:include data='blog' name='google-analytics'/>

Thursday, August 4, 2016

#‎မြို့မျက်နှာဖုံးတွေဘုရားဂေါပကတက်လုပ်တဲ့အကွက်လောက်နဲ့‬

Kozar Gyi to နိုင်ငံရေးသတင်းနှင့်စကားဝိုင်း
‪#‎မြို့မျက်နှာဖုံးတွေဘုရားဂေါပကတက်လုပ်တဲ့အကွက်လောက်နဲ့‬
---------------------
အခုပြဿနာတက်နေကြတယ်လို့ထင်နေကြတဲ့ဖြိုးမင်းသိမ်းနဲ့စီးပွားရေးပညာရှင်လို့ကွကိုယ်ထင်ေ...နသောသက်သက်ခိုင်တို့ကိစ္စဟာတကယ်တော့ပြဿနာလို့မထင်မိပါ...နိုင်ငံကိုကိုယ်စားမပြုပါ
ပါတီကိုလည်းကိုယ်စားမပြုပါ...
(ဒီနေ့ အဲ့ဒီ စိန်မမရဲ့အစ်မ ဓါတ်ရှင်မင်းသမီးမခိုင်က share ထားတဲ့ ကွီးဖြိုးကိုအောက်တန်းကျစွာ fight ထားတဲ့ post ကိုဖတ်မိရင်း တွေးမိတာပါ )

အစိုးရတရပ်အာဏာရတာနဲ့ဆိုင်ရာဆိုင်ရာတာဝန်နေရာချပါတယ်..ပင်မအစီအမံတွေချမှတ်ပါတယ်တာဝန်တွေခွဲဝေထမ်းရွက်စေပါတယ်...
အရင် setting ဟောင်းတွေကိုအားလုံးပြောင်းလဲရတာ
ဓမ္မတာပါ..
တချို့ကိစ္စတွေစောတာနဲ့နောက်ကျတာပဲကွာပါတယ်
အရင်အစိုးရဟောင်းလက်ထက်ကဟာတွေကိုမကြိုက်မနှစ်သက်သမို့ အခုအစိုးရအသစ်ကမဲဝက်ဝက်ကွဲရကာ
တက်လာခဲ့ခြင်းပါ...
ဒီလိုတက်လာဖို့မိဘပြည်သူတွေကျောင်းသူကျောင်းသားတွေကအစ..အသက် အိုးအိမ်စည်းစိမ် ဘဝတွေ မျက်ရည်တွေ သွေးတွေစတေးခဲ့ရတာမျိုးပါ
ဒါအာဏာရှင်ကိုဖြိုချတဲ့နိုင်ငံတိုင်းမှာရှိစမြဲ ဓမ္မတာပါ
ကျောင်းသားတွေစတေးကြရလို့ကျောင်းထုတ်ခံရထောင်ကျရနဲ့ ပြန်တက်ခွင့်မရှိတော့သမို့ ဘွဲ့မရတာပြဿနာမဟုတ်ပါ
သူတို့ငတုံးတွေမဟုတ်ပါ..
ဥာဏ်ရှိလွန်းလို့ပညာတတ်ဆိုသူတွေတောင်မလုပ်ရဲတဲ့
အလုပ်မျိုးကိုအနာခံပြီးလုပ်ရဲတာပါ
ကြိုက်သလိုရွေးချယ်ခွင့်ရှိပါတယ် ဆန္ဒပြရာမှာပါကြတယ် အဲ့ဒီမှာ တကယ်ပစ်ခတ်ဖမ်းတော့ တချို့အသေခံတယ်
တချို့ အဖမ်းခံရတယ် တချို့နယ်စပ်ထွက်ပြေးတယ်
တချို့မနိုင်ငံရေးနဲ့ပတ်သက်တော့ပဲကျောင်းပြန်တက်ကြတယ် ဘွဲ့ရတယ် စီးပွားလုပ်ကြတယ်
ထောင်ထဲမှာကျတော့လည်း စိတ်မမာသူတွေကအညံ့ခံတာနဲ့
ပြန်ထွက်လာခွင့်ရပါတယ်နိုင်ငံရေးဆက်မလုပ်တော့ပါ
တချို့တွေအစိုးရလက်ကိုင်တုတ်ဖြစ်သွားပါတယ်
လိမ္မာစွာပြန်နေပြီးဘွဲ့ရတဲ့သူတွေ စီးပွားရှာတော့
ချမ်းသာလာပါတယ် အစိုးရနဲ့တည့်အောင်နေကြတယ် သူတို့မိသားစုချမ်းသာစွာပျော်ရွှင်စွာအိမ်ကြီးနဲ့နေတဲ့အချိန်မှာ ထောင်ထဲမှာက ကျောင်းသားခေါင်းဆောင်တွေ လောက်တက်နေတဲ့အခန်းထဲရက်ရက်စက်စက်အနှိပ်စက်ခံနေရပါတယ်
ဘယ်နေ့သေမယ်မသိ သေတဲ့သူတွေသေနဲ့ပေါ့
ခုနကအပြင်သူဌေးတွေမိဘတွေကိုခမ်းနားစွားထား
နိုင်ငံခြားခရီးထွက်ဆေးစစ်ပေးနေတဲ့အချိန်မှာ ထောင်ထဲကသူတွေခမျာအပြင်ကမိဘတွေသေတာ
မသိရှာကြပါဘူး ရှင်ကွဲကွဲ သေကွဲပါကွဲနဲ့ရင်နာစရာ
မိဘတွေလည်းစီးပွားလေးလုပ်သမျှအကျင်ခံ အဖိခံနဲ့
စိတ်ဆင်းရဲခြင်း ကိုယ်ဆင်းရဲခြင်းများစွာနဲ့သေဆုံး
သွားရပါတယ်...ဘဝတွေပျက်လုလုပါပဲ
ဟော ခေတ်တွေကြာလာတဲ့အချိန် ထောင်ထဲကသူတို့လွတ်လာတော့ ပြည်သူတွေကသူရဲကောင်းတွေလိုကြိုဆိုကြတယ်
ဒီမှာပဲ သူတို့ခေတ် သူတို့အရွယ်တွေက အပြင်မှာချမ်းသာအောင်မြင်နေလည်း သူတို့ကဘာမှတိုင်းပြည်အတွက်တန်ဖိုးမရှိတာကိုခံစားမိလာကြတာပေါ့ ရှက်လာကြမှာပေါ့ ..
ဒီတော့ ဝင်လုံးကြတော့တာပါပဲ အမေစု အမေစုနဲ့
အရင် အစိုးရနဲ့အေးဆေးနေခဲ့တဲ့သူတွေကထိပ်ဆုံးက
ဘူးသီးခါနီးမှအရီးဝိုင်းတော်နေကြတာပြည်သူတွေမြင်ကြရပါတော့တယ်...
ငွေချမ်းသာတဲ့သူဟာ နေရာသာလိုအပ်တာပါ
ပြီးတော့ တိုင်းပြည်မေတ္တာပေါ့ ဒီတော့ဝင်အောင်းကြပါတော့တယ် မြို့မျက်နှာဖုံးတွေကဘုရားဂေါပကလုပ်သလိုပါပဲ
သူတို့ကိုပါပြည်သူကထိုင်ကန်တော့ရတော့မလိုလိုဆိုပါတော့...
ဒီတော့ ရေကိုဆန်တက်လာတဲ့လှေ ပန်းဝင်ခါနီးကျမှ ရွှေတွဲလွဲငွေတွဲလဲနဲ့လှော်တပ် ဝင်ကိုင်ပြီး hero လုပ်ချင်လို့မရပါဘူး (ချွေးတစက်သွေးတစက် မထွက်ပဲ)
သမိုင်းကိုလိမ်လို့မရပါဘူး
အမေစုကအစ နိုင်ငံခြားမှာအေးဆေးနေပြီး အခုမှလာပြီး ပြည်သူ့ခေါင်းဆောင်လာလုပ်တာမဟုတ်ပါ
သူအဆင်းရဲဒုက္ခပေါင်းများစွာခံခဲ့ရသူပါ
သူတို့တွေအပြင်မှာ ဒင်နာကြီးဟေးလားဝါးလားကျင်းပချိန်
အမေစုဟာ မိသားစုနဲ့ပြည်သူနဲ့ပါကင်းကွာအောင်အလုပ်ခံရပီး
အထီးကျန်အောင်ပစ်ထားခံရသူပါ
အခုကျမှဝင်လာပြီး ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်လက်တွေနဲ့ တိုင်းပြည်အကျိုးကိုသယ်ပိုးပေးချင်ပါတယ်ဆိုသူတွေကိုအစကတည်းကမယုံကြည်မိပါ
အခုလို ဘီလူးရုပ်ပေါ်လာတော့လည်း ပိုတောင်မယုံတော့ပါ
ပညာတတ် ပညာတတ်လို့ပြောနေရအောင် ဟားဗက်ကဆင်းလာရင်တမျိုး ကမ္ဘာကလေ့လာရမယ့် စီးပွားရေးကျမ်းကိုပြုစုခဲ့ရင်တမျိုးပေါ့
ဘင်္ဂလားဒေ့ခ်ျက နိုဘယ်ဆုရ စီးပွားရေးပညာရှင်ယူနွတ်(ဘီမင်)လိုလည်းဆိုတမျိုး
သူကဆင်းရဲသားတွေကိုထမင်းအိုးတွေတည်ပေးထားတာ...
ဒါကိုလေးစားတာကတဖွဲ့ပါ ဗဟုသုတနည်းသူတွေပေါ့
သူ့အောက်ဆွဲ ငဖား မစားရကျွန်ခံတွေပေါ့
သူ့ကို Talk Showတွေမှာကတည်းက သတိထားမိတာကြာလှပေါ့
အပေါ်ကဖြေမယ့်တကယ့်ဆရာ့ဆရာကြီးတွေကိုမေးခွန်းထမေးတဲ့အခါမှာ မပြီးတော့...
သူမဘာတွေလေ့လာထားကြောင်းတရစပ်ချပြောနေပါလေရောလား.. ဆရာကြီးတွေခမျာ ပြုံးပြီး အကြာကြီးနားထောင်နေရပါတယ်
သူ့မေးခွန်းက အတော့်ကိုကြာပါတယ် ကမ္ဘာမှာလည်း
သိရသလောက်အဲ့လိုမတွေ့ဖူးပါ
ပြန်ဖြေမယ့် တကယ့်ဆရာကြီးတွေရဲ့ပညာကိုမှမထောက်
ကိုယ့်ဂုဏ်ကိုယ်ပြန်ဖေါ်နေတာကိုကြည့်ရင်း
ကိုယ်ကရှက်လာရပါတယ် ဆရာကြီးတွေကိုလည်းအားနာမိပါတယ်
အပြုအမူက လေးစားဖွယ်ရာမရှိပါ
နောက်တချက်က..seminer နဲ့ workshop ကိုမကွဲတာကနေ ကွီးဖြိုးနဲ့ပြဿနာစတာပါ
ခုနကလိုသူလေ့လာထားတာတွေကိုအကြာကြီးရွတ်ပြနေတာကစတာပါ...
တကယ်ကျတော့လည်းသူကပဲ
မကြေနိုင်မချန်းနိုင်ဖြစ်နေတာခုထိပါ
နိုင်ငံကိုတကယ်ချစ်ရင်လုပ်စရာတွေအပုံလိုက်ရှိနေပါတယ် အမေစုတို့လိုအသက်အရွယ်မှမထောက်အလုပ်တွေတရကြမ်းလုပ်နေတာ အတိုက်အခိုက်တွေကိုအရေးမစိုက်ပဲလုပ်သင့်တာတွေကိုလုပ်နေတာ စံယူသင့်ပါတယ်...
ဘယ်မှာလည်း အမေစုရဲ့အကျိုးစီးပွား
သူရသမျှဆုတွေထဲက သန်းပေါင်းများစွာဒေါ်လာတွေ
သူဘာလို့ သူ့ကိုယ်ကျိုးအတွက်မကြည့်လဲ
အဖြေကရှင်းပါ ဗိုလ်ချုပ်အောင်ဆန်းပြောသလိုပါပဲ
ကျောင်းတက်ဖက်ဦးဖေခင်နဲ့တွေ့တော့ပြောတဲ့စကားပါ (ဦးဖေခင်ကစာပေနိုင်ငံရေးအရမ်းတော်ပေမယ့်
ပိုက်ဆံချမ်းသာပေမယ့် နိုင်ငံရေးမလုပ်ရဲပဲ ဗိုလ်ချုပ်ရဲ့နိုင်ငံရေးတရားပွဲတွေကိုလိုက်ပါ အားပေးနေတဲ့သူမျိုးပါ)
တရက် ဗိုလ်ချုပ်ကတရားဟောပြီးစင်ပေါ်ကအဆင်း
ဦးဖေခင်ကနှုတ်ဆက်တော့ ဗိုလ်ချုပ်ကပြောပါတယ်
" ဟေ့ရောင်ဖေခင် နိုင်ငံရေးသမားသုံးမျိုးရှိတယ်ကွ
အသက်ကော စည်းစိမ်ပါစွန့်ရဲတဲ့နိုင်ငံရေးသမားက ပထမတန်းစား ကွ
ဒုတိကတန်းစားနိုင်ရေးသမားက စည်းစိမ်စွန့်နိုင်တယ် ဒါပေမယ့်အသက်တော့မစွန့်နိုင်တဲ့သူမျိုးတွေပေါ့
နောက်ဆုံးတမျိုးကတော့ အသက်လည်းမစွန့်ရဲ
စည်းစိမ်လည်းမစွန့်ရဲတဲ့သူတွေပေါ့ကွာ
အဲ့ အထဲ မင်းပါတယ်
မင်းကိုတာဝန်တခုပေးမယ် မင်းအသက်လည်းစွန့်စရာမလိုဘူး စည်းစိမ်လည်းစွန့်စရာမလိုဘူးတဲ့ "
ကဲ အခုနေခါနှိုင်းယှဉ်ကြည့်ပါ ဘယ်သူက ဘယ်အတန်းစားမှာပါလဲဆိုတာ
ခုနက တတိယတန်းစားဦးဖေခင်ကတော့ ပင်လုံစာချုပ်ချုပ်ဆိုရာမှာအဓိကနေရာကပါဝင်ခဲ့တာပါ
အခုတတိယတန်းစားတောင်မမှီနိုင်သေးတဲ့စိန်မမ ဘက်ကတော့ ပုဂ္ဂိုလ်ရေးတွေထခွတ်နေပါပီ
ကိုယ်ကျိုးစီးပွားအတွက်နဲ့
ကိုယ်ဘယ်လောက်တော်တယ်တတ်တယ်ကို ကမ္ဘာကလေးစားရတဲ့ အမေစုလိုလူမျိုးက သက်ရှိထင်ရှားနိုင်ငံကိုဦးဆောင်နေချိန်မျိုးမှာမပြောသင့်ပါ ...ဥာဏ်ပညာခြင်း မိုးနဲ့မြေပါ
သူခန့်ထားတဲ့ သူရဲ့နေရာကိုမတိုက်ခိုက်သင့်ပါ
အဆင်မပြေရင် အစိုးရကပြန်ဖြုတ်ပါလိမ့်မယ်
ကိုယ့်တာဝန်က ပြည်သူ့အစိုးရသစ်ရဲ့ယန္တရားမှာ ခွေးသွားစိတ်နေရာကပင်ဖြစ်ဖြစ်တာဝန်ကျေရမှာဖြစ်ပါတယ်... နိုင်ငံသားကောင်းဆိုရင်ပေါ့
မစွန့်နိုင်ရင် ကိုယ်ကနှုတ်ထွက်ပြီး အပြင်ကဖိုက်ပါ
ဒါမှ တရားနည်းလမ်းကျပါမယ် ပါတီကိုလေးစားရာကျမယ်
ပြည်သူကိုလေးစားရာကျပါမယ်
ဘောလုံး ကလပ်မန်နေဂျာခန့်သလိုပါပဲ နည်းပြက
ပြောသမျှဘောလုံးသမားကလိုက်နာရပါမယ်
အသင်းပိုင်ရှင်တောင်ဝင်ပြောခွင့်မရှိပါ
ဘောလုံးသမားကမလိုက်နာနိုင်လျှင်ထွက်ပါ
တကယ်လို့ ဖလားမရရင်မန်နေဂျာထွက်ပါ
ကွီးဖြိုးက အသင်းမန်နေဂျာ ရာထူးပါ
အခုဟာက သူကနိုင်ငံရေးထဲမဝင်ပဲ အပြင်ကနေကွီးဖြိုးကို ဖိုက်ရင်ကြားကောင်းပါတယ်
လက်ခံလို့ရပါတယ် ဒါသူ့အကျိုးစီးပွားကိစ္စကိုး
ဒါမှမဟုတ်သူဟာ လွှတ်တော်အမတ် ဒါပေမယ့်
စီးပွားရေးသမားမဟုတ်ပဲ ခုကိစ္စမှာစီးပွားရေးသမားတွေကမှန်တယ်ထင်လို့ဝင်ဖိုင်ရင်လည်း လက်ခံစရာ ကြားကောင်းပါတယ်
ခုတော့ ကိုယ့်အကျိုးစီးပွားအတွက်ထဖိုက်နေတာ
ခေတ်အဆက်ဆက်ဆင်းရဲခဲ့တဲ့ပြည်သူတွေရဲ့မျက်နှာကိုမှမထောက် အားနာစရာပါ
လက်သန်းမှင်စွန်းခဲ့တာ သူ့ကိုရွေးချင်လို့မဟုတ်ပါ
သူကိုချစ်လို့များထင်နေလားမသိ
တကယ်ကအမေစုနဲ့nld အတွက်ထည့်ခဲ့ကြတာပါ
"ဟာ သူကတော့ရွှေဆိုင်အသစ်ကြီးထပ်ဖွင့်တာပါလား
ဟာ ..ဘာကားကြီးစီးနေပါလား ဘယ်ဟိုတယ်ကြီးမှာဘာပွဲကြီးကျင်းပနေပါလား
သူအမကဘယ်သူကြီးပါလား ဘာဘွဲ့တွေထပ်ရလာပါလား ဘယ်လောက်ချမ်းသာနေပါလား ငါတို့မဲထည့်ရမယ်"
အဲ့လိုဆိုတာပြည်သူမှာမရှိပါ
ထောင်ထွက်ဘွဲ့တွေအများကြီးမရ မချမ်းသာတဲ့ ကိုမင်းကိုနိုင်တို့လိုကျောင်းသားခေါင်းဆောင်တွေ
ပါတီမထောင်လို့သာ ယူကြုံးမရတာပဲရှိတာမျိုးပါ
အာဏာရှင်လက်ထက်မှာလည်းပြည်သူဆင်းရဲတာပါပဲ
စီးပွားရေးသမားကတော့ချမ်းသာတာပါပဲ ပြည်သူတွေတခြားပြည်သွားပြီးကျွန်ခံရတာပါပဲ
ဒီကစီးပွားရေးသမားဆီအလုပ်လုပ်တော့လည်း
ဘာအာမခံချက်မှမရှိတဲ့လခစားမျှသာသာပါပဲ
ဒါနဲ့များခုလိုလုပ်လိုက်ရင် တိုင်းပြည်စီးပွားရေး
ဘာဖြစ်မယ်ညာဖြစ်မယ်ဆိုတာကတော့ ရယ်စရာပြက်လုံးကြီးပါ
နိုင်ငံစီးပွားတက်ဖို့ပြည်သူချမ်းသာဖို့အတွက်က
အစိုးရစီမံကိန်းတွေပေါ်မူတည်တာပါ
စီးပွားရေးလုပ်ငန်းရှင်တွေနဲ့တိုက်ရိုက်မဆိုင်ပါ
စီးပွားရေးလုပ်ငန်းရှင်ဆိုတာ သူတို့ချမ်းသာဖို့သာလုပ်တာမျိုးပါ
အလှူအတန်းလုပ်ပြတာလောက်နဲ့ပြည်သူတွေ
မချမ်းသာသွားပါ
ဒါကြောင့် ပြည်သူ့ဘဝပြည့်စုံလာအောင်လုပ်ပေးတဲ့
လက်ရှိအစိုးရဘက်ကပဲထောက်ခံပါတယ်
အမေစုကွီးဖြိုးကိုခန့်ထားသရွေ့ကွီဖြိုးဘက်ကထောက်ခံပါတယ်... အမေစုကပြန်ဖြုတ်ချမှ နောက်အသစ်ကိုထပ်ထောက်ခံပါမယ်
လက်ရှိအစိုးရဟာအာဏာရှင်မဟုတ်တာ စီးပွားရေးမမ
သိစေချင်ပါတယ် မဲနိုင်သူဟာ အစိုးရအဖွဲ့ကိုဖွဲ့ရတာပါ
အမေရိကန်သမ္မတကအစပါ အိမ်ဖြူတော်ရဲ့ဆံပင်ညှပ်ဆရာအပါအဝင်ဝန်ထမ်း ခြောက်ထောင်ကျော် ခန့်ရတယ်လို့ဖတ်ဖူးပါတယ်
အဲ့ဆံပင်ညှပ်ဆရာဟာ အိုဘားမားညှပ်ခိုင်းသလိုပဲညှပ်ပေးရမှာဖြစ်ပါတယ်
အိုဘားမားကို သွားပြီး ပန့်ကေ ဝမ်းဝေးတွေသွားညှပ်ပေးလို့မရပါဘူး
ဒီမိုကရေစီဟာ အရာရာကိုထိန်းညှိသွားပါလိမ့်မယ်
မတရားစားပြီးဝဖီးနေသူတွေကိုဝိတ်လျော့ပေးပြီး
ငတ်ပြတ်ကာပိန်နေသူတွေကိုဝဖြိုးလာစေပါလိမ့်မယ်
ဘယ်သူမှ ဥပဒေအပေါ်မှာမရှိပါဘူး
ဒါကိုမပျော်မရွှင်ဖြစ်နေသူတွေဟာ ဘာလို့လဲ စဉ်းစားစရာပါ
စိန်မမရဲ့အောက်ဆွဲတွေလည်းသတိထားပါ
ပြည်သူက သိနေတယ်ဆိုတာ ငဖားတွေအကြောင်းကို
လော်ဘီပို့စ်လောက်နဲ့တဘက်သားဂုဏ်သိက္ခာမကျဘူးဆိုတာ မှတ်ပါ
ကိုမောင်မောင်ရေးတဲ့ မိဇ္ဈိမလှိုင်းက ကြိုးကြာသံသီချင်းလိုပါပဲ
"အများနည်းတူသက်လုံမကောင်းရင်မွေးဖွားရာအရပ်ဆီ မိုင်ထောင်ချီပျံနေရင်း.. ကြိုးကြာငှက်တချို့တလေချီလာစဉ်ကျန်ရစ်ပြီ"
ဆိုသလိုပါပဲ
သက်လုံကောင်းကောင်းနဲ့သစ္စာရှိရှိပျံသန်းနေဆဲ ကြိုးကြာငှက်ကိုပဲထောက်ခံပါမယ်
ခရီးအစလေးနဲ့ အဆုံးလေးမှာပဲဝင်ပြီးအတောင်ပံလာခတ်ပြနေတဲ့
ကြိုးကြာအတု ညီအစ်မနှစ်ယောက်စလုံးကိုတော့
ပြည်သူတယောက်အနေနဲ့လုံးဝဆောရီးပါ
Credit : Lin Mee Luck

No comments:

Post a Comment