Tuesday, December 18, 2012
Thursday, December 13, 2012
အကိုက်အခဲပျောက်ဆေးသောက်မယ်ဆိုရင် ။
ရေမှာပျော်လွယ်သော Asprin
အကိုက်အခဲပျောက်ဆေးသောက်မယ်ဆိုရင် ဘယ်ဆေးသောက်သင့်သလဲ ။ အက်စပရင် (asprin) လား
ပါရာစက်တမော (paracetamol) လား။
Paracetamol ကအဖျားကျစေနိုင်ပြီး
အနာသက်သာစေပါတယ်။ ဒါကြောင့် ခေါင်းကိုက် ပျောက်ဆေး၊ အအေးမိနှာစီး ပျောက်ဆေးနဲ့
တုတ်ကွေးပျောက်ဆေးတွေမှာ ထဲ့သွင်းကြပါတယ်။ များသောအားဖြင့် ဆေးသောက်ပြီး ၁၁
မိနစ်ခန့်မှာ အနာ သက်သာ စေပြီး ဆေးအရှိန် ၁-၄ နာရီ ခန့်တာရှည်ပါတယ်။ လူကြီးတစ်ယောက်အနေနဲ့
၎င်းကို တစ်ခါသောက် 1,000 mg တစ်နေ့ 4,000
mg အထိသောက်ပါက အန္တရာယ်မရှိပါဘူး။ ဒါပေမဲ့ သောက်တာများရင် အသဲ ချက်ချင်း
ထိခိုက်ပြီး (acute
liver failure) သေဆုံးတဲ့ အထိဖြစ်နိုင်ပါတယ်။ အချို့သူများမှာ အထူးသဖြင့်
အရက်ဆွဲနေသူများမှာ အထက်ပါ ပမာဏဖြင့်ပင် သေဆုံးနိုင်ပါတယ်။ အမေရိကန်နိုင်ငံ၊
အင်္ဂလန်နိုင်ငံ၊ သြစတေးလီးယား၊ နယူးဇီးလန်စတဲ့ အနောက်နိုင်ငံတွေမှာ Paracetamol ကြောင့် ချက်ချင်းအသဲပျက်စီးခြင်း ရောဂါနဲ့
သေဆုံးသူဦးရေးအများဆုံးဖြစ်ပါတယ်။ ၂၀၁၁ မှာ U.S. Food and Drug Administration (FDA) ကဆေးလုံးတစ်လုံးမှာ
1,000 mg အစား 325 mg
သာ ထဲ့ရန်။ Paracetamol နဲ့
ဘိန်းဆေး (narcotic analgesics) များရောသောဆေးများမပြုလုပ်ရန်နဲ့ အသဲ အန္တရာယ်ရှိကြောင်း မှတ်ချက်ရေးသားရန်ထုတ်ပြန်ခဲ့ပါတယ်။
အင်္ဂလန်နိုင်ငံက Paracetamol ဆေးလွန်တဲ့အန္တရာယ် (Paracetamol overdose) ကို ကာကွယ်တဲ့အနေနဲ့ Paracetamol ဆေးကိုပယ်ဖျက်သည့် ဆေး (antidote) ဖြစ်တဲ့ (methionine) ဆေးနဲ့ Paracetamol ပေါင်းထားတဲ့ UK Paradote ဆိုပြီးထုတ်လုပ် ပါတယ်။
Paracetamol
အနေနဲ့ အသဲ အပြင်
ကျောက်ကပ်ပျက်ဆီးခြင်း (Renal failure) အန္တရာယ် လည်းဖြစ်စေနိုင်ပါတယ်။
Paracetamol
အနေနဲ့ ရောင်ရမ်းခြင်း (inflammation) ကိုမသက်သာစေနိုင်ပါဘူး။ aspirin က ရောင်ရမ်းခြင်း (inflammation) ကိုသက်သာစေပါတယ်။ ဒါကြောင့် inflammation ကြောင့်ဖြစ်တဲ့
ရောဂါများ ဖြစ်တဲ့ အရိုးရောင်ရောဂါ (arthritis), အရိုးပါးပြီး အရိုးရောင်သောရောဂါ
(osteoarthritis), ဂေါက် (gout) ရောဂါများတွင် အရိုးရောင်ခြင်း၊ နီခြင်း
စသည်များကို Paracetamol က မသက်သာစေပါဘူး။
Paracetamol
ဟာ သာမန်သောက်သော ပမာဏတွင် ကင်ဆာရောဂါမဖြစ် စေ နိုင်ပါဘူး။ ဒါပေမဲ့ အမြဲဆွဲသောက်သူများမှာ
သွေးကင်ဆာဖြစ်နိုင်ပါတယ်။
သတ်မှတ်ထားသော
ပမာဏတွင် (recommended doses), Paracetamol မှာ ဘေးထွက်ဆိုးကျိုး (side effects) မရှိသလောက်နည်းပါးပါတယ်။ aspirin ကဲ့သို့ သွေးကြဲခြင်း မဖြစ်စေတဲ့အတွက်
အဲ့ဒီဒါဏ်တွေမခံနိုင်တဲ့လူနာတွေသောက်သုံးနိုင်ပါတယ်။ aspirin လို အစာအိမ်ကို
မထိခိုက်နိုင်တဲ့အတွက် အစာအိမ်ရောဂါရှင်များလည်း သောက်သုံးနိုင်ပါတယ်။
ဒါပေမဲ့အမြဲဆွဲသောက်သူများမှာတော့ အစာအိမ်သွေးထွက်ခြင်း အပြင် အသဲနဲ့
ကျောက်ကပ် ရောဂါများဖြစ်နိုင်ပါတယ်။ Paracetamol ကို အသဲမှာ ခြေဖျက်ပြီး ၎င်းကိုယ်တိုင်က အသဲကို
အဆိပ်ဖြစ်စေတာကြောင့် အရက်ဆွဲသူများနဲ့ အသဲအားနည်းသူများမှာ အသဲနဲ့ ကျောက်ကပ် ရောဂါများ
အဖြစ်များစေပါတယ်။
ခလေးငယ်များ
ဗိုင်ရပ်ပိုးဝင်ရောဂါများဖြစ်တဲ့အခါ ဥပမာ သွေးလွန်တုတ်ကွေး ရောဂါများမှာ aspirin လို (Reye's syndrome) ခေါ်အသဲနဲ့ ဥဏှောက်ထိခိုက် သေဆုံး ခြင်း မဖြစ်စေနိုင်ပါဘူး။
ဒီအချက်ကြောင့် သွေးလွန်တုတ်ကွေးအဖြစ်များတဲ့
မြန်မာပြည်မှာ ခလေးလူနာများကို ဖျားနာတဲ့ အခါ Paracetamol သာ ပေးလေ့ရှိပါတယ်။ ဒီအချက်ကြောင့် aspirin ထက် Paracetamol ကို ခလေးများသာမက
လူကြီးများပါ အသောက်များလာတယ်ထင်ပါတယ်။
၂၀၁၁ အထိ Paracetamol ကိုကိုယ်ဝန်ဆောင်မိခင်များ စားသုံးနိုင်တယ်လို့
ယူဆ ပါတယ်။ ဒါပေမဲ့ ၂၀၁၁ မှာ လေ့လာချက်တစ်ခုက မွေးလာတဲ့ခလေးဟာ
နောက်ပိုင်းမှာ မြုံနိုင်တယ် လို့ ဆိုပါတယ်။ Paracetamol ကို တစ်နှစ်အရွယ်ခလေးများ သောက် သုံးခဲ့ရင် အသက် ၆-၇ နှစ်မှာ
ရင်ကျပ်နာရောဂါနဲ့ နှင်းခူရောဂါအဖြစ်များတတ်တယ်လို့ လည်း ဆိုပါ တယ်။ တစ်ခုတည်းသော
စမ်းသပ်မှုဖြစ်လို့ ထပ်မံစမ်းသပ်ဖို့လိုအပ်မယ်လို့ယူဆကြပါတယ်။
Aspirin ဟာ သွေးဥမွှားတွေသွေးကြောတွေမှာကပ်ခြင်းကို ဆန့်ကျင်တာကြောင့်
သွေးဥမွှားတွေ သွေးကြောတွေမှာကပ်ရာကဖြစ်လာတဲ့ နှလုံးရောဂါ၊ လေဖြတ် ရောဂါ များကို
ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် အဲ့ဒီရောဂါဖြစ်ခဲ့တဲ့လူနာတွေနဲ့
ဖြစ်နိုင်ခြေရှိတဲ့ သူများကို ရောဂါ ကာကွယ်သည့်အနေဖြင့် Aspirin ကိုနေ့စဉ် အနည်းငယ်
ကြာရှည် သောက်သုံးဖို့ ပေးလေ့ ရှိပါ တယ်။
Aspirin ဟာအချို့ ကင်ဆာရောဂါ အထူးသဖြင့် အူမကြီးကင်ဆာကို ကာကွယ် နိုင်ပါတယ်။
Aspirin ရဲ့ အရေးအကြီးဆုံး ဘေးထွက်ဆိုးကျိုးတွေက အစာအိမ်နဲ့ အူလမ်းကြောင်း
အနာ ဖြစ်ခြင်းနဲ့ နားထဲတွင်အသံမြည်ခြင်း
(tinnitus) တို့ဖြစ်ပါတယ်။ ဒီဆိုးကျိုးတွေက
စားသုံးမှုများတဲ့ သူတွေမှာ အဖြစ်ပိုများပါတယ်။ Aspirin အမှုန့်များ၊ရေတွင်ပျော်လွယ်သော
Aspirin များကအစာအိမ်နဲ့ အူလမ်းကြောင်း အနာ ဖြစ်ခြင်းကို လျော့နည်းစေပါတယ်။
Aspirin ဟာအနာ သက်သာစေ၊အကိုက်အခဲပျောက်စေတဲ့ဆေး ကောင်းတစ်လက် ဖြစ်ပေမဲ့
ကြွက်သားတက်လို့နာတာမျိုး၊ အရေပြားယားနာများကိုမသက်သာစေနိုင်ပါဘူး။ တစ်ချို့လူတွေမှာ
Aspirin အသောက်များတဲ့အခါ ဆေးမတိုးခြင်း (aspirin
resistance or insensitivity) ဖြစ်တတ် ပါတယ်။ အထူးသဖြင့် အမျိုးသမီးများမှာပိုဖြစ်တတ်ပါတယ်။
အားလုံးခြုံကြည့်မယ်ဆိုရင် ခလေးငယ်များနဲ့ မီးကောင်ပေါက်အရွယ်များအတွက် အထူး သဖြင့်
ဖျားနာတဲ့အခါ Paracetamol သောက်သင့်ပြီး၊ လူကြီးများအတွက် Aspirin နှင့်မတဲ့ခြင်း
(allergy to asprin)၊ Aspirin မတိုးတော့ခြင်း(aspirin resistance or insensitivity)နဲ့ အစာအိမ်ရောဂါ များ (gastritis, gastric
ulcer) မရှိရင်တော့ Aspirin ကို အစာတစ်ခုခု (၀ါ) နို့ဖြင့်ရောသောက် ခြင်းနှင့်
Aspergic ကဲ့သို့ ရေတွင်ပျော်ဝင်လွယ် သော Asprin မျိုးကို သောက် ခြင်းတို့က ပိုပြီး
အန္တရာယ်ကင်းပါလိမ့်မယ်။
Wikipedia
Monday, December 10, 2012
ကျနော်ကဦးမောင်မောင်ရဲ့ညာဘက်နားပါ။
Pinna=နားရွက်
Eardrum=နားအမှေး
Ear canal=နားမြောင်း
Middle ear=အလယ်နား။
Inner ear=အတွင်းနား။
Eustachain Tube= လည်ချောင်းနှင့်ဆက်သောမြောင်း။
hazelnut
ဦးမောင်မောင်က သူမကြာခင်က၀ယ်လာတဲ့ ကွန်ပြူတာကိုသိပ်အထင်ကြီးတယ်။
ကွန်ပြူတာက အထူးအဆန်းတွေလုပ်နိုင်တယ်တဲ့။ ကျနော့်အတွက်တော့ ကွန်ပြူတာဆိုတာ ကွန်ဂရိဖျော်တဲ့
စက်လောက် ပဲရှိပါတယ်။ ကျနော် မနာလို လို့ ပြောမိတာဖြစ်ပါတယ်။ ကျနော်က အသေးစား အောင်မြင်မှုတွေရဲ့ သရဖူ ပါ။ ဦးမောင်မောင်ရဲ့ကိုယ်ထဲမှာကျနော့်လို နေရာကျဉ်းကျဉ်း ထဲမှာသွတ်ထည့် ထားတဲ့ အင်္ဂါမျိုး မရှိပါဘူး။
ကျနော့်ဆီမှာ မြို့ကြီးတစ်ခုရဲ့ တယ်လီဖုန်းတွေအတွက် လျှပ်စစ် ပတ်လမ်း
(electrical circuits) တွေရှိပါတယ်။ ကျနော်က ဦးမောင်မောင် လိမ့်မကျအောင်ထိန်းပေးတဲ့
အလိုအလျောက်ထိန်းပေးနိုင်တဲ့ ပိုင့်လော့ (automatic pilot ) လည်းဖြစ်ပါတယ်။ ကျနော်ကတော့ ဦးမောင်မောင်ရဲ့ညာဘက်နားပါ။
ကျနော်က လုပ်ငန်းအားလုံးကို ဟေဇယ်သီး (hazelnut) အရွယ်လောက်နေရာကနေလုပ် ဆောင် ပါတယ်။
ဦးမောင်မောင်က သူ့မျက်လုံးတွေက အာရုံခံစားမှု အတွက်အရေးအကြီးဆုံးလို့ထင်တယ်။ တကယ်က
ကျနော်နဲ့ ကျနော့်ရဲ့အဖေါ် လက်ဝဲနားသာ မရှိရင် သူတိတ်ဆိတ်မှုကမ္ဘာထဲရောက်နေမှာ။ ခံစားမှုအနေနဲ့လည်း
မျက်မမြင်ထက်ပိုပြီး ခံစားရမှာ ဖြစ်ပါတယ်။
ဦးမောင်မောင်က ကျနော်ဟာ သူ့ခေါင်းဘေးက အသားဖတ်လေးလို့သာသိပါတယ်။
အဲ့ဒီအပြင် ဘက်မှာရှိတဲ့နားရွက်က အသံတွေကိုစုပေးရုံသာလုပ်ပေးတဲ့ အသံကတော့ တစ်ခုသာ ဖြစ်ပါတယ် ။နားရွက်ကနေ အတွင်းဘက်ကိုစောင်းနေတဲ့ ၃ စင်တီမိတာရှည်တဲ့မြောင်းလေးကနေ နားအမှေးပါး ဆီကို ရောက်ပါတယ်။
ဒီမြောင်းက ကျနော်ရဲ့အတွင်းနားကို ကာကွယ်ပေးပါတယ်။ အပြင်က၀င်လာတဲ့ လေကို လည်းနွေးထွေးစေပါတယ်။
ဒီမြောင်းလေး ထဲမှာ အမွေးအမျှင်တွေနဲ့ ဖရောင်းထုတ်တဲ့ အကျိတ်အိပ် လေးထောင် ရှိပါတယ်။
သူတို့က ရင်ကောင်တွေကို ဖမ်းတဲ့ ကော်စက္ကူတွေလို လေထဲမှာပါလာတဲ့ ဖုံတွေနဲ့ ရောဂါပိုးတွေကို
ဖယ်ရှား ပေးပါတယ်။ အထူးသဖြင့် ရေကူးတဲ့အခါ နားထဲဝင်လာတဲ့ ပိုးတွေကို ဖယ်ရှား ပေးပါတယ်။
သူ့အနေနဲ့ အမြင်မတင့်တယ်တဲ့ နားဖါကြေးတွေကိုဖယ်နိုင်ပါတယ် ဒါပေမဲ့ ကျနော့်ရဲ့ အမှေးပါးကို
မထိခိုက်အောင်တော့သတိထားရပါမယ်။
ကိုယ်ခန္ဓရဲ့ အပြင်လောကနဲ့ အထိအတွေ့ဆုံးအင်္ဂါဖြစ်တဲ့အားလျော်စွာ
ကျနော်တို့မှာ ရောဂါ တွေ အများကြီးဖြစ်နိုင်ပါတယ်။ တစ်ချို့ရောဂါပိုး အထူးသဖြင့် စစ်ဖလစ် (syphilis)
နဲ့ တီဘီပိုး
(Tuberculosis) တွေကကျနော်ရဲ့အရိုးနုတွေကိုဖျက်ဆီးပြီးကျနော့်ရဲ့ ပုံသဏ္ဍန်ကိုဖျက်ဆီးနိုင်ပါတယ်။ မှိုလို အသားပိုတွေလည်းကျနော်ဆီမှာထွက်လာနိုင်ပါတယ်။ သူတို့တွေက ပဲ အရွက်ကနေ
သပျက်သီး အရွယ် ထိကြီးနိုင်ပြီး လေ၀င်လေထွက်ကိုပိတ်ဆို့ခြင်းအားဖြင့် ရောဂါမျိုးစုံဖြစ်
စေနိုင်ပါ တယ်။ ဆေးလိပ်ခိုး၊လေထုညစ်ညမ်းမှု၊ ရောဂါများဖြစ်စေသည့် (Allergens) များကြောင့်လည်း ကျနော်ရဲ့ အမှေးအမျှင်တွေ ရောင်ပြီ်း၊အရည်များထွက်လာကာ ထိုအရည်များလည်ချောင်းထဲသို့စီးဆင်းနိုင်ပါတယ်။ နောက်ဆက်တွဲ နှခေါင်းပိတ်ခြင်း၊
နှာစေးခြင်း စတဲ အအေးမိရောဂါလက္ခဏာ တွေဖြစ် နိုင်ပါတယ်။
ဦးမောင်မောင် ဆယ်နှစ်သားလောက်က
အဲ့ဒီလိုဖြစ်ခဲ့ပါတယ်။ ပိတ်နေတဲ့ နှခေါင်းကို အတင်း မှုတ်ထုတ်ဖို့သူကြိုးစားခဲ့တာကြောင့်
ကျနော့်ရဲ့ ဆိုင်းနပ် (sinuses) လို့ခေါ်တဲ့ ခေါင်းရိုးထဲကအင်္ဂါတွေနဲ့ အလယ်နား (middle
ear) တွေရောင်ခဲ့ပါတယ်။
ဦးမောင်မောင် အခု ၄၇ နှစ်ရှိပါပြီ။ ကျနော့်ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေလည်း
အားနည်း စ ပြု လာပါပြီ။
J.D.RADCL
Tuesday, December 4, 2012
Saturday, December 1, 2012
Wednesday, November 28, 2012
မေ့တတ်သူများအတွက်တံခါးသော့များ။
ခလုပ်နိုင်ပြီးဖွင့်သောတံခါးသော့ ၁၉.၉၀ ယူရို။
code နံပါတ်ဖြင့်ဖွင့်ရသောသော့ ၂၄၉.၉၀ ယူရို။
မိမိလက်ဗွေဖြင့်ဖွင့်ရသောသော့ ၉၆၉.၉၀ ယူရို။
Friday, November 23, 2012
Subscribe to:
Posts (Atom)
















































