:include data='blog' name='google-analytics'/>

Monday, July 16, 2012

ပါရြီ့မို့ရှိ တံတား ၃၇ စင်း။

ဆိမ်မြစ်သည် ပါရီမြို့ပေါ်မှ ၁၇ ကီလိုမီတာဖြတ်သွားသည်။ ထို ၁၇ ကီလိုမီတာပေါ်တွင် တံတား ၃၇ ခုဆောက်လုပ်ထားသည်။


  1. Pont amont ဆိမ်မြစ် ပါရီမြို့အ၀င်တွင်ရှိသည်။၂၇၀ မီတာရှည်ပြီး၊ ဒုတိယအရှည်ဆုံး တံတားဖြစ်သည်။


2. Pont National ၁၈၈.၅ မီတာရှည်ပြီး၊ အင်္ဂတေမုခ်ဦး ၅ ခုရှိသည်။


3. Pont de Tolbiac ၁၈၇၉-၁၈၈၂ တွင်တည်ဆောက်သည်။ ၁၆၈ မီတာရှည်ပြီး၊ ဘဲဥပုံ မုခ်ဦး ၅ ခုရှိသည်။ ၁၉၄၃ တွင်အင်္ဂလိပ်လေယဉ်ဗုံးကျဲခြင်းခံရသည်။


4.Passerelle Simone-de-Beauvoir (လူနဲ့စက်ဘီးများအတွက်သာ),
၂၀၀၆ ဂျူလိုင် ၁၃ ရက်တွင်ဖွင့်သော ၃၇ ခုမြောက်တံတားဖြစ်သည်။




 


5.Pont de Bercy (မြေအောက်ရထားလိုင်း ၆ ဖြတ်သည်)


6.Pont Charles-de-Gaulle (1996) စတီးအင်အားဖြည့်ထားသော  ကွန်ဂရစ် တံတားဖြစ်သည်။ တစ်လမ်းမောင်းသာသွားရသည်။




7.Viaduc d'Austerlitz (မြေအောက်ရထားလိုင်း ၆ ဖြတ်သည်)





9.Pont de Sully (crosses the eastern corner of Île Saint-Louis)


10.Pont de la Tournelle (between the Rive Gauche and the Île Saint-Louis


    11.Pont Marie (between Île Saint-Louis and the rive droite) တံတားတည်ဆောက် ရန်အကြံပေးသောအင်ဂျင်နီယာ Christophe Marie အမည်ဖြစ်သည်။



12.Pont Louis-Philippe (between Île Saint-Louis and the rive droite)



13.Pont Saint-Louis (pedestrian zone, between Île de la Cité and the Île Saint-Louis)


14.Pont de l'Archevêché (between the rive gauche and Île de la Cité)


15.Pont au Double (between the rive gauche and Île de la Cité)



16.Pont d'Arcole (between Île de la Cité and the rive droite)




17.Petit Pont (between the rive gauche and Île de la Cité) မကြာခဏရေလွှမ်းခံရတယ်။ ပထမဦးဆုံး တံတာဆောက်ပြီးရေလွှမ်းဖျက်ဆီးခံရတာ 885 AD ကပါ။ အနည်းဆုံး ၁၃ ခါတိတိ 885 and 1658 အတွင်းရေလွှမ်းခံရတယ်။ ယခုတံတားက ကျောက်တုံးနှင့်ဆောက်ထားတဲ့မုခ်ဦး တစ်ခု ထဲရှိတဲ့တံတားဖြစ်ပါတယ်။ ကျောက်နဲ့ မဆောက် ခင်အထိ ၁၁ ကြိမ်တိတိရေလွှမ်းမိုးခံခဲ့ရတယ်။


18. Pont Notre-Dame (between the Île de la Cité and the rive droite) တံတားပေါ်တွင် တစ်ဘက်တစ်ချက်၌ အိမ် ၃၀ ဆီ စုစုပေါင်းအိမ် ၆၀ ရှိပြီး ၁၄၉၉ တွင်ပြိုကြခဲ့သည်။  ၁၆၆၀ တွင် စပိန်ဘုရင် Philip VI ၏သမီးတော် Maria Theresa နှင့်ပြင်သစ်ဘုရင် Louis XIV တို့လက်ထပ်ရန် ပါရီသို့ရောက်ရှိသည့်အထိန်းအမှတ်အဖြစ်သည်။



 

19. Pont Saint-Michel (between the Rive Gauche and the Île de la Cité) Sainte Chapelle နားတွင်ရှိသည်။ ၆၂ မီတာရှည်သည်။ ၁၉၆၁ ခုနှစ်တွင် Paris massacre of 1961 ခေါ် allgerian ၂၀၀ ခန့်အသတ်ခံခဲ့ရသည်။



20. Pont au Change (between the Île de la Cité and the Rive Droite)


21.Pont Neuf (crossing the west corner of the Île de la Cité,  built between 1578 and 1607) တံတားသစ်လို့အမည်ပေးထား ပေမဲ့ ရှေးအကျဆုံးတံတားဖြစ်သည်။


22.Passerelle des Arts (လူနဲ့စက်ဘီးများအတွက်)


ပထမဦးဆုံးသောစတီးတံတားဖြစ်သည်။ နပိုလီယံ လက်ထက်တွင် အင်္ဂလိပ် ဒီဆိုင်းနာဖြင့် တွဲလောင်းကျနေသောဥယာဉ်အဖြစ်သစ်ပင်းများပန်းများထိုင်ခုံများဖြင့် ၁၈၀၂-၁၈၀၄ တွင် တည်ဆောက်သည်။ ပထမနဲ့ဒုတိယကမ္ဘာစစ်အတွင်းဗုံးကျဲခံခဲ့ရသည်။ ၁၉၈၁-၁၉၈၄ တွင် ပြန်လည်တည်ဆောက်သည်။ တံတားပေါ်တွင် ပန်းချီ၊ဓါတ်ပုံစသော exhibitions များပြု လုပ်သည်။ picnic လုပ်ရာနေရာနဲ့ ချစ်သူများတွေ့စုံရာနေရာဖြစ်သည်။ ချစ်သူများလာ ရောက်ပြီး ၎င်းတို့၏သော့ဂလောက်များချိတ်ဆွဲပြီး သော့ကိုရေထဲသို့ပြစ်ချကြသဖြင့် တံတားပေါ်တွင် သော့ဂလောက်များချိတ်ဆွဲထားသည်ကိုတွေ့ရသည်။
25.Passerelle Léopold-Sédar-Senghor (1999) (လူနဲ့စက်ဘီးများအတွက်သာ),  2006 တွင် ယခင်အမည် Passerelle de Solférino မှယခုအမည်သို့ပြောင်းသည်)





27.Pont Alexandre III မုခ်ခုံများရှိပြီး၊ အလှဆင်ထားသောတံတားဖြစ်ပါတယ်။ သမိုင်းဝင် အဆောက်အဦးတစ်ခုအဖြစ်သတ်မှတ်ခြင်းခံရပါတယ်။



29.Pont de l'Alma  ၁၈၅၄ စက်တင်ဘာ ၂၀ ရက်တွင် ရန်သူရုရှားများအား ပြင်သစ်အင်္ဂလိပ်တပ်များ Alma စစ်ပွဲ အောင်မြင်သည့် အထိမ်းအမှတ်အဖြစ်တည်ဆောက်ထားခြင်းဖြစ်ပါတယ်။ ၎င်းတံတား အောက်  မြစ်နှခမ်း ရှိကားလမ်းတွင် ၁၉၉၇ သြဂုတ်လ ၃၁ ရက်တွင် Wales မင်းသမီး Diana နှင့် ၎င်း၏ ချစ်သူ Dodi Fayed၊ ကား ဒရိုင်ဘာတို့ ကားတိုက်မှုကြောင့်သေဆုံးကြသည်။ တံတား၏ မြောက် ဆုံးတွင် ရှိသောလွတ်လပ်ရေးမီးတိုင် Flame of Liberty သည်လည်း Diana အတွက် unofficial အမှတ်တရနေရာဖြစ်ခဲ့သည်။





30.Passerelle Debilly (လူနဲ့စက်ဘီးများအတွက်သာ)




31.Pont d'Iéna ၁၈၀၇ တွင် နပိုလီရံ Battle of Jena ကိုအောင်မြင်သည့် အထိန်းအမှတ် အဖြစ်ဆောက်သည်။ Eiffel Tower နဲ့ Trocadero ကိုဆက်သွယ်ထားသည်။




32.Pont de Bir-Hakeim (မြေအောက်ရထားလိုင်း ၆ ဖြတ်သည်)



33.Pont Rouelle (ရထားလိုင်း RER C ဖြတ်သည်)



34.Pont de Grenelle (crossing the Île aux Cygnes) စတီးဖြင့်ဆောက်ထားသည်။ အမေရိကားမှပြန်လက်ဆောင်ပေးသော Statue of Liberty အသေးလေးရှိသည်။






37.Pont aval (ဆိမ်မြစ် ပါရီမြို့မှအထွက်တွင်ရှိသည်)


Friday, July 13, 2012

တတိယမျက်လုံး။

Michel  နဲ့ Kathy တို့အထက်တန်းကျောင်းမှာတွေ့ဆုံပြီးချစ်သူများဖြစ်ကြတယ်။ လက်ထပ်ခါနီးမှာ Michel ဆေးဆွဲမှုကြောင့်ထောင် ၂ နှစ်ကျသွားတယ်။ Michel ထောင်က ထွက်လာတဲ့အခါ လက်ထပ်ကြ တယ်။ ခလေး၂ ယောက်ထွန်းကာခဲ့တယ်။ တစ်နေ့မှာ Michel အလုပ်ကအပြန်သူငယ်ချင်းတွေနဲ့ညစာ သွားစားမှာဖြစ်တဲ့အတွက် အိမ်ပြန်နောက်ကျမဲ့ အကြောင်း ဖုန်းဆက်တာမရတဲ့အတွက် အိမ်နီးချင်း Tommy ကို Kathy အခန်းကို သွားကြည့် ခိုင်းတယ်။

 Kathy အိမ်တံခါးခေါက်ပေမဲ့ဘယ်သူမှထွက်မလာဘူး။ ပြူတင်းပေါက်ကချောင်းကြည့် တဲ့အခါ TV ပွင့်နေတာ တွေ့တယ်။ မသင်္ကာတာနဲ့ ပုလိပ်ကိုဖုန်းဆက်ရမဲ့အစား။မြို့ပေါ်တတ် ပြီး ပုလိပ်သွားခေါ်တယ်။

ပုလိပ်တွေရောက်လာတဲ့အခါ တံခါးက သော့မခတ်ထားဘူး။ ဧည့်ခန်းကြမ်းပေါ်မှာ Kathy တစ်ယောက်သွေးအိုင်ထဲမှာသေနေတယ်။ Kathy ရဲ့သမီးကြီး Natachia ၄ နှစ်က ဆိုဖါ ပေါ်မှာ သတိမေ့နေတယ်။ Natachia ကိုဆေးရုံကိုအမြန်ပို့ကြတယ်။ ၂လ သာရှိသေးတဲ့ သား ငယ်ကတော့ တစ်ဖက်ခန်းမှာ ကျန်းကျန်းမာမာရှိနေတယ်။

          Kathy ဟာ ကိုယ်လုံးတီးနဲ့ဖြစ်ပြီး၊ ခြေလက်တို့ကို မီးတိုင်က ၀ါယာကြိုးတဲ့ တုတ်နှောင် ထားတယ်။ ဗိုလ်မှာ ဓါးဒါဏ်ရာ ၁၉ ချက်တိတိ ထိုးသတ်ထားတာ တွေ့ရတယ်။ Kathy ရဲ့ အ၀တ်အစားတွေကို အလောင်းနားမှာပုံလျက်တွေ့ရတယ်။ အလောင်းကို ဆေးစစ်တဲ့အခါ မဒိန်းကျင့်ခံထားရပြီး အလောင်း မတွေ့ ခင် ၆နာရီလောက်ကသေဆုံးခဲ့ကြောင်း သိရပါတယ်။ သွေးတွေ နောက်ဖေးမီးဖိုချောင်ကြမ်းမှာ ပေနေတာလည်း တွေ့ပါတယ်။ လူသတ်သမားဟာမီးဖိုချောင်မှာသွေးပေတဲ့လက်တွေကို ဆေးကြော ခဲ့ပုံရတယ်။

          Michel ညစာစားပြီးအိမ်ပြန်ရောက်တဲ့အခါ သူ့ရဲ့ T shirt မှာအစွန်းအထင်းတွေရှိ နေ တယ်။ Michel ဟာလူသတ်တရားခံဖြစ်နိုင်တာမို့ သူ့ရဲ့ T shirt ကအစွန်းတွေကို စစ်ဆေး ရန် ဓါတ်ခွဲခန်း သို့ ပို့လိုက်တယ်။ ပြီးတော့ သူ့ကို လိမ်ညာတာစစ်တဲ့ စက်နဲ့ စမ်းသပ်တဲ့အခါ မလိမ် ဘူးဆိုတဲ့အောင် လက်မှတ် ရပါတယ်။ အင်္ကျီက အစွန်းတွေကလည်း လူသွေး မဟုတ်ပါဘူး။

          အိမ်နီးချင်း Tommy အနေနဲ့လည်းလူသတ်တရားခံဖြစ်နိုင်တဲ့အတွက်စစ်ဆေးတဲ့အခါ
သူလည်းပဲ မလိမ်ဘူးဆိုတဲ့အောင်လက်မှတ်ရပါတယ်။ သူ့ရဲ့ကားကြမ်းခင်းကော်ဇော်ကစွန်းနေ တာကို စစ်တဲ့အခါမှာလည်း လူသွေးမဟုတ်ဘူးဆိုတာသိရတဲ့အတွက် သူတို့နှစ်ယောက်ကို တရားခံစားရင်း ကဖယ်လိုက်ပါတယ်။

          Natachia ၂ ရက်တိတိ သတိမေ့နေရာက ပြန်လည်သတိလည်လာပါတယ်။ ဒါပေမဲ့
အမှုနဲ့ ပတ်သက်ပြီးဘာမှ မမှတ်မိတော့ဘူး။ လူသတ်တရားခံမှာ ဆံပင်အ၀ါရောင်ရှိတာရယ်။
သူမကို ဆံပင်ကိုကိုင်တယ်၊သတ်တယ်ဆိုတာသာ မှတ်မိပါတယ်။ Natachia ဆေးရုံမှာရှိစဉ် Michel ရဲ့ ညီ ဖြစ်သူ Crake လူနာမေးလာခဲ့ပါတယ်။ အဲ့ဒီအချိန်က Natachia ဘေးမှာ အဖွါးဖြစ် သူရှိနေပါ တယ်။ Natachia ဟာအလွန်ကြောက်ရွံ့ခဲ့တယ်လို့ဆိုပါတယ်။ Natachia ကိုအိပ်မွေ့ချပြီး မေး ပေမဲ့ Natachia ဘာမှ မမှတ်မိတော့ပါဘူး။

Crake ဟာ Kathyရဲ့ညီမနဲ့လက်ထပ်ထားသူဖြစ်ပါတယ်။ Crake တို့နှစ်ယောက်လုံး ဆေးဆွဲနေကြပါတယ်။ Crake က၏မိန်းမအား ဆေးဆွဲအောင် လုပ်ခဲ့တာဖြစ်ပါတယ်။ အခင်းဖြစ်တဲ့နေ့က Crake ဟာ ၎င်း၏မိန်းမအားနေ့လည် ၁၂ နာရီ မှာ ကျောင်းလိုက်ပို့ခဲ့ပြီး ၁၆ နာရီမှာပြန်လာကြိုပါတယ်။ လွတ်နေတဲ့ ၄ နာရီအတွင်းမှာ၎င်းအနေ နဲ့ပြစ်မှုကျူးလွန်ဖို့ အချိန်ကောင်းကောင်းရပါတယ်။

              အမှုဖြစ်တဲ့ ၁၉၉၅ က DNA နည်းတွေ မပေါ်သေးပါဘူး။ သွေးအမျိုးအစားပဲစစ်နိုင် ပါသေးတယ်။ Kathy ရဲ့အိမ်မီးဖိုချောင်းမှာစွန်းနေတဲ့သွေးတွေဟာ လူသတ်သမားရဲ့ သွေးတွေ ဖြစ်နိုင်တာမို့စစ်ဆေးတဲ့အခါ O အမျိုးအစား သွေးဖြစ်ပါတယ်။ Crake ရဲ့သွေးမျိုးကလည်း O ပါ။ ဒါပေမဲ့ အမေရိကန်လူမျိုး ၅၀% ဟာ O သွေးမျိုးဖြစ် တာမို့ Crake ဟာလူသတ်သမား လို့ မပြောနိုင်ပါဘူး။
                                                                              
                 Kathy အသက်ထင်ရှားရှိစဉ်က Crake သူ့ကိုကြိုးစားလေ့ရှိကြောင်း၊ Crake ဟာ
သူ့ဗိုလ်ကိုအမြဲစိုက်ကြည့်နေတတ်ကြောင်းကို သူမရဲ့ သူငယ်ချင်းများကိုပြောပြလေ့ရှိပါတယ်။ Kathy အနေနဲ့ Crake ရန်ကြောက်တဲ့အတွက် သူတို့နဲ့ဝေးတဲ့ယခုအိမ်ကိုပြောင်းလာခဲ့ခြင်း ဖြစ် ပါတယ်။

                 အမှုဖြစ်ပြီး ၁၄ နှစ်အကြာမှာ DNA နည်းတွေပေါ်ပေါက်လာပါတယ်။ ဒါကြောင့် Kathy ရဲ့မိန်းမကိုယ်က ယောက်ျားမျိုး (sperm) ရဲ့ DNA နဲ့ Crake ရဲ့ DNA တိုက် ကြည့်တဲ့ အခါ တူနေပါတယ်။ ဒါပေမဲ့ Crake ကသူနဲ့ Kathy တို့ချစ်ကြိုက်နေကြောင်း အခင်းဖြစ်တဲ့ မနက်က သူတို့နှစ်ယောက်သဘောတူ အချစ်ပလူးကြတယ်လို့ထွက်ဆိုပါတယ်။ နှစ်ယောက် ထဲဖြစ်တဲ့ကိစ္စတွင် တစ်ဦးကသေဆုံးနေပြီမို့ Crake ပြောသမျှအမှန်ဖြစ်နေပါတယ်။စုံထောက် တွေအနေနဲ့က Crake ဟာလူသတ်တရားခံလို့ယူဆပါတယ်။ ဒါပေမဲ့ ဘယ်လို သက်သေရှာ ရမှန်းမသိဖြစ်နေပါတယ်။ ဒီလိုနဲ့ ၄ နှစ်ထပ်ကြာသွားပါတယ်။ ၂၀၀၅ မှာ ပလပ်စတစ်ပစ္စည်း တွေမှာရှိတဲ့သွေးအနည်းငယ်က DNA စစ်တဲ့နည်းတွေပေါ်ပေါက် လာပါတယ်။ Kathy လက် ခြေကိုတုတ်နှောင်ထားတဲ့ ၀ါယာကြိုးမှာပေနေတဲ့ သွေးတွေကိုစစ်လိုက်တဲ့အခါ Crake ရဲ့ DNA ဖြစ်နေပါတယ်။ ဒီတခါတော့ Crake ရှောင်လို့မလွတ်တော့ပါဘူး။ တတိယမျက်လုံးနဲ့ တူတဲ့       သိပ္ပံပညာကြောင့် Crake ကို လူသတ်မှုထင်ရှားကြောင်းသက်သေပြနိုင်ပါတယ်။ ဒီတတိယ
မျက်လုံးက မျက်မြင်သက်သေတွေလို မမှားဘူး၊ ချစ်လို့လဲညာမပြောဘူး၊မုန်းလို့လဲမညာဘူး။

                 အမှုဖြစ်တဲ့နေ့က Crake ဆေးသုံးပြီး Kathy အိမ်ကိုရောက်လာပါ တယ်။ Kathy ကိုကြိုးစားတာလက်မခံတဲ့အတွက် သမီးကိုရိုက်ပြပြီးခြိန်းခြောက်တာကြောင့် Kathy အနေနဲ့ ပြောတဲ့အတိုင်း  အ၀တ်တွေချွတ်ခဲ့တာပါ။ Kathy ကိုမတရားပြုကျင့်ပြီးနောက် သူဆွဲလမ်းတဲ့ ဗိုလ်ကိုဓါးနဲ့အချက်ပေါင်းများစွာထိုးခဲ့တာဖြစ်ပါတယ်။


impossible investigation ကိုသင့်လျော်အောင်ဘာသာပြန်ပါသည်။





Thursday, July 5, 2012

ကျနော်က ဦးမောင်မောင်ရဲ့ ဥဏှောက်ပါ။

ကျနော်က ဦးမောင်မောင်ရဲ့ ဥဏှောက်ပါ။ ကျနော်နှင့်ယှဉ်ရင် စကြာဝဠမှာ ရှိသမျှ အံ့သြဖွယ်အားလုံးမြှေးမှိန်ပျောက်ကွယ်သွားကြပါမယ်။ ကျနော်က တစ်ကီလိုခွဲ လေးပြီး၊ ချွဲတဲတဲနဲ့ မီးခိုးရောင်လွှမ်းတဲ့ အရောင်ရှိပါတယ်။ (မြတ်ဘုရားက မုန့်ညက်ဖတ် အခဲ ကဲ့သို့ ပြစ်ခဲသည်ဟု ဟောတော်မူပါတယ်)။

ကျနော့်လို လုပ်နိုင်တဲ့ computer မရှိသေးပါဘူး။ ကျနော့်မှာ ဘီလီရံ ၃၀ ခန့် နူရုံး (neuron) လို့ခေါ်တဲ့ အာရုံဆဲလ်တွေနဲ့ ၅-၁၀ ဆ ပိုများတဲ့ glial cell လို့ခေါ်တဲ့ဆဲလ်တွေရှိ ပါတယ်။ အဲ့ဒီဆဲလ်အားလုံး နံပတ် ၇ အုပ်ထုပ်အရွယ် ခေါင်းရိုးခွံထဲမှာရှိနေပါတယ်။

ကျနော်က ဦးမောင်မောင်ရဲ့အင်္ဂါ တစ်ခု တင်မဟုတ်ပါဘူး။ ဦးမောင်မောင်လို့ခေါ်တဲ့ ပုဂ္ဂိုလ်ပါ။ သူ့ရဲ့စိတ်နေသဘောထား၊ သူ့ရဲ့အရည်အသွေး၊ သူ့ရဲ့အတွေးအခေါ်၊ သူ့ရဲ့ စရိုက် အားလုံးသူနဲ့ ပတ်သက်တာ ကျနော်ပါ။ ဦးမောင်မောင်က သူ့နားနဲ့ကြားတယ်၊ သူ့ မျက်စိနဲ့ မြင်တယ်၊ သူ့ နှခေါင်းနဲ့အနံရတယ်၊သူ့လျှာနဲ့ အရသာခံတယ်၊ သူ့ကိုယ်နဲ့ ထိတွေ့တယ်လို့ ထင်တယ်။ တကယ်က အဲ့ဒီခံစားမှုအားလုံး ကျနော့်ထဲမှာ ဖြစ်တာ။

နား၊ မျက်စိ၊ နှာ၊ လျှာ၊ လက် အပါအ၀င် ကိုယ်ခန္ဓာတွေက အာရုံ (information) ကို လက်ခံရုံ သက်သက်ပဲ။ ကျနော်က သူနေမကောင်းတာ၊ ဗိုလ်စာတာ၊ ပျော်တာ၊ စိတ်ပျက်တာ စတာ တွေကိုလည်း သူ့ကိုပြောပြတယ်။ သူ့ရဲ့ ခံစားမှုအားလုံးကို ကျနော်သိတယ်၊ ထိန်းချုပ် တယ်။ သူအိပ်ပျော်နေရင်တောင်မှ ကျနော်က သူ့ဆီရောက်လာတဲ့ အာရုံတွေကို တကမ္ဘာလုံး မှာရှိတဲ့ telephone exchange တွေလို ကိုင်တွယ်ဖြေရှင်းပေးတယ်။ ကျနော် အဲ့ဒါတွေ အားလုံးကို ဘယ်လိုလုပ်သလဲ။ ရှင်းပါတယ်။ အရေးမကြီးတာတွေကို ဖယ်ရှားပြစ်တယ်။ ဥပမာ သူ သီးချင်းဖွင့်ပြီး စာဖတ်နေရင် ကျနော်က စာဖတ်တဲ့ အပေါ်မှာဂရုစိုက်စေတယ်။ သူ နှစ်မျိုးလုံးကို ဂရုစိုက်လို့ မရဘူးလေ။ တကယ်လို့ သူစိတ်ဝင်စားတဲ့ ၀တ္ထုဖတ်နေရင် သူကြိုက် တဲ့ သီးချင်းကို ကြားမှာ မဟုတ်ဘူး။

ဒါပေမဲ့သူ့ကိုဒုက္ခပေးမဲ့အန္တရာယ်ကျရောက်လာရင်တော့ကျနော်ချက်ချင်း ဂီယာ(gear) ပြောင်းလိုက်တယ်။ ဥပမာ သူချော်နေတဲ့ လမ်းပေါ်မှာ လဲတော့မယ်ဆိုရင် သူလဲ မကျအောင် သူ့လက်တွေကို ဟန်ချက်ညီအောင် လုပ်ဖို့ သတင်းပို့ ပေးတယ်။ တကယ်လို့ သူ လဲကျသွား ရင်တောင် သူဒါဏ်ရာ ရသလား၊ မရဘူးလား ဆိုတာကို အသိပေးတယ်။ ပြီးတော့ ဒီအဖြစ် အပျက်ကို ကျနော့်သိမ်းထားပြီး။ နောက်တခါ သူ ချော်လဲနိုင်တဲ့လမ်းပေါ်လျှောက် ရတော့ မယ်ဆိုရင် ဂရုစိုက်ဖို့ကျနော် သတိပေးတယ်။ အဲ့ဒီလို အရေးပေါ်ကိစ္စတွေအပြင် ကျနော် သူ့ရဲ့ အိမ်ရှင်မလို အလုပ်မျိုးလဲ လုပ်ပေးသေးတယ်။ ဥပမာ၊ အသက်ရှုတာနဲ့ ပတ်သက်ပြီး ကျနော်ရဲ့ အာရုံခံကိရိယာ (sensor) တွေက ဦးမောင်မောင်ရဲ့သွေးထဲမှာ ကာဘွန်ဒိုင် အောက်ဆိုက် အဆိပ်ဓါတ်ငွေ့တွေများနေတယ်။ အောက်ဆီဂျင်ဓါတ်တွေ ပိုလိုတယ်လို့ သတင်းပို့လာရင် ကျနော်က သူ့ရဲ့ အသက်ရှုတဲ့ကြွက်သားတွေကို အသက်ရှုမြန်စေတယ်။ အဲ့ဒီလိုမျိုး ထောင် ပေါင်းများစွာသော အလုပ်တွေကို လုပ်ပေးခြင်းဖြင့် ကျနော် သူ့ကို ခလေး တစ်ယောက် လို စောင့်ရှောက်တယ်။ ကျနော် အလုပ်လုပ်သလောက် ကျနော်လိုအပ်တာတွေ ကိုလည်း တောင်းဆိုတယ်။ ကျနော်က ဦးမောင်မောင်ကိုယ်အလေးချိန်ရဲ့ ၂% သာရှိပေမဲ့ ကျနော်က သူရှုတဲ့အောက်ဆီဂျင်ရဲ့ ၂၀%  နဲ့ သူ့နှလုံးကမှုတ်ထုတ်လိုက်တဲ့ သွေးရဲ့ ငါးပုံ တစ်ပုံ လိုတယ်။ ကျနော်က အောက်ဆီဂျင်နဲ့ သွေး အမြဲလိုအပ်နေတယ်။ တကယ်လို့ ဒီနှစ်ခု ခဏလေး နည်း သွားတာနဲ့ သူမေ့သွားမယ်။ မီနစ်အနည်းငယ်ကြာအောင်နည်းသွားမယ်ဆိုရင် သူ့အနေနဲ့ ကိုယ်အစိတ်အပိုင်းတွေ သေတာမျိုးအပြင် သေဆုံးသည်အထိ ဖြစ်နိုင်တယ်။ နောက်ပြီး ကျနော့် အစာဖြစ်တဲ့သကြားကိုလည်း အဆက်မပြတ်လိုတယ်။ အစာရေစာ ငတ်မွတ်ခေါင်းပါး တဲ့အခါမျိုးမှာတောင် ကျနော်က စားရမှ၊ နို့မဟုတ်ရင် သူသေမှာ။

ကျနော်ကအလုပ်အများကြီးလုပ်ပြီး အလွန်အရေးပါးတဲ့ အင်္ဂါ ဖြစ်ပေမဲ့ ကျနော့် အကြောင်း သိပ်မသိကြဘူး။ ဥပမာပေးရမယ်ဆိုရင် ကိုလန်ဘို အမေရိကတိုက်ကို ကမ်းစပ် ကတွေ့လိုက်ရသလိုပါပဲ။ ကျနော့်အကြောင်း သိဖို့အများကြီးလိုပါသေးတယ်။ ကျနော့်ကို လေ့လာစူးစမ်းတဲ့သုတေသနပညာရှင်တွေ စူးစမ်းလေ အံ့သြ ကြရလေပါပဲ။ ဥပမာ ကျနော်က ဦးမောင်မောင်ရဲ့ တစ်ကိုယ်လုံးက နာကြင်တဲ့ခံစားမှုတွေကိုသိတယ်။ ဒါပေမဲ့ ကျနော်ကို ခုတ်ဖြတ်ရင်တောင် ကျနော် မနာဘူး။ ဒါကြောင့်ဥဏှောက်ခွဲစိပ်မှုတွေကို လူနာကိုမေ့ဆေး မပေးပဲလုပ်နိုင်တယ်။ သူတေသနပညာရှင်တွေက ကျနော်ရဲ့ ဘယ်နေရာက ဘာခံစားတယ် ဆိုတာ သိရအောင် သိလိုတဲ့ နေရာတွေကို လျှပ်စစ်နဲ့လှုံဆော်ပြီး အစမ်းသပ်ခံပုဂ္ဂိုလ် ဘယ်လို ခံစား ရတယ်ဆိုတာလေ့လာ ကြတယ်။ ဦးမောင်မောင်သာ အဲ့ဒီလိုလေ့လာမှုမျိုး အစမ်းသပ်ခံ မယ်ဆိုရင် သူ တော်တော် အံ့သြသွားမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်ရဲ့ တစ်ချို့နေရာကို လျှပ်စစ်နဲ့တို့လိုက်မယ် ဆိုရင် သူမေ့နေခဲ့တဲ့ သုံးတန်းက သူ့ဆရာမကို မျက်ဝါးထင်ထင်မြင် လိမ့်မယ်။ နောက်တစ်နေရာကို လှုံဆော်ရင် မီးရထားဥသြသံ (၀ါ) မူကြိုကျောင်းမှာ ကဗျာတွေ ဆိုခဲ့တာကို ကြား လိမ့်မယ်။

ကျနော်က ဂိုဒေါင်ဟောင်းကြီးလို သူ့တစ်ဘ၀တာ အတွေ့အကြုံတွေကို သိမ်းဆည်း ထားတယ်။ သူ့အနေနဲ့ အဲ့ဒီဂိုဒေါင်ထဲမှာ ဘာတွေရှိမှန်း မသိဘူး။ သုတေသနပညာရှင်တွေ အနေနဲ့ ကျန်ာရဲ့ ဘယ်နေရာတွေက ဘာတွေလုပ်တယ်ဆိုတာကို အကြမ်းအားဖြင့်တော့သိကြ ပါပြီ။ ဥပမာ ကျနော့်နောက်စေ့နေရာက မြင်တယ်။ ဘေးဘက်နေရာတွေက ကြားတယ်။ စိတ်ဝင်စားစရာ နေရာကတော့ ကျနော်ရဲ့ ပျော်ရွင်မှုခံစားတဲ့နေရာပဲ (Pleasure centre)။ တကယ်လို့ ဓါတ်ခွဲခန်းထဲက ကြွက်တွေကို ခလုပ်တစ်ခုနှိုပ်တာ သင်ပေးပြီး၊ အဲ့ဒီခလုပ်ကို နှိုပ် လိုက်တိုင်း ကြွက်တွေရဲ့ ပျော်ရွင်တဲ့နေရာကို လျှပ်စစ်လှုံဆော်မှုပေးမယ်ဆိုရင် ကြွက်တွေဟာ အဲ့ဒီ ပျော်ရွင်မှုပေးတဲ့ ခလုပ်ကိုပဲ အဆက်မပြတ် နှိုပ်နေတာကို တွေ့ရမှာဖြစ်တယ်။ ကြွက်တွေ ဟာ အစာထက် ပျော်ရွင်မှုပေးတဲ့ ခလုပ်ကိုသာ ဦးစားပေးတာကြောင့် သူတို့ အစာငတ်သေ ပေမဲ့ ပျော်ရွှင် နေကြတာတွေ့ရမှာဖြစ်ပါတယ်။ တကယ်လို့ ဦးမောင်မောင်စိတ်ဓါတ်ကျ ရောဂါ ရနေရင် လျှပ်စစ်လှုံဆော်မှုပေးတဲ့စက်ကလေးကို သူ့ရဲ့ပျော်ရွင်မှုနေရာလေးမှာ တပ်ထားမယ် ဆိုရင် သူ စိတ်ဓါတ်မကျတဲ့အပြင် ပီတိတွေဖြစ်ပြီး စိတ်တွေတက်ကြွနေမှာဖြစ်ပါတယ်။ (ပျော်နေတဲ့လူရဲ့ ဥဏှောက်ကို scan လုပ်ကြည့်ရင် အဲ့ဒီပျော်ရွှင်မှုနေရာလေးက လင်းနေပါ တယ်။ အမေရိကန်နိုင်ငံမှာတရားထိုင်သူများရဲ့ဥဏှောက်ကို scan လုပ်ကြည့်တဲ့အခါ လူတော် တော်များများရဲ့ပျော်ရွှင်မှုနေရာလေးက လင်းနေတာကိုတွေ့ရတဲ့အတွက် ဗုဒ္ဓဘာသာတွေဟာ အလွန်ပျော်ရွှင်ကြတယ်လို့ သုတေသီတွေကကောက်ချက်ချကြပါတယ်။ တကယ်က တရား ထိုင်လို့ ပီတိ၊ ပဿတိတွေ ဖြစ်လာတာပါ)။

          ကျနော်က အလွန်လုံခြုံတဲ့ ခံတပ်ကြီးထဲမှာနေပါတယ်။ ခေါင်းရိုးခွံက ထိပ်ပိုင်းမှာ စင်တီမီတာဝက်ခန့် ထူပါတယ်။ အောက်ဘက်မှာ ပိုထူပါတယ်။ နောက်ပြီး ထိခိုက်ဒါဏ်ရာ တွေရဲ့ အန္တရာယ်က ကာကွယ်ဖို့ ရေကဲ့သို့သောအရည်နဲ့ လည်းဝိုင်းရံထားပါတယ်။ ဥဏှောက် အစောင့်လို့ပြောရမဲ့ Blood-brain barrier ကလည်းဂိတ်စောင့်လိုမျိုး ကျနော့် အတွက် လိုအပ် တာတွေ ပေးဝင်ပြီး၊ ဒုက္ခပေးမဲ့ဟာတွေကို ၀င်ခွင့်မပေးပါဘူး။ ဒါကြောင့် သကြားတွေ ၀င်ခွင့် ရပြီး၊ ပိုးမွှားတွေ အဆိပ်တွေကတော့ ကျနော်ဆီ ၀င်လို့မရပါဘူး။ အနာသက်သာစေတဲ့ ဆေး တွေ၊ မေ့ဆေးတွေ ၀င်ခွင့်ရသလို အရက်နဲ့ ရူးသွပ်စေတဲ့ဆေးတွေလည်း ၀င်ခွင့်ရတာမို့ သူတို့ ကြောင့် ကျနော်လူမှန်း သူမှန်းမသိအောင်ဖြစ်နိုင်ပါတယ်။

          ကျနော်ရဲ့တည်ဆောက်မှုကိုသိချင်ရင် မြက်ဖုတ်တစ်ဖုတ်ကိုနုတ်ပြီး သူ့အမြစ်တွေကို ကြည့်ပါ။ ကျနော်က မြက်ဖုတ်အမြစ်တွေလို ပါပဲ။ ဒါပေမဲ့ ကျနော်က မြက်ဖုတ်ထက် သိန်း ပေါင်းများစွာ ပိုရှုပ်ထွေးပါတယ်။ ကျနော်ရဲ့ ဘီလီရံ ၃၀ သောအာရုံဆဲလ်တွေ တစ်ခုနဲ့တစ်ခု ဆက်နွယ်နေကြတယ်။ တစ်ချို့ဆို ၆၄၀၀၀ လောက်ဆက်နွယ်ထားတယ်။

အာရုံဆဲလ်တစ်ခုဟာသူ့အမျှင်ပေါ်မှာတွဲနေတဲ့ ပင့်ကူနဲ့တူတယ်။ ပင့်ကူက အာရုံ ဆဲလ်ပါ။ သူတွဲနေတဲ့ပင့်ကူမျှင်ကို axon လို့ခေါ်တယ်။ ပင့်ကူရဲ့ ခြေချောင်းတွေကို dendrites တွေလို့ခေါ်တယ်။ အာရုံတွေ (signal) က axon ကနေ ပင့်ကူဆီရောက်လာတယ်။ နောက် axon ကနေပဲ နောက်အာရုံဆဲလ်တစ်ခုဆီကိုရောက်သွားတယ်။ အာရုံတွေဟာ axon ထဲမှာ ၃၄၀ km/hr နဲ့သွားကြတယ်။ အာရုံတစ်ခုဖြတ်သန်းသွားပြီးတိုင်း axon တွေဟာ တစ်စက္ကန့်ရဲ့ အပုံ ၂၀၀ ပုံတစ်ပုံလောက် အချိန်တွင်းမှာ ဓါတုဗေဒနည်းဖြင့် ကိုယ့်ဘာသာ ဓါတ်အားပြန်ဖြည့် တယ်။ ဒါပေမဲ့ ကျနော်က မွေးဖွါး ခြင်း အတတ်ကို မတတ်ဘူး။  အရေပြား၊ အသဲ၊ သွေးဆဲလ် တွေက သေသွားရင်ပြန် လည် မွေးဖွါး နိုင်ကြတယ်။ ကျနော့်ဆဲလ်တစ်ခုပျက်သွားရင် တစ်သက်လုံး ပြန်မရတော့ဘူး။

ဦးမောင်မောင်အသက် ၃၅ နှစ်မွေးနေ့ကစပြီး ကျနော်ရဲ့ အာရုံဆဲလ် တစ်ထောင် လောက် နေ့စဉ် သေဆုံးနေကြတယ်။ အသက်ကြီးလာတာနဲ့အမျှ ကျနော်ရဲ့အလေးချိန်ရော အာရုံဆဲလ်တွေရောဆုံးရှုံးလာတယ်။ တော်သေးတယ်ကျနော်မှာ အရန်အာရုံဆဲလ်တွေ အများ ကြီးရှိလို့။ တကယ်လို့ ဆဲလ်တစ်ထောင်သေရင်၊ ကျန်တဲ့ဆဲလ်တစ်ထောင်က ဘာမှတောင် သိ မှာ မဟုတ်ဘူး။ ဒါပေမဲ့ အရန်အာရုံဆဲလ်တွေရှိတာထက် ပိုပြီး အာရုံဆဲလ်တွေသေကုန်ရင် တော့ ဦးမောင်မောင်အနေနဲ့ အနံ့ကောင်းကောင်းရချင်မှရမယ်။ နားကောင်းကောင်း ကြားချင် မှကြားမယ်။ အရသာ သိပ်သိချင်မှ သိတော့မယ်။ သူ့အနေနဲ့ အာရုံစိုက်ဖို့ ခက်လာမယ်။ နံမယ်တွေ၊ နံပတ်တွေ၊ လိပ်စာတွေ မှတ်ရ ခက်လာမယ်။ ဒါပေမဲ့ သူ့အတွက်အရေးကြီးတဲ့ကိစ္စ တွေကိုတော့ နောက်ဆုံးအချိန်အထိ ကျနော် လုပ်ပေးမှာပါ။

          ဦးမောင်မောင်ကသူ့မှာ အဆုတ်နှစ်ခု၊ ကျောက်ကပ်နှစ်ခုရှိမှန်းသိတယ်။ ဒါပေမဲ့ သူက
ကျနော့်ကို နှစ်ခုလို့မသိဘူး။ တကယ်က ကျနော့်မှာ ဘယ်နဲ့ ညာဆိုတဲ့ သီးသန့် ၂ပိုင်း (lobe) ရှိပါတယ်။ ကျနော်ရဲ့ ညာဘက်အပိုင်းကဦးမောင်မောင်ရဲ့ ဘယ်ဘက်ကိုယ်ပိုင်းကို ထိမ်းချုပ် တယ်။ ကျနော်ရဲ့ ဘယ်ဘက်အပိုင်းကဦးမောင်မောင်ရဲ့ ညာဘက်ကိုယ်ပိုင်းကို ထိမ်းချုပ်တယ်။ ညာသန်တဲ့သူတွေမှာ ကျနော်ရဲ့ ဘယ်ဘက်ပိုင်းက ညာဘက်ပိုင်းထက်ပို အင်အား ကြီးတယ်။ ဘယ်သန်သူတွေအတွက်တော့ သူတို့ရဲ့ညာဘက်ဥဏှောက်ကစိုးမိုးတယ်။

ဘယ်ဘက်ဥဏှောက်က ဦးမောင်မောင်လမ်းလျှောက်ဖို့၊ စာရေးဖို့၊ ဂဏန်းတွက်ဖို့ အတွက်လိုအပ်တယ်။ ညာဘက်ဥဏှောက်ကတော့ spatial judgment လေထဲမှာ ရပ် တည်ဖို့လုပ်တယ်။

ကျနော်ရဲ့ထူးခြားတဲ့အရည်အချင်းက အရန်အာရုံဆဲလ်တွေများစွာရှိတာပဲ။ ဒါကြောင့် ကျနော်ရဲ့အချို့အပိုင်းတွေသေဆုံးသွားပေမဲ့ ကျန်တဲ့ဆဲလ်တွေက အချိန်ယူပြီး ပျက်သွားတဲ့ ဆဲလ်တွေ ရဲ့အလုပ်တွေကိုလုပ်ပေးနိုင်တယ်။ စကားမပြောနိုင်ရာက ပြန်ပြောနိုင်လာတယ်။ အကြောသေသွားတဲ့လက်ခြေတွေပြန်လှုပ်နိုင်လာတယ်။ ဒီအရည်အချင်းကြောင့်သာ နို့မိုဆို ဦးမောင်မောင်မှာအန္တရာယ်တွေဝိုင်းနေတာ။ ဥပမာ ကင်ဆာတွေ အကျိတ်တွေဖြစ် လာရင် ဦးခေါင်းခွံက လိုက်မကြီးနိုင်တာမို့ ကျနော့်ပေါ်ဖိပြီး ကျနော့်ဆဲလ်တွေကိုသတ်ပြစ်တယ်။ ကံကောင်း ထောက်မစွာ ယခုခေတ်မှာ ကင်ဆာတွေ အကျိတ်တွေကိုခွဲထုတ်နိုင်လို့ တော် တော့တယ်။
         
နောက်အန္တရာယ်က ကျနော့်သွေးကြောတွေမှာသွေးခဲတွေနဲ့ပိတ်ပြီး အဲ့ဒီသွေးကြော ပေါ်မှီနေတဲ့ အာရုံဆဲလ်တွေကိုသေစေတယ်။ သေတဲ့ အာရုံဆဲလ်တွေထိန်းချုပ်တဲ့ ကိုယ်အင်္ဂါ တွေလည်း အကြောသေကုန်တယ်။ ပိတ်တဲ့သွေးကြောကကြီးရင်သေတဲ့အထိဖြစ်နိုင်တယ်။

တတိယ ရန်သူကတော့ ထိခိုက်ဒါဏ်ရာရခြင်းပဲ။ ကျနော်က ဥဏှောက်ခွံထဲက အရည် ထဲမှာရှိပေမဲ့ လိမ့်ကျလို့ဖြစ်ဖြစ် အရိုက်ခံရလို့ဖြစ်ဖြစ် ကျနော်ဆဲလ်တွေကို သေစေနိုင် တယ်။ အရိုက်ခံရတဲ့ လက်လို ကျနော်လည်း ရောင်လာတယ်။ ဒါပေမဲ့ ကျနော်က အရိုးခွံထဲမှာ ထောင်ကျနေတာဆိုတော့ ကျနော်ရောင်တာနဲ့ ကျနော်ပေါ် ဖိအားတွေရောက်လာပြီး မေ့ချင် မေ့၊ သိပ်ဆိုးရင် သေတဲ့အထိဖြစ်နိုင်တယ်။  ကျနော့်အကြောင်းက မပြည့်စုံသေးပါဘူး။ နောက်နှစ်ပေါင်းများစွာကြာလာတဲ့အခါ ကျနော့်အကြောင်းပိုသိလာပါလိမ့်မယ်။
         
J.D.RADCLIFF ရဲ့ I AM JOE’S BODY ကိုသင့်လျော်အောင်ဘာသာပြန်ပါသည်။

Monday, July 2, 2012

ကျမက ဒေါ်မမရဲ့ သားအိမ်ပါ။

ကျမက ဒေါ်မမရဲ့ သားအိမ်ပါ။ ကျမက ပန်းနုရောင် ကြွက်သားအိပ်ပါ။ ဒေါ်မမရဲ့ ၀မ်းဗိုလ် အောက် ပိုင်းမှာ အရွတ်တွေနဲ့ချိတ်ဆွဲထားပါတယ်။ အကြမ်းအားဖြင့် ပဲသီး (pear) အရွယ်လောက်ရှိပါတယ်။ မြန်မာအသီးအနှံအနေနဲ့တော့ ခရမ်းသီးအငယ်စားလို့ ပြောရပါမယ်။

ကျမကိုယ်အလေးချိန် ၅၇ ဂရမ်ရှိပါတယ်။ ကျမကို ကြက်ဝပ်ကျင်းလို့ မတရားပြောကြတယ်။ ကျမက စကြာဝဠာတစ်ခုလုံး ရင်သပ်ရှုမောရမဲ့ အံ့သြဖွယ်ရာကိုလုပ်နိုင် ပါတယ်။ ကျမက မြင်သာရုံရှိတဲ့ ဆဲလ်အနည်းငယ်ကနေ ဆဲလ်ပေါင်းကုဋေချီရှိတဲ့လူသား တစ်ယောက်ဖြစ်လာအောင်ပြုစု ပျိုးထောင်ပေး လို့ပါပဲ။

ဘ၀သစ်အတွက် စောင့်ရှောက်ရေးဟာ ရိုးရှင်းတဲ့အလုပ်လို့ထင်ရတယ်။ တကယ်က အလွန် ရှုပ်ထွေးပွေလီပြီး ကျမအတွက်စိတ်ပျက်စရာအလုပ်ပါ။ လစဉ် အပျိုဖေါ်ဝင်ကစပြီး မီးရပ်ဆုံးချိန် တိုင် အောင် ကျမ ကိုယ်ဝန်ဆောင်နိုင်ဖို့အတွက် အကြီးအကျယ်ပြင်ဆင် လိုက် ရတာ အကြိမ် ပေါင်း ၄၀၀ ကျော်ရှိမယ်။ ဒါပေမဲ့ ဒေါ်မမ သုံးခါပဲကိုယ်ဝန်ဆောင်ပါတယ်။ ပြောရမယ်ဆိုရင် အလှပဆုံး ပန်းဆီးတွေနဲ့ ဖိတ်စာပေါင်း ၄၀၀ လုပ်ခဲ့ပေမဲ့ သုံးယောက်ပဲ လက်ခံခဲ့သလိုပါပဲ။

          လစဉ် ပြင်ဆင်ရတာ မျက်စိပြာလု့နီးပါး ဓါတုဗေဒဓါတ်ခွဲခန်းဆောင် ရွက်ချက် တွေ လဲပါတယ်။ အလွန်အနုစိတ်တဲ့သွေးကြောမျှင်ကွန်ရက်တွေတည်ဆောက်ရတယ်။ အသစ် အသစ်သော အကျိတ်အိပ် တွေ၊ တစ်ရှုး (tissues) သစ်တွေလည်းတည်ဆောက်ရတယ်။ ဒေါ်မမ ရဲ့မျိုးပွါးအိမ် (ovary) ကထွက်လာတဲ့ အမျိုးသမီးဟော်မုန်း (estrogen hormone) ကြောင့် ကျမရဲ့ (endometrium) ခေါ်တဲ့ ကတ္တီပါလိုနုညံ့တဲ့ သွေးအိပ်ရာခင်းဟာ ထူထပ်လာပြီး၊ ကျမ ရဲ့အကျိတ်အိပ်တွေဟာလည်း ဘ၀သစ်အတွက် လိုအပ်တဲ့ အာဟာရတွေပေးဖို့ များပြား လာတယ်။ လလယ် ရောက်တဲ့အခါ နောက်ထပ်ထူးဆန်းတဲ့ ဓါတ်ပြောင်း လဲခြင်းတွေဖြစ်တယ်။

ကျမက ဟောင်းလောင်းပေါက်ကြွက်သားအိပ်ဖြစ်ပြီး လက်ဖက်ရည်တစ်ဇွန်းစာလောက် အရည် ကိုသာလက်ခံနိုင်တယ်။ ပြီးတော့ကျမရဲ့ကြွက်သားတွေက မှန်မှန်ကြီး ကျုံ့ (contract) နေကြတယ်။ ဒီကြွက်သားကျုံ့ခြင်းတွေက သန္ဓေသားကိုသတ်ပြစ်မှာ။ ကြွက်သား တွေမကျုံ့အောင် ဒေါ်မမရဲ့ မျိုးပွါးအိမ် က လလယ်ရောက်တဲ့အခါ (progesterone)  ခေါ်တဲ့ ဟော်မုန်းတစ်မျိုးထပ်ထုတ်တယ်။ ဒီဟော်မုန်းက ကျမရဲ့ သွေးအိပ်ရာခင်းကို သန္ဓေသား လက်ခံနိုင်အောင်ပြင်ပေးတယ်။ (estrogen hormone) ကြောင့် ကြီးထွား၊ များပြား နေတဲ့ အကျိတ်အိပ်တွေကနေ အကျိတ်ရည်တွေထွက်စေတယ်။အဲ့ဒီအကျိတ်ရည်တွေက သန္ဓေသားလေး ကြီးထွားဖို့လိုအပ်တဲ့ အစာအာဟာရတွေပေးတယ်။

          ကျမမှာ အပေါက် ၃ ပေါက်ရှိတယ်။ ၂ ပေါက်က (fallopian tube) လို့ ခေါ်တယ်။ သူတို့က ဘယ်၊ ညာမှာရှိတဲ့ အမမျိုးဥအိပ်တွေဆီက ထွက်ကျ လာတဲ့ အမမျိုးဥ (ovum) တွေကို ကျမရဲ့ ကိုယ်ထဲ ရောက်အောင်သယ်ပေးတယ်။ ကျမမှာ အမမျိုးဥအိပ် နှစ်ခု ရှိပေမဲ့ တလမှာ အမမျိုးဥအိပ်တစ်ခုက အမမျိုးဥတစ်လုံးပဲကြွေတယ်။

ကျန်တဲ့ တတိယ ပေါက်က အချိုရည်စုပ်တဲ့ပိုက် (straw) လောက်ရှိတဲ့ သားအိမ်ခေါင်း လို့ခေါ်တဲ့ (cervix) ပါ။ ဒီအပေါက်ကနေ အဖိုမျိုးဥဖြစ်တဲ့ (sperm) တွေဝင်လာတယ်။ ခလေး မွေးတဲ့ အခါလည်း ဒီအပေါက်ကအပြင်ကိုထွက်ရတာ။ ဒေါ်မမရဲ့ အမမျိုးဥ ကြွေတဲ့အချိန်မှာ cervix ထဲမှာရှိတဲ့ အကျိတ်အိပ် တွေကနေ အချွဲတွေပိုထုတ်တယ်။ အဲ့ဒီအချွဲစီးချောင်းကနေ sperm တွေအလွယ်တကူ အမမျိုးဥဆီ ကူး သွား စေတယ်။ အခုကျမ သန္ဓေသားကိုပြုစု စောင့် ရှောက်ဖို့ အဆင်သင့်ဖြစ်နေပြီ။ ဒါပေမဲ့ သန္ဓေသား မရောက်လာဘူးဆိုရင် ကျမပြင်ဆင်ခဲ့တဲ့ သွေးကြောတွေ၊ အကျိတ်အိပ်တွေ၊ တစ်ရူးသစ်တွေ အားလုံးကို ဖြက်ဆီးပြစ်ရမှာ။ အဲ့ဒီလုပ် ရပ်က ဒေါ်မမ မီးရပ်သွေး လာခြင်းပဲ။

ကျမရဲ့ အရေးကြီးဆုံးအချိန်က ပထမ ခလေးရောက်ရှိလာခြင်းပဲ။ ကျမရဲ့ အရည်အချင်းတွေ စွမ်းဆောင်ချက်တွေပြရတဲ့ အချိန်ပဲ။ အမမျိုးဥနဲ့ အဖိုမျိုးဥပေါင်းမိပြီး ဆဲလ်တွေတောင် စပွါးနေပြီ။ အဲ့ဒီ အောင်မြင်တဲ့ သန္ဓေသားလေး fallopian tube ကနေကျမရဲ့ ကိုယ်ထဲလာ တဲ့ လမ်းတစ်လျောက်မှာ သူ့ အတွက်အစာက တစ်နေရာကပဲရတယ်။ အဲ့ဒါက egg yolk ခေါ်တဲ့မျိုးဥရဲ့ အစာပဲ။ ဒီအစာကလည်း ကျမဆီရောက်ရုံလောက်ပဲရှိတယ်။ ကျမဆီရောက်တာနဲ့ သန္ဓေသားလေးက ကျမကိုယ်ထဲကို လက်တံတွေ ထိုးထဲ့တယ်။ အခုဆိုရင်သူ့အတွက် လုံခြုံ စိတ်ချရတဲ့ နွေးထွေးတဲ့ အစာကြွေးမဲ့အိမ်ရပါပြီ။ ကျမ ၂၄ နာရီ ပတ်လုံးမရပ်မနား ၉ လ တိုင်တိုင်အလုပ်လုပ်နိုင်ဖို့ အချင်းကကူညီပါတယ်။ သူက သန္ဓေသားလေးရဲ့ လည်းပင်က ပထမ သေးသေးလေးကနေ တစ်ကီလို လေးပြီး ၁၈ စင်တီမီတာအချင်းရှိတဲ့ အနီရောင် ဘိန်းမုန့်အရွယ်ထိ ကြီးလာတယ်။ သူက ဒေါ်မမ ခလေးအတွက်၊ အဆုတ်၊အသဲ၊ကျောက်ကပ်၊အစာလမ်း
ကြောင်းတွေရဲ့လုပ်ငန်းတွေကိုဆောင်ရွက်ပေးတယ်။ ခလေးရဲ့အသက်သွေးကြောကတော့ ချက်ကြိုးပါ။ သူက ၁၂ စင်တီမီတာကနေ တစ်မီတာကျော်ရှည်နိုင်တယ်။ ချက်ကြိုးထဲမှာသွေး လွှတ်ကြော၂ချောင်းနဲ့ သွေးပြန်ကြောတစ်ချောင်းရှိတယ်။ လွှတ်ကြော၂ချောင်းကခလေးဆီက အမှိုက်တွေကို အချင်းဆီ သယ်လာ တယ်။ အဲ့ဒီကတဆင့် ဒေါ်မမရဲ့သွေးကြောထဲရောက်တယ်။ ပြီးတော့ ဒေါ်မမရဲ့ အသဲတွေ၊ အဆုတ်တွေ၊ကျောက်ကပ်တွေကနေတဆင့်ထုတ်ပြစ်တယ်။

            သွေးပြန်ကြောကတော့ဒေါ်မမရဲ့သွေးထဲက ဗီတာမင်၊ ကာဗိုဟိုက်ဒရိုတ်၊ အောက်ဆီဂျင်၊ သတ္ထုဓါတ်၊အမိုင်နိုအက်စစ်တွေယူလာပေးတယ်။ အချင်းရဲ့နုညံ့ပါးလွှာတဲ့သွေးကြောမျှင်လေး တွေက ဒေါ်မမနဲ့ သူ့ခလေးကိုခွဲခြားထားပေမဲ့ အညစ်အကြေးနဲ့ အစားအစာလှဲလှယ်ခြင်း ကို လုပ်ပေးတယ်။ သူတို့နှစ်ယောက် သွေးမတဲ့ရင် အန္တရာယ်ကြီးတာမို့ သူတို့သွေးနှစ်မျိုးကတော့ ရော်နှော်ခြင်း မရှိဘူး။

ဒေါ်မမရဲ့ အိမ်ငှါး ကြီးလာတာနဲ့အမျှ ကျမလည်းလိုက်ကြီးလာတာ နောက်ဆုံး အဆ ၅၀၀ အထိ ကို ကြီးလာတယ်။ ကျမရဲ့ပုံသဏ္ဍန်ကလည်း ခရမ်းသီးပုံကနေ၊ ကမ္ဘာလုံးပုံ၊ နောက်ဆုံးဘဲဥပုံဖြစ်လာတယ်။ ဒီထက်ပိုအရေးကြီးတာက ကျမ အလွန်သန်မာလာတာပဲ။ ကျမရဲ့ ကြွက်သားတွေက ကြီးထွားလာရုံမက အလေးချိန်ပါများလာတယ်။ ဒီလိုဖြစ်လာမှ ကျမရဲ့ အိမ်ငှါးရဲ့ ကန်ကျောက်တာတွေကိုခံနိုင်တဲ့အပြင် စူပါမန်(superman) ကို တောင် မောပန်းစေမဲ့ မွေးဖွါးတဲ့ ဒါဏ်ကိုခံနိုင်မှာ။

          ၇ လလောက်မှာ ဒေါ်မမ ခလေးက နေရာခဏခဏပြောင်းတယ်။ နောက်ပိုင်းကျတော့ ကမ္ဘာ့ ဆွဲဆောင်မှုကြောင့် ၉၆%  သောခလေးတွေက ခေါင်းစောက်ထိုးအနေအထားမှာ နေတယ်။ ဘာလို့လဲ ဆိုတော့ ခလေးရဲ့ခေါင်းက အလေးဆုံးသောအပိုင်းဖြစ်လို့ပဲ။ အဲ့ဒီအနေ အထားက တကယ်တော့ မွေးဖွါးဖို့ ကောင်းတဲ့ ပုံလည်းဖြစ်တယ်။

ကျမကြီးထွားပြီးသန်မာလာတာနဲ့အမျှ ကျမလမ်းမှာရှိတဲ့အရာအားလုံးကို ကျမတွန်းထိုး ပြစ်တယ်။ ကျမ ဆီးအိမ်ပေါ် ဖိထားလို့ ဒေါ်မမ ရေအိမ် ခဏခဏသွားနေရတယ်။ ကျမ အစာအိမ်နဲ့ အူလမ်းကြောင်း ကို တိုးကြိတ်လို့ ဒေါ်မမအစာမကြေခြင်းစတဲ့ အစာလမ်းကြောင်း ပြဿနာတွေဖြစ်နေတာ။ ၉ လလောက် မှာတော့ ဗိုလ်တစ်ခုလုံးကိုကျမ မောင်ပိုင်ဆီးထားတယ်။ ကျမအလုပ်လဲပြီးတော့မယ်။ ကျမ အလွန့်အလွန် တိုတောင်းတဲ့အချိန်မှာ ရေကပ်ပါးလေးကို ၃ ကီလိုမီတာရှိတဲ့ ကိုယ်ဘာသာ ရှင်သန်နိုင်တဲ့ ခလေး အဖြစ် ပြောင်းလိုက်ပါပြီ။

တစ်ညနေမှာ ဘာကြောင့်မှန်းမသိပဲ ကျမရဲ့ လက်သဲလောက်ရှိတဲ့ တတိယပေါက် က ၁၂ စင်တီမီတာလောက် ကျယ်လာတယ်။ ဒါမှခလေးခေါင်းဆန့်မှာ။ မွေးဖွါးတဲ့အလုပ်က တော် တော်လက်       ၀င်ပြီး အချိန်ယူရတဲ့ကိစ္စဖြစ်တယ်။ ကျမရဲ့ကြွက်သားတွေကလည်းပိုပိုကျို့ လာတာ နောက်ပိုင်းမှာ ၂-၃ မီနစ်တစ်ခါ ကျုံ့လာတယ်။ တစ်ခါကျုံ့ရင်လည်း တစ်မီနစ်လောက် ကြာလာတယ်။ တစ်ချိန်လုံး ကျမက ခလေးရဲ့ခေါင်းကို အပေါက်ချဲ့ဖို့ သုံးတယ်။ ကျမရဲ့ ကြွက်သားတွေ ကလည်း ၇ ကီလိုမီတာ အလေး လောက် ကို ကန်နိုင်လာတယ်။ ဒါပေမဲ့ သိပ်မလုံလောက်သေးဘူး။ ၁၂ ကီလိုမီတာအလေးလောက် လိုအပ်တယ်။ ဒေါ်မမရဲ့ ဗိုလ်ကြွက်သားတွေနဲ့ diaphragm တွေကလည်း ၀ိုင်းကူကြတာမို့ နောက်ဆုံးခလေး အပြင် ရောက်သွားတယ်။

          ကျမအခု အိမ် သန့်ရှင်းရေးလုပ်ရမယ်။ အချင်းလည်း မလိုတော့ဘူး။ ကျမ သူ့ကို ကန်ထုတ် လိုက် တော့မယ်။ သွေး မသွန်အောင် သွေးကြောတွေကိုဖိပိတ်ပြစ်ရမယ်။ ကိုယ်ဝန် စကာ စက ကျမ ၅၇ ဂရမ်ပဲ လေးတယ်။ ကျမ ၁၆ ဆလောက်အလေးချိန်တက်လာတာအခု တစ်ကီလိုတောင် ကျော်နေပြီ။ နောက် တလ နှစ်လမှာ ကျမနဂိုအလေးချိန်ပြန်ရောက်အောင် အားကစားတွေလုပ်ရမယ်။ ကျမဒီအလုပ်ကို ဒေါ်မမရဲ့ ဒုတိယနဲ့ တတိယခလေးတွေအတွက် နောက်ထပ်နှစ်ခါ ထပ်လုပ်ရတယ်။ အခု ဒေါ်မမ အသက်၄၂နှစ်ရှိပြီ၊ မီးရပ်ဆုံးခါလဲနီးလာပြီ။ မီးရပ်ဆုံးရင်တော့ ကျမအလုပ်လုပ်စရာမလိုတော့ဘူး။ ကျမ အရွယ် လည်း နဂို ခလေးမလေးရဲ့ သားအိမ်အရွယ်ကိုပြန်ရောက်တော့မယ်။

ဒေါ်မမရဲ့ ဘ၀မှာကျမသူ့ကိုဒုက္ခမကြာခဏပေးခဲ့တယ်။ ပြောရမယ်ဆိုရင် ကျမက ဒုက္ခပေးတဲ့ နေရာမှာ နံပတ်တစ်လို့ပြောရမယ်ထင်တယ်။ အများဆုံးဒုက္ခကတော့ သူ မီးရပ်လာတိုင်း နာအောင် လုပ် တာပဲ။ နောက်တစ်ခုက ကျမရဲ့ကြွက်သားတွေမှာ အရွယ်အစား အမျိုးမျိုးရှိတဲ့အသားပို (Fibroid) တွေ ထွက်လာတာပဲ။ အခြားအမျိုးသမီးတွေလိုပဲ ဒေါ်မမက သူတို့ကိုကင်ဆာလို့ထင်တယ်။ ဒီအတွက် တော့ ပူစရာမလိုပါဘူး။ Fibroid က ကင်ဆာ ဖြစ်တယ်ဆိုတာ ၂၀၀ မှာ တစ်ယောက်တောင်မရှိပါဘူး။ တကယ်လို့ ကျမရဲ့ အခင်း (endometrium) ကောင်းကောင်းမကြီးထွားဖူး၊ မဖျက်သိမ်းဘူးဆိုရင် သူ့ ကို ခြစ်ပြစ်တဲ့ ခွဲစိပ်မှုကိုလုပ်ရမယ်။ ဒီခွဲစိပ်မှုမှာ ကျမရဲ့တတိယ အပေါက်ကိုဇွန်းလို ခြစ်တဲ့ပစ္စည်း ထဲ့လို့ ရအောင်အရင်ချဲ့ရတယ်၊ ပြီးတော့ မကောင်းတဲ့ အခင်းကိုခြစ်ထုတ်ပြစ်ရတယ်။ ဒီလို လုပ်ခြင်း ဖြင့် များသောအားဖြင့် ကောင်းသွားပါတယ်။

ရင်သားကင်ဆာပြီးရင် ကျမက ဒေါ်မမအတွက် ဒုတိယကင်ဆာအဖြစ်ဆုံးအင်္ဂါဖြစ်ပါ တယ်။ ကံကောင်းထောက်မစွာ ကျမရဲ့ ကင်ဆာနှစ်ခုဖြစ်တဲ့ သားအိမ်ခေါင်းကင်ဆာ(cervical cancer) နဲ့ အခင်းကင်ဆာ (endometrial cancer) တွေကိုအလွယ်တကူစမ်းသပ်လို့ရ ပါ တယ်။ ပြီးတော့ စောစော သိရင် ၉၀% က ကုသလို့ရပါတယ်။ ကျမရဲ့ အခင်းကင်ဆာက မမှန်သောသွေးဆင်းခြင်းဖြစ်ပါတယ်။ အထူးသဖြင့် အသက်၄၀ ကျော်ရင်ပိုဂရုစိုက်ရပါမယ်။ ဒီသွေးဆင်းခြင်းက တခြားအကြောင်းတွေ ကြောင့် ဖြစ်နိုင်ပေမဲ့ အခင်းကင်ဆာမဟုတ်ဘူးဆိုတာ သေချာအောင် စမ်းသပ်စစ်ဆေးဖို့လိုပါတယ်။

သားအိမ်ခေါင်းကင်ဆာ(cervical cancer) အတွက် ကာကွယ်ဆေး vaccine ရပါပြီး၊ ဒီကင်ဆာ ဟာလိင်ဆက်ဆံခြင်းမှ ကူးဆက်သော ဗိုင်းရပ်ပိုးကြောင့်ဖြစ်တာမို့ ယခုအခါ US၊ Australia and Europe မှာ လိင်မဆက်ဆံကြသေးတဲ့ မီးကောင်ပေါက်မိန်းခလေးများကိုထိုးပေးပါတယ်။ အမျိုးသမီးကြီးများ ကို တော့ ကင်ဆာ ဖြစ်ဖြစ်ချင်းသိရအောင် Pap test ခေါ်တဲ့ သားအိမ်ခေါင်းကကြွေကျတဲ့ အသားစများကို စစ်ဆေးခြင်းကို မှန်မှန်စစ်ဆေးပေးပါတယ်။

ဝမ်းနည်းဖို့ကောင်းတာက အမျိုးသမီးအများစုက ကျမကိုပြဿနာမ လို့မြင်ကြတာပဲ။ တကယ်က ကျမက ဆုတွေပေးတဲ့သူပါ။ ကျမကြောင့် အမျိုးသမီးအပါအ၀င် လူသား အားလုံး ဖြစ်တည်ကြရတာ ဆိုတာကို မမေ့သင့်ပါဘူး။


ကျမ်းကိုး
၁။ J.D.RADCLIFF ရဲ့ I AM JOE’S BODY
၂။ http://en.wikipedia.org/wiki/HPV_vaccine