ခေါက်လိုရသော tablette
Tuesday, April 2, 2013
Wednesday, March 27, 2013
ကမ္ဘာ့ဈေးအကြီးဆုံးတိုက်ခန်းများ။
Monaco တွင်ဆောက်လျက်ရှိသော တာဝါ ပေါ်ရှိတိုက်ခန်းများမှာ စိတ်ကူးရင်အခန်းများကဲ့သို့ view ကောင်းသည့်အပြင် ကိုယ်ပိုင်ေ၇ကူးကန်များ slide များပါရှိပြီး ၂၀၁၄ နှစ်တွင်ရောင်းချမည်ဖြစ်ပါသည်။
ဈေးနှုန်းမှာ ၃၀၀ မီလီယံ ယူရိုခန့်ဖြစ်မှာမို့ ကမ္ဘာ့ဈေးအကြီးဆုံးတိုက်ခန်းများဖြစ်မယ်လို့ခန့်မှန်းပါတယ်။
Saturday, March 23, 2013
မျက်ကပ်မှန်သုံးမယ်ဆိုရင်
ယခုအခါ မျက်မှန်အစား မျက်ကပ်မှန် (contact lens) တွေကိုအသုံးပြုကြသလို၊ မျက်လုံးအရောင်ခြယ်တဲ့ မျက်ကပ်မှန် (contact lens) တွေကိုလည်း အသုံးပြုကြပါတယ်။ ဈေးပေါတဲ့ contact lens တွေက အသုံးပြုသင့်တဲ့ ကျန်းမာရေးမထိခိုက်တဲ့ ပစ္စည်းတွေအစား ဈေးပေါတဲ့ ပစ္စည်းတွေအသုံးပြု ထားတာ ကြောင့် contact lens တတ်သူ များမှာ မျက်လုံးရဲ့မျက်ကြည်လွှာထဲ ပိုးဝင်ပြီး ရောင်ရမ်းခြင်း (Infection and inflammation) ၊ မှ အနာဖြစ်ခြင်း (corneal ulcer) အပြင် အနာရွတ် (corneal scar) များဖြစ်စေ ပါတယ်။ မျက်ကြည်လွှာမှာအနာရွတ်ဖြစ်ရင် အမြင်အာရုံဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အထူးသတိထားဖို့လိုအပ်ပါတယ်။ အောက်ပါလက္ခဏာများရှိပါက တတ်ထားသော (contact lens) ကို ထုတ်ပြီး၊ မျက်စိဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့လိုအပ်ပါတယ်။
၁။ မျက်စိနာခြင်း။ မျက်ကြည်လွှာဟာအလွန်ခံစားတတ်တဲ့အင်္ဂါဖြစ်လို့ သွားကိုက်တာထက်အဆ ၂၀ ပို နာစေပါတယ်။
၂။ မျက်စိနီခြင်း။
၃။ မျက်စိထဲတွင် သဲဝင်နေသလို ခံစားမှုဖြစ်ခြင်း။
၎။ အလင်းရောင်မခံနိုင်ခြင်း တို့ဖြစ်ပါတယ်။
သတိပြုရမည့်အချက်များ။
၁။ စိတ်ချရသောနေရာမှသာ (contact lens) များဝယ်ယူရန်။
၂။ ညအိပ်ချိန် (contact lens) များ မတတ်ထားရန်။
၃။ (contact lens) များကို ရေဖြင့်မဆေးပဲ (contact lens) ဆေးသောဆေးဖြင့်သာဆေးရန်။
၎။ သူတစ်ပါး၏ (contact lens) များကိုငှါးယူအသုံးပြုခြင်းမပြုရန် (ရောဂါများကူးဆက်စေနိုင်ပါတယ်။)
၅။ ရက်လွန်နေသော မျက်ကပ်မှန်များ၊ မျက်ကပ်မှန်ဆေးများ အသုံးမပြုရန်။
၆။ တစ်ရက်တတ်နိုင်သော၊တစ်ပတ်တတ်နိုင်သောမျက်ကပ်မှန်များကို သတ်မှတ်ထားသည့် ရက်သာတတ်ရန်။
ကျမ်းကိုး။
Telematin France 2 (14/03/2013)
Wednesday, March 13, 2013
စားဆော်ဒါ ရဲ့အသုံးဝင်ပုံများ။
စားဆော်ဒါ ဆိုတာ Sodium Bicarbonate ဖြစ်ပြီး၊ အ၀တ်လျှော်ဆော်ဒါ ဆိုတာ Sodium carbonate ဖြစ်ပါတယ်။
စားဆော်ဒါကိုမုန့်ဖုတ်ရာတွင် မုန့်ပွအောင်အပြင်၊အကျော်များကျွတ်ရန်ထဲ့ကြပါတယ်။ ၎င်းအပြင်....
၁။ ထုံးဓါတ်များသောရေကြောင့်ရေစင်များ၊ ရေကန်များ၊ ရေနွေးအိုး၊ ရေနွေးမီးပူတို့ တွင် ဂျိုတက်ပါက
စားဆော်ဒါ အနည်းငယ်ဖျန်းပြီး တိုက်ဆေးနိုင်ပါတယ်။
၂။ ၀ါသောသွားများဖြူလိုပါက သွားတိုက်ဆေးတွင် စားဆော်ဒါအနည်းငယ်ထဲ့၍သွားတိုက်ပါကသွားများ
ဖြူဖွေးစေ ပါတယ်။
၃။အ၀တ်အစားများတွင် လက်ဘက်ရည်စွန်းပါကလည်း စားဆော်ဒါဖြင့်ချွတ်နိုင်ပါတယ်။
၎။ ကော်ဇော်များစွန်းထင်းညစ်ပတ်နေလျှင် စားဆော်ဒါ ဖြူးပြီး၊ဖုန်စုပ်စက်ဖြင့်သန့်ရှင်းပါက အစွန်းပျောက်၍ သန့်ရှင်းစေပါသည်။
၅။ ငွေထည်များကိုလည်း စားဆော်ဒါဖြင့်တိုက်ချွတ်ပါက ပြောင်လက်တောက်ပစေပါတယ်။ အလူမီနီရံ aluminium များကိုမူစားဆော်ဒါဖြင့်တိုက်ဆေး၍မရပါ။
၆။ သစ်ပင်များတွင်မှိုတက်ရောဂါဖြစ်ပါက စားဆော်ဒါပါသောရေဖြင့်ပက်ဖျန်းပေးနိုင်ပါတယ်။
၇။ ဆီစသည်တို့ကြောင့်လောင်သော မီးများကို စားဆော်ဒါဖြင့်ငြိမ်းသတ်နိုင်ပါတယ်။
၈။ စားဆော်ဒါဟာ အက်စစ် (acid)၊ အယ်ကာလီ (alkali) တို့ကိုခြေဖျက်နိုင်သဖြင့် အက်စစ် (acid)၊ အယ်ကာလီ (alkali) လောင်သောနေရာများကို စားဆော်ဒါဖျန်းခြင်းဖြင့် အသား လောင်မှုကို
ကာကွယ်နိုင်ပါတယ်။
ကျမ်းကိုး
France 2 Telematin
စားဆော်ဒါကိုမုန့်ဖုတ်ရာတွင် မုန့်ပွအောင်အပြင်၊အကျော်များကျွတ်ရန်ထဲ့ကြပါတယ်။ ၎င်းအပြင်....
၁။ ထုံးဓါတ်များသောရေကြောင့်ရေစင်များ၊ ရေကန်များ၊ ရေနွေးအိုး၊ ရေနွေးမီးပူတို့ တွင် ဂျိုတက်ပါက
စားဆော်ဒါ အနည်းငယ်ဖျန်းပြီး တိုက်ဆေးနိုင်ပါတယ်။
၂။ ၀ါသောသွားများဖြူလိုပါက သွားတိုက်ဆေးတွင် စားဆော်ဒါအနည်းငယ်ထဲ့၍သွားတိုက်ပါကသွားများ
ဖြူဖွေးစေ ပါတယ်။
၃။အ၀တ်အစားများတွင် လက်ဘက်ရည်စွန်းပါကလည်း စားဆော်ဒါဖြင့်ချွတ်နိုင်ပါတယ်။
၎။ ကော်ဇော်များစွန်းထင်းညစ်ပတ်နေလျှင် စားဆော်ဒါ ဖြူးပြီး၊ဖုန်စုပ်စက်ဖြင့်သန့်ရှင်းပါက အစွန်းပျောက်၍ သန့်ရှင်းစေပါသည်။
၅။ ငွေထည်များကိုလည်း စားဆော်ဒါဖြင့်တိုက်ချွတ်ပါက ပြောင်လက်တောက်ပစေပါတယ်။ အလူမီနီရံ aluminium များကိုမူစားဆော်ဒါဖြင့်တိုက်ဆေး၍မရပါ။
၆။ သစ်ပင်များတွင်မှိုတက်ရောဂါဖြစ်ပါက စားဆော်ဒါပါသောရေဖြင့်ပက်ဖျန်းပေးနိုင်ပါတယ်။
၇။ ဆီစသည်တို့ကြောင့်လောင်သော မီးများကို စားဆော်ဒါဖြင့်ငြိမ်းသတ်နိုင်ပါတယ်။
၈။ စားဆော်ဒါဟာ အက်စစ် (acid)၊ အယ်ကာလီ (alkali) တို့ကိုခြေဖျက်နိုင်သဖြင့် အက်စစ် (acid)၊ အယ်ကာလီ (alkali) လောင်သောနေရာများကို စားဆော်ဒါဖျန်းခြင်းဖြင့် အသား လောင်မှုကို
ကာကွယ်နိုင်ပါတယ်။
ကျမ်းကိုး
France 2 Telematin
Wednesday, February 6, 2013
နောက်ဆုံးပေါ်မျက်မှန်များ
Progressive lens ( Multifocal) များနဲအစဉ်မပြေသူများအတွက် Degressive lens ခေါ်တဲ့ အကွာအဝေး
၃ မျိုးအတွက် မျက်မှန်ကို ပြင်သစ်မှတည်ထွင်လိုက်ပါတယ်။ မျက်မှန်ရဲ့ အောက်ဆုံးက computer key board ကြည့်ရန်အတွက်၊ အလယ်နေရာက computer screen ကိုကြည့်ရန်၊အပေါ်ဆုံးက ကိုယ့်ပတ် ၀န်ကျင် အကွာအဝေး ၂ မီတာအထိကြည့်ရန်စီစဉ်ထားပါတယ်။ တစ်နည်းအားဖြင့် tri-focal လို့ခေါ်ရမယ်ထင်ပါတယ်။ ဒီမျက်မှန်များဟာ အနီးအလုပ်လုပ်ရန် ဥပမာ piano တည်းသူများ၊ ထမင်းဟင်း ချက်တဲ့နေရာ စသည့်နေရာတိုင်းမှာ အသုံးပြုနိုင်ပါတယ်။
အပေါ်ဆုံးက မျက်မှန်ကိုင်းက အရှေ့မှာဖွင့်ထားပြီး လည်ပင်မှာ ချိတ်လို့ရပါတယ်။
ဒုတိယတစ်မျိုးက အနီမှုန်သော ဒေါ်ဒေါ်တို့ မျက်လုံးအလှချယ်ဖို့အတွက် အနီးကြည့်မျက်မှန်မှာ မှန်တစ်ခုပဲ
ပါပြီး၊ ဘယ်၊ညာ ပြောင်းခြင်းအားဖြင့် မျက်လုံး တစ်လုံးပြီးတစ်လုံး ပြင်ဆင်နိင်ပါတယ်။
တတိယ မျက်မှန်ကတော့ စက္ကူနီးပါး ပါးလွှာသော အနီးကြည့်မှန်ပြားလေးဖြစ်ပါတယ်။ ပိုက်ဆံအိပ်၊ အင်္ကျီ
အိပ်တွင်ထဲ့သယ်သွားနိုင်ပါတယ်။ အသေးစိတ်ကို အောက်ပါဆိုဒ်တွင်ကြည့်နိုင်ပါတယ်။
http://www.lunettes-presbyte.fr/lunettes-de-maquillage,fr,2,21.cfm
ရေပေါ ပေါ်သောရွှေ။
ကန်ဝီလီယံ (Ken Wilman) နဲ့သူ့ခွေးတို့ အင်္ဂလန်ကန်ခြေမှာလမ်းလျှောက်ထွက်ပြီးအပြန်မှာ
ခွေးအန်ချတာကြောင့် အန်ဖတ်တွေသိမ်းစဉ်မှာ အန်ဖတ်ထဲက ဘောလုံးအရွယ် ၀ါတာတာ ရာဘာလို
အလုံးတစ်ခုတွေ့ပါတယ်။ အံဖတ်တွေကိုကြုံးပစ်မယ် လုပ်ပြီးမှ။ ဘာများလဲလို့ internet
မှာရှာကြည့်လိုက်တော့ ဦးခေါင်းမှ ဖယောင်းပါသော ဆီတစ်မျိုးထုတ်ယူရသောဝေလငါးမျိုး
(SPERM WHALE ) ၏ အံဖတ် နှင့်တူနေပါတယ်။ သေချာအောင်လို့ စစ်ဆေး ဖို့ပို့လိုက်ပါတယ်။
စစ်ဆေးတွေ့ရှိချက်ကတော့ အလွန်ရှားပါးသော (SPERM WHALE ) ၏ အံဖတ် ဟုတ်နေပါတယ်။
ဒီဝေလမျိုးဟာရှားပါးသောငါးမျိုးဖြစ်နေပြီး၊ ၎င်းတို့စားလိုက်သော
အချွန်အဆူးစသည်တို့ကိုခြေနိုင်သော ဓါတ်တစ်မျိုးကို ထုတ်ပါတယ်။ များသောအားဖြင့် ၎င်းဓါတ်များ မစင်တွင်ပါသွားကြပါတယ်။
တစ်ခါတစ်ရံမှာတော့ အံထုတ်တက်ပါတယ်။ ထိုအံဖတ်များဟာ အံခါစတွင် မစင်နံ့ နံပါတယ်။
(ဒါကြောင့် ခွေးက စားခဲ့တယ်ထင်ပါတယ်။ စာရေးသူ)။ ဒါပေမဲ့ လေသလပ်ထားရင်
အချိုနံ့မွှေးလာပါတယ်။ ရှေးအခါက မွှေးအကြိုင်များမှာအနံ့ဆွဲအောင်အသုံးပြုကြပါတယ်။
ယခုအခါ လူလုပ် ပစ္စည်း (sythetics) များနဲ့ ပြောင်းလဲအသုံးပြုကြပါတယ်။ ကန်ဝီလီယံရဲ့
SPERM WHALE အံဖတ်ကို ပြင်သစ် ရေမွှေး ထုတ်လုပ်သူက ယူရို
ငါးသောင်းပေးဝယ်ဖို့စကားကမ်းလှမ်းထားပါတယ်။
Friday, February 1, 2013
တတိယအဆင့် ပဋိသန္ဓေကာကွယ်ဆေးရဲ့ အန္တရာယ်။ (Danger of third generation oral contraceptives)
ပထမဦးဆုံးပဋိသန္ဓေကာကွယ်ဆေးကို ၁၉၆၀ မှာစတင်တီထွင်ခဲ့ပြီး
အမျိုးသမီးဟော်မုံး (estrogen-like) များစွာပါဝင်ခဲ့ပါတယ်။ အဲ့ဒီအချိန်က ခြေထောက်များတွင်ဖြစ်သောသွေးခဲခြင်း
(“deep venous thrombosis” or DVT) ကိုဖြစ်စေသည်ဟု ယူဆကြသဖြင့် ဒုတိယအဆင့် ပဋိသန္ဓေကာကွယ်
ဆေးများကို အခြားအမျိုးသမီးဟော်မုံးတစ်ခုဖြစ်သည့် (progestins) များထဲ့ကြပါတယ်။ ၁၉၉၀ တွင်
ပိုမိုကောင်းမွန် မည်ဟုယူဆသော တတိယအဆင့် ပဋိသန္ဓေ ကာကွယ်ဆေးများတည်ထွင်ကြပါတယ်။ ၎င်း တတိယ အဆင့် ဆေးများတွင်
(progestins) ဟောမုန်းများ လျော့ချခြင်းဖြင့် ပဋိသန္ဓေ ကာကွယ်ဆေးများရဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့
ကိုယ်အလေးချိန်တိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ အမွေးအမျှင်များ ထွက်ခြင်း စသည်များကိုနည်းစေပါတယ်။
၁၉၉၅ တွင် တတိယအဆင့် ပဋိသန္ဓေ ကာကွယ်ဆေးများဟာ
(“deep venous thrombosis” or DVT) လူ 10,000 တွင် ၄ ယောက်ဖြစ်ပြီး၊ ဒုတိယအဆင့် ပဋိသန္ဓေ
ကာကွယ်ဆေးကတော့ ၂ ယောက် သာဖြစ်တာတွေ့ကြပါတယ်။ သွေးခဲခြင်းဟာ ယခင်က သွေးခဲဖူးခြင်း၊ မိသားစုထဲတွင် သွေးခဲသော သူများ ရှိခြင်း၊
ကိုယ်အလေးချိန်များသောအမျိုးသမီးများမှာပိုဖြစ်တာတွေ့ရပါတယ်။ (“deep venous thrombosis” or DVT) ကို တတိယအဆင့် ပဋိသန္ဓေ
ကာကွယ်ဆေးများဖြစ်သော Desogestrel™ and Gestodene™ တွင်တွေ့ရှိရပြီး၊ Norgestimate™ မျိုးတွင်မတွေ့ရပေ။
တတိယအဆင့် ပဋိသန္ဓေ ကာကွယ်ဆေးများဟာ
နှလုံးရောဂါဖြစ်ပွါးမှုနဲ့သွေးတွင်း သကြားဓါတ် တိုးမှုကိုတော့ ဒုတိယအဆင့် ပဋိသန္ဓေ ကာကွယ်ဆေးများထက်နည်းပါးစေပါတယ်။
“deep venous thrombosis” or DVT ကာကွယ်ရန်အတွက် အောက်ပါအချက်များကို လိုက်နာ သင့်ပါတယ်။
၁။ ပထမဦးဆုံးပဋိသန္ဓေ ကာကွယ်ဆေးအသုံးပြုသူများကို တတိယအဆင့်ပဋိသန္ဓေကာကွယ်ဆေးအစား
ဒုတိယအဆင့်ပဋိသန္ဓေ ကာကွယ်ဆေးများစတင်အသုံးပြုရန်။
၂။ များသောအားဖြင့်သွေးခဲမှုများ ဆေးစားပြီး ပထမ ၆ လတွင်ဖြစ်တတ်သောကြောင့်
ပထမ ၁နှစ်တွင် သွေးခဲမှုကိုစောင်ကြည့်ရန်။
၃။ သွေးခဲဖူးသော အမျိုးသမီးများတွင်အသုံးမပြုရန်။
၎။ သွေးခဲတတ်သောမိသားစုများတွင်အသုံးမပြုရန်။
၅။ သွေးခဲခြင်းရဲ့ပထမဦးဆုံးလက္ခဏာမှာ သွေးတိုးခြင်းဖြစ်တဲ့အတွက်
သွေးမှန်မှန်ချိန်ရန်။
၆။ ကိုယ်အလေးချိန်များသောအမျိုးသမီးများအသုံးမပြုရန်။
Subscribe to:
Posts (Atom)








