကျောက်အတင်ခံသောဗုဒ္ဓဘာသာ ၂။




ထေရီအပဒါန်တွင်ပါဝင်သော မြတ်ဘုရား၏လက်ဝဲတော်ရံ တန်းခိုးဧတဒဂ်ရ ဥပ္ပလ၀ဏ္ဏာထေရီ အလျောင်း၏ တစ်ခုသောဘ၀တွင် ပစ္စေကဗုဒ္ဓ တစ်ပါးအား ပေါက်ပေါက်လှော် ၅၀၀ လှူဒါန်းပြီး ဤလှူဒါန်းအပ်သော ပေါက်ပေါက်အမျှ သားရတနာများ ရ ရပါလို၏လို့ဆုတောင်းခဲ့ပါတယ်။ ( ဒါကြောင့်မြတ်ဘုရားက အမျိုးသမီးတွေဟာ သားမွေး ရတာ ဘယ်တော့မှ မငြီးငွေ့ဘူးလို့
ဟောခဲ့တာပဲ)။ အဲ့ဒီကုသိုလ်ကြောင့် နောက်ဘ၀တစ်ခုတွင် ဗာရာဏသီမင်း၏ မိဖုရားခေါင်းဖြစ် လာပါတယ်။ ပဒုမာကြာတွင်သန္ဓေတည်ခဲ့တဲ့အတွက် ပဒုမ၀တီဟုအမည်တွင်ပါတယ်။ ပဒုမ၀တီ မိဖုရားဟာ သူ့ဆုတောင်းအတိုင်း သား ၅၀၀ မွေးဖွါးခဲ့ပါတယ်။ အဲဒီသား ၅၀၀ ဟာ အသက် ၁၆ နှစ်
မှာ ပစ္စေကဗုဒ္ဓာ တွေဖြစ်သွားကြပါတယ်။

လူအမျိုးသမီးတစ်ဦးက သား ၅၀၀ မွေးဖို့အတွက် သား ၅၀၀ ကိုယ်ဝန်ဆောင်ဖို့ဆိုတာ ဘယ်လိုမှ
မဖြစ်နိုင်ဘူးလို့တွေးမိပါတယ်။ ဒါပေမဲ့ သုတ္တန်မှာရေးထားတာက သား ၅၀၀ ကိုယ်ဝန်ဆောင်တာ မဟုတ်ပါဘူး။ သားတစ်ယောက်ထဲကိုသာ သာမန်အတိုင်း ကိုယ်ဝန်ဆောင်ပြီး သာမာန်အတိုင်း မွေးခဲ့ တာပါ။ ဒါပေမဲ့ သားမွေးစဉ် ကျတဲ့သွေးတစက် တစ်စက်ကနေ သားတစ်ယောက်ဆ်ီဖြစ်ခဲ့တာပါတဲ့။ သွေးတစ်စက်ကနေ သားတစ်ယောက်  ဖြစ်တယ်ဆိုတာ သာလို့တောင်မဖြစ်နိုင်ဘူးလို့ ယူဆခဲ့မိပါတယ်။

ယခု ၂၁ ရာစုမှာ ကမ္ဘာ့ဆေးသိပ္ပံရှင်တွေစုပေါင်းလုပ်ဆောင်ချက်ကြောင့် သွေးစက်တွေမှာပါတဲ့
ဗီဇ (DNA) တွေကနေ  သတ္တ၀ါပြုလုပ်နိုင်တော့မှ ဟုတ်ပါလား။ မှန်ပါလား လို့သိရပါတော့တယ်။

ကိုယ်ဥာဏ်မမှီတာ ကိုမမှန်ဘူးလို့ ဆုံးဖြတ်ခဲ့တာကိုး။ ဒါကြောင့် သုဘသုတ္တန်မှာ မြတ်ဘုရားက

သုဘပုဏ္ဏားကို ဖြူနီဝါ စတဲ့ အရောင်တွေကိုမမြင်နိုင်တဲ့ ၀မ်းတွင်းကန်း ကသူမမြင်နိုင်တဲ့ ရောင်

တွေရှိတယ် ဆိုတာလည်း မယုံဘူး၊ အရောင်တွေကိုမြင်တဲ့သူဆို တာလည်းမရှိဘူးလို့ ထင်ကြ၊

ပြောကြတယ်လို့  ဥပမာ ပေးခဲ့တာကိုး။

ဆက်လက်ဖေါ်ပြပါမည်။ 

ကျမ်းကိုး။                                                                                                           
၁။ အရှင်ဓမ္မဿာမိဘိဝံသ၏ ထေရီအပဒါန် ။
၂။ မဇ္ဈိမနိကယ်၊မဇ္ဈိမပဏ္ဏာသပါဠိတော်လာ ၉ ခုမြောက်၊သုဘသုတ်။                       

Wednesday, October 16, 2013

မှတ်ကျောက်အတင်ခံသောဗုဒ္ဓဘာသာ။




သရက်သီးကသရက်ပင်ပေါက်တာ၊ပန်းသီးကပန်းသီပင်ပေါက်တာ၊ကြက်ဥကကြက်ပေါက်တာ၊

ဝက်က ၀က်မွေးတာတွေဟာဗီဇခေါ်တဲ့ (DNA) တွေကြောင့်ဖြစ်တယ်ဆိုတာ သိခဲ့တာတော့ကြာ ပါပြီး။ ဒါပေမဲ့၂၁ ရာစုရောက်မှသာ DNA တွေကိုခွဲခြမ်းနိုင်ပြီး၊ DNA တွေကနေ သစ်ပင်နဲ့ သတ္တ၀ါ တွေကိုမွေးထုတ် နိုင်လာခဲ့ပါတယ်။ သိပ္ပံပညာအခေါ်အရ clone လုပ်တယ် လို့ခေါ်ပါတယ်။

 

အဲ့ဒီ သိပ္ပံပညာအရ အမျိုးမျိုးဖြစ်နေတဲ့ ဘာသာတရားတွေကို မှတ်ကျောက်တင်ပြီး အမှန်တရား ရှာဖို့ ဆုံးဖြတ်ကြပါတယ်။ ကမ္ဘာမှာရှိတဲ့ ဘာသာကြီးတွေထဲက ခရစ်ယံဘာသာမှာ ရေရူသခင်ကို သတ်စဉ်က    ၀တ်ခဲ့သောအ၀တ်မှာစွန်းထင်နေတဲ့သွေးတွေကနေ DNA ကိုစမ်းသပ်စစ်ဆေးရန်ဖြစ် ပါတယ်။ တကယ်လို့ရေရူသခင်ကို DNA ကနေ ပြုလုပ်နိုင်ရင် လူအပါအ၀င် သက်ရှိသက်မဲ့နဲ့ကမ္ဘာ ကြီးကို ရေရူသခင်က ဖန်းဆင်းတယ်ဆိုတာ၊ ပြောင်းပြန်ဖြစ်ပြီး လူက ရေရူသခင်ကို ဖန်းဆင်းရာ ရောက်မှာမို့ ခရစ်ယံ ဘာသာကိုသက်ဝင်ယုံကြည်သူများက မလုပ်စေချင်ကြပါဘူး။ အချို့သော ခရစ်ယံဘာသာဝင်တွေက တော့ ရေရူသခင်ရှိခဲ့တယ်ဆိုတာသက်သေပြရာရောက်ပြီး၊ ရေရူသခင်ရဲ့ ရုပ်ပွါးတော်ကိုလည်း ဖူးမြင်ရမှာဖြစ်ပြီး။ လူကလုပ်တဲ့ ရေရူသခင်မို့ တကယ့် ရေရူသခင်လိုဖန်းဆင်း နိုင်တဲ့ အစွမ်းသတ္တိတွေ မရှိနိုင်ဘူးလို့လဲ အကောင်းဘက်မှတွေးကြပါတယ်။ နောက်ဆုံးတော့ ရေရူသခင်ရဲ့ သွေးတွေကိုစမ်းသပ်ဖို့ဆုံးဖြတ်ကြ ပါတယ်။ ဒါပေမဲ့ ဘယ်သူမှ မထင်မှတ်တဲ့ အဖြေ ထွက်လာပါတယ်။ ရေရူသခင်ရဲ့အ၀တ်မှာ စွန်းကျန် ရစ်တယ်ဆိုတဲ့ သွေးတွေဟာ တကယ့်သွေး မဟုတ်ပဲ့ ၁၉ ရာစုက ပေါ်ပေါက်တဲ့ဆိုးဆေးတွေနဲ့လုပ်ခဲ့တဲ့ သွေးအတုတွေဖြစ်နေပါတယ်။ (ဒီအကြောင်းတွေ လွန်ခဲ့တဲ့ ၂ နှစ်လောက်ခန့်က သတင်း မီဒီယာ တွေမှာဟိုးလေးတကျော်ဖြစ် ခဲ့ပေမဲ့ ယခု Reference ပေးရန် internet မှာရှာတော့ လုံးဝ ရှာ မရ တော့ပါဘူး။)

 

ဗုဒ္ဓဘာသာမှာတော့ မြတ်စွာဘုရားရဲ့စွယ်တော်စစ်တရုပ်ပြည်မှာရှိတာမို့ အဲ့ဒီက DNA ကိုစစ်ဆေးဖို့ တရုပ် အစိုးရဆီမှာအကြိမ်ကြိမ်တောင်းခံခဲ့ရာ နောက်ဆုံးမှာခွင့်ပြုချက်ရရှိပါတယ်။ DNA စစ်ဆေး ချက်အရ လူရဲ့ DNA ဖြစ်ကြောင်းလွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ကျော်ကဖြစ်ကြောင်း၊ လူ သာမာန် မှာမတွေ့တဲ့ DNA ဖြစ်တယ်လို့ဆိုပါတယ်။ ဆက်လက်လေ့လာရင် ဗုဒ္ဓဘာာသာကို မှန်ပါတယ်လို့ထောက်ခံရာရောက်မှာမို့ ခရစ်ရမ်ဘာသာဝင် စမ်းသပ်သူများက ရပ်ဆိုင်း လိုက် တယ်လို့သိရပါတယ်။ ဒီအကြောင်းတွေကိုလည်း မြန်မာဗုဒ္ဓဘာသာဆိုဒ်တွေမှာသာ တစ်ဆင့်ဆီ တင်ပြခဲ့တာကိုတွေ့ရပြီး မူလကျမ်းကိုးကိုတော့ internet မှာရှာမတွေ့တော့ပါဘူး။

 

ဆက်လက်ဖေါ်ပြပါမယ်။

 

ကျမ်းကိုး

ဓမ္မအေးရိပ်။ ဗုဒ္ဓမြတ်စွာဘုရား၏စွယ်တော်ကိုသိပ္ပံပညာရှင်များစမ်းသပ်စစ်ဆေး။

Wednesday, October 9, 2013

ဒိဋ္ဌတွေ့မှယုံ (seeing is believing) မယ်။


 
သိပ္ပံပညာထွန်းကားတဲ့ယခုလိုခေတ်မှာ ဒိဋ္ဌတွေ့မှယုံ (seeing is believing) တယ်ဆိုတဲ့သူတွေ အလွန်များပါတယ်။ တစ်ချို့ဆိုရင် ဘယ်လောက်တောင်အစွန်းရောက်သွားသလဲဆိုရင်သိပ္ပံပညာ (Scientology) ကို ဘုရားတစ်ဆူလိုကိုးကွယ်လာကြတဲ့ အထိ ပါပဲ။ နံမည်ကြီးတဲ့ မင်းသား
မင်းသမီးတွေ ကိုးကွယ်ကြလို့ လိုက်ကိုးကွယ်တဲ့သူတွေလည်းရှိပါတယ်။ ဒါပေမဲ့ မင်းသား
မင်းသမီးတိုင်း ပညာရှိတွေ၊သူတော်ကောင်းတွေမဟုတ်ကြတာမို့ မကြာခင်ကပဲ Scientology က လက်ခံရရှိတဲ့ အလှူငွေတွေအလွဲသုံးစားမှုကြီး ကမ္ဘာကျော်ခဲ့ပါတယ်။
 
မျက်မြင်ဆိုရာမှာ လူတွေရဲ့ မျက်စိက မြင်နိုင်စွမ်းအလွန်နည်းပါတယ်။ ပြောရမယ်ဆိုရင် တိရစ္ဆာန်တွေ လောက်တောင် မြင်အားမကောင်းပါဘူး။ ဥပမာ ဇီးကွက်လို ညဘက်အစာရှာတဲတိရစ္ဆာန်တွေဟာ အလင်းရောင်နည်းတဲ့ ညမှာ လူ့မျက်စိထက် ပိုမြင်နိုင်ပါတယ်။
 
သိပ္ပံပညာက အမြင်အားကောင်းအောင် စက်ပစ္စည်းတွေတည်ထွင်လို့ သာမာန်မျက်စိနဲ့မမြင်နိုင် တာကို မြင်စေခြင်းဖြင့် သိပ္ပံပညာ ပိုမိုထွန်းကားလာတာနဲ့အမျှ ပိုမြင်လာပါတယ်။ ဥပမာ ကျမတို့ပတ်ဝန်းကျင် မှာရှိတဲ့ ရောဂါဖြစ်စေတဲ့ ဘက်တီးရီယားပိုး (Bacteria) တွေကို သာမာန်မျက်စိနဲ့ မမြင်ပေမဲ့ အဆ တစ်ထောင်ကြီးစေတဲ့ မှန်ဘီးလူး(light microscope) တည်ထွင်နိုင်တဲ့အခါ၊ဘက်တီးရီယားပိုးတွေကို
light microscope နဲ့မျက်ဝါးထင်ထင်မြင်လာပါတယ်။ ဒါပေမဲ့ ဘက်တီးရီယားပိုး တွေထက်ပိုသေးငယ်တဲ့  ဗိုင်းရပ်စ်ပိုး(virus) တွေကိုတော့ light microscope နဲ့မမြင်နိုင်ပါဘူး။ အဆ တစ်သိန်းကျော်ချဲ့နိုင်တဲ့ (Electron microscope) တည်ထွင်နိုင်တဲ့အခါမှသာ မြင်ပါတယ်။ light microscope တို့ Electron microscope တို့ကြောင့် Bacteria နဲ့ virus တွေပေါ်ပေါက်လာတာမဟုတ်ပဲ မြင်နိုင်စွမ်းမရှိလို့ မမြင် ခဲ့တာ ဖြစ်ပြီး။ မျက်စိနဲ့ မမြင်တိုင်း မရှိဘူး၊ မမှန်ဘူးလို့ ပြောရင် တက်တက်စင်အောင်မှားနေပြီ
ဆိုတာ သတိထားသင့်ပါတယ်။
 
၁၈ ရာစုနှစ်က ဒြပ် (matter) တွေကို အဆင့်ဆင့်ခွဲစိပ်ခဲ့ရာ အသေးငယ်ဆုံးအဏှမြူ (Atom) တွေတွေ့ရှိ
ရာမှ အရာအားလုံးဟာသေးငယ်သောအဏှမြူ ဒြပ်တွေနဲ့ဖွဲ့စည်းထားတယ်ဆိုတဲ့ ရုပ်ဝါဒ(materialism)
ထွန်းကားခဲ့ပါတယ်။ ၁၉ ရာစုမှာတော့ အသေးငယ်ဆုံးဒြပ်လို့သတ်မှတ်တဲ့အဏှမြူ (Atom) ကိုထပ်မံ
ခွဲစိပ်နိုင်တာမို့ (electron, proton, neutron) လို့ခေါ်တဲ့ အဏှမြူအောက်ဒြပ် (sub atom) မှုံတွေတွေ့
ရှိလာပါတယ်။ ၂၀ ရာစုမှာတော့ အဏှမြူအောက်ဒြပ် (sub atom) မှုံတွေဆိုတာ အဆိုင်အခဲ၊အမှုံတွေ
(Particles) မဟုတ်ကြပဲ စွမ်းအင်တွေ (Energy) သာဖြစ်ပြီး အမြဲလှုပ်ရှားနေတယ်ဆိုတာထပ်တွေ့ရှိပြန် ပါတယ်။ ဒီတွေ့ရှိချက် ရောက်မှသာ မြတ်စွာဘုရားဟောတော်မူတဲ့ သဘောတရားမျှသာရှိတဲ့၊ အဆိုင်အခဲ အမှုံအမွှား အနေနဲ့ မရှိဘူးဆိုတဲ့ ပရမတ်ရုပ် ကို သိပ္ပံပညာရှင် (scientist ) ဆိုသူတွေ နားလည် ကြမှာ ဖြစ်ပါတယ်။
 
သိစရာမြင်စရာမှန်သမျှကိုအမှန်အတိုင်းမြင်တော်မူသောမြတ်ဘုရားက လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင် ကျော်ထဲက အမြဲဖေါက်ပြန်ပြောင်းလဲနေတဲ့ ရုပ်ပရမတ်ဆိုတဲ့ သဘောတရားကို ဟောတော်မူခဲ့ပါ တယ်။ မြတ်ဘုရားဟောတော်မူတဲ့ နာမ်တရားကိုသိနိုင်ဖို့တော့ သိပ္ပံပညာရှင် တွေဆက်လက် ကြိုးစားကြရ ပါအုံးမယ်။
 
အမေပေးတဲ့မျက်စိထက် အဆများစွာသာလွန်တဲ့ ဥာဏ်မျက်စိပိုင်ရှင်များဖြစ်ကြပါစေ။
 
 

Friday, October 4, 2013

သုဝဏ္ဏသာမဇတ်တော်ကြီးနဲ့ သိပ္ပံပညာ။








မြန်မာဗုဒ္ဓဘာသာတိုင်းကြားဖူးကြတဲ့ဇတ်တော်ကြီးဆယ်ဘွဲ့ထဲက သုဝဏ္ဏသာမဇတ်တော်ကြီးမှာ
သုဝဏ္ဏသာမ၏ဖခင်ဖြစ်သူနဲ့ မိခင်တို့တောထွက်တရား အားထုတ်ကြရာ အကြင်လင်မယား အဖြစ် မနေထိုင်ကြခြေ ။ မကြာခင် မိခင်ဖခင်တို့ မျက်စိကန်းပြီးဒုက္ခရောက်ကြမည်ကိုသိသော သိကြားမင်းက ၎င်းတို့အားပြုစုရန် ခလေးမွေးရန်ပြောဆိုသော်လည်း၎င်းတို့စောင့်နေသောသီလကို မဖျက်လိုကြ ကြောင်းသိရသဖြင့် သီလဖျက်ရန်မလိုသောနည်းဖြင့် သားသမီးရစေရန်နည်းပေးခဲ့ပါတယ်။ အဲ့ဒီနည်းကတော့ ဖခင်ဖြစ်သူ ဒုကူလ ရသေ့က မိခင်ဖြစ်သူ ပါရိကာရသေ့မ ဥတုလာသောအခါ၌ ချက်ကိုလက်ဖြင့်သုံးသပ်ခိုင်းသည်။  ထိုသို့ပြုခြင်းဖြင့် သုဝဏ္ဏသာမ အားဖွါးမြင်တယ်ဆိုတာ အားလုံး သိကြမှာဖြစ်ပါတယ်။ ဒီနည်းကို ဖတ်ရစဉ်က သံသယတွေများစွာဖြစ်ခဲ့ပါတယ်။ လူဆိုတာ ယောက်ျား၊ မိန်းမတို့ ဆက်ဆံမှသာ ပဋိသန္ဓေစွဲယူနိုင်ကြောင်းသိနေလို့ဖြစ်ပါတယ်။ ယောက်ျား၊မိန်းမအနေနဲ့လည်း ယောက်ျားအနေနဲ့ ယောက်ျားမျိုးခေါ်တဲ့ စပန်း (sperm) နဲ့ မိန်းမရဲ့မျိုးဖြစ်တဲ့ အိုဗန် (ovum)တို့ ထုတ်နိုင် တဲ့သူဖြစ်ဖို့လိုပါတယ်။ ယောက်ျားများအနေနဲ့ ကျန်းမာရေးကောင်းနေရင် အလွန်အသက် အရွယ်ကြီး တဲ့အခါကလွဲရင် sperm များထုတ်နိုင်ပြီး၊ အမျိုးသမီးများမှာတော့ ကျန်းမာရေးကောင်းရုံ သာမက ဥတုရာသီး မဆုံးတဲ့အရွယ်ဖြစ်ရမည့်အပြင်၊ ovum များအမြဲတိုင်းထွက်နေတာမဟုတ်ဘဲ၊ လစဉ်
ဥတုရာသီလာပြီးနောက်တစ်ပတ်အတွင်းသာ ovum များထုတ်လုပ်တာဖြစ်ပါတယ်။

ဒါကြောင့် ယောက်ျား၊မိန်းမတို့ ဆက်ဆံတိုင်း ပဋိသန္ဓေမစွဲယူနိုင်ပဲ sperm နဲ့ ovum တို့ထုတ်လုပ်တဲ့ အချိန်မှာဆက်ဆံမှသာ ပဋိသန္ဓေစွဲယူနိုင်ပါတယ်။ ဒါတွေက DNA ခေါ်တဲ့ မျိုးရိုးဗီဇတွေအကြောင်း သိပ္ပံပညာက မသိသေးတဲ့အချိန်ကဖြစ်ပါတယ်။ အခု ၂၁ ရာစုနှစ်မှာ လူအပါဝင် သတ္တ၀ါ တွေဟာ
ဗီဇဆိုတဲ့ DNA တွေကြောင့်ဖြစ်ကြတာဆိုတာသိလာပါတယ်။ ဒါကြောင့် DNA တစ်ခုရှိရင်အဲဒီ DNA
ကနေ လူတစ်ယောက်၊သတ္တ၀ါတစ်ကောင်ကိုပြုလုပ်နိုင်ပါတယ်။ Colone ဆိုတာ DNA တစ်မျိုးထဲက လုပ်ထားတဲ့ သတ္တ၀ါတွေကိုခေါ်ပါတယ်။ DNA တစ်ခုထဲကလုပ်ထားတာမို့ အဲ့ဒီ သတ္တ၀ါတွေဟာ လုံးဝတူကြပါတယ်။ (identical) ။

DNA တွေက ကိုယ်ခန္ဓာက ဆဲလ် (cell) တွေမှာရှိပါတယ်။ ကိုယ်ခန္ဓာက ဆဲလ် တွေကလည်း အမြဲသေနေကြပြီးသေတဲ့ ဆဲလ်တွေနေရာမှာဆဲလ် အသစ်တွေကအစားထိုးနေကြပါတယ်။
အရေပြားဆဲလ် အသေတွေကအမြဲလိုအရေပြားက ထွက်နေပါတယ်။ ဒါကြောင့်လက်နဲ့ကိုင်တဲ့
ပစ္စည်းတွေမှာ ကိုင်သူရဲ့ ဆဲလ်တွေကပ်နေတာမို့ယခုခေတ်မှာ လူသတ်မှုလိုရာဇ၀တ်မှုတွေမှာ အမှုဖြစ်တဲ့နေရာမှာကျန်ခဲ့တဲ့ လူသတ်သမားရဲ့ ဆဲလ်မှာပါတဲ့ DNA ကိုစမ်းသပ်ခြင်းဖြင့်သိနိုင်ပါတယ်။

ဒါကြောင့် ဖခင်ဖြစ်သူ ဒုကူလ ရသေ့က မိခင်ဖြစ်သူ ပါရိကာရသေ့မ၏ ဥတုလာသောအခါ၌ ချက်ကို လက်ဖြင့် သုံးသပ်ခြင်းဖြင့် သုဝဏ္ဏသာမ ကိုဖွါးမြင်ခဲ့တယ်ဆိုတာ ဖြစ်နိုင်တယ်ဆိုတာနားလည် ရ ပါတော့တယ်။

အမှန်တရားသိနိုင်သောအသိဥာဏ်များတိုးပွါးနိုင်ကြပါစေ