Thursday, June 14, 2018

ဂျပန်နိုင်ငံရောက်ခု့စဉ်က ၂။

   


   ဂျပန်နိုင်ငံ JICA Centre မှာ မနက်စာကိုအလကားကျွေးပါတယ်။ (တကယ်က ပညာတော်သင်တွေကို ပေးတဲ့ထောက်ပံ့ကြေးထဲက မနက်စာအတွက် ရမ် ၅၀၀ နှုတ်ထားတာပါ (အဲ့ဒီအချိန်က ရမ် ၁၆၀ ကို အမေရိကန်တစ်ဒေါ်လာရှိပါတယ်။ မြန်မာတွေစုပြီးတစ်စားပွဲထဲထိုင်လေ့ရှိပါတယ်။ ယိုးဒယား စသည့်နိုင်ငံ တွေကလည်း သူ့အုပ်စုနဲ့သူထိုင်ကြပါတယ်။
      စာပွဲပေါ်မှာသကြား၊ ဆား စသည်တို့ကိုတင်ထားပါတယ်။ main menu ၊juice အသီး၊ tea ၊coffee၊ စတာတွေကို မိမိဘန်းနဲ့သွားယူရပါတယ်။ အခန်းထဲမှာ စားပြီးပုဂံများသိမ်းဆည်းရန် waiter အမျိုး သမီး များရှိပါတယ်။
              တစ်ရက်မှာ ၃လ ပညာတော်သင်လာတဲ့ ၃ ယောက်အဖွဲ့ရောက်လာပါတယ်။ ထုံစံအတိုင်း မြန်မာတွေ တစ်စားပွဲထဲထိုင်ကြပါတယ်။ သူတို့က ဂျပန်နိုင်ငံအကြောင်းသတင်းအစုံအလင်ရထားပြီး၊ ၃လ နဲ့ကားအပြင်၊ဆိုင်ကယ်၊သွတ်တွေပါဝယ်ဖို့အစီအစဉ်ရှိတာမို့ သယ်နိုင်သမျှ မြန်မာပြည်က စားစရာ အစုံအလင်၊ချက်စားဖို့ဆန်ကအစ ပါခဲ့တယ်လို့သိရပါတယ်။ မနက်စာ စားပြီးတော့ သူတို့ထဲက အမျိုး သမီးတစ်ယောက်က စားပွဲ ပေါ်က သကြားတွေ့ကိုစက္ကူနဲ့ထုပ်နေတာတွေ့လိုက်ရပါတယ်။ ဘာလုပ်တာလဲ ဆိုတော့ ညနေဘက်အခန်းမှာစားဖို့တဲ့။
             ဂျပန်နိုင်ငံမှာ အောက်ထစ်စားသုံးပစ္စည်း များဖြစ်တဲ့ သကြား၊ဆား၊ကြက်ဥ၊နိ့စသည်တွေကို လူတိုင်းစားနိုင်အောင် ဈေးပေါ်ပေါ်နဲ့ရောင်းချနိုင်အောင်စီစဉ်ထားပါတယ်။ ဆန်တစ်မျိုးသာ အရေး အကြောင်း ဖြစ်ရင် ဥပမာစစ်ဖြစ်ရင် မငတ်အောင်လို့ ပြည်တွင်ဆန်စိုက်ကြအောင် တင်သွင်းတဲ့ဆန်ထက် ဂျပန်ပြည်ထွက်ဆန်က ဈေးပိုကြီးပါတယ်။ 
        အဲ့ဒီအချိန်က ပညာတော်သင်တစ်ယောက်ကအစာအိမ်ရောဂါရှိလိုနွားနို့သောက်လေ့ရှိပါတယ်။ သူ့ကိုဂျပန်တွေက မြန်မာတွေကနွားနို့ပဲသောက်သလားလို့မေးတယ်တဲ့။ ကျမ မလှချင်ကလည်း မှေးနေတဲ့ မျက်လုံးနဲနဲကျယ်တယ်ထင်ရအောင် လိုင်းနာဆွဲလေ့ရှိတာကို မြန်မာမတွေအားလုံး လိုင်းနားဆွဲသလားလို့အမေးခံခဲ့ရပါတယ်။
     မြန်မာစားပွဲက မြန်မာတွေသကြားခိုးတယ်ဆိုပြီး waiter အမျိုး သမီးတွေရဲ့ မျက်စိထောက် ထောက် ကြည့်တာခံရရင် ဘယ်လောက်ရှက်စရာကောင်းလိုက်မလဲ။ မြန်မာနိုင်ငံကနေပညာတော်သင်သွား ရဖို့ ဆိုတာ တစ်သက်မှာတစ်ခါရခဲလှတဲ့ အခွင့်အရေးမို့ ရတဲ့အခွင့်အရေးကို အလွတ်မခံပဲ ပိုက်ဆံစုတာ လက်ခံနိုင်ပါတယ်။ မိမိအခန်းမှာ ရေသောက်ပြီးစုစု၊ လေရှုပြီးပဲစုစုအကြောင်းမဟုတ်ပါဘူး။ ဒါပေမဲ့ နိုင်ငံတကာ အမြင်မှာ မြန်မာလူမျိုးသိက္ခာကျမဲ့အလုပ်မျိုး မလုပ်မိဖို့တော့ဂရုစိုက်ရပါမယ်။ မြန်မာနိုင်ငံမှာေ မာင်မောင်၊မမ တစ်ယောက်က မဟုတ်တာလုပ်ရင် မောင်မောင်၊မမ၊ မကောင်းဘူးလို့အပြောခံရပေမဲ့ နိုင်ငံခြားမှာ မောင်မောင်၊မမ မဟုတ်တာလုပ်ရင် မြန်မာတွေမကောင်းဘူးလို့မြင်ပါလိမ့်မယ်။


မိမိနိုင်ငံနဲ့လူမျိုးဂုဏ်ကိုထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါစေ။

No comments:

Post a Comment