Wednesday, April 17, 2013
ဗုဒ္ဓရဲ့ သဘာဝနိယာမ။
လူတစ်ဦးက ဗုဒ္ဓကိုမေးလျှောက်တယ်
ကျနော် ပျော် ချင်တယ် တဲ့။
ပထမ ကျနော် ဆိုတာကိုဖယ်လိုက်ပါ။ အဲ့ဒါ ငါဆိုတဲ့ အတ္တပဲ။
ဒုတိယ ချင်တယ် ဆိုတာကိုဖယ်လိုက်ပါ။ အဲ့ဒါ လောဘ ပဲ။
ဒါဆိုရင် ပျော် တာပဲကျန်လိမ့်မယ်။
Thursday, April 11, 2013
Saturday, April 6, 2013
တရုတ်ပြည်က ကြက်တုတ်ကွေး။
သတ်ပြစ်ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။
နောက်ဆုံးသေဆုံးသူမှာ ၆၄ နှစ်ရှိပြီး Zhejiang
province မှဖြစ်ပါတယ်။
၎င်းနှင့်ထိတွေ့ခဲ့သော ၅၅ ယောက်မှာရောဂါလက္ခဏာ များမတွေ့ရကြောင်း။
Zhejiang
province မှ ၆၇ နှစ်ရှိ လူနာတစ်ဦးမှာစိုးရိမ်ရသော အခြေ အနေမှာရှိနေကြောင်းနှင့် H7N9
မျိုးစိတ် ကြက်တုတ်ကွေးဗိုင်ရပ်ဖြင့်ကူးဆက်ခံရသောသူ ၁၆ ဦးအနက် ၆ဦးမှာ ရှန်ကိုင်း မှဖြစ်
ကြောင်းသိရပါတယ်။
လူတစ်ဦးမှတစ်ဦးသို့ကူးဆက်သည်ကိုမတွေ့ရသေးကြောင်းနှင့် ကမ္ဘာနှင့် အ၀န်း
ကူးဆက် ပျံ့ပွါးမည့်
ရောဂါဟုတ်မဟုတ်ပြောရန်မှာစောသေးကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ
ပြောဆိုပါသည်။
မနက်ဖန်မှစ၍ ရှန်ကိုင်းမှကြက်ဈေးကိုပိတ်မည်ဖြစ်ပြီး Songjiang and Minhang districts မှာတော့
မနေ့
ကပင်ပိတ်ခဲ့ပါတယ်။ ကြက်ပေါင်း၂၀၅၃၆ ကိုသတ်ခဲ့ပြီဖြစ်ပါတယ်။
လူနာများနှင့်ထိတွေ့ခဲ့သောသူများတွင်
ဗိုင်ရပ်ပိုးကိုမတွေ့ကြောင်းသိရပါတယ်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ ရောဂါမည်သို့စတင်ဖြစ်ပွါးကြောင်း၊
မည်ကဲ့သို့ ကူးဆက်ပြန့်ပွါး
ကြောင်းနှင့်မည်မျှပြန့်နှံ့နေကြောင်းကိုစုံစမ်းလျှက်ရှိကြောင်းသိရပါတယ်။
Tuesday, April 2, 2013
Wednesday, March 27, 2013
ကမ္ဘာ့ဈေးအကြီးဆုံးတိုက်ခန်းများ။
Monaco တွင်ဆောက်လျက်ရှိသော တာဝါ ပေါ်ရှိတိုက်ခန်းများမှာ စိတ်ကူးရင်အခန်းများကဲ့သို့ view ကောင်းသည့်အပြင် ကိုယ်ပိုင်ေ၇ကူးကန်များ slide များပါရှိပြီး ၂၀၁၄ နှစ်တွင်ရောင်းချမည်ဖြစ်ပါသည်။
ဈေးနှုန်းမှာ ၃၀၀ မီလီယံ ယူရိုခန့်ဖြစ်မှာမို့ ကမ္ဘာ့ဈေးအကြီးဆုံးတိုက်ခန်းများဖြစ်မယ်လို့ခန့်မှန်းပါတယ်။
Saturday, March 23, 2013
မျက်ကပ်မှန်သုံးမယ်ဆိုရင်
ယခုအခါ မျက်မှန်အစား မျက်ကပ်မှန် (contact lens) တွေကိုအသုံးပြုကြသလို၊ မျက်လုံးအရောင်ခြယ်တဲ့ မျက်ကပ်မှန် (contact lens) တွေကိုလည်း အသုံးပြုကြပါတယ်။ ဈေးပေါတဲ့ contact lens တွေက အသုံးပြုသင့်တဲ့ ကျန်းမာရေးမထိခိုက်တဲ့ ပစ္စည်းတွေအစား ဈေးပေါတဲ့ ပစ္စည်းတွေအသုံးပြု ထားတာ ကြောင့် contact lens တတ်သူ များမှာ မျက်လုံးရဲ့မျက်ကြည်လွှာထဲ ပိုးဝင်ပြီး ရောင်ရမ်းခြင်း (Infection and inflammation) ၊ မှ အနာဖြစ်ခြင်း (corneal ulcer) အပြင် အနာရွတ် (corneal scar) များဖြစ်စေ ပါတယ်။ မျက်ကြည်လွှာမှာအနာရွတ်ဖြစ်ရင် အမြင်အာရုံဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အထူးသတိထားဖို့လိုအပ်ပါတယ်။ အောက်ပါလက္ခဏာများရှိပါက တတ်ထားသော (contact lens) ကို ထုတ်ပြီး၊ မျက်စိဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့လိုအပ်ပါတယ်။
၁။ မျက်စိနာခြင်း။ မျက်ကြည်လွှာဟာအလွန်ခံစားတတ်တဲ့အင်္ဂါဖြစ်လို့ သွားကိုက်တာထက်အဆ ၂၀ ပို နာစေပါတယ်။
၂။ မျက်စိနီခြင်း။
၃။ မျက်စိထဲတွင် သဲဝင်နေသလို ခံစားမှုဖြစ်ခြင်း။
၎။ အလင်းရောင်မခံနိုင်ခြင်း တို့ဖြစ်ပါတယ်။
သတိပြုရမည့်အချက်များ။
၁။ စိတ်ချရသောနေရာမှသာ (contact lens) များဝယ်ယူရန်။
၂။ ညအိပ်ချိန် (contact lens) များ မတတ်ထားရန်။
၃။ (contact lens) များကို ရေဖြင့်မဆေးပဲ (contact lens) ဆေးသောဆေးဖြင့်သာဆေးရန်။
၎။ သူတစ်ပါး၏ (contact lens) များကိုငှါးယူအသုံးပြုခြင်းမပြုရန် (ရောဂါများကူးဆက်စေနိုင်ပါတယ်။)
၅။ ရက်လွန်နေသော မျက်ကပ်မှန်များ၊ မျက်ကပ်မှန်ဆေးများ အသုံးမပြုရန်။
၆။ တစ်ရက်တတ်နိုင်သော၊တစ်ပတ်တတ်နိုင်သောမျက်ကပ်မှန်များကို သတ်မှတ်ထားသည့် ရက်သာတတ်ရန်။
ကျမ်းကိုး။
Telematin France 2 (14/03/2013)
Wednesday, March 13, 2013
စားဆော်ဒါ ရဲ့အသုံးဝင်ပုံများ။
စားဆော်ဒါ ဆိုတာ Sodium Bicarbonate ဖြစ်ပြီး၊ အ၀တ်လျှော်ဆော်ဒါ ဆိုတာ Sodium carbonate ဖြစ်ပါတယ်။
စားဆော်ဒါကိုမုန့်ဖုတ်ရာတွင် မုန့်ပွအောင်အပြင်၊အကျော်များကျွတ်ရန်ထဲ့ကြပါတယ်။ ၎င်းအပြင်....
၁။ ထုံးဓါတ်များသောရေကြောင့်ရေစင်များ၊ ရေကန်များ၊ ရေနွေးအိုး၊ ရေနွေးမီးပူတို့ တွင် ဂျိုတက်ပါက
စားဆော်ဒါ အနည်းငယ်ဖျန်းပြီး တိုက်ဆေးနိုင်ပါတယ်။
၂။ ၀ါသောသွားများဖြူလိုပါက သွားတိုက်ဆေးတွင် စားဆော်ဒါအနည်းငယ်ထဲ့၍သွားတိုက်ပါကသွားများ
ဖြူဖွေးစေ ပါတယ်။
၃။အ၀တ်အစားများတွင် လက်ဘက်ရည်စွန်းပါကလည်း စားဆော်ဒါဖြင့်ချွတ်နိုင်ပါတယ်။
၎။ ကော်ဇော်များစွန်းထင်းညစ်ပတ်နေလျှင် စားဆော်ဒါ ဖြူးပြီး၊ဖုန်စုပ်စက်ဖြင့်သန့်ရှင်းပါက အစွန်းပျောက်၍ သန့်ရှင်းစေပါသည်။
၅။ ငွေထည်များကိုလည်း စားဆော်ဒါဖြင့်တိုက်ချွတ်ပါက ပြောင်လက်တောက်ပစေပါတယ်။ အလူမီနီရံ aluminium များကိုမူစားဆော်ဒါဖြင့်တိုက်ဆေး၍မရပါ။
၆။ သစ်ပင်များတွင်မှိုတက်ရောဂါဖြစ်ပါက စားဆော်ဒါပါသောရေဖြင့်ပက်ဖျန်းပေးနိုင်ပါတယ်။
၇။ ဆီစသည်တို့ကြောင့်လောင်သော မီးများကို စားဆော်ဒါဖြင့်ငြိမ်းသတ်နိုင်ပါတယ်။
၈။ စားဆော်ဒါဟာ အက်စစ် (acid)၊ အယ်ကာလီ (alkali) တို့ကိုခြေဖျက်နိုင်သဖြင့် အက်စစ် (acid)၊ အယ်ကာလီ (alkali) လောင်သောနေရာများကို စားဆော်ဒါဖျန်းခြင်းဖြင့် အသား လောင်မှုကို
ကာကွယ်နိုင်ပါတယ်။
ကျမ်းကိုး
France 2 Telematin

Subscribe to:
Posts (Atom)