:include data='blog' name='google-analytics'/>

Monday, May 21, 2012

Paris မှာဘယ်လိုလည်မလဲ

ပါရီမြို့ဟာ မြန်မာများနဲ့ ရင်းနှီးနေတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ ပါရီလို့ဆိုလိုက်တာနဲ့ အီဖေတာဝါ နဲ့ တက္ကသိုလ်ဘုန်းနိုင်ရဲ့ အထက်တန်းစား ဇတ်ကောင်တွေသုံးတဲ့ channel 5 ရေမွှေးနံ့ သင်း လာသလို ခံစားရတတ်ပါတယ်။ ပြင်သစ်နိုင်ငံ ပါရီမြို့ဟာ မြန်မာ့ရာဇ၀င်မှာ ထင်းရှားခဲ့ပါတယ်။ အင်္ဂလိပ်များ မြန်မာပြည်အထက်ပိုင်း မသိမ်းခင်၊ မင်းတုန်းမင်း လက်ထက်က ကင်းဝန်မင်းကြီး ကိုပါရီမြို့ကို သံတမန်အဖြစ်လွှတ်ခဲ့လို့ ကင်းဝန်မင်းကြီးရဲ့ ပါရီခရီးသွားမှတ်တမ်းတွေ အထင် အရှားရှိခဲ့ပါတယ်။ အဲ့ဒီမှတ်တမ်းမှာ ကင်းဝန်မင်းကြီးက  ပါရီမြို့ရဲ့ နံမည်ကြီး ရှောင်ဇလီဈေး (Champs- Elysees ) ဆိုတဲ့ ကမ္ဘာကျော်လမ်းမကြီးမှာ ရှိတဲ့ ဆိုင်တွေက ဈေးအလွန်ကြီး တာ ကြောင့် (ရှောင်) ဆိုတဲ့ စကားအတိုင်း ရှောင် ပါလို့ သတိပေးထား တယ်လို့ သိရပါတယ်။ ဟုတ်ပါတယ်။ ပါရီမြို့မှာ လက်ဘက်ရည်ဆိုင်မှစပြီး၊ ကုန်ပစ္စည်းတွေက အမျိုးအစားတူပေမဲ့ ရပ်ကွက်ပေါ်လိုက်ပြီးဈေးကွာပါတယ်။ ရှောင်ဇလီဈေး လမ်းမကြီးဟာ ပါရီမြို့လယ်ခေါင် ၈ ရပ်ကွက်မှာရှိပြီး၊ ကမ္ဘာလည့်ဧည့်သည်တွေနဲ့ပြည့်နေ တတ်တာမို့ အဲ့ဒီနေရာက ဈေးအကြီး ဆုံးပါပဲ။ ကမ္ဘာ့ milliners တွေကပြောပါတယ်။ အနည်းဆုံး တစ်နှစ်တခါ ရှောင်ဇလီဈေးမှာ လမ်းမလျှောက်ရရင် နေလို့ မကောင်းဘူးတဲ့။

ပါရီမြို့မှာ ရပ်ကွက် ၂၀ ရှိပါတယ်။ ပါရီမြို့အလယ်တဲ့တဲ့ ကနေပြီး ရပ်ကွက် ၁။ ၂။ စသည် ခရုခွေလို လက်ယာရစ် ရယ် သွားပါတယ်။ အဲ့ဒီရပ်ကွက်တွေထဲက အလယ်ဆုံး ရပ်ကွက်နဲ့ ၁၆ ရပ်ကွက်တွေက သူဌေးတွေ၊ နံမည်ကြီး ရုပ်ရှင်မင်းသား၊ မင်းသမီး စသည် တို့နေကြလို့ အဲဒီ နေရာတွေက အစစအရာရာ ဈေးပိုကြီး ပါတယ်။

လက်ဘက်ရည်ဆိုင်မှာ လက်ဘက်ရည်သောက်တဲ့အခါ သောက်တဲ့ နေရာပေါ်မူတည် ပြီး ဈေးကွာပါတယ်။ ဘားကောင်တာမှာ ရပ်သောက်ရင် လက်ဘက်ရည်တစ်ခွက် ၃ ယူရို ကျ ပါတယ်။ ဆိုင်ထဲမှာထိုင်သောက်ရင် ၅ ယူရို။ ဆိုင်အပြင် လမ်းပေါ်မှာ ခင်းထားတဲ့ ကုလား ထိုင်တွေမှာ ထိုင် သောက်ရင် ပိုဈေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီမှာ ရန်ကုန်မှာလို လက်ဘက်ရည် တစ်ခွက် မှာပြီး လမ်းသွားလမ်းလာတွေ ငေးကြလို့ပါ။ နေရောင်ရတဲ့ နေရာ ဆို ရင်တော့ နေရောင်ခံရင်းနဲ့ ငေးကြ တာမို့ မနက်အစောကြီးထဲက နေရာယူမှ ရပါတယ်။ ပါရီမြို့ သားတွေနဲ့ ရန်ကုန်သားတွေ လက်ဘက်ရည် ဆိုင် ထိုင်တာချင်းကတော့တော်တော်တူပါတယ်။ တစ်ခုပဲ ရန်ကုန်သူတွေက နေရောင်မကြိုက်ဘူး။ တိုက်ဆိုင်လို့ ကျမ ပါရီရောက်စ Chateau de Versaille ဗာဆိုင်းနန်းတော် သွားလည်စဉ်က နေပူတာ  ကြောင့် ကျမမှာ ပါလာတဲ့ ထီး အနက်ကြီး ဆောင်းပြီးနန်းတော် ဥယျဉ်ထဲမှာလျှောက်သွားခဲ့ပါတယ်။ ကျမအတွက်ကတော့ နေရောင် ခံရရင် ခေါင်းကိုက် နိုင်တယ်၊ ဖျားနိုင်တယ်ပေါ့။ ခဏကြာတော့ ပတ်       ၀န်းကျင်က ကျမကို ထူးဆန်းသလို ကြည့်ကြတာ သတိထားမိပါတော့တယ်။ သူတို့အတွက်ကတော့ အချိန် တော်တော်များများက ရာသီဥတုအေးလို့ အင်္ကျီးတွေအထပ်ထပ်ဝတ်ရတာမို့ နေရောင် မရတဲ့အပြင် နဂိုကမှ အဖြူလွန်တဲ့ စက္ကူနည်းပါး ဖြူနေတဲ့အသားကို အရောင်ရှိအောင် နေရောင် ခံကြတယ်ဆိုတာ သိရပါတော့ တယ်။

          နွေရာသီ (ဧပြီ၊မေ၊ဂျွန်လ) တွေမှာဆိုရင် ပန်းခြံတွေမှာ နေရောင်ခံနေကြတဲ့ပါရီမြို့ သူ၊ သားတွေ ကို အများအပြားတွေ့ရမှာဖြစ်ပါတယ်။ တစ်ချို့ အမျိုးသမီးများဆို အပေါ်ပိုင်း ဗလာနဲ့ နေရောင်ခံ တတ်ကြ ပါတယ်။ ရီစရာ အဖြစ်လေးတစ်ခု ပြောရအုံးမယ်။ လွန်ခဲ့တဲ့ ၁၀ နှစ် လောက်က ရန်ကုန်ဆေးရုံကြီးနဲ့ National Health Institute က ဆရာဝန်ကြီးများ ပါရီကို နွေလမှာရောက်လာကြပါတယ်။ ပါရီမြို့ မှာလျှောက်လယ်ရင်း အီဖေတာဝါနားက မျက်ခင်း ပြင်မှာ ဆံပင်ရှည် ခါးလယ်ခန့် ဖြန့်ပြီး မှောက်လျက် အပေါ်ပိုင်း ဗလာနဲ့ နေရောင်ခံနေတဲ့ ပေါင်တံ ရှည်ရှည်နဲ့ အဖြူတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ ပွတာပဲ ရန်ကုန်မှာ မတွေ့ရတာ တွေ့ရတော့မယ်ဆိုပြီး၊ အဲ့ဒီလူ ပက်လက်လှန်မဲ့ အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်နေကြပါတယ် တဲ့။ ဟော့ စောင့်နေရကျိုးနပ်ပါပြီး။ နေရောင်ခံနေတဲ့သူ ပက်လက်လှန်လိုက်ပါပြီး။ အနောက် ဘက်ကတောင် တော်တော်ကိုယ်လုံးလှတာ။ အရှေ့က ဆိုပိုလှမှာပဲလို့လဲ တွက်ထားကြတယ် လို့ ပြောပါတယ်။ ဒါပေမဲ့ သူငယ်ချင်းအားလုံး ဟင်း ဆိုပြီး အမြန်ဆုံး လှဲ့ပြန်ခဲ့ကြ တယ်တဲ့။ ထင်ထားသလို အမျိုးသမီး မဟုတ်ပဲ။ အမျိုးသားဖြစ် နေလို့ ပါပဲ။

          ပါရီမြို့မှာ Public transport ကတော်တော်ကောင်းပါတယ်။ မြေအောက်ရတား၊မြေပေါ်
ရထား၊ မြေပေါ်လျှပ်စစ်ရထား၊ Bus ကား၊ အစုံရှိပါတယ်။ ရုံးတတ်၊ရုံဆင်းချိန်တွေမှာ ၃ မိနစ် တစ်ကြိမ် လာပြီး၊ ကျန်တဲ့အချိန်တွေမှာတော့ ၅-၁၀ မိနစ်တစ်ကြိမ်လာပါတယ်။ ပါရီမြို့တွင်း သွားလာဖို့ လက်မှတ်က တစ်စောင်ချင်းဝယ်ရင် ၁.၇ ယူရို၊ ၁၀ စောင်တွဲ ဆို ၁၂.၇၀ ယူရို ပေး ရပါတယ်။ အဲ့ဒီလက်မှတ်တွေက မြေအောက်ရထားအ၀င်မှာ ၀ယ်လို့ရပါတယ်။ Ticket ကို ပြင်သစ်လို (တစ်ကေ) လို့ပြောပေမဲ့ အင်္ဂလိပ်လို ပြောလည်း နားလည်ကြပါတယ်။ ၁၀ စောင် တွဲ ၀ယ်ချင် ရင် လက် ၁၀ ချောင်းသာထောင်ပြလိုက်ပါ။ ပြင်သစ်လိုက (carnet ကာနေ လို့ ပြောရပါ တယ်)။ ယူရို ပိုက်ဆံရှိရင် စက်ကနေ၀ယ်လို့ရပါတယ်။ စက်မှာ အင်္ဂလိပ်လိုပြောင်း လို့ရပါ တယ်။ Bus ကားပေါ်မှာလည်း လက်မှတ်ဝယ်လို့ရပါတယ်။ ဒါပေမဲ့ Bus ကားပေါ်မှာ တော့ တစ်စောင်ချင်းပဲ ၀ယ်လို့ရပြီး ၁.၉ ယူရိုပေးရပါတယ်။ Bus ကားပေါ်မှာဝယ်တဲ့ လက်မှတ်က အဲဒီ Bus ကားပေါ်မှာပဲစီးလို့ရပါတယ်။ နောက် Bus ကားပြောင်းရင် လက်မှတ် အသစ် ထပ်ထဲ့ရပါတယ်။

Bus ကားကတစ်စီထဲဆိုရင် driver ရှိတဲ့ ရှေ့အပေါက်ကပဲထက်ရပါတယ်။ နောက် ပေါက်က ဆင်းရပါတယ်။ နှစ်စီးတွဲထားတာဆိုရင် နောက်ပေါက်ကလည်းတက်လို့ရပါတယ်။
Bus ကားဂိက် တွေ မှာ ကားသွားမဲ့ direction နဲ့ ရပ်မဲ့ ဂိတ်တွေရေးထားပါတယ်။ ဂိတ်တိုင်းမရပ်ပါဘူး။ ဂိတ်မှာစောင့်တဲ့သူရှိရင်၊ဒါမှမဟုတ် ကားထဲကရပ်ခိုင်းတဲ့သူ ရှိမှ ရပ် ပါတယ်။ မှတ်တိုင် မရောက်ခင် ကားရပ်ဖို့ ခရုပ်နှိုပ်ရပါတယ်။ ဒါကြောင့် ကိုယ်ဆင်းမဲ့ မှတ်တိုင် မရောက်ခင် မှတ်တိုင် နံမည်ကို   မှတ် ထားပြီး၊ အဲ့ဒီမှတ်တိုင်က ကားထွက်တာနဲ့ ခလုပ်နှိုပ်ထား တာသေချာပါတယ်။ ကားရဲ့အလယ် screen မှာနောက်ရပ်မဲ့ မှတ်တိုင်နံမည်ဖေါ်ပြပါတယ်။

ကားမှတ်တိုင်က ကားနံပတ်တစ်မျိုးထဲရပ်တာမဟုတ်ရင်၊ ကိုယ်စီးမဲ့ကားလာတဲ့အခါ လက်ပြမှ ရပ်ပေး ပါတယ်။ ကားနံပတ်တစ်မျိုးထဲရဲ့မှတ်တိုင်ဆိုရင်တော့ လူရှိနေရင် ရပ်ပေးပါတယ်။ ကားပေါ်ကဆင်း တဲ့  အခါမှာ တံခါးပေါက်ရဲ့တိုင်မှာတံခါးဆွင့်တဲ့ ခလုပ်တွေရှိပါတယ်။ အဲဒါနှိုပ်မှ တံခါးပွင့်ပါတယ်။

          မြေအောက်ဘူတာမှာဝယ်တဲ့ လက်မှတ်တွေက ပါရီမြို့တွင်း ရထားဖြစ်ဖြစ်၊ bus ကားဖြစ်ဖြစ် စီးလို့ ရပါတယ်။ မြေအောက်ရထား (Metropolitan =  Metro အတိုကောက် အနေနဲ့ မက်ထရို လို့ ပြောပါ တယ်) အ၀င်မှာ စက်ထဲ ထဲ့လိုက်ရင် တံခါးပွင့်သွားပါတယ်။ ရထားလက်မှတ်ပြန်ထွက်လာ တာကို ပြန် ယူပြီးသိမ်းထားပါ။ ရထားဘူတာထဲက မထွက် မချင်း သိမ်းထားရပါမယ်။ လက်မှတ် စစ်လို့ လက်မှတ်မပြ နိုင်ရင်ဒါဏ်ငွေ (၁၂၀ ယူရို) ချက်ချင်းဆောင်ရပါတယ်။ မြေအောက်ထဲမှာ ရထားပြောင်းစီးရင်ပဲဖြစ်ဖြစ်၊ ရထားမှားလို့ ပြန်စီးရင်ပဲဖြစ်ဖြစ်၊ လက်မှတ်အသစ်ထပ်ထဲ့ဖို့မလိုပါဘူး။ Bus ကားတစ်စီးက တစ်စီး ပြောင်းစီး လို့လဲရပါမယ်။ လက်မှတ်တစ်စောင်ကို စပြီး စက်ထဲကိုထဲ့ တဲ့ အချိန်ကနေ တစ်နာရီနဲ့ ၃၀ မိနစ်အတွင်း သုံးလို့ရပါတယ်။ ဒါပေမဲ့ မြေအောက်ရထားမှာသုံးထားတဲ့ လက်မှတ်ကို တစ်နာရီ နဲ့ ၃၀ မိနစ်အတွင်းဖြစ်ပေမဲ့ Bus ကားနဲ့မြေပေါ်လျှပ်စစ် ရထားမှာသုံး လို့မရပါဘူး။ Bus ကား မှာသုံးထားတဲ့ လက်မှတ်ကိုတော့နဲ့ မြေပေါ်လျှပ်စစ် ရထားမှာ သုံးလို့ ရပါတယ်။ ထိုနည်းအတူ မြေပေါ်လျှပ်စစ်ရထားမှာ သုံးထားတဲ့ လက်မှတ်ကို Bus ကားမှာ သုံးနိုင်ပါတယ်။

အဲ့ဒီလက်မှတ်တွေကို zone 2 လို့ခေါ်ပါတယ်။ အဲ့ဒီလက်မှတ်တွေမှာ အချိန်ကန့် သပ်ချက် မရှိပါဘူး။ အချိန်မရွေး သုံးနိုင်ပါတယ်။ မြို့ပြင်ထွက်မယ်ဆိုရင် ဥပမာ။ ဗာဆိုင်းနန်းတော် သွား မယ်၊ လေယဉ်ကွင်း သွားမယ်ဆိုရင်တော့ zone 2 ထက်ကျော်လို့ zone 3 လက် မှတ် အသစ် ၀ယ်ရင်ဝယ်၊ ဒါမှမဟုတ် လိုသလောက် zone  အတွက် ထပ်ဝယ်လို့ရပါတယ်။

ပါရီမြို့မှာတစ်နေကုန်လျှောက်လယ်ချင်ရင်တစ်နေ့စာလက်မှတ်လည်းဝယ်လို့ရပါတယ်သူကတော့ အချိန်သတ်မှတ်ချက်ရှိပါတယ်။ မနက်ကနေ ည ၁၂ နာရီအထိသုံးနိုင်ပါတယ်။ သတ်မှတ်ထားတဲ့ရက် ကုန်ရင်သုံးလို့မရပါဘူး။

မြေအောက်ရထား တံခါးတွေက အလိုလိုပွင့်တာရှိသလို ဖွင့်ရတာတွေလည်းရှိပါတယ်။ တစ်ချို့က နှိုပ်ပြီးဖွင့်ရတယ်။ တစ်ချို့က လက်တံကိုအပေါ်လှည့်ဖွင့်ရပါတယ်။  သတိထားဖို့က ရထားထဲမှာ ခါးပိုက်နှိုက်တွေရှိပါတယ်။ အနောက်တိုင်းရုပ်နဲ့ အဖြူမ အသက် ၁၀ နှစ်ဝန်း ကျင် တွေဖြစ်ပါတယ်။ အရှေ့ဥရောပမှလာသူများဖြစ်ပါတယ်။ မြန်မာတိုင်းလိုလို အနှိုက်ခံကြရ ပါ တယ်။ အရှေ့တိုင်းသားတွေ ပိုက်ဆံနဲ့လက်ဝတ်လက်စားတွေ အိပ် ထဲမှာပါလေ့ရှိတာ ကြောင့် ရယ်။ ဟိုငေးဒီငေးနဲ့ တောသားမှန်း သိသာတာကြောင့်တစ်ကြောင်းဖြစ်ပါတယ်။ ရန်ကုန်မှာလို အိပ်ကိုဓါးနဲ့ခွဲထာတွေလဲရှိပါတယ်။

မြေအောက်ရထားထဲမှာ ပိုက်ဆံတောင်းတဲ့ သူတွေရော်၊ ရေမချိုးတဲ့ သူတောင်း စား တွေလဲရှိ ပါတယ်။ ရေမချိုးတဲ့ သူတောင်းစားရှိတဲ့ နေရာဆို လူရှင်း ပါတယ်။ အနံ့ဆိုး လွန်းလို့ လူမရှိတာပါ။ မြတ်ဘုရားဟောတဲ့ ဒီကိုယ်ကြီးဟာ အပုပ်ကောင်ကြီး ဆိုတာ မှန်ကြောင်း သက် သေပြနေတဲ့သူတွေပါပဲ။ ပဲရစ်မှာ ကြောက်ရတဲ့သူတွေက အဲ့ဒီ သူတောင်းစားတွေပါပဲ။ ပုလိပ် ထက်ပိုကြောက်ရပါတယ်။ သူတို့အိပ်နေ၊ ထိုင်နေတဲ့နေရာ ခြေသွားတင်မိရင်တော့ ဆဲလို့မဆုံး ပါဘူး။ ဝေးဝေးကရှောင်ပါ။ တစ်ချို့က ရူးလည်းနေ တာမို့ အခန့်မသင့်ရင် အလကားနေရင်း တံတွေးထွေးတာလည်း ခံရ တတ်ပါတယ်။

ပါရီမြို့မှာ ယဉ်ယဉ်လေးနဲ့ရူးနေတဲ့သူ ၁၀%ရှိပါတယ်။ မြေအောက်ဘူတာမှာ ရထား စောင့်နေသူ အနည်းဆုံး ၅၀-၁၀၀ ရှိတာမို့ ၅-၁၀ ယောက်လောက်ရှိနေတတ်ပါတယ်။ အဲ့ဒီလူတွေ စိတ်အခန့် မသင့်ရင် ရထားလာတဲ့အခါ သူကိုယ်တိုင်ဖြစ်ဖြစ်၊သူများကိုဖြစ်ဖြစ် ရထား လမ်းပေါ်ထွန်းချတာမျိုး၊ ရထားအမှီ ပြေးလာ တဲ့သူတိုက်မိလို့ဖြစ်ဖြစ် ရထားလမ်းပေါ်ကျ သွား ရင်တော့ သေဖို့ပဲရှိပါတယ်။ ဒါကြောင့် ရထားလမ်းဘေးမှာ ရပ်မစောင့်ပါနဲ့။ အန္တရာယ်ရှိ ပါ တယ်။ ရထားထွက်တော့မယ်ဆိုရင် ဥသြမှုတ်ပါတယ်။ တံခါးလဲ အလိုလိုပိတ်ပါတယ်။ ရထား ထဲအဖေါ်ပါသွားလို့ဆိုပြီး အပြေးမလိုက်ပါနဲ့။ လိမ့်ကျတာ၊ တံခါး ညပ်တာ ဖြစ်နိုင်ပါတယ်။ နောက်ရထားနဲ့ လိုက်ပြီး၊ အဖေါ်ကို ရှေ့ဘူတာမှာ ဆင်းပြီး စောင့်ခိုင်းပါ။

မြေအောက်ရထားတွေက အောက်သံလမ်းက လျှပ်စစ်လွှတ်ပြီး လျှပ်စစ်နဲ့သွားတာပါ။ ရထား လမ်း ပေါ်ပစ္စည်းတစ်ခုခုကျရင်ဆင်းမကောက်ပါနဲ့ ဓါတ်လိုက်သေနိုင်ပါတယ်။ တခါကရထားရုတ်တရက် ရပ် သွားလို့ ရထားပေါ်မှာ ရုတ်ရုတ်သဲသဲဖြစ်သွားပါတယ်။ ရထားမောင်းသူ က အသံချဲ့စက်ကပြောပါတယ်။ လူတစ်ယောက် ရထားလမ်းပေါ် သေးပေါက်တာ မြင်လိုက် လို့ ဓါတ်လိုက်မှာစိုးလို့ ရပ်လိုက်ရတာပါတဲ့။ အနှစ် ၂၀၀၀ ပြည့်တုံးကပါရီမြို့ကိုလာလည်တဲ့ သူတွေအလွန်များတာကြောင့် လျှပ်စစ်နဲ့သွားတဲ့ မြေအောက်ရထား မထွက်နိုင် ဖြစ်နေပါ တယ်။ ရထားမောင်းသူက လူတစ်ချို့ဆင်းပေးဖို့ တောင်းပန်ယူရ ပါတယ်။

ပါရီလမ်းမကြီးတွေမှာ၊ Toilettes ၊ တွေရှိတတ်ပါတယ်။ အလကားသုံး လို့ရပါတယ်။ လမ်းမကြီးပေါ်က Toilettes တွေက သူ့ဘာသာ auto ဆေးကြောပါတယ်။ supermarket တွေမှာတော့ toilettes မရှိပါဘူး။ MacDonald စားသောက်ဆိုင်နဲ့လဘက်ရည် ဆိုင်တွေမှာ ပဲရှိပါတယ်။ ပန်းခြံတွေမှာ လည်း Toilettes ၊ တွေရှိတတ်ပါတယ်။ အလကားသုံး လို့ရပါတယ်။ အချို့ဘူတာတွေက Toilettes တွေက ပိုက်ဆံထဲ့ရပါတယ်။

မြို့ပြင်သွားတဲ့ semi –rapid ရထားကို RER လို့ရေးပါတယ်။ ဒါပေမဲ့ ပြင်သစ်လို (အဲဥအဲ) လို့ပြောတာမို့ (အာအီအာ) လို့ပြောရင် ဘယ်သူမှနားမလည်ပါဘူး။ ဗာဆိုင်းနန်း တော်နဲ့ Disney Land တွေသွားရင် စီးရပါတယ်။ RER ရထားတွေက များသောအားဖြင့် နှစ်ထပ်ဖြစ်ပါတယ်။ Paris မြို့ထဲမှာ ဆို မြေအောက်ရထားရဲ့ ဘူတာမှာပဲရပ်တာလည်းရှိပါတယ်။

နိုင်ငံခြားနဲ့ တခြားမြို့တွေသွားရင် TGV ခေါ်တဲ့ bullet train များစီးရပါတယ်။ Mont Saint Michael သွားရင်စီးရပါတယ်။ အဲ့ဒီရထားတွေမှာတော့ Toilettes နဲ့ စားသောက်ဆိုင် တွေပါ ပါတယ်။

ပဲရီမြို့ကလမ်းတွေ အထူးသဖြင့် လမ်းသေးလေးတွေမှာ ဗုံးတွေရှိပါတယ်။ ခွေးခြေး တွေကိုပြော တာပါ။ အထူးသဖြင့် လမ်းဘေးတွေ၊ သစ်ပင်ရင်းတွေမှာရှိတတ်ပါတယ်။ ချောင်ကျတဲ့ နေရာ တွေမှာ evening in Paris ဆိုတဲ့အတိုင်း ဆီးနံ့လှိုင်နေတတ်ပါတယ်။

အဲဒါတွေအပြင် ပါရီမြို့က tourist sites တွေပို့ပေးတဲ Paris Hop in -Hop out visit ကားတွေ လည်းရှိပါတယ်။ www.parislopentour.com မှာကြည့်လို့ရပါတယ်။ အဲ့ဒီ ကားတွေ ရပ်တဲ့နေရာတွေမှာ နာရီဝက်တစ်ခါကားထွက်ပါတယ်။ ပါရီမှာရှိတဲ့ ကြည့် စရာ နေရာတွေ မှာ ကြည့်ပြီး၊ ကားပြန်တက်စီးပြီး နောက်တစ်နေရာသွားလို့ရပါတယ်။ ကား လက်မှတ်ကို Hotel မှာလည်းဝယ်လို့ရပါတယ်။ ကားပေါ်မှာ လည်းဝယ်လို့ရပါတယ်။ ဈေးအတူတူပါပဲ။ internet ကလည်းဝယ်လို့ရပါတယ်။ နှစ်ရက်စာကို ၃၄ ယူရို ကျပါတယ်။

          ပါရီမြို့သိမ်မြစ်ထဲမှာ မော်တော်ဘုတ်နဲ့ မြစ်ရိုးတစ်လျောက် သွားတာလည်း ရှိပါတယ်။ Bateau Mouche လို့ခေါ်ပါတယ်။ အီဖေတာဝါ အောက်ဆိပ်ကမ်းကနေစီးလို့ရပါတယ်။ သိမ်း မြစ်တစ်လျှောက်  ရပ်တဲ့ဆိပ်ကမ်းတွေအများကြီးရှိပါတယ်။ နေသာတဲ့ ညနေ တွေမှာ စီးလို့ ကောင်းပါတယ်။ guide ရှင်းပြ တာကို ဘာသာစကားအမျိုးမျိုးနဲ့ နားထောင်လို့ရပါတယ်။ မြန်မာလိုတော့မပါဘူးပေါ့။

zone 2 လက်မှတ်
တစ်နေ့စာ ည ၁၂ နာရီထိ =  ၉.၇၅ ယူရို။
၂ ရက်စာ                    = ၁၅.၈၅ ယူရို။
၃ ရက်စာ                     = ၂၁.၆၀ ယူရို။
၅ ရက်စာ                     = ၃၁.၁၅ ယူရို။

ဆက်လက်ဖေါ်ပြပါအုံးမယ်။

Wednesday, May 16, 2012

လူ့ဗိုက်ကို ပိတ်စလို သဘောထားသူများ။

    အူအတက်ရောင်ရောဂါကို ကြားဖူးတဲ့သူ များပါတယ်။ ဒါပေမဲ့ အသေးစိတ် သိသူတော့ နည်းမယ်ထင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ဦးပိုင်က ရန်ကုန်ပြန်လည်စဉ် ဂျာနယ်ထဲမှာ အူအတက် ရောင်တဲ့ လူငယ်တစ်ယောက် ခွဲစိပ်ကုသရာက သေဆုံးသွားတဲ့အတွက် ဂျာနယ်မှာ မိသားစုနဲ့ ဆရာဝန်တို့ အပြန်အလှန်ရေးကြတာ ဖတ်ရလို့ ဒီဆောင်းပါးလေးကိုရေးဖို့ ဆုံးဖြတ်မိတာပါ။

    အူအတက်ရောင်တဲ့ ရောဂါဟာ ပျမ်းမျှအားဖြင့် လူတစ်ထောင်မှာ ၁.၄ ယောက်သာ ဖြစ်ပါ တယ်။ ၁၅-၂၄ နှစ်မှာ အများဆုံး ဖြစ်ပါတယ်။ (အချို့သော မြန်မာ ခွဲစိပ်ဆရာဝန်များက အူအတက် ရောင်ရင် သေနိုင်တယ်လို့ ချိန်းခြောက်ပြီး၊ ဗိုလ်ခွဲခ ပိုက်ဆံရအောင်၊ အူအတက် အကောင်း တွေကို ခွဲစိပ်ကြခြင်း၊ မှဲ့များ၊ အမျိုးသမီးတွေရဲ့သားအိမ်ကိုလည်း ခလေးမယူတော့ ဘူး ဆိုရင် ကင်ဆာဖြစ်နိုင်တယ်လို့ ချိန်းခြောက်ပြီး၊ လူ့ဗိုက်ကို ပိတ်စလို သဘောထားပြီး ခွဲ နေကြတယ်ဆိုတဲ့ အကြောင်းဝမ်းနည်း ဖွယ်ရာကြားသိရပါတယ်။

   အဲ့ဒီလို ခွဲတဲ့အတွက် မလိုအပ်ပဲ လူနာဟာ မေ့ဆေးရဲ့ အန္တရာယ် ကိုခံရပါတယ်။ မေ့ဆေးပေး ခံရတဲ့ သူတွေ မေ့ဆေးကြောင့် မလိုအပ်တဲ့ ဆိုးကျိုးတွေအပြင် အခန့်မသင့်ရင် သေနိုင်ပါတယ်။ ဒါကြောင့် ခွဲစိပ်ခံရမဲ့သူတိုင်းကို မခွဲခင်၊ ခွဲစိပ်ဖို့သဘောတူတယ်ဆိုတဲ့ အကြောင်း လက်မှတ်ထိုး ခိုင်းတာ ပါ)။ အခြားသော ရောဂါကြောင့် ဗိုက်ဖွင့်ရလို့ တလက်စထဲ အူအတက် အကောင်းကို ခွဲထုတ်တာ မျိုးကို မဆိုလိုပါဘူး။ ဒါတောင်မှ လူနာဟာ မေ့ဆေး အကြာကြီး အပေး ခံရလို့ ရှိနေတဲ့ ရောဂါ ပိုဆိုးနိုင်တယ်ဆိုရင် မလုပ်သင့်ပါဘူး)။

   လူနာကိုကုသတဲ့ အခါ မှာ လူနာရရှိမဲ့ အကျိုး (Benefits) နဲ့ ဆိုးကျိုး(side effects) တွေကို အမြဲ ချိန်ရပါတယ်။  အကျိုးများမဲ့ ကုသမှုကို သာ ပြုရပါတယ်။ လူနာရဲ့ အသက်ရှင်ရေး (life and death) အတွက် ဆိုရင်တော့ ဆိုးကျိုး (side effects) တွေရှိပေမယ့် ကုသရပါတယ်။ တလက်စထဲ ဆရာဝန်လုပ်နေသူတွေရော  ဆရာဝန်လုပ်စားဖို့ ရည်ရွယ်တဲ့သူတွေကော  သတိပေးချင်တာက သူဌေး ဖြစ်ချင်ရင် ဆရာဝန်အလုပ် မရွေးချယ်ပါနဲ့ ဆိုတာပါပဲ။ လူနာ အပေါ် စိတ်ကောင်းထားပြီး ဆရာဝန် လုပ်သူအနေနဲ့ သူဌေးမဖြစ်နိုင်ပါဘူး။ ဖြစ်အောင် လုပ်ရင်တော့ အ၀ီစိ ရောက်ဖို့ပဲ ရှိပါတယ်)။ သူဌေးဖြစ်ချင်ရင် စီးပွါးရေးလုပ်ပါလို့ အကြံပေး ချင်ပါတယ်။

    အူအတက်ရောင်ရောဂါဆိုတဲ့အတိုင်း အူအတက်ခေါ်တဲ့ အူမကြီးရဲ့ အတက်ကလေးလို ဖြစ် နေတဲ့ အူအသေးလေးရဲ့ အခေါင်းလေးပိတ်သွားပြီး၊ အူထဲကပိုးတွေကြောင့် အူရောင် လာခြင်း၊ အူနံရံပေါက်ခြင်းတို့ကြောင့်သေဆုံးတဲ့ အထိ ဖြစ်စေတဲ့ ရောဂါ ဖြစ်ပါတယ်။ အဲ့ဒီ အခြေအနေ အထိ မရောက်အောင် လိုအပ်တဲ့ အချိန်မှာခွဲစိပ်ကုသနိုင်အောင်လို့ ဆေးကျောင်းသားဘ၀မှာ အစဆုံး သင်ရတဲ့ ရောဂါ ဖြစ်ပါတယ်။ ဒီရောဂါဟာ ဆရာဝန် တစ်ယောက်အတွက် အလွန် အရေးကြီးတဲ့ ရောဂါဖြစ် တာကြောင့် ဒီရောဂါအကြောင်း ဂဃနဏ မသိတဲ့ ဆေးကျောင်းသား စာမေးပွဲ ကျပါတယ်။

အူအတက် ပိတ်စေတဲ့ အကြောင်းတွေကတော့ အူထဲမှာရှိတဲ့ သံကောင်များ၊ ဇီးစေ့ကဲ့သို့သောအစာအိမ်က မချက်နိုင်တဲ့ မာကျော်သောအစာများ၊ (ကျမငယ်ငယ်က မေမေက အူအတက် ရောင် ဖြစ်မှာစိုးလို့ ဇီးသီးစားရင် ဇီးစေ့ မျိုမချရဘူးတဲ့။ စပ်စုတဲ့ကျမက ဘာကြောင့်လဲလို့ မေးတဲ့ အခါ။ မေမေက အူအတက် ရောင်တာ ရှင်းပြလို့ နားလည်မှာ မထင်လို့။ ဗိုလ်ထဲမှာ ဇီးပင် ပေါက်မှာစိုးလို့ လို့ပြောခဲ့ပါတယ်။

    ဒါပေမဲ့ ဇီးသီးကြိုက်တဲ့ ကျမကတော့ အဲ့ဒီအချိန်က စပြီး ဇီးသီးစေ့တွေကို မျိုမျို ချပါတယ်။ ကျမတွေးတာက ဗိုလ်ထဲမှာ ဇီးပင်ပေါက်ရင် ပါးစပ်က ဇီးသီးတွေ အရံသင့် ခူးစားရုံပဲဆိုပြီး မျိုချခဲ့တာပါ။ ခလေးအတွေးနဲ့ လူကြီးအတွေး မတူတာ တခါတရံ ဆန့်ကျင်ဘက်ဖြစ်တတ်တာကို သတိထားပြီး ခလေးတွေ နားလည်အောင် အမှန် အတိုင်းရှင်းပြသင့်ပါတယ်။ ကံကောင်းထောက်မစွာ ကျမ အူအတက်ရောင်ရောဂါ မရခဲ့ပါဘူး)။

မွေးရာပါ အချို့လူတွေရဲ့ အူအတက်က အူမကြီးနောက်မှာ ခေါက်နေတာမျိုး၊ အူအတက် အခေါင်းက သာမန်ထက် ပိုသေးတာမျိုး၊ ၀မ်းချုပ်တက် သူများမှာ မာကျော်သော ဆမြင်းတုံး များကြောင့် အူအတက်ပိတ်တာမျိုး ဖြစ်တတ်ပါတယ်။

အူအတက်ရောင်ရောဂါလက္ခဏာများ။
     သေချာတဲ့ လက္ခဏာ (Typical symptoms ) တွေကတော့ ရုပ်တရက် ညာဘက်ဗိုလ် အောက်ပိုင်း နာခြင်း၊ လေမလည်ခြင်း၊ အဖျား အနည်း ငယ်ရှိခြင်း၊ ပျို့အံ့ခြင်း။ ဗိုက်အနားက ကိုင်လျှင် ပိုနာခြင်း၊ (လေနာက ဗိုလ်ကိုဖိရင်သက်သာပါတယ်) တို့ဖြစ်ပါတယ်။ ဒါပေမဲ့ များသောအားဖြင့် Typical symptoms တွေ မပြတတ်ပါဘူး။ ကျမ မေမေ အသက် ၆၀လောက်က အူအတက်ရောင်ပါတယ်။ မနက်ကအကောင်း ကျမ အလုပ်သွားနေစဉ် နေ့ခင်းလောက်မှ ဗိုလ်ကနာလာလို့ အိမ်နားကဆေးခန်းသွားပြတော့ ရိုးရိုးလေနာတာထင်ပြီး အနာ သက်သာဆေး ထိုးပေးလိုက်ပါတယ်။ ကျမညနေ အိမ်ပြန်ရောက်လို့ စမ်းကြည့်လိုက်တော့ အူအတက်ရောင်မှန်းသိလိုက်ပါတယ်။ ဒါနဲ့ ချက်ချင်း ခွဲစိပ်ဆရာဝန် ဆီခေါ်သွားပါတယ်။

   ခွဲစိပ်ဆရာဝန် စမ်းကြည့်တော့လည်း အူအတက်ရောင်တယ်ဆိုတာ ထောက်ခံပါတယ်။ ဒါပေမဲ့ အူအတက် ရောင်တာ တော်တော် ကြာသွားတဲ့ အတွက် အူအတက်ရဲ့ နံရံကိုဖေါက်သွားပြီး ဆိုတဲ့ လက္ခဏာ(အူအတက်ကို အလုံးအနေနဲ့ စမ်းမိခြင်း) ကိုတွေ့ရတဲ့ အတွက် ကိုယ်ခန္ဓာက
သူ့ဘာသာ ကုသနေပြီး။ ခွဲစိပ်ဖို့ မသင့်ဘူး။ အရောင်သက်သာအောင်နဲ့ ပိုးတွေ မပွါးရအောင် ပိုးသတ်ဆေးပေးခြင်း၊ အူထဲကိုအစာတွေ မရောက်အောင် အစား မစားစေခြင်းနဲ့ လူနာရဲ့ အခြေအနေကို ဂရုစိုက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

    အဲ့ဒီလိုကုသခဲ့တဲ့ အတွက် မေမေ အသက် ချမ်းသာရာ ရခဲ့ပါတယ်။ တကယ်လို့ အလုံးမစမ်းမိပဲ ခွဲစိပ်မိတယ်ဆိုရင်တောင် အူအတက်ကို မထိမကိုင်ပဲ ဗိုက်ပြန်ပိတ်ရမှာပါ။ Masterly inactivity (ကိုယ့်လက်ကို ချုပ်ထိမ်းပြီး ဗိုက်ပြန်ပိတ်ပါ ဆိုတဲ့ အကြောင်းကို သေသေချာချာ သင်ခဲ့ရပါတယ်)။ ဒါကြောင့် အူအတက်ရောင်တိုင်း ခွဲရမှာမဟုတ်ပါဘူး။ ခွဲသင့်တဲ့အချိန်မှ ခွဲရမှာပါ။ ယခုအခါ ဗိုလ် CT scan နဲ့ အူအတက်ရောင်ခြင်း (appendicitis)ကို ၉၅% အထိ (sensitivity & specificity) တိကျစွာ တွေ့နိုင်တဲ့ အတွက် ပြင်သစ်ကဲ့သို့သော တိုးတက် သည့်နိုင်ငံများတွင် ခွဲစိပ် ကုသ ခြင်းထက် ပိုးသတ်ဆေး များဖြင့် ကုသခြင်းဖြင့်သာ ကုသကြတဲ့ အတွက် ခွဲစိပ်ကုသမှု ၇၀% အထိ လျော့ကျ သွား တယ် လို့ဆိုပါတယ်။

ဆရာဝန်များ စောင့်ထိမ်းရမည့်ကျင့်ဝတ်များ ( medical ethics) ကိုစောင့်ထိမ်းနိုင်ကြပါစေ။

ကျမ်းကိုး
၁။ http://www.ncbi.nlm.nih.gov/]http://www.ncbi.nlm.nih.gov/
၂။ ပြင်သစ် television channel 2 နံနက်ပိုင်းသတင်း။Tele matin/ sante/

Friday, May 11, 2012

လူတော်၊ လူဆိုး။


NT1  မှ ၂၀၁၂ ခုနှစ် မတ်လ ၂၇ ရက် မှာတင်ဆက်ခဲ့တဲ့ impossibles  investigation series မှ ဇတ်လမ်းအားသင့်လျော်အောင် ဘာသာပြန်ပါတယ်။

          လူဦးရေ တစ်သန်းခွဲရှိသော အမေရိကန်နိုင်ငံ Richland က ဆရာဝန် John Boyd ဟာ အလွန် နံမည်ကြီးပြီး အလွန်အောင်မြင်သောဆရာဝန်ဖြစ်ပါတယ်။ ၎င်းမှာ အနှစ် ၂၀ ကျော်ပေါင်းသင်းခဲ့ သည့် ဇနီး Noreen ၊ ၁၂ နှစ်အရွယ်သားနှင့် ၃ နှစ်အရွယ် မွေးစားသမီး တို့ဖြင့် ပျော်ရွှင်စွာနေထိုင်ကြပါတယ်။ ဒါပေမဲ့ John Boyd ဟာ ဇနီးအပေါ်သစ္စာမရှိပဲ အမျိုးသမီး များနှင့် ရှုပ်ထွေးသူဖြစ်ပါတယ်။ ဇနီး Noreen က မသိချင်ရောင် ဆောင်နေခဲ့ ပါ တယ်။
         
တစ်နေ့မှာ သားဖြစ်သူ Collier ကဖခင်ဖြစ်သူ အမျိုးသမီးတစ်ဦးနှင့် ဖက်နမ်း နေသည် ကိုတွေ့ရ ကြောင်းပြောလာပါတယ်။ Noreen အနေဖြင့် သားဖြစ်သူ အရွယ်ရလာပြီဖြစ် သဖြင့် မသိဟန်ဆောင်၍ မဖြစ်တော့ ကွာရှင်းမှဖြစ်တော့မည်ဟု ဆုံးဖြတ်လိုက်ပါတယ်။

          ၁၉၉၀ ခုနှစ် ဂျန်န၀ါရီ တစ်ရက်တွင် Noreen နှင့်သူငယ်ချင်းတို့ ချိန်းဆိုထားသော် လည်း Noreen ရောက်မလာခဲ့ပါ။ Noreen ပျောက်ဆုံးမှုကိုတိုင်းကြားရာ John Boyd က ဒီဇင်ဘာ ၃၁ ရက် ညက ၎င်းနှင့် Noreen တို့စကားများကြပြီ Noreen အိမ်မှထွက်သွားတယ် လို့ပြောပါတယ်။

          သူငယ်ချင်းများအတွက် ခလေးများထားပြီး Noreen ဘယ်မှသွားလိမ္မည် မဟုတ်ဟု ယုံကြည် ပါတယ်။

John Boyd ရဲ့ အိမ်နီးချင်းများက ၎င်းတို့ ဒီဇင်ဘာ ၃၁ ရက်ညသန်ခေါင်းမှ မနက် ၄ နာရီ အထိ မအိပ်ကြကြောင်း John Boyd အိမ်မှ မည်သူမှထွက်သွားသည်ကို မမြင်ကြောင်း ပြောဆို ပါတယ်။

          Collier အားစစ်ဆေးရာ ဒီဇင်ဘာ ၃၁ ရက်ညက မိဘနှစ်ပါး ရန်ဖြစ်နေသံ ကြားရ ကြောင်း၊ မနက်တွင် အမေကို မတွေ့တော့ကြောင်း၊ ဖခင်ဖြစ်သူက ခရီးထွက်သွားတယ်လို့ ပြောခဲ့ကြောင်း ပြော ဆိုပါတယ်။ John Boyd ၏မိခင် (John Boyd ကမိခင်ဖြစ်သူအား ဒီဇင်ဘာ ၃၁ ရက်ညပွဲ ဆင်နွှဲရန် အိမ်သို့ ဒီဇင်ဘာ ၃၁ ရက်ကခေါ်လာခဲ့ပါတယ်) အား စစ်ဆေးရာ ဘာသံမှ မကြားမိကြောင်း ထွက်ဆိုပါတယ်။

          Noreen ပျောက်ဆုံးမှုအတွက် ဘာမှ တိတိကျကျ မသိရပါ။ ပြန်ပေးဆွဲခံရသလား၊ ငွေတောင်းသံ   လည်းမကြားရ၊ အသတ်ခံရသလား၊ တစ်မြို့တစ်ရွာတွင် ကိုယ်ရောင်ဖျောက် သွားသလား၊ တိတ်တဆိတ် ကွာရှင်းဖို့စီစဉ်နေသလား စသည့် အဖြေ မရှိသော မေးခွန်း ပေါင်းများစွာသာ ထွက်နေပါတယ်။

          စုံထောက်များ Collier ၏ကျောင်းသို့သွား၍ ၎င်းဖခင်ဘက်မှအဖွါး၏နောက်ကွယ်တွင် ထပ်မံ စစ်ဆေးရာ Collier က ဒီဇင်ဘာ ၃၁ ရက်ညက တစ်ခုခုကိုရိုက်လိုက်သကဲ့သို့သော ကျယ်လောင်သော အသံကြောင့် လန့်နိုးလာကြောင်း၊ မကြာခင် ဖခင်ဖြစ်သူ မိမိအိပ်ခန်းအား ဖွင့်ပြီး မိမိအား အကြာကြီး ကြည့်နေခဲ့ကြောင်း၊ မိမိက အိပ်ချင်ရောင် ဆောင်နေခဲ့ကြောင်း ထွက်ဆိုပါတယ်။ မိခင်ပျောက်သွားပြီး ၃ ရက်ခန့် အကြာတွင် ဖခင်ဖြစ်သူ လက်တွင်ပွန်းပဲ့ သည့် ဒါဏ်ရာများနှင့် လက်အိပ်ဝတ်လျှက် အိမ်သို့ ပြန်လာခဲ့ တယ်လို့လဲ ထွက်ဆိုပါတယ်။ ၎င်းအပြင် ဖခင်က အမျိုးသမီးတစ်ဦးနှင့်မိတ်ဆက်ပေးကြောင်း၊ ထိုအမျိုးသမီးလက်တွင် မိခင် ၏လက်စွပ် ၀တ်ထားတာတွေ့ကြောင်း ပြောဆိုပါတယ်။

စုံထောက်များ ဆရာဝန် John Boyd အားစောင့်ကြည့်ရာ John Boyd ဟာ ၎င်းအိမ် နှင့် နာရီခန့် ကားနှင့်သွားရသောမြို့တွင် Noreen မပျောက်ဆုံးခင် ရက်သတ္တပတ် တစ်ပတ် က ၂၉၉.၉၀၀ ဒေါ်လာနှင့် အိမ်တစ်အိမ်ဝယ်ခဲ့ပါတယ်။ အိမ်ဈေးကိုလုံးဝ မဆစ်ပဲ ၎င်းအိမ်ကို ဂျန်န၀ါရီလ တစ်ရက်မတိုင်ခင် လူရှင်း ပေးရမည်ဆိုသော အချက်နှင့် အိမ်အောက် ထပ်တွင် ၎င်း၏ခလေးများအတွက် basket ball ကစားရန် ကြိုတင် ပြင်ဆင်ခွင့်ပဲဖြစ်ပါတယ်။

          John Boyd ဟာ Noreen မပျောက်ဆုံးခင် ၃ရက်ခန့်က အိမ်ဆောက်ပစ္စည်းများ ငှါးရမ်းသည့် ဆိုင်မှ တူအကြီးတစ်ခုနှင့် မြေတူးသည့်စက်တစ်ခု ငှါးရမ်းခဲ့ပါတယ်။ ကော်ဇော် တစ်လိပ်ကိုလည်း ၀ယ် ယူခဲ့ပါတယ်။

John Boyd ဟာ အိမ်ဝယ်စဉ်က ကိုယ်ဝန်ဆောင် လှပသော အမျိုးသမီးငယ် တစ်ယောက်နှင့် အတူတူဝယ်ခဲ့ပါတယ်။ ထိုအမျိုးသမီးငယ်မှာ ၎င်း၏မယားငယ် သူနာပြု ဆရာမ ဖြစ်ပြီး၊ John Boyd ၏ခလေးအား လွယ်ထားခြင်းဖြစ်ပါတယ်။

          John Boyd ဟာ Noreen ပျောက်ဆုံးပြီးနောက် နေ့စဉ်လိုလို အိမ်သစ်သို့သွားလေ့ရှိ ပါတယ်။ စုံထောက်များ John Boyd အိမ်သစ်အား သွားရောက်စစ်ဆေးရာ အိမ်အောက် တွင် ကော်ဇော်သစ် ခင်းထားပါတယ်။ ဒါပေမဲ့ ကော်ဇော်သစ်ဟာ နံရံနှင့် ၂ လက်မ လောက်ကွာနေ ပါတယ်။ နံရံမှာလည်း လတ်လတ်ဆပ်ဆပ် အင်္ဂတေဖြစ်နေသဖြင့် ကော်ဇော်သစ်အား ခွါပြီး တူးကြည့်ရာ ပုပ်ပွနေသော ပလပ်စတစ်နှင့် ထုပ်ထားသော အမျိုးသမီးအလောင်းကိုတွေ့ကြ ပါတယ်။ အလောင်းတွင် အဖိုးတန် လက်ပတ်နာရီ ပတ်ထားပြီး နာရီရဲ့နောက်မှာ NB (Noreen Boyd) ဟုရေးထိုးထားပါတယ်။

          အလောင်းဆေးစစ်ချက်က ခေါင်းတွင်ရိုက်ထားသောဒါဏ်ရာရှိပြီး သတိမေ့စဉ် ခေါင်းကို ပလပ်စတစ်အိပ်နှင့်စွပ်ထားခြင်းကြောင့် အသက်ရှုမရပဲသေဆုံးခဲ့တယ်လို့ဆိုပါတယ်။
Noreen ၀တ်ထားသော လက်ထပ်လက်စွပ်မှာပျောက်ဆုံးနေပါတယ်။

Noreen ၏ သမရိုးကျ DNA များ သိမ်းထားတာမရှိတဲ့အတွက် အလောင်းမှ Mitochondrial တွင်ရှိသော DNA (Mitochondrial DNA) နှင့် Noreen ညီမ၏ Mitochondrial DNA နှင့်တိုက်ကြည့်ရာ တူနေပါတယ်။ Mitochondrial DNA ဟာမိခင်မှ သမီးများထံ ပေးသော အမွေဖြစ်ပါ တယ်။ ဒါကြောင့် မိခင်၊သမီးများ၊ ညီအမ များရှိ Mitochondrial DNA များအားလုံးတူညီပါတယ်။

Noreen ရဲ့အလောင်းကိုသယ် ရာတွင်အသုံးပြုနိုင်သည့် ဆရာဝန်ရဲ့ကား အားလုံးကို စစ်ဆေးရာ ဘာသဲလွန်စမှ မတွေ့ရပါဘူး။ အိမ်သစ်၏ ပတ်ဝန်ကျင်ကိုစစ်ဆေးရာ အိမ်သစ် အနီးရှိ မြေကွက်လပ်တွင် အသစ်ပုံထားသော အုတ်ကြိုးအုတ်ပဲ့များတွေ့ရပါတယ်။

အုတ်ကြိုးအုတ်ပဲ့များ၊ ဆရာဝန်အိမ်အောက်ထပ်ထူးရာက ထွက်လာသော အုတ်ကြိုးများ ဟုတ်မဟုတ် သိရှိရန် အုတ်ကြိုးများနှင့် အိမ်သစ် အောက်ထပ်မှ အုတ်ကြိုး များအား အိမ်အဆောက်အဦးပစ္စည်း ကျွမ်းကျင်သူ ထံပို့ ပြီးစစ်ဆေးစေပါသည်။

အုတ်ကြိုးများတွင်ပါဝင်သော ပစ္စည်းများ၊ ပစ္စည်းများ၏ပါဝင်မှု ရာခိုင်နှုန်း၊ မှန်ဘီးလူး အောက်တွင်တွေ့ရသော အုတ်ကြိုးတို့၏ဖွဲစီးပုံ၊ ပုံသဏ္ဍန်များ၊ တူညီ နေသဖြင့် အိမ်သစ်မှ ထူးထုတ်ထားသော အုတ်ကြိုးများဖြစ်ကြောင်း သက်သေခံနေပါတယ်။

အုတ်ကြိုးများ ပုံထားသောမြေကွက်လပ်မှာ မယားငယ်၏ ဦးလေး ပိုင်ဆိုင်သော မြေကွယ် ဖြစ်ပါတယ်။ သက်သေခိုင်လုံသဖြင့် ဆရာဝန်အား ကြိုတင်ကြံစည်သည့် လူသတ်မှု ဖြင့် တစ်သက်တစ်ကျွန်း ချလိုက်ပါတယ်။

Wednesday, May 9, 2012

Internet အန္တရာယ်။



NT 1 မှ ဧပြီ၂၀ ရက်တွင်ထုတ်လွှင့်သော impossible investigation series မှ ဇတ်လမ်း ကို သင့်လျောအောင်ဘာသာပြန်ပါသည်။

၂၀၀၃ ခု ညတစ်ညမှာ မီးလောင်းမှုဖြစ်ကြောင်း မီးသတ်ဌာနသို့ ယောက်ျားတစ်ယောက်ဖုန်းဆက် လာပါတယ်။ မီးသတ်အဖွဲ့များအမြန်လွှတ်လိုက်ပါမည်ဟုပြန်လည် ပြောစဉ် ဖုန်း ပြတ် သွားပါတယ်။

မီးသတ်အဖွဲ့ မီးလောင်ရာသို့ရောက်သောအခါ မီးလောင်နေသောအိမ်တွင် အလောင်း နှစ်လောင်းနှင့် အိမ်ရှေ့ကားထဲတွင်အလောင်းတစ်လောင်းတွေ့ပါတယ်။ သုံးလောင်းစလုံး  သေနတ် ဒါဏ်ရာဖြင့်သေဆုံးနေကြပါတယ်။ သေနတ်အမျိုးအစားမှာလည်း တစ်မျိုးတည်း
Revolver 22 ဖြစ်ပါတယ်။

ကားထဲရှိအလောင်းမှာ Driver ခုံတွင်ထိုင်လျက် ဘယ်ဘက်နားထင်တွင် သေနတ်ဒါဏ်ရာ တစ်ချက်ဖြင့်သေဆုံးနေပါတယ်။ ၎င်းမှာ အသက် ၂၄ နှစ်ရှိ Taxi မောင်းသမား Kennth Maxwell ဖြစ်ပါ တယ်။

အိမ်ထဲမှ အလောင်းနှစ်လောင်းအနက် တစ်လောင်းမှာအသက် ၅၁ နှစ်ရှိ Fred ဖြစ်ပြီး၊ ညအိပ် အင်္ကျီးများ ၀တ်ထားပြီး၊ ထမင်းစားခန်းထဲတွင်ရှိနေပါတယ်။ နောက်စေ့တွင် သေနတ်ဒါဏ်ရာ တစ်ခု ရှိနေပါ တယ်။ ၎င်းဘေးတွင် sandwich တစ်ခုလည်းကျနေပါတယ်။ အမျိုးသမီးအင်္ကျီး နဲ့ မျက်မှန်တလက်လည်းရှိနေပါတယ်။

ကျန်တစ်လောင်းမှာ အသက် ၄၂ နှစ်ရှိ Rebecca ဆိုသူအမျိုးသမီး အလောင်းဖြစ်ပြီး သေနတ် ဒါဏ်ရာ များစွာ ခေါင်းတွင်ရှိနေပြီး ၀တ်လစ်စလစ်နှင့်ဖြစ်ပါတယ်။ သေနတ်သံ မကြားရန် ခေါင်းအုံးခံပြီး ပစ်ခဲ့ခြင်းဖြစ်ပါတယ်။ Rebecca အလောင်းကိုမူ အိပ်ခန်းထဲမှာ တွေ့ရတာဖြစ် ပါတယ်။ ထမင်းစားခန်းထဲရှိ အမျိုးသမီးအင်္ကျီး နဲ့ မျက်မှန်တလက်မှာ Rebecca ရဲ့  အင်္ကျီး နဲ့ မျက်မှန် ဖြစ် ပါတယ်။

Rebecca နှင့် Fred တို့လွန်ခဲ့သော ၆ နှစ်က အကြင်လင်မယား အဖြစ်ပေါင်းသင်းကြပြီး၊ ယခုအခါ နှစ်ဦးသဘောတူ ကွာရှင်းရန် စောင့် နေစဉ် သူငယ်ချင်း အဖြစ် အတူနေထိုင် လျက်ရှိပါတယ်။

အိမ်တံခါးဖျက်စီးထားတာ မတွေ့တဲ့ အတွက် တရားခံဟာ ၎င်းတို့နှင့်သိသူဖြစ်ရ ပါမယ်။

မီးသတ်သမားများ မီးကိုငြိမ်းသတ်ပြီးနောက် အခန်းအားစစ်ဆေးရာ Rebecca ၏ပိုက်ဆံအိပ်၊
credit card များ၊ TV စသည်တို့ လက်ရာမပျက်ရှိနေသဖြင့် ဓါးပြတိုက်မှု မဟုတ်ဟု တွက်နိုင် ပါတယ်။ သို့ရာတွင် Rebecca ၏ computer မှာမူ ပျောက်ဆုံးနေပါသည်။ computer ထားရာ နေရာလွတ်ကိုသာတွေ့ ရပါတယ်။ မီးလောင်ရခြင်းအကြောင်းမှာလည်း မတော်တဆမှု မဟုတ် ဘဲ Gaz မီးဖိုကြိုးအားတမင်ဖြတ်တောက်ပြီး မီးရှို့ထားခြင်းဖြစ်ပါတယ်။ မီးသတ်သမားများ အချိန်မှီ ရောက်လာသဖြင့် အလောင်းနှင့် ခြေရာလက်ရာများကျန်နေခြင်းဖြစ်ပါတယ်။ Rebecca အလောင်းအားစစ်ဆေးရာ မတရားအကျင့်ခံထားရကြောင်း တွေ့ရပါတယ်။ လူသတ်တရာခံ၏ DNA ကို Rebecca ၏ မိန်းမကိုယ်မှရှာဖွေရာ၊ မီးရပ်လာနေစဉ်ဖြစ်သဖြင့်
Rebecca ၏ DNA တွေသာအများအပြားတွေ့ရပါတယ်။ Rebecca ၏လည်ပင်းတွင် တံတွေး အချို့တွေ့ရသဖြင့် ၎င်းမှ DNA ရှာရာ အနည်းငယ်သာ ရရှိပါတယ်။

အခင်းဖြစ်သည့်ညက Fred နှင့် Rebecca တို့အိမ်နှင့် ၅ မီတာသာဝေးသော Renne ဘားသို့ ရောက်လာတာကို ဘားမင်းက သတိထားမိပါတယ်။ Fred နှင့် Rebecca အပြင် တစ်စိမ်း
ယောက်ျားတစ်ယောက်လဲ ပါ ပါတယ်။ အဲ့ဒီလူဟာ အရပ်တော်တော်မြင့်ပါတယ်။ Rebecca
က internet မှာတွေ့တဲ့ ငါ့ရဲ့ cowboy လို့မိတ်ဆက်ပေးခဲ့တယ်လို့ပြောပါတယ်။ ၎င်းတို့ သုံးဦး
Renne ဘား နံနက် ၂ နာရီ ပိတ်ချိန်မှာ အတူတကွ ပြန်သွားကြပါတယ်။ Taxi သမား မီးသတ်ထံ ခေါ်သည့်အချိန်မှာ နံနက် ၃နာရီခွဲဖြစ်ပါတယ်။

cowboy နဲ့ ပတ်သက်၍ ဘာသတင်းမှ မရှိပါ၊ နံမည်ရင်း၊ လိပ်စာ၊ တယ်လီဖုန်းနံပတ် စသည်
ဘာမှမရှိပါ။

Rebecca အိမ်တွင် cowboy နဲ့ email ဆက်သွယ်ထားသောစာများနှင့် ဓါတ်ပုံများ print
လုပ်ထားသည်ကိုတွေ့ရပါတယ်။ cowboy ရဲ့ဓါတ်ပုံမှာ နေကာမျက်မှန်တပ်ထားသဖြင့် လူပုံ မဖေါ်နိုင်ပါ။ email လိပ်စာမှ လိပ်စာရှင်ကိုရှာဖွေရန်အတွက် စုံထောက်များ internet experts များ ရှိရာ cyber web သို့သွားရောက်စုံစမ်းပါတယ်။ cyber web မှာ ၂၀၀၁ မှစ၍ FBI, CIC, NASA တို့နှင့် ဆက်သွယ်ပြီး internet information များစုဝေးရာဌာနဖြစ်ပါသည်။ ၎င်းဌာနမှ Rebecca နှင့် ဆက်သွယ်ခဲ့သော cowboy ရဲ့ လိပ်စာကိုရရှိပါတယ်။ cowboy အိမ်သို့ လိုက် သွာရာ ၎င်းသည် တစ်ခုလပ်၊ ခလေးနှစ်ယောက်အဖေ  computer ကျောင်းသားဖြစ်ပြီး ၎င်း၏ မိခင်အိမ်တွင် နေထိုင်လျက်ရှိပါတယ်။ ၎င်း၏ computer တွင်ရှာဖွေရာ အမျိုးသမီး တော် တော် များများနှင့် email ဆက်သွယ်ထားသော စာများကိုတွေ့ရပါတယ်။ Rebecca နှင့် ဆက်သွယ်ထားသော စာများကိုမူ ဖျက်ထားပါတယ်။ Rebecca မသေခင်က ၎င်းနဲ့ email ပေါင်း ၇၈ ခု အပြန်အလှန် ရေးခဲ့ကြကြောင်းကို server တွင်တွေ့ရှိရ ပါတယ်။ နောက်ဆုံး email တွင် Rebecca ကသူရဲ့ telephone number  ပေးထားတာ တွေ့ရပါတယ်။ Rebecca သေဆုံးပြီးနောက် Rebecca ရဲ့အမှုဖြစ်စဉ်ကို internet မှကြည့် ရှုထား တာကိုလည်း တွေ့ရ ပါတယ်။ အိမ်တွင် သွေးစွန်း သော T shirt တစ်ထည်လည်း တွေ့ရပါတယ်။ T shirt ကို လျော်ထား ပေမဲ့ သွေးစွန်းကွက်ကျန်နေသေးတဲ့ အတွက် အဲ့ဒီက DNA ရလိုရငြား နမူနာ ယူခဲ့ပါတယ်။ DNA စစ်ချက်အရ Rebecca ရဲ့ DNA ဖြစ်နေပါတယ်။

Rebecca ရဲ့မိန်းမကိုယ်မှ DNA များကို ယောက်ျားနှင့် မိန်းမ DNA များအဖြစ် ခွဲ ထုတ်ပြီးမှ အနည်းငယ်ရရှိ သော ယောက်ျား DNA များကို အဆပွါးသောအခါမှ cowboy ရဲ့ DNA ကိုတွေ့ရှိပါတယ်။

အဲ့ဒီအချိန်မှာ လမ်းစည်းကမ်းဖေါက်ဖျက်မှုကြောင့် cowboy ရဲ့ကားကို ယဉ်ဖမ်းပုလိပ်မှ ဖမ်းဆီးထားပါတယ်။ ကားထဲမှာ အသက်ငယ်ငယ် အမျိုးသမီးတစ်ယောက်လည်းပါ ပါတယ်။ ကားထဲမှာ ပစ္စည်းများ ရှုပ်ပွနေပါတယ်။ ကြည့်ရသည်မှာ cowboy ကားထဲတွင်ပင် နေထိုင် နေသည့် သဘောဖြစ်ပါတယ်။ ယင်း အမျိုးသမီးငယ်နှင့်လည်း internet မှတဆင့် သိကြ တာ ဖြစ်ပါတယ်။

စုံထောက်များ ယူဆချက်မှာ cowboy သည် Rebecca နှင့်ဆက်ဆံရန်လာခဲ့ရာ Rebecca က cowboy ၏အခြေအနေကိုသိသွားသဖြင့် လက်မခံခဲ့ပုံရကြောင်း၊ Fred ရှိနေ၍ ဘာမှ လုပ် မရဖြစ်နေသဖြင့် ကားထဲသို့ပြန်သွားပြီး သေနတ်ယူခဲ့ကြောင်း၊ ထိုအချိန်တွင် Fred က cowboy ပြန်သွားပြီ အထင်နှင့် sandwich လုပ်နေစဉ် အနောက်မှ သေနတ်ဖြင့် အသတ်ခဲ့ ပြီးနောက်  Rebecca အားမတရားကျင့်၊သတ်ပြီး လက်စဖြောက်ရန် အိမ်ကို  မီးရှို့၊ computer ယူပြီးထွက်လာစဉ်၊ taxi သမားက မီးသတ်ကိုဖုန်းဆက်နေတာတွေ့၍ taxi သမားပါသတ်ခဲ့ တာ ဖြစ်ပါတယ်။

ဒီအမှုမှာ DNA technology, DNA  ကိုပွါးများနိုင်သော PCR technology,  computer websites များ၏ အကူအညီဖြင့် တရားခံကိုဖေါ်ထုတ်နိုင် တာဖြစ်ပါတယ်။

ဒီဇတ်လမ်းရေးနေစဉ် လွန်ခဲ့သောနှစ် ၂၀ ကျော် computer များပေါ်ကာစက ဂျပန်နိုင်ငံ
တွင် လူအောင်သွယ်များ ဆန္ဒပြခဲ့တာကိုအမှတ်ရမိပါတယ်။ ဂျပန်နိုင်ငံမှာ လူအောင်သွယ်များ
မှတစ်ဆင့် အိမ်ထောင်ဖက်ရှာလေ့ရှိပါတယ်။ အိမ်ထောင်ပြုဖြစ်ပါက အောင်သွယ်ကို ကီမိုနို တစ်စုံ ပေးရပါတယ်။ (မြန်မာပြည်တွင် ခေါ်သော ကီမိုနိုမှာ တကယ့် ကီမိုနိုမဟုတ်ပါ။ ဂျပန် အိပ်ရာခင်းများကို ကီမိုနိုဟုခေါ်ကြခြင်းဖြစ်ပါတယ်)။

computer များပေါ်လာသောအခါ လူအောင်သွယ် မသုံးတော့ဘဲ computer များမှတစ်ဆင့် ဖူးစားရှင်ရှာကြသဖြင့် လူအောင် သွယ်များက လူတွေရဲ့ အိမ်ထောင်ရေးကို စက်တွေက စီမံနေတာ အဓိပ္ပါယ် မရှိဟုပြောခဲ့ကြ ပါတယ်။

နှစ်မကြာခင် ဂျပန်များ လူအောင်သွယ်များဆီသို့ ပြန်လှည့်ကုန်ကြသည်ဟု ကြားရ ပါတယ်။ ဘာကြောင့်လည်း ? computer ထဲ data ထဲ့တဲ့အခါ မိမိရဲ့ကောင်းတဲ့ အချက်တွေသာ ထဲ့ကြပြီး မကောင်းတဲ့ အကျင့်တွေမထဲ့ကြတဲ့အတွက် computer ကမှန်မမှန် check မလုပ်နိုင်ပဲ သူ့ထဲမှာထဲ့ထားသော data အတိုင်း match လုပ်ပေးတဲ့အတွက် အိမ်ထောင်ပြုပြီး မှ မကောင်းတဲ့ အချက်တွေ၊အကျင့်တွေ တွေ့ကြရတဲ့အတွက်ဖြစ်ပါတယ်။

computer နဲ့ internet တွေဟာ အလွန်အသုံးဝင်တဲ့ သိပ္ပံပညာရဲ့ တီထွင်မှုတွေဖြစ်ပါတယ်။
ဒါပေမဲ့ မီးတို့၊လျှပ်စစ်တွေလိုပါပဲ သုံးတဲ့သူပေါ်မူတည်ပြီး၊ကောင်းကျိုး၊ဆိုးကျိုးရမှာဖြစ်ပါတယ်။

မိမိအတွက်ရော်၊ တစ်ပါးအတွက်ပါကောင်းကျိုးဆောင်နိုင်ကြပါစေ။

Sunday, May 6, 2012

မီးရှို့ကစားသူ။

NT1  မှ ၂၀၁၂ ခုနှစ် မေလ ၃ ရက် မှာတင်ဆက်ခဲ့တဲ့ impossibles  investigation series မှ ဇတ်လမ်းအားသင့်လျော်အောင် ဘာသာပြန်ပါတယ်။

          အမေရိကန်နိုင်ငံ Seatle မှာ ၁၉၉၂ ခုနှစ်က ဘုရားကျောင်းအပါအ၀င် မီးလောင်မှု ၃ ခုတစ်ပြိုင်တည်း ၃ နေရာ၌ လောင်ခဲ့ပါတယ်။ ၃ ထပ်ရှိသော church  တစ်ခုလုံး လောင်သွား တဲ့ အတွက် တနင်္ဂနွေနေ့ ဘုရားဝတ်ပြုပွဲကို ကားဂိုထောင်တွင်ကျင်းပခဲ့ရပါတယ်။

၈ ပတ် အတွင်း မီးလောင်မှု ၉ ခုဖြစ်ခဲ့ပြီး၊ church  ၆ခု မီးထဲပါသွားခဲ့ပါတယ်။ တစ်ခုသောည မီးလောင်မှုတွင် အမျိုးသမီးနှစ်ဦးနေသောအဆောက်အဦးမီးလောင်ရာ၊ကံကောင်းထောက်မ စွာ အချိန်မှီနိုးလာသဖြင့် နောက်ဖေးပေါက်မှ ထွက်ပြေးလွတ်မြောက်ခဲ့ကြပါတယ်။ အောက်တိုဘာလမှ ဂျင်န၀ါရီလ အထိ ညစဉ်လိုလို မီးလောင်မှုဖြစ်ပွါးနေသဖြင့် မြို့လူထုများ
 ညပတ်တရောင်လှည့်ရန် အဖွဲ့ ၉ဖွဲ့ ဖွဲ့ထားပါတယ်။ ပုလိပ်နဲ့မီးသတ်တပ်ဖွဲ့မှလည်း မြို့နယ် အတွင်း ညစဉ်လှည့်လည် စစ်ဆေးရာစုစုပေါင်း အဖွဲ့ ၁၅ ခုရှိပါတယ်။ သို့ရာတွင် ၂ လအတွင်း ၂၁ မီးလောင်ခဲ့ပါတယ်။ မီးလောင်မှုများတွင် လက်ဗွေရာလည်းမရှိ၊ လောင်စာအဖြစ်သုံးသော
ဓါတုပစ္စည်းများလည်းမတွေ့ရပဲ ဖြစ်နေပါတယ်။ ၂၁ ခုမြောက်သောမီးလောင်မှုတွင်မူ အိမ် ပြူတင်းပေါက်မှန် တွင်လက်ဗွေရာ ၂ခုတွေ့ရပါတယ်။ သို့ရာတွင် ၎င်းလက်ဗွေမှာ ပုလိပ်ဌာနရှိ မည်သည့်ရာဇ၀တ်သား၏လက်ဗွေရာနှင့်မှမတူပါ။ ထိုကြောင့်တရားခံသည် လူဆိုးစာရင်း မ၀င် သေးသောသူဖြစ်ပါတယ်။ မီးကတော့ ဆက်လောင်နေဆဲ ဖြစ်ပါတယ်။ ၄၂ ကြိမ်မြောက် မီးလောင်မှုတွင်မူ သေးကွက် တစ်ကွက်တွေ့ကြပါတယ်။ ၎င်းသေးကွက်မှ DNA စစ်ရန် ကြိုးစား သော်လည်း နှင်းများနှင့်ရော်နေသဖြင့် လုံလောက်သော DNA မရရှိခဲ့ပါ။ အဲ့ဒီအချိန်က DNA မျးကိုအဆပွါးနိုင်သော PCR နည်း မသုံးနိုင်သေးပါ။ ပုလိပ်နှင့် မီးသတ် အဖွဲ့မှ မီးဆက်လောင်ပြီး လူသေမှုဖြစ်မှာစိုးရိမ်နေကြပါတယ်။ ၎င်းတို့စိုးရိမ်သည့်အတိုင်း ပတ်အကြာတွင် လူ ၄၀၀ ရှိသောလူအိုရုံမီးလောင်ခံရပြီး လူအို ယောက်သေဆုံးခဲ့ပါတယ်။ ဒီမီးလောင်မှုမှစပြီး မီးရှို့မှု မဟုတ်တော့ပဲ လူသတ်မှုအဖြစ်သို့ ပြောင်းလဲသွားပါပြီး။ မေလ ၂၂ တွင် အမျိုးသမီး တစ်ဦး ပုလိပ်ဌာနသို့ ဖုန်းဆက်လာပါတယ်။

လူအိုရုံမီးလောင်သည့်ညက မီးလောင်ရာတွင် မသင်္ကာဖွယ်လူ တစ်ယောက်တွေ့ခဲ့ သည်ဟု ဆိုပါတယ်။ အဲ့ဒီလူကိုယ်က ရေနံဆီနံ့ ရကြောင်း၊ သို့သော် မျက်နှာကို သိပ် မမှတ်မိ တော့ဟု ဆိုပါတယ်။  ပုလိပ်အဖွဲ့ အနေနှင့် ၎င်းမျက်မြင်သက်သေအား အိပ်မွေ့ချပြီး မသင်္ကာဖွယ်လူ အကြောင်း မေးရန်ဆုံးဖြတ်လိုက်ပါတယ်။ အိပ်မွေ့ချပြီးမေးရသော မျက်မြင် သက်သေအား တရားရုံတွင်သက်သေခံအဖြစ် မတင်ပြနိုင်ပါဘူး။

မျက်မြင်သက်သေအားအိမ်မွေ့ချြ့ပီးမေးရာ။ အဲ့ဒီလူဟာ cotton ရှပ်အင်္ကျီကို သပ်သပ် ရပ်ရပ်       ၀တ်ထားကြောင်း၊ အရပ်မြင့်၍ ကိုယ်ထည်သွယ်ကြောင်း၊ ဆံပင်ကိုနောက်သို့ ဖီးထား ပြီး၊ မျက်မှန်နှင့် နှတ်ခမ်းမွေးရှိကြောင်းသိရပါတယ်။ မျက်နှာ အနေအထားများကို ပုံဆွဲသူနှင့် အတိအကျဆွဲပြီး သတင်းစာ၊ ဂျာနယ်များမှာ ထုတ်ပြန်လိုက်ပါသည်။ ထိုလူ၏ကားမှာ အပြာ ဖျော့ရောင်ဖြစ်ပြီး ပထမ ၃ လုံးမှာ K4M ဖြစ်ပါတယ် နောက်နံပတ်တွေကိုတော့ မမှတ်မိ တော့ ပါ။
တစ်ဆက်ထဲမှာ ရာဇ၀တ်မှုများဖြစ်ပွါးပုံကိုလေ့လာပြီး တရားခံ၏စရိုက်ကိုလေ့လာသူ များက မီးရှို့သူသည် အသက်သိပ်မကြီးသော သူ၊ အရက်နဲ့ ဆေးများသုံးတတ်သူ၊ ဉာဏ်ထက် သူ ဖြစ်ပြီး၊ မြို့ကိုကျွမ်းကျွမ်းကျင်ကျင်သိသော ပစ္စည်းရောင်သူကဲ့သို့ သော အလုပ်လုပ်သူ ဖြစ်မည်ဟု ခန့်မှန်းကြပါတယ်။

တရားခံ၏ပန်းချီပုံနဲ့ အခြေအနေများ သတင်းစာထဲပါလာတာနဲ့  Mr Keller ဟာ အိမ် အမြန်ပြန်ပြီး ၎င်းရဲ့အလုပ်ကိစ္စအတွက်သုံးတဲ့ တယ်လီဖုန်းရဲ့ အသုံးပြုခဲ့တဲ့ အချိန်နဲ့ နေရာတွေ ကို စစ်ဆေးတဲ့အခါ၊ မီးလောင်တဲ့ နေ့တွေက၊ မီးလောင်တဲ့နေရာတွေမှာ ဖုန်းဆက်ထားတာ တွေ့ရပါတယ်။ ၎င်းရဲ့ credit card ကိုစစ်ဆေးတဲ့အခါမှာတော့ မီးလောင်မှုမဖြစ်ခင်က ရေနံဆီဝယ်ခဲ့တာကို တွေ့လိုက်ရပါတယ်။ ဒါဆိုရင်တော့ မီးရှို့သူဟာ သူ့သား Paul Keller ပါပဲ။ တရားခံ၏ပန်းချီပုံတွေ့ ကထဲက Paul Keller နဲ့တူတယ်လို့ထင်ခဲ့ပါတယ်။ ပြီးတော့ တရားခံရဲ့ အမူအကျင့်ကလဲ Paul Keller နဲ့တူနေပါတယ်။

Mr Keller က ကျနော့်သား မဟုတ်ကြောင်း သက်သေအထောက်အထားတွေ ရှာခဲ့ ပေမဲ့ အထောက်အထားတွေက သူပါပဲလို့ ညွှန်ပြနေကြပါတယ်လို့ ပြောပါတယ်။ Paul Keller ဟာ မီးကိုသိပ်စိတ်ဝင်စားပါတယ်။ နှစ်သားထဲက မီးရှိုခဲ့ဘူးပါတယ်။ အသက် ၂၇ နှစ်ရှိပြီး၊ အိမ်ထောင်နဲ့ကွဲနေပါတယ်။ မိသားစုပိုင် ကုမ္ပဏီကိစ္စဖြင့် မြို့တွင်း လှည့်လည်သွား လာရပါ တယ်။ မီးသတ်တပ်ဖွဲ့ဝင်ရန် ကြိုးစားခဲ့သော်လည်း ရွေးချယ်ခြင်း မခံရ ခဲ့ပါ။ ၁၂ နှစ်သားက မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး၏ မတရားကျင့်ခြင်းကိုခံခဲ့ရပါတယ်။ Paul Keller ဟာ သားသမီး ယောက်ထဲက အကြီးဆုံးဖြစ်ပြီး သူ့အတွက်နဲ့ မကြာခဏ ပြဿနာဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။ Mr Keller ဟာ ဘာသာတရားလေးစားသူဖြစ်ပါတယ်။ ဒါကြောင့်လည်း Paul Keller ဟာ Church တွေကိုမီးရှို့ခဲ့တယ်လို့ယူဆကြပါတယ်။ Mr Keller တော့ ဘာသာတရားရဲ့ သွန်သင်မှု ကြောင့် သားတော်မောင်ကို ပုလိပ်လက်အပ်ခဲ့ပါတယ်။ ပထမ မှာ Paul Keller က ငြင်းခဲ့ပေမဲ့ နောက်ဆုံး ၎င်းရဲ့လက်ဗွေများ ကြောင့် ဖျောင့်ချက်ပေးခဲ့ပါတယ်။ Paul Keller ကို ထောင် ၉၉ နှစ်ချခဲ့ပါတယ်။ Paul Keller ဟာ မီးပေါင်း ၇၅ ခုရှို့ခဲ့ပြီး၊ လူသုံးဦးကိုသေစေခဲ့ ပါတယ်။